es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

EHS Myanmar

EHS Myanmar

Ir al canal en Telegram

This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.

Mostrar más
868
Suscriptores
-124 horas
+27 días
+230 días
Archivo de publicaciones
ကျား၊ မ တန်းတူညီမျှရေးနှင့် လူငယ်များ၏ အခန်းကဏ္ဍ ----------------------------------------------- EHS Myanmar | 19.11.2024 “အိမ်မှုကိစ္စတွေဟာ မိန်းမတွေရဲ့အလုပ်” ဆိုတဲ့စကားမျိုးက မြန်မာမှာတင်မက ကမ္ဘာမှာပါ ခေတ်အဆက်ဆက် လက်ခံကျင့်သုံးလာခဲ့တဲ့ ကျား၊ မ ခွဲခြားဆက်ဆံတဲ့ အတွေးအခေါ်၊ စကားတွေထဲက တစ်ခုပါ။ ကမ္ဘာတစ်လွှားက လူ့သမိုင်းတစ်လျှောက်မှာ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အဆင့်နိမ့်တယ်၊ အားနည်းတယ်လို့ အစဥ်အဆက် လက်ခံကျင့်သုံးလာတဲ့အတွက် တချို့သော လက်ခံကျင့်သုံးပုံတွေက ကျား၊ မ ခွဲခြားဆက်ဆံနေတာလားဆိုတာကို မခွဲခြားတတ်တော့အောင် အရိုးစွဲနေတဲ့ ကျင့်စဥ်တစ်ခုအဖြစ် ဖြစ်တည်လာခဲ့ပါတယ်။ ဒါပေမယ့် ၂၀ ရာစုနဲ့ ၂၁ ရာစုနောက်ပိုင်းတွေမှာတော့ ကျား၊ မ ခွဲခြားခြင်းကို ဆန့်ကျင်တဲ့ ဆန့်ကျင်ရေးသမားတွေ တစ်ဆ၊ တစ်ဆ ပေါ်ပေါက်လာခဲ့ပြီးနောက်ပိုင်းမှာ ကျား၊ မ တန်းတူညီမျှရရှိရေးကို တစ်ကမ္ဘာလုံးဆိုင်ရာ ကျင့်သုံးသင့်တဲ့ လူ့အခွင့်အရေးအနေနဲ့ ကမ္ဘာ့လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းကြီးတွေကနေ လက်ခံလာခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်ကစတင်ခဲ့တဲ့ ရည်ရှည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပန်းတိုင် ၁၇ ခုပါ၀င်တဲ့ SDG Goals တွေထဲမှာလဲ ကျား၊ မ တန်းတူညီမျှရေးဟာ ပါ၀င်ပါတယ်။ ကျား ၊ မ တန်းတူညီမျှရေးရဲ့ ရည်ရွယ်ချက်ဟာ အမျိုးသမီးတွေကို လုပ်ပိုင်ခွင့်ပိုပေးလိုက်တယ်ဆိုရုံတင်အတွက်မဟုတ်ဘဲ သူတို့ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို လူမှုအသိုင်းအဝိုင်းရဲ့ ကဏ္ဍပေါင်းစုံမှာ ရည်ရှည်တည်တံ့ဖွံ့ဖြိုးစေရေးအတွက် လူသားတိုင်းတန်းတူလုပ်ဆောင်နိုင်ဖို့အတွက်ကိုပါ ရည်ရွယ်ပါတယ်။ ဒီလို ကျား၊ မ တန်းတူညီမျှရေးအတွက်ကို လုပ်ဆောင်ရာမှာ လူငယ်တွေရဲ့ အခန်းကဏ္ဍက အများကြီး အရေးပါတယ်လို့ ပြောရပါမယ်။ ၂၁ ရာစု နှောင်းပိုင်းမှာ ကမ္ဘာတစ်လွှားက လူငယ်တွေဟာ ကျား၊ မ တန်းတူညီမျှရေးအတွက် တတ်နိုင်တဲ့ဘက်ကနေ ပါ၀င်လှုံ့ဆော်လာကြပါတယ်။ ရှေးရိုးစွဲရှိလာခဲ့တဲ့ ခွဲခြားဆက်ဆံတဲ့ လူမှုစံနှုန်းတွေ ပပျောက်အောင်၊ လူသားအားလုံး ညီတူမျှတူ အခွင့်အရေးတွေ ခံစားရအောင် ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ သူတို့အသံတွေကို ထုတ်ဖော်ပြီး၊ ကျား ၊ မ တန်းတူညီမျှရေးအတွက်ကို တောင်းဆို၊ လှုံ့ဆော်မှုတွေ အများကြီး ပြုလုပ်လာကြပါတယ်။ အဖွဲ့အစည်းတွေအားဖြင့်သော်လည်းကောင်း၊ တစ်ယောက်ချင်းဆီအားဖြင့်သော်လည်းကောင်း မြေပြင်မှာကော၊ အင်တာနက် ဆိုရှယ်မီဒီယာ ပလက်ဖောင်း တွေမှာပါ အသိပညာမျှ‌ဝေပေးမှုတွေနဲ့ ကျား၊ မ တန်းတူညီမျှရေးအတွက်ကို တက်တက်ကြွကြွနဲ့ ပါ၀င်လာကြပါတယ်။ တကယ်လည်း ဒီလှုပ်ရှားမှုတွေက အချည်းအနှီးတော့ မဖြစ်ပါဘူး။ Survey တွေအရ ၂၀၁၅ နောက်ပိုင်းမှာဆိုရင် ပညာသင်ကြားခွင့်ရတဲ့ အမျိုးသမီးတွေက နဂိုထက် ၅၀ မီလျံထိကို တိုးတက်လာတယ်လို့တွေ့ရပြီး၊ ကမ္ဘာတစ်လွှား အမျိုးသမီးခေါင်းဆောင်တွေလည်း ပိုပိုတိုးလို့ ပေါ်ထွက်လာခဲ့ပါတယ်။ ဒီရလဒ်တွေရဲ့ အကျိုးဆက်တွေဟာ လူမှုအသိုင်းအဝိုင်းအပေါ်မှာ အများကြီး အထောက်အကူ ပြုနိုင်ပါတယ်။ ယနေ့ခေတ်လူငယ်တွေဟာ တီထွင်ဖန်တီးနိုင်စွမ်းနဲ့ စိတ်အားထက်သန်မှုတွေ အများကြီး အားကောင်းကြပါတယ်။ Globalization ခေတ်ကြီးဖြစ်တဲ့အတွက် လူငယ်တွေဟာ သင်ယူမှုတွေ အများကြီးလုပ်နိုင်တဲ့အခါမှာ မတူကွဲပြားမှုကို လက်ခံနိုင်စွမ်းတွေဟာလည်း အရင် generation ထက်ကို ပိုအားကောင်းလာပါတယ်။ လူငယ်ရဲ့ သွက်လက်ဖြတ်လက်မှု၊ စိတ်အားထက်သန်စွာနဲ့ ကြိုးစားမှုတွေဟာ ကျား၊ မ တန်းတူညီမျှရေးမှာ အများကြီး အထောက်အကူဖြစ်တယ်ဆိုတာကတော့ ငြင်းလို့မရတဲ့အချက်ပါ။ ကျား၊ မ တန်းတူညီမျှရေးဟာ တစ်ကမ္ဘာလုံးမှာ အတိုင်းအတာတစ်ခုထိတော့ အောင်မြင်ထားတယ်ဆိုပေမယ့် အခြေအနေအမျိုးမျိုး၊ စိန်ခေါ်မှု အမျိုးမျိုးကြောင့် ကျား၊ မ တန်းတူညီမျှရေး မရရှိသေးတဲ့ နေရာ၊ ဒေသတွေလည်း အများကြီးကျန်ရှိပါသေးတယ်။ ဒီဒေသတွေမှာ ကျား၊ မ တန်းတူညီမျှရေး ရရှိဖို့အတွက်ကို တက်ကြွလှုပ်ရှားသူတွေက သေချာပေါက်ဆက်လက်တိုက်ပွဲ၀င်သွားဦးမှာဖြစ်လို့ ဒီကဏ္ဍတွေမှာပါ၀င်တဲ့ လူကြီးတွေဟာ တက်ကြွလှုပ်ရှားသူ လူငယ်တွေအတွက် နေရာပေးသင့်သလို၊ သူတို့ရဲ့ စကားသံတွေကိုလည်း နားထောင်သင့်ပါတယ်။ “ယနေ့လူငယ်၊ နောင်၀ယ်လူကြီး” ဖြစ်လာမယ့် လူငယ်တွေကို နေရာပေးခြင်းဟာ ကျား ၊ မ တန်းတူညီမျှရေး အတွက်တင်သာမက၊ ရည်ရှည်တည်တံ့ဖွံ့ဖြိုးတဲ့ အနာဂတ်အတွက် ခေါင်းဆောင်ကောင်းတွေကို မွေးထုတ်ပေးခြင်းပဲ ဖြစ်တာမို့၊ လူငယ်တွေရဲ့ အခန်းကဏ္ဍကို အလေးထားဖို့ လွန်စွာလိုအပ်ပါတယ်။ ရေးသားသူ - Asta (EHS Myanmar) ကိုးကား - plan-international.org --------------------------------------------------------------------------- Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #genderequality #genderequalityforall #genderequalitymatters #womenempowerment

+1

သင်သိပါသလား👉👉👉 ကမ္ဘာပေါ်မှာ ရှိတဲ့ အမျိုးသမီး ၃၈% ဟာ အွန်လိုင်းပေါ်မှ နှောင့်ယှက်မှုတွေကို တွေ့ကြုံခံစားနေရတယ်ဆိုတာ...... နည်းပညာတွေတိုးတက်ပြောင်းလဲလာတာနဲ့အမျှ တစ်ဖက်မှာလဲ မကောင်းတဲ့စိတ်နဲ့ နည်းပညာတွေကို အသုံးချနေတဲ့ လူတစ်စုကလဲ ရှိနေပါတယ်။ ထိုလူတစ်စုကြောင့် အမျိုးသမီးများအနေနဲ့ "Online Harassment" လို့ခေါ်တဲ့ အင်တာနက်မှတဆင့် နှောင့်ယှက်မှုကို တွေ့ကြုံကြရပြီး စိတ်မလုံခြုံမှုကို ခံစားနေရပါတယ်။ ဥပမာအနေနဲ့ အတွေ့အများရဆုံးကတော့ လိင်ပိုင်းဆိုင်ရာကို စကားလုံးဖြင့် ‌ရေးသားနှောင့်ယှက်မှုပဲဖြစ်ပါတယ်။ ကျွန်မတို့ EHS Myanmar မှ နိုဝင်ဘာလ ၂၄ရက်မှာ ကျင်းပပြုလုပ်မယ့် "ကြာပန်းလေးပမာ ပွင့်လန်းပါ" ဟောပြောပွဲမှာဆိုရင်တော့ အမျိုးသမီးတွေ တွေ့ကြုံရလေ့ရှိတဲ့ နှောင့်ယှက်မှု‌ေတွ အကြမ်းဖက်မှုတွေကို ဖော်ထုတ်ပြောပြသွားပြီး အဲ့ဒီအရာတွေကို ဘယ်လိုမျိုးကာကွယ်ကြမယ်၊ အကယ်၍ ကိုယ်တိုင်တွေ့ကြုံလာရပါက ဘယ်လိုမျိုးတွေ ရင်ဆိုင်နိုင်မလဲ ဆိုတာတွေကို ဆွေးနွေးသွားမှာပဲ ဖြစ်ပါတယ်ရှင့်🧡 ဆွေးနွေးပွဲလေးကို စိတ်ဝင်စားလို့ နားထောင်ချင်တယ်ဆိုရင်တော့ အောက်ကလင့်လေးမှတဆင့် စာရင်းပေးလို့ ရပါတယ်ရှင့် https://docs.google.com/forms/d/e/1FAIpQLSepmc6a7U9PQbxXBckkvi78T8y_QJxt24huTJoqpP4XL1-z1g/viewform?usp=sf_link ဆွေးနွေးပွဲကို တက်ရောက်နားထောင်သူတွေကို အသိအမှတ်ပြုလက်မှတ်လေးလဲ ချီးမြှင့်ပေးသွားဖို့ ရှိလို့ လာရောက်နားထောင်ဖို့ ဖိတ်ခေါ်ပါတယ်ရှင့်🤗 ဆွေးနွေးပွဲကျင်းပမည့် အချိန်နှင့် နေ့ရက်- နိုဝင်ဘာလ ၂၄ရက်၊ တနင်္ဂနွေနေ့။ မနက် ၁၀နာရီမှ ၁၁နာရီခွဲထိ။ #NoExcuse #OrangeTheWorld #EHSMyanmar #webinar

photo content

Employee Announcement - Research Team ——————————————————— မအိမွန်စိုးသည် ပါရမီအွန်လိုင်းတက္ကသိုလ် (PARAMI Online University) တွင် စာရင်းအင်းပညာနှင့် ဒေတာ သိပ္ပံကို (Statistics and Data Science) တက်ရောက်လေ့လာနေသူတဦးဖြစ်ပါသည်။ သူမသည် သဘာဝပတ်ဝန်းကျင်နှင့် ရေရှည် တည်တံ့ခိုင်မြဲရေးဆိုင်ရာ ကိစ္စရပ် (Environmental and Sustainability Issues) များကို သုတေသနပြုရာတွင် ကူညီပေးလျက်ရှိပြီး EHS Myanmar မှဖွင့်လှစ်သင်ကြားသော အွန်လိုင်းသင်တန်းများတွင်လည်း စည်းရုံးရေးမှူး (Organizer) အဖြစ်လုပ်ဆောင်ပေးလျက်ရှိပါသည်။ သူမသည် EHS Myanmar ၏ Capacity Building Training များ နှင့် Soft Skill Training ပေါင်းများစွာကိုလည်း တက်ရောက်အောင်မြင်ခဲ့သူတစ်ယောက်ဖြစ်ပါသည်။ အိမွန်စိုးသည် EHS Myanmar ၏ Research Department တွင် အလုပ်သင် (Research Intern) အဖြစ် ၆ လ လုပ်ကိုင်ပြီးနောက် ယခုအခါ The Environment, Health, and Safety Myanmar (EHS Myanmar) ၏ Research Assistant ရာထူးဖြင့် အဖွဲ့၏ ပရောဂျက်များ၊ သဘာဝပတ်ဝန်းကျင်ပညာပေးခြင်းလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်လျက်ရှိပါသည်။ ................................................................................... "Working as one team makes us stronger, more efficient, and adds value to our EHS Myanmar." #EHSMyanmar #member #employer #Researchdepartment #researchassistant

photo content

ကြာပန်းလေးပမာ ပွင့်လန်းပါ🧡 ≠================≠=============================== EHS Myanmar - 16/11/2024 မင်္ဂလာပါ EHS Myanmarရဲ့လစဉ် webinar လေးကို Register လုပ်ရန်ဖိတ်ခေါ်ရင်း ဒီလရဲ့ခေါင်းစဉ်လေးကို မိတ်ဆက်လိုက်ရပါတယ်။ လှပတင့်တယ်သောကြာပန်းလေးများဟာ ရွှံ့နွံထဲမှတိုးထွက်လျက် လှပပွင့်လန်းလာသကဲ့သို့ ကျွန်မတို့မိန်းမသားများသည်လည်း မည်သို့ပင်အခက်အခဲများကြုံရစေကာမူ တိုးတက်ပြောင်းလဲလျက်ရှိသော ခေတ်ရေစီးကြောင်းနှင့်အညီ လှပကျော့ရှင်းစွာ ရင်ဘောင်တန်းနိုင်ကြောင်း ရည်ရွယ်လျက် “Rise like a Lotus: Empowering women to overcome” ဆိုသော ခေါင်းစဉ်လေးနဲ့အတူ webinar လေးကိုပါဝင်တက်ရောက်ဖို့ဖိတ်ခေါ်လိုက်ရပါတယ်ရှင့်။ Webinarလေးကတော့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့အား ဂုဏ်ပြုသောအားဖြင့် လူမှုအခန်းကဏ္ဍတွင် အမျိူးသမီးများရဲ့စွမ်းဆောင်ချက်များနဲ့ စိန်ခေါ်မှုများအားဖြေရှင်းရန်နည်းလမ်းများကို နိုဝင်ဘာလ ၂၄ရက်၊ တနင်္ဂနွေနေ့တွင် ဆွေးနွေးဟောပြောပေးသွားမှာဖြစ်ပါတယ်။🤩 ယခင်ခေတ်နှင့်အချို့သောနေရာများတွင်အမျိုးသမီးများအပေါ်ထားရှိသောအမြင်များအပေါ်မူတည်လက်ခွဲခြားဆက်ဆံမှုများရှိခဲ့ရာအမျိုးသမီးထုအ‌ပေါ်အကြမ်းဖက်မှုများကင်း‌ဝေးရေးနှင့်တန်းတူညီမျှလုပ်ပိုင်ခွင့်ရရှိရေးတို့ကိုသိရှိနားလည်စေရန်ရည်ရွယ်‌ဟောပြောသွားမှာမို့ Stay tunedပါ!!!!!! ဒါ့အပြင် webinarတွင်တက်ရောက်ဆင်နွှဲခဲ့ကြောင်း Certificate of Attendence(COA) ပါပေးအပ်သွားမှာဖြစ်ပါတယ်။ 📝 စိတ်ဝင်စားတယ်ဆိုရင် အခုဘဲ Register လို့ရပါပြီ! https://docs.google.com/forms/d/e/1FAIpQLSepmc6a7U9PQbxXBckkvi78T8y_QJxt24huTJoqpP4XL1-z1g/viewform?usp=sf_link ဘယ်သူတွေပါဝင်သင့်သလဲဆိုရင် အမျိုးသမီးများသာမက ကိုယ်ချစ်ရတဲ့သူတွေကို အကောင်းဆုံးကာကွယ်ပေးနိုင်ဖို့ အမျိုးသားများအနေနဲ့လဲ တက်ရောက်နားထောင်သင့်ကြောင်း တိုက်တွန်းလိုပါတယ်ရှင့်🧡 ‌နေ့ရက် - နိုဝင်ဘာလ ၂၄ရက်၊ တနင်္ဂနွေနေ့ အချိန် - မနက် ၁၀ နာရီမှ ၁၁နာရီခွဲထိ #NoExcuse #OrangeTheWorld #16Days #EHSMyanmar #webinar

photo content

DAY 1 သင်ဟာ ရေရှည်တံတည့်ဖွံ့ဖြိုးရေးနဲ့ စွန့်ဦးတီထွင်လုပ်ငန်းတွေကိုစိတ်ဝင်စားတဲ့ လူငယ်တစ်ယောက်ဆိုရင်‌တော့ EHS Myanmar က ပြုလုပ်မယ့် "Sustainable Entrepreneurship" Virtual Bootcamp လေးကို ပါဝင်ဖို့ဖိတ်ခေါ်ချင်ပါတယ်နော်။ ပါဝင်ချင်သူများအနေဖြင့် နိုဝင်ဘာလ (၂၉) ရက်နေ့မှ ဒီဇင်ဘာလ (၂) ရက်နေ့အထိတက်‌ရောက်ရမှာ ဖြစ်ပြီး Group Project Presentation ရက်ကတော့ ဒီဇင်ဘာလ (၉) ရက်နေ့ ဖြစ်ပါတယ်။ တက်ရောက်ရမဲ့ အချိန်ကတော့ ညနေ ၆ မှ ၈ အထိဖြစ်ပါတယ်။ 🎓 ဒီ Bootcamp ရဲ့ Day 1 အဖြစ် နိုဝင်ဘာလ (၂၉) ရက်နေ့မှာ သင်ကြားပေးမယ့် Instructor နဲ့မိတ်ဆက်ပေးချင်ပါတယ်။ 🎓 ဆရာ ဒေါက်တာကောင်းထက်စွမ်း ဖြစ်ပါတယ်။ ဆရာက စွန့်ဦးတီထွင်လုပ်ငန်းတွေလုပ်တဲ့အခါမှာ သဘာဝပတ်ဝန်းကျင်မထိခိုက်အောင်၊ ရေရှည်တည်တံဖွံ့ဖြိုးအောင် ထည့်သွင်းစဉ်းစားသင့်တဲ့ Sustainable Development Goals တွေကို သေချာသင်ကြားပြသပေးသွားမှာပဲ ဖြစ်ပါတယ်။ ဆရာရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိ အနေဖြင့် - ဒေါက်တာကောင်းထက်စွမ်းသည် The Environment, Health and Safety Myanmar (EHS Myanmar) ရဲ့ Founder တစ်ယောက်လည်းဖြစ်သလို Executive Director အဖြစ် ယခုလက်ရှိလုပ်ကိုင်နေတဲ့သူဖြစ်ပါတယ်။ ဒေါက်တာ‌ကောင်းထက်စွမ်းသည် Ph.D. ပါရဂူဘွဲ့ကို Environmental Engineering ဖြင့် Mahidol University မှလည်းကောင်း၊ Master of Engineering (Environmental Engineering and Management) ကို Asian Institute of Technology (AIT) မှလည်းကောင်း၊ Bachelor of Engineering (Mechanical Engineering) ကို WYTU မှလည်းကောင်းရရှိထားပါတယ်။ ၂၀၂၃ ခုနှစ် အာဆီယံလူငယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးချန်ပီယံဆု (ASEAN Youth-Eco Champion Award) ကို မြန်မာနိုင်ငံကိုယ်စားပြုရရှိထား သူလဲဖြစ်ပါတယ်။ သူသည် EHS Myanmar နှင့်အတူ သဘာဝပတ်ဝန်းကျင်ဆိုင်ရာပညာပေးခြင်း၊ လူငယ်စွမ်းရည် မြှင့်တင်ခြင်း နှင့် ရေရည်တည်တံ့ခိုင်မြဲပြီးဖွံ့ဖြိုးတိုးတက်ခြင်းဆိုင်ရာ သုတေသနလုပ်ငန်းများတွင် ဦးဆောင်လုပ်ကိုင်လျက်ရှိပါတယ်။ သဘာဝပတ်ဝန်းကျင်ပညာရပ်ဆိုင်ရာ အသိပညာပေးဆောင်းပါး များ နှင့် နည်းပညာဆောင်းပါးများကို “နိုင်ကျော်လူ” ကလောင်အမည်ဖြင့် စာရေးဆရာတစ်ယောက် ဖြစ်ပြီး EIA နယ်ပယ်တွင်လဲအကြံပေးအဖြစ်လုပ်ကိုင်လျက်ရှိပြီးလုပ်သက် (၇)နှစ် ကျော်အတွေ့ အကြုံရှိထားသူလဲဖြစ်ပါတယ်။ Bootcamp ကို စိတ်ပါဝင်စားသူအနေဖြင့် အောက်ပါ Link ကနေပြီးတော့ Register လုပ်လို့ရပါပြီနော် https://forms.gle/fRkdt8u3vkKRAgwJ7 ❗လူဦးရေကန့်သတ်ထားတဲ့အတွက် အမြန်ဆုံး စာရင်းသွင်းဖို့မမေ့ပါနဲ့နော်❗ Bootcamp အသေးစိတ်ကို ဒီမှာဖတ်ရှူပါ။ https://www.facebook.com/share/p/1WdQcWvKNu/ ------------------------------------------------------------------------------------------------- Don't forget to follow us on LinkedIn - https://www.linkedin.com/company/ehsmyanmar #EHSMyanmar #SustainableEntrepreneurship #Bootcamp

photo content
+1

Sustainable Entrepreneurship Bootcamp 💼 သင်ဟာ ရေရှည်တည်တံခိုင်မြဲမှုနဲ့အတူ စွန့်ဦးတီထွင်လုပ်ငန်းတွေကို စိတ်ဝင်စားတဲ့ လူငယ်တစ်ယောက်ဆိုရင်‌တော့ EHS Myanmar က ပြုလုပ်မယ့် Virtual Bootcamp လေးကို ပါဝင်ဖို့ဖိတ်ခေါ်ချင်ပါတယ်။ 💼 Bootcamp ကတော့ "Sustainable Entrepreneurship Bootcamp" ပဲ ဖြစ်ပါတယ်။ ဒီ Virtual Bootcamp ကို နိုဝင်ဘာလ (၂၉) ရက်နေ့မှ ဒီဇင်ဘာလ (၂) ရက်နေ့အထိတက်‌ရောက်ရမှာ ဖြစ်ပြီး Group Project Presentation ကို ဒီဇင်ဘာလ (၉) ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ တက်ရောက်ရမဲ့ အချိန်ကတော့ မြန်မာအချိန် ညနေ ၆ မှ ၈ အထိဖြစ်ပါတယ်။ 💼 Bootcamp မှာ ဘယ်သူတွေသင်မှာလဲ။ ဘာတွေ သင်ကြားရမှာလဲ? ဒီ Bootcamp မှာတော့ လူငယ်တွေအနေနဲ့ Sustainability Knowledge နဲ့ Entrepreneurship Skill တွေကို ပေါင်းစပ်ထားတဲ့ Module တွေဖြစ်တဲ့ - Sustainable Development Goals (November 29) - Design Thinking and Innovation (November 30) - Circular Economy (December 1) - Elevator Pitching (December 2) တွေကို မိတ်ဆက်သင်ကြားပေးသွားမှာဖြစ်ပါတယ်။ ထို အကြောင်းအရာတွေကို ရေရှည်တည်တံခိုင်မြဲရေးနှင့် စွန့်ဦးတီထွင်လုပ်ငန်းနယ်ပယ်များမှာ အတွေ့အကြုံများစွာရှိထားတဲ့ ဆရာ၊ ဆရာမများက သင်ကြား‌ပေးသွားမှာဖြစ်ပါတယ်။ 💼 ဒါ့အပြင် Bootcamp Project Presentation မှာ အနိုင်ရရှိသွားတဲ့ အဖွဲ့ (၃) ဖွဲ့ကိုလည်း ပထမ၊ ဒုတိယ၊ တတိယ အလိုက် ဆုတွေပေးအပ်သွားမှာပဲ ဖြစ်ပါတယ်။ (1) ပထမဆု အနေနဲ့ EHS Myanmar မှာ ဖွင့်လှစ်မယ့် သင်တန်းတစ်ခုကို 100% Full Scholarship ဖြင့်တက်ရောက်ခွင့် နှင့် EHS Myanmar မှာ Internship ဆင်းနိုင်မည့်အခွင့်အရေး။ (2) ဒုတိယဆု အနေနဲ့ EHS Myanmar မှ ဖွင့်လှစ်မယ့် သင်တန်းတစ်ခုကို 50% Scholarship ဖြင့်တက်ရောက်ခွင့်။ (3) တတိယဆု အနေနဲ့ကတော့ EHS Myanmar မှ ဖွင့်လှစ်မယ့် သင်တန်းတစ်ခုကို 30% Scholarship ဖြင့်တက်ရောက်ခွင့်တို့ရရှိမှာဖြစ်ပါတယ်။ 💼 Bootcamp ကို ဘယ်သူတွေ လျှောက်ထားလို့ရသလဲ? - အသက် (၁၈) နှစ် နဲ့ အသက် (၂၅)နှစ်ကြား ဖြစ်ရပါမယ်။ - Bootcamp (၅) ရက်လုံးကို စိတ်ပါဝင်စားစွာနှင့် မပျက်မကွက်တက်ရောက်နိုင်သူဖြစ်ရပါမယ်။ သင်တန်းကြေးကတော့ 100% free ဖြစ်ပြီး ဒီ (၂) ချက်နဲ့ကိုက်ညီရင်တော့ အခုပဲ လျှောက်ထားလို့ဖို့ တိုက်တွန်းလိုက်ရပါတယ်။ Registration Form - https://forms.gle/uAxAE87rsbLAAzg3A ❗Registration Form ကိုတော့ နိုဝင်ဘာလ 23 ရက်နေ့ မြန်မာအချိန် နေ့လည် 12 နာရီမှာ ပိတ်သိမ်းသွားမှာဖြစ်ပါတယ်❗ ❗လူဦးရေ အကန့်အသတ်ရှိတဲ့အတွက်လည်း အမြန်ဆုံးစာရင်းသွင်းဖို့မမေ့ပါနဲ့နော်❗ ------------------------------------------------------------------------------------------------- Please subscribe to our YouTube Channel - https://www.youtube.com/@EHSMyanmar #EHSMyanmar #SustainableEntrepreneurship #Bootcamp

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး သမိုင်းတလျှောက် အရေးပါသည့် အမျိုးသမီး (၇) ဦး 👩‍🦰🧕🧑‍🦳 ပြုစုသူ - နိုင်ကျော်လူ #EHSMyanmar #wo
+7
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး သမိုင်းတလျှောက် အရေးပါသည့် အမျိုးသမီး (၇) ဦး 👩‍🦰🧕🧑‍🦳 ပြုစုသူ - နိုင်ကျော်လူ #EHSMyanmar #women #environmentalactivists #researcher #sustainabledevelopment #allinclusive

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး သမိုင်းတလျှောက် အရေးပါသည့် အမျိုးသမီး (၇) ဦး 👩‍🦰🧕🧑‍🦳 ပြုစုသူ - နိုင်ကျော်လူ #EHSMyanmar #women #environmentalactivists #researcher #sustainabledevelopment #allinclusive

photo content

"သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့မှုအတွက် နည်းပညာများ၏ အခန်းကဏ္ဍ" ----------------------------------------------- Podcast by EHS Myanmar EHS Myanmar Monthly Podcast အစီအစဉ်ရဲ့ ဒီတစ်ခေါက် ဆွေးနွေးမှုမှာတော့ "Role of Technology in Sustainability" ခေါင်းစဉ်နဲ့အတူ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့မှုအတွက် နည်းပညာတွေက ဘယ်လိုအကူအညီပြုနေလဲဆိုတာကို ဝေမျှပေးထားပါတယ်။ ဒီ podcast လေးမှာတော့ EHS Myanmar ရဲ့ intern တွေဖြစ်ကြတဲ့ ကိုအောင်သူ၊ မယုယလွန်းခင်နဲ့ ကိုပြည့်ဖြိုးအောင်တို့က ဆွေးနွေးပေးထားကြပါတယ်။ EHS Myanmar ရဲ့ YouTube Channel အပြင် EHS Myanmar website (www.ehsmyanmar.org) နဲ့ Spotify, Apple Podcast, Google Podcast, Anchor FM, Amazon Music စတဲ့ Podcast Platform တွေမှာပါ နားဆင်လို့ရနေပါပြီ။ 🌐 Website - https://www.ehsmyanmar.org/podcast-1 🎧 Spotify - https://open.spotify.com/show/7d7SwaSQgzgkJDe7UkjwMq... 🎧 Anchor FM - https://anchor.fm/ehsmyanmar... 🍎 Apple Podcast -https://podcasts.apple.com/.../ehs.../id1554795854... --------------------------------------------------------------------------- Don't forget to subscribe our YouTube Channel - https://youtube.com/@ehsmyanmar #EHSMyanmar #ehsmyanmarpodcast #sustainability #sustainabilitysolutions #environmentalpodcast #ehsmyanmarpodcast

photo content

EHS Myanmar's Monthly Theme: What is it for November ? -------------------------------------------------- 🇲🇲 EHS Myanmar မှ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် (Sustainable Development Goals) များကို အထောက်အကူပြုစေရန် ရည်ရွယ်၍ တစ်လနှင့်တစ်လ မတူညီသော ခေါင်းစဥ် (Theme) များကို အလှည့်ကျဖြင့် Knowledge Sharing များ ပြုလုပ်ပေးနေပါသည်။ 👥SDG Goal 5 ဖြစ်သည့် ကျားမတန်တူညီမျှရေးကို ကြိုဆိုသောအားဖြင့် "Gender, Inclusiveness and The SDGs of November" Theme ကိုရွေးချယ်ထားပါသည်။ 🍁 ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ရွက်ရာမှု ကျားမတန်းတူညီမျှမှု နှင့် အားလုံးပူးပေါင်းပါဝင်သော လူထုလှုပ်ရှားမှု တစ်ခု သို့မဟုတ် Decision-Making Process တခုလုပ်ဆောင်ရမှာအရေးကြီးလှပါသည်။ ဒါကြောင့် ယခု Theme ဖြင့် ဆောင်းပါးများရေးသားခြင်း၊ Content များဖန်တီးခြင်း၊ အွန်လိုင်းဟောပြောပွဲများလုပ်ဆောင်ခြင်း၊ အွန်လိုင်းကမ်းပိန်းများစီစဉ်ခြင်း၊ Instagram တွင် Post အသစ်များရေးသားခြင်း စသည့် နည်းလမ်းများဖြင့် အသိပညာများရရှိအောင်ကြိုးစားပေးသွားမှာ ဖြစ်ပါသည်။ 😍 Gender, Inclusiveness and The SDGs of November နှင့်ပတ်သတ်ပြီး စိတ်ဝင်စားလို့ လေ့လာသင်ယူချင်တယ်ဆိုရင်တော့ EHS Myanmar page ကို see first လုပ်ထားဖို့မမေ့ပါနဲ့ဦး။ ----------------------------------------------------------------------- "𝙂𝙖𝙞𝙣𝙞𝙣𝙜 𝙠𝙣𝙤𝙬𝙡𝙚𝙙𝙜𝙚 𝙞𝙨 𝙩𝙝𝙚 𝙛𝙞𝙧𝙨𝙩 𝙨𝙩𝙚𝙥 𝙩𝙤 𝙬𝙞𝙨𝙙𝙤𝙢. 𝙎𝙝𝙖𝙧𝙞𝙣𝙜 𝙞𝙩 𝙞𝙨 𝙩𝙝𝙚 𝙛𝙞𝙧𝙨𝙩 𝙨𝙩𝙚𝙥 𝙩𝙤 𝙝𝙪𝙢𝙖𝙣𝙞𝙩𝙮." Don't forget us to follow us on instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #environmental #sustainability #allInclusive #gender #SDGs

photo content
+3

🌱 Happy World Vegan Day 2024 🌱 ———————————————————- EHS Myanmar 1/11/2024 ယနေ့ နိုဝင်ဘာလ ၁ ရက်နေ့ တွင်ကျရောက်သော “World Vegan Day” ကို EHS Myanmar နှင့်အတူတူ အသီးအရွက်များသာ ပါဝင်သည့် ဟင်းချက်နည်းများကို ဝေမျှကာ ကမ္ဘာမြေကြီးကို အကျိုးပြုနေသည့် သက်သက်လွတ်စားသူများကို ဂုဏ်ပြုရင်း မိမိ၏ မိတ်ဆွေသူငယ်ချင်းများလည်း ပါဝင်နိုင်ရန် ဖိတ်ခေါ်လိုက်ပါ။ 🌱 ပထမဆုံးအနေဖြင့် World Vegay Day ကို ဘာကြောင့်် ပါဝင်ဆင်နွှဲသင့်ပါသလဲ။ ၁။ ကာဗွန်ခြေရာ (Carbon footprint) လျှော့ချနိုင်ခြင်း ————————————————————— United Nation ၏ ဖော်ပြချက်အရ ဖန်လုံအိမ်ဓာတ်ငွေ့ (greenhouse gas) များ၏ သုံးပုံတစ်ပုံခန့်သည် တိရစ္ဆာန်မွေးမြူရေးမှ ထွက်ရှိသည်ဟု ဆိုပါသည်။ ထို့ပြင် အသားမွေးမြူရေးမှ ထွက်ရှိသည့် ဖန်လုံအိမ်ဓာတ်ငွေ့ဟုဆိုရာတွင် ကာဗွန်ဒိုင်အောက်ဆိုဒ် (carbon dioxide) သာမကပဲ မီသိန်း(methane) ကိုပါ ထုတ်လွှတ်သည့်အတွက် ကမ္ဘာမြေကြီးကို ၃၄ဆ ပို၍ ပျက်စီးစေနိုင်သည်ဟု ဖော်ပြထားသည်။ အသားမွေးမြူထုတ်လုပ်ခြင်းသည် ရေ၊မြေနှင့် စွမ်းအင် ပိုမိုသုံးစွဲသည်ဟုလည်း World Economic Formမှ ဖော်ပြထားသည်။ ထို့ကြောင့် အသားစားသုံးခြင်းသည် ကာဗွန်ခြေရာပိုမိုထွက်ရှိသည့်အတွက် အသီးအရွက်များသာ စားသုံးသင့်သည့်အတွက် World Vegan Day တွင် ပါဝင်သင့်ပါသည်။ ၂။ ကျန်းမာရေးကောင်းမွန်ခြင်း —————————————————————— World Economic Forum အရ Vegetarians များတွင် သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါနှင့် ဆီးချိုရောဂါဖြစ်နိုင်ခြေ ရာခိုင်နှုန်းလွန်စွာနည်းပါးသည် ဟု ဆိုပါသည်။ ထို့အပြင် US တွင်ရှိသော လူဦးရေ ခုနှစ်သောင်းကို လေ့လာဆန်းစစ်ချက်များအရ Vegetariansများတွင် သေဆုံးနိုင်ခြေ၁၂%လျှော့ချနိုင် ပြီး ကျန်းမာသက်ရှည်သောသူများ ကို ကြည့်လိုက်လျှင် red meat အလွန်နည်းပါးစွာ စားသူများဟုတွေ့ရှိရသည်။ 🌱သို့သော်လည်း ကာဗွန်ခြေရာထုတ်လွှတ်မှုများပြီး ကျန်းမာရေးထိခိုက်နိုင်သော အသားများကိုသာ လူများသည် ကြိုက်နှစ်သက်ကြပေသည်။ ထို့ကြောင့် ယနေ့ နိုဝင်ဘာ(၁)ရက်နေ့ World Vegan Day တွင် အသီးအရွက်များကိုလည်း အရသာရှိရှိ စား၍ရကြောင်း သားသက်လွတ်ဟင်းချက်နည်းများကို ဝေမျှလိုက်ပါသည်။ အောက်ပါဟင်းများအပြင် အခြားသားသက်လွတ်ဟင်းချက်နည်း ဒါမှမဟုတ် ကိုယ်တိုင်ချက်ထားသောဟင်းပုံများကိုလည်း commentတွင် ဝင်ရောက်ဝေမျှရင်း သူငယ်ချင်းများအား mentionပြီးလည်းchallenge ခေါ်လိုက်ပါ။ #EHSMyanmar #worldveganday #carbonfootprint #lesseatmeat

EHS Myanmar ရဲ့ အောက်တိုဘာ (၃၁)ရက်နေ့မှာကျရောက်တဲ့ World Cities Day online campaign မှာပါဝင်ပြီးပြီးလား ?!! မပါဝင်ရသေးရင် အော
EHS Myanmar ရဲ့ အောက်တိုဘာ (၃၁)ရက်နေ့မှာကျရောက်တဲ့ World Cities Day online campaign မှာပါဝင်ပြီးပြီးလား ?!! မပါဝင်ရသေးရင် အောက်က Linkမှာ ပါဝင်လိုက်ပါ။ https://www.facebook.com/share/p/kCoyhfy8MgkUmCqF/?mibextid=oFDknk Campaignက အောက်တိုဘာ (၁)ရက်နေ့ထိပဲဆိုတော့ မြန်မြန်ပါဝင်ဖို့လိုမယ်နော်။ #EHSMYANMAR #Worldcitiesday #campaign