es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Canal cerrado

🚩 Channel was restricted by Telegram

Mostrar más
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
Runs in the Family (2023) ⭐IMDB: 6.4/10 (121 Votes) 🎬 #Adventure #Comedy #Drama 🗓 2023 🎞 movie 🌎 #SouthAfrica #Swaziland ⏰ 1 နာရီ 48 မိနစ် 7 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီမိသားစု ဒရာမာရုပ်ရှင်လေးက IMDb 6.4 အထိရရှိထားပါတယ်။ ဗာရွန်ဆိုတဲ့ အိန္ဒိယအမျိုးသားကြီးတစ်ယောက်မှာ ရေးဗားလို့ခေါ်တဲ့ Transgender သားတစ်ယောက်ရှိပါတယ်။ ရေးဗားက ၊အမျိုးသမီးအဖြစ်ကနေ အမျိုးသားအဖြစ်ကို ပြောင်းလဲထားတာပါ။ ရေးဗားရဲ့အမေဟာ ရေးဗားကိုမွေးမွေးပြီးချင်း တစ်နှစ်အတွင်းမှာပဲ ဗာရွန်နဲ့ ရေးဗားတို့ သားအဖနှစ်ဦးကို ပစ်ပယ်သွားခဲ့သူပါ။ တစ်ရက်မှာတော့ ‌ဒီအမျိုးသမီးဟာ ဗာရွန်ဆီကိုဆက်သွယ်လာပြီး သူမကို eSwatini လို့ခေါ်တဲ့ တောင်အာဖရိကက မြို့ငယ်လေးတစ်ခုက ပြန်လည်ထူထောင်ရေးဆေးခန်းမှာ လက်ရောက်ခေါ်ဆောင်ပေးဖို့ အကူအညီတောင်းလာပါတော့တယ်။ ဒီလိုနဲ့ ရည်းစားဟောင်းဖြစ်သူ ရေးဗားရဲ့အမေကို မမေ့နိုင်တဲ့ဗာရွန်ဟာ သားဖြစ်သူကိုရအောင်စည်းရုံးပြီး မိုင်ပေါင်းရာချီဝေးတဲ့ eSwatini မြို့ကို ဗန်ကားလေးနဲ့ သားအဖနှစ်ယောက် ခရီးထွက်ကြပါတော့တယ်။ ဒီရုပ်ရှင်လေးထဲမှာတော့ Transgender အဖြစ်ခံယူခဲ့တဲ့ သားဖြစ်သူ ရေးဗားအပေါ်ထားတဲ့ အိန္ဒိယလူမျိုးကြီး ဗာရွန်ရဲ့ နားလည်မှု၊ ဖေးမကူညီမှု၊ မိဘနဲ့သားသမီးအကြားက သံယောဇဉ် ချစ်ခြင်းတွေကိုရိုက်ပြထားတာဖြစ်လို့ ပေါ့ပေါ့ပါးပါးကြည့်ရှုသင့်တဲ့ရုပ်ရှင်လေးဖြစ်ပါတယ်။ (ရိုင်းစိုင်းတဲ့အသုံးအနှုန်းတချို့ပါ၀င်တာကိုသတိပြုပေးပါ)...

Monster (2023) ⭐IMDB: 8.0/10 (7 k Votes) 🎬 #Drama #Thriller 🗓 2023 🎞 movie 🌎 #Japan ⏰ 2 နာရီ 1 မိနစ် 57 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Monster (2023) ဆာအိုရီမုဂိနိုဟာ Single mother တစ်ဦးဖြစ်ပြီးမီနတိုမုဂိနို ဆိုတဲ့ သားလေးတစ်ယောက် ရှိပါတယ်။တစ်နေ့မှာတော့ ထူးဆန်းလာတဲ့ မီနတိုရဲ့အပြုအမူတွေကြောင့် ကျောင်းက မိခင်ဖြစ်သူ ဆာအိုရီ့ကို ခေါ်တွေ့ပါတော့တယ်။ မီနတို ထူးဆန်းလာရတဲ့အကြောင်းအရင်းကတော့ဟိုရှိခါဝယိုရီ ဆိုတဲ့ သူငယ်ချင်းကောင်လေးကြောင့်ပါ။ သူများနဲ့မတူဘဲ ထူးခြားနေပြီး အများက “မကောင်းဆိုးဝါး” လို့ ခေါ်ကြတဲ့ယိုရီကြောင့် မီနတိုတစ်ယောက် ဘယ်လို‌တွေ ထူးဆန်းလာခဲ့သလဲ။ဘာကြောင့်များ ယိုရီက သူများနဲ့မတူဘဲ ထူးခြားနေရတာလဲ။ဒီကလေးနှစ်ယောက်ရဲ့ အနာဂတ်က ဘယ်လိုဖြစ်မလဲ စတာတွေကိုစိတ်ဝင်တစားကြည့်ရှုရမယ့် ဂျပန်ဇာတ်ကားကောင်းလေးတစ်ကားပါပဲနော်။ အညွှန်းကိုတော့Hmweက ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့Hmwe & Khaingပဲ ဖြစ်ပါတယ်။...

Kidnap For Romance (2023) ⭐TMDB: 0.0% User Score 🎬 #Drama #Comedy 🗓 2023 🎞 movie 🌎 #Philippines ⏰ 1 နာရီ 55 မိနစ် 25 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Kidnap for Romance (2023)IMDb – 7.1/10 ပေါ့ပေါ့ပါးပါးနဲ့ စိတ်အပန်းဖြေစရာ အချစ်၊ ဟာသဖိလစ်ပိုင်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဖရက်ဒ်ဆိုတာ ဖိလစ်ပိုင်ရဲ့အချမ်းသားဆုံးသူဌေးကြီးတွေထဲက တစ်ဦးရဲ့ မြေး။သူသိတာပါတီပေးဖို့နဲ့ မိန်းမပွေဖို့။ တစ်ရက် အဘိုးဖြစ်သူက အိမ်ထောင်ပြုဖို့ပြောပြီးသူနောက်ဆုံးတွဲမဲ့မိန်းကလေးကို အတည်ယူဖို့နဲ့ မယူဘူးဆိုရင် သုံးစရာတစ်ပြားမှာမပေးတဲ့အပြင် အဆောင်အယောင်တွေအကုန်ပြန်သိမ်းမယ်လို့ အမိန့်ထုတ်ပါတော့တယ်။ အယ်လီနာကကျ ဘ၀ကို ခက်ခက်ခဲခဲရုံးကန်နေရတဲ့ မိန်းမပျိုလေးတစ်ဦး။မိခင်ဆေးစရိတ်အတွက် ကြုံတဲ့အလုပ်ကိုဝင်လုပ်ရင်း အဖေနဲ့မောင်ဖြစ်သူ ရှာတဲ့ဒုက္ခတွေကိုပါလိုက်ဖြေရှင်းနေရသူ။တစ်ရက်တော့ သူဌေးမြေးဖြစ်တဲ့ ဖရက်ဒ်ကို ပြန်ပေးဆွဲဖို့အစီအစဉ်ထဲမှာ ကြံရာပါဖြစ်လာပါတော့တယ်။ ဒီလိုကနေ သူတို့နှစ်ဦး ဘယ်လိုအလွဲလွဲ အကွဲကွဲတွေနဲ့ ဘယ်စခန်းဆက်ကြမလဲဆိုတာကြည့်ရှုခံစားကြပါဦးဗျ။ (အညွှန်းနဲ့ဘာသာပြန်ကတော့aungmo3hanဖြစ်ပါတယ်)...

Bride of Re-Animator (1990) ⭐TMDB: 65.0% User Score 🎬 #Comedy #Horror #SciFi #ScienceFiction 🗓 1990 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 57 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Bride of Re-Animator (1990) ~ IMDb – 6.2/10, Metacritic – 54% ~ ပထမRe-Animatorကားမှာ ဒေါက်တာ ဒန်တစ်ယောက် သူအချစ်ရဆုံးသူကို ပြန်အသက်သွင်းတဲ့နေရာမှာ အဆုံးသတ်ထားပါတယ်။ ပေါက်ကရတွေ အသက်သွင်းခဲ့ပေမဲ့ ဒေါက်တာဝက်စ်ရော ဒေါက်တာဒန်ရော ယခုထိ အပြစ်လွတ်ပြီး ဆေးရုံမှာ ဟန်မပျက် ဆေးဆက်ကုနေကြတုန်းပါ။ ဒါပေမဲ့ ဒေါက်တာ ဝက်စ်ရဲ့သုတေသန ရောဂါကတော့ အဆုံးမသတ်သွားပါဘူး။ ဒီတစ်ကြိမ်တော့ သူဟာ အစိတ်အပိုင်းတွေ အားလုံးကို တစ်ပြိုင်တည်း အသက်သွင်းမယ့် နည်းလမ်းကို စတင်စမ်းသပ်ဖို့ ကြံရွယ်ပါတော့တယ်။ ဒေါက်တာ ဒန်ကလည်း မကူညီချင်ပေမဲ့ သူ့ချစ်သူ မက်ခ်ရဲ့ နှလုံးကို ပြန်လည်နိုးထစေမယ်ဆိုပြီး ဖြားယောင်းထားတော့ တက်ကြွစွာ ပါဝင် အားဖြည့်ပြန်ပါတယ်။ ပထမကားမှာ အသက်ပြန်သွင်းတဲ့ ဖန်တီးမှုကို ခိုးချဖို့ ကြိုးစားခဲ့တဲ့ ဒေါက်တာကားလ်ကတော့ ခေါင်းပြတ်ဖြစ်နေပေမယ့် ဆေးအရှိန်ကြောင့် မပုပ်မသိုးဘဲ ဆက်လက်ရှိနေဆဲပါ။ ဒါကို ရှာတွေ့တဲ့ဆရာဝန်တစ်ယောက်က ဆေးရည်လက်ကျန်နဲ့ ထပ်စမ်းချိန်မှာတော့ ပြန်လည်နိုးထလာပြီး ဒေါက်တာဝက်စ်ကို လက်စားချေဖို့ တတ်စွမ်းသမျှ အကြံတွေ ထုတ်ပါတော့တယ်။ ကျောချမ်းစရာ ရွံစရာပြကွက်တွေနဲ့အတူ အသည်းတယားယား ကြည့်ရှုရမယ့် 90s vibe Horror ကားကောင်းလေးဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုThu Thuမှ ပြန်ဆို ရေးသားထားပါတယ်)...

House of Sand and Fog (2003) ⭐TMDB: 71.0% User Score 🎬 #Crime #Drama 🗓 2003 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 7 မိနစ် 29 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 House of Sand and Fog (2003) ~ IMDb – 7.5/10, RT – 74%, Meta – 71% ~ မြူတွေ သဲတွေကြားက အိမ်ကလေး တစ်လုံးမှာ ဖြစ်သွားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ မမ Jennifer Connelly နဲ့ Ben Kingsley တို့ပါဝင်သရုပ်ဆောင်ထားပြီး အော်စကာ ၃ ဆု ဆန်ခါတင်ပါဝင်ခဲ့ရုံတင်မက အခြားဆု ၁၃ ဆုကို ရရှိထားပါတယ်။ 1999 မှာ ထွက်ရှိထားတဲ့ Andre Dubus III ရဲ့ နာမည်တူ စာအုပ်ဖြစ်တဲ့ House of Sand and Fog ကို ရုပ်ရှင်အနေနဲ့ ပြန်လည်ရိုက်ကူးထားတာပါ။ Crime Drama အမျိုးအစားဖြစ်ပြီး ဇာတ်လမ်းက ရှင်းသလောက် တော်တော်လေးကို မအီမလည်နဲ့ မွန်းကြပ်သလိုခံစားချက်မျိုးပေးတဲ့ ဇာတ်ကားပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ယောက်ျားက ပစ်သွားတာခံရလို့ အဖေ့ဆီက အမွေရထားတဲ့အိမ်ထဲမှာ အိမ်တွင်းပုန်းပြီးနေနေတဲ့ ကတ်သီနစ်ကိုလိုရဲ့ အိမ်ကို အခွန်ရုံးကလူတွေက ပေးစရာမလိုတဲ့ အခွန်တွေကောက်ပြီး အခွန်မဆောင်တဲ့အတွက် သိမ်းလိုက်ပါတယ်။ သိမ်းထားတဲ့ အိမ်ကိုလေလံတင်လိုက်တဲ့အချိန် ဝယ်တဲ့သူက အစ္စရေးက စစ်ရာဇဝတ်သားတစ်ဖြစ်လဲ အမေရိကန်နိုင်ငံသားခံယူထားတဲ့ ကာနယ်တစ်ယောက်ပါ။ ငွေရှာဖို့လိုနေတဲ့ ကာနယ်က အိမ်ကို ဝယ်ပြီးပြီးချင်း ပြင်လိုက်ပြီး စျေးကိုလေးဆတင်ပြီးရောင်းဖို့လုပ်တယ်။ အဲဒီတော့ အခွန်ရုံးက အမှားဖြစ်တာသိပြီး အိမ်ကို ပြန်ဝယ်ဖို့လုပ်တဲ့အချိန်မှာ ကာနယ်က သူဝယ်ထားတဲ့စျေးနဲ့ လက်မလွှတ်နိုင်ပါဘူးဆိုပြီး ငြင်းတဲ့အချိန်မှာ ပြဿနာတွေဖြစ်ကြတော့တာပါပဲ။ တစ်ဖက်မှာက အဖေအမွေပေးထားတဲ့ အိမ်လေးကို အမြန်ဆုံးပြန်လိုချင်နေတဲ့ အမျိုးသမီးလေး၊ တစ်ဖက်မှာက အိမ်ကနေ အမြတ်ရမှ အဆင်ပြေနိုင်မဲ့ ရွှေ့ပြောင်းမိသားစုတစ်စု၊ အသုံးမကျတဲ့ အခွန်ဝန်ထမ်းတွေရဲ့ လက်ချက်နဲ့ နှစ်ဖက်စလုံးဒုက္ခများသွားတာကိုတွေ့ရမှာပါ။ မွန်းမွန်းကြပ်ကြပ် Crime Drama ဇာတ်ကားမျိုးကြိုက်တဲ့သူတွေ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို666မှ ပြန်ဆို ရေးသားထားပါတယ်)...

Vadhuvu (2023- ) ⭐IMDB: 8.0/10 (1 k Votes) 🎬 #Drama #Mystery #Thriller 🗓 2023- 🎞 tv series 🌎 #India ⏰ 21 မိနစ် 34 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Vadhuvu (2023)Vadhuvu (TV Series 2023) “သတို့သမီး” IMDb – 8.0/101920: Horrors of the Heart(2023) ဟော်ရာကားထဲက မင်းသမီးချောလေး အေဗီကာဂေါ်ရ် အဓိကပါဝင်ထားပြီး Hotstar Specialကနေ အပိုင်း၇ခုနဲ့ ထုတ်လွှင့်ခဲ့ပါတယ်။ Hotstarကနေပဲထုတ်လွှင့်ခဲ့တဲ့ Indu(2021) web seriesကို ပြန်လည်ရိုက်ကူးထားတာမို့ စိတ်ဝင်စားစရာ ဇာတ်ကွက်တွေနဲ့ ထိတ်လန့်ဖွယ်မြင်တွေ့ကြရဦးမှာပါ။ Your browser does not support the video tag.အင်ဒူဆိုတဲ့ မိန်းမပျိုလေးဟာ အကြောင်းအမျိုးမျိုးကြောင့် မင်္ဂလာပွဲကို သုံးကြိမ်တိုင်တိုင် ဖျက်သိမ်းခံထားရတဲ့ ကံဆိုးသူ သတို့သမီးလေးတစ်ယောက်။မင်္ဂလာပွဲနေ့ရက်ကျမှ ဂြိုဟ်ဆိုးဝင်ဝင်လာပြီး မင်္ဂလာပွဲကို ဖျက်သိမ်းလိုက်ရတာချည်း။ သူလိုပဲ မင်္ဂလာပွဲတွေဖျက်သိမ်းခံရတဲ့ သတို့သားတစ်ဦးနဲ့ နောက်ဆုံးမှာတော့ အကြောင်းပါပြီး အဖျက်အမှောင့်တွေကြားကပဲ မင်္ဂလာပွဲဖြစ်မြောက်သွားခဲ့ပါတယ်။ ဒါပေမဲ့ ဒီလိုမင်္ဂလာပွဲတွေဖျက်သိမ်းရတဲ့အကြောင်းအရင်းကပဲ သူတို့ဘ၀တွေမှာ အနှောင့်အယှက်တွေဖြစ်လာတဲ့အခါ…။လျောင်နောက်ဆံတုံးပါဆိုသလို အင်ဒူတစ်ယောက် ခင်ပွန်းသည်နောက်လိုက်သွားခဲ့ပြီးတဲ့နောက် ခင်ပွန်းသည်ရဲ့မိသားစုရဲ့ နောက်ကြောင်းအရှုပ်အထွေးတွေကြားမှာ ပါဝင်ပတ်သက်မိတဲ့အခါ…။ အရင် အင်ဒူစီးရီးမှာလိုပဲ ဘာတွေဆက်ဖြစ်မလဲဆိုတာ ရင်တဖိုဖိုနဲ့ ခံစားကြည့်ရှုရမှာမို့ တင်ဆက်ပေးလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

Friday the 13th Part 2 (1981) ⭐TMDB: 62.0% User Score 🎬 #Fridaythe13thCollection #Horror #Mystery #Thriller #Crime 🗓 1981 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 43 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Friday the 13th Part 2 (1981) ဂျေဆင် ဟာ တကယ်တမ်းမှာ သူ့ရဲ့ ဘူမိနက်သန်နေရာ ခရစ်စတယ်ရေကန်ကနေ ခွာတတ်သူ မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ခါမှာတော့ အငြိုးတစ်ခုနဲ့ ခရစ်စတယ်ရေကန်ကနေ ခွာခဲ့ဖူးပါတယ်။ ဂျေဆင်က သူကျွမ်းကျင်လှတဲ့ သူ့နေရာမှာပဲ စနစ်တကျ အကွက်ချပြီး တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်တတ်သူပါ။ ဒါပေမဲ့ ဒီဇာတ်ကားမှာ ဂျေဆင် တစ်ယောက် သူ့နေရာကထွက်ခွာပြီး အမျိုးသမီးတစ်ယောက်ကို ခေါင်းဖြတ် သတ်ခဲ့ပါတယ်။ ဒီဇာတ်ကားက ဂျေဆင် ရဲ့ ဒုတိယမြောက်ဇာတ်ကားဖြစ်ပြီး ဂျေဆင် ကိုယ်တိုင် လှလှပပကြီး အသုံးတော်ခံတဲ့ ဇာတ်ကားစစ်စစ် ဖြစ်လာခဲ့ပါပြီ။ မိခင်အတွက် သူ့ရဲ့လက်စားချေမှုက ပြောင်မြောက်ရက်စက်လွန်းခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရေနစ်ရာက မသေဘဲလွတ်မြောက်လာပြီး တောထဲမှာ အရိုင်းကောင်လိုကြီးပြင်းလာတဲ့သူလား… သေဆုံးပြီးနောက် အငြိုးတွေနဲ့ ပြန်နိုးထလာတဲ့ ဝိညာဉ်သတ္တဝါလား… မသဲကွဲတဲ့ ဂျေဆင်ကတော့ လူသတ်သမား လုပ်ကြံသူကြီးဆိုတာတော့ သေချာလွန်းခဲ့ပါတယ်လေ။ အတတ်ပညာတစ်ခုကို တစ်ဖက်ကမ်းခပ်ကျွမ်းကျင်ရင် သူ့လက်ရာက အနုပညာမြောက်သတဲ့။ ဂျေဆင် က အနုပညာသမား လူသတ်ကောင်ပဲလို့ ပြောကြပါစို့ရဲ့။ ဒီဇာတ်ကားကို မူကွဲအနေနဲ့ သဘာဝလွန်ဇာတ်ကောင်အဖြစ် အသွင်ပြောင်း ရိုက်ကူးမယ်ပြင်ပြီးမှ မူလဇာတ်ကားရဲ့ ခရစ်စတယ်ရေကန်စခန်းကို လူကြိုက်များလွန်းလို့ ဒီနေရာမှာပဲ အခြေပြုရိုက်ကူးခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယဇာတ်ကားတွေ ဖြစ်လေ့ရှိတဲ့အတိုင်း Rating တွေကျ၊ ဝေဖန်ချက်တွေခံရ၊ အမြတ်ငွေတွေ နည်းသွားခဲ့ပေမဲ့ ၁၂ ကားလောက်အထိ ဆက်ထွက်နိုင်ခဲ့တဲ့ Horror ကားကြီးဖြစ်လို့ ထပ်မံတင်ဆက်လိုက်ပါတယ်။ မိခင်ကို သတ်သွားတဲ့အမျိုးသမီးကို လူနေမြို့ပြထဲအထိ လိုက်သတ်ခဲ့အပြီးမှာ သူ့ရဲ့ရေကန်စခန်းကိုပြန်လာသမျှသူတွေကို သွေးအေးအေးစောင့်သတ်နေတဲ့ ဂျေဆင်ကြီးကို ရင်တထိတ်ထိတ်နဲ့ကြည့်လိုက်ရအောင်လား‌ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုArr Khun Winchesterမှ ပြန်ဆို ရေးသားထားပါတယ်)...

A Scottish Love Scheme (2024) ⭐TMDB: 0.0% User Score 🎬 #Romance #TVMovie 🗓 2024 🎞 tv movie 🌎 #Canada #UnitedKingdom ⏰ 1 နာရီ 24 မိနစ် 27 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 A Scottish Love Scheme (2024) စိတ်အပန်းပြေဖို့ ကြည့်သင့်တဲ့ ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ စကော့တလန်ရဲ့ ရင်သပ်ရှုမောဖွယ်ရာ ရှုခင်းတွေ ပန်းရောင်စုံ‌လေးတွေနဲ့ ဓလေ့ထုံးစံတွေကို မြင်တွေ့ရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ကလေးဘဝတည်းက အချစ်ဆုံးသူငယ်ချင်းဖြစ်ခဲ့တဲ့ အမေနှစ်ယောက်က သူတို့သားနဲ့သမီးကို အဆင်ပြေစေဖို့ အောင်သွယ်ပေးတဲ့ အစီအစဉ်ဖြစ်ပါတယ်။ လီလီက ခင်ပွန်းဖြစ်သူနဲ့ကွာရှင်းလိုက်ပြီး သူမ အမြဲအိပ်မက်မက်ခဲ့တဲ့ ဓာတ်ပုံပညာသင်ဖို့ စပိန်ကိုသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီကိုမသွားခင် သူ့အမေနဲ့အတူ သားအမိနှစ်ယောက် စကော့တလန်ကို ခရီးထွက်ခဲ့ပါတယ်။ လီလီအမေသူငယ်ချင်းရဲ့သား လိုဂန်က လီလီ့အတွက်လည်း ငယ်သူငယ်ချင်းဖြစ်ပြီး လက်ရှိမှာ ဇနီးဆုံးသွားတည်းက သားလေးနဲ့ မိသားစုလုပ်ငန်းကို ညီအစ်ကိုသုံးယောက်ဦးစီးနေပါတယ်။ လိုဂန်တို့က စကော့တလန်မှာ မျိုးရိုးစဉ်ဆက် အရက်ချက်စက်ရုံထောင်ထားပြီး လက်ဆင့်ကမ်းဦးစီးခဲ့တာပါ။ လီလီတို့ရောက်တဲ့အချိန်မှာ လိုဂန်တို့ ဝီစကီအသစ်ထုတ်တာက ပြိုင်ဘက်စက်ရုံနဲ့ ဆင်တူနေတဲ့အခါ လေဘယ်ပြန်ဒီဇိုင်းဆွဲဖို့ ဖြစ်လာပြီး လီလီကို အမေတွေက ကူညီပေးခိုင်းခဲ့ပါတယ်။ လီလီလည်း ကူညီပေးရင်း လိုဂန်ရဲ့သားလေး ဖင်နဲ့ပါ သံယောဇဉ်တွယ်လာပါတယ်။ အစက စကော့တလန်မှာ ခဏနေပြီး စပိန်ကိုဆက်သွားမှာဆိုပေမဲ့ လီလီ့အမေတိုက်တွန်းတာကြောင့်ပါ သူ့တို့သားအမိခရီးစဉ်ကို ရက်ထပ်တိုးပြီး နေဖြစ်သွားပါတယ်။ တကယ်က လီလီ့အမေ ခရီးထွက်တာက သူမကိုအောင်သွယ်ပေးဖို့အပြင် သူမရဲ့ရောဂါကြောင့် နောက်ဆုံးအကြိမ်အဖြစ် ငယ်ဘ၀အမှတ်တရတွေရှိတဲ့နေရာကို လာခဲ့တာဖြစ်ပါတယ်။ ဒီအဖြစ်မှန်ကို လီလီသိသွားတဲ့အခါ သူ့အိပ်မက်နောက်ပဲလိုက်မလား… သူ့အနာဂတ်အတွက် ဘာကို ရွေးချယ်မလဲ… လိုဂန်နဲ့ရော အမေတွေ မျှော်လင့်သလို အဆင်ပြေမှာလား… ဆိုတာ ရှုစားရမှာပါ။ သားအမိနှစ်ယောက်ကြားက နွေးထွေးတဲ့ မေတ္တာနဲ့ မိသားစုတွေ ညီအစ်ကိုတွေကြားက ခိုင်မာတဲ့ Bond တွေအပြင် မိသားစုလုပ်ငန်းကိုပါ အဓိပ္ပါယ်လှလှလေး ဖွင့်ဆိုထားတာ တွေ့မြင်ရမှာဖြစ်တဲ့အတွက် ကြည့်သင့်တဲ့ ကားလေးဖြစ်ကြောင်း တိုက်တွန်းချင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai KKမှ ပြန်ဆို ရေးသားထားပါတယ်)...

Kota Bommali PS (2023) ⭐IMDB: 7.5/10 (125 Votes) 🎬 #Action #Bollywood #Crime #Thriller #Uncategorized 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 17 မိနစ် 20 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Kota Bommali PS (2023)”သိက္ခာလုပွဲ”============================== Cm ပရိသတ်တွေအတွက် IMDb 7.7/10 ရထားတဲ့ Kota Bommali PS ဆိုတဲ့တေလဂူးစကားပြော မှုခင်းရုပ်ရှင်သစ်လေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ ရဲအရာရှိဟောင်းတစ်ယောက်ရဲ့သားဖြစ်သူ ရာဗီဟာ သူ့အဖေတာဝန်ကျခဲ့တဲ့ ရဲစခန်းမှာရဲအဖြစ်ပြန်ဝင်လုပ်ရင်း သူ့အဖေရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းဖြစ်သူ ရဲအရာရှိ ရာမာခရစ်ရှနာနဲ့ ရင်းနီးသွားခဲ့ပါတယ်။ ရွေးကောက်ပွဲကာလအတွင်းမှာ သူတို့နှစ်ယောက်ဟာ တာဝန်အတူကျရင်း လုပ်ဖော်ကိုင်ဖက် ရဲဝန်ထမ်းမလေးကိုစော်ကားမော်ကားလုပ်ဖို့ကြိုးစားတဲ့ မူနာဆိုတဲ့ အာဏာရှိပါတီထဲကလူတစ်ယောက်နဲ့ပြဿနာတက်ရာကနေ မူနာအကွက်ဆင်ချောက်ချတာကိုခံရပြီး မကြုံသင့်တာတွေ ကြုံလာရပါတော့တယ်။ ဒီရုပ်ရှင်ဟာဆိုရင် ၂၀၂၁ က ထွက်ရှိခဲ့တဲ့ Nayattu ဆိုတဲ့ မလျာလမ်စကားပြောရုပ်ရှင်ကို remakeပြန်ရိုက်ထားတာဖြစ်ပြီး မူရင်းရုပ်ရှင်ကိုမကြည့်ဖူးသေးရင်တော့ ကြည့်ရတာ တော်တော်အရသာရှိမယ့် ရုပ်ရှင်လေးပဲဖြစ်ပါတယ်။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပါ။) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

Saachi (2023) ⭐IMDB: 8.8/10 (1 k Votes) 🎬 #Bollywood #Drama 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 57 မိနစ် 15 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Saachi (2023) “ဆာချီ”==================== ဇာတ်နာတာကြိုက်တဲ့ ပရိသတ်တွေအတွက် ရေလည်ဇာတ်နာတဲ့IMDb 9/10 ရထားတဲ့ တေလဂူးစကားပြော ရုံတင်ကားလေးကို တင်ဆက်ပေးချင်ပါတယ်။ ဆာချီတို့ရဲ့ ရွာလေးမှာ လူတွေ တစ်ယောက်ပြီးတစ်ယောက် ပျောက်နေပါတယ်။ဆာချီရဲ့ အဖေဟာ ဆံပင်ညှပ်ဆိုင်သေးသေးလေးဖွင့်ပြီး မိသားစုကို ရှာကျွေးနေသူပါ။သူတစ်ယောက်တည်းရဲ့လုပ်စာနဲ့ မိသားစု ထမင်းနပ်မှန်ဖို့တောင်အနိုင်နိုင်ဖြစ်နေတဲ့အတွက်ဆာချီ့အဖေက ခေါင်းကိုက်ရောဂါ တဖြည်းဖြည်းစွဲလာတာတောင် ဆေးခန်းမပြနိုင်ခဲ့ပါဘူး။နောက်ဆုံး အိပ်ရာထဲ ဗုန်းဗုန်းလဲသွားချိန်မှာတော့ သူတို့မိသားစုရဲ့ တာဝန်အလုံးစုံဟာဆာချီ့ပခုံးပေါ်ကို လုံးလုံးလျားလျား ကျရောက်လာတဲ့အတွက် ဆာချီတစ်ယောက်သူ့အဖေရဲ့ ဆံပင်ညှပ်ဆိုင်လေးကို လက်လွှဲယူလိုက်ရပါတော့တယ်။ မိသားစုရဲ့ အခက်အခဲတွေကို ဆာချီဖြေရှင်းနိုင်မှာလား၊ ရွာမှာ လူတွေပျောက်နေတာဘာကြောင့်လဲဆိုတာကို ဒီရုပ်ရှင်ထဲမှာ ပဟေဠိတွေနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်…။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Teamပဲ ဖြစ်ပါတယ်။) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

Secrets at the Inn (2022) ⭐IMDB: 5.7/10 (114 Votes) 🎬 #Thriller #TVMovie 🗓 2022 🎞 tv movie 🌎 #Canada #UnitedStatesofAmerica ⏰ 1 နာရီ 26 မိနစ် 17 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Natalie က New York က နာမည်ကြီးစာဖိုမှူး တစ်ယောက်ပါ။ တရက်မှာ ဖုန်းတစ်ခုဝင်လာပြီး သတင်းဆိုးကြားခဲ့ရပါတယ်။ သူ့အမွှာအစ်မဖြစ်သူက မတော်တဆမှုနဲ့ သေဆုံးသွားခဲ့ပြီး သူ့အစ်မမှာ ဆယ်ကျော်သက်အရွယ် သမီးလေးတစ်ယောက်ကျန်နေခဲ့ပါတယ်။ ဒီတော့ Natalie တစ်ယောက် အလုပ်ကခွင့်ယူပြီး အစ်မဖြစ်သူရဲ့ နောက်ဆုံးခရီးကို ပို့ဆောင်ဖို့ တူမဖြစ်သူကို စောင့်ရှောက်ဖို့ အစ်မနေတဲ့ မြို့ကို ထွက်လာခဲ့ပါတယ်။ ဒါပေမဲ့ တူမဖြစ်သူSabrinaနဲ့ ဘယ်လိုမှ အဆီအငေါ်မတည့်ခဲ့ပါဘူး။ Sabrinaမှာ Elijah ဆိုတဲ့ကောင်လေးလည်းရှိပါတယ်။ အစ်မဖြစ်သူ ဝယ်ယူပြီး ပြင်ဆင်ထားတဲ့ Hannaway ဆိုတဲ့ အိမ်ကြီးရှိပါတယ်။ ဒီလိုနဲ့ အင်းဖွင့်ဖို့ ပြင်ထားတဲ့ အိမ်ကြီးမှာနေထိုင်ရင်းနဲ့ ထူးဆန်းတဲ့ ကိစ္စရပ်တွေနဲ့ ကြုံလာရပြီး သူ့အစ်မ သေဆုံးမှုကရော သွေးရိုးသွေးတမ်းဖြစ်ခဲ့ရဲ့လားဆိုတာ သံသယဝင်လာပါတော့တယ်။...

Cape Fear (1991) ⭐TMDB: 73.0% User Score 🎬 #Crime #Thriller 🗓 1991 🎞 movie 🌎 #UnitedStatesofAmerica ⏰ 2 နာရီ 8 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 သေသောသူကြာလျှင်မေ့ဆိုသလို ဟိုးအရင်တုန်းကတကယ်ကောင်းခဲ့တဲ့ ဇာတ်ကားဟောင်းလေးတွေကို အခုအချိန်မှာမေ့နေကြလောက်မှာပါ။ အဲ့ဒါကြောင့်မလို့ သည်းထိတ်ရင်ဖိုကြိုက်တဲ့လူတွေအတွက် 1991 ခုနှစ်က ထွက်ရှိခဲ့တဲ့ Cape Fear ဆိုတဲ့ ဇာတ်ကားဟောင်းလေးတစ်ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ IMDb Rating 7.3 ရရှိထားပြီး သူ့ခေတ်သူ့အခါကအတိုင်းအတာနဲ့ဆိုရင် တော်တော်အောင်မြင်ခဲ့တဲ့ ဇာတ်ကားတစ်ကားလို့ပြောရပါမယ်။ တရားဥပဒေလောကမှာ တကယ်တမ်းတရားမျှတမှုကိုရရှိနိုင်ဖို့အတွက် ဥပဒေဘောင်အပြင်က လုပ်လိုက်ရတဲ့အခိုက်အတန့်တွေရှိကြပါတယ်။ ဒီကားထဲက ဆမ်ဘိုဒန်ဆိုတဲ့ရှေ့နေတစ်ယောက်ကလည်း သူ့ရဲ့အမှုသည် အတွက် တရားမျှတမှုစစ်စစ်ကိုရရှိနိုင်အောင် အချက်အလက်ထိမ်ချန်ပြီး ဥပဒေဘောင်အပြင်ကနေ လုပ်ခဲ့ပါတော့တယ်။သူ့အမှုသည်ကတော့ မုဒိမ်းမှု ကိုယ်ထိလက်ရောက် ရိုက်နှက်မှုတို့နဲ့ တရားစွဲခံခဲ့ရတာဖြစ်ပြီး အမှုကနေ လွတ်အောင်လုပ်ပေးချင်ရင် လုပ်ပေးလို့ရတယ်ဆိုပေမဲ့ ရက်စက်လွန်းတဲ့ အမှုသည်အတွက် မထိုက်တန်ဘူးလို့ဆုံးဖြတ်ခဲ့ပါတော့တယ်။ဒီလိုနဲ့ အဲ့ဒီ အမှုသည်ဖြစ်တဲ့ကေဒီက ၁၄ နှစ်အကြာမှာတော့ ထောင်ထဲကနေလွတ်လာ ပါတော့တယ်။ထောင်ထဲက လွတ်လာတာနဲ့ရှေ့နေဆမ်ဆီကို လက်စားချေဖို့ ပြန်လာခဲ့ပါတော့တယ်။ဒါပေမယ့် သူ့ရဲ့လက်စားချေပုံက သတ်ဖြတ်တာမျိုး မဟုတ်ဘဲ တဖြည်းဖြည်းနဲ့ ဆမ်ရဲ့မိသားစုကို လုံးပါးပါးအောင်ဉာဏ်သုံးပြီး လက်စားချေနေတာပဲဖြစ်ပါတယ်။ဒီတော့ ဆမ်တစ်ယောက် ကိုယ်လုပ်ခဲ့တဲ့ အတိတ်က ကိုယ့်နောက်ကိုပြန်လိုက်လာတဲ့ အချိန်မှာတော့ ဘာတွေဘယ်လို လုပ်ပြီး ဖြေရှင်းမလဲ။ကေဒီကရောဘယ်လိုနည်းလမ်းတွေသုံးပြီး သူတို့မိသားစု အပေါ်မှာ လက်စားချေမလဲဆိုတာကိုကြည့်ရမဲ့ဇာတ်ကားပဲဖြစ်ပါတယ်။...

Island Hunter (2024) ⭐TMDB: 0.0% User Score 🎬 #Drama #Fantasy #Romance 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 17 မိနစ် 44 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတခါတင်ဆက်ပေးလိုက်တဲ့ဇာတ်လမ်းလေးကတော့ ကျွန်းတစ်ကျွန်းမှာဖြစ်ပွားခဲ့တဲ့ထူးဆန်းတဲ့အဖြစ်ပျက်ကြောင့် မင်းသားဖြစ်သူ ဝမ်ခဲနှင့် မင်းသမီးဖြစ်သူရှောင်းယတို့ရဲ့ အန္တရာယ်ကြားထဲက အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ဝမ်ခဲ နှင့် ရှောင်းယတို့က သူငယ်ချင်းဘဝမှာ ခရီးထွက်ရင်းကြယ်ကြွေတာကိုမြင်ပြီးကျွန်းတစ်ကျွန်းပေါ် ဥက္ကာခဲကြွေကျခဲ့တာကိုမြင်ခဲ့ကြတဲ့အခါကျွန်းပေါ် ဥက္ကာခဲလိုက်ရှာကြမယ်ဆိုပြီးတော့ထူးဆန်းတဲ့ကျွန်းပေါ်သို့ရောက်ရှိခဲ့တာပဲဖြစ်ပါတယ် ကျွန်းပတ်ဝန်းကျင်မှာနေထိုင်တဲ့လူတွေမှာတော့ ရှေးပုံပြင်တစ်ခုရှိကြတာပေါ့ပုံပြင်အရဆိုရင် ဟိုးရှေးရှေးက ကျွန်း‌ပေါ်မှာလူတွေနေထိုင်ခဲ့‌ကြပြီးအဲ့ဒီလူတွေထဲက အမဲလိုက်မုဆိုးတစ်ယောက်ကမြွေတစ်ကောင်ကိုဖမ်းမိခဲ့ရာကနေပြီးတော့ စတင်ပြီး သူတို့နေတဲ့ကျွန်းဟာစွန့်ပစ်ကျွန်းအဖြစ်ဒုက္ခရောက်သွားတဲ့ပုံပြင်လေးဖြစ်ပါတယ် လူတွေပြောနေကျ ပုံပြင်ထဲကအတိုင်း တကယ်ပဲစွန့်ပစ်ကျွန်းကြီးဖြစ်နေမလားကျွန်းပေါ်မှာဘယ်လိုအန္တရာယ်တွေရှိနေမလဲဝမ်ခဲနှင့်ရှောင်းယတို့ ကျွန်းပေါ်မှာပဲဘယ်လိုတွေဖြတ်သန်းကြမလဲဆိုတာကိုဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်...

Cassadaga (2011) ⭐IMDB: 5.2/10 (4 k Votes) 🎬 #Horror #Thriller 🗓 2011 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 8 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 လီလီဟာ ငယ်စဉ်ကတည်းက အကြားအာရုံချို့တဲ့ခဲ့တဲ့ ပန်းချီ ဆရာမတစ်ဦးဖြစ်ပါတယ်။ သူမတက္ကသိုလ်ရှိရာ ကာဆာဒက်ဂါမြို့လေးကို ပြောင်းရွှေ့လာကာစမှာပဲ ဝိဉာဉ်ခေါ်ဆရာဆီသွားပြီး သေဆုံးသွားတဲ့ ညီမဖြစ်သူရဲ့ ဝိဉာဉ်နဲ့ဆက်သွယ်ဖို့ကြိုးစားပါတယ်။ ဝိဉာဉ်ခေါ်ပွဲမှာ ကမောက်ကမအဖြစ်အပျက်တစ်ခုကြောင့် မဆိုင်တဲ့ဝိဉာဉ်ပါရောက်လာပြီး လီလီကိုလိုက်လံခြောက်လှန့်ပါတော့တယ်။ ဝိဉာဉ်ရဲ့ခိုင်းစေချက်အရ လီလီဟာ စိတ္တဇလူသတ်သမားတစ်ယောက် အကြောင်း စုံစမ်းထောက်လှမ်းမိလျက်သားဖြစ်သွားပြီး အဲဒီဝိဉာဉ်ကိုယ်တိုင် ဟာလည်း အဆိုပါလူသတ်သမားရဲ့ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခံထားရသူ တစ်ယောက်ဆိုတာ သိလာရပါတယ်။ စိတ္တဇလူသတ်သမားဟာ အမျိုးသမီး ငယ်လေးတွေကို လူသားရုပ်သေးရုပ်ဖြစ်အောင် ဖြတ်တောက်ပြီး အမျိုးမျိုး နှိပ်စက်ညှင်းပန်းတတ်သူဖြစ်ကြောင်း ထင်ရှားလာတဲ့အပြင် လီလီကိုယ်တိုင် ဟာလည်း လူသတ်သမားရဲ့လက်ထဲကျရောက်ရမယ့်အဖြစ်မျိုး ဆိုက်ဆိုက် မြိုက်မြိုက်ရောက်ရှိလာပါတော့တယ်။ လီလီဟာ လူသတ်သမားလက်ကလွတ်နိုင်ပါ့မလား.. လူသတ်သမားရဲ့ နောက်ကြောင်းရာဇဝင်ဖော်ထုတ်နိုင်ပြီး သေဆုံးသွားတဲ့ အမျိုးသမီးငယ်လေးရဲ့ ဝိဉာဉ်အတွက် လက်စားချေပေးနိုင်ပါ့မလား… လူသတ်သမားရဲ့ နောက်ကြောင်းရာဇဝင်ကကော ဘာတွေရှိမလဲ.. လီလီကကော သူ့ကိုခြောက်လှန့်နေတဲ့ ဝိဉာဉ်ရဲ့လက်က လွတ်မြောက်နိုင်ပါ့မလား ဆိုတာ Cassadaga ရုပ်ရှင်ဇာတ်ကားမှာ ဆက်လက်ရှုစားကြရမှာဖြစ်ပါတယ်။ R rated ဖြစ်တာကြောင့် သွေးထွက်သံယိုနဲ့ ထိတ်လန့်စရာ ဇာတ်ဝင်ခန်းများ ပါဝင်မှာဖြစ်ပါတယ်...

Roadkill (2024) ⭐IMDB: 3.6/10 (220 Votes) 🎬 #Action #Adventure #Crime #Fantasy #Thriller #Drama #Horror #Mystery 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အဝေးပြေးလမ်းမကြီးပေါ်မှာ ကားလေးတစ်စီးနဲ့ ခပ်ငယ်ငယ်ချောချော ကောင်မ‌လေးတစ်ယောက် ခရီးသွားနေပါတယ်….။ လမ်းမသိရင်လည်း တစ်နေရာမှာ ခရီးတစ်ထောက်နားလိုက် မေးမြန်းလိုက်ပေါ့။ တစ်ခါမှာ ကားမောင်းရင်းလမ်းပျောက်နေတော့ ဂျွန်ဝစ်ကေနဲ့အိမ်ခြေရာမဲ့ တစ်ယောက်ကို လမ်းသွားမေးမိပါတယ်…။ တိုက်ဆိုင်ချင်တော့ သွားမယ့်ခရီးကအတူတူဖြစ်နေပါတယ်…။ သို့ပေမဲ့ ကောင်မလေးမသိလိုက်တာက အဲ့ဒီနယ်မြေမှာဆိုရင် လူသတ်မှုတွေ ခဏခဏဖြစ်ခဲ့တာ လေးနှစ်လောက်ရှိနေပါပြီ…။ နယ်ခံတွေကဆိုရင် အမြန်လမ်းမုဆိုးလို့တောင်တင်စားခေါ်နေကြပါပြီ….။ ဒီလိုနဲ့ကောင်မလေးတစ်ယောက်နဲ့ အိမ်ခြေရာမဲ့လူကြီးတစ်ယောက် ဘယ်လိုနှစ်ပါးသွားကြမလဲ.. လမ်းကြုံကားခေါ်တင်မိခါမှ အသက်အတွက် ဘယ်လိုတိုက်ခိုက်ရမလဲဆိုတာကို ရှုစားမြင်တွေ့ရမယ့်ကားလေးဖြစ်ပါတယ်...

After Sundown (2023) ⭐IMDB: 7.6/10 (93 Votes) 🎬 #BL #Drama #Horror #Romance 🗓 2023 🎞 movie 🌎 #Thailand ⏰ 1 နာရီ 45 မိနစ် 21 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 နေကွယ်ပြီးနောက် ရောက်သည့်အခါ (၂၀၂၄) ဒီတစ်ခေါက်တင်ဆက်ပေးချင်တဲ့ မူဗီလေးကတော့ CM ပရိသတ်ကြီးတို့အကြိုက် ထိုင်း BL ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ ၁၉၆၁ ခုနှစ်ကာလကို အခြေခံပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်ဆန်ရာဝီဆိုတဲ့ ကောင်လေးဟာ ဘုန်းကြီးကျောင်းမှာ ကြီးပြင်းလာတဲ့ လိမ္မာပြီး နူးညံ့သိမ်မွေ့တဲ့ ၂၁ နှစ်အရွယ်ကောင်လေးပါရည်ရွယ်ချက်ကြီးမားပြီး စာပေလေ့လာချင်တဲ့ကလေးမို့ တစ်နေ့မှာ သူ့ဆရာတော်ရဲ့မိတ်ဆွေဟောင်းဖာလစ်ရဲ့တောင်းဆိုချက်အရသူ့ရဲ့ ပညာရေး နဲ့ အနာဂတ်အတွက် ဖာလာနန်ကွန်ကို လိုက်သွားခဲ့ရပါတော့တယ် တစ်ဖက် အဘိုးဖာလစ်ကလည်း မြေးဖြစ်သူ ဖရာဖလန် ၂၅ နှစ်မှာ ကံကြမ္မာဆိုးနဲ့ကြုံတွေ့ရမယ်ဆိုတဲ့ဟောကိန်းကြောင့်သူ့မြေးနဲ့ ကံကြမ္မာပေါင်းစည်းဖို့ ကြမ္မာလက်တွဲဖော်ကို ရှာနေတဲ့အချိန်မှာအဘက်ဘက်က ကိုက်ညီနေတဲ့ ရာဝီတစ်ယောက် ဖရာဖလန်ရဲ့ ဖူးစာဖက်ဖြစ်ဖို့ အကြောင်းဖန်လာပါတော့တယ် သူတို့နှစ်ဦးရဲ့ကံကြမ္မာပေါင်းစည်းမှုကရော အဆင်ချောလှပပါ့မလားအတိတ်က အာဃာတတွေကရော သူတို့အားလုံးကို ဘယ်လိုလောင်မြိုက်စေဦးမလဲဆိုတာကိုHorror Vibe လေးနှောပြီးကြည့်ရမှာမို့ မလွတ်တမ်းကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်ရှင် အညွှန်းကိုတော့Shin Shinက ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့Shin, Cali, Mary, Char Ouတို့ပဲ ဖြစ်ပါတယ်။...

Secret Love Triangle (2023) ⭐IMDB: 6.1/10 (77 Votes) 🎬 #Thriller #TVMovie 🗓 2023 🎞 tv movie 🌎 #UnitedStates ⏰ 1 နာရီ 28 မိနစ် 32 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb 6.1 ရရှိထားတဲ့ ၂၀၂၃ထွက် သည်းထိတ်ရင်ဖို ဒရာမာ ရုပ်ရှင်တစ်ကာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂျက်ဆီကာနဲ့ လော်ရီတို့က မြို့ငယ်လေးတစ်ခုမှာ ကိတ်မုန့်ဆိုင်အတူဖွင့်တဲ့ သူငယ်ချင်းနှစ်ဦးပါ။ ဂျက်စီကာမှာ မက်လို့ခေါ်တဲ့ ခင်ပွန်းတစ်ဦးရှိပြီး လော်ရီရဲ့ခင်ပွန်းကတော့ ရောဘတ်ဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာ ရောဘတ်ဟာ အသတ်ခံလိုက်ရပြီး ဂျက်ဆီကာဟာ မတရားစွပ်စွဲခံလိုက်ရပြီး ထောင်ကျသွားပါတယ်။ အပြစ်မရှိတဲ့ ဂျက်ဆီကာဟာ ရောဘတ်ကိုသတ်ခဲ့တဲ့သူကို ဖော်ထုတ်ဖို့အတွက် ဆက်လက်ကြိုးစားတဲ့နောက်မှာတော့ ဂျက်ဆီကာ၊ မက် နဲ့ လော်ရီတို့သုံးယောက်ထဲမှာ ရောဘတ်ကို သတ်ခဲ့တဲ့လူသတ်သမားအစစ်က ဘယ်သူများဖြစ်နေမလဲ တရားမျှတမှုကရော ပေါ်ပေါက်လာပါ့မလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။...

The Prequel of Gold Convoyers: A Battle of Desert (2010) ⭐TMDB: 0.0% User Score 🎬 #Action #Drama #ThePrequelofGoldConvoyers 🗓 2010 🎞 tv mini series 🌎 #China ⏰ 1 နာရီ 26 မိနစ် 29 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အရင်ဇာတ်ကားရဲ့အဆက်ပဲဖြစ်ပါတယ် စုစုပေါင်း ဆယ်ကား တိတိရှိပြီး ဒီ အပိုင်း (၅) မှာတော့ ဖျင်အန်းပို့ဆောင်ရေးအဖွဲ့က မြောက်ပိုင်းနယ်စပ်ကိုကုန်သည်အဖွဲ့တစ်ဖွဲ့ကို လိုက်လံပို့ဆောင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ကုန်သည်အဖွဲ့က ဂိတ်က ထွက်သွားပြီး မိုင် (၂၀) အကွာမှာပဲအကုန်ခေါင်းဖြတ်သတ် ဓားပြတိုက်ခံလိုက်ရပြီးဟေးကျီတစ်ယောက်သာ အသက်ရှင်ကျန်ခဲ့ပါတယ်။ ဝမ်ကျောက်ရှင်းနဲ့ ဖျင်အန်းတို့က ဒီကိစ္စကို လိုက်လံ စုံစမ်းရန် နေခဲ့ပါတယ်။ဝမ်ကျောက်ရှင်းရဲ့ ညီအစ်ကိုလို ခင်မင်ခဲ့တဲ့ သူငယ်ချင်းကောင်းရှန်ကယွဲ့ယာမြို့မှာ လူဆိုးထိန်းအဖြစ် တာဝန်ထမ်းဆောင်နေတယ်လို့သိထားခဲ့ပေမယ့် ကောင်းရှန်က လုံးဝ ပျောက်နေခဲ့ပါတယ်။ အမှန်မှာတော့ ကောင်းရှန်က စစ်တပ်ရဲ့ ယုတ်မာတဲ့ လုပ်ရပ်တွေအကြောင်းကိုသက်သေရထားတဲ့အတွက် စစ်သူကြီး ထိန်ဖေးက ဖမ်းဆီးထားတာ ဖြစ်ပါတယ်။ယွဲ့ယာမြို့က လူဆိုးထိန်းဖေ့က ကောင်းရှန်နဲ့ ရင်းနှီးသူ ဖြစ်တဲ့အတွက်ကောင်းရှန်ကို မသတ်ဖို့ သူက စစ်သူကြီးထိန်ဖေးရဲ့ အမိန့်အတိုင်း လိုက်နာခဲ့ရပါတယ်။ဒါပေမဲ့ ထိန်ဖေးရဲ့ လောဘတွေက မရပ်တန့်နိုင်ပဲဝမ်ကျောက်ရှင်းနဲ့ ဖျင်အန်းတို့ကို အပြတ်ရှင်းဖို့ ကြံစည်နေခဲ့ပါတယ်။ လက်နက်ရော၊ ရေရော၊ အင်အားရော ထိန်းချုပ်ထားတဲ့ စစ်တပ်ကိုဝမ်ကျောက်ရှင်းနဲ့ ဖျင်အန်းတို့တစ်တွေ ဘယ်လို တော်လှန်ကြမလဲ……ဝမ်ကျောက်ရှင်းရဲ့ သူငယ်ချင်းဖြစ်သူ ကောင်းရှန်ကိုရော ကယ်ထုတ်ပေးနိုင်ပါ့မလား……ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှုခံစားလိုက်ရအောင်နော်။...

Echo (2023-2024) ⭐IMDB: 6.6/10 (5 k Votes) 🎬 #Drama #Crime #Action #Adventure #Mystery #SciFi 🗓 2023-2024 🎞 tv mini series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 35 မိနစ် 12 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Echo (2024) Your browser does not support the video tag. မာဗယ် စူပါဟီးရိုးတစ်ယောက်ဖြစ်တဲ့ Echo ကို ဒစ္စနေးကနေ စီးရီးအဖြစ် တင်ဆက်ထားပါတယ်။ အက်ခိုးကို Hawkeye စီးရီးမှာ စတင်မိတ်ဆက်ခဲ့ပြီး နောက်ဆုံးပိုင်းမှာ Daredevil ရဲ့ နာမည်ကြီးဗီလိန် ကင်းပင်ကို သေနတ်နဲ့ပစ်သတ်လိုက်တာနဲ့ အဆုံးသတ်ထားပါတယ်။ ဒီစီးရီးမှာတော့ ကင်းပင်မသေဘဲ ပြန်ပေါ်လာပြီး အက်ခိုးနဲ့ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ ကြည့်ရမှာပါ။စူပါဟီးရိုး အက်ခိုးဟာ နားမကြားတဲ့သူဖြစ်ပေမဲ့ အတိုက်အခိုက်ပိုင်းမှာ အရမ်းကျွမ်းကျင်တာမို့ Daredevil နဲ့တောင် သူတင်ကိုယ်တင် ယှဉ်ဖိုက်နိုင်တာကို တွေ့ရမှာပါ။ ကာတွန်းထဲက အစွမ်းတွေကို အကုန်ယူရင်တော့ ဝိညာဉ်တွေနဲ့ ဆက်သွယ်နိုင်တာတွေ၊ သဘာဝရဲ့ အားကို သုံးနိုင်တာတွေ တွေ့ရမှာပါ။ ဒီစီးရီးတွေသာ အရှိန်နဲ့ဆက်ထွက်လာရင်တော့ Daredevil စီးရီးနဲ့ နောက်ပိုင်းရုပ်ရှင်တွေမှာ ထပ်ပါလာနိုင်ပါတယ်။ Daredevil ရဲ့အကြီးဆုံးရန်သူတွေဖြစ်တဲ့ Hand အဖွဲ့နဲ့ရင်ဆိုင်တာတွေ၊ အဗန်ဂျာလူငယ်အဖွဲ့နဲ့ ပေါင်းမိတာတွေပါ ပါလာဖို့ မျှော်လင့်ရတာပါပဲ။...

Who's Your Gynac? (2023- ) ⭐IMDB: 7.1/10 (206 Votes) 🎬 #Drama 🗓 2023- 🎞 tv series 🌎 #India ⏰ 22 မိနစ် 21 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Who’s Your Gynac (2023)Whos your gynac? ( သားဖွားမီးယပ်ဆရာဝန်မလေး ဒေါက်တာဗီဒူရှီ)imdb 7.1/10 ယခုတစ်ခါတင်ဆက်ပေးချင်တာကတော့ Amazon TV ကနေ ထုတ်လွှင့်ပြသ‌ထားတဲ့ အိန္ဒိယ comedy drama serie လေးပဲဖြစ်ပါတယ် IMDb 7.1 တောင်ရရှိထားပြီး Amazon လိုမျိုး Streaming Service ကနေတင်ဆက်ပေးထားတာမို့ ဇာတ်လမ်းဇာတ်အိမ်သဘာဝကျပြီး ကြည့်ကောင်းတဲ့ စီးရီးလေးတစ်ခုပါပဲ Your browser does not support the video tag.ဒေါက်တာဗီဒူရှီဟာ သားဖွားမီးယပ်ဆရာဝန်တစ်ယောက်ပါ ဆေးခန်းလေးတစ်ခုလဲ ဖွင့်ထားပါတယ် သူ့ဆေးခန်းက လူနာတွေများချက်က လူနာတွေတန်းစီရတာ ရုရှားကနေပါလာပြတဲ့ထိကို ကမ္ဘာကျော်ပါတယ်တဲ့ အမှန်ကတော့ ဒါ ဒေါက်တာဗီဒူရှီရဲ့ နေ့ခင်းဆေးခန်းမှာ လူမရှိလို့ အိပ်ငိုက်ရင်း ရုရှားတွေပါ လူနာအဖြစ်လာပြတယ်လို့ ထည့်မက်ပစ်တာပါအဲဒီလိုမျိုး အတွေ့အကြုံများပြား အလွန်တော်တဲ့ ဒေါက်တာဗီဒူရှီလေးလိုချင်တာက ကလေးတစ်ယောက်လောက် မွေး‌ပေးချင်တာပါပဲ တစ်နေ့မှာတော့ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း ဆွာရာကဗိုက်ကြီးပါတော့တယ် သူငယ်ချင်းတွေရော အားလုံးက ဒီဗိုက်ကို ဆွာရာအနေနဲ့ အချစ်ဆုံးသားဖွားမီးယပ်အထူးကုကြီး ဒေါက်တာဗီဒူရှီဆီမှာပဲ ဗိုက်အပ်မယ်ထင်ခဲ့ပေမဲ့ ဆွာရာကတော့ စိတ်ချယုံကြည်စွာပဲ မအပ်ခဲ့ပါဘူး အဲဒါကို ဗီဒူရှီတစ်ယောက်သိပြီး စိတ်ထိခိုက်သွားကာ ဘာတွေဆက်ဖြစ်လာမလဲ ဒေါက်တာဗီဒူရှီတစ်ယောက် အောင်မြင်တဲ့ သားဖွားဆရာဝန်တစ်ယောက်ဖြစ်လာမှာလား စသည်ဖြင့် ဟာသလေးလည်းပါ ဒရာမာလေးနဲ့အတူ မိသားစုစုံလင် အပန်းဖြေကြည့်ရှုလို့ရမဲ့ ‌ သားဖွားမီးယပ်အထူးကုကြီးရဲ့ ပညာပေးဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်)...