es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Canal cerrado

🚩 Channel was restricted by Telegram

Mostrar más
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
Tokyo Revengers 2: Bloody Halloween - Destiny (2023) ⭐IMDB: 6.5/10 (322 Votes) 🎬 #Action #Crime #Drama #SciFi 🗓 2023 🎞 movie 🌎 #Japan ⏰ 1 နာရီ 31 မိနစ် 3 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Tokyo Revengers 2 Part 1: Bloody Halloween – Destiny (2023) Anime ရော Manga ပါ နာမည်ကြီးခဲ့တဲ့ Tokyo Revengers 2 ရဲ့ Live Action ထွက်ရှိလာပါပြီ။ ဇာတ်လမ်းအကျဉ်းကတော့ Takemichi ဟာ သူ့မျက်စိရှေ့မှာတင်Tokyo Manjikai ဂိုဏ်းက သူ့ချစ်သူ Hinata ကို သတ်သွားတာကို မြင်လိုက်ရပါတယ်။ဒီလိုနဲ့ Takemichi တစ်ယောက် ချစ်သူကိုကယ်တင်ဖို့အတွက် လွန်ခဲ့တဲ့ ၁၀ နှစ်ဆီကို အချိန်ခရီးသွားခဲ့ပါတော့တယ်။Hinata ကို ကယ်တင်ဖို့ အတိတ်ကအဖြေကို ရှာဖွေရမယ့် Takemichi ဟာ တကယ့်‌အဖြေကို တွေ့ရှိသွားချိန်မှာတော့…။ Tokyo Manjikai ဂိုဏ်းကို တည်ထောင်ခဲ့သူ လူ ၆ ယောက်ရဲ့ ဝမ်းနည်းစရာအဖြစ်အပျက်နဲ့ဆက်စပ်နေတဲ့အဲဒီအဖြေကို Takemichi တစ်ယောက် ဘယ်လိုကိုင်တွယ်သွားမလဲ။သူ့ချစ်သူ Hinata ကိုရော ကယ်တင်နိုင်ပါ့မလားဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာမို့Tokyo Revengers ပရိသတ်ကြီး လက်လွှတ်မခံကြနဲ့ဦးနော်။ အညွှန်းကိုတော့Hmweက ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့Hmwe&Khaingပဲ ဖြစ်ပါတယ်။...

Sevappi (2024) ⭐IMDB: 6.7/10 (32 Votes) 🎬 #Bollywood #Comedy #Drama 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 53 မိနစ် 37 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Sevappi (2024) ငါ့ကြက်မဥ ငါ့ဥIMDb _6.7/10 ဆွံ့ပျံ့ကြည်နူးဖွယ်ကောင်းတဲ့ မိသားစုသံယောဇဉ်တွေနဲ့ ကလေးတယောက်ရဲ့မေတ္တာကိုပုံဖော်ထားတဲ့ တမီလ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။“ငါ့ခြံထဲမှာ ဥတဲ့ဥ ငါ့ကြက်မရဲ့ ဥ”ဆိုတဲ့ အရိုးရဲ့သီချင်းလေးလိုပဲ။ဒီဇာတ်လမ်းလေးထဲမှာတော့ ငါ့ကြက်မရဲ့ဥကို ငါ့သမီးလေးအထင်နဲ့ ပြုစုစောင့်ရှောက်နေတဲ့ကလေးငယ်လေးတစ်ယောက်ရဲ့ဇာတ်လမ်း။ကိုယ့်ကိုယ်ကိုယ်ထက် တူတူမတွေကို ပိုပိုပြီးချစ်ကြတဲ့ ဦးလေးဖြစ်သူတွေရဲ့ဇာတ်လမ်း။ ကလေးတစ်ယောက် ဘယ်လိုမွေး။ အနမ်းတစ်ပွင့်ကနေ မွေးပါသတဲ့။ဒါက သွားတူလာတူနေနေကြတဲ့ ကလေးနှစ်ယောက် ထိုင်ပြောနေတဲ့စကားတွေ။ဒီကနေပဲ ဦးလေးဖြစ်သူပေးတဲ့ ကြက်မလေးကို ချစ်လွန်းလို့ နမ်းလိုက်မိရာကစဘော်ဒါဘော်ကျွတ်ပြောထားတဲ့ အနမ်းကြောင့် ရင်သွေးလေးရတယ်ဆိုတဲ့စကားကိုသတိရပြီးကြက်မလေးကနေ သူ့ကလေးမွေးမယ်လို့ထင်ပါလေရော။ အဲဒါအပြင် ရွာပြင်မှာရှိတဲ့ ကျောက်တုံးအကြီးကြီးအောက်မှာက ရတနာသိုက်ရှိပါတယ်ဆိုတဲ့ကောလဟာလလိုလို ဘာလိုလိုကလည်း ရှိပြန်ရော။ဒီလိုအရှုပ်ထုတ်တွေကြားထဲမှာမှ ဘယ်လိုတွေစခန်းသွားကြမလဲဆိုတာ ပြုံးရွှင်စွာနဲ့ခံစားကြည့်ရှုကြပါဦးလို့။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

Evie (2023) ⭐IMDB: 4.1/10 (127 Votes) 🎬 #Horror #Mystery #Thriller 🗓 2023 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 23 မိနစ် 24 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Evie (2023) Psychological နဲ့ Demonic Creature နှစ်ခုပေါင်းစပ်ထည့်သွင်းထားတဲ့ Horror အမျိုးအစားဖြစ်ပါတယ်။ ရှေးတုန်းက Britain နဲ့ ဗိုက်ကင်းတွေရဲ့ ဒဏ္ဍာရီလာ ရှေးဟောင်းပစ္စည်းတွေနဲ့ ဆက်စပ်ထားပါတယ်။ ငယ်ငယ်တုန်းက မိဘနှစ်ပါးရယ် အစ်ကိုဖြစ်သူတိုနီရယ်နဲ့ ပင်လယ်ကမ်းစပ်မှာ ပျော်ပွဲစားထွက်ခဲ့တဲ့ အီဗီဟာ ဆော့ကစားရင်း ရှေးဟောင်းလည်ဆွဲတစ်ခု ကောက်ရခဲ့ပါတယ်။ အဲ့လည်ဆွဲမှာ သူနဲ့ သူချစ်ရတဲ့သူတွေရဲ့ဘ၀ကို ဖျက်ဆီးမယ့် ရေနတ်ဆိုးကပ်ပါလာတာကိုတော့ မသိခဲ့ပါဘူး။ အီဗီ အဲဒီလည်ဆွဲကို ဆွဲပြီးကတည်းက သူတို့မိသားစုမှာ ကြောက်စရာကောင်းပြီး ဆိုးဝါးတဲ့အဖြစ်တွေနဲ့ ကြုံခဲ့ရပါတယ်။ အီဗီတို့ အမေလည်း သေသွားပြီး အဖေက သူတို့မောင်နှမနှစ်ယောက်ကို မကြည့်နိုင်ဘဲ မိဘမဲ့ဂေဟာကို ပို့ပစ်ခဲ့ပါတယ်။ မောင်နှမနှစ်ယောက် ကွဲကွာသွားပြီး ပြန်ဆုံတဲ့အချိန်မှာ အီဗီက ငယ်ငယ်က အဖြစ်တွေကို သိပ်မမှတ်မိပါဘူး။ သူတို့အဖေကလည်း စိတ်ကျန်းမာရေးချို့တဲ့ပြီး ဆေးရုံတက်နေရပါတယ်။ နတ်ဆိုးစွဲကပ်နေတဲ့ အီဗီက သူ့ကိုယ်သူ ကယ်တင်နိုင်မလား… သူ့အစ်ကို တိုနီကရော အီဗီကို ဘာလို့ ပြန်ဆက်သွယ်ခဲ့တာလဲ… အီဗီတို့မိသားစုရဲ့ကံကြမ္မာက လည်ဆွဲနဲ့ သက်ဆိုင်နေလား… ဆိုတာ အတွေးပွားရင်း ကြည့်ရှုခံစားလိုက်ကြပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai KKမှ ပြန်ဆို ရေးသားထားပါတယ်)...

Hellraiser (1987) ⭐TMDB: 69.0% User Score 🎬 #HellraiserFranchise #Horror #Thriller 🗓 1987 🎞 movie 🌎 #UnitedKingdom #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Hellraiser (1987) ~ IMDb – 6.9/10, RT – 70%, Meta – 56% ~ Hellraiser Franchise ကြီးရဲ့ မူလဘူထ ပထမဆုံး ဇာတ်ကားဖြစ်ပါတယ်။ အကျော်ကြားဆုံး Horror Icon တွေထဲက တစ်ယောက်ဖြစ်တဲ့ Pinhead ဆိုတဲ့ ခေါင်းမှာ အပ်တွေစိုက်ထားတဲ့လူကြီးကို ပိတ်ကားပေါ်မှာ စတွေ့ရတဲ့ဇာတ်ကားဖြစ်ပြီး ဘတ်ဂျက် တစ်သန်းလောက်ပဲရင်းထားပေမဲ့ အမြတ်ငွေ အဆ ၂၀ ပြန်လည်ရရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ The Hellbound Heart ဆိုတဲ့ Horror ဝတ္ထုတိုကို ရုပ်ရှင်အနေနဲ့ စာရေးသူ Clive Baker က ကိုယ်တိုင် ဒါရိုက်တာအနေနဲ့ ရိုက်ကူးထားတာပါ။ ဒီပထမဆုံး ဇာတ်ကားကတော့ နောက်လာမယ့် ဇာတ်လမ်းတွေရဲ့ မိတ်ဆက်လို့ပြောရမလားပဲ ပဟေဠိသေတ္တာနဲ့ အဲဒီသေတ္တာက ဘာတွေလုပ်လို့ရတယ်ဆိုတာကို အနည်းအကျဉ်းမိတ်ဆက်တယ်။ ဆီနိုဘိုက် (Cenobites) တွေနဲ့မိတ်ဆက်ပေးတယ်။ ဘာကောင်တွေ ဘာလုပ်တာတွေလဲတော့ ခပ်ရေးရေးပဲသိရဦးမှာပေါ့။ စာအုပ်နဲ့ ဇာတ်ကား မကိုက်လို့ဆိုပြီး စာရေးဆရာတွေနဲ့ ဒါရိုက်တာတွေ အမြင်မကြည်ကြတာတွေ အများကြီးရှိပေမဲ့ ဒီဇာတ်ကားကတော့ စာရေးဆရာ Clive Baker က ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက်ရင်း သဘောမကျတာရှိရင် တန်းပြင်ပြီး စိတ်တိုင်းကျရိုက်ကူးထားတာဆိုတော့ မူရင်းစာအုပ်အရသာလည်းပျောက်မသွားသလို ရုပ်ရှင်အနေနဲ့ အကောင်းဆုံးပုံစံမျိုးထွက်လာတာကတော့ အမှန်ပါပဲ။ ဒီဇာတ်ကားက Franchise ရဲ့ ပထမဆုံးဇာတ်ကားဖြစ်ပြီး ပထမဆုံးတွေအများကြီးပါဝင်နေတဲ့ ဇာတ်ကားဖြစ်ပါတယ်။ Body Horror ကားတွေထဲက အကောင်းဆုံး Franchise တစ်ခုဖြစ်တဲ့ Hellraiser လောကထဲကို နည်းနည်းလောက် ခေါင်းပြူပြီး ဝင်ကြည့်လိုက်ကြတာပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို666မှ ပြန်ဆို ရေးသားထားပါတယ်)...

The Wedding Cottage (2023) ⭐IMDB: 7.1/10 (1 k Votes) 🎬 #Comedy #Drama #Romance #TVMovie 🗓 2023 🎞 tv movie 🌎 #Canada #UnitedStates ⏰ 1 နာရီ 24 မိနစ် 28 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 မင်္ဂလာပွဲစီစဉ်သူတစ်‌ ယောက်ဖြစ်တဲ့ ဗန်နက်ဆာ ဒွိုင်းကတော့ မင်္ဂလာပွဲစီစဉ်ပေးရတဲ့ အလုပ်ကိုမလုပ်တော့ပဲ အမေရိကန်တစ်နိုင်ငံလုံးမှာ မင်္ဂလာပွဲနဲ့ပတ်သတ်ရင် အကုန်ဖြည့်ဆည်းပေးနိုင်နဲ့ Tying the Knot ဆိုတဲ့ လုပ်ငန်းကိုစပြီး လုပ်ခဲ့ပါတယ်။ သူ့ရဲ့ လုပ်ငန်းအသစ်လေး လူသိများဖို့အတွက်ရော၊ သူ့နောက်ဆုံး စီစဉ်ပေးရတဲ့ မင်္ဂလာပွဲလေးပါဖြစ်ဖို့အတွက် ပြိုင်ပွဲတစ်ခုလုပ်ပြီး ကိုက်ညီတဲ့ စုံတွဲကိုရွေးချယ်ခဲ့ရာမှာ၊ သတို့သားဖြစ်သူက စစ်သားဖြစ်နေတာကြောင့် နိုင်ငံခြားကို နှစ်လအတွင်းသွားရတော့မှာဖြစ်လို့ မင်္ဂလာပွဲကိုလည်း ငါးပတ်အတွင်းအပြီးစီစဉ်ရဖို့ဖြစ်လာခဲ့ပါတယ်။ ရွေးချယ်ခံရတဲ့စုံတွဲရဲ့ ဆုံးဖြတ်ချက်အတိုင်း မင်္ဂလာနေရာကို ဗာမွန့်မြို့က မင်္ဂလာဆောင်အိမ်လေးမှာ မင်္ဂလာပွဲ စီစဉ်ပေးရတော့မှာဖြစ်ပေမဲ့ အိမ်လေးကပိတ်သွားခဲ့တာ ငါးနှစ်ကျော်နေခဲ့ပါပြီ။ ဒီလိုနဲ့ ဗန်နက်ဆာကိုယ်တိုင် ဗာမွန့်ကိုလိုက်သွားပြီး အိမ်ပိုင်ရှင်တစ်ဖြစ်လည်း၊ နာမည်ကြီးပန်းပုပညာရှင် အီဗန် စတန်းဖို့ကို အိမ်လေးပြင်ဆင်ခွင့်ပေးပြီး မင်္ဂလာပွဲလုပ်ခွင့်‌ပေးဖို့ တောင်းဆိုပါတော့တယ်။တိတ်ဆိတ်ငြိမ်သက်တဲ့နေရာ‌မှာ အေးအေးချမ်းချမ်းအလုပ်လာလုပ်တဲ့ အီဗန်ကတော့ အစပိုင်းမှာငြင်းပေမဲ့ ဇွဲအရမ်းကောင်းတဲ့ ဗန်နက်ဆာကြောင့် နောက်ဆုံးမှာ အိမ်ပြင်ခွင့်ပေးလိုက်ရပါတော့တယ်။ ဒီလိုနဲ့ ဗန်နက်ဆာနဲ့ အီဗန်တို့နှစ်ယောက် တဖြည်းဖြည်းနီးစပ်လာခဲ့ကြပြီး မင်္ဂလာပွဲစီစဉိပေးရတဲ့သူနဲ့ အကြံအိုက်နေတဲ့ အနုပညာသမားနှစ်ယောက်တို့ရဲ့ အချစ်လမ်းခရီးလေးကရော ဖြောင့်ဖြူးအဆင်ပြေသွားမလား၊ မင်္ဂလာဆောင်အိမ်လေးမှာလုပ်တဲ့ မင်္ဂလာပွဲ‌ေလးက‌ရောအဆင်ပြေမလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။...

Sweet Dreams (2023) ⭐IMDB: 6.5/10 (754 Votes) 🎬 #Drama #Comedy 🗓 2023 🎞 movie 🌎 #Netherlands #Réunion #Indonesia #Sweden #Belgium #BosniaandHerzegovina #Reunion ⏰ 1 နာရီ 43 မိနစ် 28 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ” Sweet Dreams ” ဆိုတဲ့ဇာတ်လမ်းလေးကတော့ ဒတ်ခ်ျ ဆွီဒင်ဇာတ်လမ်းလေးဖြစ်ပြီး 20 ရာစုအစောပိုင်းကဒတ်ခ်ကိုလိုနီခေတ်ကိုဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်။ ဒတ်ခ်ျလူမျိုးပြောင်းလုပ်ငန်းရှင်ကြီးမတော်တဆသေဆုံးသွားပြီး သူပိုင်တဲ့စက်ရုံ အိမ် နဲ့စိုက်ပျိုးမြေတွေကိုတရားဝင်တစ်ဦးတည်းသောသားကိုမပေးဘဲ သူ့အိမ်ကအင်ဒိုနီးရှားလူမျိုးအစေခံနဲ့ရထားတဲ့ 10 နှစ်အရွယ်တရားမဝင်သားဆီကိုလွဲပေးဖို့သေတမ်းစာချန်ထားခဲ့ရာကနေ ပြဿနာတွေစတက်ပါတော့တယ်။ သားအရင်းဖြစ်သူက ဒီဥရောပမှာပိုင်ဆိုင်သမျှအကုန်ရောင်းပြီးနယ်မြေမငြိမ်းချမ်းတဲ့ဥရောပအစား ကိုယ်ဝန်အရင့်မာရှိနေတဲ့ဇနီးနဲ့အတူ ငြိမ်းချမ်းတဲ့ဆွဇ်ဇလန်ကိုပြောင်းချင်ပေမယ့် အမွေတွေဟာသူ့အတွက်မဟုတ်ဘဲ တရားမဝင်သားဆီရောက်သွားတာမလို့ ဒေါသူပုန်ထပါတော့တယ်။မုဆိုးမအမေဖြစ်သူကျပြန်တော့လဲ ဥရောပမှာပဲခေါင်းချချင်သူပါ ဒီပြဿနာတွေကိုဘယ်လိုရှင်းကြမလဲဆိုတာကို ဇာတ်လမ်းလေးမှာကြည့်ရှုလိုက်ပါဦးနော်...

Ajay Gadu (2024) ⭐- 🎬 #Action #Bollywood #Drama #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 42 မိနစ် 52 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Ajay Gadu (2024)“ချစ်တတ်သော ခရီးသည်” နှစ်သစ်မှာ အသစ်ထွက်ရှိလာတဲ့Romance ဇာတ်ကားအသစ်လေး တင်ပေးလိုက်ပါတယ် ရုပ်ရှင်က အခုမှ ထွက်တာမို့ rating တွေတောင် မထွက်လာသေးတဲ့အချိန်ရရချင်း အမြန်တင်ပေးလိုက်တာပါ ဇာတ်လမ်းကတော့ အာဂျေးဆိုတဲ့ ဒါရိုက်တာ/စာရေးဆရာဖြစ်ချင်သူရိုးသားကြိုးစားဖိုးသခွားလေးတစ်ယောက် မြို့တက်ပြီးအဖေ့အသိတစ်ယောက်အဆက်နဲ့ ရုံးတစ်ရုံးမှာ content writer ဝင်လုပ်နေပါတယ် အိပ်မက်တွေနောက် ကြိုးစားလိုက်နေပေမယ့်လည်း အခက်အခဲတွေနဲ့တွေ့တိုင်းလဲကျလိုက် ပြန်ထလိုက်နဲ့ တစ်နေ့တော့ ရုံးကနေ အလုပ်ထုတ်ခံလိုက်ရပါတော့တယ် ညဘက် လမ်းမှာလည်း လူဆိုးတွေ ဝိုင်းထိုးတာခံရလို့ မေ့မျောနေတဲ့အချိန်ကယ်တင်ရှင်တစ်ယောက် ပေါ်လာပါတော့တယ် သူကတော့ ချောမောလှပတဲ့ မီးအိမ်ရှင်မလေး ဒေါက်တာ ဆွယ်သာပဲဖြစ်ပါတယ် ဆရာဝန်မလေးက သူ့ကို အိမ်ခေါ်သွားပြီး ဆေးထည့်ပေးရင်းနဲ့စတင်ခင်မင်ရင်းနှီးခဲ့ရာကနေ သူတို့နှစ်ယောက် ဘယ်လိုဆက်ဖြစ်မလဲ ရုပ်ရှင်ဒါရိုက်တာ ဖြစ်ချင်တဲ့ အာဂျေးတစ်ယောက်သူ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ အခွင့်အရေးရော ရှိပါ့မလား အချစ် အလွမ်းနဲ့ လောကဓံတို့ကြားမှာ အာဂျေးတစ်ယောက်ဟန်ချက်ညီညီ မတ်မတ်ရပ်နိုင်ပါ့မလားဆိုတာ ဒီ ရိုမန့်ကားလေးမှာပဲ ပရိသတ်ကြီး ဆက်လက်ခံစားပေးကြပါဦးအညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

Bone Tomahawk (2015) ⭐IMDB: 7.1/10 (115 k Votes) 🎬 #Drama #Horror #Western 🗓 2015 🎞 movie 🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 2 နာရီ 12 မိနစ် 56 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားက ပြန်ပေးဆွဲခံရတဲ့ လူတစ်စုကိုလိုက်ကယ်ဖို့ ကြိုးပမ်းကြတဲ့ ကောင်းဘွိုင်းတို့ကယ်ဆယ်ရေး အပေါ်ကို ဇာတ်အိမ်တည်ထားပြီး ဒါရိုက်တာ S.Craig Zahler ရိုက်ကူး ပုံပေါ်ထားတဲ့ အကောင်းဆုံးဇာတ်ညွှန်းဆုရ ဇာတ်ကားတစ်ကားဖြစ်ပြီး rating 7.1/10 အထိရရှိထားပါတယ် ဒီဇာတ်ကားမှာ နာမည်ကြီးမင်းသား Patrick Wilson နဲ့ မင်းသမီး Lili Simmonsတို့ ပါ၀င်ကူညီအားဖြည့် သရုပ်ဆောင်ထားပါတယ်.. ဇာတ်လမ်းအစမှာ ခရီးသွားတွေကို ဓါးပြတိုက်သတ်ဖြတ်နေတဲ့ အိမ်ခြေရာမဲ့နှစ်ယောက်က ထွက်ပြေးရင်း လူရိုင်းတွေကြီးစိုးနေတဲ့ Valley of Starving Men ရောက်သွားပါတယ် တစ်ယောက်ကလူရိုင်းတွေ သတ်ဖြတ်စားသောက်တာကို ခံလိုက်ရပြီး ကျန်တစ်ယောက်က Bright Hope မြို့ကိုရောက်လာတဲ့အခါမှာ သူသာမက နောက်က လိုက်လာတဲ့လူရိုင်းတွေပါ Bright Hope မြို့ကို ရောက်လာခဲ့ပါတယ် မြို့ပေါ်မှာ အရာရှိဖရန့်ကလင်း က ရာဇ၀တ်သားကို ခြေထောက်ကို ပစ်ခတ်ဖမ်းစီးလိုက်ရပါတယ် အဲ့နောက် ခြေထောက်ကသေနတ်ဒဏ်ရာကို ဆေးကုဖို့ မစ္စတာအိုဒီ၀ိုင်ယာရဲ့အမျိုးသမီးကို အကူအညီတောင်းခဲ့ပြီး နောက်နေ့မနက်မှာတော့ ဆေးလာကုတဲ့ မစ္စအိုဒီ၀ိုင်ယာရဲ့ဇနီးကော အရာရှိ ဖရန့်ကလင်းရဲ့ ညီနစ်ကော အိမ်ခြေရာမဲ့ရာဇ၀တ်သားကော လူရိုင်းတွေရဲ့ ဖမ်းခေါ်သွားခြင်းကိုခံလိုက်ရပါတယ် အဲ့ဒီနောက် အရာရှိနဲ့မစ္စတာအိုဒီ၀ိုင်ယာ တို့တစ်တွေ လူရိုင်းတွေကြီးစိုးနေတဲ့ Valley of Starving Men တောင်ကြားကိုသွားရောက်ကယ်ဆယ်ဖို့ကြိုးပမ်းကြပါတော့တယ် သူတို့ရဲ့ကယ်ဆယ်ရေး ခရီးစဥ်မှာ မိသားစုလိုက် အင်ဒီးယန်းလူရိုင်းတွေ သတ်တာခံလိုက်ရတဲ့ မစ္စတာဘရူဒါပါ၀င်လာတဲ့အခါမှာကော ဘယ်လို တွေဆက်ဖြစ်ကြမလဲ Valley of Starving Men တောင်ကြားကိုသွားတဲ့ ဦးသူကနိုင်စတမ်းလမ်းခရီးမှာကော ဘယ်လိုအခက်အခဲတွေကိုရင်ဆိုင်ရမလဲ သူတို့ရဲ့ကယ်ဆယ်ရေး အစီအစဥ်ကကော အောင်မြင်ပါ့မလား ဖမ်းခေါ်သွားခံ ရတဲ့သူတွေကရော Valley of Starving Menမှာ အန္တရာယ်ကင်းပါ့မလား သူတို့အားလုံး Valley of Starving Men တောင်ကြားကနေရော အသက်ရှင်ရက်ပြန်လာနိုင်မလားဆိုတာကို ဒီဇာတ်ကားလေးမှာ ရင်သပ်ရှုမောဖွယ်စီးမျောလိုက်ပါဦး ဒီဇာတ်ကားဟာ Action,Horror, Comedy ဇာတ်ကားတွေကိုမှကြိုက်နှစ်သက်သူတွေအတွက် မလွတ်စတမ်း ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်...

Karen (2021) ⭐TMDB: 40.0% User Score 🎬 #Crime #Drama #Thriller 🗓 2021 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 22 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Karen (2021)Genre – Crime, Drama, Thriller မာလစ်နဲ့ အီမာနီတို့ လင်မယားဟာ မြို့နဲ့သိပ်မဝေးတဲ့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုကို ဘဝသစ်တစ်ခု စတင်ဖို့ ပြောင်းရွှေ့လာကြတဲ့ လူမည်း လင်မယားစုံတွဲလေးပါ။ ဒါပေမဲ့ သူတို့ရောက်လာတာတော့ လူဖြူတွေ ရှိကြတဲ့ မှုခင်းအင်မတန် နည်းပါးတဲ့ ရပ်ကွက်လေးတစ်ခုပေါ့။ ဒီလိုနဲ့ စနေတဲ့အချိန် ဘေးချင်းကပ်ရပ်က ကလေးနှစ်ယောက်အမေ ရပ်ကွက်ဥက္ကဌလိုမျိုး ကယ်ရန်ဆိုတာနဲ့ စပြီး တွေ့ခဲ့ကြတယ်။ သူတို့ ပြောင်းလာပြီး ကယ်ရန်ဆိုတဲ့ အမျိုးသမီးက ကင်မရာတွေတပ်တယ် အမူအရာတွေလည်း စတင် ပြောင်းလဲလာတာပေါ့။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ကယ်ရန်ဆိုတဲ့ အမျိုးသမီးရဲ့ နောက်ကွယ်က စစ်မှန်တဲ့ ရည်မှန်းချက်တွေ သိလာရတဲ့အချိန်မှာ မာလစ်တို့ လင်မယား ဘယ်လိုတွေဆက်ဖြစ်ကြမလဲ...

Taeter Burger (2023) ⭐IMDB: 5.5/10 (238 Votes) 🎬 #Action #SciFi #Horror #ScienceFiction 🗓 2023 🎞 movie 🌎 #Italy ⏰ 1 နာရီ 16 မိနစ် 26 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကတော့ Necrostorm production က ထုတ်တဲ့ ဇာတ်ကားတစ်ကားပါ။ သူ့ရုပ်ရှင်တွေဟာဆိုရင် တစ်ကားလုံးသတ်မယ်ဖြတ်မယ် သွေးသံတရဲရဲကိုသာ ဦးစားပေးရိုက်ပြသွားတဲ့ကားတွေပါ…။ ဇာတ်လမ်းအကျဥ်းကိုပြောပြရရင်… သက္ကရာဇ် ၂၁၆၁ခုနှစ်အရောက်မှာတော့ ကမ္ဘာကြီးဟာ ပျက်သုဥ်း လုနီးပါးအခြေအနေကိုရောက်ရှိနေပြီး အုပ်ချုပ်ရေးယန္တရားများ၊ စီးပွားရေးယန္တရားများလည်းမလည်ပတ်နိုင်တော့ပါဘူး ဒီလို အခြေအနေမှာရာဇဝတ်မှုတွေပေါများလာတာနဲ့အညီ စားနပ်ရိက္ခာ ပြတ်လပ်မှုကိုလည်းကြုံနေရပါတယ်…။ လက်ကျန်အစိုးရအနေနဲ့ ဒီပြဿနာကိုဖြေရှင်းဖို့အတွက် ရာဇဝတ်သားများကို သုတ်သင်ရှင်းလင်းပြီး ရရှိတဲ့အသားတွေနဲ့ ကျန်ရှိနေတဲ့ပြည်သူတွေကို ကျွေးမွေးထားပါတယ်…။ အချိန်တွေကြာလာတော့ ရာဇဝတ်သားတွေ တဖြည်းဖြည်းနည်းသွားသလို စားနပ်ရိက္ခာလိုအပ်မှုကပိုပြီးကြီးထွားလာပါတယ် ဒီပြဿနာကိုရော ဘယ်လိုဆက်ပြီးဖြေရှင်းကြမလဲဆိုတာကိုရှာရင်းကြံရင်းနဲ့… ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ...

Antony (2023) ⭐IMDB: 7.8/10 (472 Votes) 🎬 #Action #Bollywood #Drama #Family #Thriller 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 26 မိနစ် 2 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Antony 2023 (အသည်းနုတဲ့လူကြမ်းကြီး)Action/ Drama/ FamilyIMDb 8/10 ဇာတ်လမ်းအစမှာ အန်တိုနီဆိုတဲ့လူတစ်ယောက်ဟာ ဇေဗီယာရဲ့ခြေထောက်ကိုဓားနဲ့ အညှာအတာမရှိ ခုတ်နေခဲ့ပါတယ်။ ဇေဗီယာသေသွားပြီးတဲ့နောက်မှာဇနီးဖြစ်သူဂျက်စီနဲ့ သမီးဖြစ်သူ အန်းမာရီယာကျန်ရစ်ခဲ့ပါတယ်။ အန်တိုနီလည်း ဒီအမှုနဲ့ ထိန်းသိမ်းခံလိုက်ရပါတယ်။ တကယ်တော့ အန်တိုနီဟာ ဇေဗီယာရဲ့အပြစ်အတွက်ပညာပေးလိုက်ရုံသာဖြစ်ပြီး သေစေဖို့ မရည်ရွယ်ခဲ့ပါဘူး။ အန်တိုနီက လူမိုက်ဖြစ်ပေမယ့်အမှန်တရားရဲ့ဘက်တော်သားတစ်ယောက်အဖြစ် ရပ်တည်နေတဲ့သူပါ။ အန်တိုနီလွတ်မြောက်လာတဲ့အခါမှာ ဇေဗီယာရဲ့ကျန်ရစ်ခဲ့တဲ့မိသားစုကိုတာဝန်ယူပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့အမှုကမပြီးသေးတဲ့အတွက် အန်တိုနီဘာတွေထပ်ပြီး ရင်ဆိုင်ရဦးမလဲ။အန်တိုနီရဲ့လုပ်ရပ်တွေကိုရော အားလုံးက နားလည်လာနိုင်မလားဆိုတာကိုဆက်လက်ကြည့်ရှုကြရမှာဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM BOLLYWOOD TEAM ပဲဖြစ်ပါတယ်။) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

Tejas (2023) ⭐IMDB: 6.2/10 (22 k Votes) 🎬 #Action #Bollywood #Drama #Thriller 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 51 မိနစ် 41 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Tejas (2023) ထူးချွန်သူIMDb – 6.2/10 ဘယ်မင်းသမီးတွေ ဘယ်လောက်ကောင်းပါတယ် နာမည်ကြီးပါတယ်ပဲပြောပြောဘောလိ၀ုဒ်ရဲ့ဘုရင်မလို့ ဂူးဂဲလ်မှာရှာလိုက်ရင် ကန်ဂနားရာနော့တ်က ထိပ်ဆုံးကပေါ်လာတာပါပဲ။အခုတင်ဆက်ပေးမှာကတော့ ဖိုက်တာဂျက်တစ်စီးနဲ့ ကြမ်းပြရမ်းပြမဲ့ မင်းသမီးကြီး ကန်ဂနားပါ။ တေဂျက်ဆ်ရဲ့အဖေဟာ ဖိုက်တာဂျက် လေယာဉ်တွေကို ထုတ်လုပ်တဲ့ သူတစ်ယောက်။အဲဒီဖိုက်တာဂျက်တွေကို နာမည်ပေးလိုက်တာက တေဂျက်ဆ်တဲ့။သမီးဖြစ်သူ တေဂျက်ဆ် သိတဲ့အချိန်မှာတော့ သူကိုယ်တိုင် ပိုင်းလေ့တစ်ယောက်ဖြစ်ဖို့ကြိုးစားပါတော့တယ်။တေဂျက်ဆ်က ခေသူမဟုတ်။ပထမဆုံး သင်တန်းနေ့မှာတင် ဖိုက်တာဂျက်ကို အစမ်းမောင်းခွင့်ရတဲ့သူ။ဒါပေမဲ့ သူဖြတ်သန်းခဲ့ရတဲ့ အတိတ်မှာက နာကျင်မှုတွေနဲ့။ သူထမ်းဆောင်ဖို့ကျလာတဲ့ တာဝန်က ရန်သူ့နယ်မြေထဲရောက်နေတဲ့ အရာရှိတစ်ယောက်ကို သွားကယ်ဖို့။ကန်ဂနားရာနော့တ်ရဲ့ အပိုအလိုမရှိ သရုပ်ဆောင်မှုတွေကို တွေ့ရမှာဖြစ်ပြီး ဘောလိဝုဒ်ပရိသတ်များကြည့်ရှုခံစားဖို့ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။(ဘာသာပြန်ကတော့ Thaik Sanပဲ ဖြစ်ပါတယ်။) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

Imagine That (2009) ⭐TMDB: 59.0% User Score 🎬 #Comedy #Drama #Family 🗓 2009 🎞 movie 🌎 #UnitedStatesofAmerica #UnitedStatesofAmerica ⏰ 1 နာရီ 47 မိနစ် 34 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Imagine That ဆိုတာ ၂၀၀၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ နာမည်ကျော် သရုပ်ဆောင် Eddie Murphy ရဲ့ မိသားစု ဟာသဇာတ်ကားကောင်းလေး တစ်ခုပဲ ဖြစ်ပါတယ် ဟာသဆိုပေမဲ့ ရယ်ရဖို့သက်သက်လည်း မဟုတ်ဘဲ မိသားစုတွေကြားမှာ ဖြစ်ပျက်တတ်တာလေးတွေကိုပါ ထည့်ရိုက်ထားတာမို့ရော ပုံမှန်မဟုတ်တဲ့ fantasy စိတ်ကူးလေးတွေ နည်းနည်းပါတာရောကြောင့် စိတ်ဝင်စားပြီး ကြည့်လို့ကောင်းမှာ အသေအချာပါပဲ. ဇာတ်လမ်းကိုကို အမြည်းကျွေးရမယ်ဆိုရင်ရင် Evan လို့ခေါ်တဲ့ Eddie Murphy သရုပ်ဆောင်တဲ့ character ဟာ သူတို့ အမေရိကန်နိုင်ငံမှာ ထူးချွန်တဲ့ စတော့ရှယ်ယာဝယ်ရောင်းသမား တစ်ယောက်ဖြစ်ပါတယ်။ သူ့မိန်းမနဲ့ ကွဲနေပြီ Olivia လို့ခေါ်တဲ့ သမီးလေးတစ်ယောက်ရှိပါတယ်။ ဖခင်ဖြစ်ချင်ပေမဲ့ ဖခင်မဖြစ်တတ်တဲ့ Evan တစ်ယောက် သူ့ရဲ့အလုပ်ဘဝနဲ့ ဖခင်ဘဝကြား ဘယ်လိုချိန်ခွင်လျှာ ညှိမလဲ ပြီးတော့ သူ့သမီးရဲ့ ကလေးသဘာဝအဖော် စောင်ကလေးက သူ့သမီးပြောသလို အနာဂတ်ကိုကြိုမြင်နိုင်တဲ့အစွမ်းရှိနေမလား ရှိနေရင်ရော Evan ဘယ်လိုအသုံးချမှာလဲ အသုံးသတ်မှာ သူ့အနေနဲ့ ဖခင်ကောင်းတစ်ယောက် ဖြစ်သွားနိုင်ပါ့မလား စတာတွေကို ဒီရုပ်ရှင် ဇာတ်ကားတစ်လျှောက်လုံး စိတ်ဝင်စားဖွယ်ကောင်းအောင် ရိုက်ပြထားတာမို့ ကြည့်ဖြစ်အောင် ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်...

Good Grief (2023) ⭐IMDB: 6.4/10 (5 k Votes) 🎬 #Comedy #Drama #Romance 🗓 2023 🎞 movie 🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Good Grief (2023) ~ IMDb – 6.4/10, RT – 78%, Meta – 60% ~ Schitt’s Creek Sitcom နဲ့ နာမည်စရလာခဲ့သလို Schitt’s Creek ရဲ့နောက်ဆုံးစီဆန်ကိုလည်း ကိုယ်တိုင်ရေးသား ရိုက်ကူး သရုပ်ဆောင်ခဲ့တဲ့ Emmy လေးဆုပိုင်ရှင် Dan Levy ကိုယ်တိုင် ရေးသား ရိုက်ကူး သရုပ်ဆောင်ထားတဲ့ရုပ်ရှင်ပါ။ Dan Levy ရဲ့ ပွဲဦးထွက်ရုပ်ရှင်လည်း ဟုတ်တယ်။ Rotten Tomatoes – 78% ရထားတော့ ပွဲဦးထွက်အနေနဲ့ဆို အရည်အချင်းရှိတယ်ပြောရမှာပါပဲ။ နက်ဖလစ်ကနေ ဖြန့်ပေးထားတဲ့ ရုပ်ရှင်လည်း ဟုတ်ပါတယ်။ ဇာတ်ကတော့ လိင်တူအချစ်ကို Focus ထားပြသလိုပြနေရင်းက သူငယ်ချင်းတစ်အုပ်ကြားကအချစ်ကို Focus ထားပြထားတဲ့ ရုပ်ရှင်လို့ပြောလို့ရပါတယ်။ မက်ဆိုတဲ့ ဂေးတစ်ယောက်ရှိတယ်။ သူက ပန်းချီဆွဲတဲ့အလုပ်လုပ်တယ်။ ပြောရရင်သရုပ်ဖော်ပုံဆွဲတာပေါ့။ စာအုပ်အဖုံးတို့ ပုံပြင်တို့ကိုဆွဲတာများတယ်။ သူ့ယောက်ျားကတော့ နာမည်ကျော် စာရေးဆရာ။ သူ့ယောက်ျားစာအုပ်တွေကိုလည်း သူပဲ သရုပ်ဖော်ပုံဆွဲတာ။ သူတို့လင်ယောက်ျားနှစ်ယောက် ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ နေလာခဲ့တာကြာပြီ။ သူတို့အိမ်လေးကလည်း ပါတီတွေ သူငယ်ချင်းတွေနဲ့သာယာနေခဲ့တယ်။ ဒီလိုနဲ့ အပျော်တွေမကုန်ခင် တစ်နေ့မှာ သူ့ယောက်ျားဆုံးသွားတယ်။ ဘဝမှာ သူ့ယောက်ျားကိုပဲကြည့်ရင်း နေလာခဲ့တဲ့လူတစ်ယောက်ဟာ သူ့ယောက်ျားမရှိတော့တဲ့နောက် သူ့ယောက်ျားနဲ့အတူနေခဲ့တဲ့ အိမ်ကြီးထဲ တစ်ကိုယ်တည်း ရှင်သန်ရဖို့ဖြစ်လာတယ်။ သူ့သူငယ်ချင်းတွေက သူတို့ဘဝရဲ့ တစ်နှစ်တာအချိန်ကို အကုန်ခံပြီး သူ့ကိုအားပေးဖို့ သူနဲ့အတူလာနေပေးကြတယ်။ တစ်နှစ်ပြည့်ပြီးတဲ့နောက် သူ့ယောက်ျားချန်ထားခဲ့တဲ့စာကို ဖောက်ဖတ်ဖို့ သတ္တိရှိလာတဲ့အချိန် ဒီစာဟာ သူ့ဘဝကို ဘယ်လိုရိုက်ခတ်သွားခဲ့သလဲ… သူ့သူငယ်ချင်းတွေနဲ့သူ့ဆက်ဆံရေးက ဘာဖြစ်သွားမလဲ… ကျွန်တော်တို့မြင်ရလိမ့်မယ်။ ဆိုခဲ့သလို ဒီရုပ်ရှင်ဟာ အချစ်အကြောင်းကနေ သူငယ်ချင်းတွေအကြောင်းဖြစ်သွားတဲ့ရုပ်ရှင်ပါပဲ။ ခင်မင်မှုရဲ့ ခွင့်လွှတ်ခြင်း လှပခြင်းတွေကို တစိမ့်စိမ့်ကြည့်ရလိမ့်မယ်။ ဒီလိုကားမျိုးတွေက သရုပ်ဆောင်ကောင်းရင်ကောင်းသလောက် ပိုတာသွားတတ်သလို Dan Levy, Luke Evans, Emma Corrin, Passing (2021) ထဲက အဓိကဇာတ်ကောင်ဖြစ်ခဲ့တဲ့ မင်းသမီးဇာတ်ဆောင်အော်စကာဆု ဆန်ခါတင်ဖူးခဲ့တဲ့ Ruth Negga, Yesterday (2019)ထဲက မင်းသား Himesh Patel တို့လို သရုပ်ဆောင်ကောင်းတဲ့ ဆရာကြီးတွေချည်း သရုပ်ဆောင်ထားတာမို့ ကြည့်ရတာတော့ ရှယ်တန်မှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWမှ ပြန်ဆို ရေးသားထားပါတယ်)...

Anatomy of a Fall (2023) ⭐IMDB: 7.8/10 (35 k Votes) 🎬 #Crime #Drama #Romance #Mystery #Thriller 🗓 2023 🎞 movie 🌎 #France ⏰ 2 နာရီ 32 မိနစ် 7 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အခုတင်ဆက်ပေးမှာကတော့ ရွှေကမ္ဘာလုံးဆုပေးပွဲမှ ဆု ၄ဆုအပါအဝင် ဆုပေါင်း ၅၂ဆု ရရှိခဲ့ပြီး ၁၂၇ဆု ဇကာတင်စာရင်းဝင်ခဲ့တဲ့ ကားလေးပါ…အရင်က 720p တမျိုးတည်းသာတင်ဆက်ထားရာက အခုအခါ 1080p အပြင်လိုအပ်ချက်များကို ပြန်လည်ပြင်ဆင်တင်ဆက်ပေးထားပါတယ်….. ဇာတ်လမ်းလေးကတော့………ဆန်တာဗွိုင်တာ နဲ့ ဆင်မြူရယ်မော်လက်စကီ တို့မှာ သားလေး ဒန်နီရယ်တစ်ယောက်ရှိပါတယ်…..သူတို့သားလေးက တနေ့ ဆိုင်ကယ်မတော်တဆမှုကြောင့် မျက်လုံးကွယ်သွားခဲ့ပါတယ်…..အဲဒါကို ဆင်မြူရယ်က သူ့ကြောင့်ပါဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင်နေတာပေါ့ ဒီလိုနဲ့ လင်မယားကြားကတောက်ကဆလေးတွေရော သားဖြစ်သူဆေးကုစရိတ်ကြောင့် ငွေကြေးပြဿနာတွေကြောင့်ပါ သူတို့ အိမ်တွင်းရေးက သိပ်အဆင်မပြေဖြစ်နေခဲ့တာပေါ့….. တနေ့တော့ အမျိုးသားဖြစ်သူ ဆင်မြူရယ်တစ်ယောက် သူ့နေအိမ်ခြံထဲမှာပါ ဦးခေါင်းဒဏ်ရာနဲ့ သေဆုံးသွားပါတယ်……အဲဒီမှာပဲ သူ ဘယ်လိုပုံစံပြုတ်ကျခဲ့တာလဲ……သွေးရိုးသားရိုးမှဟုတ်ရဲ့လာ……..သူတို့ကြားမှရှိနေတဲ့ ပြဿနာနဲ့ရောဆိုင်နေမလား စသည် စသည် သံသယများစရာတွေနဲ့ အမှုကို စစ်ဆေးတဲ့အခါ ဇနီးသည် ဗွိုင်တာနဲ့ သူတို့သားလေး ဒန်နီရယ်တို့ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ စိတ်ဝင်တစား ကြည့်ရှုရမှာပဲဖြစ်ပါတယ်...

The Wall (2012) ⭐IMDB: 6.7/10 (7 k Votes) 🎬 #Drama #Mystery #SciFi #ScienceFiction 🗓 2012 🎞 movie 🌎 #Austria #Germany ⏰ 1 နာရီ 48 မိနစ် 40 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဆောင်းရာသီအေးနေတဲ့အချိန်မှာ Nobody love meဆိုပြီး အထီးကျန်နေတဲ့ ကောင်ဇိုးလေးတွေအတွက် survival movie လေးတစ်ခု တင်ဆက်ပေးချင်ပါတယ်။ ခုချိန်မှာ ငါတစ်ယောက်တည်းပါလားလို့ ခံစားနေရသူတွေ ဒီရုပ်ရှင်ထဲက အမျိုးသမီးကြီး ခိုက်ခိုက်တုန်အောင်ချမ်းတဲ့ ဆောင်းညရှည်တွေကို Alpsတောင်တန်းကြားမှာ ဘယ်လိုဖြတ်သန်း ခဲ့တယ်ဆိုတဲ့ ဇာတ်လမ်းလေးကိုကြည့်ရင်း inspiration ရပါစေလို့ မျှော်လင့်ရင်းနဲ့…. ဒီရုပ်ရှင်လေးမှာ အပိုင်း ၄ ပိုင်းနဲ့မြင်ရမှာဖြစ်ပါတယ်။ ပထမဆုံးအပိုင်းက သူငယ်ချင်း ၃ ယောက်နဲ့ခွေးတစ်ကောင် Alps တောင်တန်းမှာ အမဲလိုက်ခရီးထွက်လာချိန်ပေါ့။ နွေးထွေးတက်ကြွတဲ့သူငယ်ချင်းတစ်စုရဲ့  ပျော်ရွှင်တဲ့ခရီးတစ်ခုနဲ့ အစပျိုးထားပြီး ပြဿနာကတော့ ဟူဂိုနဲ့လူးဝစ်က အနီးနားကရွာက ဘားတစ်ခုကိုအသွားမှာ သူကတော့ခွေးတစ်ကောင်နဲ့ အမဲလိုက် တဲမှာ နေရစ်ခဲ့တာပါပဲ။ မနက်မိုးလင်းချိန်မှာ ဟူဂိုနဲ့လူးဝစ်ပြန်မလာလို့ လိုက်အရှာမှာ လမ်းမှာလူရယ်လို့ တစ်ယောက်မှမတွေ့ရဘဲ တစ်နေရာ အရောက်မှာ ထူးဆန်းပြီးမမြင်ရတဲ့နံရံကြီးက သူ့ကိုတားဆီးထားတယ် ဆိုတာပါပဲ။ ဒီနေရာမှာတော့ ‌ထိတ်လန့်တုန်လှုပ်ခြင်းဆိုတဲ့ ဇာတ်လမ်းရဲ့ ဒုတိယအပိုင်းပေါ့။ ကြောက်လန့်ခြင်းရဲ့အထီးကျန်ခြင်းရဲ့ နောက်ကလိုက်လာ တာကတော့ စိတ်ဓာတ်ကျခြင်းဖြစ်ပြီး နေ့ရောညပါ ရာသီဥတုကတစ်မျိုး အတွေးကတစ်ဖုံနဲ့ အိပ်မရတဲ့ညတွေလည်းဒုနဲ့ဒေးပေါ့။ ရင်မောရတဲ့ နေ့ရက်တွေ ရှင်သန်ချင်စိတ်ကုန်နေတဲ့နေ့ရက်တွေကို ခွေးကလေးရယ် ကြောင်ကလေးရယ် နွားတစ်ကောင်ရယ်နဲ့အတူကုန်ဆုံးနေတဲ့သူ နောက်ဆုံးမှာ Acceptance and Adaptation ဆိုတဲ့အဆင့်ကိုရောက်ဖို့ ဘယ်လိုတွေရုန်းကန်သွားရမလဲဆိုတာ အားလုံးအတူ ကြည့်ရှုရင်းနဲ့ အထီးကျန်ဘဝကနေ ရုန်းထွက်ဖို့အင်အားတွေရစေဖို့ တင်ဆက်ပေးလိုက်ရပါတယ်...

A Taste of Hunger (2021) ⭐IMDB: 6.3/10 (2 k Votes) 🎬 #Drama #Romance 🗓 2021 🎞 movie 🌎 #Denmark #Sweden ⏰ 1 နာရီ 43 မိနစ် 51 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 လူရယ်ဆိုပြီး ဖြစ်လာကတည်းက ဘ၀ကိုရုန်းကန်လှုပ်ရှားမှုတွေနဲ့ ဖြတ်သန်းရမှာဧကန်မုချပါပဲ။ငယ်ရွယ်စဉ်မှာ ကျောင်းတက်ဖို့စာကျက်ဖို့ ရုန်းကန်ရသလို အသက်ကြီးလာလို့လုပ်ငန်းခွင်ဝင်ရတဲ့အချိန်မှာလည်း ကိုယ့်ဝမ်းရေးတစ်ထွာကို ဖြည့်ဖို့အတွက်ရုန်းကန်ရပါတယ်။သားသမီးတွေ မိသားစုတွေနဲ့ဖြစ်လာတဲ့အခါမှာလည်း တစ်ကိုယ်တည်းသမားဘ၀ထက် နှစ်ဆသုံးဆပိုမို ရုန်းကန်ကြရပါတယ်။ဒီလိုရုန်းကန်ရင်းနဲ့မှဘ၀မှာ အရေးကြီးတဲ့ အရာတွေကိုတော့ မမေ့သွားဖို့လိုအပ်ပါမယ်။အရေးအကြီးဆုံးကတော့ ကိုယ့်ကို ချစ်တဲ့ ကိုယ့်မိသားစုကိုမမေ့သွားဖို့ပါပဲ။ အခုတင်ဆက်ပေးမဲ့ IMDb Rating 6.3 ရရှိထားတဲ့ A Taste Of Hunger ဆိုတဲ့ ဇာတ်ကားထဲမှာလည်း အထက်ပါပြောသွားတဲ့အကြောင်းအရာတွေကို ပညာပေး အဖြစ်ကွက်ကွက်ကွင်းကွင်းမြင်အောင်တင်ဆက်ရိုက်ကူး ပေးထား တာပဲဖြစ်ပါတယ်။ကာစတန်ဆိုတဲ့ လူတစ်ယောက်ကအချက်အပြုတ်ကို အရမ်းဝါသနာပါပြီး သူ့အစ်ကိုရဲ့ ဆိုင်မှာ အလုပ်လုပ်နေရတဲ့သူတစ်ယောက်ပါ။ တစ်နေ့မှာတော့ ပွဲတစ်ပွဲမှာတည်ခင်းဧည့်ခံရင်းနဲ့ အလွဲလွဲအချော်ချော်တွေ ဖြစ်ကုန်ပြီး စိတ်ဓာတ်အရမ်းကျနေတဲ့အချိန်မှာ မက်ဂီဆိုတဲ့ကောင်မလေး တစ်ယောက်က သူရှိရာမီးဖိုချောင်ကိုဆင်းလာခဲ့ပါတော့တယ်။ဒီလိုနဲ့ သူတို့တွေ စကားပြောရင်း ရင်းနှီးသွားကြပြီး ကောင်မလေးပေးတဲ့ Motivation နဲ့ တစ်ချိန်ချိန်မှာ စားသောက်ဆိုင်တစ်ဆိုင်ကိုပိုင်ဆိုင်ပြီး စားသောက်ဆိုင်တွေ ကြားမှာ အရမ်းအရေးကြီးတဲ့ Rating စနစ်တစ်ခုဖြစ်တဲ့ မစ်ချယ်လင်ကြယ်ပွင့် တစ်ပွင့်ရအောင်ကြိုးစားဖို့ ခြေလှမ်းစခဲ့ပါတော့တယ်။တစ်ယောက်တည်း ကြိုးစားဖို့မလွယ်ကူတဲ့ ဒီခရီးရှည်ကြီးမှာဘ၀လက်တွဲဖော်အဖြစ်မက်ဂီ့ကို ရွေးချယ်ခဲ့ပြီး သူလိုချင်တဲ့မစ်ချယ်လင်ကြယ်တစ်ပွင့်ရဖို့ခရီးကို လျှောက်လှမ်း နေရင်းအရေးကြီးဆုံးမိသားစုကို မေ့လျော့သွားတဲ့အခါမှာတော့ ဘယ်လို စိတ်ဝင်စားစရာတွေဆက်ဖြစ်မယ်ဆိုတာကို ဒရာမာဆန်ဆန်ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်...

Poor Boy (2018) ⭐TMDB: 75.0% User Score 🎬 #Drama #Thriller 🗓 2018 🎞 movie 🌎 #Australia ⏰ 1 နာရီ 45 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 မိသားစုဆိုလို့ သူတို့နှစ်ယောက်လွဲပြီး ဘယ်သူမှမရှိတော့တဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့ သံယောဇဉ်အကြောင်းကို အသားပေးပြီးရိုက်ကူးထားတဲ့ Western, Dramaအမျိုးအစားကားတစ်ကားပါပဲ ဇာတ်လမ်းအညွှန်းကတော့ ညီအစ်ကိုနှစ်ယောက်ဟာ သူတို့မိဘတွေမရှိတဲ့နောက်မှာ လှေအစုတ်ကြီးတစ်စီးကိုငှားပြီး အိမ်သဖွယ်နေထိုင်ကာ ပိုက်ဆံရဖို့ဆို ဘာမဆိုလုပ်ပြီး ပေပေတေတေပဲနေခဲ့ကြပါတယ် သူတို့ဟာ ပေပေတေတေနေကြပေမဲ့ သူတို့မှာ အမြဲဖြစ်ချင်တဲ့ အိပ်မက်တစ်ခုတော့ရှိပါတယ်။ ထိုအိပ်မက်က လှေအစုတ်ကြီးကို ပြန်ပြုပြင်ပြီး ကယ်လီဖိုးနီးယားကို ရွက်လွှင့်သွားချင်တာပါ။ ဖြစ်ချင်တော့ သူတို့လှေကို ပြန်မပြင်နိုင်ခင်မှာပဲ ပိုက်ဆံမရှိရင် လှေကိုလက်လွှတ်ရမဲ့အကြောင်းဖန်လာပါတော့တယ်။ အဲ့ဒါနဲ့ သူတို့လဲ လှေကိုလက်မလွတ်ရဖို့ ပိုက်ဆံအများကြီးကိုဘယ်လိုရှာမလဲ နောက်ဆုံးမှာ ကယ်လီဖိုးနီးယားကို ရောက်သွားမှာလားဆိုတာကို ညီအစ်ကိုသံယောဇဉ်နဲ့ရောနှောပြီး ရိုက်ပြထားပါတယ်။...

Sophie's Rules (2023) ⭐IMDB: 7.0/10 (102 Votes) 🎬 #Comedy #Drama #Family 🗓 2023 🎞 movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 26 မိနစ် 2 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ကတ်သီဟာ သူမရဲ့ တစ်ဦးတည်းသော သားဟာ ရေတပ်တွင် တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားတာကြောင့် ထိုအဖြစ်အပျက်ကို လက်သင့်မခံနိုင်ဘဲ စိတ်သောက ရောက်နေရပါတယ်။ တနေ့မှာတော့ တောလမ်းလေးအတိုင်း လမ်းလျှောက်လာရင်း ချော်လဲပြီး ဒဏ်ရာ ရသွားတာကြောင့် အနီးအနားအိမ်မှ မိန်းကလေး တစ်ဦးက ပြုစု စောင့်ရှောက်ပေးပါတယ်။ တကယ်တော့ အဲဒီအိမ်ဟာ ဆိုဖီ ဆိုသော အမျိုးသမီး ပိုင်သော အိမ်ဖြစ်ကာ ကတ်သီကဲ့သို့ အကြောင်းအမျိုးမျိုးကြောင့် လမ်းပျောက်နေတဲ့ လူတွေအတွက် ယာယီ ခိုလှုံရာလေး ဖြစ်နေပါတယ်။ ထိုအခါ ကတ်သီ ဟာလည်း ထိုဂေဟာလေးမှာ တည်းခိုနေရင်း သူမရဲ့ စိတ်တွေ ပြန်လည် တည်ငြိမ်သွားမလား ဒါမှမဟုတ် သူမရဲ့သားဟာ သူမ လက်ကိုင်ထားသလို အသက်ရှိနေသေးသလား ဆိုတာကို ဤဇာတ်ကားလေးထဲမှာ ဆက်လက် ကြည့်ရှုရမှာ ဖြစ်ပါတယ်။...

Sweethurt (2020) ⭐IMDB: 7.3/10 (72 Votes) 🎬 #Comedy 🗓 2020 🎞 movie 🌎 #Australia ⏰ 1 နာရီ 32 မိနစ် 20 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ IMDb 7.4 အထိရရှိထားတဲ့ comedy ဇာတ်ကားလေးတစ်ခုကို တင်ဆက်ပေးသွားမှာပါ ဂျေကော့ ဟာသူ့ကောင်မလေးကို ကိုယ်တိုင်ဖြတ်ခဲ့ပြီး ၂နှစ်ကြာတဲ့အထိ မေ့မရနိုင်ဖြစ်နေသူပါ တရက်မှာတော့ ဆုံးသွားတဲ့ သူ့အဖိုးအိမ်ကိုရောင်းဖို့ သူ့သူငယ်ချင်းတွေနဲ့အတူ တခြားမြို့ကို သွားကြ‌ပါတော့တယ် ဂျေကော့ဟာ သူငယ်ချင်းဖြစ်သူ ဂျက်နဲ့ ဘားမှာထိုင်ရင်း သူမေ့မရနေတဲ့ ရည်းစားဟောင်းလေးနဲ့ပြန်လည် တွေ့ရှိတဲ့အခါ ဂျက်ကိုထားပြီး ရည်းစားဟောင်းလေးနဲ့ အပြင်ကိုသွားပါတော့တယ် ဂျေကော့တစ်ယောက် ရည်းစားဟောင်းနဲ့ အပြင်သွားနေတုန်း သူ့သူငယ်ချင်းတွေဟာ သူ့အဖိုးအိမ်မှာ ပါတီပွဲ အကြီးအကျယ် ကျင်းပနေကြပါတယ် ဂျက်တစ်ယောက် ရည်းစားဟောင်းလေးနဲ့ ပြန်အဆင်ပြေမှာလား သူငယ်ချင်းတွေကရော ဘာတွေမွှေဦးမှာလဲ သူငယ်ချင်းတွေအကြား ညီအစ်ကိုလို ဆက်ဆံရေးနဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေကြောင့် အချိန်အကြာကြီး နောင်တနဲ့ နေထိုင်ရတာတွေကို ဟာသနှောပြီး ရိုက်ကူး တင်ဆက်ထားတာဖြစ်ပါတယ်...