EHS Myanmar
Ir al canal en Telegram
This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.
Mostrar más934
Suscriptores
Sin datos24 horas
+47 días
+730 días
Archivo de publicaciones
934
💻📝 EHS Myanmar မှ သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့ခိုင်မြဲရေးအွန်လိုင်းသင်တန်း အပတ်စဉ် (၆) (Environmental Sustainability Online Course Batch 6) ကို ဩဂုတ်လ (၁၉) ရက်နေ့မှ စက်တင်ဘာလ (၃) ရက်နေ့ထိဖွင့်လစ်ခဲ့ပြီး ပထမအပတ် Week-1 တွင် EHS Myanmar ၏ Vice-President ဆရာမ Zwe Yin Phyu မှ Sustainability and Circular Economy၊ ဒုတိယအပတ် Week-2 တွင် EHS Myanmar ၏ President ဆရာ Dr. Kaung Htet Swan မှ Sustainability and Environmental Health၊ တတိယအပတ် Week-3 တွင် ဆရာမ Zwe Yin Phyu မှ Life Cycle Assessment စသည့် သင်ခန်းစာများကို ကျောင်းသား၊ ကျောင်းသူများ နှင့်အတူ အပြန်အလှန်ဆွေးနွေးခြင်း၊ အဖွဲ့လိုက်ဆွေးနွေးတိုင်ပင်ခြင်း၊ Debate များပြုလုပ်ခြင်း နှင့် ဥာဏ်စမ်းမေးခွန်းများ မေးမြန်းခြင်း စသည့်သင်ကြားရေးစနစ် တို့ဖြင့် သင်ကြားပေးခဲ့ပြီး သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့ခိုင်မြဲရေးအွန်လိုင်းသင်တန်း အပတ်စဉ် (၆) တွင် အောင်မှတ်ရရှိခဲ့သော သင်တန်းသား၊ သင်တန်းသူ (၁၁) ယောက်ကို သင်တန်းဆင်းလက်မှတ်များပေးအပ်နိုင်ခဲ့ပါသည်။
-------------------------------------------------------------------------
EHS Myanmar မှ ဖွင့်လစ်သင်ကြားမည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာသင်တန်းများကို တက်ရောက်ဖို့ စိတ်ဝင်စားတယ်ဆိုရင် Pre-seating form မှတဆင့် ကြိုတင်စာရင်းပေးသွင်းထားဖို့ တိုက်တွန်းပါရစေ။
https://docs.google.com/forms/d/e/1FAIpQLSdUqPNia5KfTpcjG0wu9qD0BYnoxzenoyAjRxuW1bhes30o8g/viewform
#EHSMyanmar #environmental #sustainability #circulareconomy #LifeCycleAssessment #environmentalsustainability
934
✨ မနက်ဖြန် စက်တင်ဘာလ (၁၀) ရက်နေ့တွင် “AI Solutions for Sustainable Environmental Management” ခေါင်းစဉ်ဖြင့် ပြုလုပ်မည့် အွန်လိုင်းဆွေးနွေးပွဲ အတွက် စာရင်းပေးထားသူများကို email များမှတဆင့် ZOOM Link ပေးပို့ထားပြီးဖြစ်ကြောင်း အသိပေးအပ်ပါတယ်ရှင့်။ မိမိ၏ email များကို Spam အပါအဝင်သေချာစစ်ပေးစေလိုပါတယ်။
🎯အကယ်၍ ZOOM Link မရရှိပါကလဲ comment တွင်လာပြောပေးထားပါဦးနော်။ မကြာခင်ဆုံတွေ့ကြပါမယ်ရှင့်။
🎧Registration မမှီလိုက်တဲ့သူတွေအတွက်လဲ EHS Myanmar's Podcast Channel တွေမှာ ပြန်လည်နားဆင်လို့ရအောင်လဲစီစဉ်ပေးသွားပါမယ်ရှင့်။
#EHSMyanmar #Webinar #CleanAir #AI #SustainableEnvironment #AI #Tech #UNEP
934
🌬️🌍 Breathing in the Beauty of Clean Air! 🌈🌤️
EHS Myanmar is thrilled to join the global celebration of International Day of Clean Air for Blue Skies! 💙✨
Today, as we unite to cherish the air we breathe and its impact on our health and environment, let's remember our responsibility to protect and preserve it. Together, we can create a world where blue skies are a reality for everyone. 🌏🌬️
#CleanAirForBlueSkies #EHSMyanmar #AirQualityMatters #Sustainability #HealthyPlanet
934
ကြာရှည်စွာဝတ်ဆင်နိုင်ပြီး
အင်္ကျီအဝတ်အစားတွေကို အလွယ်တကူ စွန့်ပစ်မှုတွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။
(၂)
အဝတ်အထည်တွေ ဟောင်းနွမ်းသွားရင်တောင်မှ
လွှင့်ပစ်တာမျိုးမပြုလုပ်ဘဲ ပြန်လည်အသုံးပြုလို့ရအောင်လုပ်ပြီး အောက်ခြေလူတန်းစားတွေကို ဝေမျှပေးတာမျိုး၊ ဘေထုတ်အနေနဲ့ စျေးတွေလျှော့ချပြီး ပြန်လည်ရောင်းချတာမျိုးတွေပြုလုပ်သင့်ပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးစျေးကွက်ထဲမှာ ဘေထုတ်ရောင်းချခြင်းတွေ ပွားများလာတာကလည်း အထည်တွေကို ကြာရှည်သုံးစွဲနိုင်အောင် အထောက်အကူပြုတာကြောင့် ပတ်ဝန်းကျင်အတွက် ကောင်းတဲ့လက္ခဏာတစ်ရပ်လို့တောင် ဆိုနိုင်ပါတယ်။
(၃)
ထုတ်လုပ်မှုပိုင်းမှာလည်း သဘာဝသယံဇာတရေတွေကို သေချာစိစစ်အသုံးချပြီး အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေနဲ့ ဆိုးဆေးတွေအသုံးပြုခြင်းကို လျှော့ချသင့်ပါတယ်။
အကန့်အသတ်ရှိပြီး လောင်ကျွမ်းတဲ့အခါ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေတဲ့ သယံဇာတတွေဖြစ်တဲ့ လောင်စာဆီတွေ အများအပြားအသုံးပြုတာကို လျှော့ချပြီး ပြန်လည်အသုံးပြုလို့ရတဲ့ စွမ်းအင်တွေဖြစ်တဲ့ လေနဲ့နေတို့က ရရှိတဲ့စွမ်းအင်တွေကို အသုံးပြုခြင်းကလည်း ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျော့နည်းစေပြီး လေထုညစ်ညမ်းမှုကို များစွာလျှော့ချနိုင်ပါတယ်။
ဒါ့အပြင် အထည်တွေကို စက်တွေနဲ့အခြောက်ခံတာ မီးပူတိုက်တာမျိုးတွေကို ရှောင်ရှားပြီး အထည်တွေရဲ့ သုံးပုံတစ်ပုံသော ကာဗွန်ထုတ်လွှတ်မှုကို ကာကွယ်နိုင်ပါတယ်။
(၄)
ပို့ဆောင်ဆက်သွယ်ရေးပိုင်းမှာဆိုရင် မြန်မာနိုင်ငံရဲ့အခြေအနေအရ ယာဥ်တွေအသုံးပြုခြင်းကို လုံးဝရပ်ပစ်လိုက်လို့မရတာကြောင့် ရပ်ဝေးခရီးတွေအတွက်ဆို ကာဗွန်ဓါတ်ငွေ့ အများအပြားထုတ်လွှတ်မှုတွေဖြစ်စေတဲ့ လေယာဥ်တွေအစား ရထားတို့၊ သင်္ဘောတို့လို ဓါတ်ငွေ့ထုတ်လွှတ်မှုနည်းပါးတဲ့ ယာဥ်တွေကို အသုံးပြုသင့်ပါတယ်။ အဘက်ဘက်ကနေ တတ်နိုင်သမျှ နည်းနည်းလေးကစပြီး ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်မယ့် နည်းလမ်းတွေကို ရွေးချယ်ခြင်းက အကောင်းဆုံးပဲဖြစ်ပါတယ်။
(၅)
အထည်စက်မှုလုပ်ငန်းတွေမှ မဟုတ်ပါဘူး စားသုံးသူ(ဝယ်ယူသူ)တွေ အနေနဲ့လည်း အဝတ်တွေကို ရေရှည်အသုံးပြုနိုင်ဖို့အတွက် eco-friendly ဖြစ်စေတဲ့ ပစ္စည်းတွေနဲ့ပြုလုပ်ထားတဲ့ အဝတ်အထည်တွေနဲ့ အရည်အသွေးကောင်းတဲ့ အဝတ်အထည်တွေ ဒါမှမဟုတ် ဘေထုတ်အထည်တွေကိုသာ ဝယ်ယူသင့်သလို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ထည့်သွင်းစဥ်းစားပေးတဲ့ အထည်လုပ်ငန်းတွေကနေ လိုအပ်သလောက်သာ ဝယ်ယူပြီး အဝတ်အထည်တွေကို တန်ဖိုးထားဝတ်ဆင်သင့်ပါတယ်။
===============================
အကျဥ်းပြန်ချုပ်ရမယ်ဆိုရင် အထည်စက်ရုံတွေရဲ့ ထုတ်လုပ်မှုလုပ်ငန်းစဥ်တွေနဲ့ ပို့ဆောင်ဆက်သွယ်ရေး အဆင့်ဆင့်မှာ သဘာဝသယံဇာတအမြောက်အမြားကို အသုံးပြုရပြီး လုပ်ငန်းစဥ်တွေမှာ သေချာစီစစ်ပြီး မလုပ်ဘူးဆိုရင် လေထု၊ ရေထုညစ်ညမ်းမှုနဲ့ စွန့်ပစ်ပစ္စည်း ထုတ်လုပ်မှုတွေကိုပါ များစွာဖြစ်ပေါ်စေနိုင်တာကြောင့် အထည်လုပ်ငန်းတွေဟာ ကျွန်တော်တို့နေထိုင်တဲ့ ကမ္ဘာမြေကြီးကို ညစ်ညမ်းစေတဲ့ စက်မှုလုပ်ငန်းတွေလို့ သတ်မှတ်နိုင်ပါတယ်။
အထည်လုပ်ငန်းတွေဟာ သဘာဝပတ်ဝန်းကျင်ကို ဆိုးရွာတဲ့သက်ရောက်မှု များစွာရရှိနိုင်ပြီး ဒီလိုသက်ရောက်မှုတွေကြောင့် ဖြစ်လာမယ့် ဒဏ်တွေကို ခံရမယ့်သူတွေဟာလည်း ဒီကမ္ဘာကြီးကို အမှီပြုပြီးနေထိုင်နေကြတဲ့ ကျွန်တော်တို့လူသားတွေနဲ့ တိရစ္ဆာန်သာဖြစ်ပါတယ်။ ဒါကြောင့် အထည်စက်ရုံအလုပ်ရုံတွေဟာ ကိုယ်နေထိုင်တဲ့ကမ္ဘာမြေကြီးနဲ့ သဘာဝပတ်ဝန်းကျင်ကို ဂရုတစိုက်ရှိပြီး သဘာဝထိန်းသိမ်းကာကွယ်ရေးလမ်းစဥ်တွေကို လိုက်နာကျင့်သုံးပြီး လုပ်ငန်းတွေကို လည်ပတ်သင့်ပါတယ်။ ဒါမှသာ ရေရှည်လုပ်ဆောင်နိုင်မှာဖြစ်သလို ပတ်ဝန်းကျင်အတွက်လည်း အထိအရှနည်းစေမှာဖြစ်ပါတယ်။
ကျွန်တော်တို့အနေနဲ့လည်း ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေနဲ့ နောင်လာနောင်သားတွေကို သဘာဝထိန်းသိမ်းရေးနဲ့ပတ်သက်တဲ့ အသိပညာတွေ မျှဝေတိုက်တွန်းရင်း ယိုယွင်းပျက်ဆီးလာပြီဖြစ်တဲ့ ကမ္ဘာကြီးကို ကယ်တင်ဖို့ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေး လုပ်ဆောင်ချက်တွေတိုင်းမှာ အားလုံးပါဝင်ကြပါလို့ EHS Myanmar ကနေပြီး နှိုးစော်လိုက်ပါတယ်။
===============================
ပုရွက်ဆိတ် (EHS Myanmar) မှ ရေးသားသည်။
References:
Greenmarket
NASA Space Place
National Geographic
United Nations Environment Programme
#EHSMyanmar #FashionIndustry #Environment
934
စက်ရုံအလုပ်ရုံတွေဟာ အထည်တွေထုတ်လုပ်ဖို့နဲ့ ရရှိလာတဲ့ ကုန်ချောအထည်တွေကို အနယ်နယ် အရပ်ရပ်ကိုဖြန့်ချီရောင်းချပြီး လုပ်ငန်းလည်ပတ်နိုင်ဖို့အတွက် စွမ်းအင်တွေအမြောက်အများကိုလည်း အသုံးပြုရပါသေးတယ်။ အထူးသဖြင့် ပြန်လည်အသုံးပြုလို့မရနိုင်တဲ့ လောင်စာဆီတွေဖြစ်တဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ကျောက်မီးသွေးနဲ့ သဘာဝဓာတ်ငွေ့တွေကို အလုပ်ရုံက စက်ယတ္တရားတွေအသုံးပြုဖို့နဲ့ ပို့ဆောင်ဆက်သွယ်ရေးမှာ ကား၊ သင်္ဘော၊ လေယာဥ်စတဲ့ယာဥ်တွေ အသုံးပြုဖို့အတွက် လောင်ကျွမ်းစေပါတယ်။ ဒီလိုလုပ်ရပ်တွေကနေတစ်ဆင့် ကမ္ဘာကြီးကို ပူနွေးလာစေတဲ့ ဖန်လုံအိမ်ဓါတ်ငွေ့တွေဖြစ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်နဲ့ သတ္တဝါတွေကို အဆိပ်အတောက်ဖြစ်စေတဲ့ အခြား ဓာတုဓာတ်ငွေ့များစွာဟာ လေထုထဲကို အလွယ်တကူရောက်ရှိနိုင်ပြီး လေထုကို အလွန်တရာ ညစ်ညမ်းစေပါတယ်။
ကမ္ဘာတစ်ဝန်း ကာဗွန်ထုတ်လွှတ်မှုရဲ့ (၁၀) ရာခိုင်နှုန်းဟာ အထည်စက်မှုလုပ်ငန်းတွေနဲ့ ထုတ်လုပ်မှုလုပ်ငန်းစဥ်တွေကြောင့်ဖြစ်ပြီး ဒီနှုန်းထားအတိုင်းသာ ဆက်သွားမယ်ဆိုရင် လာမယ့် (၂၀၃၀) မှာ ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှုဟာ (၅၀) ရာခိုင်နှုန်းအထိ တိုးလာနိုင်တယ်လို့ United Nations Environment Programme (UNEP) က ပြောကြားထားပါသေးတယ်။ ဒီလိုဓါတ်ငွေ့တွေ လေထုထဲရောက်ရှိလာတဲ့ အကျိုးဆက်အနေနဲ့ ဓါတ်ငွေ့တွေဟာ ကမ္ဘာ့လေထုထဲမှာ ပိတ်မိကုန်ပြီး အချိန်ကာလကြာမြင့်လာတာနဲ့အမျှ ကမ္ဘာအနှံ့အပူချိန်မြင့်တက်မှုတွေနဲ့ ရာသီဥတုဖောက်ပြန်မှုတွေကို ဖြစ်ပေါ်စေပါတယ်။
===============================
● အထည်စက်မှုလုပ်ငန်းတွေကနေ စွန့်ပစ်ပစ္စည်းအများအပြားထွက်ရှိတာကြောင့် ပတ်ဝန်းကျင်နဲ့သတ္တဝါတို့ကိုထိခိုက်စေခြင်း။
အထည်စက်ရုံတွေကြောင့် ပတ်ဝန်းကျင်ကို သက်ရောက်မှုကြီးကြီးမားမားဖြစ်စေတဲ့ နောက်ဆုံးအချက်ကတော့ အလုပ်ရုံတွေကထွက်ရှိတဲ့ စွန့်ပစ်ပစ္စည်းတွေပဲဖြစ်ပါတယ်။
အထည်စက်ရုံအများစုက စက်ယန္တရားတွေလည်ပတ်ဖို့နဲ့ အထည်တွေထုတ်ဖို့အတွက် သဘာဝသယံဇာတ ရေတွေကို များစွာအသုံးပြုကြတဲ့နေရာမှာ ဓာတုပစ္စည်းတွေရောနှောနေတဲ့ ရေဆိုးတွေအမြောက်အများထွက်ပါတယ်။ စက်ရုံတွေကလည်း ထွက်ရှိလာတဲ့ ဒီလိုအဆိပ်အတောက်ဖြစ်စေတဲ့ ရေဆိုးတွေကို မြစ်ထဲကိုပဲ အလွယ်တကူတိုက်ရိုက် စွန့်ပစ်ကြပါတယ်။ အထည်တွေထုပ်ပိုးပြင်ဆင်မှု အပိုင်းမှာဆိုရင်လည်း အချိန်အတော်ကြာကြာနဲ့ မဆွေးမြေ့သွားနိုင်တဲ့ ပလပ်စတစ်တွေကို ပေါပေါများများအသုံးပြုကြပါတယ်။
အင်္ကျီပြုလုပ်တဲ့ ကုန်ကြမ်းပစ္စည်းအများစုရဲ့ (၆၀) ရာခိုင်နှုန်းဟာ ပလပ်စတစ်တွေဖြစ်တယ်လို့ United Nations Environment Programme ပြောကြားချက်အရ သိရပြီး (၂၀၁၅) တုန်းက Our World in Data ရဲ့ လေ့လာချက်အရ စက်မှုလုပ်ငန်းတွေမှာ ပလပ်စတစ် တန်ချိန်ပေါင်း (၄၀၇)သန်းနီးပါးထုတ်လုပ်ကြတာမှာ လေးပုံသုံးပုံဟာ စွန့်ပစ်ပစ္စည်းအနေနဲ့ မြစ်ချောင်းတွေထဲကို လွှင့်ပစ်ခြင်းကိုခံရတယ်လို့လည်း သိရပါတယ်။
ဒီလို စက်ရုံတွေရဲ့မဆင်မခြင်စွန့်ပစ်ခြင်းကြောင့် သဘာဝမြစ်ချောင်းတွေဟာ မသန့်စင်တော့ဘဲ မြစ်တစ်လျှောက် မြစ်ရေကိုအမှီသဟဲပြုပြီး နေထိုင်နေကြတဲ့ လူပေါင်းများစွာကိုထိခိုက်စေပါတယ်။ ဒါ့အပြင် မြစ်ချောင်းကနေတစ်ဆင့် ပင်လယ်သမုဒ္ဒရာထဲအထိပါ ရေဆိုးတွေနဲ့ ပလပ်စတစ်အမှိုက်တွေဟာစီးဆင်းပြီး ပင်လယ်ရေနေသတ္တဝါတွေအတွက်ပါ အန္တရာယ်ဖြစ်စေကာ အစာကွင်းဆက်နဲ့ ဂေဟစနစ်အထိ ဆိုးကျိုးတွေဖြစ်ပေါ်စေနိုင်ပါတယ်။
===============================
အပေါ်မှာဖော်ပြခဲ့တဲ့ အချက်တွေကြောင့်ပဲ အထည်စက်မှုလုပ်ငန်းတွေဟာ အခြားလုပ်ငန်းတွေထက် ကမ္ဘာမြေကြီးနဲ့ သဘာဝပတ်ဝန်းကျင်ကို ဒုတိယအများဆုံး အညစ်ညမ်းစေဆုံး လုပ်ငန်းတွေဖြစ်တယ်လို့တောင် United Nations က အဆိုပြုထားတာ မဆန်းကျယ်လှတော့ပါဘူး။
အဝတ်အထည်ထုတ်လုပ်မှုတွေက ဒီလိုပတ်ဝန်းကျင်အပေါ် မကောင်းတဲ့သက်ရောက်မှုတွေ များစွာဖြစ်စေတာကြောင့် ထုတ်လုပ်မှုတွေကို ရပ်လိုက်သင့်တာလား၊ လူတွေကရော ဘာသွားဝတ်ရမလဲလို့ မေးခွန်းထုတ်စရာတွေ အများကြီးရှိနိုင်ပါတယ်။
စား၊ ဝတ်၊ နေရေးဆိုတဲ့ လူသားတိုင်းရဲ့ အခြေခံလိုအပ်ချက်သုံးခုထဲမှာ "ဝတ်" ဆိုတဲ့ အဝတ်အစားပါတာမို့လို့ အဝတ်အထည်တွေဟာလည်း လူတိုင်းအတွက် အရေးပါလှပါတယ်။ ဒါကြောင့် ထုတ်လုပ်မှုတွေကို ရပ်ပစ်လိုက်လို့မရသလို အထည်စက်မှုလုပ်ငန်းတွေရဲ့ ထုတ်လုပ်မှုလုပ်ငန်းစဥ်တွေကြောင့် သဘာဝပတ်ဝန်းကျင်လည်း အထိအခိုက်နည်းအောင် ထုတ်လုပ်မှုတွေကို ရပ်လိုက်ရတာမျိုးမဟုတ်ဘဲ စက်မှုလုပ်ငန်းတွေအပြင် ကျွန်တော်တို့လူသားတိုင်း ထိန်းသိမ်းလိုက်နာပြီး ပြုလုပ်လို့ရမယ့် ထိန်းသိမ်းကာကွယ်ရေး လုပ်ဆောင်ချက်ကောင်းတွေ အများကြီးရှိပါတယ်။
အဲ့လိုလုပ်ဆောင်ချက်တွေအများကြီးထဲကမှ အဓိကကျတဲ့ အကြောင်းအရာအနည်းအကျဥ်းကို ဖော်ပြလိုက်ပါတယ်။
(၁)
စက်ရုံအလုပ်ရုံတွေက အဝတ်အထည်တွေကို အရင်းအနှီးနည်းစေပြီး အရည်အသွေးမကောင်းတဲ့ ကုန်ကြမ်းပစ္စည်းတွေနဲ့ ပြုလုပ်ခြင်းကိုရှောင်ရှားပြီး eco-friendly ဖြစ်စေမယ့် အမျိုးအစားကောင်းတဲ့ သဘာဝချည်ထည်ကုန်ကြမ်းတွေနဲ့ပဲ စနစ်တကျထုတ်လုပ်သင့်ပါတယ်။ ဒါမှသာ အဝတ်အစားတွေက အချိန်ခဏလေးအတွင်း နွမ်းပါးစုတ်ပြတ်သွားမှာမဟုတ်ဘဲ လူတွေလည်း အဝတ်အထည်တွေကို
934
အင်္ကျီအဝတ်အထည်တွေအတွက် ကမ္ဘာကြီးနဲ့သဘာဝရဲ့ စွန့်လွှတ်အနစ်နာခံမှုများ။
===============================
EHS Myanmar | 5.9.2023
သင့်ရဲ နေ့စဥ်သွားလာနေတဲ့အချိန်မှာ ဝတ်ဆင်တဲ့ အင်္ကျီအဝတ်အထည်တွေနဲ့ အိမ်ကအဝတ်ဗီရိုတွေထဲမှာ မဝတ်ချင်တော့လို့ပုံနေတဲ့ အဝတ်အစားတွေထုတ်လုပ်မှုအတွက် သဘာဝကြီးကဘာတွေပေးဆပ်လိုက်ရပြီး ကျွန်တော်တို့နေထိုင်ရာကမ္ဘာမြေကြီးနဲ့ ပတ်ဝန်းကျင်ကို ဘယ်လိုသက်ရောက်မှုမျိုးတွေ ရှိစေလဲဆိုတာတွေကို သင်သိပါသလား။
ခေတ်တွေပြောင်းလဲလာတာနဲ့အမျှ အတောမသတ်နိုင်တဲ့ လူတို့ရဲ့လိုအင်ဆန္ဒတွေ လည်း ပြောင်းလဲလို့လာပါတယ်။ လက်ရှိ (၂၁) ရာစုမှာလည်း လူနေထိုင်မှုအဆင့်အတန်းနဲ့ ဝတ်စားဆင်ယင်မှုတွေပါ တစ်စတစ်စ ပြောင်းလဲနေဆဲပါ။ ဒီလိုအပြောင်းအလဲတွေက လူတို့ရဲ့စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ ယဉ်ကျေးမှု၊ ပတ်ဝန်းကျင်နဲ့ နည်းပညာတွေ ဆင့်ကဲပြောင်းလဲလာခြင်းရဲ့ သက်ရောက်မှုမျိုးတွေဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှာ သိသိသာသာ အချိန်နဲ့တစ်ပြေးညီ ဖြစ်ပေါ်နေတဲ့ ဖြစ်စဥ်တစ်ခုလို့တောင် ဆိုနိုင်ပါတယ်။
လူတွေရဲ့ ဝတ်စားဆင်ယင်မှု၊ ဖက်ရှင်အပေါ်စိတ်ဝင်စားမှုနဲ့ အာသီသတွေ ပြောင်းလဲလာခြင်းကလည်း အခုလို ကမ္ဘာတစ်ဝန်း ပြောင်းလဲနေတဲ့ အချက်တွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဖက်ရှင်အပေါ် တပ်မက်ခြင်းတွေ တဖြည်းဖြည်းပြောင်းလဲလာတာကြောင့် အဝတ်အထည် ထုတ်လုပ်သူ စက်ရုံအလုပ်ရုံတွေကပါ ခေတ်ရေစီးကြောင်းကိုလိုက်ပြီး ရေပန်းစားနေတဲ့ လူ့အသုံးအဆောင်ပစ္စည်းတွေနဲ့ အဝတ်အထည်တွေကို လူအများအကြိုက် ပေါပေါများများ ထုတ်လုပ်ရောင်းချလာကြပါတယ်။ ကုန်ကြမ်းပစ္စည်းတွေ စိုက်ပျိုးတာကစလို့ ကုန်ချောတွေအဖြစ် ထုတ်လုပ်ဖြန့်ဖြူးတဲ့အထိ အထည်လုပ်ငန်းတွေရဲ့ အဆင့်ဆင့် လုပ်ဆောင်ချက်တိုင်းမှာ ကျွန်တော်တို့နေထိုင်တဲ့ ကမ္ဘာမြေကြီးနဲ့ သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေပြီး သတ္တဝါတွေကို ထိခိုက်စေနိုင်တယ်ဆိုတာကိုတော့ လူတော်တော်များများ သတိမထားမိတတ်ကြပါဘူး။
အင်္ကျီအဝတ်အထည်တွေကြောင့် ပတ်ဝန်းကျင်ကို ဆိုးကျိုးတွေဖြစ်စေနိုင်တယ်ဆိုတာကို သာမန်တွေးကြည့်ရင်တော့ မအပ်စက်ဘူးလို့ထင်ရပေမယ့် သဘာဝကြီးနဲ့ သတ္တဝါတွေကို ဘယ်အချက်တွေက အန္တရာယ်ဖြစ်စေပြီး ကမ္ဘာမြေကြီးကို ဘယ်လိုသက်ရောက်မှုမျိုးတွေ ရှိစေတယ်ဆိုတဲ့ အကြောင်းအရာတွေကို စာဖတ်သူတို့သိရှိစေဖို့အတွက် ဒီဆောင်းပါးလေးကနေတစ်ဆင့် ဝေမျှပေးလိုက်ပါတယ်။
===============================
● အထည်ထုတ်လုပ်ဖို့အတွက် ရေအမြောက်အများ အသုံးပြုရတာကြောင့် ကမ္ဘာ့ရေချိုရှားပါးလာနိုင်ခြင်း။
အဝတ်အထည်တွေရဲ့ ထုတ်လုပ်မှုလုပ်ငန်းစဥ် အဆင့်အဆင့်တိုင်းမှာ အကန့်အသတ်ရှိတဲ့ သဘာဝသယံဇာတတွေကို အသုံးပြုရပါတယ်။ လူတွေသာ ဒီလိုသယံဇာတတွေကို မဆင်မခြင် အသုံးပြုပြီး ကိုယ့်အကျိုးစီးပွားတစ်ခုထဲအတွက်ပဲ အထည်စက်မှုလုပ်ငန်းတွေကို လည်ပတ်နေမယ်ဆိုရင် သယံဇာတတွေ တဖြည်းဖြည်းရှားပါးလာနိုင်ပါတယ်။
NASA Space Place ရဲ့ပြောဆိုချက်အရ ဒီကမ္ဘာမြေမျက်နှာပြင်ရဲ့ (၇၁) ရာခိုင်နှုန်းကို ရေတွေနဲ့ဖုံးလွှမ်းနေတယ်လို့သိရပါတယ်။ ရေတွေပေါများပါတယ်လို့ထင်ရပေမယ့်လည်း (၉၇) ရာခိုင်နှုန်းသောရေတွေက လူတွေအသုံးပြုလို့မရတဲ့ ဆားတွေနဲ့ရောနှောနေတဲ့ ပင်လယ်ရေတွေဖြစ်ပါတယ်။ ကျန်ရှိတဲ့ (၃) ရာခိုင်နှုန်းကတော့ လူတွေအသုံးပြုလို့ရတဲ့ ရေချိုတွေဆိုပေမယ့် အများစုက ရေခဲတောင်၊ ရေခဲမြစ်တွေနဲ့ အလွန်နက်တဲ့ ကမ္ဘာ့မြေမျက်နှာပြင်အောက်မှာ ပိတ်မိနေတာဖြစ်ပါတယ်။ (၁)ရာခိုင်နှုန်းထက်နည်းတဲ့ ရေချိုအနည်းစုကိုသာ လူတွေက အသုံးပြုနေကြရတာပါ။
အထည်လုပ်ငန်းတွေမှာဆိုရင်လည်း အင်္ကျီတစ်ထည်အတွက် ချည်အလုံအလောက် ထုတ်လုပ်ဖို့ လူတစ်ယောက် ရက် (၉၀၀) နီးပါးသောက်သုံးလို့ရတဲ့ ရေလီတာပေါင်း (၂၇၀၀) ကျော်ကိုအသုံးပြုရတယ်လို့ National Geographic က ပြောကြားထားပါတယ်။ ချည်ထည်မှမဟုတ်ပါဘူး ဓာတုနည်းနဲ့ပြုလုပ်တဲ့ အမျှင်တွေနဲ့ ရက်လုပ်တဲ့ ပေါ်လီအက်စတာ (polyester) အထည်တွေပြုလုပ်ဖို့အတွက်လည်း ရေတွေအမြောက်အများ အသုံးပြုရပါသေးတယ်။ ဒါ့အပြင် ထုတ်လုပ်မှုပိုင်းမှာ အထည်တွေကို အချောသပ်ဖို့၊ ဆေးဆိုးဖို့၊ သန့်စင်ဖို့နဲ့ အအေးခံဖို့အတွက်ပါ ရေတွေကိုပဲ ထုတ်လုပ်မှုအဆင့်တိုင်းနီးပါးမှာ အသုံးပြုရပါတယ်။ အင်္ကျီတစ်ထည်အတွက်တောင် ဒီလောက်ရေပမာဏကို အသုံးပြုရတယ်ဆိုရင် စက်ရုံအလုပ်ရုံတွေမှာ မြောက်များစွာသော အထည်တွေရရှိဖို့ နေ့စဥ်ရေပမာဏ ဘယ်လောက်အသုံးပြုရမလဲဆိုတာ စာဖတ်သူကိုယ်တိုင်စဥ်းစားကြည့်ရုံနဲ့ သိနိုင်ပါတယ်။
ရေဟာလည်း သဘာဝတရားကြီးကပေးထားတဲ့ အကန့်အသတ်ရှိတဲ့ သယံဇာတတစ်ခုဖြစ်တာကြောင့် လူတွေသာစိစစ်ပြီးသေသေချာချာ အသုံးမပြုဘူးဆိုရင် အချိန်ကြာလာတဲ့အမျှ ရေချိုရှားပါးမှုတွေဖြစ်ပေါ်လာနိုင်ပါတယ်။
===============================
● စက်ရုံတွေမှာ စွမ်းအင်တွေကို မဆင်မခြင် အသုံးပြုတာကနေတစ်ဆင့် လေထုညစ်ညမ်းပြီး ကမ္ဘာမြေကြီးပူနွေးလာရခြင်း။
934
SME Business Institute ၏ ကျောင်းခွဲဖြစ်သည့် SMEBi Innovative Campus ရဲ့ Vice Principal တစ်ယောက်ဖြစ်သလို Director Board အဖွဲ့ဝင်တစ်ယောက်အဖြစ်လဲ တာဝန်ယူလုပ်ကိုင်လျက်ရှိပါတယ်။ EHS နဲ့ပတ်သတ်ပြီး Internal/ External သင်တန်းများ ပေးနေသလို Business Management နှင့် Social Media Marketing ပညာရပ်များကိုလဲ Internal/ Corporate Training များ ပေးနေသည့်အပြင် Environmental ပညာရပ်များကို Facebook နှင့် LinkedIn မှ သင်ကြားပို့ချနေသူလဲဖြစ်ပါတယ်။
ဒါ့အပြင် 2013 ခုနှစ် အာဆီယံလူငယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးချန်ပီယံဆုကို မြန်မာနိုင်ငံကိုယ်စားပြု အနေဖြင့် အသိအမှတ်ပြု ပေးအပ်ချီးမြှင့်ခြင်းခံခဲ့ရပါတယ်ဗျ။
📝Details
Date :: September 10
Time :: 10 am to 12pm
Place :: Online
Registration Form Link👉
https://forms.gle/L6DcybDXyyJhkiST7
‼️Limited seats ဖြစ်လို့ အမြန်လေး စာရင်းပေးလိုက်တော့နော်🤗
#EHSMyanmar #Webinar #CleanAir #AI #SustainableEnvironment #AI #Tech #UNEP
934
🤖ယနေ့ခေတ်မှာ ကျယ်ပြန့်လာတဲ့ နည်းပညာတွေကို အသုံးပြုပြီး သဘာဝပတ်ဝန်းကျင်ကို ဘယ်လိုကာကွယ်မှုတွေ လုပ်နိုင်မလဲဆိုတာ ဆွေးနွေးသွားမယ့် Webinar အစီအစဉ်🤖
→→→→→→→→→→→→→→→→→→→→→→→→→→→→→→→→
EHS Myanmar - 1/09/2023
🌐ကျွန်တော်တို့ရဲ့ ယနေ့ကမ္ဘာကြီးဟာ ဆိုရင် နည်းပညာတွေက အလျင်အမြန်တိုးတက်ပြောင်းလဲနေပါတယ်။ artificial intelligence - AI နည်းပညာတွေနဲ့ အတူ ကျွန်တော်တို့ဟာ အရင်က စိတ်ကူးနဲ့တောင် တွေးမကြည့်နိုင်တဲ့ အရာတွေကို လုပ်နိုင်နေပါပြီ။
🌿ဆိုတော့ ကျွန်တော်တို့အနေနဲ့ ဒီလိုမျိုး AI နည်းပညာကို အသုံးပြုပြီး သဘာဝပတ်ဝန်းကျင်အတွက် ဘယ်လိုမျိုးအရာတွေကို လုပ်ဆောင်နိုင်ကြမလဲ? သမာရိုးကျနည်းလမ်းတွေကနေ ခွဲထွက်ပြီး ယနေ့ခေတ် နည်းပညာတွေကို ကျွန်တော်တို့ သဘာဝပတ်ဝန်းကျင် ကောင်းကျိုးအတွက် ဘယ်လိုတွေ အသုံးပြုနိုင်ကြမလဲဆိုတာကို ကျွန်တော်တို့ သိပြီးကြပြီလားဗျ🤔?
✨ကျွန်တော်တို့ရဲ့ September 10 ရက်နေ့မှာ ပြုလုပ်မယ့် Webinar မှာဆိုရင် “AI Solutions for Sustainable Environmental Management” ခေါင်းစဉ်ဖြင့် AI tools တွေကို အသုံးပြုပြီး သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးအတွက် ဘယ်လိုနည်းလမ်းတွေကို အသုံးပြုနိုင်မလဲဆိုတာကို ဆွေနွေးသွားမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ Webinar က United Nations Environment Programme (UNEP) မှာလည်း registered ထားပြီး အစ၊အဆုံး တက်ရောက်ပေးတဲ့ participants တွေကို Certificate လေးပေးပို့သွားမှာပဲ ဖြစ်ပါတယ်။ Webinar အတွက် အသေးစိတ်ကိုတော့ post အောက်ဆုံးမှာ ဖော်ပြပေးထားပါတယ်ဗျ။
🧑🎓ဒီ webinar မှာဆိုရင် ကျွန်တော်တို့ EHS Myanmar ရဲ့ founder & president ဖြစ်သူ ဒေါက်တာကောင်းထက်စွမ်းနှင့်အတူ Guest Speaker အနေနဲ့ ဒေါက်တာဦးဇော်နိုင်၊ ဒေါက်တာလွင်လွင်ဝေတို့က ဆွေနွေးပြောကြားပေးသွားမှာပဲ ဖြစ်ပါတယ်။ ဆရာ၊ ဆရာမတို့ရဲ့ ကိုယ်ရေးအကျဉ်းချုပ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်ဗျ။
🌟ဒေါက်တာဦးဇော်နိုင်သည် မန္တလေးနည်းပညာ ကုမ္ပဏီ၏ managing director ဖြစ်ပြီး မြန်မာနိုင်ငံ ကွန်ပြူတာပညာရှင်အသင်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံ စီးပွားစီမံ အမှုဆောင်များအသင်း၊ Green Economy, Green Growth(GEGG)၊ ASEAN Institute for Green Economy(AIGE)၊ မြန်မာနိုင်ငံ ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာ လုပ်ငန်းရှင်များအသင်း၊ ရန်ကုန်မြို့ Rotary club၊ အနာဂတ်ကမ္ဘာ (Future Earth) အဖွဲ့အစည်း၊ Asia Hub for Water Energy Food Nexus ၊ Center for Soil Research in Asia အစရှိတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေမျာ ပါဝင်ဆောင်ရွက်ခဲ့ပြီး ယခုလက်ရှိလည်း ဆောင်ရွက်လျက်ရှိပါတယ်။
ဒေါက်တာက ရန်ကုန်စက်မှုတက္ကသိုလ်က B.E (Electronics)၊ ရန်ကုန်စီးပွားရေး တက္ကသိုလ်က MBA ဘွဲ့တို့ကို ရရှိခဲ့ပါတယ်။ အမေရိကန်နိုင်ငံ Michigan State University မှာ International Development အထူးပြုပြီး Humphrey Fellow အနေနဲ့ ပညာသင်ယူခဲ့ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ National Institute of Development Administration (NIDA) တက္ကသိုလ်မှ Ph.D ပါရဂူဘွဲ့ကို ရရှိခဲ့ပါတယ်။ ဒါ့အပြင် ဒေါက်တာက ASEAN Registered Engineer တစ်ယောက်လည်း ဖြစ်ပါတယ်ဗျ။
🌟ဒေါက်တာ လွင်လွင်ဝေ သည် Insight Research Corner, INSIGHT CORNER Co.,Ltd ရဲ့ Director တစ်ဦးဖြစ်တဲ့အပြင် အစိုးရ ၊ နိုင်ငံတကာ သုတေသနအဖွဲ့အစည်းများ ၊ ပြည်တွင်းအရပ်ဖက် အဖွဲ့အစည်း များနဲ့အတူ သုတေသနလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက် ရှိပါတယ်။
ဒါ့အပြင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံအုပ်ချုပ်မှု (environmental governance)အပါအဝင် အစရှိတဲ့ အကြောင်းအရာတွေနဲ့သက်ဆိုင်တဲ့ သုတေသန အစီအစဉ်များမှာလည်း ပါဝင်ဆောင်ရွက်ခဲ့ပါသေးတယ်။
ဒေါက်တာက 1999 ခုနှစ်မှာ မဟာသိပ္ပံဘွဲ့ကိုရရှိခဲ့ပြီး 2014 ခုနစ်တွင် Nuclear Technology ပညာရပ်နှင့် ရန်ကုန်နည်းပညာတက္ကသိုလ်မှ Ph.D ဘွဲ့ကို ရရှိခဲ့ပါတယ်။ 2011-2012 ခုနှစ်မှာလည်း National Taking His University, Taiwan မှ “သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှုနဲ့ အစိမ်းရောင်နည်းပညာ” ခေါင်းစဉ်ဖြင့် ဒီပလိုမာဘွဲ့ရရှိခဲ့ပါတယ်ဗျ။
🌟ဒေါက်တာကောင်းထက်စွမ်းသည် EHS Myanmar ရဲ့ Founder & President ဖြစ်ပြီး B.E. (Mechanical Engineering) ဘွဲ့ဖြင့် ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် (WYTU) ကနေ 2016 မှာ ဘွဲ့ရရှိခဲ့ပါတယ်။ Master of Engineering ကို ထိုင်းနိုင်ငံ Asian Institute of Technology (AIT) ကနေ Environmental Engineering and Management ဖြင့် 2018 မှာ ပြီးမြောက်ခဲ့ပါတယ်။ ဒဂုံတက္ကသိုလ်မှ Post Graduate Diploma ကို GIS ဖြင့်ရရှိထားသူတစ်ဦးလဲဖြစ်ပြီး အမေရိကန်နိုင်ငံ OSH Acadmey မှချီးမြှင့်သည့် လက်မှတ်ရ Occupational Health and Safety Specilaist တစ်ယောက်လဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံ Mahidol University မှာ Environmental Engineering ဖြင့် Docotor of Philosophy (Ph.D.) ဘွဲ့ကို ရရှိထားပါတယ်။
934
🌍🐒 Exciting News! EHS Myanmar is thrilled to join the global celebration of International Primate Day! 🐵✨
On this special day, we're raising awareness about the importance of primate conservation and the rich biodiversity of our beautiful country. 🌳🇲🇲 Join us in our efforts to protect these incredible creatures and their habitats. Let's work together for a sustainable future where humans and primates thrive side by side. 🌿🌏
#InternationalPrimateDay #EHSMyanmar #PrimateConservation #Biodiversity #sustainability
934
EHS Myanmar ၏ တည်ထောင်သူ ဒေါက်တာကောင်းထက်စွမ်း သည် ၂၀၂၃ခုနှစ် အာဆီယံလူငယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးချန်ပီယံဆုကို မြန်မာနိုင်ငံကိုယ်စားပြု အသိအမှတ်ပြုပေးအပ်ချီးမြှင့်ခြင်းခံရသဖြင့် အထူးပင်ဂုဏ်ယူဝမ်းမြောက်မိပါသည်။ ဒေါက်တာစွမ်း၏ မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် သဘာဝပတ်ဝန်းကျင်နှင့် ရေရှည်တည်တံ့ရေးဆိုင်ရာ အသိပညာပေးမှုနှင့် လူငယ်များကြားတွင်စည်းရုံးလှုံ့ဆော်မှုများဖြင့် တိုင်းကျိုးပြည်ပြုလုပ်ဆောင်ခဲ့မှုများကြောင့် ထိုက်ထိုက်တန်တန်ရရှိခဲ့ခြင်းပြီး နိုင်ငံတော်နှင့်လူမျိုး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကဏ္ဍအသီးသီး၌လည်း ဆက်လက်၍ ဆထက်ထမ်းပိုးအကျိုးပြုနိုင်ပါစေကြောင်း လှိုက်လှဲစွာ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
ထို့အပြင် EHS Myanmar ၏ တွဲဖက်တည်ထောင်သူ ဒေါ်ဇွဲယဉ်ဖြူ သည်လည်း ၂၀၁၉ ခုနှစ် အာဆီယံလူငယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးချန်ပီယံဆုကို မြန်မာနိုင်ငံကိုယ်စားပြု ရရှိထားသူတစ်ဦးလဲဖြစ်ပါသည်။
#EHSMyanmar #ProdulyMyanmar #ASEAN #EcoChampions #AYECA
934
🌥🇲🇲 EHS Myanmar မှ စက်တင်ဘာလ (၇) ရက်နေ့တွင်ကျရောက်သော "International day of Clean Air for Blue Skies" ကို ဂုဏ်ပြုသောအားဖြင့် Online Event တစ်ခုကိုလုပ်ဆောင် သွားဖို့ရှိပါတယ်။ ယခု event ကို UNEP နှင့် Clean Air Blueskies တို့တွင် မြန်မာနိုင်ငံကိုယ်စားပြု officialy registered ပြုလုပ်ထားပြီလဲဖြစ်ပါတယ်။ 🍀
📣အသေးစိတ်ကို မကြာခင်အချိန်အတွင်း ကြေငြာပေးသွားမှာဖြစ်လို့ စောင့်မျှော်ပေးကြပါဦးနော်။
#EHSMyanmar #CleanAir #blueskies
934
မဖြစ်မနေ Subscribe ထားသင့်သည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ Youtube Channel များ
---------------------------------------------------------
EHS Myanmar | 7.8.2023
သင်သည် ရေရှည်တည်တံ့သော စိုက်ပျိုးရေးကို စိတ်အားထက်သန်ပြီး ဆန်းသစ်တီထွင်သော စိုက်ပျိုးရေးအလေ့အကျင့်များကို ပိုမိုလေ့လာလိုပါသလား။ ကျွန်ုပ်တို့သည် သင့်အား ရေရှည်တည်တံ့သော စိုက်ပျိုးနည်းစနစ်များအကြောင်းများ ပညာပေးမည့် YouTube Channel 5 ခု အကြောင်းကို အခုပြောပြပေးသွားမှာဖြစ်ပါတယ်။ 🌏💚
1️⃣ Channel Name: "The Urban Farmer"
🌱 အကြောင်းအရာ - ဒီ Channel သည် မြို့ပြလယ်သမားနှင့် စျေးကွက်ဥယျာဉ်မှူးဖြစ်သူ Curtis Stone ၏ အသေးစားစိုက်ပျိုးရေးနည်းပညာများကို မျှဝေပေးနေတဲ့ Channel ဖြစ်ပါတယ်။ အမြတ်အစွန်းရှိသော မြို့ပြလယ်ယာစိုက်ပျိုးခြင်း၊ ရေရှည်တည်တံ့သော အစားအစာထုတ်လုပ်မှုနှင့် အော်ဂဲနစ်ထုတ်ကုန်များ ကြီးထွားလာစေရန် ဆန်းသစ်သောနည်းလမ်းများအကြောင်းတို့ကိုလည်း လေ့လာလို့ရပါတယ်။
🎥 Link: [https://www.youtube.com/c/urbanfarmercstone]
2️⃣ Channel Name: "Polyface Farm"
🌱 အကြောင်းအရာ - Polyface Farm ဆိုတဲ့ Channel တွင် သူတို့၏ ပြန်လည်စိုက်ပျိုးခြင်းဆိုင်ရာ အလေ့အကျင့်များကို ပြသပြီး ပညာပေးနေတဲ့ Channel တစ်ခုဖြစ်ပါတယ်။ အလှည့်ကျစားကျက်များ၊ အလုံးစုံစီမံခန့်ခွဲမှုနှင့် ရေရှည်တည်တံ့သော အစာစနစ်များအတွက် ကျွန်ုပ်တို့၏မြေဆီလွှာကို ပြန်လည်ထုတ်ပေးခြင်း၏ အရေးကြီးပုံတို့ကို လေ့လာနိုင်ပါတယ်။
🎥 Link: [https://www.youtube.com/user/PolyfaceFarm]
3️⃣ Channel Name: "Sustainable Human"
🌱 အကြောင်းအရာ - ရေရှည်တည်တံ့ခိုင်မြဲမှု၊ စိုက်ပျိုးရေးနှင့် လူသားများ၏ဘဝနေထိုင်မှုတို့ ဆုံရာကို စူးစမ်းလေ့လာသည့် တွေးခေါ်စရာဗီဒီယိုများဖြင့် ပြည့်နှက်နေသည့် Channel လေးဖြစ်ပါတယ်။ စိတ်အားထက်သန်ဖွယ် ဇာတ်လမ်းများဖြင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးလုပ်ငန်းသည် လူမှုအသိုင်းအဝိုင်းနှင့် သဘာဝပတ်ဝန်းကျင်ကို ဘယ်လိုမျိုး အကျိုးသက်ရောက်စေနိုင်ကြောင်းကို သိရှိလိုပါက ဒီ Channel လေးကို ကြည့်ဖို့ Recommend ပေးလိုပါတယ်။
🎥 Link: [https://www.youtube.com/c/SustainableHuman]
4️⃣ Channel Name: "Permaculture Voices"
🌱 အကြောင်းအရာ - Permaculture ဒီဇိုင်းသဘောတရားများနှင့် အလေ့အကျင့်များကိုစိတိဝင်စားပါက ပြန်လည်ရှင်သန်သော စိုက်ပျိုးနည်းစနစ်များ၊ စိုက်ပျိုးရေးသစ်တောနှင့် ရေရှည်တည်တံ့သော မြေစီမံခန့်ခွဲမှုတို့ကို စူးစမ်းလေ့လာလိုပါက ဤ Channel သည် အသိပညာနှင့် အတွေ့အကြုံများကို မျှဝေပေးနေပါတယ်။
🎥 Link: [https://www.youtube.com/c/PermacultureVoices]
5️⃣ Channel Name: "The Farm Life"
🌱 အကြောင်းအရာ - ရေရှည်တည်တံ့သော လယ်ယာ၏နေ့စဉ်ဘဝသို့ ခြေချကြည့်လိုက်ပါ။ ဒီ Channel သည် အော်ဂဲနစ်စိုက်ပျိုးရေး၊ ရေရှည်တည်တံ့သော မွေးမြူရေးစီမံခန့်ခွဲမှုနှင့် မိရိုးဖလာ စိုက်ပျိုးရေးအလေ့အထများအကြောင်း ထိုးထွင်းအမြင်များကို ပေးနိုင်မှာဖြစ်ပါတယ်။ ရေရှည်တည်တံ့သော စိုက်ပျိုးရေးလုပ်ငန်း၏ အကျိုးကျေးဇူးများကို ရယူလိုက်ပါ။
🎥 Link: [https://www.youtube.com/c/TheFarmLife]
📢 ထိုကဲ့သို့ ပညာပေး YouTube Channel များကို စူးစမ်း လေ့လာပြီး ရေရှည်တည်တံ့သော စိုက်ပျိုးရေးအသိပညာဆိုင်ရာ ခရီးကို စတင်လိုက်ပါ။ အထက်ဖော်ပြပါ Link များကို နှိပ်ပြီး သင်၏ ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ်လုပ်ငန်း ယနေ့မှတင် စတင်လိုက်ပါ။ 🌾📺
The Environment, Health and Safety Myanmar (EHS Myanmar) မှပြုစုရေးသားသည်။
#EHSMyanmar #YouTubeChannels #SustainableAgriculture #regenerativefarming
934
📢 မင်္ဂလာပါ သဘာဝချစ်မြတ်နိုးသူအပေါင်းတို့ 🌟
👉ကျွန်မတို့ EHS Myanmar Instagram ကနေ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဗဟုသုတရစရာ အကြောင်းအရာတွေကို မတူညီသော ပုံစံမျိုးစုံနဲ့တင်ဆက်ပေးနေတာဖြစ်လို့ Follow လုပ်ထားဖို့မမေ့နဲ့နော်။ 🌍
✨ EHS Myanmar Instagram Account - https://www.instagram.com/ehsmyanmar/
#EHSMyanmar #FollowUs #InstagramJourney #StayConnected #tapthatfollowbutton
934
Just Stop Oil: ဘာလဲ၊ ဘာလိုချင်တာလဲ။
---------------------------------------------
EHS Myanmar | 22.8.2023
Just Stop Oil သည် Wimbledon တင်းနစ်ကစားပွဲများတွင် ဝင်ရောက်နှောင့်ယှက်ခြင်း အပါအဝင် ထင်ရှားသော ဆန္ဒပြပွဲများ ဆက်တိုက် ဖြစ်ပွားပြီးနောက် မကြာသေးမီ လများအတွင်း ခေါင်းကြီးပိုင်းသတင်းများအဖြစ် ရိုက်ခတ်လာပါတယ်။ ၎င်းတို့သည် ရာသီဥတု ပြောင်းလဲမှုအပေါ် ပိုမိုလုပ်ဆောင်ရန် လှုံ့ဆော်မှုများ လုပ်ဆောင်နေသော်လည်း အများပြည်သူသုံးကားလမ်းမများကို ပိတ်ဆို့ခြင်း အပါအဝင် ၎င်း၏ နည်းဗျူဟာများမှာ ဝေဖန်မှုများနှင့် ဆက်တိုက်ရင်ဆိုင်နေရပါသည်။
Just Stop Oil ဆိုတာ ဘာလဲ။
Just Stop Oil သည် Extinction Rebellion and Insulate Britain ပြီးနောက် တည်ထောင်ခဲ့သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူ အဖွဲ့ဖြစ်ပြီး အဖွဲ့အစည်း၂စလုံးမှ ဦးဆောင်သူများ ပါဝင်နေပါတယ်။ ၂၀၂၂ ခုနှစ် မတ်လတွင် ဆန္ဒပြပွဲများ ဆက်တိုက် ဖြစ်ပွားပြီးနောက် အဆိုပါ လှုပ်ရှားမှုကို လူများစုအာရုံစိုက်လာခဲ့ကြသည်။ ပရီးမီးယားလိဂ် ဘောလုံးကွင်းအများအပြားတွင် ကွင်းအတွင်း ဝင်ရောက်ကျူးကျော်မှုများလဲအပါအဝင်ပင်ဖြစ်ပါတယ်။ ရေနံချက်စက်ရုံများနှင့် နိုင်ငံ၏အစည်ကားဆုံး ကားလမ်းမများတွင် နှောင့်ယှက်ခြင်းများအပါအဝင် အခြားထင်ရှားသော ဆန္ဒပြမှုများလည်း ရှိခဲ့ပါသည်။ ၎င်းတို့သည် အားကစားပွဲကြီးများကို အဓိကပစ်မှတ်ထားခဲ့ကြသည်။
Just Stop Oil က ဘာကိုလိုချင်တာလဲ။
ပထမအချက်အနေဖြင့် ယူကေနိုင်ငံတွင် ရေနံနှင့် အခြားရုပ်ကြွင်းလောင်စာ ရှာဖွေရေး လိုင်စင်အသစ်များကို အစိုးရအား ရပ်တန့်စေလိုသည်။ ၎င်းတို့သည် "အစိုးရသည် ရုပ်ကြွင်းလောင်စာ လိုင်စင်အသစ်နှင့် ထုတ်လုပ်မှုကို ရပ်တန့်ရန် အစိုးရက ကတိပြုကြောင်း သေချာစေရန် အတူတကွ လုပ်ဆောင်နေသော အဖွဲ့များ" ဟု သူ့ကိုယ်သူ ဖော်ပြသည်။ သို့သော် ယူကေအစိုးရသည် ၂၀၂၅ ခုနှစ်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းအသစ် ၁၀၀ ကျော်ကို လိုင်စင်ထုတ်ပေးရန် စီစဉ်ထားသည်။ Extinction Rebellion နှင့် မတူဘဲ Just Stop Oil ၏ ဆန္ဒပြပွဲများသည် ပိုမိုတိကျသော ရည်မှန်းချက် ရှိသည်ဟုဆိုနိုင်ပါသည်။
Just Stop က ကားလမ်းမတွေကိုပိတ်တာ တရားဝင်လား။
မဝင်ပါ။ ကားလမ်းများကို တမင်တကာ အနှောင့်အယှက်ဖြစ်စေမှုအတွက် အမြင့်ဆုံးပြစ်ဒဏ်မှာ ထောင်ဒဏ် ၅၁ ပတ်ဖြစ်သည်။ ကျူးလွန်သူများကိုလည်း ဒဏ်ရိုက်နိုင်သည်။ လန်ဒန်ရှိ အမျိုးသား အဝေးပြေးလမ်းများနှင့် သယ်ယူပို့ဆောင်ရေး အပါအဝင် သယ်ယူပို့ဆောင်ရေး အဖွဲ့အများအပြားသည် အဓိကလမ်းများကို အနှောင့်အယှက်ဖြစ်စေသော ဆန္ဒပြသူများကို တားဆီးရန် တရားရုံးချုပ်က တားမြစ်ပိတ်ပင်မှုများ ပြုလုပ်ခဲ့သည်။ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်သူများသည် တရားရုံးကို မထီမဲ့မြင်ပြုမှုဖြင့် ချုပ်နှောင်ခံရနိုင်ပြီး အကန့်အသတ်မရှိ ငွေဒဏ်နှင့် ပိုင်ဆိုင်မှုများကို သိမ်းဆည်းရမိနိုင်သည်။
ဆိုရှယ်မီဒီယာပေါ်ရှိ ဗီဒီယိုအများအပြားတွင် Just Stop Oil တက်ကြွလှုပ်ရှားသူများက ကားမမောင်းရန် ရပ်တန့်နေသည့် ကားသမားအချို့၏ ဒေါသထွက်ပြီးမကျေနပ်မှုများဖြစ်ပေါ်နေသည်ကိုမြင်တွေ့ရကြမည်။ စီးပွားရေးအတွင်းဝန် Grant Shapps က M25 ဆန္ဒပြမှုများကို "လုံးဝ ဒေါသထွက်စရာ" ဟုမှတ်ချက်ပြုပြီး “သူတစ်ပါးရဲ့ဘဝကို မနှောင့်ယှက်ပါနဲ့” ဟု LBC သို့ပြောသည်။
မြို့တော်ရဲတပ်ဖွဲ့သည် Just Stop Oil ဆန္ဒပြပွဲများကို ရဲတပ်ဖွဲ့ဝင်များအား နှိမ်နင်းရာတွင် အသုံးပြုသည့် ရဲတပ်ဖွဲ့ဝင်များကိုကိုင်တွယ်စေခဲ့သည်။ “ဒီအရာရှိတွေဟာ ဓားရာဇ၀တ်မှု၊ ဖောက်ထွင်းမှုအား အကာအကွယ်ပေးခြင်း၊ တုံ့ပြန်ခြင်းစသည့် ဒေသဆိုင်ရာ လူမှုအသိုက်အဝန်းအတွက် အရေးကြီးသည့် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းမည့် အရာရှိများဖြစ်သည်” ဟု လက်ထောက်ကော်မရှင်နာ Matt Twist က ပြောကြားခဲ့သည်။
သို့သော် အဆိုပါအဖွဲ့၏ တက်ကြွလှုပ်ရှားသူများသည် အကြမ်းမဖက်သောဆန္ဒပြမှု၏ရလဒ်အနေဖြင့် "ယာဉ်ကြောပိတ်ဆို့မှုအပါအဝင် သာမန်လူနေမှုဘဝအား အနှောင့်အယှက်ဖြစ်စေရန် အတိုင်းအတာတစ်ခုအထိ သည်းခံနိုင်မှုအတိုင်းအတာအထိသာ" ရှိသင့်ကြောင်း တွေ့ရှိခဲ့သည့် ၂၀၂၁ ခုနှစ် တရားရုံးချုပ်၏အစီရင်ခံစာကိုထောက်ပြထားသည်။
Just Stop Oil ကို ဘယ်သူက ရန်ပုံငွေထောက်ပံ့ထားတာလဲ။
၎င်းတို့၏ဝဘ်ဆိုဒ်၏အဆိုအရ Just Stop Oil အတွက် ရန်ပုံငွေအများစုသည် ရာသီဥတုဆိုင်ရာလှုပ်ရှားမှုများကို ရန်ပုံငွေပေးရန် ၂၀၁၉ ခုနှစ်တွင်ဖွဲ့စည်းထားသော အမေရိကန်ကွန်ရက်ဖြစ်သည့် Climate Emergency Fund မှ အများဆုံးဖြစ်ပါတယ်။ ထို့အပြင် Climate Emergency Fund ၏ ရေနံသူဌေးကြီး J Paul Getty ၏ အဘိုးဖြစ်သူ အမေရိကန် ပရဟိတသမား Aileen Getty မှ ရံပုံငွေတစ်စိတ်တပိုင်းလဲပါဝင်ပါသေးသည်။
ဇူလိုင် ၅ ရက်နေ့ BBC ၏ "Just Stop Oil: What is it and what does it want?" ဆောင်းပါးကိုသင့်တင့်စွာဘာသာပြန်အပ်ပါသည်။
--------------------------------------------------
Follow us on instagram - https://www.instagram.com/ehsmyanmar/
#EHSMyanmar #JuststopOil
