es
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Canal cerrado

🚩 Channel was restricted by Telegram

Mostrar más
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
Snow White and the Huntsman (2012) ⭐IMDB: 6.1/10 (304 k Votes) 🎬 #Action #Adventure #Drama #Fantasy #Romance #SciFi #Thriller #War 🗓 2012 🎞 movie 🌎 #UnitedStates #UnitedKingdom #Japan #UnitedStatesofAmerica ⏰ 2 နာရီ 11 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၂၀၁၂ က Hit ဖြစ်ခဲ့တဲ့ Snow White and the Huntsman ကတော့ နာမည်ကျော်စနိုးဝှိုက်ပုံပြင်ကိုအခြေခံထားပြီး Kristen Stewart ၊ Charlize Theron ၊ Chris Hemsworth ၊ Sam Claflin နဲ့ Bob Hoskins တို့လိုအကျော်အမော်တွေက ပါဝင်သရုပ်ဆောင်ပေးထားကြပါတယ်။ ရှေးရှေးတုန်းက တိုင်းပြည်တစ်ခုမှာ ဘုရင်မကမွေးဖွားတဲ့ သမီးတော်လေးစနိုးဝှိုက်ဟာ ပြိုင်ဘက်ကင်းတဲ့အလှအပကြောင့် ကျော်ကြားပါတယ်။ တစ်ရက်မှာတော့ စနိုးဝှိုက်ရဲ့မယ်တော် ဘုရင်မဆုံးပါးသွားပြီးတဲ့နောက် ပူဆွေးသောကရောက်နေတဲ့ဘုရင်ကြီးကို စုန်းမရာဗန်းနားက မြူဆွယ်နိုင်ခဲ့ပြီး ဘုရင်မဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ရာဗန်းနားက ဘုရင်ကြီးကိုသတ်၊ သမီးတော်လေးစနိုးဝှိုက်ကို ရဲတိုက်ကြီးထဲမှာ ဖမ်းဆီးချုပ်နှောင်ပြီး တိုင်းပြည်ကိုသိမ်းပိုက်အုပ်စိုးခဲ့ပါတယ်။ အချိန်တွေကြာလာတာနဲ့အမျှ ရာဗန်းနားရဲ့စွမ်းအားတွေယုတ်လျော့ လာပြီး ရာဗန်းနားရဲ့မှော်မှန်ချပ်က စနိုးဝှိုက်ရဲ့နှလုံးသားကိုစားမှသာ ထာဝရရှင်သန်နိုင်မယ်လို့ဆိုလာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ စနိုးဝှိုက်ဟာ ထွက်ပြေးလွတ်မြောက်သွားခဲ့တာကြောင့် ရာဗန်းနားက မုဆိုးတစ်ယောက်ငှားရမ်းပြီး စနိုးဝှိုက်ကိုလိုက်လံဖမ်းဆီးပါတော့တယ်။
...

Descendants of the Dark (2023) ⭐TMDB: 0% User Score 🎬 #Bollywood #Crime #Mystery #Thriller 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 2 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Descendants of the Dark 2023 (အမှောင်ယံထဲက ကစားပွဲ) ကယ်ဗင်နဲ့ အာဗန်လို့ခေါ်တဲ့ ညီအစ်ကိုနှစ်ယောက်ဟာ ထူးထူးဆန်းဆန်း ကစားပွဲတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒီကစားပွဲကတော့ ၄နှစ်မှာ တစ်ကြိမ်ပဲ ကစားရမှာဖြစ်ပြီးတော့ စက်တင်ဘာ ၇ရက်နေ့တစ်ရက်ပဲကစားလို့ရတာဖြစ်ပါတယ်။ ဒီလိုကစားဖို့အတွက်လည်း လူအများကြီးလိုအပ်တဲ့အတွက်ကြောင့်ညီအစ်ကိုနှစ်ယောက်ဟာ စက်တင်ဘာလ ၇ရက်နေ့မှာ ပါတီပေးမယ်ဆိုပြီးတော့သူငယ်ချင်းတွေအကုန်လုံးကို သူတို့အိမ်ကို ဖိတ်ကြားလိုက်ပါတော့တယ်။ အစပိုင်းမှာတော့ ပါတီရဲ့ထုံးစံအတိုင်း ပျော်ပျော်ပါးပါးသောက်သောက်စားစားပဲပေါ့။ပါတီပြီးလို့ နားပြီဆိုတဲ့အချိန်ရောက်တော့မှ ညီအစ်ကိုနှစ်ယောက်ဟာ ကစားပွဲကို ဘယ်လိုပုံစံနဲ့ စတင်သွားမလဲ ……ဒီကစားပွဲကရော ဘယ်လိုခြောက်ခြားဖွယ်တွေနဲ့ ပြည့်နှက်နေမလဲ ……. ဒီကစားပွဲရဲ့ ရည်ရွယ်ချက်ကရော ဘာဖြစ်မလဲ …..ဆိုတာတွေကို စိတ်လှုပ်ရှားဖွယ် ခြောက်ခြားမှုအပြည့်နဲ့ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~BpL~V~Alex~ToMo ပဲဖြစ်ပါတယ်)
...

The Vanishing Soldier (2023) ⭐IMDB: 6.5/10 (165 Votes) 🎬 #Drama #Thriller #War 🗓 2023 🎞 movie 🌎 #Israel ⏰ 1 နာရီ 37 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 စစ်တပ်တွေမှာ ဘယ်ရာထူးမဆို ကြီးလေးတဲ့ ပြစ်မှုတစ်ခု ရှိပါတယ်။အဲ့ဒီ ပြစ်မှုကတော့ တပ်ပြေးတဲ့ပြစ်မှုပါပဲ။ အဲ့ဒီပြစ်မှုအတွက် အခြေအနေအလိုက် ထောင်ကျခံရတာ ကနေ သေဒဏ်ပေးခံရတဲ့အထိပြစ်ဒဏ်ချမှတ်လို့ရပါတယ်။ အခုတင်ဆက်ပေးမဲ့ ဇာတ်ကားထဲမှာ တပ်ပြေးလာတဲ့ ၁၈ နှစ်သားစစ်သားတစ်ယောက်အကြောင်းနဲ့ အဲ့လို တပ်ပြေးတဲ့အတွက် ဘယ်လိုနောက်ဆက်တွဲပြဿနာတွေ ဖြစ်လာမယ်ဆိုတာကိုစိတ်ဝင်စားစရာကောင်းစွာကြည့်ရှုရမှာ ပဲဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့ The Vanishing Soldier (ပျောက်ဆုံးနေသောစစ်သား) ဖြစ်ပြီး IMDb Rating 6.5 အထိရရှိထားပါတယ်။ ဇာတ်လမ်းအစမှာ ရှလိုမီလို့ခေါ်တဲ့စစ်သားတစ်ယောက် တပ်ကနေ ထွက်ပြေးလာတာကို တွေ့ရမှာဖြစ်ပြီး သူတပ်ပြေးလာရတဲ့ အကြောင်းအရင်းကတော့ တခြားမဟုတ်ဘဲ သူ့ကောင်မလေးနဲ့ တွေ့ချင်လို့ သက်သက်ဖြစ်ပါတယ်။ဒါပေမယ့် သူ့တပ်ကတော့ အဲ့ဒါကိုမသိဘဲ အဲ့ဒီနေ့မတိုင်ခင်မနေ့ကဖြစ်ခဲ့တဲ့စစ်ပွဲမှာ ရန်သူတွေရဲ့ ဖမ်းဆီးခြင်းကိုခံလိုက်ရပြီလို့ပဲ သိထားတာဖြစ်ပါတယ်။ ရှလိုမီကတော့ အဲ့ဒါကိုမသိဘဲ သူ့ကောင်မလေးနဲ့သွားတွေ့ မိဘတွေနဲ့သွားတွေ့ပြီး ပျော်ပါးနေခဲ့ပါတော့တယ်။ဒါပေမယ့် နောက်ပိုင်းမှာတော့ ရန်သူတွေသူ့ကိုဖမ်းသွားပြီလို့ထင်နေတဲ့ သူ့တပ်ကတော့ ရန်သူတွေကို လက်နက်ကြီးတွေနဲ့ ဗုံးကြဲပြီး သူ့ကိုပြန်ပေးဖို့တောင်းဆိုနေကြောင်းကို တီဗီကနေသိလိုက် ရပါတော့တယ်။ အဲ့ဒီအချိန်မှာသူထွက်ပြေးလို့ဖြစ်လာတဲ့အကျိုးဆက်တွေက အရမ်းကြီးမားလာတဲ့အတွက် ဆက်ပဲပြေးနေရမလိုလို တပ်ထဲပဲ ပြန်သွားရမလိုလိုနဲ့ ဆုပ်လည်းစူး စားလည်းရူးအခြေအနေတွေ ဖြစ်ပြီး နောက်ပိုင်းမှာဘယ်လိုအဆုံးသတ်သွားမယ်ဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ဖို့တင်ဆက်ပေးလိုက်ပါတယ်။
...

The Mouse Trap (2024) ⭐IMDB: 2.6/10 (312 Votes) 🎬 #Comedy #Horror #Thriller #Drama #ScienceFiction 🗓 2024 🎞 movie 🌎 #Canada ⏰ 1 နာရီ 20 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အဲလက် က Funheaven လို့ခေါ်တဲ့ ကလေးကစားကွင်း တစ်ခုက ဝန်ထမ်းပါ။ တစ်ရက်မှာတော့ သူ့သူငယ်ချင်း ၈ ယောက်က အဲလက်အတွက် Surprise မွေးနေ့ လုပ်ပေးဖို့ ကစားကွင်းတစ်ခုလုံးကို တစ်ညနေစာ ငှားလိုက်တယ်။ သူတို့မသိခဲ့ကြတာက အဲဒီအချိန်မှာပဲ မစ်ကီမောက် ဝတ်စုံ စိတ္တဇ လူသတ်သမားတစ်ယောက်က သူတို့နဲ့အတူတူရှိနေခဲ့တယ်။ ဒီဇာတ်ကားမှာတော့ ကစားကွင်းထဲက စိတ္တဇ လူသတ်သမား လက်ကနေ အဲလက်တို့ သူငယ်ချင်းတစ်သိုက် ဘယ်လို လွတ်လမ်းရှာနိုင်မလဲဆိုတာ သည်းထိတ်ရင်ဖို ကြည့်ရှုကြရမှာပါ။ ဇာတ်လမ်းကိုတော့ သူငယ်ချင်းအုပ်စုထဲက အသက်ရှင်ကျန်ခဲ့တဲ့ သူတစ်ယောက်ဖြစ်တဲ့ ရီဘက်ကာ က ဇာတ်ကြောင်းပြန်ပြော ထားတဲ့ ပုံစံမျိုး ကြည့်ရှုကြရမှာဖြစ်ပါတယ်။ ဆိုတော့ အတူတူခံစားလိုက်ကြရအောင်လားခင်ဗျာ။
...

Fort Bliss (2014) ⭐IMDB: 6.4/10 (4 k Votes) 🎬 #Drama #War 🗓 2014 🎞 movie 🌎 #Turkey #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 50 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2014 မှာထွက်ရှိထားတဲ့ ဒါရိုက်တာ Claudia Myers ဇာတ်ညွှန်းရေး ရိုက်ကူးထားတဲ့ အမေရိကန်စစ်ဌာနတစ်ခုဖြစ်တဲ့ Fort Bliss ကို အခြေခံထားတဲ့ ဒရမ်မာဇာတ်ကားလေးပါ။ မင်းသမီး Michelle Monaghan သရုပ်ဆောင်ထားတဲ့ Maggie Swann ဆိုတဲ့ အာဖဂ္ဂန်ပြန်ဆေးတပ်သူတစ်ယောက် သူ့ရဲ့ ငါးနှစ်အရွယ်သားနဲ့ တာဝန်ကြောင့် ၁၅ လကြာခွဲနေပြီး သူတိုရဲ့ ပြိုပျက်သွားတဲ့ ဆက်ဆံရေးကို ပြန်လည်တည်ဆောက်တဲ့ အကြောင်းကို အဓိကရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။ သူတာဝန်ထမ်းဆောင်နေချိန်မှာ သားလေးကိုစောင့်ရှောက် ပေးထားတဲ့ ခင်ပွန်းဟောင်း Richard နဲ့ သူ့ရဲ့ fianceé Alma အဖြစ် Ron Livingston နဲ့ Emmanuelle Chriqui , ကားပျက်လို့ ကားပြင်ရာကနေ ချစ်ကြိုးသွယ်မိတဲ့ မက်ဆီကန်သား Luis အဖြစ် Manolo Cardona နဲ့ Fort Bliss က staff sergeant Donovan အဖြစ် Pablo Schreiber တိုက အသီးသီးသရုပ်ဆောင်ထားကြပါတယ်
...

Project Makeover (2007) ⭐TMDB: 70% User Score 🎬 #Comedy #Romance 🗓 2007 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 53 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Project Makeover (2007) ဒီဇာတ်ကားလေးဟာ ၂၀၀၇ခုနှစ်က ထွက်ရှိခဲ့တဲ့ နာမည်ကြီးဒါရိုက်တာ-ကင်ချန်လေးရဲ့ကိုရီးယားအချိန်ခရီးသွားဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ငယ်ရွယ်စဉ်အချစ်မှာ နစ်မျောမိသူ နာဂျောင်ဂျူဟာ အသက် ၃၀ အရွယ်ကိုရောက်လာတဲ့အချိန်မှာအဝတ်အစားဒီဇိုင်းနာလက်ထောက်အဖြစ်နဲ့ ဘဝကို ခက်ခဲစွာရုန်းကန်နေရသူဖြစ်ပါတယ်။သူ့ကိုတစ်ကြိမ်သာ ဒိတ်ခဲ့ပြီး စွန့်ပစ်သွားတဲ့ အချစ်ဦး ဂျိုဟာနီ(နာမည်ကြီးအဆိုတော်)နဲ့ဂျောင်ဂျူကို တစ်ဖက်သတ် ချစ်ခဲ့သူ အိုတေးဟွန်း(HiTECHကုမ္ပဏီရဲ့CEOသန်းကြွယ်သူဌေး)တို့နဲ့ တစ်နေ့မှာ မတော်တဆပြန်ဆုံမိခဲ့ကြပါတယ်။ ‌ဂျောင်ဂျူဟာ သူ့လက်ရှိဘဝအပေါ် စိတ်ပျက်နေသူတစ်ဦးလည်းဖြစ်ပါတယ်။အချစ်ဦးဂျိုဟာနီကြောင့် သူ့ဘဝဒီလိုမျိုး ခက်ခဲစွာရုန်းကန်နေတာလို့ သတ်မှတ်ထားသူလည်းဖြစ်ပါတယ်။သူ့ဘဝကို ပြန်လည်ပြင်ဆင်ချင်တဲ့စိတ်တွေနဲ့ မိခင်ရဲ့အောက်မေ့ဖွယ်နေ့မှာ အရက်သောက်ပြီး အိပ်ပျော်သွားခဲ့မိပါတယ်။နိုးလာတဲ့အချိန် ကွန်ပြူတာကို ဖွင့်လိုက်တဲ့အခါမှာ ကွန်ပြူတာဖန်သားပြင်မှာအတိတ်ကို ပြန်သွားနိုင်တဲ့ ထူးဆန်းတဲ့ ခလုတ်ရှိတာကိုတွေ့ပြီး အချိန်ခရီးသွားလို့ရတာကို သိသွားပါတော့တယ်။ဒါကြောင့် အတိတ်ကအချိန်ကို ပြန်သွားပြီး သူ့ဘဝကို ပြန်လည်ပြင်ဆင်နိုင်ဖို့ ဂျောင်ဂျူ ကြိုးစားပါတော့တယ်။အသက် ၃၀ အရွယ် ဂျောင်ဂျူဟာ အသက် ၁၈နှစ်အရွယ် ဂျောင်ဂျူကိုသူ့အချစ်ဦး ဂျိုဟာနီနဲ့ မတွဲမိစေဖို့ တကယ်ပဲ တားမြစ်နိုင်မှာလား….ဒါမှမဟုတ် သူ့ကိုတစ်ဖက်သက်ချစ်နေသူ အိုတေးဟွန်းနဲ့ လက်တွဲသွားအောင် လုပ်ပေးနိုင်မလား…အတိတ်မှာသူဖြစ်ချင်တဲ့ ဘဝပုံစံမျိုးကို ပြင်ဆင်နိုင်ပြီးလက်ရှိဘဝမှာ သူ့ဘဝကို တိုးတက်အောင်မြင်အောင်နိုင်မလားဆိုတာ… အညွှန်း နဲ့ ဘာသာပြန်ကတော့Dao Phyoပဲ ဖြစ်ပါတယ်။
...

Eagle Eye (2008) ⭐TMDB: 65% User Score 🎬 #Action #Mystery #SciFi #Thriller 🗓 2008 🎞 movie 🌎 #Germany #USA #UnitedStatesofAmerica ⏰ 1 နာရီ 57 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အေးအေးနေတတ်တဲ့ ကော်ပီ ကူးတဲ့ အလုပ်သမား ဂျယ်ရီရှော တယောက် က အမေရိကန် လေ တပ်ကနေ ထွက်ခဲ့သူဖြစ်ပါတယ်၊ သူနဲ့ အရမ်းတူတဲ့ သူ့အကို အီသန်ရှော ဟာ ရုတ်တရက် ဆုံးပါးသွားတဲ့နောက် မှာ သူ့အရမ်း ပြောင်းလဲသွားပါတယ်။ အိမ်လခတောင် မှန်မှန်မပေးနိုင်တဲ့ ဂျယ်ရီရှော ရဲ့ ဘဏ်အကောင့်ထဲမှာ ဒေါ်လာ ၇ သိန်း ကျော်ရောက်ရှိလာပါတယ်။ အိမ်ပြန်ရောက်တဲ့အခါမှာတော့ သူ့အခန်းထဲမှာ လက်နှက်တွေ ၊ ခဲယမ်းမီးခြောက်တွေနဲ့ ပစ္စည်း ပစယတွေ မဖိတ်ခေါ်ဘဲ ရောက်ရှိလာပါတယ်။ သူသိပ်အံ့အားသင့်သွားတဲ့အချိန်မှာဘဲ သူ့လက်ကိုင်ဖုံးကို တဦးတယောက် က လှမ်းခေါ်ပါတယ်။ ကိုင်လိုက်တဲ့အခါမှာတော့ ဂျယ်ရီ့ အိမ့်ကို နောက် ၄ မိနစ်အတွင်း မှာဘဲ FBI က ဝင်ရောက်စီးနင်းတော့ မှာ ဖြစ်တယ်ဆိုတဲ့အကြောင်း ၊ ဒါကြောင့် အခုဘဲ လွတ်အောင်ပြေးဖို့နဲ့ ပြေးဖို့နေရာကို ညွှန်ကြားပါတော့တယ်။ ဂျယ်ရီတယောက် မယုံမရဲဖြစ်နေစဉ်မှာဘဲ ၄ မိနစ်ပြည့်သွားတဲ့အတွက် FBI ကနေ တရားမဝင်လက်နှက်တွေ သိုလှောင် ထားတဲ့ ဂျယ်ရီ့ကို ဝင်ရောက်ဖမ်းစီးပါတော့တယ်။ သူနဲ့တချိန်ထဲမှာဘဲ ရစ်ချယ် ဟောလိုမန်ဆို သူမိခင်တယောက် ကို သူ့ရဲ့ သားကလေး စီးနင်းလာတဲ့ ရထားကိုဖောက်ခွဲ ပြစ်တာမခံချင်ဘူးဆိုရင် ရှေ့နားက ဗန်ကားကို ဝင်ရောက်မောင်းနှင်ဖို့ ဖုန်းထဲ ကနေ အမိန့်ပေးခံရပါတော့တယ်။ ဘယ်သူကနေ ဒီလိုတွေ စီမံနေတယ်ဆိုတာကိုမသိရသေးပေမယ့် အခြေအနေအတွေကတော့ ဖြင့် ကမောက်ကမ ဖြစ်လို့နေ ပါတယ်။ ဒီအစီအစဉ်တွေကို ညွှန်ကြားသူနဲ့ လုပ်ကြံခံရမယ့်သူဟာ ဘယ်သူတွေဖြစ်လာမလဲဆိုတာကိုတော့ ရင်သပ်ရှုမော ဖွယ် တွေ့ရမှာဖြစ်ပါတယ်
...

Between the White Key and the Black Key (2023) ⭐IMDB: 6.0/10 (21 Votes) 🎬 #Drama #Music #Biography 🗓 2023 🎞 movie 🌎 #Japan ⏰ 1 နာရီ 34 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဘားအသေးစားလေးမှာ ဖျော်ဖြေနေတဲ့တီး၀ိုင်းထဲက စန္တယားသမားလေး ဟီရိုရှိကို ဘယ်ကမှန်းမသိတဲ့လူတစ်ယောက် သီချင်းတစ်ပုဒ်တောင်းဆိုလာပါတယ်,ဒီသီချင်းက The Godfather ထဲက ဇာတ်၀င်တေးသီချင်းပါ ဒါပေမယ့်တစ်ခုရှိတာက ဒီသီချင်းကို ယာကူဇာဘော့စ် ကူမာနိုတစ်ဦးထဲကပဲ တောင်းခွင့်ရှိပြီးတော့တီးခွင့်ရှိတာကလဲ ဂင်ဇာမြီု့ကနာမည်ကြီးတီး၀ိုင်းမှာတီးနေတဲ့ မီနာမီဆိုတဲ့ စန္တယားဆရာတစ်ယောက်တည်းရှိတာပါ, ဒါကိုမသိပဲ The Godfather သီချင်းကိုဖျော်ဖြေမိသွားတဲ့ ဟီရိုရှီ ရဲ့ ကံကြမ္မာက… ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့
...

Kiss of the Damned (2012) ⭐IMDB: 5.5/10 (5 k Votes) 🎬 #Drama #Horror #Romance #Thriller 🗓 2012 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜    ပါလိုဆိုတဲ့ဇာတ်ညွှန်းရေးဆရာလေးဟာ နယ်မြို့လေးတစ်ခုကို ပရောဂျက်အသစ်တစ်ခုအတွက်အေးအေးဆေးဆေးစာရေးဖို့ရောက်လာခဲ့ပါတယ်။မိုးတွေသည်းတဲ့ ညတစ်ညမှာတော့ မြို့ခံတစ်ဦးဖြစ်တဲ့ ဒီယွန်နာဆိုတဲ့မိန်းကလေးတစ်ဦးနဲ့တွေ့ဆုံခဲ့ပြီးဇာတ်လမ်းအရှိန်တက်တော့မယ့်အချိန်မှာ ဒီယွန်နာက ရှောင်ဖယ်ထွက်ပြေးသွားခဲ့ပါတယ်။ဒါပေမယ့် အတွေ့အကြုံရှိပြီးသားဖြစ်တဲ့ ပါလိုဟာ ဒီယွန်နာကိုမှ အရူးအမူးဖြစ်သွားခဲ့ပြီး ဘာတွေပဲဖြစ်လာဖြစ်လာလက်ခံရင်ဆိုင်ပါတော့မယ်ဆိုတဲ့ အနေအထားနဲ့ သူ့ဘ၀တစ်ခုလုံးကိုပုံအပ်လိုက်ပါတော့တယ်။အဲ့ဒီမှာပဲ သူ့အတွက်အသစ်အဆန်းဖြစ်နေတဲ့လောကတစ်ခုနဲ့တွေ့ဆုံခဲ့ရတော့တာပါပဲ။ ဒီယွန်နာဟာသွေးစုပ်ဖုတ်ကောင်တစ်ဦးဖြစ်ပြီး သူတို့လိုသွေးစုပ်ဖုတ်ကောင်တွေဟာလည်းမြေအောက်လောကတစ်ခုလို ကမ္ဘာအနှံ့စိမ့်ဝင်ပျံ့နှံ့ပြီးလူတွေကြားထဲမှာရောနှောနေထိုင်ကြပါတယ်။သွေးစုပ်ဖုတ်ကောင် အများစုက လူတွေကိုရန်မရှာတော့ပဲ တိရိစ္ဆာန်သွေးလူလုပ်သွေးတွေနဲ့အသက်ဆက်နေကြပေမယ့် စိတ္တဇဆန်ဆန် လူသားတွေကိုအုပ်စိုးလိုတဲ့၊ ရန်မူလိုတဲ့ အနည်းစုကလည်းရှိနေပြန်ပါသေးတယ်။အဲ့ဒီထဲကတစ်ယောက်ကတော့ ဒီယွန်နာရဲ့ညီမ မီမီဖြစ်ပြီး သူတို့လက်ရှိနေထိုင်နေတဲ့ စံအိမ်ကြီးကိုရောက်လာပြီးသူတို့ကိုဒုက္ခပေးပါတော့တယ်။မြင်ဖူးနေကျ သွေးစုပ်ဖုတ်ကောင်ဇာတ်ကားတွေနဲ့ကွဲထွက်ပြီး ပုံစံအသစ်နဲ့ချဉ်းကပ်ထားတဲ့ drama/horrorဇာတ်လမ်းကောင်းလေးတစ်ခုပါ။ Heroes မင်းသား Milo Ventimiglia နဲ့ အရမ်းမိုက်တဲ့ ပြင်သစ် မင်းသမီးချောတွေဖြစ်တဲ့Joséphine de La Baume နဲ့ Roxane Mesquida တို့ခေါင်းဆောင်ပါဝင်ထားပါတယ်။ ခံစားကြည့်ကြပါဦး။(မိသားစုနဲ့ကြည့်ဖို့အဆင်မပြေတဲ့ အဖော်အချွတ်ခန်းအနည်းငယ်ပါဝင်ပါတယ်)( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(1.4GB)/(680MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Drama, Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။
...

Dependence (2023) ⭐TMDB: 60% User Score 🎬 #Drama 🗓 2023 🎞 movie 🌎 #Japan ⏰ 1 နာရီ 47 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Dependence ဇာတ်လမ်းအစမှာ ရီနာဆိုတဲ့နမော်နမဲ့နိုင်လွန်းတဲ့ကောင်မလေးတစ်ယောက် ဒီလိုအကျင့်တွေကြောင့်လုပ်သမျှအလုပ်တွေကအလုပ်ပြုတ်တာခံရတဲ့သူ တစ်နေ့ဘားမှအလုပ်လုပ်နေရင် ဆိုနိုဒါဆိုတဲ့စာရေးဆရာကောင်လေးနဲ့တွေဆုံခဲ့ရာ ဆိုနိုဒါက မြင်မြင်ချင်းချစ်မိသွားပါတော့တယ် ဒီတော့သူတို့၂ယောက် လက်တွဲခဲ့ကြပြီး ဘ၀ကိုရင်ဆိုင်ရာ ရီနာဘက်ကတော့အစပိုင်းမှာအဆင်မပြေမှုတွေနဲ့စတင်ခဲ့ပါတယ် တစ်နေ့ ဆိုနိုဒါ ရဲ့အလုပ်ကိုကိစ္စတစ်ခုကြောင့် ရောက်သွားခဲ့ရာ ထုတ်၀ေသူက ရီနာရဲ့အတွေးအခေါ်တွေကို စိတ်၀င်စားလာပါတော့တယ် နှစ်သက်လွန်းလှတာကြောင့် ရီနာတစ်ယောက်ကိုမြေတောင်မြှောက်ပေးခဲ့ရာ ဆိုနိုဒါ ဘက်ကတော့မနာလိုစိတ်တွေကြောင့် သူ့ရဲ့အလုပ်တွေမှာပါထိခိုက်လာပါတယ် ဒီလိုအဆင်မပြေမှုတွေ တိုးပွားလာရာမှ သူတို့အိမ်ထောင်ရေးကို ဘယ်လိုရှေ့ဆက် သွားကြမလဲဆိုတာကိုတော့…… ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့
...

Project Silence (2023) ⭐IMDB: 6.1/10 (325 Votes) 🎬 #Action #Mystery #Thriller #Horror #SciFi 🗓 2023 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 36 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Project Silence (2024) ********************** Parasite ဇာတ်ကားထဲမှ မင်းသားကြီး Lee Sun-Kyun ကို တမ်းတလွမ်းဆွတ်နေကြတဲ့ ပရိသတ်ကြီးအတွက် ဒီနေ့မှာ မင်းသားကြီးရဲ့ ရုပ်ရှင်ကားတစ်ကား ထွက်ရှိလို့လာခဲ့ပါပြီ။ Lee Sun-Kyun နဲ့အတူ Kingdom ထဲမှ Ju Ji-Hoon, Kim Hee Won နှင့် အတူ အခြား နာမည်ကြီး ဇာတ်ပို့ဇာတ်ရံများလည်း ပါဝင်ထားပါသေးတယ်။ ဇာတ်လမ်းအညွှန်း- တစ်နေ့မှာ ကိုးရီးယားနိုင်ငံရဲ့ရုတ်ချည်းရာသီဥတုဆိုးဝါးလာမှုကြောင့် မြူဆိုင်းအန္တရာယ်ကြုံတွေ့နိုင်ရကြောင်း နိုင်ငံတွင်းမှာ အသိပေးစာထုတ်ပြန်ထားပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ချာဂျောင်းဝန်းလိုခေါ်တဲ့အမျိုးသားဟာ သူ့သမီးလေးကို နိုင်ငံတကာလေဆိပ်ကို လိုက်ပို့ရင်းနဲ့ လေဆိပ်သို့အသွား တံတားပေါ်ကိုရောက်လာတဲ့အခါ မြူဆိုင်းအန္တရာယ်ကြောင့် ယာဉ်တိုက်မှုအကြီးနဲ့ ကြုံတွေ့ရပြီး သားအဖနှစ်ယောက်ပါ တံတားပေါ် ပိတ်မိနေပါတော့တယ်။ ပြည်သူလူထုတွေ ပိတ်မိနေရုံမက စစ်တပ်ဦးဆောင်တဲ့ လျှို့ဝှက်စမ်းသပ်ချက်ရဲ့အစမ်းသပ်ခံတွေကို ပြောင်းရွေ့ရေးအဖွဲ့ဟာလည်း တံတားပေါ်  ပိတ်မိနေတဲ့အပြင်  ယာဉ်တိုက်မှုကြောင့် အစမ်းသပ်ခံများပါ လွတ်မြောက်သွားပါတယ်။ အစမ်းသပ်ခံများက သားကောင်ကို ပစ်မှတ်ထားတိုက်ခိုက်တတ်ကြတဲ့ ရက်စက်ကြုမ်းကြုပ်တဲ့ ခွေးသတ္တဝါကြီးများဖြစ်နေကြတဲ့အလျောက် ဒီအန္တရာယ်ကနေ ချာဂျောင်းဝန်းသားအဖတို့အပါအဝင် တံတားပေါ်မှာရှိတဲ့လူတွေ ဘယ်လိုရုန်းထွက်ကြမလဲဆိုတာကို သည်းထိပ်ရင်ဖိုကြည့်ရှုရမှာဖြစ်ပြီး စစ်တပ်ဘက်ကရော သတ္တဝါတွေအပေါ် ဘယ်လိုစမ်းသပ်ချက်တွေကို ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ စမ်းသပ်လုပ်ဆောင်နေသလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ကားလေးပဲဖြစ်ပါတယ်။ (အညွှန်းကိုတော့ Thinn မှ ရေးသားထားပါတယ်။)
...

Mitron (2018) ⭐IMDB: 6.9/10 (3 k Votes) 🎬 #Bollywood #Comedy #Romance #Family 🗓 2018 🎞 movie 🌎 #India ⏰ 1 နာရီ 56 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါတော့ ဘောလီဝုဒ်ဖန်တွေအတွက် ဟာသဒရာမာကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ် ရယ်ရယ်မောမောနဲ့ ပေါ့ပေါ့ပါးပါးလေးမို့ မိသားစုနဲ့အတူ ခွီလို့ကောင်းမယ့် ဇာတ်ကားတစ်ကားပါပဲ နိုင်ငံတကာ အဆင့်သတ်မှတ်ချက်တွေအရလည်း IMDb 7/ 10 အထိရရှိထားလို့ မဆိုးဘူးလို့ ပြောရပါမယ် ဇာတ်လမ်းလေးကတော့အရှုံးသမား၊ ငတုံး ငအလို့ အသတ်မှတ်ခံထားရတဲ့ ဂျေးဆိုတဲ့ကောင်လေးနဲ့အရည်အချင်းရှိပြီး ထက်မြတ်တဲ့ အဗ်နီးဆိုတဲ့ကောင်မလေးတို့ဟာမိဘချင်းသဘောတူလို့ မင်္ဂလာကိစ္စနဲ့ မမျှော်လင့်ပဲ ဆုံတွေ့ခဲ့ကြတာပါတယ် သူတို့နှစ်ဦးစလုံးမှာလည်း အိပ်မက်ကိုယ်စီရှိကြတာမို့အိမ်ထောင်ချပေးမယ့်အရေးကနေ သူတို့အိပ်မက်တွေကိုဘယ်လိုအကောင်ထည်ဖေါ်ကြမလဲဆိုတာ ဆက်လက်ကြည့်ရှု့လိုက်ကြပါဦး (ဇာတ်လမ်းအညွန်းနဲ့ဘာသာပြန်သူကတော့ ကိုဇော်ထူးပါ)
...

Primetime With Murthys (2024) ⭐TMDB: 0% User Score 🎬 # 🗓 2024 🎞 tv series 🌎 #India ⏰ 22 မိနစ် 34 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Primetime with the Murthys (2024)“ဒစ်ဂျစ်တယ်မိသားစု” အသစ်ထွက်ရှိလာတဲ့ ဟင်ဒီ ဟာသ web series ကိုပရိသတ်ကြီးအတွက် အမြန်ဆုံး တင်ဆက်ပေးလိုက်ပါတယ် Season1 မှာ အပိုင်းခြောက်ပိုင်းပါဝင်ပြီး ကိုဗစ်လော့ဒေါင်းကာလကို အခြေတည်ထားတဲ့ ဇာတ်လမ်းလေးပါ ရှီဗ်နဲ့ သူ့အစ်မနီရှာတို့ မူရ်သီ မိသားစုဝင်လေးယောက်ဟာကိုဗစ်လော့ဒေါင်းကြောင့် ဖုန်းတွေ ကွန်ပျူတာတွေနဲ့ပဲ ကိုယ်စီအလုပ်ရှုပ်နေကြပါတယ် အဖေနဲ့ အမေကလည်း အွန်လိုင်းမီတင် ကိုယ်စီနဲ့ ဝန်ထမ်းလျှော့ချရေးအတွက်ခေါင်းခြောက်နေပြီး ရှီဗ်ကတော့ အွန်လိုင်း class လေးတက်လိုက်ဂိမ်းလေးဆော့လိုက်နဲ့ အခန်းထဲကနေ မထွက်တော့ပါဘူး သူ့အစ်မ နီရှာကတော့ ဆိုရှယ်မီဒီယာ ဆယ်လီတစ်ယောက်ဖြစ်ပြီး နာမည်ကြီးဖို့ပဲ စိတ်ထားထက်သန်နေသူလေးပါ ဒီကနေ ဘယ်လိုမျိုး မိသားစုပြဿနာတွေ ဖြစ်ကြမလဲ ဒစ်ဂျစ်တယ်ခေတ်ကြီးမှာ နောက်ကောက်ကျန်မှာ စိုးရိမ်ပြီး မောင်နှမနှစ်ယောက်သား ဆိုရှည်မီဒီယာပေါ်မှာ ပေါက်မြောက်ဖို့ ဘယ်လိုတွေကြိုးပမ်းကြမလဲဆိုတာ ပရိသတ်ကြီး ဆက်လက်ကြည့်ရှုပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်
...

It Remains (2023) ⭐TMDB: 30% User Score 🎬 #Horror 🗓 2023 🎞 movie 🌎 #HongKong ⏰ 1 နာရီ 40 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 သဲထိတ်ရင်ဖိုကားတွေကြိုက်တတ်တဲ့ပရိသတ်ကြီးအတွက်ထိုင်ဝမ်သရဲကားကောင်းလေးနဲ့မိတ်ဆက်ပေးပါရစေ ။ဒီကားလေးကတော့ အားလုံးကြိုက်လောက်မဲ့ Jump scareတွေအများကြီးမပါဘဲ အသဲတထိတ်ထိတ်နဲ့ကြည့်ရပြီးအဆုံးကျမှ plot twist တွေကိုသိရမဲ့ဇာတ်ကားမျိုးပါ ။ ကျိကျယ်ဆိုတဲ့ကောင်လေးဟာ ချစ်သူကိုချစ်ပေမဲ့အလုပ်များတဲ့သူဖြစ်တဲ့အလျောက် အလေးအနက်သိပ်မထားခဲ့ပါဘူး။သူတို့ရဲ့ချစ်သူသက်တမ်း ၅နှစ်ပြည့်မှာချစ်သူကောင်မလေးက ကားတိုက်ပြီးဆုံးပါးသွားခဲ့ပါတယ် ။ ကျိကျယ်တစ်ယောက် ကောင်မလေးရဲ့ သေဆုံးမှုကသူ့အပြစ်တွေကြောင့်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မဆုံးဖြစ်နေခဲ့ပါတယ် ။ဒီလိုနဲ့စိတ်ဓာတ်ကျမှိုင်တွေနေတဲ့ကျိကျယ်ကို သူငယ်ချင်းတွေကကျွန်းတစ်ကျွန်း‌ပေါ်က လူသူအရောက်အပေါက်နည်းတဲ့ရွာလေးဆီကိုအလည်သွားခရီးထွက်ဖို့ပြောလာချိန်မှာတော့… ကျွန်းပေါ်မှာ ဘယ်လိုခြောက်ခြားစရာတွေနဲ့ကြုံရမလဲ ?ကျိကျယ်ရဲ့ချစ်သူသေဆုံးမှုက ကျိကျယ်နဲ့ဘယ်လိုပတ်သတ်နေမလဲ ?သရဲကားဆိုတဲ့အတိုင်း ဒီကားရဲ့အဓိကသရဲကဘယ်အရာများဖြစ်နေမလဲဆိုတာဇာတ်လမ်းလေးထဲမှာ ခံစားကြည့်ရှုလိုက်ပါအုံးနော်။
...

Hello Ghost! (2023) ⭐IMDB: 7.0/10 (456 Votes) 🎬 #Comedy #Drama #Family #Fantasy 🗓 2023 🎞 movie 🌎 #China #Taiwan ⏰ 1 နာရီ 44 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Hello Ghost (2010) ကိုရီးယားကားကို တချို့ ကာရိုက်တာပလော့တွေပြောင်းထားပြီး ထိုင်ဝမ်ဗားရှင်းနဲ့ 2023 ခုနှစ်မှာရိုက်ကူးတင်ဆက်ထားတာကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းအကျဉ်းလေးကိုပြောရရင်…ဒီလူ့ဘဝကြီးမှာ အသက်ရှင်ဖို့ အကြောင်းပြချက်လိုက်ရှာနေတဲ့ ကောင်လေးတစ်ယောက်…ဘာပဲပြောပြော မွေးနေ့မှာ ဟက်ပီးဘတ်ဒေး ပြောတဲ့သူရှိသင့်တယ်မလား…တစ်ခုခုပင်ပန်းတဲ့အခါ မှီဖို့အနားမှာလူရှိသင့်တယ်လေ…ဘာကြောင့် ဘယ်သူ့အတွက် ဒီလောကမှာ နေပေးရမယ်ဆိုတဲ့အဖြေကို ရှာမတွေ့တဲ့ ရွှီချန်ဝေတစ်ယောက် အဆုံးစီရင်ဖို့ ကြိုးစားခဲ့တာပေါ့… အကြိမ်ကြိမ် ကြိုးစားပြီး အကြိမ်ကြိမ် ထူးထူးဆန်းဆန်းသတ်သေတာ မအောင်မြင်ခဲ့ရာကနေ..၂၂ ကြိမ်မြောက် ကြိုးစားရာမှာ ခဏတာ နှလုံးရပ်သွားခဲ့ပါတယ်…ပြန်နိုးလာချိန်မှာတော့ ထူးထူးဆန်းဆန်းသူ့ဘဝထဲကို သရဲ ၄ ကောင်ပေါ်လာပါတယ်… ဆေးလိပ်သောက်ကြိုက်တဲ့ အစ်ကိုကြီး…အမြဲ ငိုငိုနေတတ်တဲ့ အစ်မကြီး….အားနေ ကစားကွင်းသွားချင် ကိတ်မုန့်စားချင်နေတဲ့ ကောင်လေး….နောက်ပြီး အကကချင်ပါတယ်..အောင်သွယ်ပေးချင်ပါတယ်ဆိုတဲ့ အဖွားကြီး… တို့ပေါ့… ဒီသရဲလေးကောင်နဲ့ဘယ်လိုစခန်းသွားကြမလဲဆိုတာကိုဆက်လက်ကြည့်ရှုရမှာပါ ရယ်မောစရာတွေပါသလိုငိုချင်စရာအခိုက်အတန့်လေးတွေလဲပါတာဆိုတော့ရသစုံတဲ့ရုပ်ရှင်လေးတကားပဲဖြစ်ပါတယ်
...

High Society (2018) ⭐IMDB: 5.6/10 (1 k Votes) 🎬 #Adult #Crime #Drama 🗓 2018 🎞 movie 🌎 #SouthKorea ⏰ 2 နာရီ 17 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 High Society (2018) (ကိုရီးယား Drama က မင်းသားမင်းသမီးကြီးတွေပါဝင်ပေမယ့် +18 အခန်းများလဲပါဝင်တာမို့ မိသားစုနဲ့ကြည့်ရှုရန် မသင့်တော်ပါ) လိုချင်တပ်မက်မှုဆိုတဲ့ စိတ်ခံစားချက်ကို အလိုလိုက်ခဲ့မိလို ဘဝဒုက္ခပင်လယ်ဝေခဲ့ရတဲ့သာဓကတွေကို ပရိသတ်ကြီးတို ကြားဖူးမြင်ဖူးနေကျဖြစ်မှာပါဒီ High Society ဆိုတဲ့ဇာတ်ကားကလည်း ဂုဏ်သရေရှိ လူထုအသိုင်းအဝိုင်းထဲဝင်ဆံ့ချင်ပြီး ရာထူးအာဏာကို မက်မောမိလို့စိတ်အလိုလိုက်ခဲ့ကြတဲ့ လင်မယားနှစ်ယောက်ရဲ့ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ် ဂျန်ထယ်ဂျွန်းဟာ စီးပွားရေးမေဂျာသင်ကြားပြသတဲ့ တက္ကသိုလ်ကျောင်းဆရာတစ်ဦးဖြစ်ပြီးသူ့အတန်းချိန်ဆို နေရာလွတ်ဆိုတာ မမြင်ရလောက်တဲ့အထိ မေဂျာပေါင်းစုံက ကျောင်းသားပေါင်းစုံလာတတ်ကြတဲ့ နာမည်ကြီးပါမောက္ခတစ်ဦးပါနိုင်ငံရေးဆိုင်ရာအကြောင်းအရာတွေကို ဝါသနာထုံပြီး နိုင်ငံရေးလောကထဲ ခြေဆန့်ဖို ကြိုးစားနေတဲ့သူပါ အိုဆူယွန်းကတော့ မီရယ်ယဉ်ကျေးမှုစင်တာမှာ လက်ထောက်ဒါရိုက်တာတာဝန်ကို ထမ်းဆောင်နိုင်ပြီး ဒါရိုက်တာရာထူးကို တပ်မက်နေတဲ့သူပါကိုယ်စီလိုအင်ဆန္ဒတွေနဲ့ လင်မယားနှစ်ယောက်ဟာ ဖြစ်ချင်တဲ့ဆန္ဒလမ်းကို လမ်းလျှောက်ဖို အလင်းတန်းပေါ်လာချိန်မှာလောဘရှေ့တန်းတင်ကာ ရတဲ့အခွင့်အရေးကို ဖမ်းဆုပ်ရင်း လောဘနွံထဲတိုးဝင်ကြပါတော့တယ် တစ်ဖက်မှာလည်း သူတိုအလုပ်ဝင်လုပ်နေတဲ့ အဖွဲအစည်းကြီးတွေဟာ အကျင့်ပြခြစားမှုများစွာရှိပြီးငွေမည်းခဝါချမှုတွေအပြင် ပြည်သူ့အသက်ကို ခုတုံးလုပ်ဖိုဝန်မလေးကြပါဘူး…….မကောင်းမှုတွေကြီးစိုးနေတဲ့အမှောင်ထုထဲမှာ လင်မယားနှစ်ယောက် ဘယ်လိုရုန်းထွက်ကြမလဲဆိုတာကို ကြည့်ရှုရမယ့်အပြင်မကောင်းမှုမှာ ပျော်မွေ့တတ်တဲ့လူ့သဘာဝ လောဘရဲ့နိဂုံး မိမိကိုယ်ကို ပြန်ကယ်တင်လိုရတဲ့နည်းလမ်းတွေကိုပါပရိသတ်ကြီးတို Message တစ်ခုအနေနဲ့ ရသွားမယ်လို့ မျှော်လင့်ပါတယ်။ ဂျန်ထယ်ဂျွန်းအဖြစ် မင်းသားကြီး Park Hae-ll နဲ့ အိုဆူယွန်းအဖြစ် မင်းသမီးကြီး Soo- Ae တို့အပါအဝင်Lee Jin-Uk (Sweet Home) ၊ Park Sung- Hoon (Queen of Tears) တိုကလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်နော်။
...

Deliverance (2024) ⭐TMDB: 37% User Score 🎬 #Crime #Drama 🗓 2024 🎞 movie 🌎 #China #HongKong ⏰ 1 နာရီ 47 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မှတ်ဉာဏ်က အားနည်းတယ်။ မှတ်ဉာဏ်က လူကို လိမ်နိုင်တယ်။မှတ်ဉာဏ်က အန္တရာယ်ရှိတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်ကမိသားစု တစ်စုမှာ အားကုန်ကြိုးစားပြီးဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်က ဘာဖြစ်မလဲ…… နိုင်ငံခြားက ပြန်လာတဲ့ ဖန်ရွှယ်အာဟာ သူ့ကို ချစ်တဲ့ အစ်ကို ၂ ယောက်နဲ့ခင်ပွန်းလောင်းတစ်ယောက်ရှိပြီး စိတ်ချမ်းသာစရာ ဘဝကိုပိုင်ဆိုင်ထားရသူတစ်ယောက် ဖြစ်ပါတယ်။ သူ့အတွက်စိတ်မချမ်းမြေ့စရာ တစ်ခုတည်းသော အကြောင်းအရာကတော့လွန်ခဲ့တဲ့ ၁၅ နှစ်က အမေဆုံးသွားချိန်မှာ ဘေးမှာရှိနေရက်နဲ့အဲဒီအချိန်ကို မမှတ်မိဘဲ အတိတ်မေ့နေခဲ့တာကြောင့် ဖြစ်ပါတယ်။ စိတ်ကျန်းမာရေးပညာရှင်ဖြစ်သူ အစ်ကိုကြီးက အိပ်ငွေ့ချပြီးကူညီပေးခဲ့တဲ့အချိန်မှာ သူ့အမေက သဘာဝအတိုင်းသေဆုံးသွားတာမဟုတ်ဘဲ တစ်ယောက်ယောက်ကလည်ပင်းညစ်သတ်ခဲ့တာဖြစ်ကြောင်း မြင်ခဲ့ရပါတယ်။တဖြည်းဖြည်းနဲ့ အဲဒီ လည်ပင်းညစ်တဲ့လူကအစ်ကို ၂ ရဲ့ ပုံရိပ်လို ပေါ်လာတဲ့အခါ…… လွန်ခဲ့တဲ့ ၁၅ နှစ်က အမေ့ကိုသတ်တဲ့ တရားခံက ဘယ်သူဖြစ်မလဲ……အတိတ်က အကြောင်းအရာတွေကို ပြန်လည်စုံစမ်းခြင်းကသူတို့မိသားစုအတွက် ဘယ်လိုမုန်တိုင်းကြီးတွေ ကျရောက်လာစေမလဲ……ဆိုတာကို သဲထိတ်ရင်ဖိုရိုက်ကွက်နဲ့ ရိုက်ကူးထားတာဖြစ်တဲ့အတွက် ကြောက်တတ်တဲ့လူတော့ သတိထားဖို့ လိုလိမ့်မယ်နော်။
...

Sleepless (2017) ⭐IMDB: 5.6/10 (35 k Votes) 🎬 #Action #Crime #Thriller 🗓 2017 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဗင်းဆင့်ဒေါင်း က Las Vegas ရဲတပ်ဖွဲ့ရဲ့ အရာရှိတစ်ယောက်ပါ။ Vegas မြို့မှာက မူးယစ်ဆေးဝါးဂိုဏ်းတွေ ခြေချင်းလိမ်ပြီး ရဲတပ်ဖွဲ့ထဲအထိပါ မူးယစ်ဆေးဘက်တော်သားတွေရှိနေခဲ့တယ်။ ဗင်းဆင့်ဒေါင်းနဲ့ သူ့ပါတနာ ကလည်း ထူးမခြားနားပါပဲ မူးယစ်ဆေးဂိုဏ်းတွေနဲ့ ပတ်သတ်နေခဲ့တယ်။ တစ်နေ့မှာတော့ ဗင်းဆင့်ဒေါင်း နဲ့ သူ့ပါတနာ ရှောင်ကဆ် တို့ သူများရဲ့ ကိုကိန်းအိတ်ကြီး သွားလုရာက မြို့မှာ အာဏာကြီးတဲ့ မူးယစ်ဂိုဏ်းရဲ့ ကိုကိန်းအိတ်ကြီး ဖြစ်နေလို့ ပြဿနာတက်ပါ တော့တယ်။ အက်ရှင်ကား ပီပီ တိုက်ခန်းခိုက်ခန်း ဆဲဆိုခန်းတွေအပြည့်နဲ့ Vegas ရဲတပ်ဖွဲ့ထဲက အရှုပ်တော်ပုံတွေအကြောင်းကို ခံစား ကြည့်ရှုကြရမှာပါ။ ဗင်းဆင့်ဒေါင်းတယောက် ဒီပြဿနာကြီးကို ဘယ်လိုရှင်းမလဲဆိုတာ အတူတူ ခံစားရှုစားလိုက်ကြရအောင်ခင်ဗျာ။
...

Deception (2008) ⭐TMDB: 60% User Score 🎬 #Crime #Drama #Mystery #Thriller 🗓 2008 🎞 movie 🌎 #UnitedStates #Spain #UnitedStatesofAmerica ⏰ 1 နာရီ 48 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 နာမည်ကြီးမင်းသားတွေဖြစ်တဲ့ X-Men မင်းသား Hugh Jackman နဲ့ Ewan McGregor တို့အပြိုင်ပါဝင် သရုပ်ဆောင်ထားတဲ့ Deception ကတော့ Mystery Thriller နဲ့ Drama အမျိုးအစားဖြစ်ပါတယ်။ နယူးယောက်ရဲ့ကော်ပိုရေးရှင်းလုပ်ငန်းကြီးတွေမှာ စာရင်းစစ်အနေနဲ့လှည့်လည်လုပ်ကိုင်နေတဲ့ဂျိုနသန်ဟာ တစ်ရက်မှာ ရှေ့နေဝှိုက်ဆိုသူနဲ့သိကျွမ်းပြီး သူငယ်ချင်းတွေ ဖြစ်သွားခဲ့ပါတယ်။ ဝှိုက်ကတစ်ဆင့် တရားမဝင်လိင်အပန်းဖြေကလပ်တစ်ခုထဲ ရောက်သွားပြီး အက်စ်လို့သာသိရတဲ့ကောင်မလေးတစ်ယောက်ကို တကယ်ချစ်မိသွားခဲ့ပါတယ်။ တစ်ရက်မှာတော့ ဂျိုနသန်နဲ့အက်စ်တို့ရဲ့ဟိုတယ်ဒိတ်တစ်ခုမှာ အက်စ်ကိုပြန်ပေးဆွဲသွားတဲ့အခါမှ ဝှိုက်ဆိုသူဟာ လူလိမ်၊ လူသတ်သမားတစ်ဦးဖြစ်နေမှန်းသိလိုက်ရပါတယ်။ ကုမ္ပဏီကြီးတစ်ခုရဲ့တရားမဝင်ရန်ပုံငွေသန်း ၂၀ ကိုလွှဲပြောင်း မပေးဘူးဆိုရင် အက်စ်ကိုသတ်မယ်လို့ခြိမ်းခြောက်လာတဲ့ အခါမှာတော့ သူချစ်တဲ့အက်စ်ကိုပြန်ရဖို့ ကိန်းဂဏန်းတွေကို ကျွမ်းကျင်ပိုင်နိုင်တဲ့စာရင်းစစ်ဂျိုနသန်တစ်ယောက် လည်လွန်းတဲ့ လူလိမ်ဝှိုက်နဲ့ ဥာဏ်ရည်ပြိုင်ဆိုင်ရပါတော့တယ်။
...

Treasure (2024) ⭐IMDB: 6.1/10 (777 Votes) 🎬 #Comedy #Drama 🗓 2024 🎞 movie 🌎 #Germany #France #UnitedStatesofAmerica ⏰ 1 နာရီ 52 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်လေးကတော့ ဖြစ်ရပ်မှန်ပေါ်မှာအခြေခံထားတာ ဖြစ်ပါတယ်။ ဂျူးလူမျိုးတစ်ယောက်ဖြစ်တဲ့ Edek Rothwax က ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်တွေရဲ့ နာမည်ကြီး အော့ခ်ျဝစ် အကျဉ်းထောင်ကနေ မသေလို့ ကံကောင်း ထောက်မပြီး လွတ်လာခဲ့တယ်။ သူဟာ အမေရိကန်မှာအခြေချပြီး ဘဝကို စိတ်ဒဏ်ရာတွေနဲ့ နေထိုင်ခဲ့ကာသမီးလေးတစ်ယောက်ထွန်းကားခဲ့တယ်။ သမီးဖြစ်သူ Ruth က ဂျာနယ်လစ်တစ်ယောက်ဖြစ်ပြီး တစ်နေ့မှာတော့ သူမ အဖေရဲ့ မွေးရပ်မြေ ပိုလန်နိုင်ငံက သူမအဖေ အမေတို့ရဲ့ ရှင်သန်ကြီးပျင်းခဲ့ရာနေရာကို သွားလည်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒီလိုနဲ့ အဖေ နဲ့ သမီးတို့ နှစ်ယောက်သား ပိုလန်ခရီးစဉ် စတင်ခဲ့ပါတယ်။ ဒီ ဇာတ်ကားလေးမှာတော့ ဂျာမန်လူသတ်စခန်းဆီက ရခဲ့တဲ့ စိတ်ဒဏ်ရာတွေ၊ ပိုလန်နိုင်ငံရဲ့ မှိုင်းပျခြောက်ကပ်တဲ့ ခံစားချက် တွေနဲ့ အဖေနဲ့သမီးရဲ့ကြားက ချစ်ခြင်းမေတ္တာ၊ ဆက်ဆံရေးတွေကို ခံစားရှုစားကြရမှာပါ။ ဇာတ်လမ်းဇာတ်ကွက်က အေးအေးဆေးဆေးလေးပဲသွားထားပြီး စိတ်ထဲ တွေးရင်းတောရင်းနဲ့ သူတို့နှစ်ယောက်ရဲ့ ခရီးစဉ်လေးထဲ စီးမျောလိုက်ရအောင်လားခင်‌ဗျာ။
...