es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete 👈

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Canal cerrado

🚩 Channel was restricted by Telegram

Mostrar más
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
Twin Peaks: Fire Walk with Me (1992) ⭐TMDB: 74% User Score 🎬 #Drama #Horror #Mystery #Thriller 🗓 1992 🎞 movie 🌎 #France #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Twin peaks fire walk with me ဆိုတဲ့ဇာတ်ကားကတော့ 1992 ကထွက်ရှိထားတဲ့ဇာတ်ကားဖြစ်ပြီး Horror / crime အမျိုးအစားဖြစ်ပါတယ်။ FBI အေးဂျင့်နှစ်ယောက်ဖြစ်တဲ့ ဆမ်နဲ့ချက်က စားပွဲထိုးမလေးထရီဆာရဲ့အသတ်ခံရတဲ့အမှုကိုလိုက်လံစုံစမ်းရာကနေစပါတယ်။အမှု့ရဲ့သဲလွန်စကိုရှာတွေ့ပြီလို့ထင်တဲ့အချိန်မှာချက်က ရုတ်တရက်ကြီးပျောက်သွားပါတော့တယ်။ဇာတ်လမ်းတစ်လျှောက် မြုပ်ကွက်နဲ့သဲလွန်စတွေကို ကြည့်ရှုသူတွေကိုယ်တိုင်စဉ်းစားသွားရမှာမလို့ တကယ်စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။
...

Operation Laila (2024) ⭐IMDB: 7.4/10 (16 Votes) 🎬 #Bollywood #Horror #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 3 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Operation Laila (2024)”လိုင်လာအော်ပရေးရှင်း”================================== Cm ပရိသတ်တွေအတွက် IMDb 7.7/10 ရထားတဲ့တမီလ်စကားပြော မှုခင်း ဟာသရုပ်ရှင်လေးတစ်ခု တင်ဆက်ပေးချင်ပါတယ်။ ဂိုဏ်းတစ်ခုကိုတောင် တစ်ယောက်တည်းဖြိုနိုင်တဲ့ရဲအရာရှိဆူရိယဟာ မူဒရိုင်မြို့ကို တာဝန်နဲ့ပြောင်းလာခဲ့ပါတယ်။ သူ့ရဲ့ အမွှာညီကိုဖြစ်သူ ရာဗီကတော့ ကျောင်းတစ်ကျောင်းရဲ့ ကာယဆရာဖြစ်ပြီးအန်ဂျလီဆိုတဲ့ ဆရာမလေးကို တိတ်တခိုးကြိတ်ပိုးနေသူပါ။တစ်နေ့တော့ ရာဗီတို့ကျောင်းမှာ သရဲခြောက် အပမှီတာတွေဖြစ်ပြီးကျောင်းသားတွေ၊ ဆရာတွေ ထိတ်လန့်တုန်လှုပ်ကုန်ကြပါတယ်။သရဲခြောက်ခံရတဲ့သူတွေပြောစကားအရ သရဲမရဲ့နာမည်က လိုင်လာလို့သိရပြီးအဲဒီပြဿနာကိုဖြေရှင်းဖို့အတွက် ဆူရိယနဲ့ ရာဗီတို့ညီအစ်ကိုနှစ်ယောက်ဦးဆောင်တဲ့လိုင်လာစစ်ဆင်ရေးကြီး ပေါ်ပေါက်လာပါတော့တယ်။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)
...

Snooker Man (2024) ⭐IMDB: 5.3/10 (52 Votes) 🎬 #Comedy 🗓 2024 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 20 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်ကတော့ စနူကာချန်ပီယံတစ်ဦးဖြစ်တဲ့ ရိုနီအိုဆူလီဗန်နဲ့ ရုပ်ချင်းဆင်တဲ့ အတုဝိဇ္ဇာတစ်ဦးအဖြစ် လုပ်ကိုင်သူ စနူကာမန်းလို့သမုတ်ကြတဲ့ ဂျော်နီဘိုနာလို့အမည်ရတဲ့သူအကြောင်းကိုရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ပါ။ ဇာတ်လမ်းအကျဉ်းကတော့ ရိုနီအိုဆူလီဗန်ရဲ့ UK ရဲ့ အဆင့် ၁၇ မြောက် ပုံစံတူ အတုဝိဇ္ဇာတစ်ဦးဖြစ်တဲ့ ဂျော်နီဟာ UK ရဲ့ အဆင့်အနိမ့်ဆုံး အတုဝိဇ္ဇာအေဂျင်စီတစ်ခုမှာအလုပ်လုပ်ပါတယ်။ ဂျော်နီဟာ သူ့ရဲ့ပင်ကိုအရည်အချင်းအစစ်အမှန်ကိုပြသဖို့အတွက် ကမ္ဘာ့အဆင့် အသေးစားစနူကာပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်တဲ့နောက်မှာတော့ စနူကာမန်း ဂျော်နီရဲ့ နောက်ကြောင်း၊ အတုဝိဇ္ဇာ သရုပ်ဆောင်လောကအကြောင်း၊ အသေးစားစနူကာ အားကစားအကြောင်းတွေကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
...

The Girl Who Sees Smells (2015) ⭐TMDB: 68% User Score 🎬 #Comedy #SciFi #Fantasy #Drama #Crime 🗓 2015 🎞 Series 🌎 #SouthKorea #China ⏰ 1 နာရီ 6 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Girl Who Sees Smells (2015) [Complete]The Girl Who Sees Smells (2015) ********************************** အပိုင်း (၁ မှ ၁၆)  စ/ဆုံး  ဒီတစ်ခါ ပြန်တင်ပေးမဲ့ ဇာတ်လမ်းတွဲလေးကတော့ Webtoon ကို အခြေခံပြီး ရိုက်ထားတဲ့အပြင်Shin Se Kyung, Park Yoo Chun တို့အပြင် Nam Koong Min, Choi Tae Joon, Kim So Hyun စတဲ့သရုပ်ဆောင်များစွာလည်း ပါဝင်ထားပါတယ်။ဇာတ်လမ်းအညွှန်း…သာမန် အထက်တန်းကျောင်းသူလေးတစ်ယောက်ဖြစ်တဲ့ချွဲအွန်းဆော (Shin Se Kyung) ဟာ တစ်ရက် ကျောင်းကပြန်အလာသူရဲ့ မိဘတွေကို သတ်နေတဲ့ လူသတ်သမားနဲ့ တွေ့ပြီးထွက်ပြေးရင်း ကားတိုက်မိသွားပါတော့တယ်။အဲဒီလိုနဲ့ ကိုမာဝင်သွားခဲ့ပြီး ၆ လအကြာမှာ ပြန်လည်နိုးထလာရာကအနံ့တွေကို မြင်ရတဲ့ ထူးဆန်းတဲ့ စွမ်းရည်တစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။တစ်ဘက်မှာလည်း ကင်းလှည့်ရဲတစ်ယောက်ဖြစ်တဲ့ ချွဲမူဂတ် (Park Yoo Chan) ဟာလွန်ခဲ့တဲ့ သုံးနှစ်က ညီမဖြစ်သူကို သတ်ခဲ့တဲ့ လူသတ်သမားအကြောင်းစုံစမ်းရဖို့ အစွမ်းကုန်ကြိုးစားနေပါတယ်။သူတို့နှစ်ယောက်ဆုံတွေ့ကြပြီး အွန်းဆောက သူရဲ့ အနံ့မြင်စွမ်းအားကို ဘယ်လို အသုံးချပြီးဘယ်လိုတွေအမှုလိုက်ကြမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းကိုတော့ Emily မှ ရေးသားထားပါတယ်။)
...

E-Mail (2024) ⭐TMDB: 0% User Score 🎬 #Action #Bollywood 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 58 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 E-mail (2024) “ကြွေလည်းမလှည့် ကြက်လည်းမခုန်”IMDb – 9.0/10 အွန်လိုင်းဂိမ်း၊ အွန်လိုင်းလောင်းကစားတွေကိုအခြေခံရိုက်ကူးထားတဲ့တမီလ်ထိတ်လှန့်သဲဖိုရုပ်ရှင်ကားလေးတင်ဆက်ပေးပါရစေ။ နေရာအသီးသီးက အမျိုးသမီးလေးငါးယောက်ဟာ ချန်နိုင်းမှာအလုပ်လုပ်ဖို့အတွက်တိုက်ခန်းတစ်ခုမှာ စုပေါင်းနေကြပါတယ်။ ဒီထဲမှာ အာဘီဆိုတဲ့အမျိုးသမီးလေးကတော့ ထက်ထက်မြတ်မြတ် သွက်သွက်လက်လက်ဆိုပေမဲ့သူလုပ်ကိုင်နေတဲ့ အိမ်ခြံမြေလုပ်ငန်းမှာတော့ အဆင်မပြေလှပါဘူး။အဲဒါအပြင် မိုဘိုင်းဂိမ်းတွေကိုလည်း အစွဲကြီးစွဲနေသူလေးတစ်ယောက်ပေါ့။အလုပ်မှာအဆင်မပြေတဲ့အပြင် အကြွေးတွေကလည်းပူနေတော့ အတူနေသူငယ်ချင်းတွေက ငြူစူလာကြပါတယ်။ တစ်ရက် အွန်လိုင်းလောင်းကစားဂိမ်းကြော်ငြာတစ်ခုကနေ လူသုံးယောက်မှာ ဘယ်သူသေမလဲရွေးလိုက်ရာကရူပီးတစ်သိန်းနိုင်လိုက်တဲ့နောက် အဲဒီဂိမ်းရဲ့နောက်ကွယ်က ရှုပ်ထွေးပွေလီလှတဲ့အကြောင်းတရားတွေ ဆက်နွယ်လာတဲ့အခါမှာတော့…။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)
...

Polis Evo 3 (2023) ⭐IMDB: 6.9/10 (300 Votes) 🎬 #Action #Adventure #Comedy #Crime #Thriller 🗓 2023 🎞 movie 🌎 #Indonesia #Malaysia ⏰ 1 နာရီ 50 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Polis Evo 3 (2023)IMDb – 6.9/10 မလေးရှား ရုပ်ရှင်စီးရီးတွေထဲမှာ နံပါတ်တစ်နေရာယူထားတဲ့Polis Evoရုပ်ရှင်စီးရီးရဲ့သုံးကားမြောက်ကို ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။ဘတ်ဂျတ်အများကြီး သုံးမထားပေမဲ့ အဆင့်အတန်းရှိရှိ ပုံဖော်ရိုက်ကူးထားတဲ့အတွက်ကားတိုင်းမှာ ရုံတင်ငွေအဆပေါင်းများစွာပြန်လည်ရရှိခဲ့တဲ့ ရုပ်ရှင်ကားကြီးတွေလည်း ဖြစ်ပါတယ်။ ရှေ့နှစ်ကားမှာ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ အခွီဗားရှင်းတွေ ကြည့်ရှုခံစားခဲ့ရပြီးဒီကားမှာဆိုရင်လည်း နောက်ထပ်မစ်ရှင်တစ်ခုပဲ ဖြစ်ပါတယ်။အင်စပက်တာကိုင်ရဲ့ ပါတနာဟောင်း ရီဇာဆိုတဲ့လူကစစ်ဆင်ရေးတစ်ခုပြီးတဲ့နောက်ပိုင်းမှာ ရဲကနေ လူမိုက်ဖြစ်သွားခဲ့တယ်။ဒါကို အင်စပက်တာကိုင်နဲ့ ဆာနီတို့တွေ လူမိုက်ခေါင်းဆောင်ဖြစ်သွားတဲ့ ရီဇာနဲ့ဖြေရှင်းရမှာပါ။ရီဇာက ရဲအဖွဲ့ဝင်တွေကိုပဲ သတ်နေတော့ အဖွဲ့ဝင်ဟောင်းအတွက် ဒီတာဝန်က ကိုင့်ခေါင်းပေါ်ပဲ ရောက်လာခဲ့တယ်။ထုံးစံအတိုင်း ကိုင်နဲ့ဆာနီတို့ နှစ်ယောက် ဘယ်လိုအလွဲတွေနဲ့ဒီမစ်ရှင်ကို အောင်မြင်အောင် လုပ်ဆောင်သွားမလဲဆိုတာကိုတော့ ခံစားကြည့်ရှုကြပါဦး။ (aungmo3hanဘာသာပြန်ထားပါတယ်)
...

Polis Evo 2 (2018) ⭐IMDB: 7.0/10 (527 Votes) 🎬 #Action #Adventure #Crime #Comedy #Thriller 🗓 2018 🎞 movie 🌎 #Indonesia #Malaysia ⏰ 2 နာရီ 5 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Polis Evo 2 (2018)IMDb – 7/10 ဒီရုပ်ရှင်ကတော့ Polis Evo (2015)ရဲ့အောင်မြင်မှုနဲ့အတူနောက်ဆက်တွဲရုပ်ရှင်အဖြစ် ဆက်လက်ထွက်ရှိလာခဲ့တာပါ။မလေးရင်းဂစ် ရှစ်သန်းကျော်သုံးပြီး နှစ်ဆယ့်သုံးသန်းကျော်ပြန်ဝင်ခဲ့တဲ့ ရုံတင်ကားတစ်ကားပဲဖြစ်ပါတယ်။မလေးရှားရုပ်ရှင်ဇာတ်လမ်းကောင်းတွေစာရင်းမှာနံပါတ်တစ်ဆယ်အတွင်းချိတ်ခဲ့တဲ့ ရုံတင်ကားတွေထဲက တစ်ကားပါပဲ။ ပထမဇာတ်လမ်းထဲမှာ ကိုင်နဲ့ ဆာနီတို့ အင်စပက်တာကြီးနှစ်ယောက် မူးယစ်ဂိုဏ်းတစ်ခုကိုချေမှုန်းပြီးတဲ့နောက် ဒီဇာတ်လမ်းမှာတော့ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုနဲ့ ရင်ဆိုင်ရမှာပါ။မူးယစ်ဆေးထုတ်လုပ်မှုကိုဝင်စီးရင်း အကြမ်းဖက်ခေါင်းဆောင်ကို ဖမ်းမိရာကစသူတို့ခေါင်းဆောင် ပြန်လွှတ်ပေးဖို့အရေး ကျွန်လေးတစ်ကျွန်းပေါ်က ရွာသူရွာသားတွေကိုဓားစာခံလုပ်ပြီး တောင်းဆိုပါတယ်။ဒီမှာပဲ အမှုတစ်ခုကိုလိုက်နေတဲ့ ကိုင်နဲ့ ဆာနီတို့က အဲဒီကျွန်းလေးပေါ်ရောက်နေရက်နဲ့ ကြုံတော့အရင်ရုပ်ရှင်လို အခွီတွေ အက်ရှင်တွေနဲ့ ကြည့်ပျော်စေဦးမှာပါဗျ။ (aungmo3hanဘာသာပြန်ထားပါတယ်)
...

Peony Order (2024) ⭐TMDB: 0% User Score 🎬 #Action #Crime 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 16 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 သက္ကရာဇ် ၁၄၀၂ ခုနှစ်မှာ ယန်းမင်းသားကြီးကျူးတိဟာနန်ကျင်းကို ဦးဆောင်သိမ်းပိုက်ပြီးနောက် ရာဇပလ္လင်က်ိုဆက်ခံခဲ့ပါတယ်။အရင်ဘုရင်ကျန့်ဝိန်ဟာထွက်ပြေးသွားခဲ့ပြီး သူ့ရဲ့ သားငယ်လေးကလည်းထူးခြားစွာပျောက်ဆုံးသွားခဲ့ပါတယ်။ကလေးပျောက်သွားတဲ့ နေရာမှာ ပီအိုနီပန်းတံဆိပ်တစ်ခုသာ ကျန်ခဲ့ပါတယ်။ သိုင်းလောက သူရဲကောင်းသူခိုးအနေနဲ့ နာမည်ကြီးတဲ့ ဟုန်မူတန်းဟာနိုင်ငံရေး ရှုပ်ထွေးမှုတွေ ကြားမှာ မှူးကြီးမတ်ရာတွေရဲ့ကလေးတွေကို ခိုးယူခြင်းဖြင့် ကယ်တင်ပေးခဲ့ပါတယ်။မင်းကြီးရဲ့ တူတော်ကိုလည်း ခိုးယူသွားတဲ့အတွက် မင်းကြီးမှာ နေမထိထိုင်မသာ ဖြစ်နေရပါတယ်။ အဲ့ဒါကြောင့် ကိုယ်ရံတော်တပ်နဲ့တော်ဝင်စုံစမ်းစစ်ဆေးရေးဌာနကို ပြန်လည်ဖွဲ့စည်းပြီး ကလေးကို ရှာဖွေဖို့ အမိန့်ချခဲ့ပါတယ်။ အချိန် ၁၅ နှစ်ကြာပြီးနောက် ဟုန်မူတန်း ပြန်လည်ထွက်ပေါ်လာခဲ့ပြီးကလေးတွေကို ပြန်ခိုးနေကြောင်း ကောလာဟလတွေ ပျံ့လာတဲ့အခါ……ဟုန်မူတန်းကို ဖမ်းဆီဖို့ ကိုယ်ရံတော်တပ်က ဘယ်လို ကြိုးစားကြမလဲ……လွန်ခဲ့တဲ့ ၁၅ နှစ်က ခိုးယူသွားခဲ့တဲ့ ကလေးတွေကရော ဘယ်လို ဖြစ်နေမလဲ……ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှုခံစားလိုက်ရအောင်နော်။
...

Polis Evo (2015) ⭐IMDB: 6.7/10 (723 Votes) 🎬 #Action #Comedy #Crime #Adventure #Thriller 🗓 2015 🎞 movie 🌎 #Indonesia #Malaysia ⏰ 2 နာရီ 3 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Polis Evo 1 (2015)IMDb – 6.7/10 အကောင်းဆုံး မလေးရှားရုပ်ရှင်တွေဆိုပြီး ရှာကြည့်လိုက်ရင် ဒီရုပ်ရှင်ကိုအဆင့်တစ်ဆယ်အတွင်းမှာ ရပ်တည်နေတာ တွေ့ရပါလိမ့်မယ်။၂၀၁၈မှာ Polis Evo 2၊ ၂၀၂၃မှာ Polis Evo 3 ဆိုပြီး နောက်ဆက်တွဲရုပ်ရှင်တွေထိအောင်မြင်ခဲ့ပါတယ်။ရုပ်ရှင်ဆုပေးပွဲဆန်ခါတင်စာရင်း ဆယ်ခုမှာပါပြီး ဆုသုံးဆုရခဲ့တဲ့ ရုပ်ရှင်တစ်ကားလည်း ဖြစ်တယ်။Will Smithတို့ရဲ့ Bad Boysရုပ်ရှင်တွေကို မလေးဗားရှင်းနဲ့ ကြည့်နေရသလိုအခွီတွေ အက်ရှင်အမိုက်စားတွေနဲ့ ခံစားရမှာပါ။ တီရန်ဂါနူဆိုတဲ့ နယ်မြို့လေးမှာ ကျောင်းဆရာအဘိုးကြီးတစ်ယောက် ဆုံးသွားတယ်။အစက ဒီအတိုင်း ကားတိုက်ပြေးတဲ့အမှုလို့ထင်ပေမဲ့ တကယ်တမ်းကျ အဘိုးကြီးက၉၇ရာခိုင်နှုန်းအထိ သန့်စင်တဲ့ မူးယစ်ဆေးချက်တဲ့ဘဲကြီး ဖြစ်နေရော။ဒီမှာပဲ တီရန်ဂါနူရဲ့ အင်စပက်တာကြီး ဆာနီတစ်ယောက် စုံစမ်းဖို့ဖြစ်လာပါတယ်။ဒီအမှုကို စုံစမ်းဖို့ ကွာလာလမ်ပူက ကြမ်းပေ့ဆိုတဲ့ အင်စပက်တာကိုင်ကို ဆာနီရဲ့တွဲဖက်အဖြစ်နဲ့ပို့လိုက်တဲ့အခါမှာတော့…။ (aungmo3hanဘာသာပြန်ထားပါတယ်)
...

Tantra (2024) ⭐IMDB: 8.3/10 (2 k Votes) 🎬 #Bollywood #Horror 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 16 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Tantra 2024 တစ္တေကကြိုး IMDb – 8.6/10 နေရာတစ်ခု အရာဝတ္ထုတစ်ခု ဒါမှမဟုတ် လူတစ်ယောက်မှာရှိတဲ့ကောင်းတဲ့အငွေ့အသက်နဲ့ မကောင်းတဲ့အငွေ့အသက်ဆိုတာရှိပြီးဒါကိုလူတိုင်း အနည်းနဲ့အများတော့ ခံစားမိကြတာချည်းပါပဲ။ သိပ္ပံနည်းကျခေါ်မယ်ဆိုရင်တော့ auraပေါ့ဗျာ။ ပန်းရောင်စုံနဲ့လှပနေတဲ့ပန်းခင်းကြီးကနေအပြုသဘောဆောင်တဲ့auraကိုခံစားမိသလို သင်္ချိုင်းကုန်းရောက်ရင်လည်း creepy aura နဲ့ကျောချမ်း ကြက်သီးထတတ်ကြတာပါပဲ။ အခုဒီကားလေးထဲမှာတော့ တခြားသူတွေထက် ဒီ auraကိုပိုခံစားမိနေတဲ့ရေခါဆိုတဲ့မိန်းကလေးတစ်‌ယောက်အကြောင်းပေါ့။ ရေခါဟာ ငယ်စဉ်ကတည်းက မေတ္တာမရရှာတဲ့ ကောင်မလေးတစ်‌ယောက်၊ မွေးကတည်းကအမေကလည်းမီးတွင်းမှာဆုံးသွားဝောာ့ အဖေဖြစ်သူကလည်း ဂြိုဟ်ဆိုးမလို့ပဲ သူ့ကိုမြင်နေတာပေါ့။ရေခါက ညဘက်မှာ အိပ်ရင်းလမ်းလျှောက်တဲ့ရောဂါရှိပါသေးတယ်။ မေတ္တာငတ်နေရှာတဲ့ ရေခါလေးကိုမှ ချစ်မိသွားတာကတော့ တေဂျာ၊ တေဂျာဟာလည်းပြည့်တန်ဆာသားမလို့ တစ်ရွာလုံးနှိမ်တာခံ‌နေရတဲ့သူပါ။ ဒီလိုနဲ့ အချစ်ချင်းဖလှယ်ပြီးပျော်ရွှင်နေကြရာက ကြမ္မာငင်ပါတော့တယ်။ အဲဒါကတော့ ရေခါက ဝိညာဉ်တွေကိုလက်ခံနိုင်တဲ့အစွမ်းရှိနေပြီး သူ့ထဲကို ဝိညာဉ်ဆိုးတစ်ကောင်ဝင်ရောက်သွားတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ။ တေဂျာနဲ့ရေခါရဲ့အချစ်ကရောဒီနတ်ဆိုးဝိညာဉ်ကို အောင်နိုင်မလားဆိုတာ ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ ToMo ~ V ~ Yunni ဖြစ်ပါတယ်)
...

The Verge of Death (2023) ⭐IMDB: 6.7/10 (241 Votes) 🎬 #Drama #Horror #Mystery #Thriller 🗓 2023 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 37 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Verge of Death / Di Ambang Kematian [2023](IMDb 6.7/10) ဇာတ်လမ်းအစမှာ နာဒီယာဟာ သူ ၇နှစ်သမီးတုန်းက မိသားစုလိုက် ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကို ပြန်ပြောင်းပြောလို့ နေခဲ့ပါတယ်…သူ့အမေဟာ နာတာရှည်ရောဂါဆိုးကြီးကို ရင်ဆိုင်နေရရင်းက ရုတ်တရက်ပြန်ကောင်းလာပြီးနောက်မှပဲ သတ်သေသွားခဲ့ပါတယ်…အသေဆိုးနဲ့ သေခဲ့ရပြီးတဲ့နောက်မှာ သူ့အစ်ကိုဟာ ထူးဆန်းတာတွေကို စတင်မြင်တွေ့လာပါတော့တယ်…အဲ့လိုနဲ့ နှစ်အတန်ကြာတဲ့ နောက်မှာတော့ အစ်ကိုဖြစ်သူ ယိုဂက နာဒီယာကိုအမေသေရတာဟာ အဖေ့ကြောင့်ဖြစ်ကြောင်း ပြောပြလာပါတော့တယ်..ဒီလိုနဲ့ သူတို့အဖေရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်ရင်းက သူတို့အဖေ ယစ်ပူဇော်နေတာကို တွေ့ရပါတော့တယ်…ဒီတော့မှ ဖြစ်ကြောင်းကုန်စင်ကို သိလိုက်ရပြီးတော့ သူတို့ရထားတဲ့ ချမ်းသာကြွယ်ဝမှု မှန်သမျှဟာအရာတစ်ခုဆီမှာ အလဲအလှယ်ပြုလုပ်ပြီး ရထားကြောင်းနဲ့ အပြန်အလှန်အနေနဲ့ မအေလုပ်သူက အသက်ပေးလိုက်ရတယ်ဆိုတာပါပဲ…နာဒီယာ့အဖေဟာ ကျန်တဲ့သူတွေ အသက်မပျောက်စေရေးအတွက် ယစ်ပူဇော်မှုတွေ ဆက်လုပ်နေခဲ့ရတာပါ…ဒါပေမယ့် အရာမထင်ခဲ့ပါဘူး… ဘယ်သူတွေ ဆုံးပါးသွားပြီး ဘယ်သူတွေ အသက်ဆက်ရှင်ဖို့ ကြိုးစားသွားမလဲဆိုတာကို ရှုစားရမှာပဲဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့Tun Aung Kyawပဲ ဖြစ်ပါတယ်။
...

The Casagrandes Movie (2024) ⭐IMDB: 5.8/10 (295 Votes) 🎬 #Animation #Comedy #Family #Adventure #Fantasy 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 netflix က အသစ်ထွက်ရှိလာတဲ့ 2D ကာတွန်းကားလေးဖြစ်ပြီး အတော်လေးရယ်ရမယ့် family comedy ပါ ဇာတ်လမ်းအကျဥ်းကတော့ ဆယ်ကျော်သက်အရွယ် (နှစ်ပေါင်း ၁၂၀၀၀) သက်တမ်းရှိတဲ့ demigod မင်းသမီးလေး ပွန်ဂွာရီ က နတ်ဘုရားတစ်ပါး ဖြစ်ချင်ပေမယ့် သူ့မယ်တော်က မရင့်ကျက်သေးဘူးဆိုပြီး တားမြစ်တာကို လက်မခံပဲ မျက်နှာတစ်ထောင်မျက်နှာဖုံးကို ခိုးယူပြီး နတ်ဘုရားအသွင် ပြောင်းလိုက်ရာမှာ ကမ္ဘာမြေ ဟက်တက်ကွဲပြီး ကမ္ဘာပျက်မယ့် အရေးကနေ ကာကွယ်ဖို့အတွက် မင်းသမီးလေးကို မိခင်ဖြစ်သူက “တောင်တစ်လုံး” အသွင် ဖန်ဆင်းထားခဲ့တယ် ၁၂ နှစ်ပြည့်သွားတဲ့ ကောင်မလေး ရိုနီအန်းန်က ၁၂ နှစ်ပြည့်ပြီဆိုပြီး သူငယ်ချင်းနဲ့အတူ လွတ်လွတ်လပ်လပ် လုပ်ချင်တာလုပ်ဖို့ ကြံရွယ်နေတဲ့ ဂျစ်ကန်ကန် ကောင်မလေး တစ်ယောက်ပါ ဒါပေမဲ့ သူ့အမေက သူတို့ Casagrandes တစ်မိသားစုလုံး မက္ကဆီကိုက မွေးရပ်မြေဒေသလေးကို ခရီးထွက်ဖို့ အမိန့်ချတာနဲ့ ရိုနီအန်းန် တစ်ယောက် မငြင်းသာပဲ အမေ့စကားကို နားထောင်လိုက်ရတယ် ဒါပေမဲ့ သူတို့မိသားစုခရီးထွက်မယ့် နေရာလေးက တောင်နတ်သမီးလေး ပိတ်မိနေတဲ့ နေရာဖြစ်နေတဲ့အခါမှာ ဘယ်လိုတွေ ဆက်ဖြစ်မလဲ ရယ်ရယ်မောမော ကြည့်ရမှာဖြစ်သလို အမေနဲ့ သမီး ပဋိပက္ခတွေကိုလည်း သားသားမီးမီးတို့ မေမေတို့အတူတူ ခံစားလို့ရဦးမှာပါ
...

Blades of Glory (2007) ⭐TMDB: 61% User Score 🎬 #Comedy 🗓 2007 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2007 ခုနှစ်ကထွက်ရှိထားတဲ့ Blades of Glory ဆိုတဲ့ comedy ကားလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ် ရေခဲပြင်စကိတ်စီးအားကစားသမားနှစ်ယောက်ဖြစ်တဲ့ ချက်ဇ်နဲ့မက်အယ်လ်ရွိုင်းတို့ဟာ ပြိုင်ဘက်တွေဖြစ်တဲ့အလျောက်လုံးဝမတည့်ကြပါဘူး တစ်ရက်မှာ သူတို့နှစ်ယောက်ဟာဆုပေးပွဲမှာ ရွှေတံဆိပ်ဆုကိုပူးတွဲရရှိတာကြောင့် ဆုလက်ခံနေစဥ်မှာရန်ဖြစ်ခဲ့ကြပါတယ် အဲ့ဒါကြောင့်မလို့အဖွဲ့ချုပ်ကသူတို့ကိုပြိုင်ပွဲဝင်ခွင့်ရာသက်ပန်ပိတ်လိုက်ပါတယ် ဒီလိုနဲ့သုံးနှစ်ကြာအပြီးမှာ သူတို့ဟာ သူတို့ပြိုင်နေကြမဟုတ်တဲ့ နှစ်ယောက်တွဲစကိတ်စီးပြိုင်ပွဲကိုယှဥ်ပြိုင်ဖို့အသင်းဖော်တွေဖြစ်လာတဲ့အခါ “မတည့်အတူနေ”သူတို့နှစ်ယောက် ဘယ်လိုတွေရှေ့ဆက်ရမလဲ နှစ်ယောက်တွဲပြိုင်ပွဲမှာရော သူတို့အကောင်းဆုံးလုပ်နိုင်ပါ့မလား နောက်ဆုံးမှာတည့်သွားကြမလား ရွှေတံဆိပ်ဆုကိုထပ်မံရရှိဖို့အတွက်ဘယ်လိုတွေကြိုးစားသွားရမလဲ ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ရမလဲဆိုတာကို ဟာသနှောပြီးရိုက်ကူးထားတာဖြစ်ပါတယ်
...

The Beautiful Summer (2023) ⭐IMDB: 5.5/10 (313 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #Italy ⏰ 1 နာရီ 47 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ နယ်ကနေ မြို့တက်ပြီး အတူတူကြိုးစားရုန်းကန်နေတဲ့ မောင်နှမနှစ်ယောက်အကြောင်းကို ရိုက်ကူး တင်ဆက်ထားတဲ့ အီတလီ Drama ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဂျီနီယာဟာ နယ်ကတက်လာသူဖြစ်ပြီး မြို့ပေါ်က ဖက်ရှင်ဆိုင်မှာ အလုပ်လုပ်နေသူလည်းဖြစ်ပါတယ်။ တစ်ရက်မှာတော့ ဂျီနီယာဟာ အစ်ကိုဖြစ်‌သူနဲ့အတူ သူငယ်ချင်းတွေ ဆုံနေကျနေရာကိုသွားရင်း အမလီယာဆိုတဲ့ အမျိုးသမီးတစ်ဦးနဲ့ ရင်းနှီးခဲ့ပါတော့တယ်။ အမလီယာရဲ့ အလုပ်အကိုင်ကတော့ ‌ပန်းချီဆရာတွေအတွက် သရုပ်ပြပေးရတာပါ။ အရွယ်ရောက်လာတဲ့ ဂျီနီယာဟာ အမလီယာနဲ့‌ အပေါင်းအသင်းဖြစ်သွားပြီး ပန်းချီဆရာတွေနဲ့ပါ ချိတ်ဆက်မိသွားတဲ့အခါ အရွယ်ရောက်သူပီပီ ဂျီနီယာဟာ သူ့ရဲ့ပထမဆုံးအချစ်ကို ပန်းချီဆရာတွေကြားမှာပဲ ရှာတွေ့ခဲ့ပါတော့တယ်။ နယ်ကနေ မြို့ကိုတက်လာပြီး အရွယ်ရောက်သူတစ်ယောက်စဖြစ်လာတဲ့အချိန် ဘယ်လိုဆုံးဖြတ်ချက်အမှားတွေ ချမိပြီး ဘယ်လိုပြုပြင်သွားမလဲ‌ဆိုတာကိုတော့ ကြည့်ရှုပေးကြပါဦးခင်ဗျာ
...

Marinette (2023) ⭐IMDB: 6.3/10 (355 Votes) 🎬 #Drama #History #Biography #Sport 🗓 2023 🎞 movie 🌎 #France ⏰ 1 နာရီ 32 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 CM ပရိတ်သတ်ကြီးတို့ကို ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ပြင်သစ်အမျိုးသမီးဘောလုံးသမား မာရီနက်ပီရွှန်အကြောင်းရိုက်ကူးထားတဲ့ အတ္ထုပ္ပတ္တိရုပ်ရှင်ဖြစ်ပါတယ်။ မာရီနက်ဟာ ယူအက်စ်မှာ ပရော်ဖက်ရှင်နယ်အဆင့်စာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့ ပထမဆုံးပြင်သစ်အမျိုးသမီးဘောလုံးသမားဖြစ်ပါတယ်။ ဒါ့အပြင် LGBTQတစ်ယောက်ဖြစ်ပြီးတော့ တရားဝင်လက်ထပ်ယူထားတဲ့ဇနီးနဲ့ သားလေးတစ်ယောက်ရှိပါတယ်။ သူ့ရဲ့ဘောလုံးသမားဘဝအစပိုင်းက လွယ်ကူခဲ့တာတော့မဟုတ်ပါဘူး။ သူ့ရဲ့ငယ်ဘဝဟာ အရက်သမားအဖေရဲ့အိမ်တွင်းအကြမ်းဖက်မှုတွေကြောင့် အတော်စိတ်ညစ်စရာကောင်းခဲ့တာပါ။ ကံကောင်းတာကတော့ သူ့အမေက သူ့အိပ်မက်ကိုအားပေးပေးခဲ့ပါတယ်။ ကျောင်းပွဲတွေမှာ ယောက်ျားလေးအသင်းထဲဝင်ကစားခဲ့ရာကနေ Saint-Memmie Olympique အမျိုးသမီးဘောလုံးအသင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။ အဲ့ကနေ သူ့ရဲ့ဘောလုံးအားကစားသမားဘဝအစပြုခဲ့တယ်လို့ဆိုရမှာပါပဲ။ သူ့ခေတ်သူ့အခါတုန်းက ပြင်သစ်ဟာ အမျိုးသမီးဘောလုံးအားကစားကို သိပ်အရေးမထားပေးခဲ့ပါဘူး။ မာရီနက်ဟာ ၂၀၀၇ခုနှစ်မှာ ဘောလုံးအားကစားလောကကနေ အနားယူသွားခဲ့ပါတယ်။ သူ့ကို အာဂပြင်သစ်အမျိုးသမီးဘောလုံးသမားအဖြစ် သတ်မှတ်ထားကြဆဲပါပဲ။ ပြင်သစ်အမျိုးသမီးဘောလုံးသမားတွေအကြောင်း သေချာရိုက်ပြထားတာဖြစ်လို့ ကြည့်ရှုခံစားလိုက်ကြပါဦး။
...

The Petty Official (2024) ⭐TMDB: 30% User Score 🎬 #Comedy 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 28 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ပေါ့ပေါ့ပါးပါးဟာသကားလေးတင်ဆက်ပေးလိုက်ပါတယ်။အိမ်တော်ထိန်းတစ်ယောက်ဟာ သူ့သစ္စာသခင်ကြီးအပေါ်သစ္စာရှိခဲ့တဲ့အတွက် သခင်ကြီးက ခရိုင်မှူးအရာရှိအဖြစ်သခင်ကြီးကိုယ်စားသွားပေးဖို့စေလွှတ်ခဲ့တယ်။ သူ့ကိုယ်သူအရာရှိတစ်ယောက်ဖြစ်ပြီ ချမ်းသာပြီးတော့သူ့ရဲ့အဖေအရင်းကိုလဲရှာနိုင်ပြီပေါ့ ကံကောင်းလှပြီလို့ထင်ခဲ့တယ်။ တကယ်တော့ တက်တက်စင်အောင်လွဲတာပါပဲ။တကယ်တော့ သူရောက်နေတဲ့ခရိုင်မြို့ကို စီးပွားရှင်တစ်ဦးကလက်ဝါးကြီးအုပ်ချုပ်ကိုင်ထားပြီးတော့ အရာရာကိုထိန်းချုပ်နေတာဖြစ်နေတယ်။ခရိုင်မှူးကိုလဲ လာဘ်ထိုးပြီးတော့သူ့ဘက်တော်သားဖြစ်အောင်သိမ်းသွင်းတယ်။အကြပ်ကိုင်ခြိမ်းခြောက်တယ်။ပြည်သူတွေကိုဒုက္ခပေးနေတဲ့ ဒီသူဌေးကြီးကိုတွန်းလှန်ချင်ပေမယ့်လဲ မစွမ်းသာဘူးဖြစ်နေပါတယ်။ ကြီးပွားချမ်းသာချင်လို့ခရိုင်မှူးလာလုပ်တဲ့သူတစ်ယောက်သူဌေးကြီးရဲ့ဖျားယောင်းမှုအောက်ကလွတ်နိုင်ပါ့မလား……တရားတဲ့ဘက်မှာပဲရပ်တည်ပြီးတော့ မြို့လေးကိုကယ်တင်သွားနိုင်ပါ့မလားဆိုတာကိုဟာသဇာတ်ကွက်တွေဝေဝေစာစာနဲ့ကြည့်လိုက်ပါဦးနော်
...

The Wages of Fear (2024) ⭐IMDB: 4.5/10 (2 k Votes) 🎬 #Action #Thriller #Adventure #Drama 🗓 2024 🎞 movie 🌎 #France #Belgium ⏰ 1 နာရီ 46 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇာတ်လမ်းအကျဉ်းက တိုက်ခိုက်မှုတစ်ခုကြောင့် ရေနံတွင်းတစ်တွင်းမီးလောင်ကျွမ်းရာမှ ရွာသားများအသက်ဆုံးရှုံးနိုင်သည်အထိ ဖြစ်လာသောအခါ ရေနံကုမ္ပဏီမှတာဝန်ရှိသူများက ပေါက်ကွဲပစ္စည်းများကို သယ်ဆောင်ပြီး ဒီအန္တရာယ်က်ို ဖြေရှင်းဖို့ကြိုးပမ်းပါတော့တယ်။ ဒီတာဝန်ကို လက်ခံလုပ်ဆောင်ပေးမည့်သူ မရှိသည့်အတွက် ဖရက်ဆိုသူကို အစ်ကိုဖြစ်သူအားထောင်ထဲကလွတ်အောင်လုပ်ပေးမည်ဟု မက်လုံးပေးကာ တာဝန်အပ်နှင်းပါတော့တယ်။ ဖရက်တို့အဖွဲ့ ပေါက်ကွဲပစ္စည်းတွေကို သယ်ကာ မီးလောင်တဲ့နေရာကို ဘယ်လိုသွားကြမလဲ၊လမ်းမှာဘယ်လို အန္တရာယ်တွေနဲ့ရင်ဆိုင်ကျော်လွှားရမလဲကို ကြည့်ရှုရမည့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။
...

Dune: Part One (2021) ⭐IMDB: 8.0/10 (838 k Votes) 🎬 #Action #Adventure #Drama #ScienceFiction #SciFi 🗓 2021 🎞 movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 2 နာရီ 35 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Dune (2021) ========== IMDb Rating – 8.4/10 စောင့်​မျှော်​နေသူ​ ​အ​တော်များများရှိ​နေမယ့် DUNE ရုပ်ရှင်ကားကြီးထွက်လာပြီမို့ CMပရိတ်သတ်​တွေအတွက် အမြန်ဆုံး တင်ဆက်​ပေးလိုက်ပါတယ်၊ သာမန် Sci- fic​တွေထက် အပုံကြီးကျယ်ပြန့်တဲ့ Frank Herbertရဲ့ Duneစာအုပ်​တွဲ​တွေကို မှီငြမ်းရိုက်ကူးထားတဲ့ ဇာတ်လမ်း၊ ​Timotheé Chalamet, Zendaya, Oscar Issac, တို့အပါအဝင် ကောင်း​ပေ့ဆိုတဲ့ Cast​တွေ၊ Legendary soundtrack ​တွေပဲ တီးခတ်တဲ့ Hans Zimmer၊ ​ပြောင်​မြောက်လွန်းတဲ့ VFXနဲ့ CGI​တွေရဲ့ ​​ပေါင်းစပ်မှုအပြီးမှာ DUNE 2021ဇာတ်ကားဟာ ပရိတ်သတ်​တွေ အ​​မျှော်လင့်ဆုံးဇာတ်ကားဆိုရင်လည်း မမှားနိုင်ပါဘူး။ အနာဂတ်နှစ်​ပေါင်း၂၀၀၀၀​ကျော်မှာ အ​ခြေပြုထားတဲ့ ​ခေတ်လွန် Dune Universeထဲမှာ Known Universeကို အုပ်ချုပ်​နေတဲ့ Emperorဆိုတာရှိပြီး သူတို့ရဲ့လက်​အောက်မှာ​တော့ Houses​တွေက နယ်​မြေအသီးသီးကို အုပ်ချုပ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ အဓီကအ​ကြောင်းရင်းက​တော့ House​ Harkonnen​တွေ နှစ်​ပေါင်း၈၀ကြာ​​​အောင် အုပ်ချုပ်လာတဲ့ Planet Dune တဖြစ်လဲ Planet Arrakisကို Emperorရဲ့အထက်အမိန့်အရ House Atreides​တွေကို ​ပြောင်းလဲအုပ်ချုပ်​စေခြင်းကစပါတယ်။ ဒါ​ပေမဲ့ Harkonnen​တွေဟာ Arrakis ဂြိုလ်​​ပေါ်ကရတဲ့ Spiceဆိုတဲ့အရာ​ကြောင့် ဂြိုလ်ကိုလွယ်လွယ်လက်လွှတ်မခံနိုင်ပါဘူး၊ Spiceဆိုတာဟာ Dune universeတစ်ခုလုံးမှာ အဖိုးအတန်ဆုံးအရာပါ၊ Spiceကိုစားသုံးရင် စိတ်အာရုံနိုးကြားကာ အသိဉာဏ်ပညာတိုးပွားလာခြင်း၊ သက်ရှည်ကျန်းမာ​စေခြင်းစတဲ့ စွမ်းအား​တွေရရှိမှာဖြစ်ပြီး သူ့ကိုလည်း Arrakisဂြိုလ်တစ်ခုထဲမှာပဲ တူး​ဖော်နိုင်မှာပါ၊ တူး​ဖော်ခွင့်ရှိတဲ့ Houseဟာလည်း Emperorထက်​တောင် ပိုပြီးချမ်းသာသွားမှာပါ။ ဒါ​ကြောင့်မလို့ နိုင်ငံ​ရေးအရ​ရော၊ စီးပွား​ရေးအရပါ အချက်အချာဖြစ်​နေတဲ့ Duneဂြိုလ်ကို လွှဲ​ပြောင်းယူလိုက်ရတဲ့ House Atreides အ​နေနဲ့ House Harkonnenရဲ့ ဒုက္ခ​ပေးလာမှု​ရော၊ Emperorနဲ့ တခြားHouse​တွေရဲ့ ရန်စလာမှုကိုပါ ဘယ်လိုကြံ့ကြံ့ခိုင်ရမလဲ၊ House Atreidesရဲ့ သား​​​​တော်… အိမ်​တော်ရဲ့အနာဂတ် The Oneအဖြစ် တင်စားခံရတဲ့ Paulက​ရော Atreides​တွေကို ဘယ်​​လောက်ထိ ​ ခေါင်း​ဆောင်​ပေးသွားမလဲဆိုတာကို CGIနဲ့ VFX အမိုက်စား၊ Soundtrackအမိုက်စား၊ Castsအမိုက်စား​တွေနဲ့ပဲ ရိုက်ကူးတင်ဆက်ထားတာ မလို့ Hypeရကျိုးနပ်မယ့် Sci-Fic ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတာမို့ အမြန်ဆုံး တင်ဆက်ပေးလိုက်ပါပြီ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကို JimX မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။)
...

Chaari 111 (2024) ⭐IMDB: 7.7/10 (67 Votes) 🎬 #Action #Bollywood #Comedy 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 8 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Chaari 111 (2024) အေးဂျင့်ချာရီ IMDb 8.2/10 ဒါရိုက်တာတစ်ဖြစ်လဲ ဟာသသရုပ်ဆောင်မင်းသားကြီးVennela Kishore ပါဝင်သရုပ်ဆောင်ထားတဲ့လျှို့ဝှက်စုံထောက်အေးဂျင့်ကားလေး ထွက်ရှိလို့လာပါပြီ IMDb အရလည်းမဆိုးသလို ဇာတ်လမ်းသဘောအရလည်း ဟာသလေးတွေနှောထားတာဖြစ်လို့အပျင်းပြေကြည့်ရှူဖို့ အဆင်ပြေတဲ့ဇာတ်ကားတစ်ကားပါပဲ အစိုးရဌာနတွေဆိုတာ စည်းမျဉ်းတွေအတိုင်းစာအုပ်ကြီးအတိုင်းလိုက်နာရတဲ့ အဖွဲ့အစည်းတွေပါ အမှုတစ်ခုအဆုံးသတ်ဖို့ဆို လိုအပ်တာထက်ကြာရှည်နေတော့ဝန်ကြီးချုပ်ကနေ တစ်နိုင်ငံလုံးမှာ ၃ယောက်ပဲသိတဲ့ လျှို့ဝှက်အေးဂျင့်အဖွဲ့ ဖွဲ့စည်းလိုက်ပါတယ် ဒီအဖွဲ့ရဲ့တာဝန်ရှိသူကတော့ ဗိုလ်မှူးပရာဆပ်ရောင်ဝ် .. စာအုပ်ကြီးတိုင်းလုပ်ဖို့မလိုဘဲ တိကျမှန်ကန် မြန်ဆန်တဲ့နည်းနဲ့တိတ်တဆိတ်ဖြေရှင်းကြတဲ့ အတော်ဆုံးတွေစုပေါင်းထားတဲ့အေးဂျင့်အဖွဲ့အစည်းတစ်ခုပေါ့ ဒီလိုနဲ့တစ်နေ့ ဈေးဝယ်စင်တာတစ်ခုမှာဗုံးပေါက်ခဲ့တယ် ဒဏ်ရာရသူအများအပြားနဲ့ သေဆုံးသူတွေရှိနေပေမဲ့ ဗုံးအစအနမတွေ့ရလို့ အကျပ်ရိုက်နေကြတာပေါ့ ဆိုတော့ထုံးစံအတိုင်းလျှို့ဝှက်အေးဂျင့်အဖွဲ့အစည်း ရူရမ်နီတရာခေါင်းပေါ်ကျလာပါလေရော ဖြစ်ချင်တော့ ရှိတဲ့အေးဂျင့်တိုင်းက ကိုယ်စီအမှုတစ်ခုဆီကိုင်ထားလို့ မအားမလပ်ဖြစ်နေပြီး ရာထူးဆိုင်းငံ့ထားတဲ့ ချာရီဆိုတဲ့အေးဂျင့်ပဲကျန်ပါတော့တယ် ချာရီဆိုတာက အဆုံးသတ်မှာအမှုကိုဖြေရှင်းနိုင်ပေမဲ့ ဖြေရှင်းနေစဉ်မှာတော့ အရှုပ်အထွေး အပျက်အစီးတွေများလို့ အထက်လူကြီးတွေနှလုံးရောဂါရရတဲ့လူတစ်ယောက်ပါ သူ့လက်ထဲဒီလိုပြည်သူစိတ်ဝင်စားနေတဲ့အမှုထည့်ဖို့ဖြစ်လာချိန်မှာတော့ ဘယ်လိုအလွဲတွေနဲ့ နှစ်ပါးသွားမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါရှင် (အညွှန်းကိုတော့ Yunni မှရေးသားထားပြီး CM Bollywood Team ကဘာသာပြန်ဆိုထားပါတယ်)
...

Windcatcher (2024) ⭐IMDB: 6.7/10 (104 Votes) 🎬 #Comedy #Drama #Family #TVMovie 🗓 2024 🎞 movie 🌎 #Australia ⏰ 1 နာရီ 20 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇာတ်လမ်းအကျဉ်းကတော့ ပါစီလို့ခေါ်တဲ့ ဆယ်နှစ်သားကောင်လေးက အဖိုးဖြစ်သူရယ် အဒေါ်နှစ်ယောက်ရယ်နဲ့အတူ နေထိုင်ပါတယ်။ ပါစီမှာ ဝါသနာတစ်ခုရှိပါတယ်။ အဲဒါကတော့ ပြေးရတာပါ။ တစ်ရက်မှာတော့ ပါစီရယ် သူ့သူငယ်ချင်းတွေရယ်ဟာ ကျောင်းမှာသူတို့ကို အနိုင်ကျင့်တဲ့ဘူလီအုပ်စုကို ကျောင်းအပြေးပြိုင်ပွဲမှာ အနိုင်ပိုင်းဖို့ရာအခြေအနေကို ရောက်ရှိလာခဲ့ပါတယ်။ ဒီလိုနဲ့ ပါစီဟာ သူငယ်ချင်း၊ ဆွေမျိုးသားချင်းတွေရဲ့အကူအညီနဲ့အတူ အပြေးပြိုင်ပွဲမှာအနိုင်ရဖို့ကြိုးစားရင်း ဘယ်လိုအလွဲလေးတွေနဲ့ကြုံတွေ့ရမလဲ၊ ပါစီရဲ့ဝါသနာနဲ့ မိသားစုနောက်ကွယ်မှာ‌ရော ဘယ်လိုအဖြစ်အပျက်တွေရှိနေမလဲ၊ နောက်ဆုံးမှာ ပါစီတစ်ယောက် အနိုင်ရသွားမလားဆိုတာကိုတော့ မိသားစုနဲ့အတူ ကြည့်ရှုလိုက်ကြပါဦး။
...