es
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Canal cerrado

🚩 Channel was restricted by Telegram

Mostrar más
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
The Penguin (2024) ⭐IMDB: 8.8/10 (10 k Votes) 🎬 #Drama #Crime #Fantasy 🗓 2024 🎞 tv mini series 🌎 #UnitedStates #Ireland #UnitedStatesofAmerica ⏰ 1 နာရီ 4 မိနစ် 51 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Batman (2022) ထဲက ဘန်မန်းရဲ့ ရန်သူကြီး အော့ဇ်ဝဲကော့ (ခေါ်) ပင်ဂွန်းရဲ့ Spin-off တစ်ကိုယ်တော် စီးရီးဖြစ်ပါတယ် လတ်တလော Rating နဲ့ ကြည့်ရှုနှုန်းတွေအရမ်းကောင်းနေပြီး 8.1 ထိရထားတဲ့ HBO series ဖြစ်ပါတယ် The Batman ထဲမှာ ရစ်ဒလာက ဂေါ်သမ်မြို့ကြီးကို ရေမြှုပ်လိုက်ရင်းနဲ့ အဆုံးသတ်သွားခဲ့ပြီး ဒီစီးရီးမှာတော့ အဲ့ဒီဖြစ်ရပ်ရဲ့ တစ်ပတ်အကြာ Timeline ကနေ စတင်ထားတယ် Batman နဲ့ထိပ်တိုက်တွေ့ဆုံအပြီး အရေးနိမ့်ခဲ့ရတဲ့ အော့ဇ်ဝဲဟာ သူ့ဆရာ ဖယ်ကွန်း မူးယစ်ဂိုဏ်းမိသားစုက ကာမိန်းဖယ်ကွန်းသေဆုံးပြီးနောက် ဆက်ခံလာမယ့် သားဖြစ်သူ အဲဘတ်တိုဖယ်ကွန်းကို သတ်ပစ်လိုက်ပါတယ်..ဒါပေမယ့် အာခန်ထောင်ကနေ လွတ်လာတဲ့ အဲဘတ်တိုရဲ့ ညီမ ဆိုဖီယာဖယ်ကွန်းကနေ ပင်ဂွန်းနောက်ကို လိုက်လံလက်စားချေရင်း ဂေါ်သမ်က သောင်းကျန်းလာတဲ့မူးယစ်ဂိုဏ်းတွေကို အုပ်စိုးဖို့အတွက် ကင်းပင်ကြီးဖြစ်ဖို့ ပင်ဂွန်းတစ်ယောက်ကြိုးစားပါတော့တယ်… ပင်ဂွန်းအဖြစ် the batman ထဲကအတိုင်းပဲ မင်းသားကြီး Colin Farrell က ဆက်လက်သရုပ်ဆောင်ထားပြီး ဆိုဖီယာဖယ်ကွန်းအဖြစ် How I Met Your Mother ဇာတ်လမ်းတွဲက Cristin Militoi ပါဝင်ထားပါတယ် (အညွန်းနဲ့ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်) File size…(1 GB)/(451 MB)Quality….Webrip 1080p / 720pFormat…mp4Duration….01:04:00Genre… Drama, CrimeSubtitle….Myanmar Subtitle (Hardsub)Encoder….Swan Min HtetTranslated by Thiha Yan Naing Episode 1 720p  –Yoteshin/Gdot/Megaup/Telegram ကျန်အပိုင်းများကို အချိန်နဲ့တပြေးညီ အမြန်ဆုံးတင်ဆက်ပေးသွားပါ့မယ်
...

Kill 'em All (2012) ⭐IMDB: 4.5/10 (2 k Votes) 🎬 #Action #Crime #Thriller 🗓 2012 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 23 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ထိုင်းမင်းသမီးနဲ့ တရုတ်ဘိုးတော်နဲ့ အဖြူကောင်လူကြမ်းတချို့နဲ့ ဒီရုပ်ရှင်ကားကတော့ နင်းကန်ချတဲ့ အက်ရှင်သိုင်းကားပါပဲ။ ချဆို ဇာတ်လမ်းကလဲ နင်ဂျာကောင်တွေ လူသတ်သမားတွေ သိုင်းသမားတွေကို ဘန်ကာတစ်ခုထဲထည့်ပြီး အချင်းချင်းပြန်ချခိုင်းတာမျိုးပါ။ မချရင် ချတဲ့ကောင်က သတ်တာကို ခံရမှာဖြစ်လို့ တယောက်ကိုတယောက်နင်းကန်ချရင်း ဘာလို့ သူတို့ချင်းကို ချခိုင်းနေတာလဲဆိုတဲ့ အဖြေကိုရှာကြရမှာပါ။ စကားတွေဘာတွေ သိပ်ပြောမနေပါဘူး တွေ့တာနဲ့ချတာပါပဲ။ Kill Them All ဆိုတဲ့အတိုင်း တွေ့သမျှ သတ်ကြတာပါပဲ။
...

Frankenfish (2004) ⭐TMDB: 57% User Score 🎬 #Adventure #Horror #TVMovie 🗓 2004 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 24 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 သွေးသံရဲရဲ အသတ်အဖြတ်ခန်းနဲ့ အဖော်အချွတ်ခန်းများ ပါဝင်သည့်အတွက် ကလေးသူငယ် မိသားစုများနဲ့ ကြည့်ရှုရန်မသင့်ပါ။ စိမ့်တောလယ်တစ်နေရာ အလောင်းတစ်လောင်း ပေါ်လာပြီး ဒဏ်ရာဒဏ်ရာများမှာ သာမန်မိကျောင်းကိုက်ရာ ငါးမန်းကိုက်ရာမဟုတ်ပဲ ထူးဆန်းနေသည့်အတွက် မြို့ပေါ်မှ ဆေးပညာစစ်ဆေးရေးမှူး ဆမ်ရစ်ဗားစ်ကို ဆင့်ခေါ်လိုက်ရပါတယ်။ အဲဒီမှာ အလောင်းကို စစ်ဆေးပြီး မူမမှန်တာကြောင့် ဆမ်တစ်ယောက် အလောင်းစတင်တွေ့ရှိခဲ့တဲ့နေရာ စိမ့်တောအလယ်ခေါင်ကို တောရိုင်းဦးစီးဌာနမှ ဇီဝဗေဒပညာရှင်မလေးတစ်ဦးနဲ့ စုံစမ်းထောက်လှမ်းဖို့ ခရီးထွက်ခဲ့တဲ့အခါမှာတော့ သာမန်သွေးရိုးသားရိုးမဟုတ်ပဲ ထူးခြားတဲ့ အဖြစ်နဲ့ ကြုံဆုံပြီး နှစ်ဦးသား အသက်ဘေးလွတ်ဖို့ ကြိုးစားရပုံတွေကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။
...

Curse of the Sin Eater (2024) ⭐IMDB: 4.9/10 (121 Votes) 🎬 #Horror #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ပိုက်ဆံတစ်ပြားမှမရှိဘဲ မွဲတေနေတဲ့အချိန်မှာ သူဌေးကြီးတစ်ယောက်က သူသေသွားတဲ့အချိန်မှာ သူ့အလောင်းပေါ်က စားစရာတွေကိုစားရင် တစ်သက်သုံးမကုန်တဲ့ပိုင်ဆိုင်မှုတွေအားလုံးပေးမယ်လို့ကမ်းလှမ်းလာရင် လက်ခံကြပါ့မလား။လက်ခံမယ်လို့ဖြေမဲ့လူတွေကများပေမဲ့ Spider Man ဇာတ်ကားထဲကစကားလုံးကိုငှားသုံးရမယ်ဆိုရင် ကြီးမားတဲ့စွမ်းအားတွေအတွက် ကြီးမားတဲ့တာဝန်တွေယူရပါလိမ့်မယ်။ အခုတင်ဆက်ပေးမဲ့ Curse Of The Sin Eater ဆိုတဲ့ဇာတ်ကားထဲမှာလည်း ကြီးမားတဲ့စည်းစိမ်ဥစ္စာတွေအတွက် ဘယ်လိုမျိုးကြီးမားတဲ့တာဝန်တွေ ယူရမယ်ဆိုတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ အထက်မှာပြောခဲ့သလိုပဲ ရစ်ခ်ဆိုတဲ့ကောင်လေးတစ်ယောက်ကမွဲတေနေတဲ့ ဆောက်လုပ်ရေးအလုပ်သမားတစ်ယောက်ဖြစ်ပြီးသူငယ်ချင်းအိမ်မှာကပ်နေနေ ရပါတယ်။ဒါပေမယ့်ကံကြမ္မာကမျက်နှာသာပေးခဲ့တော့ သူဌေးကြီးကကြီးမားတဲ့ ကမ်းလှမ်းမှုကြီးကိုကမ်းလှမ်းခဲ့ပြီး တော်တော်စဉ်းစားခဲ့ပြီးနောက်မှာတော့ လက်ခံ လိုက်ပါတော့တယ်။ဒီလိုနဲ့သူ့ဘ၀ကဆင်းရဲသားဘ၀ကနေ နေ့ချင်းညချင်းသူဌေးကြီး ဖြစ်သွားပြီးသုံးချင်သလိုသုံး ဖြုန်းချင်သလိုဖြုန်း နေချင်သလိုနေလို့ရလာပါတော့တယ်။ ဒါပေမယ့်အဲ့ဒါတွေကရေရှည်မခံပဲ ဇာတ်ကားနာမည်အတိုင်း သူကအပြစ်စားသုံးသူ တစ်ဦးဖြစ်သွားပြီးကျိန်စာသင့်သွားတဲ့အခါမှာတော့ ဘယ်လိုကြောက်မက်ဖွယ် ကောင်းတဲ့ တာဝန်တွေကိုယူရမလဲဆိုတာကို ထိတ်လန့်စရာကောင်းကောင်းနဲ့ ကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။
...

All Over the Guy (2001) ⭐TMDB: 59% User Score 🎬 #Comedy #Romance 🗓 2001 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDB: 6.4 All Over the Guys (2001) ဟာ LGBTဇာတ်လမ်းတစ်ခုဖြစ်ပြီး ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ ဇာတ်ညွှန်း Tom နဲ့ Eli တို့နှစ်ယောက်ဟာ ဂေးတွေဖြစ်ပါတယ်။ တစ်ယောက်က အရမ်းကိုဇီဇာကြောင် ဂျီးများတတ်ပြီး တစ်ယောက်ကတော့ နည်းနည်းပေါ့ပေါ့ပါးပါးဆန်ဆန်ဖြတ်သန်းတဲ့လူနှစ်ယောက်ဖြစ်ပါတယ်။ နှစ်ယောက်ဟာ ကြီးဖွားပုံခြင်းလည်းလုံးဝမတူသလို ဝါသနာ၊ အပြုအမူ ဘာဆိုဘာမှမတူပါဘူး။ ကဲ သူတို့နှစ်ယောက်ရဲ့ ချစ်ဇာတ်လမ်းကဘယ်လိုဖြစ်သွားမလဲဆိုတာကြည့်လိုက်ကြပါ။
...

The 51st State (2001) ⭐TMDB: 61% User Score 🎬 #Action #Comedy #Crime #Thriller 🗓 2001 🎞 movie 🌎 #Canada #UnitedKingdom ⏰ 1 နာရီ 33 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb – 6.3 မားသားဖာ့ကာကြီး Samuel L. Jackson ကိုယ်တိုင် ဓာတု‌ဗေဒပညာရှင်တယောက်အနေနဲ့ ဝင် cook ပေးထားတဲ့ 2001 ထွက် မှုခင်းဟာသရုပ်ရှင်ကားကောင်းတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အယ်မို မက်ကယ်ရွိုင် (Samuel L. Jackson) ဟာ ကျွမ်းကျင် အမေရိကန်ဓာတုပညာရှင်တစ်ယောက်ဖြစ်ပြီး ဘွဲ့ရလာတဲ့နေ့မှာတင် ဆေးခြောက်မှုနဲ့အဖမ်းခံလိုက်ရလို့ မူးယစ်ဆေးချက်ပညာရှင်ဖြစ်သွားခဲ့ပါတယ်။ နောက်အနှစ် ၃၀ အကြာမှာတော့ အယ်မိုက ပီအိုအက်စ် ၅၁ လို့ခေါ်ပြီး သမိုင်းမှာရှိခဲ့ဖူးသမျှ မူးယစ်ဆေးအားလုံးထပ် ၅၁ ဆ ပိုပြင်းတဲ့ဆေးကို ချက်နိုင်ခဲ့တဲ့အပြင် ဆေးဖော်မြူလာကိုလည်း ဒေါ်လာ သန်း ၂၀ နဲ့ ရောင်းဖို့ဖြစ်လာခဲ့ပါတယ်။ ဒီဖော်မြူလာကို လီဗာပူးလ်မြို့က မူးယစ်ကုန်သည် ဒူးရန့်နဲ့ အရောင်းအဝယ်လုပ်ဖို့ သဘောတူထားပေမဲ့လည်း အမေရိကန်မှာ အယ်မိုလုပ်လာတဲ့အရှုပ်တွေက သူ့ရဲ့အရောင်းအဝယ်ကို ဝင်နှောက်ယှက်လို့ပျက်သွားပြီး အယ်မိုတယောက် ဒူးရန့်နဲ့ တပည့် ဖီးလစ်နဲ့ လီဗာပူးလ်မြို့မှာ ပိတ်မိသွားခဲ့ပါတယ်။ ဒေါ်လာ သန်း ၂၀ ပိုက်ပြီး အေးဆေးနေချင်တဲ့ အယ်မိုတယောက် သူ့ရဲ့ ပီအိုအက်စ် ၅၁ ဖော်မြူလာကို ရောင်းချဖို့လုပ်ရင်း ဖီးလစ်နဲ့အတူ အခက်အခဲပေါင်းစုံဖြတ်‌ကျော်ကြတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ စကားအသုံးအနှုံးအကြမ်းစားတွေအပြင် သွေးထွက်သံယိုပြကွက်တွေပါ ပါဝင်တာမလို့ အသက် 18 အောက်ကလေးတွေမကြည့်ရှုသင့်ပါဘူး။
...

Return (2007) ⭐TMDB: 65% User Score 🎬 #Medical #Mystery #Thriller #Drama 🗓 2007 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 51 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Return (2007)*************ဒီတစ်ခါတော့ CM ပရိသတ်ကြီးကို နာမည်ကြီး ဝါရင့်သရုပ်ဆောင်တွေ ပါဝင်ထားတဲ့Psychopath serial killer ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် .. ဇာတ်လမ်းအကျဉ်း*************1980 ခုနှစ်လောက်မှာ ဆန်းအူဆိုတဲ့ အသက် ၉ နှစ်အရွယ် ကောင်လေးကနှလုံးခွဲစိတ်မှုခံယူနေစဥ် သတိပြန်လည်လာတာကြောင့် မိမိကို ခွဲစိတ်နေသည်ကို အတိုင်းသား သိရှိခဲ့ရပြီးခွဲစိတ်မှုရဲ့ နာကျင်မှုဝေဒနာကြောင့် ပြင်းထန်သော စိတ်ဝေဒနာကို ခံစားလာရပါတယ်။ဒါပေမဲ့ သူပြောတာကို ဘယ်သူမှ မယုံကြည်ကြပါဘူး။ အဲဒီလိုနဲ့ ခွဲစိတ်မှုအပြီးမှာပဲ အသက် ၁၀ နှစ်အရွယ် မိန်းကလေးကို ရက်ရက်စက်စက်သတ်ပစ်ခဲ့လိုက်ပါတယ်။ ဒါပေမဲ့ အသက်ငယ်သေးတဲ့အတွက် စိတ်ကျန်းမာရေးကုသမှုတွေပဲ သီးသန့်ထိန်းသိမ်းခံယူစေခဲ့လိုက်ပြီးသက်သာလာတဲ့နောက်မှာ ဒုတိယအခွင့်ရေးပေးတဲ့အနေနဲ့သာမန်ဘဝထဲကို ပြန်လည်ကျင်လည်ဖို လွတ်မြောက်လာပြီး ပျောက်ကွယ်သွားပါတော့တယ်။ ဒါပေမဲ့ ၂၅ နှစ်ကြာပြီးနောက်မှာ ဆန်းအူရဲ့ ခွဲစိတ်မှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့ ဆရာဝန်တွေနဲ့ မိသားစုဝင်တွေတစ်ယောက်ပြီး တစ်ယောက် လျှိဝှက်ဆန်းကြယ်စွာ သေဆုံးသွားပါတော့တယ်။ သူ့ကို ခွဲစိတ်ကုသခဲ့ပေးခဲ့တဲ့ ဆရာဝန်ကြီးရဲ့ သားဖြစ်သူ ရူဂျယ်အူကိုလည်းသူ့လိုပဲ ခံစားစေရဖိုအတွက် နာမည်ပြောင်းကာ သူ့ကိုယ်သူ ဖုံးကွယ်ပြီးဂျယ်အူရဲ့ အနားကို အကွက်ချ စီစဥ်ပြီး ချည်းကပ်သွားပါတယ်။ တစ်ဖက်မှာလည်း ဂန်အုဟွမ်က အဖေဖြစ်သူ အသတ်ခံလိုက်ခဲ့ရတဲ့အပေါ် သဲလွန်စရပြီးလူသတ်သမားကို ဖမ်းဖို အမေရိကားကနေ ကိုရီးယားကို ပြန်လာခဲ့ပါတယ်။ ဂန်အုဟွမ်ရဲ့ အဖေကလည်း ခွဲစိတ်မှုမှာ ပါဝင်ခဲ့တဲ့ ဆရာဝန်ပါ။ လူသတ်သမားက ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်အဖြစ် အနားကို ချဥ်းကပ်လာတဲ့အပေါ် ရူဂျယ်အူက ကိုယ့်ကိုယ်ကိုယ်နဲ့ သူ့ရဲ့မိသားစုကို ကာကွယ်နိုင်ပါ့မလား။ ဂန်အုဟွမ်ကရော လူသတ်သမားကို ဖမ်းနိုင်ပါ့မလား။ ဆန်းအူကလည်း အဆုံးထိ လှည့်စားပြီး လက်စားချေနိုင်သွားမလားဆိုတာကို သည်းထိပ်ရင်ဖိုစွာ ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ် .. အညွှန်းကို Htoo Htoo Aung မှ ရေးသားပေးထားပါတယ်
...

Last Straw (2023) ⭐IMDB: 5.3/10 (703 Votes) 🎬 #Horror #Thriller #Drama 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 23 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2023 မှာထွက်ရှိထားပြီး Jessica Belkin , Taylor Kowalski , Jeremy Sisto တို့ပါဝင်သရုပ်ထားပြီးတော့ ဒါရိုက်တာ Alan Scott Neal ကရိုက်ကူးထားပါတယ်….. စားသောက်ဆိုင်ငယ်လေးရဲ့ မန်နေဂျာဖြစ်သူ Nancy တစ်ယောက် သူ့အဖေအပြင်သွားတဲ့အတွက် ညဆိုင်းဆင်းရမဲ့ညမှာ အတူဆင်းရမဲ့ ဝန်ထမ်းဖြစ်သူ Jake နဲ့ပြဿနတက်လို့ Jake ကိုအလုပ်ထုတ်လိုက်ရာ ညဆိုင်းကို တစ်ယောက်တည်းဆင်းရပါတော့တယ်။ ကံမကောင်းစွာနဲ့ပဲ နေ့ခင်းတုန်းက စားသောက်ဆိုင်မှာ ပြဿနာလာရှာထားကြတဲ့ ဆက်ကျော်သက်တစ်အုပ်က ညဖက်ဆိုင်မှာ နန်စီတစ်ယောက်တည်း ရှိနေတဲ့အချိန် လာနှောင့်ယှက်ကြတဲ့အခါ
...

Hounds of War (2024) ⭐IMDB: 4.6/10 (571 Votes) 🎬 #Action #Drama #Thriller 🗓 2024 🎞 movie 🌎 #Malta #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇာတ်ပို့အဖြစ်ကနေ ခေါင်းဆောင်မင်းသားအဖြစ်ကို အောင်မြင်စွာကူးပြောင်း လာခဲ့တဲ့ မင်းသားကြီး Frank Grillo ရဲ့အက်ရှင်ကားအသစ် Hounds Of War ကို တင်ဆက်ပေးလိုက်ပါတယ်။သူသရုပ်ဆောင်ထားတဲ့ကားဆိုတော့ အပစ်အခတ်တွေနဲ့ ကြမ်းတမ်းတဲ့အက်ရှင်တွေကိုတွေ့ရမယ်ဆိုတာတော့ တန်းသိကြမှာပါ။ ဇာတ်လမ်းဇာတ်ကွက်တွေကလည်း ကြည့်တာတောင်မကြာသေးဘူး ဟာခနဲဟင်ခနဲ ဖြစ်သွားစေမဲ့ဇာတ်လမ်းမျိုးဆိုတော့ အက်ရှင်ချစ်သူတွေကြည့်ရှုသင့်တဲ့ဇာတ်ကား တစ်ကားဖြစ်ပါတယ်။ ရိုက်ဒါကကြေးစားစစ်သားတစ်ယောက်ဖြစ်ပြီး အမေရိကန်အစိုးရရဲ့ လျှို့ဝှက် လုပ်ကြံရေးစစ်ဆင်ရေးတွေကိုလုပ်ခဲ့တဲ့ အငြိမ်းစားယူထားသူတစ်ယောက်ဖြစ်ပါတယ်။ အငြိမ်းစားယူထားပေမဲ့လည်း အလုပ်ကမဖြစ်မနေ လှမ်းခေါ်တဲ့အပြင် တစ်ဖွဲ့တည်းသားချင်း ဖြစ်တဲ့ညီဖြစ်သူကပါခေါ်တော့ ရိုက်ဒါလည်းနောက်ဆုံးတစ်ခေါက်စစ်ဆင်ရေးထပ်လုပ် ခဲ့ပါတော့တယ်။ဒါပေမယ့် သစ္စာဖောက်ခံလိုက်ရပြီးသူ့ညီအပါအဝင်တစ်ဖွဲ့လုံး သေဆုံးခဲ့ရတဲ့ အခါမှာတော့ သစ္စာဖောက်ဖြစ်တဲ့သူတို့အထက်လူကြီးကိုပညာသားပါပါလက်စားချေဖို့ စီစဉ်ပုံတွေကိုစိတ်ဝင်စားစရာကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။
...

CID Ramachandran Retd SI (2024) ⭐IMDB: 7.4/10 (121 Votes) 🎬 #Bollywood #Crime #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 8 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 CID Ramachandran Retd.SI (2024) ပင်စင်စားရာမာချန်ဒရန် လေးတန်းအောင် ရုပ်ရှင်သမား တစ်ပတ်ရိုက်တာခံရတဲ့ Drishyamကားထဲရဲမြညွန့်ကြီးကိုအရမ်းထက်မြက်တဲ့ ဦးရဲကြီးအဖြစ်ပြန်တွေ့ရမယ့် ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါပြီ။ ရာမာချန်ဒရန်က သိပ်တော်တဲ့အရာရှိတစ်ယောက်၊ ရဲအလုပ်ကိုသိပ်မြတ်နိုးသလို တာဝန်ကိုသိပ်ချစ်တဲ့အမှန်တရားဘက်တော်သားရဲသားကြီးပေါ့။ တာဝန်ကိုဘယ်လောက်ချစ်လဲဆို ပင်စင်ယူလို့နှုတ်ဆက်ပွဲလုပ်တဲ့ညမှာတောင် ဂျူတီချိန် ၃ နာရီကျန်သေးတယ်ဆိုပြီးတရားခံသွားဖမ်းလို့ မိန်းမကပွားတာခံရတဲ့အထိပါပဲ။ ဒီလိုနဲ့ပဲ ပင်စင်ယူပြီး နောက်တစ်ရက်မှာ ဘုရားကျောင်းအလှူငွေပျောက်ဆုံးမှုနဲ့ဆက်စပ်ပြီးစုံစမ်းရဖို့ဖြစ်လာတော့ စုံထောက်ပိုးမသေသေးတဲ့ရာမာချန်ဒရန်တစ်ယောက် အတူလိုက်သွားပြီးစုံစမ်းရာကနေ သူသိပ်ချစ်တဲ့ ရဲယူနီဖောင်း ပြန်ဝတ်ရဖို့ဖြစ်လာတဲ့အခါ…. (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)
...

Chances Are, You and I (2024) ⭐IMDB: 8.4/10 (23 Votes) 🎬 #Drama #Romance 🗓 2024 🎞 movie 🌎 #Philippines ⏰ 2 နာရီ 13 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Chances Are, You and I (2024) IMDb Rating (8.4) Sol Sikat ဟာဦးနှောက်ထဲမှာအကျိတ်တည်နေတဲ့ဝေဒနာကိုခံစားနေရပြီး လောကကြီးကိုစိတ်ကုန်အရွဲ့တိုက်နေတဲ့လူငယ်တစ်ယောက်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်က မတော်တဆမှုတစ်ခုမှာ သူ့မိခင်ကိုဆုံးရှုံးခဲ့ရပြီး ဖခင်ဖြစ်သူကလည်းသူ့မိသားစုအသစ်နဲ့နိုင်ငံခြားမှာပျော်ရွှင်နေပြီဖြစ်တဲ့အတွက် သူ့အတွက်အသက်ဆက်ရှင်စရာအကြောင်းပြချက်မရှိတော့ဘူးလို့ယူဆထားတာဖြစ်ပါတယ်။ Gabi Sinag ဆိုတဲ့ကောင်မလေးကလည်း သူနဲ့ထပ်တူဝေဒနာမျိုးခံစားနေရတဲ့သူဖြစ်ပြီး သူ့လိုပဲ မတော်တဆမှုတစ်ခုမှာမိခင်ရောဖခင်ကိုပါဆုံးရှုံးခဲ့ရသူလည်းဖြစ်ပါတယ်။ဒါပေမယ့် သူနဲ့ဆန့်ကျင်စွာ လောကကြီးကိုအကောင်းမြင် လူတွေကိုအကူအညီပေးတတ်ပျော်ပျော်နေတတ်တဲ့သူတစ်ယောက်ပါ။ တစ်နေ့မှာတော့ သူတို့နှစ်ယောက် အတူဆုံဖြစ်ခဲ့ပြီး ရင်းနှီးမှုရလာ လောကကြီးအပေါ် ခံစားချက်တွေ အတွေးအမြင်တွေရင်ဖွင့်ဖလှယ်ရင်းကနေခရီးရှည်တစ်ခုထွက်ဖြစ်ခဲ့ပြီးဘ၀ရဲ့အပြောင်းအလဲတွေကို ရင်ဆိုင်တွေ့ကြုံရဖို့ဖြစ်လာပါတော့တယ်။ နာမည်ကျော်တက်သစ်စနှစ်ယောက်ဖြစ်တဲ့ Kelvin Miranda နဲ့ Kira Balinger တို့ခေါင်းဆောင်ပါဝင်ထားတဲ့ ဒီဇာတ်ကားဟာပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့်Netflix ထုတ် ဖိလစ်ပိုင် romance/drama ဇာတ်ကားကောင်းလေးတစ်ကားပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ပဲဖြစ်ပါတယ်)
...

Our Beautiful Summer Part1 (2024) ⭐- 🎬 #Drama #Youth #Romance 🗓 2024 🎞 tv mini series 🌎 #SouthKorea ⏰ 1 နာရီ 8 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Our Beautiful Summer Part1 (2024) *********************************** CM ပရိသတ်ကြီးတို့အတွက် The Player 2 ထဲမှ Jang Gyu Ri နဲ့အတူ Yoo Young Jae၊ Son Sang Yeon၊ Kim Min Ki နဲ့ Kim So Hye တို့ အဓိကပါဝင်ထားတဲ့ ကျောင်းသားကားလေးမလို့ ချိုချိုမြိန်မြိန် ကျောင်းသားကားလေးတွေကို မျှော်နေတဲ့သူတွေအတွက် အကြိုက်ဖြစ်စေမှာ အသေအချာပါပဲ။ Part 1, Part 2 ဆိုပြီး ၂ပိုင်းထွက်ရှိထားပြီး Part 1 လေး အရင်တင်ပေးလိုက်ပါတယ်နော်။ ဇာတ်လမ်းအညွှန်း- လေးမြွှာပူးဖြစ်ကြတဲ့ အာရွန်း၊ ဒါအွန်း၊ အူရီတို့က အငယ်ဆုံးညီမလေး နာရာကို ဆုံးရှုံးလိုက်ရပြီးနောက် ညီအစ်ကို သုံးယောက်တည်း အထီးကျန်နွေရက်တွေကို ဖြတ်သန်းနေကြရပါတယ်။ သိပ်မကြာခင်မှာပဲ သူတို့ရဲ့ ပတ်ဝန်းကျင်ကို ယောရွန်းဆိုတဲ့ ထူးဆန်းတဲ့ကောင်မလေးတစ်ယောက် ပြောင်းရွေ့လာခဲ့ပြီး အဲဒီနောက်မှာတော့ အေးစက်နေတဲ့ သူတို့ရဲ့ဘဝတွေက ပြန်လည်လှုပ်ရှားလာပါတော့တယ်။ ယောရွန်းဟာလည်း သူမရဲ့ ဘဝအချိုးအကွေ့တစ်ခုမှာ ဖြစ်ရပ်ဆိုးကြီး ကြုံတွေ့ခဲ့ရပြီး စိတ်ဒဏ်ရာရနေသူတစ်ဦးပါ။ သူတို့လေးယောက် ဆုံတွေ့ပြီး ဘယ်လိုတွေပြောင်းလဲလာကြမလဲ..။ ပူပူလောင်လောင် နွေရက်တွေမှာ အေးစက်နေကြတဲ့ သူတို့ရဲ့ နှလုံးသားတွေကို တစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုမျိုး အနွေးဓါတ်ဖြစ်ပေးရင်း ပျောက်ဆုံးနေတဲ့နွေရာသီကို ဘယ်လိုပြန်လည်ရှာဖွေကြမလဲဆိုတာ ကြည်နူးခံစားရင်း ကြည့်ရူရမဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ (ဇာတ်လမ်းအကျဉ်းကို KhinNi မှ ရေးသားပေးထားပါတယ်။)
...

Dopamine at 2:22 (2023) ⭐IMDB: 7.5/10 (10 Votes) 🎬 #Bollywood #Comedy #Crime #Drama #Thriller 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 32 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Dopamine at 2:22 (2023) ” ဒိုပါမင်း (၂:၂၂)”IMDb – 7.1/10 ဒီရုပ်ရှင်မှာ မတူညီတဲ့လူနေမှုဘ၀တွေနဲ့ လူခြောက်ယောက်ရဲ့ဘ၀တွေကိုအလှည့်ကျရိုက်ကူးတင်ဆက်ထားတာ မြင်တွေ့ရမှာပါ။ကျွန်တော်တို့ကမ္ဘာကြီးက သဘာ၀တရားကြီးနဲ့အတူ ယဉ်ကျေးမှုတွေဖွံ့ဖြိုးတိုးတက်လာခဲ့တယ်။ဖွံ့ဖြိုးလာတာနဲ့အမျှ မော်ဒန်ကမ္ဘာကြီးရယ်လို့ဖြစ်လာခဲ့တယ်။မော်ဒန်ကမ္ဘာကြီးမှာ ဘာဖြစ်လာလဲဆိုတော့ ဆိုရှယ်မီဒီယာရဲ့လွှမ်းမိုးမှုကို ခံရမှန်းမသိခံရင်းနစ်မြုပ်တိုးဝင်နေကြလေရဲ့။ ရုပ်ရှင်နာမည်မှာပါတဲ့ ဒိုပါမင်းဆိုတာဘာလဲ။ဒိုပါမင်းဆိုတာကျွန်တော်တို့ဦးနှောက်တွေထဲမှာ လျှို့ဝှက်ထားတဲ့အရာတစ်ခုပေါ့။ကိုယ်တိုင်စူးစိုက်အာရုံနှစ်မြုပ်ပြီး လုပ်နေတဲ့အရာတစ်ခု အောင်မြင်သွားပြီးအသိအမှတ်ပြုခံရတဲ့အခါတွေမှာဦးနှောက်ကနေ ဆုလာဘ်အနေနဲ့ထုတ်ပေးလိုက်တဲ့အရာလို့ပဲ ဆိုကြပါစို့။ ဒီတော့ အဲဒီအလုပ်ကိုထပ်ခါထပ်ခါနဲ့ လုပ်ချင်နေတဲ့စိတ်အောင်မြင်ချင်နေတဲ့စိတ် ဖြစ်ပေါ်စေတဲ့အရာ။အဲဒီအရာက ဒိုပါမင်းပေါ့။ဒီရုပ်ရှင်မှာတော့ အဲဒီဒိုပါမင်းက နှစ်နာရီနှစ်ဆယ့်နှစ်မိနစ်အတိမှာ လူသတ်မှုဖြစ်ပေါ်စေမဲ့အရာဖြစ်လို့နေပါတော့တယ်။မတူညီတဲ့ဇာတ်ကောင်တွေကို ချိတ်ဆက်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်အလှည့်အပြောင်းတွေကိုကြည့်ရှုရမှာမို့အားပေးကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)
...

Enchanted Kingdom (2014) ⭐IMDB: 7.5/10 (834 Votes) 🎬 #Documentary 🗓 2014 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 27 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မြို့ပြနေထိုင်မှုကို ငြီးငွေ့နေပြီလား? ကျွန်တော်တို့ဟာ နေ့စဉ်တာဝန်တွေကို ထမ်းဆောင်နေရင်း ဒီတာဝန်တွေကိုပဲ အာရုံစိုက်နေရတဲ့အတွက် စိတ်ပင်ပန်း နွယ်နယ်ရကြပါတယ်။ ဒီလိုအချိန်တွေမှာ စိတ်ပြေလက်ပျောက် သဘာဝတရားကြီးကို ခံစားကြည့်ရှုနိုင်ဖို့ ဇာတ်ကားလေးကို တင်ဆက်ပေးပါရစေ။ Enchanted Kingdom ဒီဇာတ်ကားလေးမှာတော့ အာဖရိကမှာ ရှိနေတဲ့ တောရိုင်းတိရစ္ဆာန်တွေရဲ့ ရုန်းကန်ပုံတွေ သဘာဝတရားရဲ့ အလှတွေကို စိတ်ပြေလက်ပျောက်ခံစားရင်း နေ့စဉ်ဘဝရဲ့ ပင်ပန်းမှုတွေကို မေ့ပျောက်နိုင်မှာပါ။
...

The Mask of Shura of Fire Cloud (2020) ⭐IMDB: 5.5/10 (148 Votes) 🎬 #Action #Comedy #Fantasy 🗓 2020 🎞 movie 🌎 #China ⏰ 1 နာရီ 13 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်မှာတော့ကိုယ်ခံပညာအသားပေးကားလေး ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…ဇာတ်လမ်းလေးကတော့ တော်လှန်ရေးခေတ်အပြီးကာလကို အခြေခံထားပြီး…သဘာဝလွန်ဇာတ်ကားလေးလို့ ဆိုရမှာပေါ့…ဖီးနစ်ငှက်ရဲ့ မီးတောက်အတွင်းအား အကူအညီနဲ့ ဘဘာဝလွန်စွမ်းအားတွေနဲ့မြို့ကို ကာကွယ်ဖို့ မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်း တာဝန်ယူခဲ့တဲ့ လော့ရှားမိသားစုရယ်…ရှူရာမျက်နှာဖုံးဆိုတဲ့ လောကကို ဖျက်စီးဖို့ ကြိုးစားတဲ့ မိစ္ဆာကို ပိတ်လှောင်ထားတဲ့ မျက်နှာဖုံးရယ်… ကိုယ်ခံပညာထက်မြက်ပြီး နေရာတိုင်းမှာ သူရဲကောင်းလုပ်ချင်နေတဲ့ကိုယ့်ကိုယ်ကို မီးတောက်မိစ္ဆာလေးလို့ ခေါ်နေတဲ့ လော့ရှားမိသားစုက သခင်လေးရယ်… မီးတောက်မိစ္ဆာလေးက နာမည်နဲ့လိုက်အောင် မီးအတွင်းအား ထက်မြက်ပြီးမြို့ထဲမှာ ကာကွယ်စရိတ်တောင်းနေတဲ့ လူရမ်းကားအဖွဲ့ကို အမြဲ ပြည်သူတွေရှေ့ကနေ ကာကွယ်တတ်တယ်…ဒါပေမယ့် ရန်ကို ရန်နဲ့ တုံ့ပြန်တတ်တာလေးက အားနည်းချက်လိုဖြစ်နေတာ…သူ့ညီလေးကတော့ သူနဲ့မတူဘူး ရိုးရိုးအေးအေးနဲ့ ကိုယ်ခံပညာလည်း သူ့လောက် မတတ်ဘူး…ဒါပေမယ့် တစ်သက်လုံး ကာကွယ်ပေးမယ့် အစ်ကိုကြီးရှိနေတော့ သူစိတ်ပူဖို့မလိုပါဘူး… ဒီလိုနဲ့ ညီအစ်ကို ၂ ယောက် တစ်သက်လုံး အတူချစ်ခင်နိုင်မယ်ထင်ပေမယ့်…တစ်နေ့မှာ သူတို့ လော့ရှားအိမ်တော်ကို ခိုးဝင်လာပြီး ရှူရာမျက်နှာဖုံးကို လာခိုးဖို့ကြံတဲ့ အဖွဲ့ကြောင့်မီးတောက်မိစ္ဆာလေးက ရှူရာမျက်နှာဖုံးရဲ့ စွမ်းအားကို အကူအညီတောင်းခဲ့ပြီး အသိစိတ်လွတ်သွားခဲ့တယ်… အသိစိတ်ပြန်လည်လာချိန်မှာတော့ သူကာကွယ်ခဲ့တဲ့ မြို့လေးကို ဖျက်စီးသူကသူဖြစ်နေတယ်…ဒီကိစ္စကြောင့်ပဲ သူလည်း လော့ရှားမိသားစုက နှင်ထုတ်ခံခဲ့ရတယ်… ကဲ လော့ရှားမိသားစုက ဘာဆက်ဖြစ်မှာလဲ…ရှူရာမျက်နှာဖုံးကိုရော ဖျက်စီးနိုင်မှာလား…ဒီမြို့လေးကိုရော ဆက်ပြီး ကာကွယ်ပေးနိင်မှာလား
...

Love Without End (1961) ⭐TMDB: 66% User Score 🎬 #Romance #Drama 🗓 1961 🎞 movie 🌎 #HongKong ⏰ 1 နာရီ 58 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တော်တော်လည်းဟောင်းနေတဲ့ ဟောင်ကောင်ကားပါ။ ရှားရှားပါးပါးကြည့်ရတာလို့တောင် ပြောရမယ်။ ထူးထူးခြားခြားတော့ မရှိလှတဲ့ ချစ်ခြင်းမေတ္တာတစ်ခုသက်သက်ကိုပဲ ဖော်ကျူးထားတဲ့ရုပ်ရှင်ပေမဲ့ အဖြူအမည်းနဲ့ ရှေးသရုပ်ဆောင်တွေနဲ့ ရှေးကားတစ်ကားရဲ့ ဇာတ်အိမ်မျိုးနဲ့။ ရှေးတော်တော်ကျတဲ့ အာရှရုပ်ရှင်ဟောင်းတစ်ခုကို ကြည့်ရတဲ့အရသာကတော့ ထူးတယ်လို့ပြောရမယ်။ ဒီကားက ရှေးတုန်းက မြန်မာကားတွေကို ကြည့်ရတဲ့အရသာနဲ့တောင် ခပ်ဆင်ဆင်တူလိမ့်မယ်။ ဒါပေမဲ့ ကြည်ကြည်လင်လင်တော့ ကြည့်ရတာပေါ့။ ဇာတ်လမ်းတည်ဆောက်ပုံတို့ဘာတို့ကတော့ ချက်ကော့ရဲ့ သေနတ်ကို ပစ်ကိုပစ်ရမယ်ဆိုတဲ့ အယူအတိုင်းပဲ သွားထားတယ်။ ဒီလိုမသွားလိုက်ရင်တော့ ဒီရုပ်ရှင်က မတူတဲ့အရသာတစ်ခုတော့ ပေးနိုင်မှာပဲ။ အခုဇာတ်လမ်းကတော့ အချစ်ဆိုတဲ့ အသိရအခက်ဆုံးအရာကို သစ္စာတရားတွေနဲ့ အနစ်နာခံခြင်းတွေနဲ့သက်သက် ဖော်ကျူးသွားတယ်။ ဒါပေမဲ့လည်း အချစ်နဲ့စစ်ကပဲ ကဗျာတွေစလာခဲ့သလို အချစ်နဲ့စစ်ကပဲ ရုပ်ရှင်တွေစလာခဲ့သလို အကြောင်းအရာပေါင်းစုံဆီ မစီးကူးသွားသေးခင် ကျော်ဖြတ်ရတဲ့ကာလတစ်ခုရဲ့ ခေတ်အခါပေါ့။ ဒီလိုပုံစံနဲ့ ယုံကြည်ခဲ့ကြတဲ့အချစ်တွေဆီကနေ ပိုနားလည်လာရင်း ပိုအသိရခက်လာရင်းဖြစ်လာတဲ့အရာဆိုတာကို တင်ပြလာကြတဲ့ အချိန်တစ်ခုမရောက်လာခင် ကျော်ဖြတ်ခဲ့ရတဲ့ မှတ်တိုင်တစ်ခုပေါ့။
...

The physical compatibility with part-time convenience store worker-Ema Yano (START-117-Decensored) ⭐- 🎬 #Adult 🗓 - 🎞 movie 🌎 #Japan ⏰ 2 နာရီ 12 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ema Yano သို့မဟုတ် Aima Yano က JAV လောကထဲ ဝင်လာတာ မကြာသေးပါဘူး ကားရိုက်လဲ နည်းပါသေးတယ်… ချစ်စရာကောင်းတဲ့အပြုံးလေးတွေနဲ့ ပြည့်ပြည့်တင်းတင်းလူပုံစံလေးနဲ့ သဘောကောင်းတဲ့ဟန်ပန်မူရာလေးကြောင့် အားပေးကြရမယ့် မင်းသမီးတစ်လက်ပါပဲ။ START-117-Decensored ဒီဇာတ်လမ်းထဲမှာတော့ စတိုးဆိုင်က လုပ်ဖော်ကိုင်ဖက်ကောင်လေးနဲ့ သံယောဇဉ်တွယ်ပြီး အချစ်ကြီးတဲ့သဘောကောင်းသူလေးအဖြစ်မြင်တွေ့ရမှာပါ။ JAV ဆိုတာ အာသာပြေစိတ်ကူးယဉ်ဇာတ်လမ်းတွေမလို့  ဒီတိုင်းထွက်ပေါက်တစ်ခုအနေနဲ့ပဲ ခံစားမယ်ဆို အဆင်ပြေပါတယ်။ (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။
...

4th Republic (2019) ⭐IMDB: 6.5/10 (59 Votes) 🎬 #Thriller #Drama #Crime 🗓 2019 🎞 movie 🌎 #Nigeria ⏰ 2 နာရီ 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အခုတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Nigeria နိုင်ငံရေး thriller ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာဆိုရင် Mabel King လို့ခေါ်တဲ့ အမျိုးသမီး နိုင်ငံရေး ခေါင်းဆောင်ဟာ အကြမ်းဖက်ခံ အခြိမ်းခြောက်ခံ အကျင့်ပျက်ချစားခံရပြီးတော့ ရွေးကောက်ပွဲကို ရှုံးသွားခဲ့ပါတယ်။ ဒီလို မတော်မတရား ရှုံးနိမ့်မှုကို လက်မခံနိုင်တဲ့ Mabel King ဟာ တရားခွင်ဝင်ပြီးတော့ ပြန်လည်တိုက်ခိုက်ပါတော့တယ်။ လာဘ်ပေး‌ လာဘ်ယူမှုတွေ သစ္စာဖောက်မှုတွေ ကို ကြံ့ကြံ့ခံပြီး တရားခွင်မှာ ကြာလာတာနဲ့ အမျှ လျှို့ဝှက်ချက်တွေ ပေါ်ပေါက်လာပါတော့တယ်။ Mabel King ရဲ့တိုက်ပွဲဟာ အာဏာအတွက်တင်မကပဲ နိုင်ငံရဲ့ စစ်မှန်တဲ့ Democracy ရေးအတွက်ပါ ဖြစ်လာပါတော့တယ်။ ဒီဇာတ်လမ်းဟာ လူကြီးမင်းတို့ကို အတွေးအမြင်အသစ်တွေ ပေးပြီးတော့ Nigeria ရဲ့ နိုင်ငံရေးတွေ၊ တရားမျှတမှု၊ ကျားမ ခွဲခြားမှုနှင့် ယိုယွင်းနေတဲ့ စနစ်ကြီးအကြောင်းကို တင်ဆက်ပြသပေးသွားမှာပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ Nigeria နိုင်ငံရဲ့ ခက်ခဲခဲ့တဲ့ Democracy လမ်းကြောင်းကို မီးမောင်းထိုးရိုက်ပြထားတာဖြစ်လို့ ကြည့်ရတန်စေမှာပါ ခင်ဗျာ။
...

Kaluskos (2022) ⭐IMDB: 4.6/10 (171 Votes) 🎬 #Drama #Horror #Thriller 🗓 2022 🎞 movie 🌎 #Philippines ⏰ 1 နာရီ 44 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kaluskos (2023) နည်းနည်းထူးခြားတဲ့ ဖိလစ်ပိုင်ဟော်ရာကားလို့ပြောရမယ်။ ပုံမှန်မြင်နေကျ တစ္ဆေတွေ လူသတ်သမားတွေမဟုတ်တဲ့ အရာတစ်ခုကိုသုံးပြီး စိတ်ညစ်စရာကောင်းအောင် ရိုက်ပြထားတယ်။ ဇာတ်ကတော့ ရေဘတ်ကာဆိုတဲ့အမျိုးသမီးက သူ့ယောက်ျားဟောင်းနဲ့ ကလေးအုပ်ထိန်းခွင့်အတွက် တရားတဘောင်ရင်ဆိုင်ဖို့ ပြင်တာကနေ စတာပေါ့။ နှစ်ယောက်စလုံးက လိုအပ်ချက်တွေရှိနေတော့ တရားခွင်မဝင်ခင် ဒီအမှုကိုဖြတ်ပစ်ဖို့ ဘယ်လိုမှညှိမရနေခဲ့ဘူး။ ဒီလိုနဲ့ ကလေးက ပိတ်ရက်တွေအဖေဆီ ကြားရက်တွေအမေဆီ တစ်လှည့်စီနေခဲ့ရတယ်။ တစ်နေ့ ကလေးက သူ့အဖေဆီရောက်သွားတယ်လို့ သူထင်ပေမဲ့ သူ့အမေက အိမ်မှာ သူ့သမီးရှိနေသေးတော့ အံ့ဩသွားခဲ့တယ်။ ရှာဖတ်ကြည့်တော့ လူတစ်ယောက်သေခါနီးရင် သူ့နေရာကို အဲဒီလူနဲ့တစ်ပုံစံတည်းတူတဲ့ လူတူက အစားဝင်လာပြီး ခဏနေရာယူတတ်တယ်တဲ့။ ဒီလိုနဲ့ ရေဘတ်ကာက သူ့သမီးနဲ့လူတူ ဘယ်ဟာကအတု ဘယ်ဟာကအစစ် မသိနိုင်တော့ဘဲ ဘာတွေဆက်ဖြစ်မလဲ ကြည့်ကြရမယ့် Horrorကားပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ပဲဖြစ်ပါတယ်)
...

I'm From the Mountains (2024) ⭐TMDB: 0% User Score 🎬 #Drama 🗓 2024 🎞 Series 🌎 #China ⏰ 1 နာရီ 42 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တန်းနစ်အားကစားကို “တော်ဝင်အားကစား” လို့ ခေါ်ကြပြီး လူချမ်းသာတွေသာထိတွေ့လို့ရတဲ့ အားကစားလို့ ပြောကြပါတယ်။ ဒါပေမဲ့ ဒီလိုအပြောမျိုးကမှားနေကြောင်းကို တရုတ်နိုင်ငံတောတောင်ထဲကဝ လူမျိုး ပလိုင်းလွယ်တဲ့ လူငယ်လေးတွေက သက်သေပြခဲ့ပါတယ်။ ငယ်စဉ်က အားကစားကျောင်းက ထွက်လာခဲ့ပြီး အခွင့်အရေးမရတာကြောင့်မိသားစု စားဝတ်နေရေးအတွက် အားကစားအိပ်မက်ကို လက်လျှော့ခဲ့ပြီးကုန်ကားမောင်းနေတဲ့ နည်းပြကျန်းရှောင်ဟုန်ဟာ တပည့်ဖြစ်သူစွန်းချန်ကိုချန်ပီယံဖြစ်အောင် လေ့ကျင့်ပေးခဲ့ပေမဲ့ သစ္စာဖောက်ခြင်းကို ခံခဲ့ရပါတယ်။ အဲဒါကို မကျေနပ်တဲ့ နည်းပြကျန်းဟာ ယူနန်တောင်ထဲကသွက်လက်တဲ့ ကလေးတွေကို တန်းနစ်ကစားသမားဖြစ်အောင် ပျိုးထောင်ပေးခဲ့ပါတယ်။နည်းပြကျန်းနဲ့ ကလေး ၄ ယောက် တန်းနစ်အားကစားကိုကစားရဖို့အတွက် ဘယ်လို အခက်အခဲတွေ အထင်သေးခံရမှုတွေနဲ့ ကြုံတွေ့ရမလဲ ……တောတောင်ထဲက ကလေးတွေက သာမန်လူတွေထက်ဘယ်လောက် ကြိုးစားအားထုတ်မှုတွေ လုပ်ရသလဲ……ဆိုတာကို ဖြစ်ရပ်မှန်ရိုက်ကူးထားတာ ဖြစ်တဲ့အတွက် ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။
...