es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete 👈

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Canal cerrado

🚩 Channel was restricted by Telegram

Mostrar más
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
Suncoast (2024) ⭐IMDB: 6.6/10 (2 k Votes) 🎬 #Drama #Comedy 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 49 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Suncoast (2024) ~ IMDb – 6.6/10, RT – 75%, Meta – 61% ~ ဒီကားလေးကတော့ အခုနှစ်အစပိုင်းမှာ ထွက်ရှိလာတဲ့ ဟာသဒရာမာကားကောင်းလေးပါပဲ။ သရုပ်ဆောင်အနေနဲ့ဆိုရင် True Detective, Now You See Me, Zombieland တို့နဲ့ လူသိများတဲ့ မင်းသားကြီး Woody Harrelson ပါ၀င်ထားပါတယ်။ ဆန်းကို့စ်ဆိုတာ နာတာရှည်လူနာတွေအတွက် ဆေးရုံပါ။ ဒိုးရစ်ရဲ့အစ်ကိုဖြစ်သူက စကားလည်းမပြောနိုင် အသိစိတ်လည်းမရှိတော့ဘဲ သေဖို့အချိန်ကို ထိုင်စောင့်နေရတဲ့သူပါ။ သူ့အမေကလည်း သူ့အစ်ကိုကိုပဲ ဂရုစိုက်လို့ ဒိုးရစ်က သိပ်အချစ်မခံရသလိုခံစားနေရတဲ့အတွက် အစ်ကိုဖြစ်သူကို မုန်းတီးနေတဲ့သူပါ။ ငယ်ငယ်ကတည်းက နာမကျန်းဖြစ်တဲ့အစ်ကိုကိုပြုစုခဲ့ရတဲ့ ဒိုးရစ်တစ်ယောက် သူလိုချင်တာက သာမန်ဆယ်ကျော်သက်ဘ၀လေးပါပဲတဲ့။ သူ့အမေက သူ့အစ်ကိုကိုအဖော်ပြုပြီး ဆန်းကို့စ်ဆေးရုံမှာ သွားအိပ်တဲ့အခါမှာတော့ ဒိုးရစ် သာမန်ဆယ်ကျော်သက်ဘ၀မှာ ပျော်ဖို့ကြိုးစားပါတော့တယ်။ ဒီကားလေးကတော့ ဒိုးရစ်ဖက်က ခံစားချက်တွေ မိခင်ဖြစ်သူရဲ့ခံစားချက်တွေကို အချိုးညီညီပေါင်းစပ်ပြီး ကွဲပြားတဲ့အမြင်နဲ့ မျဉ်းပြိုင်လိုလူနှစ်ယောက် နောက်ဆုံးမှာဘယ်လိုခံစားချက်တွေနဲ့ ထပ်တူညီသွားမလဲဆိုတာကို မျက်ရည်တွေကြားထဲခံစားရမယ့်ကားလေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုSoe Thiri Sweမှ ပြန်ဆို ရေးသားထားပါတယ်)
...

Battlefield Heroes (2011) ⭐IMDB: 5.4/10 (339 Votes) 🎬 #Comedy #Drama #History #War 🗓 2011 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 58 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ဟိုးအရင်ခေတ် ဂိုဂူလျောတိုင်းပြည်နဲ့ တရုတ်မင်းဆက် ကြားက တိုက်ပွဲကို ဟာသနှောပြီး ရိုက်ပြထားတာပါ ။ ဒီထဲမှာ ကိုရီးယားက တကယ့်မင်းသားကြီးဖြစ်တဲ့ Jin-young Jung ၊ (Kingdom)အပြင် နာမည်ကြီးဇာတ်ကားတော်တော်များများမှာပါတဲ့ Seung-ryong Ryu ၊ Je-mun Yun တို့အပြင်အာရှမင်းသားဆိုပြီး နာမည်ကြီး မိန်းကလေးတွေအရမ်းကြိုက်ပြီး Running Man မှာလည်းပါတဲ့ သစ်ကုလားအုတ် အီဂွမ်ဆူ ( Lee Kwang-Soo ) ကလည်း အခွီဇာတ်ရုပ်နဲ့ ပါဝင်ထားပါသေးတယ် ။ ဇာတ်လမ်းကတော့ … လူအင်အားနည်းနေတဲ့ ထန်မင်းဆက်က ဂိုဂူလျောကိုတိုက်ခိုက်ဖို့အတွက် ရှီလာတွေဆီကနေ စစ်ကူတောင်းပါတော့တယ် ရှီလာတွေကလည်းဘတ်ဂျယ်နဲ့မြစ်တောင်ပိုင်းပေးရင် စစ်ကူလွှတ်မယ်လို့ကတိတောင်းခဲ့တာပေါ့ ဒီလိုနဲ့ စစ်ပွဲအတွက် ပေါ်တာဆွဲတဲ့ထဲမှာ ဘတ်ဂျယ်ကမူဂွန်ဆိုတဲ့တစ်ယောက်လည်းပါသွားပါတယ်သူက စစ်မတိုက်ချင်တဲ့သူပါ ( သူရဲ့စစ်ပွဲတွင်းမသေအောင်နေနည်းတွေက အံ့မခမ်းပါပဲ ) မွန်ဒီ ( Lee Kwang-Soo ) ဆိုတဲ့တစ်ယောက်ကတော့ စစ်တိုက်မယ်ဆိုပြီး ကိုယ်တိုင်လိုက်လာခဲ့တဲ့သူပါ စစ်တိုက်ချင်တဲ့သူ မတိုက်ချင်လို့ကန့်လန့်လိုက်လုပ်တဲ့သူ သူတို့နှစ်ယောက်ရဲ့ဟာသအလွဲတွေနဲ့ ဟိုးအရင်ခေတ် စစ်ပွဲပရိယာယ်တွေကို တွေ့ရမှာမို့ လက်မလွှတ်တမ်းကြည့်ရှု့လိုက်ပါဦး
...

Cult Killer (2024) ⭐IMDB: 4.5/10 (577 Votes) 🎬 #Adventure #Crime #Drama #Mystery #Thriller #Horror 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 45 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Cult Killer (2024) မင်းသားကြီး Antonio Banderas ပါဝင်သရုပ်ဆောင်ထားတဲ့ စုံထောက်ဇာတ်ကားလေးပါ။ မင်းသမီးချော Alice Eve က အဓိကဇာတ်ဆောင်အနေနဲ့ ပါဝင်ထားပါတယ်။ ဇာတ်လမ်းက ခပ်အေးအေးပါပဲ။ စုံထောက်ကားအစစ်ပီသတာပေါ့ဗျာ။ လူချမ်းသာတစ်ယောက် သတ်ခံလိုက်ရတယ်။ ဒါပေမဲ့ သူဌေးတွေက အဲဒီအမှုကို ဆက်မလိုက်စေချင်ကြဘူး။ ဒါပေမဲ့ စုံထောက်တစ်ယောက်ကတော့ အဲဒီအမှုကို အလေးအနက်ထားပြီး လိုက်ဖို့လုပ်တယ်။ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်ကို ငွေနဲ့ပေါက်ထုတ်လိုက်ပြီး သူ့ရဲ့အထက်လူကြီးတွေကို အမှုပိတ်ဖို့ ဖိအားပေးခိုင်းနေပေမဲ့ စုံထောက်က သူ့အသိ အလွတ်စုံထောက်တစ်ယောက်နဲ့ ပူးပေါင်းပြီး အမှုကိုဖော်ဖို့လုပ်တယ်။ အမှုကို ကိုင်ဖို့ ဆုံးဖြတ်ပြီး စစုံစမ်းတော့မယ့် အချိန်မှာပဲ အလွတ်စုံထောက်က အသတ်ခံလိုက်ရပါတယ်။ အလွတ်စုံထောက်ရဲ့ တပည့်မလေးက သူ့ဆရာကို သတ်သွားတဲ့ လူသတ်သမားကိုရှာရှင်း သူတို့လိုက်နေတဲ့ အမှုက အများကြီး ပိုရှုပ်ထွေးတဲ့အပိုင်းတွေ ပါလာတာကိုသိလိုက်ရပါတော့တယ်။ စိတ်ဒဏ်ရာတွေရခဲ့ပေမဲ့ ဆရာကောင်းနဲ့တွေ့ပြီး စုံထောက်ဖြစ်လာတဲ့ စုံထောက်မလေးနဲ့ မကောင်းဆိုးရွားတွေနဲ့တွေ့ခဲ့ပြီး လက်စားချေဖို့လုပ်ရင်း မကောင်းဆိုးရွားဖြစ်လာတဲ့ ကောင်မလေးတစ်ယောက် သူတို့တွေ ဘယ်လိုထိပ်တိုက်ရင်ဆိုင်တွေ့ကြတာကို ကြည့်ရမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို666မှ ပြန်ဆို ရေးသားထားပါတယ်)
...

Moscow Square (2001) ⭐TMDB: 72.0% User Score 🎬 #Comedy #Drama #Romance 🗓 2001 🎞 movie 🌎 #Hungary ⏰ 1 နာရီ 29 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb 7.8 အထိရရှိထားတဲ့ ဟန်ဂေရီ ရိုမန့်စ် ကော်မဒီ ကျောင်းသား ဒရာမာ ရုပ်ရှင်ကောင်းလေးတစ်ခုပါ။ ၁၉၈၉ နွေရာသီရဲ့ တက္ကသိုလ်၀င်တန်းစာမေးပွဲ နေ့ရက်များဆီသို့… ၁၉၈၉ ဟာ ဟန်ဂေရီနိုင်ငံရဲ့ နိုင်ငံရေး‌အပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့တဲ့နှစ်ဖြစ်တယ်။ ပတ်ယာတို့ သူငယ်ချင်းတစ်အုပ်အတွက်တော့ ဒီကိစ္စတွေဟာ တက္ကသိုလ်၀င်တန်းစာမေးပွဲလောက် ခေါင်းထဲမှာမရှိကြ။ သူတို့ဟာအထက်တန်းပြီး‌ကြတော့မယ်။ မကြာခင် တက္ကသိုလ်ဆက်တက်သူကတက်၊ အလုပ်ခွင်၀င်မယ့်သူက၀င်နဲ့ ဘ၀အတွက် အရေးပါတဲ့ဆုံးဖြတ်ချက်တွေကို ချကြရတော့မယ်။ ပတ်ယာတို့ခေတ်မှာက အခုခေတ်လို ကွန်ပြူတာတွေ ဖုန်းတွေသုံးနိုင်ဖို့နေနေသာသာ အပြာဗီဒီယိုကြည့်ရင်တောင် သူငယ်ချင်းတစ်ယောက်အိမ်မှာဝိုင်းစုရင်း ကြည့်ကြရတာ။ ပတ်ယာတို့ လူငယ်လေးတွေအတွက်တော့ လူငယ်ဘ၀မှာ ကျောင်းလစ်၊ ဘီယာဆိုင်ထိုင်၊ ညဖက် ကပွဲပါတီတွေခိုးသွားတာတွေကလွဲရင် တခြားလုပ်စရာ များများစာစားမရှိဘူး။ သူငယ်ချင်းအုပ်စုတွေရဲ့ ထုံးစံအတိုင်း သူတို့အုပ်စုထဲမှာလည်း စော်ကြည်ဘဲပါတယ်၊ ပြိုင်ကား စီးနိုင်တဲ့ သူဌေးသားပါတယ်၊ လေးလုံးနဲ့ စာဂျပိုးပါတယ်၊ အားလုံးထက်ပိုထွားပြီး လူရည်ပိုလည်တဲ့ကောင်ပါတယ်၊ ဇာတ်လိုက်ကျော် ကောင်မလေးတစ်ယောက် စသဖြင့် လူပေါင်းစုံ ပါကြတယ်ပေါ့။ စာသင်နှစ်တစ်နှစ်လုံး ပျော်ချင်တိုင်းပျော် ဆိုးချင်တိုင်းဆိုးခဲ့ကြပေမဲ့ အချိန်တန်တော့လည်း အများနည်းတူ စာမေးပွဲကိုအောင်သွားချင်ကြသူချည်းပဲမဟုတ်ပါလား။ ဒီလိုအောင်ချင်တဲ့သူတွေထဲမှာ အချိုအချောင်နဲ့အောင်ဖို့နည်းလမ်းကို ဖင်ကုန်းဆုတောင်းနေကြတဲ့ ပတ်ယာတို့အုပ်စုလည်း အပါအ၀င်ပဲ။ ကံကောင်းချင်တော့ ၁၉၈၉ ဟန်ဂေရီနိုင်ငံရေးပြောင်းလဲမှုတွေကြောင့် ပတ်ယာတို့အုပ်စုဟာ နေရင်းထိုင်ရင်း ထီထပေါက်ပါတော့တယ်။ ၂၀၀၁ မှာရိုက်ခဲ့တယ်ဆိုပေမဲ့ ၁၉၈၉ ကာလနဲ့ တကယ်တူအောင် ရိုက်ကူးနိုင်ခဲ့တယ်။ သရုပ်ဆောင်တွေ၊ ဒိုင်ယာလော့‌တွေဟာ ကိုယ်တစ်ခါမှမကြုံ‌တွေ့ခဲ့ရဖူးတဲ့ ၁၉၈၉ က စာမေးပွဲကြီးဖြေခါနီး နွေရာသီနေ့ရက်တွေကို ပြန်လည်ပတ်လို့ရအောင် ခေါ်ဆောင်ပေးသွားလိမ့်မယ်။ ဟန်ဂေရီရုပ်ရှင်ဖြစ်တာကြောင့်လည်း ဇာတ်ကောင်နာမည်တွေ၊ ဘာသာစကားတွေဟာ ကြည့်ဖူးနေကျ ရုပ်ရှင်တွေထက် ပိုမိုကွဲထွက်နေဦးမှာပါ။ ဟန်‌ဂေရီရုပ်ရှင်သမိုင်းထဲမှာ အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ခုလို့ ညွှန်းဆိုကြတဲ့ရုပ်ရှင်ဖြစ်တာကြောင့် ဒီရုပ်ရှင်လေးနဲ့အတူ အထက်တန်းကျောင်းသားဘ၀ကို ပြန်လည်လွမ်းဆွတ်တမ်းတလိုက်ကြပါဦးလို့ ညွှန်းဆိုပေးရင်းနဲ့ပဲ
...

Upgraded (2024) ⭐IMDB: 6.1/10 (5 k Votes) 🎬 #Drama #Romance #Comedy 🗓 2024 🎞 movie 🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 46 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လူကြီးဆန်တဲ့အလှနဲ့ မောင်လေးတွေကိုဖမ်းစားထားတဲ့မမ Camila Mendes ရဲ့အချစ်ဇာတ်ကားအသစ်ထွက်ရှိလာပါပြီ။ ဒီအချစ်ဇာတ်ကားလေးရဲ့ နာမည်ကတော့ Upgraded ဖြစ်ပြီး IMDb Rating 6.1 အထိရရှိထားပါတယ်။ အန်နာဆိုတဲ့ ကောင်မလေးတစ်ယောက်က ပိုက်ဆံဆိုရင် ရေသည် မိန်းမထက်တောင် ပိုမွဲပြီး အစ်မရဲ့အိမ်မှာ ကပ်နေနေရတဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ နေ့စဉ်ရက်ဆက် သူ့ကိုအိမ်မှာမနေစေချင်တဲ့ မလိုလားအပ်တဲ့ စကားတွေကိုကြားနေရပြီး တစ်နေ့မှာ သူအရမ်းဝါသနာပါတဲ့ ပန်းချီပြခန်းလေး တစ်ခုဖွင့်နိုင်ဖို့ရည်မှန်းချက်ရှိနေသူဖြစ်ပါတယ်။ အဲ့ဒီ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့အတွက် ပန်းချီကားတွေကို လေလံတင်ပေးတဲ့ ကုမ္ပဏီတစ်ခုမှာ အလုပ် လုပ်နေပြီး အလုပ်သင်ဘ၀မှာ သူ့ရဲ့အရည်အချင်းတစ်ခုကို သူဌေးရှေ့မှာပြနိုင်ခဲ့တဲ့အတွက် လန်ဒန်မှာသူဌေးရဲ့ လက်ထောက် အနေနဲ့ လိုက်ပြီးအလုပ်လုပ်ရဖို့ အကြောင်းဖန်လာပါတော့တယ်။ အဲ့ဒီလန်ဒန်ကို သွားတဲ့လေယာဉ်ပေါ်မှာ ဝီလီယမ်ဆိုတဲ့ ကောင်လေး တစ်ယောက်နဲ့ တွေ့ခဲ့ပြီး အမှတ်မထင်သူ့ကိုယ်သူ သူ့ကုမ္ပဏီရဲ့ ဒါရိုက်တာလို့ ပြောလိုက်မိပြီး အဲ့ဒီဇာတ်အတိုင်းဆက်က နေလိုက်ပါတော့တယ်။ဒီလိုနဲ့မှ အဲ့ဒီအလိမ်အညာတွေက တဖြည်းဖြည်းနဲ့ ပိုကြီးလာခဲ့ပြီးနောက်ဆုံးမှာတော့ လောကဓံရဲ့ ရိုက်ချက်ကို ဘယ်လိုပြန်ခံစားရမယ်ဆိုတာတွေ ဝီလီယမ်နဲ့ အန်နာကြားမှာရော အဲ့ဒီအလိမ်အညာကနေ အချစ်ဇာတ်လမ်းလေး တစ်ခုပေါ်ပေါက်လာမလားဆိုတာတွေကို ကြည့်ရှုရမဲ့ဒရာမာ ဇာတ်ကားလေးပဲဖြစ်ပါတယ်။
...

Trunk: Locked In (2023) ⭐IMDB: 5.5/10 (1 k Votes) 🎬 #Drama #Thriller #Action 🗓 2023 🎞 movie 🌎 #Germany ⏰ 1 နာရီ 36 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါ ဂျာမန်စကားပြော ရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားကို သည်းထိတ်ရင်ဖို ဇာတ်လမ်းကောင်းတွေရိုက်ကူးပြီး ရုပ်ရှင်ပွဲတော်တွေမှာ nomination တွေများစွာ ရထားတဲ့ ဂျာမန်လူမျိုး ဒါရိုက်တာ မာ့ခ်ရှီးဆာက ရိုက်ကူးထားတာပါ။ ကလောက်စထရိုဖိုဘီယား ရှိတဲ့သူတွေအတွက်ဆိုရင်တော့ ဒီလိုရုပ်ရှင်မျိုးက တကယ့် အိပ်မက်ဆိုး တစ်ခုလိုဖြစ်နေမှာပါ။ ဇာတ်လမ်းအကျဉ်း ************** မယ်လီနာဆိုတဲ့ ကောင်မလေးတစ်ယောက် ရည်းစားနဲ့ ခရီးထွက်သွားခဲ့တယ်။ သူသတိရလာချိန်က မောင်းနေတဲ့ ကားတစ်စီးရဲ့ နောက်အဖုံးထဲမှာ ရောက်နေပါပြီ။ မေ့ဆေးထုံဆေးတွေ အပေးခံထားရပြီးတော့ ခြေထောက်တွေလှုပ်မရ ပြုမရနဲ့ သတိထားမိချိန် ကျောက်ကပ်တစ်လုံးပါ အထုတ်ခံ ထားရတာ သိလိုက်ရတယ်. သွေးတစိမ့်စိမ့်ထွက်နေတဲ့ ဒဏ်ရာ ရထားပြီးတော့ အကူအညီမဲ့နေတဲ့ မယ်လီနာတစ်ယောက် ကံကောင်းတာက သူ့လက်ကိုင်ဖုန်းက သူနဲ့အတူ ရှိနေသေးတာပါပဲ။ အစ်မဖြစ်သူကို ဖုန်းဆက်ပြီး အကူအညီတောင်းပေမယ့် မယုံကြည်ဘဲ နောက်ပြောင်နေတာထင်ပြီး အရေးမလုပ်ပါဘူး။ မယ်လီနာ တစ်ယောက် ဒီလိုအခြေအနေကနေ လွတ်မြောက်အောင် လုပ်မလဲ။ သူဒီလိုဖြစ်ခဲ့တာကရော ဘယ်သူ့ကြောင့်လဲ။ ဇာတ်ကားတစ်ခုလုံးက ကားနောက်ဖုံးတစ်ခုအောက်မှာ ပြီးသွားသလို ဆိုပေမယ့် ကြည့်ရှုသူကို ဇာတ်ကောင်နဲ့အတူ လိုက်ပါစီးမြော ထိတ်လန့်ခံစားမှု ပေးနိုင်တဲ့ ဇာတ်ကားကောင်းလေး တစ်ကားလို့ ဆိုပါရစေ။
...

Perilloor Premier League (2024) ⭐TMDB: 60.0% User Score 🎬 #Comedy #Drama 🗓 2024 🎞 tv series 🌎 #India ⏰ 48 မိနစ် 44 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Perilloor Premier League (2024)Perilloor Premier League (2024) “ပယ်ရီလူရ် ဝန်ကြီးချုပ်အသင်း”IMDb – 7.5/10 အခုတင်ဆက်ပေးမဲ့ ရုပ်ရှင်စီးရီးကတော့ အချစ်၊ နိုင်ငံရေး၊ ဟာသ သုံးမျိုးသုံးဖလှယ် ရောသမမွှေထားတဲ့ မလေယာလမ်းဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။ Por Thozhil (2023)မှာ ဗီနာအဖြစ်ပါဝင်ခဲ့တဲ့ မင်းသမီးချောလေး နီခေးလ်လာက အဓိကနေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ပယ်ရီလူရ်ဆိုတဲ့ အေးချမ်းလှပတဲ့နေရာလေးတစ်ခုကို ပြောင်းရွှေ့လာခဲ့တဲ့ အထက်တန်းကျောင်းသူလေးက မာဗီကာ…။ပယ်ရီလူရ်မှာ ကျောင်းတက်ရင်း ချစ်မိသွားသူက တီဗီမှာလာတဲ့ ပုစဉ်းနာမည်နဲ့ လူကြီးကားကို ခိုးကြည့်တာမိသွားပြီး ပုစဉ်းလို့ နာမည်ပြောင်ပေးခံရတဲ့ စရီကူတန်…။ မာဗီကာ သူ့အချစ်ကိုဖွင့်ပြောတဲ့အချိန်မှာ မထင်မှတ်တာတွေ ဖြစ်ပျက်သွားခဲ့…။ ဒီလိုနဲ့ အရွယ်ရောက်လာချိန်မှာတော့ ပယ်ရီလူရ်သား စရီကူတန်တစ်ယောက် ကိုယ်တိုင်မရှာနိုင်တာကြောင့် မိဘတွေကို မိန်းမပူဆာရပါတော့တယ်။ဖြစ်ချင်တော့ မိန်းမသွားတောင်းတဲ့အိမ်က မာဗီကာတို့အိမ်ဖြစ်နေပြီး မာဗီကာကလည်း တသွေးတမွေးနဲ့ အလှကြီးလှနေတော့ စရီကူတန်တယောက် ပုတ်သင်ညိုလို ခေါင်းတညိမ့်ညိမ့် ဖြစ်ရပါပြီ။ ဒါပေမဲ့လည်း မောင်မောင်ထန်ဖြစ်တဲ့ စရီကူတန်တစ်ယောက် တခြားအိမ်က အကိတ်ကြီးကိုမြင်တော့ မာဗီကာကိုထပ်ငြင်းပြန်ပါရောလား။ နောက်မှ အကိတ်ကြီးက ကာမပိုင်ယောက်ျားရှိမှန်းသိသွားပြီး မာဗီကာဘက်ကို မြှားဦးပြန်အလှည့်။ မာဗီကာက ပယ်ရီလူရ်ရဲ့ ဥက္ကဌနေရာကို ဖြစ်ချင်တဲ့ဆန္ဒမပါဘဲ ဖြစ်သွားချိန်မှာတော့…။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်
...

Honey, We Shrunk Ourselves (1997) ⭐TMDB: 54.0% User Score 🎬 #Action #Adventure #Comedy #Family #SciFi #ScienceFiction 🗓 1997 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 15 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Honey, We Shrunk Ourselves (1997)=========================== ကလေးတွေကိုချုံ့လိုက်၊ ကလေးလေးကို ကြီးအောင်လုပ်လိုက်နဲ့အမျိုးမျိုးလွဲနေတဲ့ သိပ္ပံပညာရှင် စလင်စကီ တစ်ယောက်ကတော့ဒီတစ်ခါမှာ သူတို့ကိုယ်သူတို့ ချုံ့လိုက်မိသွားပါပြီ။ Honey, I Shrunk the Kids က စခဲ့တဲ့ ဒီဇာတ်လမ်းက အခုဆိုရင်သုံးကားမြောက်ပါပဲ။ အသက်အရွယ်တိုင်းမှာ အရှုံးသမားဖြစ်ခဲ့တဲ့သိပ္ပံပညာရှင် စလင်စကီ ရဲ့ အလွဲတကာအလွဲတွေထဲမှာ သူနဲ့ သူ့တွဲဖက်တို့ လင်မယားနှစ်စုံ အချုံ့ခံလိုက်ရပြီး မြင်ကွင်းကပျောက်နေတော့ကလေးတွေက မိဘတွေ မရှိဘူးအမှတ်နဲ့ အိမ်မှာ သောင်းကျန်းနေပုံတွေကို ငလက်မလေးတွေဘဝနဲ့ ထိုင်ကြည့်နေရတဲ့အဖြစ်ပါ။ မိသားစုတစ်ခုမှာ မိဘတွေရဲ့ စိုးရိမ်စကား တားမြစ်စကားတွေကို သားသမီးတွေက ပိတ်ပင်တယ်ထင်ကြတာ ထုံးစံပါပဲ။ ဒါပေမဲ့ မိဘတွေမရှိချိန်တားမြစ်ချက်တွေကို တသီကြီးချိုးဖောက်ကြည့်ချိန်မှာ ဒုက္ခနဲ့ လှလှနဲ့တွေ့ကြပုံ သင်ခန်းစာပေး မိသားစုဇာတ်လမ်းလေးပေါ့။ ကလေးဘဝအမှတ်တရတွေကို ပြန်ခံစားနိုင်ဖို့ တင်ဆက်လိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Arr Khun Winchester ဖြစ်ပါတယ်)
...

Marmalade (2024) ⭐IMDB: 6.1/10 (236 Votes) 🎬 #Comedy #Crime #Drama #Romance #Thriller 🗓 2024 🎞 movie 🌎 #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းလေးက အချစ်အတွက်ဆို ဘဏ်ဓားပြလည်း တိုက်မယ်၊ ထောင်လည်းဖောက်မယ်ဆိုတဲ့ နုံနုံအအ ကောင်လေးတစ်ယောက်ရဲ့ဇာတ်လမ်းပါ။ ဇာတ်လမ်းအကျဥ်းကို ပြောပြရရင် ဘာရွန်ဟာ လည်လည် ဝယ်ဝယ်မရှိတဲ့လူရိုးလေးဖြစ်ပြီး ရောဂါသည်အမေကြီးကို ပြုစုနေရသူပါ..။ ငွေရေးကြေးရေးက သိပ်မပြေလည်လို့ မိခင်ကြီးရဲ့ဆေးဖိုး အတွက် ရုန်းရင်းကန်ရင်း တစ်နေ့မှာအလုပ်ဖြုတ်ခံလိုက်ရပါတယ်…။ အဲ့ဒီနေ့မှာပဲ မာမလိတ်ဆိုတဲ့ ကောင်မလေးနဲ့တွေ့ဆုံပြီး အချစ်ရဲ့ ကြိုးဆွဲရာကတဲ့ရုပ်သေးဖြစ်ခဲ့ရပါတော့တယ်…။ ဒီကောင်မလေးရဲ့ စေခိုင်းမှုကြောင့် နုံအအနဲ့ ချစ်မျက်ကန်း တစ်ယောက်ဖြစ်တဲ့ ဘာရွန်တစ်‌ယောက် ဘဏ်ဓားပြဘယ်လိုတိုက်မလဲ ထောင်ဘယ်လိုဖောက်မလဲဆိုတာတွေကို ဇာတ်လမ်းလေးထဲမှာ မြင်တွေ့ရမှာပါ
...

Gods of the Deep (2023) ⭐IMDB: 3.2/10 (304 Votes) 🎬 #Horror #SciFi #Thriller #ScienceFiction 🗓 2023 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 18 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇာတ်လမ်းအကျဉ်းကတော့ ပစ်ခ်မန်းကော်ပိုရှင်းက ပင်လယ်ရေအောက်မှာ အဝေးထိန်းယာဉ်တွေနဲ့ စူးစမ်းရှာဖွေနေရင်းနဲ့အနက်ဆုံး တစ်နေရာမှာ ထူးဆန်းတဲ့ဂိတ်တံခါးဝကိုတွေ့သွားပါတယ်။ အဲ့ဂိတ်တံခါးထဲကိုရှာဖွေဖို့အတွက် ပစ်မန်းကော်ပိုရေးရှင်းမှာ အလုပ်လုပ်နေတဲ့ ဒေါက်တာ ဂိုးစတိန်းစ်ဟာ ပညာရှင်တစ်ချို့ လိုက်လံစုဆောင်းပါတယ်၊ ဇီဝဗေဒပညာရှင် ခရစ်စတင်း ၊ ကော်ပိုရေးရှင်းမှာအလုပ်လုပ်ခဲ့တဲ့ဝေါ့တ် ရဲ့သားဖြစ်သူ ဂျိန်းစ်ပီတာစ် အပါအဝင်အခြားသောပညာရှင်တွေခေါ်ယူ ခဲ့ပါတယ်။ နှစ်လတာလေ့ကျင့်ရေးဆင်းပြီးနောက်မှာတော့ ကပ္ပတိန်အက်ကင်းစ်ဦးဆောင်တဲ့စူးစမ်းရှာဖွေရေးအဖွဲ့ဟာ အနက်ဆုံးပင်လယ်အောက်ခြေမှာရှိတဲ့ဂိတ်တံခါးဆီကို သွားပါတော့တယ် အောက်ခြေရောက်လေမှောင်မဲလေ ဖြစ်တာကြောင့် ယာဉ်တပ်ဆင်ထားတဲ့မီးတွေကို အားကိုးပြီးတော့ တံခါးပေါက်ထဲကိုဝင်သွားတဲ့အခါမှာတော့ ထူးဆန်းမှုတွေ စတင်ဖြစ်လာပါတော့တယ်
...

La cena perfetta (2022) ⭐IMDB: 6.4/10 (748 Votes) 🎬 #Comedy #Drama #Romance #Crime 🗓 2022 🎞 movie 🌎 #Italy ⏰ 1 နာရီ 46 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါ မိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးက အီတာလျံ အစားအစာတွေနဲ့ ပတ်သတ်ပြီး နာမည်ကြီးတဲ့ အီတလီနိုင်ငံ နာပိုလီမြို့နဲ့ ရောမမြို့ကို အခြေပြုရိုက်ကူးထားတဲ့ ဟာသ၊ ဒရာမာ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ အီတလီနိုင်ငံ နာပိုလီမြို့မှာ ကမ်မီလိုလို့ ခေါ်တဲ့ မာဖီးယားဂိုဏ်းက အုပ်စိုးနေပြီး မူးယစ်ဆေးဝါးရောင်းဝယ်မှု နဲ့ တခြားဒုစရိုက်မှု မျိုးစုံကို လုပ်နေပါတယ်။ ကားမီရဲဆိုတဲ့ ကောင်လေးက ဖခင်ဆုံးပါးပြီးကတည်းက ခေါင်းကိုင်ဖခင်ဖြစ်တဲ့ ကမ်မီလိုဂိုဏ်းခေါင်းဆောင်က ကြည့်ရှုစောင့်ရှောက်မှုအောက်မှာ နေခဲ့တာပါ။ နဂိုစိတ်ကောင်းရှိတဲ့ ကားမီရဲက သူ့ပတ်ဝန်းကျင်က မကောင်းမှု လုပ်သူတွေနဲ့ သဟဇာတမဖြစ်တာ မထူးဆန်းပါဘူး။ တနေ့တော့ သူငယ်ချင်းဟောင်းကို သေနတ်နဲ့ ပစ်သတ်ဖို့ ငြင်းဆန်ခဲ့တဲ့ ကားမီရဲကို အပြစ်ပေးတဲ့အနေနဲ့ ရောမမြို့က ငွေကြေးခဝါချတဲ့ စားသောက်ဆိုင်ကို ဟန်ပြဦးစီးဖို့ လွှတ်လိုက်ပါတယ်။ ဟင်းလျာချက်ပြုတ်မှုမှာ တော်ပေမယ့် ခေါင်းမာပြီး လုပ်ချင်ရာ လုပ်တတ်တဲ့ စားဖိုမှူး ကွန်ဆွယ်လို ဆိုတဲ့ မိန်းကလေးနဲ့ ရောမမြို့မှာ အမှတ်မထင်တွေ့ဆုံခဲ့ပါတယ်။ မစ်ရှီလင်ကြယ်ပွင့်ရဖို့အထိ ရည်မှန်းချက်ကြီးတဲ့ ကွန်ဆွယ်လိုကို ကြိုက်မိသွားတဲ့ ကားမီရဲတစ်ယောက် ဘယ်လိုဘယ်ပုံ ရှေ့ဆက်ကြမလဲ ဆိုတာကို ဟာသလေးတွေနှောပြီး ရိုက်ကူး တင်ဆက်ထားတာကို ကြည့်ရှုရမှာပါ
...

Verdict (2019) ⭐TMDB: 60.0% User Score 🎬 #Crime #Drama 🗓 2019 🎞 movie 🌎 #France #Philippines ⏰ 2 နာရီ 1 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားလေးကတော့ လူ့ပတ်ဝန်းကျင်မှာ ဖြစ်ပျက်တတ်တာလေးကို လက်တွေ့ဆန်ဆန်လေးရိုက်ပြထားတဲ့ကားလေးတစ်ကားပါ…… ဂျွိုင်းဆန်းတို့စ် နဲ့ ဒန်တီဆန်းတို့စ်တို့က လင်မယားတွေပါ သူတို့မှာ အိန်ဂျယ်ဆိုတဲ့ သမီးလေးတစ်ယောက်ရှိပါတယ်……တနေ့ ဂျွိုင်းရဲ့ အဖေမွေးနေ့ပွဲအတွက် ဂျွိုင်းတို့မိဘတွေက အိမ်လာပြီးညစာစားဖို့ဖိတ်တော့ ဒန်တီကလည်း လိုက်မယ်ဆိုတာနဲ့ သူတို့သားအမိနှစ်ယောက် မိုးချုပ်တဲ့အထိစောင့်ခဲ့ကြတာပေါ့…… ဒီလိုနဲ့ အချိန်ကလည်းနောက်ကျလာ ဒန်တီကလည်း ပြန်ရောက်မလာတာကြောင့် သားအမိနှစ်ယောက်ပဲ ဂျွိုင်းမိဘတွေဆီသွားလိုက်ရတယ်……ပြန်လာတော့ ဒန်တီက သူ့ကို စာမပို့ရကောင်းလား မစောင့်ရကောင်းလားဆိုပြီး မူးမူးနဲ့ ရိုက်နှက်ပါလေရော အဲဒီမှာ ဂျွိုင်းရော သမီးလေး အိန်ဂျယ်ပါ ဒဏ်ရာတွေရသွားတော့ ရဲတိုင် ဆေးရုံရောက်တွေဖြစ်သွားတော့တာပေါ့….. အဲဒီမှာပဲ သူတို့နှစ်ယောက်ကြား တရားရင်ဆိုင်ရတာတွေ ပိုက်ဆံရဲ့ ပြောစကားတွေ လူတွေက ကိုယ့်ကိုယ်မှမထိရင် မနာတတ်တဲ့အကြောင်းတွေ အစုံစုံကို ကြည့်ရှုရင်း ဘယ်လိုဇာတ်သိမ်းသွားမလဲဆိုတာလေးကို စောင့်စားကြည့်ရှုလိုက်ကြပါဦးလို့
...

12.12: The Day (2023) ⭐IMDB: 7.9/10 (748 Votes) 🎬 #Action #Drama #History #War #Thriller #Crime 🗓 2023 🎞 movie 🌎 #SouthKorea ⏰ 2 နာရီ 22 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 12.12: The Day(2023) ******************* ဒီရုပ်ရှင်ဇာတ်ကားကြီးဟာ  ဖြစ်ရပ်မှန်အပေါ်အခြေခံထားတဲ့ ဇာတ်ကားကြီးဖြစ်ပါတယ်.. ကိုရီးယားသမိုင်းရဲ့  မမေ့နိုင်စရာကောင်းတဲ့ သမိုင်းဝင်ဖြစ်ရပ်မှန်ဆိုတဲ့အတွက်ကြောင့် ဒါရိုက်တာဟာ နာမည်ကြီးသရုပ်ဆောင်တွေ နဲ့ စစ်ဘက်သုံးဆိုင်ရာ လက်နက်တွေ အသုံးအဆောင်တွေ သံချပ်ကာ တိုက်ယာဉ်တွေအများကြီးသုံး ပြီးရိုက်ကူးထားသလို ရုံတင်ဝင်ငွေဟာလည်း ဒေါ်လာသန်း ၁၀၀နီးပါးပြန်လည်ရရှိခဲ့ပါတယ်… ဒီကားကတော့ သရုပ်ဆောင်တွေ မိုက်တယ်ဆိုပြီးကြည့်လိုက်ရုံနဲ့ ဘာမှာနားလည်မှာမဟုတ်ပါဘူး… ကိုရီးယားမှာလက်ရှိသမ္မတယွန်းဆော့ဂယောအပါအဝင် စုစုပေါင်း သမ္မတ ၁၃ယောက်အထိ တာဝန်ထမ်းဆောင်ခဲ့တယ်…လက်ရှိတာဝန်ထမ်းဆောင်နေတဲ့သမ္မတနဲ့ ၁၂ယောက်မြောက်ကလွဲလို့ ကျန်တဲ့ သမ္မတ ၁၁ယောက်လုံးဟာ ဆူဆိုက်လုပ်တဲ့သူ အခြားနိုင်ငံကိုထွက်ပြေးတဲ့သူ အာဏာသိမ်းခံရတဲ့သူနဲ့ ထောင်ကျခဲ့တဲ့ သူတွေချည်းပါပဲ…ဒါ့ကြောင့် အိမ်ပြာတော် ကျိန်စာလို့ ကိုရီယားတွေက ခေါ်ဆိုကြတယ်လို့ဆိုတယ်… အခုဖြစ်ရပ်က (၃)ယောက်မြောက် သမ္မတဘတ်ဂျောင်ဟီး ကို KCIAက လုပ်ကြံပြီးနောက်ပိုင်းကိုဆက်ပြထားတာဖြစ်ပါတယ်.. ဒီအကြောင်းကိုသိချင်ရင် မင်းသားကြီး လီဗြောင်ဟွန်းအဓိကပါဝင်ထားတဲ့The Man Standing Next(2020) ကားကို ကြည့်လိုက်ပါ…ဒီကားကြည့်ဖူးတဲ့သူတွေကတော့ 12.12: The Day(2023) ကိုဆက်ကြည့်လို့အဆင်ပြေပါတယ်.. မကြည့်ရသေးလည်း  အကြောင်းအရာကိုသိရုံနဲ့ ဆက်ကြည့်လို့ရပါတယ်.. ဆိုတော့ ဘတ်ဂျောင်ဟီး ကွယ်လွန်ပြီးနောက်ပိုင်း ယာယီသမ္မတအဖြစ်နဲ့တာဝန်ထမ်းဆောင်ချိန်နဲ့ စစ်အုပ်ချုပ်ရေးအဖြစ် ကြေငြာထားတဲ့ကာလဆိုတော့ နိုင်ငံရဲ့အခြေအနေက အကောင်းဆုံးနဲ့အဆိုးဆုံးကာလကို အကူးပြောင်းနိုင်ဆုံးကာလပေါ့… ဒီလိုဖရိုဖရဲကာလမှာ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့… ကြည့်သင့်တဲ့ကားပါ…တန်ပါတယ်
...

Skeletons in the Closet (2024) ⭐IMDB: 3.6/10 (168 Votes) 🎬 #Horror #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Skeletons in the Closet (2024) ဒီတစ်ခေါက်ကတော့ လောကမှာ ကိုးကွယ်သင့်တဲ့နတ်တွေရှိသလို မကိုးကွယ်သင့်တဲ့ နတ်ဆိုးတွေလည်းရှိတာကို ပြထားပြီး ပထမ War Machine မင်းသားကြီး Terrence Howard ပါဝင်ထားတဲ့ Skeletons in the Closet ဆိုတဲ့ သည်းထိတ်ရင်ဖိုကားတစ်ကားဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ သမီးဖြစ်သူ ဂျန််နီရဲ့ ကင်ဆာရောဂါကိုကုသဖို့ အာမခံကြေးကလည်းမလုံလောက်၊ ယောကျာ်းဖြစ်သူ မာ့ခ်ကလည်း အလုပ်ပြုတ်သွားတာကြောင့် ဗယ်လက်တီနာတစ်ယောက် အခက်တွေ့နေတုန်းမှာပဲ ခင်ပွန်းဖြစ်သူ မိတ်ဆက်ပေးတဲ့ အကြားအမြင်ဆရာတစ်ယောက်နဲ့ တွေ့ဆုံပြီး ပြဿနာတွေပြေလည်ဖို့ အပေးအယူလုပ်လိုက်ရာက ကြုံတွေ့လာရမယ့် ဖြစ်ရပ်ဆိုးတွေ နတ်ဆိုတိုင်းမကိုးကွယ်သင့်တာကို ရိုက်ပြထားတဲ့ သည်းထိတ်ရင်ဖိုကားတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုDBမှ ပြန်ဆို ရေးသားထားပါတယ်)
...

Read My Lips (2001) ⭐TMDB: 71.0% User Score 🎬 #Crime #Drama #Romance #Thriller 🗓 2001 🎞 tv series 🌎 #France ⏰ 1 နာရီ 59 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ထောင်ထွက်တစ်ယောက်နှင့် နားမကြားတဲ့သာမာန်ရုံးဝန်ထမ်းကောင်မလေးတို့ နဖူးစာရွာလည်ပြီး ဒေါ်လာခုနှစ်သောင်းကို ခိုးယူဖို့ ကြံစည်ကြတဲ့အခါ??? ဇာတ်လမ်းအကျဉ်း…… ကာလာဟာ နားမကြားတဲ့အမျိုးသမီးဖြစ်ပြီး လူတွေရဲ့ နှုတ်ခမ်းအမူအရာကိုဖတ်ပြီး ဘာပြောနေလဲဆိုတာကို သိနိုင်တဲ့သူပါ။ သူမဟာ ဆောက်လုပ်ရေးကုမ္မဏီတစ်ခုမှာ အတွင်းရေးမှူးအဖြစ် လုပ်ကိုင်နေပြီးတော့ သာမာန်အတိုင်း ပျင်းရိစရာကောင်းတဲ့ ရုံးလုပ်ငန်းမှာ စိတ်လှုပ်ရှားစရာမရှိဘဲ ဘဝကို ဖြတ်သန်းနေသူတစ်ဦးပါ။ တစ်နေ့မှာတော့ သူမဟာ တစ်ယောက်တည်း အလုပ်မနိုင်တဲ့အတွက် ရုံးကူအလုပ်သင်ရှာရာကနေ ထောင်က ပူပူနွေးနွေးထွက်လာတဲ့ ပေါလ်အန်ဂျလီကို တွေ့ပြီး ထောင်ထွက်မှန်းသိသိနဲ့ သနားမိပြီး အလုပ်ခန့်လိုက်ပါ‌တော့တယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက်သား ရင်းနှီးလာကြပြီးနောက်မှာ ပေါလ်ဟာ မားချန့်ဆိုတဲ့ ကလပ်ပိုင်ရှင်ဆီမှာ ဒေါ်လာ ခုနှစ်သောင်းအကြွေးတင်နေပြီး မားချန့်ရဲ့ ကလပ်မှာ အကြွေးဆပ်ဖို့အတွက် အလုပ်သွားလုပ်ရပါတော့တယ်။ ပေါလ်က အလုပ်လုပ်ရင်းနဲ့ မားချန့်ဆီမှာ ဒေါ်လာအများကြီးရှိကြောင်း သိလိုက်ရတဲ့အခါ ကာလာကို အကူအညီတောင်းပြီး ငွေခိုးယူနိုင်ဖို့ အစီအစဉ်ဆွဲပါတော့တယ်။ အဲဒီတော့ သူတို့နှစ်ယောက်သား မားချန့်ဆီက ငွေခိုးယူနိုင်ပါ့မလား၊ ကာလာလို့ နားမကြားတဲ့သူက ဘယ်လိုအရေးပါလို့ ဘယ်လိုကူညီမှာလဲဆိုတာကို ရင်တဖိုဖိုနဲ့ ကြည့်ရမယ့် ပြင်သစ်ဇာတ်ကားကောင်းလေးဖြစ်တဲ့အတွက် လက်မနှေးဘဲ ကြည့်ရှုလိုက်ကြပါခင်ဗျာ။
...

The Shift (2023) ⭐TMDB: 64.0% User Score 🎬 #SciFi #ScienceFiction #Fantasy #Thriller 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 55 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Shift (2023) Arrow စီးရီးထဲမှာ ဒေမီယန်ဒါ့ခ်အနေနဲ့ သရုပ်ဆောင်ခဲ့တဲ့ Neil McDonough နဲ့ LoTR သုံးကားမှာ ဆမ်ဝှိုက်ဂမ်ဂီးလုပ်ခဲ့သူ Sean Astin တို့ ပါဝင်ထားတဲ့ ဒီကားမှာတော့ God နဲ့ Devil ဘယ်သူ့ကိုးကွယ်မလဲဆိုတဲ့ ဘာသာရေးနဲ့ဆိုင်တဲ့ မက်ဆေ့ကို Sci-Fi ရုပ်ရှင်ထဲမှာ ပုံဖော်ထားပါတယ်။ အဓိကဇာတ်လိုက်ဖြစ်တဲ့ ကယ်ဗင်ဟာ သူ့ဘဝခက်ခဲနေချိန်မှာ မော်လီဆိုတဲ့မိန်းကလေးနဲ့တွေ့ပြီး ချစ်ကြိုက်ခဲ့ပါတယ်။ သူတို့မှာ သားလေးပါရလာပြီး ပျော်ရွှင်နေခဲ့ရာကနေ တစ်နေ့မှာ သူတို့သားလေးပျောက်သွားပြီး တစ်စတစ်စနဲ့ သူတို့နှစ်ယောက်လည်း အဆင်မပြေတော့ပါဘူး။ တစ်ရက်မှာတော့ ကယ်ဗင် ကားထဲမှာ မော်လီနဲ့ ဖုန်းပြောနေတုန်းကားတိုက်ခံရပြီး ထူးဆန်းတဲ့နေရာကို ရောက်သွားပါတယ်။ တကယ်တော့ အဲဒီကမ္ဘာကို Benefactor ဆိုတဲ့လူက ကယ်ဗင်ကို ပြန်ပေးဆွဲလာတာဖြစ်ပြီး ကယ်ဗင်ကို သူ့အလုပ်အတွက် ကမ်းလှမ်းချင်တာပါ။ သူက လူသားတွေကို ကိုယ်ပွား ကလုန်းတွေအများကြီးဖန်တီးပြီး Reality တစ်ခုကနေတစ်ခု လဲပေးနိုင်စွမ်းရှိပါတယ်။ အဲဒီလိုလုပ်ပေးဖို့ သူခိုင်းတဲ့ Shifter ဆိုတဲ့သူတွေခန့်ထားပြီး ကယ်ဗင်ကိုလည်း ခေါ်ချင်တာပါ။ သူ့ကို နတ်ဆိုးလို့ တင်စားလို့ရပါတယ်။ God ကို အမြဲ အပုပ်ချ မကောင်းပြောပြီး ကယ်‌ဗင်ကို သိမ်းသွင်းတာပါ။ ကယ်ဗင်က God ကိုယုံကြည်ပြီး သူ့ကမ်းလှမ်းချက်ကို ငြင်းလိုက်တဲ့အခါ… တခြားကမ္ဘာတစ်ခုဆီ ရောက်သွားပါတော့တယ်။ Benefactor အုပ်စိုးတဲ့ ဒီရက်စက်ကြမ်းကြုတ်တဲ့ ကမ္ဘာကနေ ကယ်ဗင်တစ်ယောက် God အပေါ်ယုံကြည်မှုမပျက်ဘဲ သူ့ချစ်သူမော်လီနဲ့သားလေးဆီ ပြန်သွားနိုင်ဖို့ မျှော်လင့်ချက်နဲ့ ရုန်းထွက်နိုင်အောင် ကြိုးပမ်းတာကို ဆက်လက်ရှုစားပေးကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai KKမှ ပြန်ဆို ရေးသားထားပါတယ်)
...

Samson (2018) ⭐IMDB: 4.5/10 (5 k Votes) 🎬 #History #Action #Drama #Adventure 🗓 2018 🎞 movie 🌎 #SouthAfrica #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 50 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါတော့ လတ်တလောထွက်ရှိလာတဲ့ ကားသစ်တွေထဲကမှ Samson (2018)ဆိုတဲ့ ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ Samsonဆိုတာကတော့ ဟီဘရူးကျမ်းစာပါ အကြီးအကဲတစ်ဦးဖြစ်ပါတယ်။ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ ဆမ်ဆန်ဆိုတာ ဘုရားသခင်ကပေးအပ်ထားတဲ့ စွမ်းအင်တွေနဲ့ပြည့်စုံတဲ့လူသားပါ။ ထိုစွမ်းအင်တွေကိုကောင်းစွာထိန်းသိမ်းထားနိုင်ဖို လိုက်နာရတဲ့စည်းကမ်းချက်၃ခုရှိပါတယ်။ ဆံပင်မညှပ်ရ၊အရက်မသောက်ရ၊ အသေကောင်တွေကိုမထိရဆိုတာတွေပါပဲ။ဆမ်ဆန် မွေးဖွားလာတဲ့အချိန်မှာ ဟီဘရူးတွေကို ဖီလစ်စတင်းလူမျိုးတွေက ကျွန်ပြုအုပ်စိုးနေတဲ့အချိန်ဖြစ်နေပြီး မျိုးနွယ်ရဲ ့မျှော်လင့်ချက်က သူ့အပေါ်မှာပါ။ဒါပေမယ့် စိတ်ထားအရမ်းကောင်းတဲ့ ဆမ်ဆန်တစ်ယောက် အများအကျိုးတွက်ဆောင်ရွက်နိုင်ခဲ ့ရဲ ့လား။သူရဲ ့စည်းကမ်းချက်၃ခုကိုရောမကျိုးမပေါက် ​အောင်စောင့်ထိန်းနိုင်ပါ့မလား။သူတို့မျိုးနွယ်စုကရော ဘယ်လိုရုန်းကန်လှုပ်ရှားရမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ သမ္မာကျမ်းစာပါ နာမည်ကြီးဇာတ်ကောင် Samsonအကြောင်းကို အခုဒီSamson(2018)ဆိုတဲ့ကားလေးမှာ ကြည့်ရှုလို့ရနေပါပြီ။Imdb Rating 4.3 Rotten Tomatoes 25%ရရှိထားပါတယ်။
...

Somewhere Quiet (2024) ⭐TMDB: 41.0% User Score 🎬 #Horror #Thriller #Drama 🗓 2024 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Somewhere Quiet (2023) ~ Rotten Tomatoes – 91% ~ ဒီတစ်ခါမှာတော့ ၂၀၂၃ ကမှ ထွက်ထားတဲ့ အမေရိကန် ဆိုက်ကိုသည်းထိတ်ရင်ဖိုကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လိုက်ကတော့ မဂ်လို့ခေါ်တဲ့ ဆွီဒင်နိုင်ငံသူ ကိုရီးယားအမျိုးသမီးတစ်ယောက် ဖြစ်ပြီး သူဟာ ပြန်ပေးဆွဲနှိပ်စက်ခံခဲ့ရတဲ့အတိတ်ကနေ စိတ်ပိုင်းဆိုင်ရာအရ ပြန်လည်ထူထောင်ဖို့ ကြိုးပမ်းနေတဲ့သူပဲ ဖြစ်ပါတယ်။ ပျောက်ဆုံးပြီး ရှာမတွေ့တဲ့ တခြားသော အမျိုးသမီးတွေ အများကြီး ရှိခဲ့ပေမယ့် မဂ်ကတော့ သူ့ကို အားလုံးက သေပြီလို့ ယူဆလိုက်တဲ့အချိန်မှာမှ အသက်ရှင်လျက်ပြန်ပေါ်လာခဲ့တဲ့ တစ်ယောက်တည်းသောသူ ဖြစ်ပါတယ်။ ဘယ်လောက်ပဲ လွတ်မြောက်ပြီပြောပြော စိတ်ဒဏ်ရာဆိုတာ ကုစားရ အင်မတန်ခက်ပါတယ်။ ကံကောင်းထောက်မတာကတော့ မဂ်မှာ ဘေးကနေ အရိပ်တကြည့်ကြည့် ဖေးမ ကြင်နာတတ်တဲ့ စကော့်ထ်ကို ခင်ပွန်းတော်ထားရတာပါပဲ။ တစ်ရက်တော့ စကော့ထ်ဟာ သူ့ရဲ့ မိသားစုစဉ်ဆက်ပိုင်ဆိုင်လာတဲ့ သီးသန့်ကျွန်းပေါ်က အိမ်ကြီးဆီ မဂ်ကို ခေါ်ခဲ့ပါတယ်။ ရည်ရွယ်ရင်းကတော့ လင်မယား၂ယောက် စိတ်အေးလက်အေး သွားနေကြမယ်ပေါ့။ ဒါပေမဲ့ သည်းထိတ်ရင်ဖိုကားဆိုတော့လည်း ဖြစ်ရပျက်ရမှာတွေက ဒီကစဖြစ်မှာမို့ ဒီကစပြီး ဆက်ပြောလို့မရတော့ပါဘူး။ သိပ်ထူးပြီးကောင်းနေတဲ့ ဇာတ်ကားတော့ မဟုတ်ပေမဲ့ ဦးနှောက်မသုံးရဘဲ ငြိမ့်ငြိမ့်လေး အချိန်ဖြုန်းချင်ရင် ဟန်ကျမယ့် ကားမျိုးပါပဲ။ ဒါမှမဟုတ် အချိန်သိပ်မရပေမဲ့ ရုပ်ရှင်တကားတော့ အမြန်ပြီးအောင်ကြည့်ချင်တယ်ဆိုလည်း ဖြည်းဖြည်းချင်းရစ်ကြည့်လည်း ဇာတ်ရှိန်မပျက်လောက်မယ့် ကားမျိုးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုZမှ ပြန်ဆို ရေးသားထားပါတယ်)
...

Belgravia: The Next Chapter (2024) ⭐TMDB: 100.0% User Score 🎬 #Drama 🗓 2024 🎞 movie 🌎 #UnitedKingdom #UnitedStatesofAmerica ⏰ 50 မိနစ် 48 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Belgravia: The Next Chapter (2024)Belgravia: The Next Chapter (2024) Ongoing  Belgravia: The Next Chapter ဆိုတာကတော့ 2020 က ထွက်ရှိခဲ့တဲ့ Belgravia ဇာတ်လမ်းတွဲရဲ့ အဆက်စီးရီးပဲဖြစ်ပါတယ်။ Downton Abbey နဲ့ The Gilded Age လို နာမည်ကျော် Period Drama တွေရဲ့ ပဲ့ကိုင်ရှင်တွေရဲ့ ဇာတ်လမ်းဖြစ်ပြီး ပထမစီးရီးမှာကတည်းက IMDb မှာ 7.5/10 နဲ့ Rotten Tomatoes မှာ Audience Score 82% ရထားသလို ဆန်ခါတင်စာရင်း ၇ ခုတောင်ဝင်ထားတာဖြစ်တဲ့အပြင် ခု The Next Chapter ကိုလည်း Rating ကောင်း၊ ရဗျူးကောင်းတွေ ဆက်ပြီးရထားအောင် MGM က အကောင်းဆုံး ကြိုးစားထားပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ ဖရက်ဒရစ် ထရန်းချက်ဆိုတဲ့ လူကုံထံတစ်ယောက်ရဲ့သားဟာ ငယ်စဉ်ကတည်းက အဖေဖြစ်သူရဲ့ချစ်ခြင်းတရားကို မခံစားဖူးသူပေါ့။ ဘာလို့ဆို သူဟာ သူတို့ ထရန်းချက်မိသားစုရဲ့ တရားဝင်သွေးမဟုတ်ဘဲ သူ့အမေက တခြားသူတစ်ဦးနဲ့ဖောက်ပြန်ပြီးရလာတဲ့ သားဦးဖြစ်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ ဒါကိုသိနေခဲ့တဲ့ ဖရက်ဒရစ်ရဲ့အဖေဟာ သွေးသားမဟုတ်တဲ့ ဖရက်ဒရစ်ကို ငယ်စဉ်ကတည်းက သားနဲ့မတူအောင်ဥပက္ခောပြု မေတ္တာတရားမပါဘဲ ဆက်ဆံခဲ့ပြီး သူ့ညီဖြစ်တဲ့ ဂျိမ်းစ်ကိုပဲ တကယ့်သွေးသားရင်းခြာလို ချစ်ခဲ့ပါတယ်။ အဖြစ်မှန်ကိုမသိတဲ့ ဖရက်ဒရစ်ဟာ နာကျည်းမှုတွေ စိတ်ဒဏ်ရာတွေရရှိခဲ့ပြီး မိသားစုခြေရာနင်းတဲ့အချိန်မှာကော အိမ်ထောင်ဖက်ရွေးချယ်ရမယ့်အချိန်မှာပါ သွေးအေးပြီး အရမ်းသတိထားစိုးရိမ်ကြီးတဲ့ လူတစ်ယောက်ဖြစ်လာခဲ့တယ်။ တစ်နေ့ ဖရက်ဒရစ်ဟာ မြို့စားကြီးရဲ့ဖိတ်ကြားမှုကြောင့် တွေ့ဆုံပွဲတစ်ခုကိုရောက်သွားခဲ့ပါတယ်။ အဲဒီမှာ အရမ်းချိုသာလှတဲ့ အသံပိုင်ရှင်ဖြစ်တဲ့ ကလာရာဆိုတဲ့ အမျိုးသမီးကိုတွေ့ပြီး မြင်မြင်ချင်း ချစ်သက်ကြွေသွားခဲ့ပါတယ်။ ကလာရာမှာကလည်း မကြာသေးခင်ကမှ ဖခင်ဆုံးသွားတာဖြစ်တဲ့အတွက် ဖခင်ဆုံးပြီးနောက်ပိုင်း အိမ်မှာအမျိုးသမီးတွေပဲကျန်တော့တာကတစ်ကြောင်း၊ ဖခင်က ကြိုးစားပမ်းစားရှာဖွေခဲ့တဲ့ အမွေဥစ္စာတွေကို ဆက်ပြီးဆောင်ထိန်းသိမ်းပေးသွားမယ့် အမျိုးသားကမရှိတာကြောင့်တစ်ကြောင်း ခင်ပွန်းကိုတတ်နိုင်သလောက်မြန်မြန်ရှာဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ကလာရာကို စွဲလမ်းသွားခဲ့တဲ့ဖရက်ဒရစ်ဟာ ဒီအကြောင်းကိုသိသွားတဲ့အခါမှာ ကလာရာ့ကို သူနဲ့သင့်တော်၏မသင့်တော်၏ကို ဆုံးဖြတ်ပြီးတာနဲ့ တစ်ပါတည်း ကလာရာ့ကိုထိမ်းမြားပြီး မိသားစုထဲ ဆွဲသွင်းခဲ့ပါတော့တယ်။ ဒီလိုနဲ့ ထရန်းချက်မိသားစုအပေါ် အခြေပြုထားတဲ့ ဖရက်ဒရစ်နဲ့ ကလာရာတို့ရဲ့ အိမ်ထောင်ရေးဟာ ဘယ်လိုအခက်အခဲတွေနဲ့ကြုံတွေ့ရမလဲ… နောက်ကွယ်မှာလည်း တခြားဘယ်လိုအရှုပ်အရှင်းတွေရှိနေမလဲ… ဆိုတာကို စိတ်ဝင်တစား ရှုစားရမှာပဲဖြစ်ပါတယ်။ (ဒီစီးရီးအတွက် အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ Mark ပဲဖြစ်ပါတယ်)
...

Ninja Kamui (2024) ⭐TMDB: 100.0% User Score 🎬 #Animation #Action #Adventure 🗓 2024 🎞 tv series 🌎 #Japan #UnitedStatesofAmerica ⏰ 22 မိနစ် 29 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ninja Kamui (2024)အပိုင်း ၁ ရဲ့ ပထမဆုံး Fight Scene နဲ့တင် ကြွေဆင်းပြီး အသည်းခိုက်သွားမယ့်အမိုက်စား Anime စီးရီးအသစ် လာပြီဗျာ…။ ချတဲ့အခန်းတွေဆို သောက်ရမ်းတွေမိုက်ပြီး ရုပ်လုံးတွေကြွလို့Animation တွေလန်းလို့ ဒါရိုက်တာ ဘယ်သူများလဲ အောက်မေ့တယ်Jujutsu Kaisen 0 ရုပ်ရှင်ကို ရိုက်ထားတဲ့ Sunghoo Park ဖြစ်နေတယ်။လောလောလတ်လတ် အသစ်ထွက်ထားတာဖြစ်ပြီးတစ်ပတ် ၁ ပိုင်းအနေနဲ့ ၁၂ ပိုင်း ထွက်မယ်တဲ့ဗျာ..။ဇာတ်လမ်းကတော့ အကျဉ်းချုံးပြောရမယ်ဆို အမေရိကန်မှာအဖေရယ် အမေရယ် သားလေးတစ်ယောက်ရယ်အေးဆေးနေနေတဲ့ မိသားစုလေး ရှိတယ်။အဲဒီအချိန်မှာ ပက်ပက်စက်စက် အသတ်ခံထားရတဲ့လူသတ်မှုတွေကလည်း နိုင်ငံတလွှား ဖြစ်ပျက်နေတာပေါ့။ဒီလိုနဲ့ တစ်ညကျတော့ အေးချမ်းစွာ နေနေတဲ့ မိသားစုလေးဆီကိုလုပ်ကြံရေးသမား နင်ဂျာကောင်တွေလာပြီးတစ်မိသားစုလုံးကို သတ်သွားခဲ့တယ်။ ဒါပေမဲ့ ဘဲကြီးက သေပြီဆိုပြီးမှ ထူးထူးခြားခြား ပြန်ပြီးအသက်ရှင်လာတဲ့အခါမှာတော့ သူ့ မိသားစုကို ရက်ရက်စက်စက်သတ်သွားတဲ့နင်ဂျာကောင်တွေကို ကမ္ဘာမြေအဆုံးလိုက်ဖြုတ်တာကို ရှယ်အလန်း ကြည့်ရမှာပါ။လက်ရှိအပိုင်း ၁ မှာတော့ ဇာတ်လမ်း ဇာတ်အိမ်က အစပျိုးတုန်းရှိသေးပေမဲ့ Fight Scene တွေ တကယ်အားရချက်ပဲ။မင်းသားရဲ့ နောက်ကြောင်းတွေ ပြဦးမယ်။ဘာလို့လိုက်သတ်နေရတာလဲဆိုတာတွေ ကျန်သေးတယ်။အက်ရှင်ခန်းတွေမှာ မင်းသားက နင်ဂျာအစွမ်းတွေကို နည်းနည်းသုံးပြသွားတာတွေလည်း ပါတော့နောက်အပိုင်းတွေဆို Full suit နဲ့ ဘယ်လိုတွေ ကြမ်းဦးမလဲ ကြည့်ရမယ်။High tech တွေနဲ့ Face-off လုပ်ပြတာတွေလည်း အစုံပါသေးတော့နောက်အပိုင်းတွေကြည့်ဖို့တောင် မစောင့်နိုင်တော့ဘူး။R-Rated ဆိုတော့လည်း သွေးသံတရဲရဲနဲ့ သတ်တာဖြတ်တာတွေကရှယ်ကြမ်းနေပြန်ရော။ကဲ… ခု အညွန်းဖတ်နေတာ ကြာနေမယ် ပြေးသာကြည့်လိုက်မကြိုက်ဘူးဆို ကြိုက်သလိုသာ လာပြောတော့ဗျာ။လက်ရှိတော့ IMDB မှာ 9.3 ရထားပြီးMyAnimeList မှာလည်း 8.2 ရထားပါတယ်။
...