es
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Canal cerrado

🚩 Channel was restricted by Telegram

Mostrar más
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
102 Not Out (2018) ⭐IMDB: 7.4/10 (8 k Votes) 🎬 #Bollywood #Comedy #Drama #Family 🗓 2018 🎞 movie 🌎 #India #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 43 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb rating : : 7.6 ဒီတစ်ခေါက် ပရိတ်သတ်ကြီးကိုအိန္ဒိယနိုင်ငံရဲ့ အကျော်အမော်သရုပ်ဆောင်ကြီး အမီတာဘဂျမ်းရဲ့  ရုပ်ရှင်ကားကြီး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ. . . ဒီကားရဲ့ ထူးခြားချက်ကလေးတွေကို အရင်ဆုံး ကောက်နှုတ်ဖော်ပြပေးပါရစေ ဇာတ်လမ်းထဲက အမီတာဘဂျမ်းရဲ့ အသက်က 102 နှစ်ရီရှီးကပူးရ်ရဲ့ အသက်က 75 နှစ်27 နှစ် ကွာခြားပာတယ်တကယ့်အပြင်မှာတော့ မင်းသားကြီး ရီရှီးကပူးရ်က အမီတာဘဂျမ်းထက် ၇ နှစ်သာ ငယ်ပါသတဲ့ ဒီအချက်ကိုတော့ မင်းသားကြီး အမီတာဘဂျမ်းနဲ့ ရီရှီးကပူးရ်တို့ Ajooba 1991 ဆိုတဲ့ဇာတ်ကားရဲ့ နောက် နှစ်ပောင်း ၂၇ နှစ်ကြာမှရုပ်ရှင်ဖန်သားပြင်မှာအတူတကွ တွဲဖက်ပြီး ပြန်လည်သရုပ်ဆောင်တဲ့အမှတ်အသားတစ်ခုအဖြစ် ထည့်သွင်းထားတာ ဖြစ်ပါတယ် တိုက်ဆိုင်စွာပဲ ဒီကားရိုက်ကူးစဉ်မှာမင်းသားကြီး အမီတာဘဂျမ်းဟာ အသက် 75 နှစ်ရှိနေပါပြီ ဒီကားကို 2016 ခုနှစ် အလယ်လောက်မှာ ရိုက်ကူးဖို့ လျာထားခဲ့ပေမယ့်ဇာတ်ညွှန်းအပြောင်းအလဲကြောင့် 2018 ခုနှစ်ကျမှ ရိုက်ကူးပြီးစီးခဲ့ပါတယ် ရီရှီးကပူးရ်ရဲ့ ဇာတ်ကောင်ဖြစ်တဲ့ ဘာဘူလားနေရာမှာမူလက ပါရက်ရှ်ရာဝဲလ်ကို ထည့်သွင်းရိုက်ကူးဖို့ စီစဉ်ထားခဲ့ပေမယ့် ဖြစ်မလာခဲ့ပါဘူး ဒီကားကို Saumya Joshi ရဲ့ Gujrati ဆိုတဲ့ ပြဇာတ်ကိုအခြေခံကာ အပြောင်းအလဲ အနည်းငယ်ဖြင့် ရိုက်ကူးပုံဖော်ခဲ့ခြင်း ဖြစ်ပါတယ် လူ့ဘဝဆိုတာဟာ အသက်အရွယ်ကြီးလာချိန်မှာ မိသားစုသိုက်သိုက်ဝန်းဝန်းနဲ့သားသမီးတွေမြေးတွေဝန်းရံပြီးပျော်စရာစိတ်ချမ်းသာစရာတွေနဲ့ နေရရင်အတော့်ကို ကံကောင်းပါတယ် ဒီထက်ပိုပြီး ကိုယ်အသက်အရွယ်ရလာချိန်ကိုယ့်မှာဖခင် သော်လည်းကောင်းမိခင်သော်လည်းကောင်းသက်ရှိထင်ရှားရှိနေသေးရင်ပိုလို့တောင် ကံကောင်းတယ်လို့ ပြောနိုင်ပါတယ် ဘာဘူဆိုတဲ့ အဘိုးကြီးက အသက် 75 နှစ်အသက်နဲ့စိတ်က အတူတူပဲ 75 နှစ်သူ့ဇနီးသည်ကဆုံးပါးသွားပြီဖြစ်သလိုတစ်ဦးတည်းသောသားကလည်းအမေရိကားမှာ အိမ်ထောင်ကျ အခြေချသွားပြီစိတ်ထောင်းလို့ကိုယ်ကြေဆိုတဲ့စကားလိုပဲအိမ်အိုကြီးတစ်လုံးထဲမှာသူ့ဖခင်ဖြစ်သူရယ်ဆွေမျိုးမကင်းတဲ့ကောင်လေးတစ်ယောက်ရယ်နဲ့ အတူနေပေမယ့်သူ့ဘဝဟာ ခြောက်သွေ့လွန်းလှတယ် ကိုယ်တိုင်က ဇီဇာကြောင်တတ်သလိုစိတ်တိုလွယ် စိတ်ထိခိုက်လွယ်တယ်အစွဲအလန်းကလည်း ကြီးတတ်သေးသူ့ဖခင်ကြီးနာမည်က ဒတ္တထရီတဲ့ အသက် 102 နှစ် လူအသက်က 102 စိတ်အသက်က 26 နှစ်ဒီအသက်အရွယ်အထိနှစ်ပေါင်းများစွာ နေလာနိုင်တဲ့ သူ့ရဲ့ လိျှု့ဝှက်ချက်က ပျော်ပျော်နေတတ်တဲ့ အကျင့်ကြောင့်များလား မသိ. . . အကျဉ်းကျနေတဲ့ သားဖြစ်သူရဲ့ စိတ်ကိုအရင်အတိုင်း ပြန်ဖြစ်သွားအောင် လုပ်ပေးဖို့ဒတ္တထရီ စဉ်းစားတယ်အိမ်ကိုတွယ်တာလွန်းတဲ့သူ့သားဘာဘူ့ကို ဂင်းနစ်မှတ်တမ်းအကြောင်းပြပြီး ဘိုးဘွားရိပ်သာပို့ဖို့ ခြိမ်းခြောက်တယ် ဒါမှ ကမ္ဘာပေါ်မှာ သားဖြစ်သူကို ဘိုးဘွားရိပ်သာပို့တဲ့ ပထမဆုံးဖခင် ဖြစ်လာမှာကိုးဒီအကြောင်းကို သိသွားတဲ့ ဘာဘူ့ခမျာဖခင်ကြီး တကယ်လုပ်မှာကို ကြောက်နေတယ်ဒတ္တထရီကလည်း အလျှော့မပေးသူခိုင်းတဲ့ စမ်းသပ်မှုတွေ မအောင်ရင် တကယ်ပို့မယ် တကဲကဲ ပထမဒုတိယတတိယ စမ်းသပ်မှုတွေကို ကျော်ဖြတ်အပြီးနောက်ဆုံးသော စမ်းသပ်မှုမှာဘာဘူရင်ကွဲရပြီ နှစ်ပေါင်းများစွာ ကွဲကွာနေပြီးအခုမှ ပြန်တွေ့ရမယ့်သူ့သားဖြစ်သူအာမိုးနဲ့သူ့အဖေက မတွေ့ရဘူးတဲ့လေဘာကြောင့်များပါလိမ့်အနှစ်ချုပ် ပြောရရင်”မင့်သားက ငါ့သားကို အနိုင်ယူအလဲထိုးသွားတာမျိုးငါခွင့်မပြုနိုင်ဘူး”တဲ့ဖခင်တစ်ယောက်က ပြောတဲ့နှုတ်ထွက်စကားဟာ ဒီကားလေးရဲ့ အသက်ဖြစ်သွားတယ် အစကနေ အလယ်လောက်အထိစိတ်ဝင်စားစရာတွေနဲ့အဘိုးကြီးနှစ်ယောက်ကြားကအလွဲတွေကြောင့် တသောသော ရယ်မောခဲ့ရပြီးနောက်ပိုင်းရောက်လေလေစိတ်ထိခိုက်ရလေလေပါ ဖခင်တစ်ယောက်ရဲ့ မေတ္တာနဲ့လူအိုကြီးတစ်ယောက်ရဲ့ မျှော်လင့်ချက်ကြားက လွန်ဆွဲတဲ့ပွဲမှာဖခင်ဖြစ်သူရဲ့ စမ်းသပ်မှုတွေကိုကျော်ဖြတ်နိုင်ဖို့ ကြိုးစားရင်း ဘာဘူတစ်ယောက် ဘာတွေဆက်ဖြစ်မလဲ ဘိုးဘွားရိပ်သာကိုပဲ ရောက်သွားမလား…??? ဖခင်ဖြစ်သူကို အဆင်ပြေအောင် လုပ်ပေးနိုင်မလား..ဆိုတာကိုတော့…ဇာတ်ကာားလေးကို ဆက်လက်ကြည့်ရှု ခံစားလိုက်ပါ.. (ဇာတ်လမ်းအညွှန်းကိုတော့ Movie Like Movie Choice FB page မှ ကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်သူကတော့ကိုဇော်ထူးပါ)
...

Scooped (2024) ⭐IMDB: 5.7/10 (35 Votes) 🎬 #Family #Action #Adventure 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 23 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇာတ်လမ်းအကျဉ်းလေးကတော့ ရပ်ကွက်ထဲက ကလေးတစ်သိုက် နဲ့ ရေခဲမုန့်သည်တို့ရဲ့ အကြောင်းပဲဖြစ်ပါတယ် ကလေးတစ်သိုက်ဟာ ရေခဲမုန့်စားချင်လို့ ရေခဲမုန့်လာဝယ်ရာကနေ ဇာတ်လမ်းစတာပါပဲ ရေခဲမုန့်စားချင်တဲ့ ကလေးတစ်သိုက်ကို ရေခဲမုန့်သည်ကလည်း သဘောကောင်းစွာနဲ့ပဲ သုံးရက်ဆက်တိုက် “ရေခဲမုန့်မရှိတော့ဘူး ရောင်းလို့ကုန်သွားပြီ “ လို့ ပြောပြီး တမင်သက်သက်မရောင်းပေးပါဘူး အဲ့သလိုသုံးရက်ဆက်တိုက် အညစ်ခံရတဲ့အခါမှာ ကလေးတစ်သိုက်ဟာ ရေခဲမုန့်သည်ကို သံသယစဝင်လာပါတော့တယ် သံသယမီးပွားလေးကနေစပြီး တစ်ဖက်ကရေခဲမုန့်သည်တို့ရဲ့ လျှို့ဝှက် အကြံအစည်ကြီးကို ကလေးတို့သဘာဝပီပီ စပ်စုနောက်ယောင်ခံရာကနေစပြီး သိလာတဲ့အခါမှာ ဘယ်လိုမျိုးတားဆီးသွားမလဲဆိုတာကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။
...

Family Drama (2024) ⭐IMDB: 6.4/10 (1 k Votes) 🎬 #Bollywood #Drama #Comedy 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 29 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Family Drama (2024) ဒရာမာမိသားစု IMDb-6.6/10 အိန္ဒိယရဲ့ များပြားလှသော မိသားစုတွေလိုပဲ ဖခင်တစ်‌ယောက်တည်းရဲ့ ကြပ်တည်းတဲ့ဝင်ငွေနဲ့ ရပ်တည်နေကြတဲ့မိသားစု ၊ ကျန်မိသားစုဝင်တွေကလည်း မိသားစုအဆင်ပြေရေးအနာဂတ်စိုပြေရေးအတွက် အိပ်မက်တွေအသီးသီးရှိကြတဲ့သူတွေပါပဲ ၊ဒါပေမဲ့ အိပ်မက် နဲ့ ခံယူချက်ကို အရာအားလုံးထက် ဦးစားပေးလွန်းတဲ့သူတွေများတော့ဒီမိသားစုကြားမှာ ဟန်ချက်မညီတာတွေဖြစ်လာတယ် ။ အမေဖြစ်သူကလည်း အိမ်အလုပ်တွေအကုန်လုပ်ရတယ် သူသာအိမ်ရဲ့ကျွန်မကြီးဆိုပြီးမြည်တွန်တောက်တီးရင်း အိမ်အလုပ်တွေစိတ်ကုန်ပြီး ကုန်စုံဆိုင်လေးပဲဖွင့်ချင်နေတဲ့သူ ၊သမီးဖြစ်သူက အိမ်အလုပ်နဲ့ တခြားအရာတွေထက် ဖုန်းတစ်လုံးနဲ့ အလုပ်ရှာ စာလုပ်ဖို့ပဲစိတ်ဝင်စားတဲ့သူ ၊သားဖြစ်သူကတော့ ကောင်မလေးဆီက အထင်ကြီးခံရဖို့ လူမိုက်အဖွဲ့မှာ ဝင်ငွေအလွယ်ရဖို့ဝင်လုပ်နေတဲ့ ဆယ်ကျော်သက်လေးတစ်ယောက် ၊ဒီလိုမိသားစုရဲ့ အဓိကဝင်ငွေရှာပေးနေတဲ့ အဖေဖြစ်သူဆုံးသွားတဲ့အချိန်မှာ အပြောင်းအလဲ ၊ အတိမ်းအစောင်းတွေစဖြစ်လာတော့တာပဲ ဒီမိသားစုဝင်တွေရဲ့ ပင်ကိုယ်စိတ်ခံယူချက်တွေနဲ့ ‌ရှေ့ဆက်ကြုံရမဲ့အခက်အခဲတွေ အငယ်ဆုံးသားဝင်လုပ်နေတဲ့လူမိုက်အဖွဲ့ကနေ နွှယ်ပါလာမဲ့ပြဿနာတွေ ၊ ဒီပြဿနာတွေကြား သူတို့မိသားစုဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာ ပရိသတ်ကြီးပဲရှုစားကြည့်ပါဦး အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်
...

Witness (1985) ⭐TMDB: 71% User Score 🎬 #Drama #Romance #Thriller #Crime 🗓 1985 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 52 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်ကတော့ စိတ်လှုပ်ရှားစရာ၊ လွမ်းမောစရာတွေနဲ့ ပြည့်နေတဲ့ သည်းထိတ်ရင်ဖိုအချစ်ဇာတ်လမ်းလေးလို့ ပြောရမှာပဲ ရိုက်ထားတာ ၁၉၈၅ ခုနှစ်တုန်းကတည်းကဆိုပေမယ့် အခုအချိန်အထိ တော်တော်လေး ကြည့်လို့ကောင်းတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားထဲမှာပါပါတယ် ဒီရုပ်ရှင်က ဒါရိုက်တာပီတာရေးရဲ့ အကောင်းဆုံး ဇာတ်ကားတွေထဲက တစ်ခုဆိုလည်း မမှားဘူး အကယ်ဒမီဇကာတင်စာရင်းမှာတောင် စာရင်းသွင်းတာခံထားရတဲ့ ကားတစ်ကားပါ ဇာတ်ကားထဲမှာ အားမစ်ရှ်လို့ခေါ်တဲ့ မိမိမှာရှိတာလေးနဲ့ တင်းတိမ်ရောင့်ရဲပြီး နေတတ်ကြတဲ့ လူ့အဖွဲ့အစည်းတစ်ခုနဲ့ သူတို့ရဲ့ ယဉ်ကျေးမှုတွေကို ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ ခေတ်ပေါ်နည်းပညာတွေအပေါ် အရမ်း မှီခိုနေကြတဲ့ အမေရိကန်တွေအကြောင်း ယှဉ်တွဲပြထားတယ် အားမစ်ရှ်တွေဟာ သူတို့အသိုင်းအဝိုင်းရဲ့ပြင်ပက လူတွေကို သံသယမျက်လုံးနဲ့ကြည့်လေ့ရှိပြီး သူတို့ပတ်ဝန်းကျင်မှာ ဘယ်လောက်ပဲတိုးတက်နေနေ သူတို့ကတော့ မြင်းတွေ ရထားတွေနဲ့ သွားလာကြတုန်း လျှပ်စစ်မီးအစား မီးအိမ်တွေ သုံးကြတုန်းပါပဲ ဇာတ်လမ်းအစမှာ အဓိကဇာတ်ကောင်မင်းသမီးရဲ့ ယောကျာ်း အားမစ်ရှ်တစ်ယောက်သေသွားတယ် မင်းသမီးနဲ့ သူ့သားငယ်လေးတို့က ရထားနဲ့ သူ့ညီမဆီကို ခရီးထွက်လာကြတယ် ရထားဘူတာရုံမှာ ကလေးလေးက လူသတ်မှုတစ်ခုရဲ့ မျက်မြင်သက်သေဖြစ်သွားတယ် ဒီမှာ အားလုံးသိကြတဲ့ မင်းသား ဟယ်ရီဆင်ဖို့ဒ်က ဒီအမှုကို ကိုင်တွယ်ရတဲ့ ရဲအရာရှိပေါ့ ဒါပေမယ့် ရိုးရိုးသာမန် လူသတ်မှုတစ်ခုကနေ ရဲဌာနက အကြီးအကဲပါ ပါဝင်ပတ်သက်နေတဲ့ အမှုတစ်ခုဖြစ်လာတဲ့အခါမှာတော့ မင်းသားအတွက်ရော မင်းသမီးအတွက်ရော အဓိကမျက်မြင်သက်သေဖြစ်နေတဲ့ ကလေးလေးအတွက်ပါ အရမ်းအန္တရာယ်ရှိလာပါတော့တယ် ဇာတ်ကားလေးမှာ ထူးခြားတဲ့ အချက်က ပုံမှန်သည်းထိတ်ရင်ဖိုရုပ်ရှင်တွေမှာ မြင်နေကျလိုမျိုး မင်းသားနဲ့မင်းသမီး ချစ်သွားကြလေသတည်းဆိုတာမျိုး လုံးဝမဟုတ်ပဲ ကိုယ့်စံနှုန်းတွေနဲ့ကိုယ် နေထိုင်ခဲ့ကြတဲ့ မတူညီတဲ့ ကမ္ဘာက လူနှစ်ယောက်၊ အန္တရာယ်တောကြီးကို အတူကျော်ဖြတ်ကြရင်း တစ်ယောက်အပေါ် တစ်ယောက်ခံစားချက်တွေရှိလာတဲ့ အကြောင်းလေးပါ ကဲ ကြည့်ရှုခံစားကြည့်လိုက်ပါဦး
...

Hubble (2010) ⭐IMDB: 7.6/10 (5 k Votes) 🎬 #Documentary 🗓 2010 🎞 movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 44 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အာကာသထဲကို အလည်တစ်ခေါက်ခေါ်သွားမယ့် Hubble Imaxလာပါပြီ။ ဒီဇာတ်လမ်းလေးထဲမှာတော့ ဒီစကြာ၀ဠာကြီးထဲမှာရှိနေတဲ့ လူမသိသေးတဲ့ အကြောင်းအရာတွေ၊တိမ်မြှပ်‌နေတဲ့အလှအပတွေကို တူးဖော်ပြီး Hubble လို့ခေါ်တဲ့ အာကာသယာဉ်ကနေတစ်ဆင့် ကမ္ဘာမြေဆီကို လက်ဆင့်ကမ်းပေးဖို့ ကြိုးစားကြပုံအဖုံဖုံကို ကြည့်ရှူရမှာပါ။ ဒီစကြာ၀ဠာကြီးရဲ့လျှို့၀ှက်ချက်ကို ဖော်ထုတ်ပေးမယ့် Hubbleကို အာကာသအတွင်းလွင့်တင်ဖို့ပြင်ဆင်ခဲ့ရတဲ့ ခရီးလမ်းက မျှော်မှန်းထားသလောက် မလွယ်ကူခဲ့ပါဘူး။ အဲဒီလို မလွယ်ကူတဲ့ကြားကနေပဲ နောက်မဆုတ်တမ်း အဆင့်ဆင့်ပြင်ဆင်ရင်း ကြိုးစားလာကြတဲ့ အာကာသပညာရှင်တွေနဲ့ သူတို့ရဲ့ကြိုးစားမှုတွေကို ခံစားတွေ့မြင်ရမှာပါ။ Hubble ရဲ့တိုးတက်ကောင်းမွန်လာမှုနဲ့အတူ ဒီအာကာသကြီးရဲ့အလှတရားတွေကလည်း ပိုရုပ်လုံးပေါ်လာလို့ ကြည့်ရှူသူတွေအတွက်တော့ အချိန်ပေးရကျိုးနပ်စေမှာပါ။ ဒါပေမဲ့ အာကာသပညာရှင်‌တွေအနေနဲ့ အချိန်အားလူအားဉာဏ်အား အလုံးစုံရင်းပြီး ရလာတဲ့ရလဒ်က အမှန်တကယ်ရော အားရကျေနပ်ဖွယ်ရှိရဲ့လား!! ဘယ်အတိုင်းအတာထိ အရာထင်ခဲ့သလဲ!!ဆိုတာကိုတော့ Hubble IMAX နဲ့အတူ လိုက်ပါခံစားကြည့်ရှူပေးကြပါဦး။
...

The Architecture of Love (2024) ⭐IMDB: 6.9/10 (288 Votes) 🎬 #Drama #Romance 🗓 2024 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 51 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ IMDb မှာ Rating ကောင်းကောင်းရရှိထားတဲ့ Indonesian Romance Drama ရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ နာမည်ကြီးစာရေးဆရာမတစ်ယောက်ဖြစ်တဲ့ Ika Natassa ရဲ့ ဝတ္ထုစာအုပ်ကို ရုပ်ရှင်အဖြစ်ဖန်တီးထားတာဖြစ်ပါတယ်။ အတိတ်မှာဖြစ်ပျက်ခဲ့တဲ့ နာကျင်စရာအဖြစ်အပျက်တွေကြောင့် Trauma တွေရှိနေကြတဲ့လူနှစ်ယောက် အဲဒီဒဏ်ရာတွေကို ကုစားဖို့အတွက် အဝေးတစ်နေရာကို ထွက်ပြေးလာကြရင်း တစ်ယောက်ကိုတစ်ယောက် ရှာတွေ့သွားပြီးတော့ ချစ်မိသွားကြတဲ့အကြောင်းကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဝတ္ထုစာအုပ်ကို အခြေခံထားတာနဲ့အညီ ဇာတ်လမ်းကတော့ အပြစ်ပြောစရာ မရှိလောက်အောင် ကောင်းမွန်ပါတယ်။ Main character နှစ်ယောက်ကြားက chemistry ကလည်း အရမ်း လိုက်ဖက်ပြီးတော့ ဇာတ်လမ်းကို အဆုံးအထိရောက်အောင် ဆွဲခေါ် ပေးသွားပါတယ်။ Drama Genre ဖြစ်တာနဲ့အညီ အချစ်၊အမုန်း ရသမျိုးစုံကို ခံစားရမှာဖြစ်ပြီးတော့ Rating တွေကလည်း အရမ်းကောင်းတာကြောင့် ကြည့်ကြည့်ဖို့ကို recommend  ပေးပါတယ်။
...

Perfume (2001) ⭐TMDB: 48% User Score 🎬 #Comedy #Drama 🗓 2001 🎞 movie 🌎 # ⏰ 1 နာရီ 47 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းက နယူးယောက်မြို့က မဂ္ဂဇင်းတိုက်တွေ၊ ဖက်ရှင် မော်ဒယ်တွေ၊ ဒီဇိုင်နာတွေ၊ အဝတ်အစားကုမ္ပဏီကြီးတွေအကြား ဖြစ်တတ်တဲ့ အတွင်းကျကျ ပြဿနာတွေ၊ အဆင်မပြေမှုတွေနဲ့ ပဋိပက္ခ‌တွေကို ရိုက်ကူးပြသထားတဲ့ ဇာတ်ကားမျိုးပါ။ ဇာတ်လမ်း ရည်ရွယ်ချက်က ကောင်းပေမဲ့ ဇာတ်လမ်းတင်ပြပုံမကောင်းလို့ Ratingတွေကတော့ အတော်လေးနည်းပါတယ်။ ဒါပေမဲ့ နယူးယောက်ရဲ့ Lifestyleတွေ၊ လူသိပ်မသိတဲ့ ဖက်ရှင်နယ်ပယ်နောက်ကွယ်က တချို့ ပြဿနာတွေ၊ ဇာတ်ရှုပ်တွေကို စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီကားက မြည်းစမ်းကြည့်သင့်တယ်လို့ပဲ ပြောရမှာပါ။ ဇာတ်လမ်းပိုင်းတွေ၊ သရုပ်ဆောင်ပိုင်းတွေ ကောင်းမှ ကြိုက်တတ်တဲ့သူဆိုရင်တော့ ဒီကားက သင့်ကို အားရစေမှာ မဟုတ်ပါဘူး။
...

Jattu Nikhattu (2023) ⭐IMDB: 8.8/10 (41 Votes) 🎬 #Biography #Bollywood #Romance #Comedy #Drama 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 25 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Jattu Nikhattu 2023 (ဂျီတန်ဒရာဆင်းဂ်ဂျပ်တူ) ကိုယ်ရေးအတ္ထုပတ္တိဆိုရင် နာမည်ကြီးပြီး ထင်ပေါ်ကျော်ကြားတဲ့သူတွေရဲ့ဇာတ်လမ်းကိုပဲ ရေးလေ့ရှိပေမယ့် အခုတစ်ခါမှာတော့ သာမန်လူတစ်ယောက်ရဲ့ဘဝကိုဖော်ပြထားတဲ့ ကိုယ်ရေးအတ္ထုပတ္တိဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ရပါတယ်။ ဂျီတန်ဒရာဆင်းဂ်ဂျပ်တူဆိုတဲ့သူတစ်ယောက်ရဲ့ ကိုယ်ရေးအတ္ထုပတ္တိလေးပေါ့။ ဂျပ်တူဟာ ဘဝကိုအေးအေးဆေးဆေး ပျော်ပျော်ရွှင်ရွှင်ပဲ မိဘတွေနဲ့အတူ ဖြတ်သန်းနေရင်းနဲ့ပဲ တစ်နေ့မှာတော့ကောင်မလေးတစ်ယောက်ကို မြင်မိပြီးတော့ မြင်မြင်ချင်းမှာပဲ ချစ်မိလို့သွားပါတော့တယ်။ မာနီဆိုတဲ့ နာမည်လေးတစ်ခုပဲ သိပြီးတော့ မာနီရှာပုံတော်ဖွင့်ပါတော့တယ်….ဒီလိုနဲ့ ဂျပ်တူ့ဘဝရဲ့ အချစ်အလွမ်း, ပျော်ရွှင်မှု, ဝမ်းနည်းမှု, ဖြတ်သန်းကျော်ဖြတ်ခဲ့ရတဲ့ဘဝအခြေအနေတွေကို တင်ဆက်ပြသထားတဲ့ ကိုယ်ရေးအတ္ထုပတ္တိဇာတ်ကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)
...

Spirit of Friendship (2024) ⭐IMDB: 4.1/10 (45 Votes) 🎬 #Family #Drama #Fantasy 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 25 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားက တကယ်‌ကောင်းတဲ့ မက်ဆေ့တစ်ခုကို ထိထိမိမိပေးသွားတဲ့ မိသားစု ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ ကိုယ်ချစ်ရတဲ့ တစ်စုံတစ်ယောက်ကို လုံးဝ ဆုံးရှုံးလိုက်ရတဲ့သူတိုင်း ကြည့်သင့်တဲ့ ဇာတ်ကားလေးပါ။ ဇာတ်ကား အ‌ကြောင်းနည်းနည်းပြောရရင် အမေဖြစ်သူ ဆုံးသွားလို့ ပူဆွေးသောကရောက်နေရှာတဲ့ ကောင်လေးတစ်ယောက်က တမလွန်မှာ ရောက်နေတဲ့ သူ့အမေနဲ့ ပြန်ပြီး ဆက်သွယ်ဖို့ ကြိုးစားတဲ့အကြောင်းဖြစ်ပါတယ်။ ဇာတ်ကားထဲမှာ လေးနက်တဲ့ မက်ဆေ့တွေနဲ့ စိတ်လှုပ်ရှားစရာတွေ ပါဝင်တာမို့လို့ အခုပဲ ကိုယ်တိုင် ခံစားကြည့်ရှုလိုက်ပါတော့
...

Strangers (2024) ⭐IMDB: 4.2/10 (153 Votes) 🎬 #Crime #Thriller #Action 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 46 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ Crime Thriller Genre အမျိုးအစားဖြစ်ပြီးတော့ Director Tony Dean Smith ရိုက်ကူးထားကာ အဓိကသရုပ်ဆောင်တွေအဖြစ် Sienna Guillory, Jon Voight, Jamie Bamber တို့က ပါဝင်သရုပ်ဆောင် ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ Laura ဟာ အိမ်တွင်းအကြမ်းဖက်မှုနဲ့ ကြုံတွေ့နေရတဲ့ အိမ်ထောင်ရှင်မတစ်ယောက်ဖြစ်ပြီးတော့ တစ်နေ့မှာတော့ ကြေးစားလူသတ်သမားတစ်ယောက်ဖြစ်တဲ့ Sky နဲ့ အမှတ်မထင်တွေ့သွားပါတယ်။ Sky ရဲ့အကြံပေးချက်နဲ့အတိုင်း Laura ဟာ သူ့ယောကျ်ားကိုသတ်ပြီးတော့ Sky နောက်ကိုလိုက်သွားပါတယ်။ အဲဒီဘဝအသစ်ထဲမှာ Laura နေနိုင်ပါ့မလား၊ သူ့ဆုံးဖြတ်ချက်ကရော မှန်ကန်ရဲ့လား၊ Sky ရဲ့ကြေးစားလူသတ်သမားဘဝက Laura နဲ့ ကိုက်ညီမှုရှိရဲ့လား၊ Sky ရဲ့ တကယ့်ရည်ရွယ်ချက်ကရောဘာလဲဆိုတဲ့ မေးခွန်းတွေရဲ့အဖြေကို ဒီဇာတ်ကားထဲမှာ ကြည့်ကြရမှာပါ။ ဇာတ်လမ်းအသွားက သပ်ရပ်ပြီးတော့ မထင်မှတ်ထားတဲ့ Plot Twist တွေ အများကြီးနဲ့ ဇာတ်လမ်းအစကနေ ဆုံးတဲ့အထိ ခံစားမှုရသပေါင်းစုံကို ပေးစွမ်းပြီးတော့ ကြည့်ရှုသူတွေရဲ့စိတ်ကို ကစားနိုင်တဲ့ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။
...

The Zen Diary (2022) ⭐IMDB: 6.7/10 (257 Votes) 🎬 #Drama 🗓 2022 🎞 movie 🌎 #Japan ⏰ 1 နာရီ 52 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တကယ်လို့ဖြစ်နိုင်ခဲ့ရင် တစ်နေ့မှာ ဟင်းချက်ဖို့ ကျွန်တော်တို့ ၃နာရီလောက်တော့ အချိန်ပေးသင့်တယ်။ စားခါနီးမှ ဟင်းတစ်ခွက်ကိုချက်ရတဲ့အရသာက ဘာနဲ့မှမတူဘူး။ ထမင်းကပူနေရင် ငရုတ်သီးကြော်နဲ့‌တောင် စားကောင်းသလို အခုမှကျက်တဲ့ ဟင်းတစ်ခွက်ကလည်း မနက်ကချက်တဲ့ဟင်းတစ်ခွက်ထက် အဆပေါင်းများစွာသာတယ်။ အားလုံးသိတဲ့ အားလုံးမလုပ်နိုင်တဲ့ အမှန်တရားတစ်ခုပါပဲ။ ဘယ်လိုပုံစံနဲ့ ဘာဟင်းချက်မလဲတောင် စဉ်းစားဖို့ အချိန်မပေးနိုင်တဲ့ ကျွန်တော်တို့ဘဝတွေမှာပေါ့။ အောင်မြင်တာတွေ ကြီးမြင့်တာတွေ ကျော်ကြားတာတွေထက် ချစ်တဲ့သူနဲ့ အတူစားရတဲ့ ထမင်းပူပူတွေက အဓိပ္ပာယ်ပိုရှိမှန်း ကျွန်တော်တို့သိပြီးကြပေမဲ့ ဘဝဟာ တစ်ခုမဟုတ်တစ်ခုလိုနေရင်း အဲဒီရွေးချယ်မှုကို ကျွန်တော်တို့ကို လုပ်ခွင့်မပေးခဲ့ဘူး။ အခိုက်အတန့်တစ်ခုအထိတော့ ဒီလိုအခြေအနေမျိုး ရကောင်းရနိုင်ပေမဲ့ အခြေအနေအကြောင်းကြောင်းတွေဟာ ဒီလိုဘဝတွေနဲ့ ကျွန်တော်တို့ကို အမြဲတမ်း ဝေးကွာစေတယ်။ မြေကျယ်ကျယ်ဝန်းဝန်းရှိတဲ့ ကျေးလက်ဘက်တစ်နေရာမှာ သီးပင်စားပင်တွေ စားလောက်အောင်လေး မခမ်းမနားစိုက်။ ညနေမှာ စီးကရက်တစ်လိပ်နဲ့ လွမ်းစရာကောင်းအောင် တောင်စွယ်မှာ နေကွယ်တာကို ခင်ဖုန်းသက်ဝေ ၅ပုဒ်ကို ရွတ်တတ်သလိုရွတ်ရင်း ငေး ။ စိတ်လိုလက်ရမှောင်နေတဲ့ညတွေဆို ဆေးလိပ်တစ်လိပ် ကော်ဖီတစ်ခွက် ကိုနေဝင်းဆိုတဲ့ မောင့်လပြည့်ဝန်းနဲ့ အိပ်ရာဝင်။ အဲဒီကမ္ဘာမှာ ညနေခင်းလမ်းလျှောက်တဲ့အခါ တိမ်တွေကလည်း အမြဲတမ်းရှိနေလိမ့်မယ်။ တက်သုတ်ရိုက်မဟုတ်တဲ့ အလုပ်တစ်ခုခုလည်း ရှိနေလိမ့်မယ်။ ဘယ်သူ့အတွက်မှမဟုတ်တဲ့ ဆွဲတတ်သလိုဆွဲထားတဲ့ပန်းချီတစ်ကား ကဗျာတစ်ပုဒ်လောက်တော့ ကြုံရင်ကြုံသလို ရေးကောင်းရေးဖြစ်လိမ့်မယ်။ ချက်ပြုတ်ခြင်းဆိုတာလည်း ဘဝရဲ့အချိန်ပေးနိုင်တဲ့အရာတစ်ခု ဖြစ်လာလိမ့်မယ်။ ဒါဟာ စိတ်ဓာတ်ကျစရာတွေမရှိတဲ့ ရုပ်ရှင်တစ်ခုဖြစ်ကောင်းဖြစ်လိမ့်မယ်။ The Zen Diaryက ဒီလိုတကယ်နေနေတဲ့ ဘဝတစ်ခုအကြောင်းကို ဇင်အတွေးအခေါ်တွေနဲ့ ရစ်သိုင်းထားတဲ့ရုပ်ရှင်လို့ပြောရမယ်။ သဘောကျစရာကောင်းတာက ပူစရာတွေ မရှိနေတာတော့ မဟုတ်ခဲ့ဘူး။ ဒါပေမဲ့လည်း သူ့ဘဝထဲရောက်လာတဲ့အပူတွေကို သူရင်ဆိုင်ဖြေရှင်းပုံတွေကိုပြထားတာလည်းလှတယ်။ ဇင်ဒိုင်ယာရီဟာ ရှင်သန်ခြင်းရဲ့အဓိပ္ပာယ်ကို ဖွင့်ဆိုထားတဲ့ ရုပ်ရှင်တစ်ကားလို့ပြောလို့ရတယ်။ ပြောလို့ပြောတာတော့မဟုတ်ပါဘူး။ ကျရှုံးမှုတွေနောက်ပိုင်းမှာ အေးချမ်းမှုကို ပြန်တွေ့သွားကြတဲ့ရုပ်ရှင်တွေကို ကျွန်တော်တို့သဘောကျကြတယ်မလား။ ကျွန်တော်တို့ဟာ အမြဲတမ်း ကျရှုံးနေတဲ့လူတွေပဲ။ ဇင်ဒိုင်ယာရီကတော့ တော်တော်လေးလက်တွေ့ကျတယ်။ ဇင်ဒိုင်ယာရီဟာ မမြဲခြင်းတရားတွေအောက်မှာပဲ တည်နေတယ်
...

Sardara and Sons (2023) ⭐IMDB: 6.5/10 (43 Votes) 🎬 #Bollywood #Drama #Comedy 🗓 2023 🎞 movie 🌎 #India #Canada ⏰ 1 နာရီ 40 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sardara and Sons (2023) ဆာဒါရာနှင့်သားများ နေထိုင်တဲ့ပုံစံမတူ အတွေးအမြင်ချင်း မတူကြတဲ့ လူနှစ်ယောက်တောင်တစ်အိမ်တည်း ညှိပြီးနေဖို့ဆိုတာ မလွယ်လှပါဘူး။ဒီတော့ မိသားစုနှစ်စုဆိုရင်တော့ အခက်အခဲတွေက ပြောဖွယ်ရာမရှိပေါ့။အခုတင်ဆက်ပေးမှာကတော့ ကနေဒါရောက်သားတော်မောင်ဆီသွားနေမယ့် ပန်ချာပီအဘိုးကြီးဆာဒါရာနဲ့ သူတို့မိသားစုတွေကြားအလွဲလေးတွေကို ရှုစားရမယ့် family dramaပါ။ သားကြီးကလည်း ကနေဒါနိုင်ငံသားဖြစ် သားငယ်ကလည်း ကနေဒါဗီဇာရပြီဖြစ်လို့ပန်ချာပီအဘိုးကြီးဆာဒါရာတစ်ယောက် မိန်းမနဲ့ သားငယ်တို့လင်မယားနဲ့အတူသားကြီးဒါလ်ဂျိရှိရာ ကနေဒါဆီ ရောက်ချလာပါတော့တယ်။ ခေတ်မီတဲ့ ကနေဒါနိုင်ငံမှာနေတဲ့ ချွေးမကြီးကတော့ တောကတက်လာတဲ့အဘိုးကြီးလင်မယားကိုမကြည်ဖြူလှပေမဲ့အဘိုးကြီးရဲ့ တောကမြေကွက်ကိုရောင်းတဲ့ငွေကို မျက်စိကျပြီး ကြိတ်မှိတ်လက်ခံပေးထားပေမဲ့တောစရိုက်ယောက္ခမတွေက သူ့မျက်စိထဲကန့်လန့်ခံနေတာပေါ့။ ဒါပေမဲ့ တစ်ယူသန်ဆာဒါရာတို့ကလည်း ကနေဒါနဲ့အညီ ပြောင်းလဲနေထိုင်တာမျိုးမလုပ်ဘဲတောဓလေ့အတိုင်းပဲဆက်နေနေတော့ ကနေဒါက ဒါလ်ဂျိတို့မိသားစုနဲ့ အဆင်မပြေဖြစ်လာချိန်မှာတော့…. (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)
...

The Thicket (2024) ⭐IMDB: 5.7/10 (625 Votes) 🎬 #Crime #Drama #Western #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 46 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ ၂၀၂၄ မှာထွက်ရှိခဲ့တဲ့ အမေရိကန်ကောင်းဘွိုင် ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ယနေ့ခေတ် အမေရိကန်မဖြစ်လာခင် ခေတ်ဟောင်းအမေရိကန်ရဲ့ ခက်ခဲကြမ်းတမ်းတဲ့ ဘဝနေထိုင်မှုပုံစံတွေကို ရှုစားကြရမှာပါ။ ဂျက် နဲ့ လူလာတို့ မောင်နှစ်မနှစ်ယောက်က မိဘနှစ်ပါးဆုံးပါးသွားတဲ့အခါ အဘိုးဖြစ်သူခေါ်ရာနောက်လိုက်ရင်းနဲ့ ခရီးရှည်ကြီး စ ထွက်ခဲ့ပါတယ်။ လမ်းမှာ ဓားပြဗိုလ်ဖြစ်သူ ဘေလ်လီ က ညီမငယ်လေး လူလာ ကို မျက်စိကျ သွားရာကနေ ဖမ်းခေါ်သွားတဲ့အခါ မောင်နှစ်မနှစ်ယောက် တကွဲတပြားစီ ဖြစ်သွားပါတော့တယ်။ ညီမလေးကို ချစ်ရှာတဲ့ ဂျက် က ဓားပြတွေနောက်ကိုလိုက်ဖို့ ပြင်ရပါတော့တယ်။ ဂျက် နဲ့ လူလာတို့ လမ်းခရီးမှာ ကြုံတွေ့ရတဲ့အခက်အခဲတွေ၊ တိုက်ခိုက်ကြတဲ့ အက်ရှင်ခန်းတွေနဲ့ ငေးမောဖွယ်ရာသဘာဝရှုခင်းတွေကို ခံစားကြည့်ရှုကြရမှာပါ။ ဒီဇာတ်ကားလေးမှာတော့ ခေတ်ဟောင်းအမေရိကန်ရဲ့ ကောင်းဘွိုင်တွေ၊ လူနေမှုဘဝတွေအပြင် ကျယ်ပြန့်တဲ့လွင်ပြင်ကျယ်ကြီးတွေ တောတောင်သဘာဝ ရှုခင်းတွေကို ပေါ်လွင်အောင် နောက်ခံထားပြီးရိုက်ကူးထားတာကြောင့် ကောင်းဘွိုင် ရုပ်ရှင်နှစ်သက်သူတွေအနေနဲ့ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်ခင်ဗျာ။
...

Son of God (2014) ⭐IMDB: 5.7/10 (20 k Votes) 🎬 #Biography #Drama #History 🗓 2014 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 18 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်ဟာ ဓမ္မသစ်ကျမ်းကို မှီးပြီး ခရစ်တော်ရဲ့ ဘဝဇာတ်ကြောင်းကို သူပြောခဲ့တဲ့ နှုတ်ကပတ်တော်တွေနဲ့တွဲစပ်ပြသပြီး ကားစင်အတင်ခံရတဲ့အထိ ပြထားတယ်။ ခရစ်တော်ပြန်လည်ထမြောက်ပြီးတဲ့နောက် သူ့သာဝကတွေဟာ ခရစ်တော်ရဲ့နှုက်ကပတ်တော်တွေကို ဖြန့်ကျက်ခဲ့ကြတယ်။ အဲဒီခေတ်ကာလမှာ ဓမ္မသစ်ကို သိပ်လက်မခံကြသေးတော့ သူ့နောက်လိုက်တွေအကုန်နီးပါး နှိပ်ကွပ်ခံခဲ့ရတယ်။ ဒီဇာတ်ကိုတော့ ခရစ်တော်ရဲ့နောက်ဆုံးကျန်တဲ့သာဝက ယောဟန်က သူကြုံခဲ့ရတဲ့ဇာတ်လမ်းကို ပြန်ပြောပြတဲ့ပုံနဲ့ တင်ဆက်ထားတယ်။ ဒီရုပ်ရှင်မှာ ခရစ်တော်ရဲ့ကာလမှာ ကဲသာဘုရင်လက်ထက် (ဆီဇာ) ဂျူးတွေရောမလက်အောက်ခံဖြစ်ခဲ့ကြပုံတွေ ရောမတွေနဲ့ဂျူးတွေကြာက အဖုအထစ်တွေ ယဇ်ပုရောဟိတ်မင်းက ဘာသာရေးကို ချုပ်ကိုင်ထားပုံတွေ တရားစီရင်မှုအထိပါ ယဇ်ပုရောဟိတ်မင်းတွေက ဝင်စွက်ဖက်ခဲ့ကြပုံတွေကိုလည်း ပြထားတယ်။ ယေရှုခရစ် ဘယ်လိုကာလမှာ ရှင်သန်ခဲ့ရလဲ ကောင်းကောင်းမြင်သာအောင် ပြထားတယ်။ ယေရှုခရစ်ကို ထောက်ခံသူတွေများပြားလာသလို ယေရှုခရစ်ကလည်း ယေရှုရှလင် (ဂျေရုစလင်)ကို လာဖို့လုပ်တဲ့အချိန် ယဇ်ပုရောဟိတ်မင်းကယာဖက ဒီအခြင်းအရာက ပသခါပွဲတော်ကို ထိခိုက်လာမှာကို စိုးရိမ်ပြီး ပွဲမတိုင်ခင်မှာတင် ညတွင်းချင်း ဖမ်းဆီးပြီး တရားစီရင်ဖို့လုပ်ခဲ့တာတွေလည်းပြထားတယ်။ ဒါကို မြို့ဝန်မင်းပိလတ်က ဘာမှ မတတ်နိုင်ရတဲ့ အကြောင်းရင်းတွေ ဘာတွေလည်းပြထားတယ်။ ဒီရုပ်ရှင်မှာ ယေရှုခရစ်ရဲ့ဖြစ်တော်စဉ်ကိုတော့ သေချာပြထားတယ်။ နှုတ်ကပတ်တော်တွေတော့ အကုန်မထည့်ထားဘူးပေါ့။ ယေရှုခရစ်ရဲ့သမိုင်းကို စိတ်ဝင်စားတာပဲဖြစ်ဖြစ် ခရစ်ယာန်ဘာသာရေးကို စိတ်ဝင်စားတာပဲဖြစ်ဖြစ် ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။
...

The Invisibles (2024) ⭐IMDB: 5.9/10 (181 Votes) 🎬 #Fantasy #SciFi #Drama 🗓 2024 🎞 movie 🌎 #Canada ⏰ 1 နာရီ 52 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လက်ရှိအသက်ရှင်နေထိုင်နေရတဲ့ဘ၀ကို ပိုတန်ဖိုးထားတတ်သွား‌အောင် ပညာပေးသွားမဲ့ ဒရာမာဇာတ်လမ်းကောင်းလေးတစ်ကားကို တင်ဆက် ပေးလိုက်ပါတယ်။ဇာတ်ကားလေးရဲ့နာမည်ကတော့ The Invisibles ဖြစ်ပြီး လက်ရှိ IMDb Rating 6.7 အထိရရှိထားပါတယ်။ ဇာတ်ကားနာမည်လေးအတိုင်း ကိုယ်ပျောက်လူသားတွေအကြောင်းတွေ့ရမှာဖြစ်ပြီး ဒရာမာဆိုပေမဲ့စိတ်ဝင်စားစရာကောင်းအောင်ဆွဲဆောင်နိုင်တဲ့ဇာတ်ကား တစ်ကားဖြစ်ပါတယ်။ ချာလီဆိုတဲ့လူက အာမခံကုမ္ပဏီဝန်ထမ်းဖြစ်ပြီး သူ့ရဲ့ဘ၀ကြီးကထူးထူး ခြားခြားတော့မရှိပါဘူး။အလုပ်သွားအလုပ်ပြန် မိန်းမနဲ့စကားနည်းနည်းပါးပါးပြောနဲ့ ရိုးရှင်းတဲ့ဘ၀ပါပဲ။ဒါပေမယ့်တစ်နေ့မှာတော့ အဲ့ဒီအရာတွေ အားလုံးကပြောင်းလဲ သွားပါတော့တယ်။ဘာဖြစ်လို့လဲဆိုတော့ သူမနက်နိုးလာတဲ့အချိန်မှာသူ့ကို သူ့မိန်းမကမမြင်ရတော့လို့ပါပဲ။စကားတွေအကျယ်ကြီးအော်ပြော လက်ဟန် ခြေဟန်တွေပြနေပေမဲ့လည်း ဘာမှမထူးခြားလာပါဘူး။ဒီလိုနဲ့သိပ်မကြာခင်မှာပဲ သူကဒီလောကကြီးနဲ့မသက်ဆိုင်တော့တဲ့ လူသားတွေမမြင်ရတော့တဲ့ ကိုယ်ပျောက် လူသားတစ်ယောက်ဖြစ်နေပြီဆိုတာကို သိလိုက်ရပါတော့တယ်။ကံကောင်းချင်တော့ သူ့လိုတခြားလူတွေနဲ့တွေ့ခဲ့ရပြီး ဘာတွေဖြစ်နေတယ်ဆိုတာကိုတဖြည်းဖြည်း အဖြေရှာရင်းနဲ့ သူ့မိန်းမရှိတဲ့တကယ့်လူ့လောကအစစ်ထဲကို ပြန်သွားဖို့ ကြိုးစားပုံတွေကိုတွေ့ရမှာဖြစ်ပါတယ်။
...

Thou Gild'st the Even (2013) ⭐IMDB: 7.7/10 (11 k Votes) 🎬 #Drama #Fantasy #Romance 🗓 2013 🎞 movie 🌎 #Turkey ⏰ 1 နာရီ 48 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb – 7.7 ကေမဲကတော့ ဆံသဆရာတစ်‌ယောက်ဖြစ်ပြီး ဖခင်ဖြစ်သူရဲ့ ဆံသဆိုင်မှာအလုပ်လုပ်ပါတယ်။ ကေမဲက ငယ်ဘဝရဲ့ စိတ်ဒဏ်ရာကြောင့် တစ်ကိုယ်တည်းအေးဆေးတွေးနေတတ်သူပါ။ တစ်နေ့မှာ ဆိုင်က ဘလိတ်ဓားနဲ့ သူ့လက်ကောက်ဝတ်ကို လ ှီး လိုက်ပါတယ်။ ဒါပေမဲ့ အချိန်မှီဆေးရုံရောက်သွားခဲ့လို့ ကေမဲတယောက် အသက်ရှင်ခဲ့ပြီး ဆရာဝန်ကသောက်ခိုင်းတဲ့ဆေးတွေကြောင့် အတွေးအမြင်သစ်တွေပါ ရလာခဲ့ပါတယ်။ ကေမဲတို့နေတဲ့မြို့ကလည်း ကျဉ်းပြီး မြို့မှာနေတဲ့လူတိုင်းသိနေကြပါတယ်။ ဒါတွေအပြင် သာမာန်လူ‌ တွေမှာလည်း ထူးခြားတဲ့အစွမ်းတွေရှိနေကြတဲ့အခါ
...

Blood and Snow (2023) ⭐IMDB: 3.3/10 (266 Votes) 🎬 #SciFi #ScienceFiction #Horror 🗓 2023 🎞 movie 🌎 #Canada ⏰ 1 နာရီ 51 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းဖြစ်သလို Horror အမျိုးအစားလည်းဖြစ်တဲ့ Blood And Snow ရုပ်ရှင်ကားကတော့ ၂၀၂၃ ခုနှစ်မှာ ထွက်ရှိထားတာ ဖြစ်ပါတယ်။ ဒါရိုက်တာ Jeese Palangio ရိုက်ကူးထားပြီး Michael Swatton ၊ Anne-Carolyne Binette ၊ Vernon Wells နဲ့ Simon Phillips အစ ရှိတဲ့သရုပ်ဆောင်တွေပါဝင်ထားပါတယ်။ ဇာတ်ကောင်တွေရဲ့များပြားလှတဲ့စကားပြောခန်းတွေ၊ ခြောက်ခြားစရာ အသံနောက်ခံတွေနဲ့ Horror ဇာတ်ကားကို အရှိန်မြင့်အောင်ဆွဲခေါ်သွားတဲ့ ရုပ်ရှင်မျိုးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ************** သိပ္ပံပညာရှင်နှစ်ယောက်ဟာ အာတိတ်ရေခဲပြင်ကြီးထဲကျရောက်ထားတဲ့ ဥက္ကာခဲတစ်ခုကို လာရောက်လျှို့ဝှက်လေ့လာရင်းကနေ တစ်ဦးက အသတ်ခံ လိုက်ရပြီး ကျန်တစ်ဦးကတော့ ကူးစက်ခံလိုက်ရပါတယ်။ ကပ်ပါးကောင်ပါလာမှန်းမသိဘဲ အသက်ရှင်ကျန်ရစ်တဲ့သိပ္ပံပညာရှင် မိန်းမငယ်လေးကို အနီးဆုံးစခန်းက လက်ခံစောင့်ရှောက်ထားရာကနေ စခန်းတွင်းမှာ မမျှော်လင့်ထားတာတွေဖြစ်ပျက်လာခဲ့ပါတယ်။ ဘာတွေဖြစ်နေလဲဆိုတာကိုနားလည်အောင်ကြိုးပမ်းကြရင်းကနေ သူတို့ ကယ်တင်လာတဲ့မိန်းကလေးဟာ အရင်ကတွေ့ခဲ့ဖူးတဲ့လူမဟုတ်တော့တာကို သိရှိလိုက်ရတဲ့အခါ ကပ်ပါးကောင်ကထိန်းချုပ်နေတဲ့မိန်းကလေးကို ရင်ဆိုင်ဖို့ ကြိုးစားကြရပါတော့တယ်။
...

To My Haeri (2024) ⭐IMDB: 9.2/10 (7 Votes) 🎬 #Drama #Romance 🗓 2024 🎞 Series 🌎 #SouthKorea ⏰ 1 နာရီ 4 မိနစ် 40 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Dear Hyeri (2024) ******************* အပိုင်းသစ် (၂) ဒီတစ်ခါ ထွက်ရှိလာတဲ့ စီးရီးသစ်ကတော့ Sweet Home ထဲက Lee Jinwook နဲ့ Welcome to Samdal-ri ထဲက Shin Hyesun တို့ နှစ်ယောက် ex-lovers တွေအဖြစ် ပါဝင်သရုပ်ဆောင်ထားကြတဲ့ “Dear Hyeri” လို့ အမည်ရတဲ့ စီးရီးပဲဖြစ်ပါတယ်။ -ဇာတ်လမ်းအညွှန်း- ဂျူအွန်းဟို ( Shin Hyesun ) ဟာ လုပ်သက် ၁၄ နှစ်ရှိပြီဖြစ်ပေမဲ့ လူသိပ်မသိတဲ့ သတင်းကြေညာသူတစ်ယောက် ဖြစ်ပါတယ်။ သူ့ရည်းစားဟောင်းဖြစ်တဲ့ ဂျောင်ဟျွန်းအို ( Lee Jinwook ) ကတော့ အလုပ်ဝင်ဝင်ချင်းမှာတင် နာမည်ကြီးလာခဲ့တဲ့ နာမည်ကျော် သတင်းကြေညာသူတစ်ယောက်ပါ ။ အချိန်အကြာကြီးတွဲခဲ့တဲ့ သူတို့နှစ်ယောက်ဟာ အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲလိုက်ပြီးတဲ့နောက်မှာတော့ ဂျူအွန်းဟိုဟာ နှလုံးသားထဲက စိတ်ဒဏ်ရာတစ်ခုကြောင့် ဂျူဟယ်ရီလို့ ခေါ်တဲ့ နောက်ထပ် personality တစ်ခု ပေါ်ထွက်လာပါတော့တယ် ။ ဂျူဟယ်ရီကတော့ မူရင်း ဂျူအွန်းဟိုနဲ့ မတူဘဲ တက်ကြွကာ အကောင်းမြင်တတ်တဲ့ စိတ်ထားကို ပိုင်ဆိုင်ထားပြီး ကားပါကင်ဝန်ထမ်းအဖြစ် အလုပ်လုပ်သူ ဖြစ်ပါတယ် ။ ဒါ့အပြင် ဂျူအွန်းဟိုရဲ့ ရည်းစားဟောင်း ဂျောင်ဟျွန်းအိုမှာလည်း လူသိမခံတဲ့ စိတ်ဒဏ်ရာတစ်ခုရှိနေတဲ့ အခါမှာတော့… ရည်းစားဟောင်းနှစ်ယောက် အချင်းချင်းရဲ့ စိတ်ဒဏ်ရာတွေကို ဘယ်လိုကုသပေးရင်း ဘယ်လိုရှေ့ဆက်သွားကြမလဲဆိုတာကိုတော့ CM team နဲ့ အတူတူ အပတ်စဉ် Monday-Tuesday တိုင်းမှာ ကြည့်ရှူခံစားလိုက်ရအောင်နော်။ (အညွှန်းကိုတော့  Hazelle မှ ရေးသား‌ထားပါတယ်။)
...

Power Book II: Ghost (2020) ⭐IMDB: 7.5/10 (12 k Votes) 🎬 #Crime #Drama 🗓 2020 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 7 မိနစ် 29 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Power Book II: GhostGenre – Crime, Drama အရှေ့က Power ဇာတ်လမ်းတွဲမှာတော့ Ghost လို့ခေါ်တဲ့James St. Patrick ရဲ့ မြေအောက်လောကကနေတဖြည်းဖြည်းဆရာကျလာတဲ့အကြောင်းကိုတင်ဆက်ထားပြီး နောက်ဆုံးပိုင်းမှာ သူ့ရဲ့ သေဆုံးမှုကနေဒီ Power Book II က တိုက်ရိုက်ဆက်ထားတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဇာတ်လမ်းတွဲမှာတော့ သူ့ရဲ့သားဖြစ်သူ Tariq St. Patrick အကြောင်းကိုဗဟိုပြုပြီး တင်ဆက်ထားတာပါ။ ဖခင်သေဆုံးမှုအတွက် အမေဖြစ်သူ ဖမ်းခံရပြီးတရားရင်ဆိုင်နေတဲ့အချိန် Tariq တစ်ယောက် ကောလိပ်တက်ရင်းနဲ့မိခင်ဖြစ်သူကို ကယ်ဆယ်နိုင်ဖို့ ဥပဒေဘောင်မဲ့ထဲကနေဘယ်လိုတွေ ကြိုးပမ်းမလဲ ကြည့်ရမှာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း အဆောင်ဖော်တစ်ယောက်ကြောင့် တခြား မူးယစ်ဆေးဂိုဏ်းတစ်ခုနဲ့ ခင်မင်သွားပြီးတွဲလုပ်ဖို့ ဖြစ်လာကာ ဘယ်လို အရှုပ်တွေကြားထဲ ရောက်သွားဦးမလဲ ဖအေ့ခြေရာကို နင်းမလားသူ့ထက်ကျော်မလားဆိုတာတော့ မြေအောက်လောကဂိုဏ်းတွေနဲ့ ကောလိပ်ကြားဗျာများရင်း ဘာတွေဆက်ဖြစ်မလဲဆိုတာတော့…. ရှုစားကြကုန်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Team ဖြစ်ပါတယ်)
...

Maruthi Nagar Subramanyam (2024) ⭐IMDB: 8.7/10 (3 k Votes) 🎬 #Bollywood #Comedy 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 26 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Maruthi Nagar Subramanyam (2024)”ဗရုတ်သုတ်ခ မိသားစု”============================================= တေလေဂူးမင်းသားကြီး ရောဝ်ရာမက်ရှ်ရဲ့ အသစ်ထွက်ထားတဲ့ဟာသဒရာမာရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဆူဘရာမန်ယမ်ဟာ အစိုးရအလုပ်မရမချင်း အလုပ်မလုပ်ဘူးလို့သံဓိဌာန်ချထားသူဖြစ်ပြီး သားဖြစ်သူ လူပျိုဖြစ်တဲ့ထိ အလုပ်မရှိသေးတဲ့သူဖြစ်ပါတယ်။ သူတို့မိသားစုဟာ ဆူဘရာမန်ယန်ရဲ့ ဇနီးဖြစ်သူ ရာနီရဲ့လစာတစ်ခုတည်းနဲ့ လည်ပတ်နေရတာဖြစ်ပြီးမိသားစုဝင်တွေကလည်း ရောဂါသည်ဖြစ်ချင်နေတဲ့ ယောက္ခမကြီးရယ် သူ့ကိုယ်သူလူစားလဲခံရတဲ့သူဌေးသားလို့ထင်နေတဲ့ သားဖြစ်သူရယ်နဲ့ တကယ့် ကဂျီကဂျောင်တွေပါ။ အဲဒီလို အလုပ်မရှိတဲ့ ဆူဘရာမန်ယန်ကို မိန်းမဖြစ်သူက အမြင်ကပ်လို့စီးကရက်ဖိုးတောင်မပေးတော့တဲ့အချိန်မှာ သူ့ရဲ့ဘဏ်အကောင့်ထဲကိုဘယ်ကမှန်းမသိရတဲ့ ပိုက်ဆံဆယ်သိန်း မှားဝင်လာတဲ့အချိန်မှာတော့ဆူဘရာမန်ယမ်ရဲ့ဘဝအတွက် အလှည့်အပြောင်းတွေဖြစ်လာခဲ့ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)
...