သီဟဝဏ္ဏ
Ir al canal en Telegram
Mostrar más
El país no está especificadoLa categoría no está especificada
7 904
Suscriptores
-1224 horas
-827 días
+27830 días
Archivo de publicaciones
7 902
အကြမ်းဖက် KIA အဖွဲ့အတွက် ရှေ့တန်းမှာ အသက်အသေခံပြီးတိုက်ခိုက်ပေးနေတဲ့ မိုးညှင်း KPDF အဖွဲ့တွေက အကြမ်းဖက် KIA ရဲ့ ယုတ်မာမှု NUG ရဲ့ အချင်းချင်းအပေါ်ဖိနှိပ်မှုတွေကို လက်မခံနိုင်တော့တဲ့အတွက် အင်အားအလုံးအရင်းနဲ့ ထွက်ပြေးနေကြပြီ…
ယခုလို မနေချင်လို့ထွက်ပြေးသွားတဲ့ KPDF များအား အကြမ်းဖက် KIA နဲ့ KIA ရဲ့ ခြံစောင့်ခွေး NUG အစေအပါးများက ပြန်မလာရင် အရေးယူမယ်ဆိုပြီး ခြိမ်းခြောက်နေတဲ့အပြင် မိဘများနှင့်မိသားစုများကိုပါဖမ်းဆီးမည်ဟု ခြိမ်းခြောက်..
တော်တော်ယုတ်မာတဲ့ကောင်တွေပဲ.. သူတိုအတွက် အသက်မပေးချင်တော့တဲ့လူငယ်တွေကို နည်းမျိုးစုံးနဲ့ ပြန်ပြီးဒုက္ခပေးနေပြီ… ဒီလိုကောင်တွေအောက်ကနေ ထွက်ပြေးကြတာ မင်းတို့တွေမှန်တယ်.,
မှိုင်းဝေ
7 902
KNU နှင့် PDF ပူးပေါင်းအဖွဲ့ က လက်နက်ကြီးနှင့်ပစတ်ခတ်သည့်အတွက် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ
၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက် နံနက် ၈ နာရီခွဲခန့်က မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကွင်းကလေးကျေးရွာအတွင်းကို အကြမ်းဖက် KNU နှင့် PDF ပူးပေါင်းအဖွဲ့က အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်ပြီး လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် ဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
ပေါက်ကွဲမှုကြောင့် ကျေးရွာနေ အသက် ၂၉ နှစ်အရွယ် မစုပုံ (ခ) မကြည်ဖြူငြိမ်းထွေးမှာ ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများ ရရှိခဲ့
မှိုင်းဝေ
7 902
+9
မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ လက်ဆင့်ကမ်းထိန်းသိမ်းရေးနှင့် ပြည်ထောင်စုစည်းလုံးညီညွတ်ရေး ပိုမိုခိုင်မာအောင် ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း
(၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) (MICC-1) ၌ ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားကာ ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
မိမိတို့၏အမျိုးသားအကျိုးစီးပွားကို ကာကွယ်ဖော်ဆောင််ရွက်ရာတွင် မျိုးဆက်သစ်လူငယ်များအနေဖြင့် မျိုးချစ်စိတ်ဓာတ်၊ အမျိုးသားရေးစိတ်ဓာတ်နှင့် မိမိတို့၏ရိုးရာယဉ်ကျေးမှုအပေါ် မြတ်နိုးလေးစားတန်ဖိုးထားမှုများ ရှင်သန်ခိုင်မာနေရန် လိုအပ်ကြောင်းပြောကြားခဲ့သည်။
ထို့ပြင် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် အနုပညာအမွေအနှစ်များကို တန်ဖိုးထား၍ မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းထိန်းသိမ်းရန်နှင့် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုများကို အပြန်အလှန်လေးစားကာ ပြည်ထောင်စုစည်းလုံးညီညွတ်ရေး ပိုမိုခိုင်မာအောင် ဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။
PPIB
7 902
တပ်သားသစ် ၅ ဦး မစုဆောင်းပေးနိုင်ရင် ကိုယ်တိုင်ဝင်ဖမ်းမယ်လို့ MNDAA ခြိမ်းခြောက်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ဟိုဖျက်ကျေးရွာအုပ်စုမှာ MNDAA က တပ်သားသစ် ၅ ဦး စုဆောင်းပေးဖို့ ကျေးရွာသူကြီးတွေကို ဖိအားပေးနေပြီး မစုဆောင်းပေးနိုင်ရင် ကိုယ်တိုင်ဝင်ဖမ်းမယ်လို့ ခြိမ်းခြောက်…
ဒါ့အပြင် အောက်တိုဘာ ၂၃ ရက်က ဟွေခုတ်ရွာသား ၇ ဦးကို MNDAA က ဖမ်းဆီးခဲ့ပြီး ၅ ဦး ပြန်လွတ်လာပေမယ့် ၂ ဦး ဆက်လက်ဖမ်းဆီးခံထားရတယ်လို့ သိရ…
မှိုင်းဝေ
7 902
ခြိမ်းခြောက်ခံနေရသော
အောင်ဇဗ္ဗူ နှင့် စမ်းရေမိုး...!
လက်ရှိ မြန်မာ့ဇတ်သဘင်လောကရဲ့
လူကြီး လူလတ် လူငယ် ကလေးတွေက အစ
အားပေးချစ်ခင်ခြင်းကို ပိုင်ဆိုင်တဲ့ ဇာတ်မင်းသားဆိုတာ
အောင်ဇဗ္ဗူနဲ့ စမ်းရေးမိုးတို့ဘဲ ရှိလိမ့်မယ်လို့ ယူဆမိပါတယ်။
ဟော့...အခုဆိုရင်
သူတို့နှစ်ယောက်ရဲ့ နေရာကို
နောက်ပိုင်းမင်းသားကြီး ကျော်မိုးထွန်းက
သိမ်းပိုက်ဖို့ ခြေလှမ်းပြင်နေတာကို တွေ့မြင်နေရတယ်။
တကယ်တော့ဗျာ...
သူခိုးမင်းသားကြီး ကျော်မိုးထွန်းဟာ
ဇာတ်မင်းသား အောင်ဇဗ္ဗူလို ရူပါလည်း မရှိသလို
ဇာတ်မင်းသား စမ်းရေမိုးလိုလည်း လှပတဲ့ အပြုံးပိုင်ရှင်လဲ
မဟုတ်ပြန်ဘူးဗျ...။
သူ့မှာ
ပိုင်ဆိုင်ထားတာဆိုလို့
လိမ်နည်းတစ်ထောင် အတတ်ပညာတွေရယ်
ငိုနည်း တစ်သောင်း ကျမ်းစာအုပ်တွေနှင့်
ထမင်းမစားဖူးတဲ့ ငပိန်းတစ်သိုက်ရယ်ပါ...။
အယ်...ပြောဖို့မေ့တာ...
သူခိုးမင်းသားကြီး ကျော်မိုးထွန်းရဲ့ ဇာတ်နာမည်က...
" ခိုးလို့မရရင် ငိုပါမည် - ကျော်မိုးထွန်းလေး လာပါပြီ "
သေရွာပြန်
ဖိုးမှန်
7 902
၂၉-၁၀-၂၀၂၆ (ပုဏ္ဏားကျွန်း)
ယနေ့နံနက်အစောပိုင်း ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းဒေသ မင်းချောင်းတံတားအနီးခိုအောင်းနေတဲ့ အကြမ်းဖက် AA ဘိန်းစားအဖွဲ့များကို တပ်မတော်ဒရုန်းတပ်ဖွဲ့ကချေမှုန်းရှင်းလင်း..
မှိုင်းဝေ
7 902
ယနေ့ ဖောင်တော်ဦးဘုရား ကျောင်းတော်ဝင်ဟဲယာရွာမ အလှပြယဉ်ဖျော်ဖြေမှု။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်
7 902
၂၉-၁၀-၂၀၂၆
အမ်း-ပဒါန်းဒေသအတွင်းခိုးအောင်းနေသောအကြမ်းဖက် AA အဖွဲ့အား တပ်မတော်ကချေမှုန်းသုတ်သင်
-စနိုက်ပါအပါဝင်လက်နက်မျိုးစုံ ၅ လက်၊
-ခဲယမ်းနှင့်
-ကျည်အိမ်များ သိမ်းဆည်းရမိ..
မှိုင်းဝေ
7 902
၂၉-၁၀-၂၀၂၆ ရက်နေ့ ယနေ့ ပုဏ္ဏားကျွန်းဒေသအတွင်းခိုးအောင်းနေသောအကြမ်းဖက် AA အဖွဲ့အား တပ်မတော်ကချေမှုန်းသုတ်သင်ရာ လက်နက်မျိုစုံ ၄ လက်၊ ခဲယမ်းနှင့် ကျည်အိမ်များ သိမ်းဆည်းရမိ..
မှိုင်းဝေ
7 902
+2
အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်းနှင့် ပိုစတာပြိုင်ပွဲ နိုဝင်ဘာ ၁၀ ရက်တွင် စတင်ကျင်းပမည်
===
အခြေခံပညာကျောင်းသား၊ ကျောင်းသူများအတွက် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်းနှင့် ပိုစတာပြိုင်ပွဲကို နိုဝင်ဘာ ၁၀ ရက်မှ ၁၂ ရက်အထိ သုံးရက်ကြာ ကျင်းပမည်ဖြစ်ပြီး ဆုရရှိသူများအား အမြင့်ဆုံး ကျပ် ၁၀ သိန်းအထိ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရပါသည်။
အဆိုပါပြိုင်ပွဲကို နေပြည်တော်ကောင်စီနှင့် မြန်မာအာကာသအေဂျင်စီတို့က ကြီးမှူး၍ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1) ၌ ကျင်းပမည်ဖြစ်ပါသည်။
ပြိုင်ပွဲတွင် အခြေခံပညာမူလတန်းအဆင့်အတွက် “အာကာသအိပ်မက်”၊ အလယ်တန်းအဆင့်အတွက် “လူသားနှင့် အနာဂတ်အာကာသ” နှင့် အထက်တန်းအဆင့်အတွက် “အသုံးချလေ့လာ အာကာသနည်းပညာ” ဟူသည့် ခေါင်းစဉ်များဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
7 902
+1
အီရတ်နိုင်ငံတွင် အဆောက်အဦ ၁၄ လွှာမှ ပြုတ်ကျသေဆုံးခဲ့သည့် မြန်မာအိမ်အကူ မမေဇင်ထွန်း သေဆုံးမှုနှင့်ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် မြန်မာသံရုံးကလည်း ဆက်လက်ဆောင်ရွက်နေ..
မှိုင်းဝေ
7 902
+9
ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေနဲ့ ဌာနဆိုင်ရာရုံးတွေကို ဒုတိယဝန်ကြီး ကြည့်ရှုစစ်ဆေး
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်နဲ့ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်တွေဟာ အောက်တိုဘာ ၂၈ ရက်က ဖလမ်းမြို့မှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေနဲ့ ဌာနဆိုင်ရာရုံးတွေကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။
မြို့မရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးရုံး၊ မြန်မာ့စီးပွားရေးဘဏ်အပါအဝင် ရုံးအဆောက်အအုံတွေ ပြုပြင်ပြီးစီးမှုကို စစ်ဆေးခဲ့သလို မူလတန်းကြိုကျောင်းက ကလေးငယ်တွေကို အာဟာရတွေ ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။ ဖလမ်းယာယီပြည်သူ့ဆေးရုံမှာလည်း Mobile Digital X-ray စက် တပ်ဆင်ပြီး လူနာတွေကို ဓာတ်မှန်စတင်ရိုက်ကူးပေးနေမှုကို ကြည့်ရှုခဲ့ပါတယ်။
ဒါ့အပြင် ဖလမ်းမြို့ရဲ့ ဆက်သွယ်ရေးအဆောက်အအုံတွေနဲ့ ရေပေးဝေရေးစနစ်ကိုလည်း စစ်ဆေးခဲ့ပြီး မြို့ပေါ် ၈ ရပ်ကွက်အတွက် ရေလှောင်ကန်နဲ့ ဖြန့်ဝေရေးကန်တွေကတစ်ဆင့် သောက်သုံးရေ ပေးဝေနေတယ်လို့ သိရပါတယ်။
အကြမ်းဖက်သမားတွေက ကင်းစင်သွားခြင်းရဲ့ အကျိုးကျေးဇူးတွေပေါ့...
မှိုင်းဝေ
7 902
ဘယ်သူကမင်းတို့ကို အသက်ပေးခိုင်းနေလို့လဲ..?
ဦးနှောက်မရှိလို့ တောထဲရောက်တာကိုများ ကြီးကြီးကျယ်ကျယ်နဲ့ ကျေးဇူးတင်ခံချင်နေသေးတယ်..
သူများပျော်နေတာကို မနာလိုနေကြသေးတယ်..
မင်းတို့တော်လှန်ရေးကို ဘယ်သူကမှ စိတ်မဝင်စားတော့ဘူး..
မှိုင်းဝေ
7 902
🎈အတွေးက ဖန်တီးတဲ့ ငရဲ
မဖြစ်သေးတာကို ကြိုပူတယ်။
ဖြစ်ပြီးတာကို ပြန်တွေးပြီး နာကျင်တယ်။
သူများစကားကို တွေးပြီး စိတ်ဆင်းရဲတယ်။
သူများအမြင်ကို တွေးပြီး ကိုယ့်ကိုယ်ကိုယ် နှိပ်စက်တယ်။
တကယ်တော့ တချို့ဒုက္ခတွေဟာ
အပြင်လောကမှာ မရှိသေးဘူး။
ကိုယ့်စိတ်ထဲမှာ ဖြစ်နေတာ။
အဖြစ်အပျက်က တစ်ခါပဲ။
ပြန်တွေးနေတာက အကြိမ်ကြိမ်။
ဒီလိုနဲ့ ဒုက္ခတစ်ခုကို ကိုယ့်အတွေးနဲ့ကိုယ်
အဆပေါင်းများစွာ တိုးပွားစေတယ်။
ငရဲဆိုတာ မီးပူလောင်နေတဲ့နေရာ
တစ်ခုတည်း မဟုတ်ဘူး။
စိတ်ထဲမှာ ဒေါသ၊ သောက
ပူလောင်မှုတွေ မငြိမ်းနိုင်ရင်
ကိုယ်နေနေတဲ့နေရာမှာပဲ ငရဲဖြစ်နေနိုင်တယ်။
အဖြစ်အပျက်ကို အမြဲတမ်း
မထိန်းချုပ်နိုင်ပေမဲ့
အဲဒီအဖြစ်အပျက်ကြောင့်
ကိုယ့်စိတ်ကို ထပ်ခါထပ်ခါ
ညှဉ်းဆဲမနေဖို့တော့
တရားအသိနဲ့ ကြိုးစားနိုင်ပါတယ်။
ဓမ္မဒူတ
ဒေါက်တာအရှင်ပညိဿရ
7 902
မင်္ဂလာနံနက်ခင်းလေးပါ။
မြန်မာပြည်သူပြည်သားအားလုံး
ကျန်းမာကြပါစေ ချမ်းသာကြပါစေ
ဘေးရန်ကြောင့်ကြ ဆင်းရဲခြင်းမှကင်းဝေးနိုင်ကြပါစေ
ကမ္ဘာသူ ကမ္ဘာသားအားလုံး
ကျန်းမာကြပါစေ ချမ်းသာကြပါစေ
ဘေးရန်ကြောင့်ကြ ဆင်းရဲခြင်းမှကင်းဝေးနိုင်ကြပါစေ
၃၁ ဘုံအတွင်း၌ ရှိကြကုန်သော
ဝေနေယျသတ္တဝါအားလုံး ကျန်းမာကြပါစေ
ချမ်းသာကြပါစေ ဘေးရန်ကြောင့်ကြ ဆင်းရဲခြင်းမှ ကင်းဝေးနိုင်ကြပါစေ
စကြာဝဠာအနန္တ၌ရှိကြကုန်သော လူ နတ် ဗြဟ္မာ
သတ္တဝါအားလုံး ကျန်းမာကြပါစေချမ်းသာကြပါစေ
ဘေးရန်ကြောင့်ကြဆင်းရဲခြင်းမှ ကင်းဝေးနိုင်ကြပါစေ
7 902
+9
AA+PDF ၂၈ ဦး လက်နက် ၁၀ လက် ဖြင့်အလင်းဝင်
===========================
၂၈-၁၀-၂၀၂၆ ရက်နေ့ယနေ့ အနောက်တောင်တိုင်းစစ်ဌာနချုပ် တွင် AA တပ်ဖွဲ့ဝင် ၁၅ ဦး၊ PDF ၁ ဦး PDF ၁၂ ဦး၊ စုစုပေါင်း ၂၈ ဦးသည် လက်နက် ၁၀ လက်၊ ကျည်အိမ် ၁၁ ခု၊ကျည် ၁၉၁ တောင့်၊နင်းမိုင်း ၁ လုံးနှင့်အတူ အလင်းဝင်ရောက်ခဲ့ပြီး အလင်းဝင်ရောက်လာတဲ့ လူငယ်များအား ဆုကြေးငွေများပေးအပ်ကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံခဲ့။
နောက်ထပ်အလင်းဝင်လိုတဲ့ ညီငယ်/ညီမငယ်များ အောက်ပါ Telegram Link တွင် ဆက်သွယ်နိုင်ပါတယ်..... 👇👇
Tele Link >> @hminewai1980
မှိုင်းဝေ
7 902
+8
ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
