ဇာတ်ညွှန်းများ • FDMN
Canal cerrado
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
Jenni (2023)
⭐TMDB: 0.0% User Score
🎬 #Bollywood #Horror #Thriller
🗓 2023 🎞 movie
🌎 #India
⏰ 1 နာရီ 36 မိနစ် 53 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Jenni (2023) အရုပ်သရဲမလေးဂျန်နီ
ဒီတစ်ခါမှာလည်း သရဲကားကြိုက်ပရိသတ်တွေအတွက်ရုံတင်သရဲကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ရပါတယ်
ဆောက်လုပ်ရေးအင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ မာဂေ့ရှ်က တစ်ရက်မှာ လုပ်ငန်းခွင်ထဲကိုသားဖြစ်သူချန်ဒရူကို ခေါ်သွားရာကနေ ချန်ဒရူလေးဟာ လုပ်ငန်းခွင်ထဲကနေ သစ်သားပန်းပုရုပ်လေးတစ်ယောက်ကိုကောက်ရလာပါတော့တယ်။
တိုက်တိုက်ဆိုင်ဆိုင်အဲဒီနေ့မှာပဲ မြေတူးနေရင်း စက်အကောင်းကြီးကနေ ထိုးရပ်သွား၊ တရားရုံးကနေလည်းလုပ်ငန်းခွင်ကို ခေတ္တနားထားဖို့ စာရောက်လာတာတွေနဲ့ မာဂေ့ရှ်တစ်ယောက် အလုပ်က အဆင်မပြေဖြစ်နေခဲ့ပါတယ်။
ချန်ဒရူလေးဟာ ကောက်ရတဲ့အရုပ်လေးကို အရမ်းကို ကြိုက်နှစ်သက်ပြီးတော့ အဖေတွေ အမေတွေက ဘယ်လိုပဲလွှင့်ပစ်ဖို့ပြောပြော လွှင့်မပစ်ဘဲ တစ်ချိန်လုံး အရုပ်လေးကို ကိုယ်နဲ့မကွာအနားမှာပဲ ထားလို့နေပါတော့တယ်။ဒီအရုပ်လေး ရောက်လာတဲ့နောက်ပိုင်းမှာ ချန်ဒရူလေးဟာ အရင်နဲ့မတူတော့ဘဲ ကလန်ကဆန်တွေလုပ်လာပြီး သူ့ရဲ့ အမူအယာတွေ ထူးဆန်းလို့လာပါတော့တယ်။
နောက်ပိုင်းမှာ ချန်ဒရူလေးဟာ ဘယ်လိုထူးဆန်းတာတွေ လုပ်ဦးမလဲ ……….ချန်ဒရူကောက်ရလာတဲ့ အရုပ်လေးမှာရော ဘယ်လိုနောက်ကြောင်းတွေ ရှိနေလဲ ……..အရုပ်လေးထဲမှာရော ဘယ်လိုအရာမျိုးက ပူးကပ်နေတာလဲ ……..ဆိုတာတွေကို ထိတ်ထိတ်လန့်လန့်နဲ့ ကြည့်ရှူရမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~Cherry~Alex~ToMo တို့ပဲဖြစ်ပါတယ်)
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Freedom's Path (2022)
⭐IMDB: 5.8/10 (259 Votes)
🎬 #Drama #History #War
🗓 2022 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 11 မိနစ် 53 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီရုပ်ရှင်ကတော့ သမိုင်း၊ စစ်ပွဲနောက်ခံ ဒရာမာ လေးပါပဲ။ သမိုင်းကတော့ အမေရိကန် ပြည်တွင်းစစ် ( ၁၈၆၁ – ၁၈၆၅) ကို အခြေခံထားတာဖြစ်ပါတယ်။ ကျွန်စနစ်ဖျက်သိမ်းရေးကိုထောက်ခံတဲ့ မြောက်ပိုင်းတပ် (ယူနီယံတပ်) နဲ့ မထောက်ခံတဲ့ တောင်ပိုင်းတပ် (ကွန်ဖဒရေစီ) တပ်တွေ တိုက်ခိုက်ကြတဲ့ကာလပါ။ အဲဒီပြည်တွင်းစစ်မှာ လူမည်း ၁၈၀၀၀၀ လောက် ပါဝင်တိုက်ခိုက်ပေးခဲ့ပါတယ်။ အမေရိကန်မှာ ၁၇၆၀ ကျော်ကစပြီးနှစ် ၁၀၀ လောက်အမြစ်တွယ်နေတဲ့ ကျွန်စနစ်ကို တိုက်ဖျက်ရတာ မလွယ်ခဲ့ပါဘူး။ မြောက်ပိုင်းသား ယန်းကီးတွေတောင်မှ နိုင်ငံပေါင်းစည်းရေးအတွက်ပဲ တိုက်ပြီး ကျွန်တွေကိုအထင်သေးတဲ့သူတွေရှိတုန်းပါပဲ။ စစ်ပွဲကာလ တောင်ပိုင်းကနေ မြောက်ပိုင်းကိုထွက်ပြေးဖို့ ကြိုးစားကြတဲ့ ကျွန်တွေအကြောင်း၊ ကျွန်တွေကို ပြန်လိုက်ဖမ်းတဲ့မုဆိုးတွေအကြောင်း ပါပါတယ်။ နောက်ဆုံး စစ်ပွဲကြီးအပြီး မြောက်ပိုင်း ယူနီယံတပ်တွေနိုင်ပြီး ကျွန်စနစ် ဖျက်သိမ်းခဲ့တာတောင် လူမည်းတွေကို အကြီးအကျယ်နှိမ်တဲ့ နယ်မြေတွေရှိခဲ့တုန်းပါပဲ (Green Book ရုပ်ရှင်မှာတွေ့နိုင်ပါတယ်) ။ လူမျိုးရေးခွဲခြားမှုကတော့ ယနေ့ခေတ်အထိ ဥပဒေနဲ့ ထိန်းချုပ်ထားတာတောင် ဖြစ်ပျက်နေဆဲပါပဲ။
အခု ရုပ်ရှင်ကတော့ ယူနီယံစစ်သား ဝီလီယံ တစ်ယောက် ကွန်ဖဒရိတ်တွေနဲ့ ပထမဆုံးစစ်ပွဲမှာ ဒဏ်ရာနဲ့ ထွက်ပြေးလာပြီး တောင်ပိုင်းမှာ တစ်ယောက်တည်း သေဖို့ကျန်ခဲ့တဲ့အချိန်မှာ တောင်ပိုင်းကနေ ထွက်ပြေးလာပြီး ယူနီယံတပ်ထဲဝင်ဖို့ ထွက်လာတဲ့ လူမည်းတစ်စုက ကယ်တင်တာခံရပုံပဲ။ ဝီလီယံက ယူနီယံတပ်သားဖြစ်ပေမဲ့ ကျွန်စနစ်ကို ဘာလို့တိုက်ဖျက်ရမှန်းတောင် နားလည်တဲ့သူမဟုတ်ပါဘူး။လူမည်းတွေကို အထင်သေးပါသေးတယ်။ ဒါပေမဲ့ လူမည်းတွေကြားမှာ ရှင်သန်ရင်းနဲ့ ညီအစ်ကိုလို မိသားစုလိုဖြစ်လာပြီး တောင်ပိုင်းက ကျွန်မုဆိုးတွေနဲ့ ရင်ဆိုင်ရချိန်မှာတော့...
I got excited by my ex-girlfriend-Ono Yuko(AOI)[FSDSS-673-Decensored]
⭐-
🎬 #Adult
🗓 - 🎞 movie
🌎 #Japan
⏰ 2 နာရီ 5 မိနစ် 48 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
မင်းသမီး Yuko Ono တဖြစ်လဲ Aoi ဆိုတာက JAV လောကရဲ့ Original နတ်ဖုရားမတစ်ပါးပါ…
အချိုးအစားနဲ့ ဂိုက်ဆိုက်မှာတော့ ပြိုင်ဖက်ကင်းတယ်ဆိုရအောင် ကွက်တိကျသူပါ…
ရုပ်ရည်လေးကလဲအချောဆိုတော့ ပြောစရာကိုမရှိတော့ပါ။
FSDSS-673-Decensored ဒီဇာတ်လမ်းမှာတော့
JAV လောက ခေါင်းကိုင်မိခင်ကြီးဆိုတဲ့အတိုင်း သူမကပဲ
တစ်ဖက်သားကိုပိုင်ပိုင်နိုင်နိုင် ချုပ်ကိုင်ထားတာကိုမြင်ရဦးမှာပါပဲ။
JAV ဆိုတာ အာသာပြေစိတ်ကူးယဉ်ဇာတ်လမ်းတွေမလို့ ဒီတိုင်းထွက်ပေါက်တစ်ခုအနေနဲ့ပဲ ခံစားမယ်ဆို အဆင်ပြေပါတယ်။
Decensored Version နဲ့ဆိုတော့ Aoi ကို တခါထဲရှင်းရှင်းလင်းလင်းမြင်တွေ့ရမှာပါ။
(Dark Side Production မှ တင်ဆက်သည်။)
Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...
27 Days Underground (2023)
⭐TMDB: 40.0% User Score
🎬 #Drama
🗓 2023 🎞 movie
🌎 #China
⏰ 1 နာရီ 15 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
မိသားစုအခက်ခဲတွေကိုယ်စီနဲ့ စားဝတ်နေရေးကာမိအောင် မိုင်းတွင်းမှာအလုပ်လုပ်နေကြတဲ့ သူတို့…တစ်နေ့မှာ မတော်တဆ မိုင်းတွင်းမှာမြေပြိုမှုဖြစ်ပြီး မီတာ၄၀၀နီးပါးရှိတဲ့မိုင်းတွင်းအောက်ခြေတစ်နေရာမှာ သူတို့ညီနောင်ငါးယောက်လုံး ပိတ်မိနေပါတော့တယ်၊ကယ်ဆယ်ရေးသမားတွေ စဉ်ဆက်မပြတ် ကယ်တင်ဖို့ ကြိုးစားပေမဲ့လည်းသူတို့ပိတ်မိနေတဲ့နေရာက သာမာန်လှိုဏ်ဂူလေးတောင် မဟုတ်ဘဲတည်နေရာကိုတောင် ခန့်မှန်းမရတဲ့ မှောင်မိုက်၊လေထုချို့တဲ့ပြီးသီးခြားကမ္ဘာကြီးတစ်ခုလိုဖြစ်နေတဲ့ မြေအောက်ကဥမင်တွင်းတစ်ခု ဖြစ်လို့နေပါတယ်
-“ထမင်းအသက်၇ရက် ရေ့အသက်တစ်မနက်”ဆိုတဲ့ဆိုရိုးစကားတွင်ခဲ့သလိုသူတို့ရော အရာအားလုံး ပြတ်လတ်နေတဲ့တွင်းနက်ကြီးထဲမှာ ရှင်သန်နိုင်ပါ့မလား
-ဒီလိုနဲ့ တစ်ရက်ပြီးတစ်ရက် ခက်ခဲလှတဲ့နေ့ရက်တွေကို ကုန်ဆုံးရင်းဘဝကိုရေစုန်မျှောလိုက်လေမလား~မျှော်လင့်ချက်နဲ့ပဲ ဆက်လက်ရုန်းကန်သွားမလား
-ဘယ်အရာတွေကရော သူတို့ငါးယောက်အတွက် မျှော်လင့်ချက်ရောင်ခြည်ဖြစ်စေခဲ့တာလဲ_မိသားစုလား၊သံယောဇဉ်လား၊ကိုယ်ချစ်တဲ့လူတွေအတွက်ပဲလား…
“မိုင်းတွင်းထဲက ငိုရှိုက်သံ”ဆိုတဲ့ရုပ်ရှင်မှာ လူ့ဘဝရဲ့လောကဓံတွေ၊အခက်ခဲတွေအပြင်စည်းလုံးညီညွှတ်မှုနဲ့ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ လက္ခဏာရပ်တွေ ၊အလုပ်သမားတွေရဲ့ဘဝကိုပါ ရှုထောင့်တစ်ခုကနေ သဘာဝဆန်ဆန်ရိုက်ကူးပေးထားတာဖြစ်လို့ ကြည့်သင့်တဲ့ဇာတ်ကားကောင်းလေးတစ်ခုဖြစ်တဲ့အတွက်CMကနေ တင်ဆက်ပေးလိုက်ရပါတယ်ရှင့်။...
The Final Say (2023)
⭐IMDB: 7.2/10 (98 Votes)
🎬 #Romance #Drama
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 33 မိနစ် 28 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဘလိုင်းဒိတ်တစ်ခုကနေ ချစ်ခြင်းမေတ္တာအပြည့်အ၀နဲ့ ထူထောင်ခဲ့တဲ့ အိမ်ထောင်ရေးတစ်ခု။ ဘုရားသခင်မှာ စိတ်ရင်းနဲ့ သက်ဝင်ယုံကြည်ကြတဲ့ သူတို့တွေ… သူတို့မိသားစုလေးမှာ ကလေးတွေအများကြီးနဲ့ဖြည့်တင်းဖို့ ဆုတောင်းမျှော်လင့်ထားခဲ့ကြပေမဲ့ ဖြစ်မလာခဲ့ပါဘူး။ ခင်ပွန်းဖြစ်သူရဲ့ ရင်သွေးတွေအများကြီးယူဖို့ဆိုတဲ့ မျှော်လင့်ချက်ကြီးမားမှုကို သိနေ ခံစားနေရတဲ့ ဇနီးသည်တစ်ယောက်အတွက် ကလေးယူဖို့က သူ့ချို့ယွင်းချက်ဖြစ်နေတာမို့ အရမ်းချစ်ပေမဲ့ စွန့်လွှတ်ဖို့ ကွာရှင်းဖို့လမ်းကို ရွေးချယ်ခဲ့ပါတယ်။
အထက်ကဇာတ်လမ်းကို ပြောပြနေတာကတော့ အတ္တလန်တာကိုသွားနေတဲ့ လေယာဉ်ပေါ်က ဂျော်ဒန်ဆိုတဲ့သူ။ မုန်တိုင်းကြောင့် လေယာဉ်ဆင်းဖို့ကြန့်ကြာနေတဲ့အတွက် စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ လက်ထရိစ်ဆိုသူ သူစိမ်းအမျိုးသမီးလေးကို စိတ်သက်သာရာသက်သာကြောင်း ပြောပြနေတဲ့ ဇာတ်လမ်းတပုဒ်ပေါ့။ သူတို့နှစ်ဦးလုံးက အတ္တလန်တာကို မင်္ဂလာပွဲအခမ်းအနားသွားတက်ကြမှာ။ဆိုတော့… သူတို့တွေ လိုရာခရီးကို အချိန်မှီရောက်နိုင်မှာလား။ သူပြောပြနေတဲ့ဇာတ်လမ်းက ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာကို ကြည့်ရှုအားပေးကြပါဦး။
(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoပါ)...
The Trial (2023)
⭐IMDB: 8.4/10 (2 k Votes)
🎬 #Bollywood #Drama #Thriller
🗓 2023 🎞 movie
🌎 #India
⏰ 1 နာရီ 37 မိနစ် 47 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Trial 2023 ဒိုင်ယာရီနောက်ကွယ်ကအမှန်တရား
ဉာဏ်ကစားရတာကြိုက်တဲ့ မှုခင်းပရိသတ်တို့အတွက် India အလှမယ်တစ်ယောက်ဖြစ်တဲ့Spandana Palli ရဲ့ the trialဆိုတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ရူပါရော ဘော်ဒီပါလန်းတဲ့ Spandanaတစ်ယောက် ဘယ်လိုဇာတ်လမ်းလှည့်ကွက်နေတဲ့ကြည့်ရှုသူကို အတွေးများစေမလဲဆိုတာ ရှုစားကြပါဦး။
ရူပါနဲ့အာဂျေးဟာ မိဘချင်းပေးစားလို့ အကြောင်းပါခဲ့တာဆိုပေမဲ့ အများအမြင်မှာတော့ သိပ်ချစ်ကြတဲ့ဇနီးမောင်နှံပေါ့။ဒီလိုနဲ့ မင်္ဂလာနှစ်ပတ်လည်တစ်နှစ်ပြည့်မှာ ရူပါအတွက် အာဂျေးက အံ့အားသင့်စရာလေးစီစဉ်ပြီးတော့ ရမ်နာဂါကThe Nestဆိုတဲ့တိုက်ခန်းကိုလာခဲ့ဖို့ခေါ်တာပေါ့။ ဒါပေမဲ့ နောက်တစ်နေ့မနက်မှာပါလာတဲ့သတင်းကတော့သူတို့ရဲ့အသိမိတ်ဆွေအားလုံးအတွက် အံ့အားသင့်စရာဖြစ်သွားတာပါ။ ဒီသတင်းကတော့ အာဂျေးတစ်ယောက်နှစ်ပတ်လည်နေ့စပရိုက်စ်တိုက်နေတုန်း တိုက်ပေါ်ကခြေချော်ကျပြီး ဆုံးသွားပါပြီတဲ့။
မတော်တဆမှုတစ်ခုနဲ့ ဒီအမှုကိုပိတ်လိုက်ပေမဲ့ အာဂျေးရဲ့အသိုင်းအဝိုင်းကတော့ မကျေနပ်ကြပါဘူး။ဒီကြားထဲကမှ အရက်ဘားတစ်ခုမှာ ရည်းစားဟောင်းနဲ့ပျော်ပါးနေတဲ့ပုံကိုမြင်လိုက်တော့ ညီမဝမ်းကွဲဖြစ်တဲ့ ဗိုင်ရှနာဗီကအာဂျေးရဲ့အခန်းမှာရှာဖွေရင်းနဲ့ အာဂျေးရဲ့ဒိုင်ယာရီစာအုပ်ကိုတွေ့သွားပါတော့တယ်။အထဲမှာလည်း အိမ်ထောင်သက်တမ်းတစ်လျှောက် ကိုယ်ရောစိတ်ပါညှင်းပန်းခံနေရသယောင်အရေးအသားတွေကြောင့် ဒိုင်ယာရီကို သက်သေအနေနဲ့ တရားရုံးကိုတင်သွင်းလိုက်အပြီးမှာ အာဂျေးရဲ့သေဆုံးမှုကို ပြန်စစ်ဆေးဖို့တာဝန်က အင်စပက်တာရာဂျိဗ့်ရဲ့ပခုံးပေါ်ရောက်လာပါတော့တယ်။
အာဂျေးနဲ့ရူပါကြားမှာ ဘာတွေဖြစ်ခဲ့တာလဲ။ အာဂျေးရဲ့သေဆုံးမှုဟာ တကယ်ပဲ သွေးရိုးသားရိုးမဟုတ်ဘူးလား။ကိုယ်တိုင်လည်း လက်ထောက်အင်စပက်တာဖြစ်တာမလို့ နယ်နယ်ရရမဟုတ်တဲ့ရူပါကိုရာဂျိဗ့်တစ်ယောက် စစ်မေးရင်း အမှုမှန်ကိုဖော်နိုင်မလားဆိုတာ ကြည့်ရှုခံစားလိုက်ရအောင်ပါ။
( အညွှန်းနဲ့ဘာသာပြန်ကတော့ Saii ~ BpL ~ Yunni ~ Cherry ~ Alexတို့ပဲဖြစ်ပါတယ်။)
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Inside the Mind of a Cat (2022)
⭐IMDB: 6.9/10 (6 k Votes)
🎬 #Documentary
🗓 2022 🎞 movie
🌎 #UnitedStates #Turkey #UnitedStatesofAmerica
⏰ 1 နာရီ 8 မိနစ် 12 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Inside the Mind of a Cat (2022)IMDb – 6.9
“ကြောင်တစ်ကောင်ရဲ့ စိတ်ထဲမှာဘာတွေဖြစ်နေမလဲ”
ဒီမေးခွန်းကတော့ ကြောင်ချစ်သူတွေနဲ့ ကြောင်တွေကိုလေ့လာတဲ့
သုတေသနပညာရှင်တွေ ယနေ့အချိန်အထိဖော်ထုတ်ဖို့
ကြိုးစားနေကြတဲ့ မေးခွန်းတစ်ခုပဲဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းကျော်ကတည်းက
ကျွန်တော်တို့နဲ့အတူရှိနေခဲ့ကြတဲ့ ကြောင်လေးတွေရဲ့
စိတ်ကို အခုထိအပြည့်အဝနားမလည်နိုင်ကြသေးသလို
ကြောင်တွေနဲ့ပတ်သတ်တဲ့ သုတေသနတွေကလည်း
ခွေးတွေနဲ့ပတ်သတ်တဲ့ သုတေသနထက်စာရင်
(၁၅) နှစ်လောက်ကို နောက်ကျနေပါတယ်။
ယနေ့ခေတ်မှာတော့ ကြောင်တွေကို အထူးပြုတဲ့
သိပ္ပံပညာရှင်တွေအများကြီးပေါ်ထွန်းလာရုံသာမက
ကြောင်တွေနဲ့ပတ်သတ်တဲ့ စမ်းသပ်ချက်တွေ၊ သုတေသနတွေလည်း
အများကြီးလုပ်လာနိုင်ခဲ့ပါပြီ။
ဒီလိုမျိုး ပဟေဠိဆန်လှတဲ့ အဖော်ကြောင်လေးတွေရဲ့
စိတ်အတွင်းမှာဖြစ်နေတာတွေ၊ အပြုအမူတွေ၊ ပင်ကိုစရိုက်တွေနဲ့
အမူအကျင့်တွေကွာခြားပုံကို ကမ္ဘာအနှံ့က
ကြောင်ကျွမ်းကျင်ပညာရှင်တွေရဲ့ ပညာရှင်ဆန်ဆန်
ရှင်းပြချက်နဲ့အတူ လိုက်ပါစီးမြောပြီး ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။
2022 မှာထွက်ရှိပြီး Netflix ကထုတ်လွှင့်ခဲ့တဲ့
Documentary တစ်ပုဒ်ဖြစ်တဲ့အပြင်
ကြောင်လေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို ဦးစားရေးရိုက်ကူးထားတာဖြစ်လို့
ကြောင်ချစ်သူတွေအတွက် ကြည့်လို့ကောင်းမဲ့
Documentary တစ်ပုဒ်ဖြစ်မှာ အမှန်ပါပဲ။...
The Prequel of Gold Convoyers: Struggle for Hostages (2010)
⭐TMDB: 0.0% User Score
🎬 #Action #Drama #ThePrequelofGoldConvoyers
🗓 2010 🎞 movie
🌎 #China
⏰ 1 နာရီ 29 မိနစ် 40 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အရင်ဇာတ်ကားရဲ့အဆက်ပဲဖြစ်ပါတယ် စုစုပေါင်း ဆယ်ကား တိတိရှိပြီး
ဒါကတော့ The Prequel of Gold Convoyers ရဲ့(၄)ကားမြောက်ကားပဲဖြစ်ပါတယ်။ဒီဇာတ်ကားမှာတော့ ဝမ်ကျောက်ရှင်းက ဖျင်အန်းပို့ဆောင်ရေးအဖွဲ့မှာလေ့ကျင့်ရေးဆင်းပြီး ပို့ဆောင်ရေးအဖွဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်လာပါတယ်။
သူ့မွေးစားအဖေပေးတဲ့တာဝန်ကို ပို့ဆောင်ရေးသမားတစ်ယောက်အနေနဲ့ထမ်းဆောင်ရင်းတာဝန်ကျေနိုင်ဖို့ကြိုးစားနေပါတယ်။ အဲဒီအချိန်မှာကူဖျင်အန်းကမိန်းကလေးတစ်ယောက်ကိုပို့ပေးနေတဲ့အချိန်မှာ လူဆိုးတွေနဲ့တွေ့ပြီး ပြန်ပေးဆွဲခံလိုက်ရပါတယ်။ဝမ်ကျောက်ရှင်းကကူဖျင်အန်းကိုကယ်ဖို့လိုက်စုံစမ်းရင် နောက်ကွယ်ကအင်အားကြီးကြီးနဲ့ချုပ်ကိုင်နေသူရှိမှန်းသိလိုက်ရပါတယ်။ဒီမိန်းကလေးတွေကိုလူကုန်ကူးမှုကို ဝမ်ကျောက်ရှင်းတစ်ယောက်ဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်ရမှာဖြစ်ပါတယ်။...
More Than Blue (2018)
⭐IMDB: 6.2/10 (1 k Votes)
🎬 #Drama #Romance
🗓 2018 🎞 movie
🌎 #Taiwan
⏰ 1 နာရီ 46 မိနစ် 47 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်ကားလေးကြည့်မယ်ဆိုရင်အရင်ဆုံးမျက်ရည်ခိုင်စေချင်မိပါတယ်ရှယ်ငိုရမယ့်ကားပါအရင်ဆုံးအကြမ်းမျဉ်းအနေနဲ့ပြောရမယ်ဆိုရင် ဒီဇာတ်ကားဟာ 2009 ခုနှစ်မှာထွက်ရှိပြီးအရမ်းအောင်မြင်ခဲ့တဲ့ ကိုရီးယား ရုပ်ရှင် More Than Blue ရဲ့Remake ကားလေးဖြစ်ပြီး same title အနေနဲ့ပဲပြန်လည်ထွက်ရှိလာပါတယ်
Chinese Box Office မှာ တလဝန်းကျင်ကို ထိပ်ဆုံးကရပ်တည်ခဲ့ပြီး153 million ဝင်ငွေရရှိထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းလေးကိုနည်းနည်းပေးလိုက်ရအောင်
အလွမ်းအဆွေးသီချင်းတွေ နားထောင်ဖူးကြလား…ဒီဇာတ်လမ်းထဲမှာလည်း အဆိုတော်တစ်ယောက်ကနာမည်မရှိတဲ့ အလွမ်းသီချင်းဟောင်းတစ်ပုဒ်ကို နားထောင်ရင်းကြိုက်သွားပြီး ဒီသီချင်းကိုဆိုဖို့ တေးရေးဆရာနောက်ကိုလိုက်ရင်သီချင်းလေးထက် ပိုစိတ်ဝင်စားဖို့ကောင်းတဲ့ လူနှစ်ယောက်ရဲ့ဇာတ်လမ်းလေးကို သိလိုက်ရတယ်…
အဲ့လူနှစ်ယောက်က K နဲ့ Cream တဲ့ ၁၆ နှစ်အရွယ်မှာမိသားစုနဲ့ သေကွဲကွဲရပြီး အထီးကျန်ခဲ့ရတဲ့ လူနှစ်ယောက်ပေါ့….သူတို့နှစ်ယောက်အတွက် ၁၆ နှစ်အရွယ်ကစပြီးတစ်ယောက်အတွက် တစ်ယောက်က ရပ်တည်ပေးခဲ့ကြတယ်…
မိသားစုလို့ခေါင်းစဉ်တပ်ရင်း ရင်ဘတ်ထဲက အချစ်တွေကိုထုတ်မပြောခဲ့ကြတဲ့သူတို့နှစိယောက်ကြားမှာ ဘယ်လို လွမ်းမောဖွယ်ရာဇာတ်လမ်းလေးတွေရှိတယ်ဆိုတာ ဇာတ်ကားလေးကြည့်ရင်းသိလာမှာပါ...
Napoleon (2023)
⭐IMDB: 6.5/10 (77 k Votes)
🎬 #Action #Adventure #Biography #History #War #Drama
🗓 2023 🎞 movie
🌎 #UnitedStates #Malta #UnitedKingdom #UnitedStatesofAmerica
⏰ 2 နာရီ 38 မိနစ် 18 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Napoleon (2023)==============IMDb Rating – 6.5/10
မင်းသားကြီး ဝါကင်းဖီးနစ်ရဲ့ သမိုင်းရုပ်ရှင်အသစ် နပိုလီယံ ထွက်လာပါပြီ။ သမိုင်းရုပ်ရှင်နဲ့သိပ္ပံစိတ်ကူးယဉ်လောကရဲ့ ဆရာကြီးတစ်ပါးဖြစ်တဲ့ Sir Ridley Scott ရိုက်ကူးထားတာဖြစ်ပါတယ်။ Ridley Scott ရဲ့လက်ရာတွေကိုတော့ လူတိုင်းအနည်းဆုံး တစ်ကားလောက်တော့ ရင်းနှီးကြမှာပါ၊ Blade Runner, Alien, Gladiator, Thelma & Louise, Hannibal, Black Hawk Down, The Martian, Kingdom of Heaven နဲ့ ယခုရုံတင်နေတဲ့ Napoleon အပါအဝင် နာမည်ကြီးရုပ်ရှင် တစ်ရာကျော်ရိုက်ခဲ့ပါတယ်။ ရုပ်ရှင်လောကမှာရတဲ့အောင်မြင်မှုကြောင့် ဆာဘွဲ့ပါ ရခဲ့တဲ့သူလည်းဖြစ်ပါတယ်။ အလှတရားမှာနာမည်ကြီးတဲ့ ဂျိုးဆက်ဖင်းနေရာမှာလည်း Vanessa Kirby က သရုပ်ဆောင်ထားတဲ့အပြင် နပိုလီယံနဲ့ ခုတင်ပေါ်က တိုက်ပွဲတွေ ဖောဖောသီသီ ပါတာကြောင့် မိသားစုနဲ့ကြည့်မိရင်တော့ မျက်နှာပူရနိုင်ပါတယ်။
ပြင်သစ် စစ်ဘုရင်ကြီး နပိုလီယံဘိုနာပတ်အကြောင်းကို ရိုက်မယ်ဆိုရင် ပြောစရာတွေအရမ်းများလွန်းလို့ အကုန်ပါဖို့မလွယ်ပါဘူး။ သူ့ရဲ့တိုက်ပွဲကြီးတွေအကြောင်းပြောမလား၊ သူ့ရဲ့ စိတ်ဝင်စားစရာ လက်စွဲတော် ဗိုလ်ချုပ်တွေအကြောင်းပြောမလား၊ ဂျိုးဆက်ဖင်းနဲ့သူ့ရဲ့အချစ်ရေးအကြောင်းပြောမလား အများကြီးပါပဲ။ ဒီရုပ်ရှင်ထဲမှာတော့ သူရဲ့ အအောင်မြင်ဆုံးတိုက်ပွဲတွေနဲ့ ကျဆုံးချိန်ရောက်သွားစေတဲ့ တိုက်ပွဲတွေအကြောင်းကို အဓိက ပြသထားပြီး ဂျိုးဆက်ဖင်းနဲ့အချစ်ဇာတ်လမ်းကို ရောယှက်ထားပါတယ်။ သရုပ်ဆောင်၊ ရိုက်ချက်တွေ ပြောစရာမလိုအောင် ကောင်းတာမို့ ကြည့်ဖြစ်အောင်ကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားပါပဲ။
အမြောက်တပ်ဗိုလ်ကြီးအဖြစ်ကနေ ဗိုလ်မှူးချုပ်၊ ဗိုလ်ချုပ်ရာထူးတိုးလာပြီး တိုက်ပွဲကြီးတွေ ဆက်တိုက်အောင်မြင်ခဲ့တာတွေ၊ ပြင်သစ်တော်လှန်ရေးမှာ အင်ပါယာဖြစ်လာတာတွေ၊ ရုရှားနဲ့စစ်ပွဲမှာအကြီးအကျယ်ဆုံးရှုံးပြီး နယ်နှင်ခံရတာတွေ၊ နယ်နှင်ခံရတဲ့ဘဝကနေ ပြင်သစ်ကို ပြန်တိုက်ယူဖို့ကြိုးစားတာတွေနဲ့ နောက်ဆုံးအဆုံးသတ် ဝါတာလူးစစ်ပွဲအကြောင်းတွေကို မြင်ရမှာပါ။ ကြည့်လိုက်ကြပါဦး။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Mr.Anderson ဖြစ်ပါတယ်)...
Dhootha (2023- )
⭐IMDB: 7.8/10 (3 k Votes)
🎬 #Mystery #Crime #Drama #Thriller
🗓 2023- 🎞 tv series
🌎 #India
⏰ 43 မိနစ် 2 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Dhootha (2023)Dhootha 2023
IMDb 7.8/10
Horror
“Dhootha ” ဆိုတာ အစိုးရနဲ့ပြည်သူကြားကို အမှန်တရားတွေပို့ဆောင်ဆက်သွယ်ပေးသူ “Messenger” ဆိုပြီး
ဂျာနယ်လစ်တွေကိုရည်ညွှန်းထားတဲ့ ဝေါဟာရတစ်ခုပါ ဂျာနယ်လစ်တစ်ယောက်အတွက်တော့
ဖောင်တိန်တစ်ချောင်းက အင်အားအကြီးဆုံးလက်နက်ပါပဲ …ဇာတ်လမ်းအစကတော့ ဆာဂါဗာရ်မာအဗူဒူရီကို အယ်ဒီတာချုပ်ရာထူးပေးအပ်ပွဲကစတယ်လို့ဆိုရမှာပေါ့
သူဒီရာထူးကိုရခဲ့တာတော့နည်းနည်းလေးကလိမ်ကျတယ်ဗျ ဒီရာထူးအတွက်လူကြီးတွေမှန်းထားတဲ့
ချားစ်ဆိုတဲ့လူက ရူးနေတာပါလို့လူကြီးတွေကိုပြောလိုက်လို့ ချားစ်အစား သူရလာခဲ့တဲ့ရာထူးတစ်ခု
ဒီရာထူးနဲ့အတူ သူ့ဆီကိုရောက်လာမဲ့ ကံကြမ္မာဆိုးကိုတော့ သူကြိုတင်မြင်နိုင်စွမ်းမရှိခဲ့ဘူးပေါ့
Your browser does not support the video tag.ရာထူးအပ်နှင်းပွဲပြီးလို့ အိမ်အပြန်လမ်းမှာဆီပြတ်လို့ စားသောက်ဆိုင်လေးထဲဝင်ထိုင်ရင်း ဆီစွန်းနေတဲ့သတင်းစာစာရွက်ပိုင်းလေးကို ယူဖတ်ကြည့်လိုက်တော့” 9-11-2022 ည 10:45:33 အချိန် နာမည်ကျော်အယ်ဒီတာချုပ် ဆာဂါရ်ဗာရ်မာအဗူဒူရီတို့ ကားအက်ဆီးဒင့်ဖြစ်ရာမှ ခွေးသေဆုံး “ဆိုတဲ့သတင်းခေါင်းစဉ်တစ်ခုကိုတွေ့လိုက်ရတယ်လက်ရှိအချိန်ကလည်း သတင်းစာပိုင်းထဲကအချိန်နဲ့ကွက်တိကျနေလို့ တွေဝေနေတုန်း ရပ်ထားခဲ့တဲ့ကားက
တကယ်ကားတိုက်မှုထဖြစ်ပြီး ဒီကံကြမ္မာဆိုးကို လက်ဆင့်ကမ်းယူလိုက်မိသွားရာက…နောက်ထပ် ဘယ်လိုသတင်းစာပိုင်းတွေထပ်ရဦးမလဲ ဒီကျော့ကွင်းထဲက သူဘယ်လိုလွတ်အောင်ရုန်းနိုင်မလဲ အနာဂတ်ကိုကြိုသိရပေမဲ့ ရေးဆွဲပြီးသားကံကြမ္မာကို ပြောင်းလဲနိုင်စွမ်းရှိပါ့မလားဆိုတာကိုတော့….(အညွှန်းကိုတော့ Yunni ကရေးသားပေးထားပြီး CM Bollywood Team မှဘာသာပြန်ဆိုပေးထားပါတယ် )( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့
ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
My Favorite Idol-Jun Kasui [SSIS-953-Decensored]
⭐-
🎬 #Adult
🗓 - 🎞 movie
🌎 #Japan
⏰ 1 နာရီ 59 မိနစ် 6 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Jun Kasui ဆိုတာ အသက် ၂၂ ပဲရှိသေးတဲ့ JAV မင်းသမီးလေးဖြစ်ပြီး တော်ယုံတန်ယုံလူမသိပေမယ့် လုံးဝအမိုက်စား
Underrated မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။
အပြစ်ပြောစရာ တစ်စက်ကလေးတောင် အဆီအပိုမရှိပါဘူး။
SSIS-953-Decensored ဒီဇာတ်လမ်းထဲမှာတော့ သူမကို Idol ကောင်မလေးတစ်ယောက်အဖြစ်
မြင်တွေ့ရမှာဖြစ်ပြီး ပရိတ်သတ်တွေအပေါ် သဘောကောင်းသူလေးအဖြစ်ခံစားရမှာပါ။
JAV ဆိုတာ အာသာပြေစိတ်ကူးယဉ်ဇာတ်လမ်းတွေမလို့ ဒီတိုင်းထွက်ပေါက်တစ်ခုအနေနဲ့ပဲ ခံစားမယ်ဆို အဆင်ပြေပါတယ်။
Decensored Version နဲ့ဆိုတော့ Jun Kasui ကိုစွဲလန်းသွားစေဖို့လုံလောက်မှာပါ။
(Dark Side Production မှ တင်ဆက်သည်။)
Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...
Snake 4: The Lost World (2023)
⭐TMDB: 55.0% User Score
🎬 #Fantasy #Horror #Thriller
🗓 2023 🎞 movie
🌎 #China
⏰ 1 နာရီ 21 မိနစ် 4 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ခရီးသည်တင်လေယာဉ်တစ်စီးဟာ မိုးကြိုးမိပြီး အင်ဂျင်ကျသွားခဲ့တော့မဖြစ်မနေအရေးပေါ်ဆင်းသက်ဖို့ ဖြစ်လာခဲ့ပါတယ်။တွေ့ရာကျွန်းလေးတစ်ကျွန်းပေါ်ဆင်းသက်လိုက်ရာမှာလေယာဉ်ဟာနှစ်ပိုင်းပြတ်ပြီး ပြုတ်ကျသွားခဲ့တယ်။
မြေပုံပေါ်မှာ လူမသိတဲ့သီးခြားကမ္ဘာလိုဖြစ်နေတဲ့ကျွန်းတစ်ကျွန်း ပေါ်မှာလေယာဉ်ရဲ့အပိုင်းနှစ်ခုဟာ တောင်တစ်လုံးရဲ့ဟိုဘက်ခြမ်းဒီဘက်ခြမ်းကိုကျသွားခဲ့ပါတယ်။ဒီလိုနဲ့ လေယာဉ်မြီးပိုင်းကခရီးသည်တွေဟာ အရေးပေါ်အချက်ပေးအကူအညီတောင်းနိုင်ဖို့ လေယာဉ်ခေါင်းပိုင်းဆီကိုသွားဖို့ဆုံးဖြတ်လိုက်ကြတယ်။ဒီလျှို့ဝှက်တဲ့ကျွန်းပေါ်မှာ ဆန်းကြယ်တဲ့ အသားစားသစ်ပင်တွေနဲ့ သားရဲတွေကခရီးသည်တွေကိုစောင့်ကြိုနေမှန်း သူတို့မသိကြပါဘူး။အန္တရာယ်အမျိုးမျိုးကိုကျော်ဖြတ်ရင်း အသက်ဆက်ရှင်ဖို့ကြိုးစားရင်းဘယ်လိုရှေ့ဆက်ကြမလဲဆိုတာ သည်းထိတ်ရင်ဖိုကြည့်ရမှာဖြစ်ပါတယ်။...
Agnathavasi - Prince in Exile (2018)
⭐IMDB: 4.3/10 (3 k Votes)
🎬 #Action #Bollywood #Drama
🗓 2018 🎞 movie
🌎 #India
⏰ 2 နာရီ 40 မိနစ် 39 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Agnyaathavaasi (2018) “နန်းပြင်က အိမ်ရှေ့မင်းသား”
2018 က ထွက်ရှိခဲ့တဲ့ နာမည်ကြီး တေလဂူး Action/Thriller ကားလေးကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်အိန္ဒိယရဲ့ အချမ်းသာဆုံးမင်းသားတွေထဲက တစ်ယောက်ဖြစ်တဲ့ မင်းသား Pawan Kalyan နဲ့ မင်းသမီးချောလေး Keerthy Suresh တို့ ပါဝင်ထားကြပါတယ်
“Revenge is the best dish best-served cold”“လက်စားချေခြင်းဆိုတာ အေးမှ စားလို့ကောင်းတဲ့ ဟင်းလျာတစ်ခွက်ပါပဲ”
တစ်ခုမတူတာကတော့ ဒီကားထဲက မင်းသားက လက်စားချေခြင်းကို အေးမှ စားသုံးမယ့်လူမျိုးမဟုတ်ပဲ…မြန်နိုင်သမျှအမြန်ဆုံး သူ့ရဲ့အဖေနဲ့ ညီလေးကို သတ်သွားတဲ့သူတွေကို လက်စားချေလိုစိတ်ဖြစ်နေသူပါသူ့ရဲ့ ဝသီအရ “သစ်ပင်တွေကို အထပ်ထပ်ညှင်းပန်းပြီးမှ သက်တောင့်သက်သာ ထိုင်လို့ရတဲ့ ကုလားထိုင်တစ်လုံးဖြစ်သလိုမျိုးပဲ …သူ့ရဲ့ ရင်ထဲက အာဃာတရန်ငြှိုးတွေ ချုပ်ငြိမ်းပြီး သက်တောင့်သက်သာ နေနိုင်ဖို့ လက်စားချေခြင်းကို အမြန်ဆုံးလုပ်နိုင်မှ အေးမယ်လို့ တွေးထားသူပါ
ဇာတ်လမ်းအစမှာ ဗင်ဒါဆိုတဲ့ AB လုပ်ငန်းစုပိုင်ရှင်တစ်ယောက်နဲ့ သူရဲ့သားအငယ် လုပ်ကြံခံလိုက်ရပါတယ်သူ့ရဲ့နောက်မိန်းမဖြစ်သူ အင်ဒါရာနီက ဗင်ဒါကို သတ်တဲ့လူတွေရဲ့ အသံဖိုင်ကို သိထားပြီး လူတစ်ယောက်ကို ခေါ်ခိုင်းလိုက်ပါတယ်
အဲဒီလူကတော့ နယ်မှာနေထိုင်နေတဲ့ ဗင်ဒါရဲ့ သားအကြီး အာဘီပါပဲ… တနည်းပြောရရင် နန်းပြင်က အိမ်ရှေ့မင်းသားပေါ့
သတင်းကြားချင်းချင်း မြို့တက်လာပြီးတော့ သူ့ရဲ့ အဖေကို သတ်သွားတဲ့ ဗာမာနဲ့ ရှာမာရ်ကို ရအောင် လက်စားချေဖို့ အစီအစဥ်ဆွဲပါတော့တယ်သူတို့ရဲ့ ကုမ္ပဏီကို ဝန်ထမ်းအသစ်တစ်ယောက်အနေနဲ့ နာမည်အတုနဲ့ ဝင်ရောက်ပြီး တစ်နေ့မှာတော့ ချောမောလှပလွန်းတဲ့ ဗာမာရဲ့ သမီးဖြစ်သူနဲ့ ရင်းနှီးကျွမ်းဝင်ဖြစ်ပါတယ်
သူ့ရဲ့ သမီးကို အသုံးချပြီး အာဘီတစ်ယောက် သူ့ရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ အဖေနဲ့ညီဖြစ်သူအတွက် လက်စားချေနိုင်မှာလားဆိုတာကိုတော့ …ကျန်တာမကြည့်ပဲ မင်းသမီးလေးနဲ့တင် တန်နေပြီမို့လို့ CM ပရိသတ်ကြီးအတွက် ညွှန်းပေးလိုက်ရပါတယ်
အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ Zwe Yan ~ ToMo ~ KKKZ တို့ ဖြစ်ပါတယ်
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
My Love (2021)
⭐IMDB: 6.1/10 (434 Votes)
🎬 #Drama #Romance #Comedy
🗓 2021 🎞 movie
🌎 #China
⏰ 1 နာရီ 54 မိနစ် 51 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခါတော့ CMကနေ ၂၀၁၈ကထွက်ထားတဲ့ ကိုရီးယားကား On Your Wedding Dayကိုပြန်လည်ရိုက်ကူးထားတဲ့ တရုတ်အချစ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်နော်ဒီကားလေးကတော့ မိန်းကလေး တစ်ယောက်တည်းကိုပဲ မပြောင်းလဲဘဲ၁၅နှစ်တာလုံးချစ်ခဲ့တဲ့ ကောင်လေးတစ်ယောက်အကြောင်းကိုရိုက်ကူးပုံဖော်ထားတဲ့ ရိုမန့်ကားလေးပါ ဇာတ်ကြောင်းလေးကတော့…
ကျိုးရှောင်ချီဆိုတဲ့ကောင်လေးက ကျောင်းမှာ အမြဲတမ်းရန်ဖြစ်ကျောင်းလစ်နေကျ ကောင်ဆိုးလေးတစ်ယောက်ပါ သူ့အသက် ၁၇နှစ်အရွယ်မှာပဲရှောင်ချီဟာ ကျောင်းပြောင်းကျောင်းသူလေး ယိုယုံစစ်ကို မြင်မြင်ချင်းချစ်မိသွားခဲ့တယ် အဲ့နောက်မှာတော့ ရှောင်ချီတစ်ယောက်ယုံစစ်နောက်ကနေ တကောက်ကောက်လိုက်ရင်း သူတို့နှစ်ယောက်သူငယ်ချင်းတွေ ဖြစ်လာခဲ့ပါတယ် ဒီလိုနဲ့ သူတို့နှစ်ယောက်အတူတူပေါက်ကရတွေလုပ်ရင်း သူတို့သံယောဇဉ်တွေ တိုးလာပြီလို့ရှောင်ချီတစ်ယောက်ထင်ခဲ့ပေမဲ့ အဲ့ဒါဟာ သူ့အထင်တစ်ခုသာဖြစ်နေခဲ့ပါတယ်
တစ်နေ့မှာ ယုံစစ်တစ်ယောက် ရှောင်ချီကို နှုတ်ဆက်စကားတစ်ခွန်းပဲဆိုပြီးထွက်သွားပြီးနောက်ပိုင်းမှာ ယုံစစ်နဲ့ ရှောင်ချီ ဘယ်လိုမျိုးပြန်တွေ့ ကြမလဲရှောင်ချီရဲ့ အချစ်တွေကရော ရောင်ပြန်ဟပ်လာမှာလားဆိုတာဆက်လက်ပြီးတော့ ကြည့်ရှုခံစားကြရမှာပါနော်...
Goodbye Mr. Loser (2015)
⭐IMDB: 6.7/10 (3 k Votes)
🎬 #Comedy #Romance #Drama #Fantasy
🗓 2015 🎞 movie
🌎 #China
⏰ 1 နာရီ 44 မိနစ် 50 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီကားလေးဟာ imdb6.7ရရှိထားပြီးChinese box officeမှာ $228millionအထိဝင်ငွေရရှိထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်..ဇာတ်လမ်းအကျဉ်းလေးကတော့ရှလော့ဟာတေးရေးအဆိုကျော်ဖြစ်ချင်နေပေမယ့်မအောင်မြင်နိုင်ပဲ အမြဲကျရှုံးနေရသူပါ…တစ်နေ့မှာသူငယ်စဉ်ကcrushခဲ့ရတဲ့ကျောင်းရဲ့အလှဘုရင်မလေးချုံးယာမင်္ဂလာဆောင်ကိုစမတ်ကျကျနဲ့ဟန်ဆောင်ပြီးသွားရာကနေ မင်္ဂလာပွဲမှာဘယ်လိုတွေရှုပ်ယှက်ခတ်ကုန်မလဲ..
သူ့မိန်းမ မာတုန်းမိန်လို်က်လာပြီးအရှက်တွေကွဲပြီးထွက်ပြေးရာကနေ1990ခုနစ် သူ့ရဲ့အထက်တန်းကျောင်းသားဘဝကိုအမှတ်မထင်အချိန်ခရီးသွားပြီး ပြန်လည်ရောက်ရှိသွားပါတော့တယ်…
ဒီလိုနဲ့ သူ မပိုင်ဆိုင်နိုင်ခဲ့တဲ့အချစ်နဲ့ အောင်မြင်မှုတွေကို ရယူနိုင်ဖို့ကြိုးစားပါတော့တယ်…ရာစုနှစ်၂စုလောက်နောက်ကျပြီးမှထွက်လာမယ့်အဆိုကျော်တွေရဲ့သီချင်းတွေကိုCopyလုပ်ပြီးအောင်မြင်ကျော်ကြားလာပါတော့တယ်…..
သူလိုချင်တဲ့အောင်မြင်မှုတွေနဲ့ချုံးယာကိုပိုင်ဆိုင်ခဲ့ရပေမယ့်ဒါကသူလိုချင်တဲ့ဘဝမျိုးဖြစ်ရဲ့လား…သူ့နှလုံးသားထဲမှာရှိနေတဲ့မိန်းကလေးဟာတစ်စုံတစ်ယောက်လို့သိလိုက်ရချိန်မှာတော့..ဇာတ်ကားတစ်ခုလုံးကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်..
ဒီဇာတ်ကားလေးကြည့်ပြီးရင်တော့ကိုယ်မပိုင်ဆိုင်ခဲ့ရတဲ့ဘဝတွေကိုတမ်းတနေမဲ့အစားကိုယ့်ဘေးမှာ ဆိုးတူကောင်းဖက်ရှိနေပေးတဲ့သူကိုမြင်နိုင်ပြီးတန်ဖိုးထားရမယ်ဆိုတာသိလာမိပါတယ်...
The Girl of Destiny (2023)
⭐TMDB: 0.0% User Score
🎬 #Action #Fantasy #Romance #War
🗓 2023 🎞 movie
🌎 #China
⏰ 1 နာရီ 25 မိနစ် 32 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
CM ရဲ့ ချစ်ပရိသတ်တို့ကို ဒီတစ်ခါမှာတော့ ရှေးခေတ်မှာ ကာကွယ်ရေးနတ်အနေနဲ့အကိုးကွယ်ခံရတဲ့ ငှက်နတ်သမီး အကြောင်းကို စိတ်ကူးယဉ်ရိုက်ကူးထားတဲ့ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…
ဒီဇာတ်လမ်းမှာဆိုရင် မျိုးနွယ်အစုသီးသီးကြားက ငှက်နတ်သမီးရွေးချိန်မှာကျိုဖုန်းဆိုတဲ့ ဖုန်းမျိုးနွယ်က သမီးပျိုလေးကို ငှက်နတ်သမီးအဖြစ်ရွေးချယ်ခဲ့တယ်ဆိုပေမယ့် တကယ့် ငှက်သမီးက သက်သက်ရှိနေတယ်ဆိုတာနဲ့ အစချီခဲ့ပါတယ်…
ငှက်နတ်သမီးဟာ တရှန့်ညွှန့်ပေါင်းပြည်ထောင်ကြီးကို ကာကွယ်ပေးရမယ့်တာဝန်ရှိသလို အများကလည်း တလေးတစားနဲ့ အရေးတယူ ဆက်ဆံရတဲ့မြင့်မြတ်တဲ့ ပုဂ္ဂိုလ်မျိုးပေါ့… ဒီလိုအလေးပေးခံရတဲ့အတွက်ငှက်နတ်သမီးမှာ တရှန့်ညွှန့်ပေါင်းပြည်ထောင်ကြီးကို ကာကွယ်ပြီးထီးနန်းဆက်ခံမယ့် အရှင့်သားရဲ့ မိဖုရားခေါင်အဖြစ်အရှင့်သားနဲ့အတူ နန်းတက်ရမယ်လို့လည်း ယုံတမ်းရှိနေခဲ့တယ်…
ဒါကြောင့်လည်း ကုလင်စစ်သူကြီးက သူ့သမီးကို ငှက်နတ်သမီးဖြစ်အောင်လုပ်ထားပြီး ညွှန့်ပေါင်းပြည်ထောင်စုကို ထိန်းချုပ်ဖို့ ကြိုးစားနေခဲ့တာပေါ့…ဒါပေမယ့် တစ်ဖက်မှာ ဖုဟောင်ဆိုတဲ့ အမျိုးသမီးလေးဟာ မွေးတည်းကသူ့ကိုယ်သူ ငှက်နတ်သမီးလို့ ယုံကြည်နေသူတစ်ယောက်ပေါ့…သူ့ပင်ကိုယ်အရည်အချင်းအရ လက်ရုံးရည်ရော နှလုံးရည်ပါ ပြည့်စုံနေသူတစ်ဦးပေါ့…
လူသားစားတဲ့ လော့မျိုးနွယ်စုက ပုန်ကန်လာချိန်မှာတော့တကယ့်ငှက်နတ်သမီးတစ်ယောက်ရဲ့ သမိုင်းပေးတာဝန်အရသွေးဆူပြီး မရရတဲ့နည်းနဲ့ ရှေ့ထွက်တိုက်ခဲ့တယ်…အဆုံးသတ်မှာတော့ ဖုဟောင်တစ်ယောက် ငှက်နတ်သမီးအဖြစ် အလေးစားခံရမှာလား…ကုလင်စစ်သူကြီးရဲ့ သမီးကရော ဘာဆက်ဖြစ်မှာလဲ…ညွှန့်ပေါင်းပြည်ထောင်စုကရော ဘာတွေဆက်ဖြစ်မှာလဲ…လော့မျိုးနွယ်တိုက်ပွဲရဲ့ နောက်ဆုံးရလဒ်ကရော ဘာတွေတွေဖြစ်လာမှာလဲ...
The Touch Guy ( 2019 )
⭐-
🎬 #Drama #Action
🗓 2019 🎞 movie
🌎 #China
⏰ 1 နာရီ 2 မိနစ် 27 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
မူးယစ်ဆေးဂိုဏ်းခေါင်းဆောင်တစ်ယောက်ကိုကယ်ဖို့ဒယ်လီကောင်လေးတစ်ယောက်ကိုအကြပ်ကိုင်ရာကစတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ။
ဒယ်လီကောင်လေးရဲ့ ရည်းစားကောင်မလေးကိုဖမ်းပြီးဂိုဏ်းခေါင်းဆောင်ကြီးကိုကယ်ခိုင်းတော့ ဒယ်လီကောင်လေးကဘတ္ထရီဆိုင်ကယ်တစ်စီးနဲ့ သွားကယ်ရပါတော့တယ်
ဂိုဏ်းခေါင်းဆောင်ကိုကယ်လိုက်ပေမယ့် ခေါင်းဆောင်ကြီးကမ်းလှမ်းတာကိုလက်မခံတဲ့အတွက် သူ့ကောင်မလေးကိုမလွှတ်ပဲ ကားနဲ့တင်ခေါ်သွားပါတယ်။ကောင်မလေးကိုကယ်နိုင်ဖို့ မူးယစ်တိုက်ဖျက်ရေးအဖွဲ့ကလို့ဆိုတဲ့မိန်းမတစ်ယောက်နဲ့ပူးပေါင်းလိုက်ပါတယ်။ မူးယစ်ဂိုဏ်းအဖွဲ့ကြီးနဲ့သူတို့နှစ်ယောက်ဘယ်လိုများရင်ဆိုင်တိုက်ခိုက်ပြီး ကောင်မလေးကိုကယ်ကြမလဲ...
Justice League: Crisis on Infinite Earths - Part One (2024)
⭐IMDB: 6.6/10 (74 Votes)
🎬 #Action #Adventure #Animation #ScienceFiction #Fantasy
🗓 2024 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 33 မိနစ် 6 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
DC ရဲ့ စူပါဟီးရိုး ကာတွန်းကားအသစ်လာပါပြီ။ ဇာတ်ကောင်အစုံနဲ့ ဇာတ်လမ်းကောင်းကောင်းနဲ့မို့ ရုပ်ရှင်အစစ်ကြီးလိုပဲ ခံစားလို့ကောင်းပါတယ်။ Flash စီးရီးကြည့်ဖူးတဲ့သူတွေကတော့ ဇာတ်လမ်းကျောရိုးကို သိနေမှာပါ။
အပြိုင်စကြဝဠာအားလုံးကို ဖျက်ဆီးမဲ့ အန်တိုင်မက်တာ၊ အန်တီမက်တာဆိုတဲ့ လှိုင်းကြီးတစ်ခုပေါ်လာပြီး စကြဝဠာတွေကို တစ်ခုပြီး တစ်ခု ဖျက်ဆီးလာပါတယ်။ ဒါကိုမှ စကြဝဠာအားလုံးကို စောင့်ကြည့်ရုံပဲကြည့်ပြီး ဘာမှမလုပ်ရတဲ့ မော်နီတာက မနေနိုင်တော့ဘဲ စူပါဟီးရိုးတွေကိုစုစည်းပြီး အန်တိုင်မက်တာကို တားဖို့ ကြိုးစားပါတော့တယ်။ ဒီနေရာမှာ ထုံးစံအတိုင်း အဓိကဖြစ်လာတာကတော့ဖလက်ရှ်ပါပဲ။ အချိန်ခရီးသွားတာနဲ့ စကြဝဠာခရီးသွားတာတွေကို တစ်ယောက်တည်းလုပ်နိုင်နေတဲ့ ဖလက်ရှ်ဟာ ဒီကိစ္စရဲ့အစအလယ်အဆုံးမှာ ပတ်သတ်နေပြီး အခြားစူပါဟီးရိုးတွေနဲ့အတူ စကြာဝဠာအားလုံးကို ကယ်တင်ဖို့ ကြိုးစားရပါတော့တယ်။ စူပါဟီးရိုးတွေကတော့ ဂျက်စတစ်လိအပြင် DC ဖန်တွေကြိုက်တဲ့ အခြားကာရိုက်တာတွေပါ ပါနေသေးတာမို့ အတော်မြိုင်မြိုင်ဆိုင်ဆိုင်ကြည့်ရပါလိမ့်မယ်။...
The Prequel of Gold Convoyers: Confidence of Banking Stockroom (2010)
⭐TMDB: 0.0% User Score
🎬 #Action #Drama #ThePrequelofGoldConvoyers
🗓 2010 🎞 movie
🌎 #China
⏰ 1 နာရီ 28 မိနစ် 8 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ပထမကားရဲ့အဆက်ပဲဖြစ်ပါတယ် စုစုပေါင်း ဆယ်ကား တိတိရှိပြီး
ဒီတစ်ခါမှာတော့ အင်မတန်မှကပ်စေးကုတ်တဲ့ချန်ယိုယွီကတော့နန်းတော်ငွေချောင်းတွေထိန်းသိမ်းတဲ့မှတ်တမ်းရေးမှူးတစ်ယောက်ပေါ့။
တနေ့မှာအထက်လူကြီးရဲ့မသမာတာကိုတွေ့သွားပေမဲ့ သူ့ကိုအပြစ်ပုံချဖို့ကြိုးစားပါတော့တယ်။ သူ့ဇနီးနဲ့သားအန္တရာယ်ရောက်မှာကိုသိတာကြောင့် ပို့ဆောင်ရေးစခန်းကိုဌားပြီး ဇနီးနဲ့သားကိုလုံခြုံတဲ့နေရာဆီပို့ဆောင်ဖို့ကြိုးစားပါတော့တယ်။
ကဲဒီတော့လမ်းခရီးမှာဘယ်လိုတွေဒုက္ခရောက်ကြမလဲ။ဒီအမှုကိုဘယ်လိုဖြေရှင်းမလဲဆိုတာစိတ်ဝင်တစားကြည့်ရူလိုက်ရအောင်...
