ဇာတ်ညွှန်းများ • FDMN
Canal cerrado
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
Nadanna Sambhavam (2024) ⭐IMDB: 6.4/10 (861 Votes) 🎬 #Bollywood #Drama #Family #Thriller #Comedy 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 59 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Nandanna Samhbavam (2024) “လွတ်မြောက်ရာ”IMDb – 6.4/10 ခုတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ မလေယာလမ် မိသားစုဒရာမာ ရုပ်ရှင်ကားလေးပါ။မလေယာလမ်းမင်းသားကြီး ဘီဂျူးမီနွန် သရုပ်ဆောင်ထားပြီး ရုပ်ရှင်ဝေဖန်သူတို့ရဲ့ ဝေဖန်သံတွေအမျိုးမျိုးကြားကရုံတင်ငွေ အောင်မြင်ခဲ့တဲ့ကားလေးလဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ကြေးရတတ်အသိုင်းအဝိုင်းတွေနေကြတဲ့ရပ်ကွက်ကိုမိသားစုတစ်ခု အိမ်ပြောင်းလာတာကနေစပါတယ်။ချစ်စရာသမီးလေးရယ် ဇနီးချောလေးရယ်နဲ့ ပျော်ရွှင်တဲ့မိသားစုတစ်ခုကိုဦးဆောင်နေတဲ့ အူနီ။နေတတ်ထိုင်တတ်တဲ့သူ့ကို ပတ်ဝန်းကျင်က အမျိုးသမီးတွေက အထင်ကြီးလေးစားပြီးအရောတဝင်ရှိကြတာပေါ့။ ဒါကိုပဲ မကြိုက်ကြတဲ့ ခင်ပွန်းသည်တွေ ယောကျ်ားသားတွေက ဒီဘဲ ဘာအထာလားဖြစ်ကြရော။အမြင်မကြည်တာတွေကနေစပြီး တစ်စတစ်စနဲ့ ပြဿနာတွေတက် ရုံးရောက်ဂါတ်ရောက်ဖြစ်ရာကစပိုပိုပြီးကြီးထွားလာတဲ့ ပြဿနာတွေကြားမှာ ဒီမိသားစုလေး ပျော်ရွှင်စွာနေနိုင်ပါ့မလားဆိုတာခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)...
Catch-22 (2019) ⭐IMDB: 7.7/10 (21 k Votes) 🎬 #Comedy #Drama #War #Politics #Action #Thriller 🗓 2019 🎞 tv mini series 🌎 #UnitedStates #UnitedStatesofAmerica #India #Italy #UnitedKingdom ⏰ 42 မိနစ် 21 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 နာမည်ကြီးဝတ္ထုတစ်ခုကို အခြေခံထားပြီး Rotten Tomatoes 84% ရထားတဲ့စီးရီးပါ ဒုတိယကမ္ဘာစစ်ကာလမှာ အမေရိကန်လေတပ်ထဲကအဖြစ်အပျက်တွေ လှောင်ပြောင်သရော်ထားတဲ့ Dark comedy ဟာသအမျိုးအစားဖြစ်ပါတယ် 18+ ခန်းတွေလည်းပါလို့ မိသားစုနဲ့ကြည့်သင့်တဲ့ ဟာသကားမျိုးမဟုတ်ပါဘူး သင်တန်းချိန်ပိုကြာလို့ သင်တန်းပြီးရင် စစ်လည်းပြီးလောက်ပြီဆိုပြီး လေတပ်ရဲ့ ဗုံးကျဲအဖွဲ့ထဲဝင်ခဲ့တဲ့ Yossarian ဟာ မှန်းချက်နဲ့နှမ်းထွက်မကိုကိုက်ဖြစ်လာလို့ တာဝန်ကရပ်ဆိုင်းခံရအောင် အကြံထုတ်ပါတော့တယ် ဗုံးကျဲ mission ၂၅ ခုပြည့်ရင် အိမ်ပြန်ရမယ်ဆိုပြီး ပြည့်ခါနီးတိုင်း လေတပ်က mission ထပ်ထပ်တိုးနေလို့ Yossarian တစ်ယောက် သည်းမခံနိုင်ဖြစ်လာပါတယ် ရူးတယ်လို့အကြောင်းပြပြီးထွက်ရဖို့ ဆရာဝန်ကိုသွားပြောတော့ ဆရာဝန်က ရူးတာကိုအကြောင်းပြပြီး လုံးဝထွက်မရအောင်လုပ်ထားတဲ့ Catch 22 ဆိုတဲ့သတ်မှတ်ချက်ကို ပြောပြလိုက်ပါတယ် ဆက်တိုက်ချင်တဲ့လူတွေက ရူးနေတဲ့လူတွေဆိုတာ သိပြီးတဲ့နောက်မှာ Yossarian က လွတ်လမ်းကိုမရမကကြံဖန်ရှာပါတော့တယ်...
Pill (2024) ⭐IMDB: 8.1/10 (5 k Votes) 🎬 #Drama #Crime 🗓 2024 🎞 tv series 🌎 #India ⏰ 1 နာရီ 8 မိနစ် 31 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Pill (2024)“ဆေး” အသစ်ထွက်ရှိလာတဲ့ ဟင်ဒီစီးရီးထဲမှာမှ အတော်လေးနာမည်ရထားပြီး rating ကောင်းတဲ့ Medical စီးရီးလေးကိုပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် လူသားတို့ ကျန်းမာရေးအတွက် စိတ်ချလက်ချသောက်သုံးတဲ့ဆေးတွေကအမှန်တကယ်ရော စိတ်ချနိုင်ပါ့မလား ဒီဇာတ်လမ်းတွဲလေးမှာဆေးဝါးကုမ္ပဏီရဲ့ နောက်ကွယ်က အကျင့်ပျက်မှုတွေကို တွေ့မြင်ရမှာပါ အိန္ဒိယမှာတင်မက ကမ္ဘာ့အင်အားကြီး ဆေးဝါးလုပ်ငန်းစုဖြစ်တဲ့Forever Cure Pharma က ဈေးကွက်ကို ဦးဆောင်ချုပ်ကိုင်လျက်ရှိပါတယ် ပြိုင်ဘက်တွေကို အသာရစေဖို့ ဆေးဝါးသစ်စမ်းသပ်ရေးမှာ စမ်းသပ်လူနာအရေအတွက်ပိုပြတဲ့အလိမ်ဇယားတွေကို လုပ်ဆောင်ရာမှာ ဆေးဝါးကုမ္ပဏီကဝန်ထမ်း၊ ကြားလူနဲ့ ဆရာဝန်များကပါ အဂတိမှုမှာ ဆက်စပ်ပါဝင်နေတာပါ အလုပ်ကျင့်ဝတ်နဲ့အညီ စာရိတ္တကို အပျက်အစီးမခံတဲ့ ဒေါက်တာပရာကာ့ရှ်၊ဆေးဝါးလုပ်ငန်း စစ်ဆေးရေးမှူးမလေး၊ Forever Cure က ဝန်ထမ်းတစ်ယောက်နဲ့အကြောက်တရားကင်းမဲ့တဲ့ ဂျာနယ်လစ်တို့ကဒီလိုပုပ်ပွမှုတွေကို အဖြစ်မှန်ဖော်မီးမောင်းထိုးပြဖို့ ဘယ်လိုကြိုးပမ်းသွားကြမှာလဲဆိုတာ ရှုစားရမယ့် ဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်...
Professor T (2021) ⭐IMDB: 7.3/10 (6 k Votes) 🎬 #Crime #Mystery #Drama 🗓 2021 🎞 tv series 🌎 #UnitedKingdom #Germany #Belgium ⏰ 47 မိနစ် 52 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လူသတ်၊ အမှုလိုက် စုံထောက်ကားတွေကိုမှ ကြိုက်နှစ်သက်လှပါတယ်ဆိုတဲ့ ပရိသတ်တွေအတွက် အံကိုက်ဖြစ်စေမယ့် Series တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Johnny English, The Armstrong and Miller, Bridgerton, Paddington အစရှိတဲ့ နာမည်ကြီး စီးရီးတွေ ရုပ်ရှင်တွေမှာ အမြဲတမ်း ပါဝင်တတ်ပြီး ထူးခြားလှတဲ့သရုပ်ဆောင်ချက်နဲ့ လူသိများကျော်ကြားတဲ့ Ben Millerက ပါမောက္ခ တန်းပစ်စ်အနေနဲ့ ဦးဆောင်ပါဝင်ထားပါတယ်။ ထို့အပြင် Emma Naomi, Frances de la Tour, Juliet Aubrey, Barney Whiteတို့ကလည်း အဓိကကျတဲ့ နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ Episodeတစ်ပိုင်းချင်းစီမှာ မတူညီတဲ့ လူသတ်ပုံတွေ၊ ထူးခြားလှတဲ့ လူသတ်မှု ဖြေရှင်းပုံတွေကို တစ်ဝကြီး ကြည့်ရှု့ရမှာဖြစ်လို့ အကြိုက်တွေ့စေမှာပါ။ ဒါ့အပြင် ratingကလည်း 7.3တောင် ရထားတာဆိုတော့ အပြောတင်မဟုတ် လက်တွေ့မှာပါ အကြိုက်တွေ့ခံထားရတဲ့ series ကောင်း တစ်ခုဖြစ်ပါတယ်။ ဝင်းတားစ်၊ လီဆာဒွန်ကာစ်၊ ခရစ္စတီးနား၊ ရက်ဘစ်တို့က အင်္ဂလန်နိုင်ငံ၊ ကိန်းဘရစ်ခ်ျရဲဌာနက ရဲအရာရှိတွေပါ။ ပါမောက္ခ ဂျက်စပါ တန်းပစ်စ်ကတော့ နာမည်ကြီးတက္ကသိုလ်တစ်ခုရဲ့ ရာဇဝတ်မှုဌာနက ပါမောက္ခဌာနမှူးပဲဖြစ်ပါတယ်။ ပါမောက္ခ တန်းပစ်စ်က စာသင်တာကောင်းရုံသာမကပါဘူး၊ တမူထူးခြားလှတဲ့ ရာဇဝတ်မှုကို အာရုံခံနိုင်တဲ့ စွမ်းဆောင်ရည်ကို ပိုင်ဆိုင်ထားသူပါ။ ရာဇဝတ်မှု တစ်ခုဖြစ်ပြီဆိုရင် လူသတ်သမားနေရာကို ကိုယ်တိုင်ရောက်သွားပြီး ဘာကြောင့်သတ်တယ်၊ ဘယ်လိုသတ်လဲဆိုတာကိုပါ ကိုယ်တိုင်မြင်တွေ့ခံစားနိုင်တဲ့ ပါရမီရှင်ပါ။ တနေ့မှာ ကိန်းဘရစ်ခ်ျရဲဌာနက စုံထောက် လီဆာဒွန်ကာစ်ဟာ ရှုပ်ထွေးလှတဲ့ မှုခင်းအမှုတစ်ခုကြောင့် ပါမောက္ခစီကနေ အကြံလာတောင်းရင်းကနေ ကိန်းဘရစ်ခ်ျရဲဌာနမှာ ပါမောက္ခက ရာဇဝတ်မှုအကြံပေး ဖြစ်လာပါတော့တယ်။ ဂျက်စပါ တစ်ယောက် ကိန်းဘရစ်ခ်ျရဲဌာနမှာ အကြံပေးလုပ်ရင်း တွေ့ကြုံရလာမယ့် ခက်ခဲနက်နဲလှတဲ့ အဖြေရှာမရတဲ့ အမှုတွေကို သူ့ရဲ့ပါရမီကို ဘယ်လိုအသုံးချပြီး ဖြေရှင်းရှာဖွေသွားမလဲဆိုတာကို အားရပါးရကြည့်ရှု့ရမှာဖြစ်ပါတယ်။...
True Beauty (2024) ⭐TMDB: 0% User Score 🎬 #Animation #Comedy #Drama #Romance 🗓 2024 🎞 tv series 🌎 #SouthKorea ⏰ 20 မိနစ် 1 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 True Beauty (2024) Original Title- Yeosin Gangnim Genre – Romance, Comedy, Drama, Anime နာမည်ကျော် Webtoon စီးရီးဖြစ်တဲ့ True Beauty လေးကို 2020 ခုနှစ်တုန်းက Kdrama အနေနဲ့ ထွက်ရှိခဲ့ကာ အောင်မြင်ထားပြီး ယခုတစ်ခါမှာတော့ ဆန်းသစ်စွာနဲ့ Anime အဖြစ် ပြန်ထွက်ရှိလာခဲ့လို့ အမြန်ဆုံး တင်ဆက်ပေးလိုက်ရပါတယ်။ Art Style တွေကတော့ ဂျပန် Anime ပုံစံသွားထားပေမဲ့ စကားပြောသံကိုတော့ Korea မူရင်းပဲ ပြန်သုံးထားပါတယ်။ သူများတွေပြောစကားအရတော့ မူလ Webtoon နဲ့ Kdrama က နည်းနည်းကွာခြားမှုတွေ ရှိတယ်လို့တော့ ဆိုကြပါတယ် ဒါကြောင့် ဒီ Anime လေးကလည်း မူရင်းဇာတ်ကြောင်းအတိုင်း လိုက်မလား ကွန့်မြူးမှုတွေ ရှိဦးမလားဆိုတာတော့ တစ်ပတ် တစ်ပတ် စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။ ဒီတော့ Kdrama ဖန်တွေလည်း တစ်မူထူးခြားတဲ့ Anime လေးအနေနဲ့ ပြန်ကြည့်လို့ရမယ်၊ Webtoon ဖန်တွေလည်း ရုပ်ပြဆန်ဆန် ကြည့်လို့ရမယ်၊ ဘာမှ မဖတ်ဖူး မကြည့်ဖူးတဲ့ Anime ဖန်တွေလည်း ဒီတိုင်း အချစ်ဟာသစီးရီးလေး အဖြစ် ခံစားနိုင်မှာဆိုတော့ ဘာလိုသေးလဲပေါ့။ ဇာတ်လမ်းအကျဉ်းလေးကတော့ ရုပ်ဆိုးပန်းဆိုးဖြစ်တဲ့အပြင် စာပါညံ့သေးတဲ့ ကောင်မလေး Jugyeong ဟာ ကျောင်းမှာ အမြဲတမ်း အနိုင်ကျင့်ခံနေတာ ဖြစ်ပါတယ်။ ဝါသနာကလည်း သရဲဝတ္ထုကာတွန်းတွေနဲ့ Metal သီချင်း နားထောင်တာဆိုတော့ ဘာပြောကောင်းမလဲပေါ့လေ။ ဒီလိုနဲ့ အဆင်မပြေမှုတွေများစွာကြောင့် ကျောင်းပြောင်းရဖို့ ဖြစ်လာပါတော့တယ်။ ကျောင်းသစ်ကိုမပြောင်းခင် ပိတ်ရက်တွေမှာ Jugyeong တစ်ယောက် မိတ်ကပ် Tutorial တွေ ရှယ်ကျင့်ရင်း ဆရာမကြီးဖြစ်သွားပြီး ကျောင်းအသစ်ကို တက်တဲ့အခါမှာတော့ တစ်ကျောင်းလုံးက ယောက်ျားမိန်းမမကျန် ဝိုင်းငေးရတဲ့ မိန်းမချောလေးအဖြစ် ပြောင်းလဲသွားခဲ့တာပေါ့။ ဒါပေမဲ့ ဒီရုပ်နဲ့ သဘာဝရုပ်က လုံးလုံးမှ မတူညီတာမို့ စိတ်မလုံခြုံသူလေးတစ်ယောက်ပါ။ ဒီလိုနဲ့ တစ်ရက်ကျ သဘာဝရုပ်အတိုင်း သူဖတ်နေကြ စာအုပ်ဆိုင်ကို သွားတဲ့အခါ ရုပ်ချောချောအဆင်လေးတစ်ယောက်နဲ့ ရန်သတ်လာခဲ့ပါတယ်။ ဒီထက်ပိုကံဆိုးချင်တော့ သူတက်နေတဲ့ကျောင်းကိုမှ ပြောင်းလာတဲ့ကျောင်းသားသစ်လည်း ဖြစ်နေပြန်ပါတယ်။ အဲဒါအပြင် ဒီကျောင်းသားသစ်က သူ့ကို သဘာဝရုပ်ရော မိတ်ကပ်ရုပ်ရော မှတ်မိနေတဲ့အခါမှာတော့….။ သူတို့နှစ်ဦး ဇာတ်လမ်းလေးက ဘာဆက်ဖြစ်လာမလဲ၊ သဘာဝရုပ်လေး မပေါ်သွားအောင် ဘယ်လိုတွေ ဖုံးကွယ်ကြမလဲ၊ နောက်ထပ် ကောင်လေးတစ်ယောက်အသစ်ကရော သူတို့နှစ်ဦးကြား ဘယ်လိုဝင်ပါလာပြီး Love Trio ဘယ်လိုဆက်ဖြစ်မလဲဆိုတာ တစ်ပတ်တစ်ပိုင်း ရင်ခုန်သွားရမှာပဲ ဖြစ်ပါတယ်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Thura Aung ဖြစ်ပါတယ်)...
Dormitory (2023) ⭐IMDB: 6.8/10 (346 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #Turkey #France #Germany ⏰ 1 နာရီ 58 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Domitory (2023)Genre – DramaIMDB – 6.9/10 ဆယ်ကျော်သက်လူငယ်တစ်ယောက်ရဲ့ ခံစားချက်တွေကို ဖိနှိပ်ချုပ်ချယ်တဲ့အခါဖြစ်ပေါ်လာတတ်တဲ့ သဘောတရားလေးတွေကို ရိုက်ပြထားတဲ့ တူရကီ ဒရမ်ကားလေး ဖြစ်ပါတယ်။ အာမက်ဆိုတာက အထက်တန်းကျောင်း တက်နေတဲ့ ၁၄ နှစ်အရွယ် ကောင်လေးတစ်ယောက် အင်္ဂလိပ်စာလည်း တော်သလိုအိမ်ကလည်း ချမ်းသာတဲ့ထဲမှာ ပါဝင်တယ်။ ဒါပေမဲ့ အဲဒီမှာ ပြဿနာက စလာတယ် ဖခင်ဖြစ်သူက ဘာသာရေးကိုအလွန်အမင်း ယုံကြည်သက်ဝင်သူ ဖြစ်တဲ့အလျောက် သားဖြစ်တဲ့လူကို သူ ငယ်ငယ်တုန်းက မရခဲ့တာမျိုးမဖြစ်ခဲ့တာမျိုးကို သားဖြစ်သူကျမှ ဇွတ်အတင်း ဖြစ်စေချင်တဲ့ တစ်ဖက်သတ်ဆန္ဒတွေနဲ့ အစ္စလာမ်လူငယ်ဘာသာရေးအဆောင်ကို ပို့ပါတော့တယ်။ အဲဒီမှာပဲ ညအိပ် မနက်ကျ ကိုယ့်ကျောင်းကိုသွား ပြီးရင် အဆောင်ပြန် ဘာသာရေးလုပ် အဆောင်အလုပ်တွေလုပ် စသဖြင့်ပေါ့လေ။ဒါပေမဲ့ အဆောင်မှူးရဲ့ တင်းကြပ်ပြီး သာမန်ထက်လွန်ကဲတဲ့ ဘာသာရေးအမြင်တွေ ခိုင်းစေမှုတွေ ရွယ်တူတခြားလူငယ်တွေရဲ့အနိုင်ကျင့်မှုလေးတွေကြား အာမက်တစ်ယောက် စိတ်တွေညစ်နေရင်းနဲ့ ပျော်ပျော်နေတတ်တဲ့ ဟာကန်ဆိုတဲ့လူငယ်လေးနဲ့ သူငယ်ချင်း ဖြစ်လာပြီး ဘယ်လိုတွေ ဆက်ဖြစ်လာမလဲဆိုတာကို ကြည့်ရမှာပါ။ ဒီရုပ်ရှင်လေးကတော့ လူငယ်တစ်ယောက်ရဲ့ မိဘမေတ္တာ ငတ်မွတ်ရပုံ၊ အဖော်အပေါင်းကိစ္စတွေ၊ဘုရားသခင်ပေါ် ယုံကြည်မှုတွေနဲ့ ၁၅၀၀ အချစ်မေတ္တာတွေကို ပုံဖော်ထားပြီး မိဘနဲ့ သားသမီးကြားမဖြစ်သင့်တာ မဖြစ်ရအောင် မလုပ်သင့်တာ မလုပ်ရအောင် ပညာပေးထားတဲ့ကားလေးလို့ပဲ မြင်ပါတယ်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Thura Aung ဖြစ်ပါတယ်)...
Mission: Cross (2024) ⭐IMDB: 3.2/10 (9 Votes) 🎬 #Action #Comedy #Adventure #Crime 🗓 2024 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 46 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mission: Cross (2024) *********************** ကြမ်းခန်း ယမ်းခန်းတွေ အက်ရှင်ဇာတ်ကြမ်းတွေကိုမှ စိတ်လှုပ်ရှားတတ်တဲ့ ပရိသတ်ကြီးတို့အတွက် ဒီနေ့ ပူပူနွေးနွေးထွက်ရှိလာတဲ့ ဇာတ်ကားကောင်းတစ်ခုကို CM ကနေ တင်ဆက်ပေးလိုက်ပါတယ်နော်။ ဘတ်ဂန်မူနဲ့ ဂန်မီဆွန်းတို့ဟာ ဇနီးမောင်နှံတွေဖြစ်ပြီး ဂန်မူဟာ မီဆွန်းအပေါ် အိမ်ထောင့်တာဝန်ကို ကျေပွန်အောင် ကြိုးပမ်းနေတဲ့ ခင်ပွန်းတစ်ယောက်ပါ။ သို့သော်လည်း သူ့အတိတ်အကြောင်းနဲ့ပတ်သတ်ပြီးတော့ မိန်းမဖြစ်သူကို တစ်ခွန်းမှ ဖွင့်ဟပြောပြထားခြင်းမရှိပါဘူး။ တစ်နေ့မှာတော့ ဂန်မူဆီကို ဂျန်ဟီးဂျူဆိုတဲ့အမျိုးသမီးတစ်ယောက် ရောက်လာပါတယ်။ ဒါကို မီဆွန်းသိသွားတဲ့အခါ သူ့ယောက်ျားဟာ ဖောက်ပြန်နေတယ်အထင်နဲ့ အကြမ်းဖက်နှိမ်နင်းရေးစုံထောက်တစ်ယောက်ပီပီ ယောက်ျားနောက်ကို တိတ်တဆိတ်လိုက်ကာ စုံစမ်းစစ်ဆေးပါတော့တယ်။ ယောက်ျားဖြစ်သူရဲ့ အတိတ်ကို သိရှိသွားပြီးနောက်မှာတော့ မီဆွန်းတစ်ယောက် ဘာတွေကြုံတွေ့ရမလဲ။ ဂန်မူကရော ဟီးဂျူနဲ့ ဘယ်လိုပတ်သတ်နေပြီး ဘာတွေ လုပ်နေတာလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်တဲ့အပြင် လင်မယားနှစ်ယောက်ပေါင်းပြီး ဘယ်လိုဖိုက်တင်အခန်းတွေနဲ့ ကြမ်းမလဲဆိုတာကို ပရိသတ်ကြီးတို့ရေ ခုပဲ ခံစားကြည့်ရှုလိုက်ပါတော့နော်။ ဘတ်ဂန်မူအဖြစ် မင်းသားကြီး Hwang Jung Min၊ ဂန်မီဆွန်းအဖြစ် မင်းသမီးကြီး Yeom Jung Ah၊ ဂျန်ဟီးဆူအဖြစ် Jeon Hye Jin စတဲ့ ဝါရင့်သဘာရင့်သရုပ်ဆောင်ကြီးများအပြင် တစ်ခြားသောနာမည်ကြီးသရုပ်ဆောင်များပါဝင်ထားတာမို့ အက်ရှင်ဇာတ်ကြမ်းကိုမှ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ကြည့်ရှုရမယ့်ရုပ်ရှင်ဇာတ်ကောင်းတစ်ကောင်းဖြစ်ပါတယ်။ (အညွှန်းကိုတော့ Thinn မှ ရေးသားထားပါတယ်။)...
Borderless Fog (2024) ⭐IMDB: 5.3/10 (487 Votes) 🎬 #Crime #Drama #Mystery #Thriller 🗓 2024 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 53 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 “Borderless Fog” ရုပ်ရှင်ဟာ ဒါရိုက်တာ Edwin ရိုက်ကူးထားတဲ့ 2024 ခုနှစ်ထွက် ရာဇဝတ်မှုသည်းထိတ် ရင်ဖိုဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ဆိုးရွားလှတဲ့ လူသတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ အင်ဒိုနီးရှား-မလေးရှားနယ်စပ်ကို စေလွှတ်ထားတဲ့ ဂျကာတာက စုံထောက် Sanja Arunika ကို ပုံဖော်ထားပါတယ်။ ဒီဒေသဟာ သရဲခြောက်တယ်လို့ ယူဆရတဲ့ Ambong ရဲ့ ဒဏ္ဍာရီတွေအပါအဝင် ဒေသဆိုင်ရာ ဒဏ္ဍာရီတွေထဲမှာ စီးဝင်နေတာပါ။ စုံထောက် Sanja ဟာ စိတ္တဇကွင်းဆက်လူသတ်မှုကို နက်နက်ရှိုင်းရှိုင်း စုံစမ်းစစ်ဆေးလာတာနဲ့အမျှ အကျင့်ပျက်ခြစားမှု၊ လူမှောင်ခိုကူးမှုနဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို ဖော်ထုတ်တွေ့ ရှိခဲ့ပါတယ်။ သူမရဲ့ စုံစမ်းစစ်ဆေးမှုနဲ့အတူ သူမရဲ့အတိတ်နဲ့ သူမကို ခြောက်လှန့်နေတဲ့ အတွင်းစိတ်နတ်ဆိုးတွေကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ လျှို့ဝှက်ဆန်းကြယ်မှု၊ သည်းထိတ်ရင်ဖိုစရာနဲ့ ယဉ်ကျေးမှုဆိုင်ရာ ရိုးရာပုံပြင်တွေကို ပေါင်းစပ်တင်ဆက် ထားတာကြောင့် ကြည့်ရှုသူတွေကို ထိုင်ရာက မထစတမ်း ဆွဲဆောင်နိုင်တဲ့ ဇာတ်လမ်းတခုဖြစ်ပါတယ်။...
Indian 2 (2024) ⭐IMDB: 5.6/10 (13 k Votes) 🎬 #Action #Bollywood #Drama #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 46 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Indian 2 (2024)“အိန္ဒိယခေါင်းဖြူ” အခုတစ်ခါမှာတော့ အိန္ဒိယရုပ်ရှင်လောကမှာ နာမည်အကျော်ကြားဆုံးရုပ်ရှင်တွေထဲကတစ်ကား အပါအဝင်ဖြစ်တဲ့ classic ရုပ်ရှင် Indian (1996) ရဲ့ sequel ထွက်ရှိလာလို့မနှေး/အမြန် ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ် ရှေးခေတ်နာမည်ကြီးမင်းသား ကာမယ်လ်ဟာဆန် ပြန်လည်ပါဝင်လာပြီးJigarthanda(2014), Chithha(2023) တို့လို ရုပ်ရှင်တွေမှာ ပါဝင်ခဲ့တဲ့ဆစ်ဒါးသ်လည်း အားဖြည့်ထားပါတယ် ဒီကားက စူပါဟီးရိုးအထာပြောရရင် ဘတ်မင်း Returns ပုံစံပါ ဇာတ်လမ်းအကျဥ်းကတော့ ချစ်တရာနဲ့ သူ့ဘော်ဒါတစ်သိုက်က နယ်ပယ်မျိုးစုံကအဂတိလိုက်စားမှုကို သရော်ဝေဖန်ရေး ဟာသဇာတ်လမ်းတိုတွေ Youtube မှာတင်ရင်းပရိသတ်အားပေးမှု တစ်ခဲနက်ရထားကြပါတယ် ဒီလိုနဲ့ လာဘ်ပေးလာဘ်ယူမှုကြောင့် သားကောင်ဖြစ်ခဲ့ရတဲ့ ကောင်မလေးအတွက်ဆန္ဒထုတ်ဖော်ရင်း သူတို့ အဖမ်းခံလိုက်ရပါသေးတယ် အာမခံနဲ့ ပြန်လွတ်လာတော့သူတို့တွေ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ရတယ် အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ဖို့ သူတို့ချည်းမလုံလောက်ဘဲ တစ်ချိန်က“အင်ဒီးယန်း အမည်ရှိ အဘိုးကြီးကို ပြန်ခေါ်ဖို့ကြိုးစားကြရာမှာ ဘယ်လိုတွေဆက်ဖြစ်ဦးမှာလဲ လူငယ်တစ်သိုက်နဲ့ အဘိုးကြီးပူးပေါင်းပြီးတကယ်ပဲ အကျင့်ပျက်မှုတွေကို တိုက်ဖျက်နိုင်သွားမှာလား ဆိုတာကတော့ … အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်...
Be with Me (2023) ⭐IMDB: 5.8/10 (39 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #China #Taiwan ⏰ 2 နာရီ 10 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ထိုင်ဝမ် F4 မင်းသား Vic Chou နဲ့ Ariel Lin တို့ပါဝင်သရုပ်ဆောင်ထားတဲ့မိန်းကလေးတစ်ယောက်ရဲ့အချစ်ဇာတ်လမ်းကိုပုံဖော်ထားတဲ့ ထိုင်ဝမ်အချစ်ဒရာမာကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ဖူယွဲ့ဟာ ရောဂါအပြင်းအထန်ဖြစ်နေတဲ့ အဖေကိုပြုစုဖို့အတွက်အလုပ်ကိုထားခဲ့ရတယ်။ ပြင်လက်စထိုင်ပေကအိမ်ဟောင်းကြီးကိုလဲပစ်ခဲ့ရပြီးမိသားစုနဲ့အတူကျားရီကိုပြန်ခဲ့ရတယ်။ ဇာတိပြန်ပြီးအဖေ့ကိုအဖော်လုပ်ပေးတဲ့နေ့ရက်တွေမှာဖူယွဲ့ဟာ သူ့အဖိုးရဲ့အမှတ်တရတွေနောက်လိုက်ခဲ့ပြီးအဖိုးရဲ့ယုံကြည်မှုနဲ့ဒဏ္ဍာရီကိုပြန်အမှတ်ရလာခဲ့ပါတယ်။အတိတ်ကိုပြန်အမှတ်ရရင် လက်လွှတ်သင့်သူကိုလက်လွှတ်နိုင်ခဲ့ပြီး ဘဝအသစ်စဖို့ အသစ်သစ်တွေကိုလက်ခံလာနိုင်ဖို့ကြိုးစားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။...
Descendants: The Rise of Red (2024) ⭐IMDB: 4.6/10 (5 k Votes) 🎬 #Adventure #Comedy #Family #Fantasy #Action #Music #Musical 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကဲ ဒီတစ်ခါမှာတော့ Descendants ရုပ်ရှင်ကားတွေရဲ့ ၄ ကားမြောက်ဖြစ်တဲ့ မင်းသမီးရက်ဒ် ရဲ့ ဇာတ်ကားလေးကို မိတ်ဆက်ပေးချင်ပါတယ် Descendants ရုပ်ရှင်ကားတွေကိုDescendants (2015) – https://www.channelmyanmar.to/descendants-2015/Descendants 2 (2017) – https://www.channelmyanmar.to/descendants-2-2017/Descendants 3 (2019) – https://www.channelmyanmar.to/descendants-3-2019/ ဆိုပြီး အစဥ်လိုက်ကြည့်ရှုနိုင်ပါတယ်။ ဒီရုပ်ရှင်က အရင်ရုပ်ရှင်တွေလိုမျိုးပဲ ဇာတ်ကောင်အသစ်တွေကို ဒစ်စနီဇာတ်ကောင်ဟောင်းတွေရဲ့ မူရင်းအရသာမပျက်အောင် မတူညီတဲ့ ဇာတ်အိမ်အသစ်လေးတွေနဲ့ မိတ်ဆက်ပေးထားတာကိုတွေ့ရမှာဖြစ်ပြီး ဒီတစ်ခါမှာတော့ အဓိက ဇာတ်ဆောင်တွေဖြစ်တဲ့ နှလုံးသားတို့ရဲ့ ဘုရင်မ သမီးဖြစ်တဲ့ မင်းသမီး ရက်ဒ် နဲ့ စင်ဒရဲလားရဲ့ သမီးဖြစ်တဲ့ မင်းသမီး ကလိုဝီ တို့နှစ်ယောက်အပေါ်မှာ ဇာတ်အိမ်တည်ထားပါတယ်။ ဒီတစ်ခါမှာ သူတို့နှစ်ယောက်ပေါင်းပြီး အချိန်နောက်ပြန်သွားကာ အော်ရာဒွန် တိုင်းပြည် ကို ကယ်တင်ကြပုံကို ခံစားကြည့်ရှုကြရမှာပါ။ Movie runtime က တိုပေမယ့် အပိုမဆလာမရှိ ဇာတ်အိမ်ကို ခပ်သွက်သွက်လေးသွားထားတာမလို့ စိတ်ဝင်စားဖို့လည်း ကောင်းပါတယ်။ ရုပ်ရှင်ထဲမှာ ပါတဲ့ သီချင်းတွေ ကကွက် တွေနဲ့ ရိုက်ချက်တွေကလည်း တစ်ခြားကားတွေနဲ့ မတူတဲ့ ရသတစ်မျိုးကို ပေးစွမ်းနေပါသေးတယ်။ ကြည့်ရတာတော့ နောက်တစ်ကား ထပ်လာဦးမယ့်ပုံပေါက်လို့ ၂၀၁၅ ခုနှစ်ထွက်ကနေ ပြန်ကြည့်ကြဖို့ ရီကွန်မန်းပေးချင်ပါတယ်။ ကျွန်တော်တို့အားလုံးက ပုံပြင်လေးတွေနဲ့ကြီးပြင်လာရတာဖြစ်လို့ မင်းသမီးလေးရက်ဒ်ရဲ့ ဒီပုံပြင်လေးကိုလည်း အချိန်ပေးပြီး ခံစားကြည့်သင့်ကြောင်း ပြောရင်းနဲ့ပဲ ခံစားလိုက်ကြပါဦးဗျာ။...
Detective Dee: The Mirage in Heaven (2024) ⭐TMDB: 90% User Score 🎬 #Action #Fantasy #Mystery 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 18 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ထန်မင်းဆက်မှာ ဒီးရန်ကျယ်ဟာ ထူးဆန်းထွေလာအမှုပေါင်းများစွာကိုဖော်ထုတ်နိုင်သူတစ်ဦးအဖြစ်သမိုင်းတွင်ခဲ့ပါတယ်။အခုဒီရုပ်ရှင်ထဲမှာလည်း ဒီးရန်ကျယ်က ဘယ်လို အမှုဆန်းမျိုးကို ကိုင်တွယ်ရမလဲ…… ချွေကုန် ၄ နှစ်မြောက်မှာ ဝမ့်ရှန့်နန်းဆောင်ကြီး ဆောက်လုပ်ပြီးစီးခဲ့ပါတယ်။မိဖုရားကြီး ဝူကျယ်ထျန်းက အမတ်အပေါင်းကို ပွဲတော်ချီးမြှင့်ခဲ့ပြီးပြည်သူတွေကို နန်းတော်ထဲမှာ ပွဲတော်ကြည့်ရှုခွင့် ပြုခဲ့ပါတယ်။ပွဲတော်မှာ ဇာမဏီငှက်က ပျံသန်းခဲ့ပြီး ငှက်အပေါင်းကလာရောက်ခစားတဲ့ နိမိတ်ကောင်းမျိုး ပေါ်ထွက်ခဲ့တဲ့အတွက်ဝူကျယ်ထျန်းကို တိုင်းပြည်အုပ်ချုပ်ဖို့ ကောင်းကင်ကနိမိတ်ပြတာဆိုပြီး အမတ်များနဲ့ ပြည်သူတွေက လက်ခံခဲ့ပါတယ်။ ဒါပေမဲ့ ရုတ်တရက်အတွင်း ကောင်းကင်ပေါ်မှာ နတ်နန်းဆောင်ကြီးပေါ်လာခဲ့ပြီး ပွဲတော်ကို ဖျက်ဆီးခဲ့ပါတယ်။ မိဖုရားကြီးဝူကျယ်ထျန်းကဒေါသူပုန်ထပြီး ချက်ချင်းပဲ ဒီးရန်ကျယ်ကိုပြန်လည်ဆင့်ခေါ်ကာ ၇ ရက်အတွင်းအမှုကို ဖြေရှင်းဖို့ အမိန့်ပေးခဲ့ပါတယ်။ ကောင်းကင်ပေါ်က ပုံရိပ်တွေဟာ ဘယ်လိုပေါ်လာခဲ့သလဲ……နန်းတွင်းပွဲတော်က ပျောက်သွားတဲ့ စစ်သည် ၃၀၀၀ ကရော ဘယ်ကို ရောက်သွားသလဲ……ဒီအရာအားလုံးရဲ့ နောက်ကွယ်မှာ ဘယ်လိုအကြံအစည်ကြီးမျိုး ရှိနေမလဲ……ဆိုတာကို ရုပ်ရှင်နဲ့အတူ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။...
Thelma (2024) ⭐IMDB: 7.1/10 (8 k Votes) 🎬 #Action #Adventure #Comedy 🗓 2024 🎞 movie 🌎 #Switzerland #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDB 7.1 အထိရထားတဲ့ drama. comedy ကားသစ်လေးဖြစ်ပါတယ် … အသက် 90 ကျော် အဖွား သယ်မာပို့စ်ရဲ့ ဖြစ်ရပ်မှန်စွ့န်စားခန်းကိုရိုက်ကူးထားတာ အတော်လေး ကြည့်ကောင်းပါတယ် … 91 နှစ်အထိ ခင်ပွန်းဖြစ်သူ တက်ဒီနဲ့ဖြတ်သန်းခဲ့ပြီးခင်ပွန်းဆုံးသွားပြီး ဘ၀နေ၀င်ချိန်ကိုတစ်ကိုယ်ထဲဖြတ်သန်းဖို့ဖြစ်လာပါတယ်ဒါပေမယ့် တစ်နေ့ သူ့မြေးဟန်ေဆာင်ပြီး ဒေါ်လာ 10000 လိမ်သွားတဲ့ scammer တွေကို ပညာပြန်ပေးဖို့အတွက် လက်စားချေဖို့အတွက်စွန့်စားခန်းထွက်လာပါတော့တယ် (အညွှန်းနဲ့ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်)...
Turbo (2024) ⭐IMDB: 6.4/10 (2 k Votes) 🎬 #Action #Bollywood #Comedy #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 31 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Turbo (2024) “ဇိုး”IMDb – 6.5/10 ဒီနှစ်ထဲမှာပဲ Bramayugam (2024)ဖြူမည်းရုပ်ရှင်နဲ့ ပရိသတ်အားပေးမှုတွေရခဲ့တဲ့မလေယာလမ်းမင်းသားကြီး မမ်မူတီရဲ့ အသစ်စက်စက်ရုပ်ရှင်ကားကြီးကို တင်ဆက်ပေးပါရစေ။ဆရာဗီဂျေးစည်သူပတီလည်း ဧည့်သည်သရုပ်ဆောင်နေရာက ပါဝင်ထားပါသေးတယ်။ ဂျို့စ်ဆိုတာ ရွာရဲ့အော်ကြောလန်။ ကျန်တဲ့အချိန်ထက် ဘုရားပွဲတော်အတွင်းမှာ ဂျစ်ကားကြီးနဲ့ရောက်ချလာပြီး ရန်ပွဲတွေဖန်တီးတတ်သူကြီးပေါ့။ တာဘိုတပ်ထားသလား ထင်မှတ်မှားရအောင် သောင်းကြမ်းတတ်သူမို့သူ့ကို တာဘိုဂျို့စ်လို့တောင် ကင်ပွန်းတပ်ကြလေရဲ့။ ဒါပေမဲ့ ပွဲတော်အတွင်း သူရန်ဖြစ်တာကြည့်ရဖို့ သက်သက်အရောက်လာတဲ့လူတွေက ရှိသေးသဗျာ။ဘယ်လောက်ပဲလူကြမ်းကြီးဖြစ်နေပါစေ မိခင်ဖြစ်သူကိုကျလည်း ကြောက်ရပြန်ရော။သူ့ဘော်ဒါဘော်ကျွတ်က ဘဏ်ဝန်ထမ်း ဂျယ်ရီ။ ဂျယ်ရီ့အတွက်ဆို ကောင်မလေးမိဘအသိုင်းအဝိုင်းက သဘောမတူတာတောင် စေ့စပ်ပွဲနေ့ကြီး သွားခေါ်လာပေးတဲ့သူ။တစ်နေ့ ဂျယ်ရီ့ဆီကို ကံကြမ္မာဂြိုလ်ဆိုးဝင်လာချိန် ဂျို့စ်လည်း ရှောင်လွှဲလို့မရတဲ့ပြဿနာတွေနဲ့ ရင်ဆိုင်ဖြေရှင်းရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)...
The Neon Highway (2024) ⭐IMDB: 6.1/10 (331 Votes) 🎬 #Drama #Family #Music 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 54 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားလေးကတော့ ၁၉၉၀ ၈၀ခုနှစ်တွေမှာ ခေတ်စားခဲ့တဲ့ တီဝိုင်းအကြောင်းကို ရိုက်ပြထားတယ်လို့လည်းပြောလို့ရပါတယ် တကယ့်ဇာတ်လမ်းကတော့ ကော်လင်းညီကိုနှစ်ယောက်ဟာ သူတို့ပွဲထွက်ခွင့်ရဖို့အတွက် ဘားတစ်ခုမှာသီချင်းဆိုခဲ့ရတယ် သို့ပေမဲ့ အကိုရိန်းကိုပဲ ထုတ်လုပ်သူတွေကသဘောကျပြီး ညီလော့ဒ်ကိုသဘောမကျကြပါဘူး အဲ့အကြောင်းပြောကြရင်းနဲ့ ညီကိုနှစ်ယောက်ကားမတော်တဆဖြစ်ခဲ့တယ် ပြီးတော့ဂီတနဲ့ပတ်သတ်ပြီးဘာမှလည်းမလုပ်ခဲ့ဘဲ အနေဝေးသွားခဲ့တယ် အဲ့လိုနှစ်တွေကြာတော့ ရိန်းမှာလည်းမိသားစုရှိလာတယ် သို့သော်အဆင်မပြေကြပါဘူး တစ်နေ့သူအလုပ်အော်ဒါရလို့ အိမ်တစ်အိမ်သွားရာမှာ တကယ့်ဂန္တဝင် ကန်ထရီအဆိုတော်ကြီး မစ္စတာကလောက်ဒ်အဲလန်နဲ့တွေ့ခဲ့တယ် အဲ့လိုနဲ့ အရင်က သူနဲ့ သူ့ညီသီချင်းကိုဆိုပြခဲ့တယ် တနေ့ရိန်းက ပိုက်ဆံလိုလို့သူ့သီချင်းကိုသွားရောင်းခဲ့တယ် ကလောက်ဒီဆီကိုပေါ့ သို့ပေမဲ့ ကလောက်ဒ်ကလည်း အသက်ကြီးနာမည်ကြီးထမင်းငတ်ဖြစ်နေပြီ ဒါမဲ့သူတို့အကြံစည်တစ်ခုထုတ်ခဲ့ပြီး ဂီတမြို့တော်နာ့ချ်ဗီလာကိုသွားခဲ့ကြတယ် သူတို့အကြံစည်ကဘာလဲ သူတို့နာ့ချ်ဗီလာကိုဘာသွားလုပ်ကြတာလဲ ဘာတွေဖြစ်မှာလဲဆိုတာ ကြည့်ရှူလိုက်ကြရအောင်...
Hounds (2023) ⭐IMDB: 6.4/10 (392 Votes) 🎬 #Drama #Thriller 🗓 2023 🎞 movie 🌎 #Morocco #France #Belgium #Qatar #SaudiArabia #Germany ⏰ 1 နာရီ 30 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါ တင်ဆက်ပေးမဲ့ မော်ရိုကို ရုပ်ရှင်ကားဖြစ်တဲ့ Hounds ဆိုတဲ့ကားမှာတော့ အဖေဖြစ်သူ Hassan နဲ့ သားဖြစ်သူ Issam တို့ dog-fighting kingpin ဖြစ်တဲ့ Dib အတွက် ပြိုင်ဘက်ကလူကို ပြန်ပေးဆွဲပေးရာမှ မတော်တဆ လူသတ်မိသွားတယ်။ သားအဖနှစ်ယောက်လုံး ကားအနီရောင်ပေါ်ကို အလောင်းတင်ပြီး အလောင်းကို မြေမြှုပ်ဖို့ ကြိုးစားရာမှ ဘယ်လိုပြဿနာတွေ ဆက်ဖြစ်မလဲ၊ ပြိုင်ဘက်ကရော သူ့လူကိုသတ်လိုက်တာသိသွားတဲ့အခါ Hassan နဲ့ Issam တို့ သားအဖနှစ်ယောက်ကို ဘာလုပ်မလဲဆိုတာကိုတော့ ဒီဇာတ်ကားလေးကို ကြည့်ရှုပေးကြပါဦး။...
The Proposal (2009) ⭐TMDB: 71% User Score 🎬 #Comedy #Drama #Romance 🗓 2009 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 1 နာရီ 48 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Proposal (2009) IMDb Rating (6.8 ) Ryan Reynolds နဲ့ Sandra Bullock တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဒရမ်မာရိုမန့်ဟာသကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့… နာမည်ကျော်စာအုပ်တိုက်တစ်ခုမှာ ဦးစီးဦးဆောင်လုပ်ကိုင်နေတဲ့ မာဂရက်ဆိုတဲ့ မမကြီးဟာ စမတ်ကျကျနေတတ်ပေမယ့် ဘော်ကျော့ပုံစံတွေကြောင့်သူမရဲ့လက်ထောက်ဖြစ်သူ အန်ဒရူးကစလို့ တစ်ရုံးလုံးက မကြည်ကြပါဘူး… ဒီလိုနဲ့ သူ့လုပ်ငန်းအခြေအနေကြောင့်ရယ် အမေရိကန်နိုင်ငံမှာ ဆက်လက်နေထိုင်ဖို့ Visa အခက်အခဲဖြစ်လာတာရယ်ကြောင့် အမေရိကန်နိုင်ငံသားဖြစ်တဲ့ သူမရဲ့ လက်ထောက်ဖြစ်သူ အန်ဒရူးနဲ့ လက်ထပ်ဖို့ကြံစည်ပါတော့တယ်….. မိန်းကလေးက ယောကျာ်းလေးကို ပြန်ပြီး လက်ထပ်ခွင့်တောင်းမယ့်ပုံစံရဲ့နောက်ကွယ်က အလိမ်တွေ အရှုပ်ထုတ်တွေကြားထဲ မိသားစု၊ ချစ်ခြင်းမေတ္တာတွေကိုရှာဖွေတွေ့ရှိသွားမလားဆိုတာ…….။ ဝါရင့်သရုပ်ဆောင်တွေမလို့ ပရိတ်သတ်ကို တောက်လျှောက်ဆွဲခေါ်သွားမှာပါ။...
Dark Obsession (2023) ⭐IMDB: 5.6/10 (2 k Votes) 🎬 #Thriller 🗓 2023 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 36 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အန်နီဟာ အိမ်ထောင်ရှင်မ တသ်ယောက်ဖြစ်ပြီး သူမရဲ့ ဆုံးဖြတ်ချက်တွေ အားလုံးဟာ အမျိုးသားဖြစ်တဲ့ ဟင်နရီ ကနေတဆင့်ပဲ လုပ်လေ့ရှိပါတယ်။ တနေ့မှာ သူမရဲ့ အမျိုးသားဟာ အိမ်ကနေ ထွက်သွားပြီး ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့ပါတယ်။ တစ်ကိုယ်တည်း ရုန်းကန်ရမယ့် ဘဝမှာ ဘာတွေဆက်ဖြစ်မှာလဲ။ သူမရဲ့ အမျိုးသားကရော ဘာလို့ ပျောက်သွားရတာလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရမှာပါ။...
Love Li (2024) ⭐IMDB: 9.5/10 (13 k Votes) 🎬 #Bollywood #Drama #Romance 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 29 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Love Li (2024)”မီးတောက်”====================== ကန်နာဒါရုပ်ရှင်တွေမှာ ဗီလိန်နေရာက သရုပ်ဆောင်တာများတဲ့မင်းသား ဗာဆီရှ်သာဆင်မ်ဟာ ဇာတ်လိုက်နေရာကရိုက်ထားတဲ့အသစ်ထွက် ရိုးမန့်စ်အက်ရှင် ရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဗာဆီရှ်သာဟာဆိုရင် K.G.F လို ရုပ်ရှင်မျိုးမှာတောင် ဗီလိန်နေရာကပါဝင်ဖူးသူဖြစ်တဲ့အတွက် ကန်နာဒါရုပ်ရှင်လောကမှာ အတော်အသင့်နာမည်ကြီးနေပြီဖြစ်တဲ့မင်းသားလို့လည်းပြောလို့ရပါတယ်။ ဇာတ်လမ်းကတော့.. သူ့ချစ်သူကို ထိလို့ဆိုပြီး ထိတဲ့လက်ကို ခုဝာ်ဖြဝာ်တဲ့ထိကြမ်းတဲ့၊ကြမ်းပေ့ဆိုတဲ့ လူမိုက်တွေကတောင် ဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့မိဘမဲ့ မိုက်ရူးရဲတစ်ယောက် ချစ်ရတဲ့မိန်းကလေးနဲ့ လက်ထပ်ပြီးအခြေချဖို့ကြိုးစားနေတုန်းမှာ အခြေအနေအရပ်ရပ်ကသူ့ကို ဂိုဏ်းစတားတစ်ယောက်ဖြစ်လာအောင် တွန်းပို့တဲ့အတွက်ဂိုဏ်းစတားတစ်ယောက်ဖြစ်လာပုံကို တောင်ပိုင်းကားဆန်ဆန် မြင်တွေ့မှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းရော၊ နောက်ခံတီးလုံးတွေရော၊ အက်ရှင်ခန်းတွေရော တော်တော်လေးမဆိုးလှတာမလို့ စီအမ်အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် စီအမ်ဘောလိဝုဒ်တီးမ်ကနေဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...
Kanwar (2023) ⭐IMDB: 7.3/10 (28 Votes) 🎬 #Bollywood #Drama #Uncategorized 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 59 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kanwar 2023 မြစ် Imdb 7.3 ဒီကားကတော့ လူငယ်တွေကိုအဓိကအနေနဲ့ရိုက်ကူးထားပြီးတော့ပေါ့ပေါ့ပါးပါးကြည့်ရှုရမဲ့ကားမျိုးပါ စစချင်းကိုတည်းက လူငယ်သဘာဝခေါင်းဆောင်နေရာလုကြတယ် ကျောင်းသားခေါင်းဆောင်ဆိုတဲ့ကောင်ကိုအကုန်ဝိုင်းသမပြီး ဘယ်သူကဆရာဆိုတာဗိုလ်လုကြတယ်ပေါ့ မင်းသားတို့က နှစ်တိုင်းအကျင့်တစ်ခုရှိတယ် အဲဒါကတော့ဘုရားဖူးထွက်ကြတာပါတစ်နှစ်ကိုတစ်ခေါက်ထွက်ပြီးတော့ အပြစ်တွေကိုဆေးကြောတယ်ပေါ့ဗျာရွာထဲကလည်း လိုက်ချင်တဲ့လူကခပ်များများရယ် ဒီနှစ်သွားရင်သူ့ကိုခေါ်ပါ ငါ့ကိုခေါ်ပါနဲ့ပေါ့ ဒါပေမဲ့မထွက်ခင်မှာကို မင်းသားမှာကအမည်မပေါ်တဲ့ရောဂါဖြစ်လာခဲ့တယ် ဆရာဝန်နဲ့ပြတော့လည်းမည်မည်ရရမပေါ် ဒီလိုနဲ့ကန်ဝါက ဂင်္ဂါမြစ်မှာအပြစ်တွေဆေးကြောဖို့ဆိုပြီးခရီးစတင်ခဲ့ပုံကို ရိုက်ကူးထားတာပဲဖြစ်ပါတယ် အပျင်းပြေအနေနဲ့ကြည့်ရှုဖို့ဆိုမဆိုးလှတဲ့ကားမို့ အချိန်တွေပိုနေမယ်ဆိုရင်တော့ ကြည့်ရှုသင့်ပါကြောင်း ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ Thaw ~ Alex ~ BpL တို့ပဲဖြစ်ပါတယ်...
