es
Feedback
Dream World (မြန်မာစာတန်းထိုးဇာတ်ကားများ)

Dream World (မြန်မာစာတန်းထိုးဇာတ်ကားများ)

Ir al canal en Telegram

ကြော်ငြာကိစ္စများ/Daily Postများအပ်ရန် Admအကောင့်သို့ဆက်သွယ်ရန် @Hancock2003/ Ck Lottery/Big Win လက်မခံပါ

Mostrar más
El país no está especificadoLa categoría no está especificada

📈 Análisis del canal de Telegram Dream World (မြန်မာစာတန်းထိုးဇာတ်ကားများ)

El canal Dream World (မြန်မာစာတန်းထိုးဇာတ်ကားများ) (@dreamworld78946) es un actor destacado. Actualmente la comunidad reúne a 27 085 suscriptores, ocupando la posición en la categoría Otro.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 27 085 suscriptores.

Según los últimos datos del 20 septiembre, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -5 629, y en las últimas 24 horas de 6 706, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 3.75%. Durante las primeras 24 horas tras publicar, el contenido suele obtener 4.05% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 1 012 visualizaciones. En el primer día suele acumular 1 094 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 0.

📝 Descripción y política de contenido

El autor describe el recurso como un espacio para expresar opiniones subjetivas:
ကြော်ငြာကိစ္စများ/Daily Postများအပ်ရန် Admအကောင့်သို့ဆက်သွယ်ရန် @Hancock2003/ Ck Lottery/Big Win လက်မခံပါ

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 21 septiembre, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Otro.

27 085
Suscriptores
+6 70624 horas
+3 2837 días
-5 62930 días
Archivo de publicaciones
Spy Thriller ကားကောင်းကောင်း မျှော်နေတဲ့ ဘော်ဒါတွေအတွက် ၂၀၂၆ အစောပိုင်းမှာတင် ထွက်ရှိထားတဲ့ M*r. X ကို တင်ဆက်ပေးလိုက်ပါပြီ။ ဒ
Spy Thriller ကားကောင်းကောင်း မျှော်နေတဲ့ ဘော်ဒါတွေအတွက် ၂၀၂၆ အစောပိုင်းမှာတင် ထွက်ရှိထားတဲ့ M*r. X ကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီကားမှာတော့ ကျွန်တော်တို့ရဲ့ အချစ်တော် မင်းသား Arya က R&AW အေးဂျင့် ဂေါ်တမ် အဖြစ် ပါဝင်ထားပြီး၊ Gautham Karthik ကတော့ rogue agent အဖြစ် အကြိတ်အနယ် အားပြိုင်ထားကြတာပါ။ ဒါ့အပြင် ဝါရင့်မင်းသားကြီး Sarath Kumar နဲ့ မင်းသမီးချော Manju Warrier တို့ပါ ပါဝင်အားဖြည့်ထားကြတာဆိုတော့ Cast ပိုင်းကတော့ ပြောစရာမလိုအောင်ပါပဲ။  ဇာတ်လမ်းကတော့ G*2*0 ထိပ်သီးအစည်းအဝေး ကျင်းပနေချိန်မှာ ချန်နိုင်းမြို့ကြီးကို ဖျက်ဆီးမယ့် နျူကလီးယားစက်ပစ္စည်းတစ်ခုနဲ့အတူ အန္တရာယ်ပြုဖို့ ကြံစည်နေတဲ့ ro*g*ue ag*e*nt အမာရန်ကို ဂေါ်တမ်တစ်ယောက် လိုက်လံနှိမ်နင်းရတာကနေ အစပြုထားတာပါ။ အမာရန်ဆိုတာ နျူကလီးယားစက်ကို စောင့်ရှောက်နေတဲ့ Agent Mr. X ဆိုတဲ့လူကို သွားစောင့်ရှောက်ပေးဖို့လွီတ်လိုက်တဲ့ R*&*A*W ag*e*nt ပေမဲ့ တကယ်တမ်း စက်ပစ္စည်းဆီရောက်မှ အမာရန်က double agentဖြစ်နေတဲ့အခါ ဒီချိန်မှာ အလုပ်ထွက်ပြီး ချစ်သူနဲ့ ဘဝကိုဖြတ်သန်းချင်နေတဲ့ ဂေါ်တမ်ကို Mr. X ကိုသွားကယ်ခိုင်းတဲ့အခါ ချစ်သူနဲ့ပေါင်းဖက်ခါနီးမှ ဂေါ်တမ်တစ်ယောက် M*r X ကို ဘာလို့သွားကယ်တာလဲ M*r. X ဆိုတာဘယ်သူလဲ  အဖြေရှာရင်းနဲ့ နောက်ကွယ်က လျှို့ဝှက်ချက်တွေ ဘယ်လို ဘူးပေါ်သလို ပေါ်လာမလဲဆိုတာကတော့...  တချို့fight scene တွေက တကယ့်ကို စွဲဆောင်မှုရှိပြီး၊ မင်းသား Arya ရဲ့ Action ခန်းတွေကလည်း အမှန်အကန် ဖြုတ်ပြထားတာမို့ အားရစရာကောင်းတဲ့အပြင် ဇာတ်လမ်းက Plot twist တွေနဲ့အတူ အရှိန်အဟုန်အပြည့်နဲ့ တရိပ်ရိပ်သွားနေတာမို့ ပျင်းဖို့အချိန်တောင် ရမှာမဟုတ်ပါဘူး။ သည်းထိတ်ရင်ဖို Action/Thriller အမျိုးအစား ကြိုက်နှစ်သက်သူတွေအတွက်တော့ ဒီကားလေးက အကောင်းဆုံး Choice တစ်ခု ဖြစ်မှာ အသေအချာပါပဲ။ အခုပဲ M*r. X ရဲ့ လျှို့ဝှက်ချက်တွေကို အတူတူ ဖော်ထုတ်ဖို့ ရှုစားလိုက်ရအောင်ပါ။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld782 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld782/99

"အချစ်ဦးနဲ့ လွဲခဲ့ရပေမယ့်... ကိုယ့်အနားမှာ ရှိနေပေးတဲ့ ဇနီးသည်ရဲ့ မေတ္တာကို နားလည်သွားတဲ့အခါ..." ဒီဇာတ်ကားကတော့ လူငယ်လေး Tami
"အချစ်ဦးနဲ့ လွဲခဲ့ရပေမယ့်... ကိုယ့်အနားမှာ ရှိနေပေးတဲ့ ဇနီးသည်ရဲ့ မေတ္တာကို နားလည်သွားတဲ့အခါ..." ဒီဇာတ်ကားကတော့ လူငယ်လေး Tamizh ရဲ့ ဘဝအကြောင်းကို ရိုက်ကူးထားတာပါ။ ပထမပိုင်းမှာ ကျောင်းသားဘဝရဲ့ ရိုမန့်တစ်ဆန်တဲ့ အချစ်ဦးအမှတ်တရတွေကို ချစ်စရာကောင်းအောင် တင်ဆက်ထားပြီး၊ ဒုတိယပိုင်းမှာတော့ အိမ်ထောင်သည်ဘဝရဲ့ တာဝန်သိမှု၊ မိသားစုအပေါ် ထားတဲ့ သံယောဇဉ်တွေကို ခံစားချက်အပြည့်နဲ့ တွေ့မြင်ရမှာပါ။ သူ့ဖခင်အပေါ် စွပ်စွဲလာတဲ့ အမည်းစက်တွေကို ရှင်းလင်းဖို့ ကြိုးစားရင်း ဘဝကို ဘယ်လိုရုန်းကန်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ Dhanush ရဲ့ သဘာဝကျလွန်းတဲ့ သရုပ်ဆောင်ချက်တွေအပြင်၊ မင်းသမီး Amy Jackson နဲ့ Samantha တို့ရဲ့ မတူညီတဲ့ ဆွဲဆောင်မှုတွေကို တစ်ကားတည်းမှာ အမိအရ ခံစားရမှာပါ။ ဘဝအမောတွေကြားက ရင်ထဲထိရှစေမယ့် ဒရာမာကားကောင်းလေးမို့ အခုပဲ ကြည့်လိုက်တော့နော် ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld782 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld782/97 #Credit

မင်းသားနဲ့မင်းသမီးကြည့်ရတာနဲ့တင်တန်နေမဲ့ကား😍😍😍 အိန္ဒိယနိုင်ငံရဲ့အချမ်းသာဆုံးစာရင်းဝင်ဖြစ်တဲ့မင်းသားဟာရှာဟာချမ်းသာပေမယ့်လည်
မင်းသားနဲ့မင်းသမီးကြည့်ရတာနဲ့တင်တန်နေမဲ့ကား😍😍😍 အိန္ဒိယနိုင်ငံရဲ့အချမ်းသာဆုံးစာရင်းဝင်ဖြစ်တဲ့မင်းသားဟာရှာဟာချမ်းသာပေမယ့်လည်း သူ့ဘဝကိုရိုးရိုးရှင်းရှင်းနေထိုင်သူတစ်ဦးဖြစ်ပါတယ် သူတို့အလုပ်ကလူတွေကိုလည်းကြင်ကြင်နာနာနဲ့ကူညီတတ်ပြီးတော့စိတ်ထားကောင်းတဲ့သူတစ်ဦးဖြစ်ပါတယ် တစ်နေ့မှာသူ့အမေနဲ့အတူဘုရားကျောင်းကိုသွားရင်မထင်မှတ်ပဲ ချာရူကိုတွေ့မိပြီးမြင်မြင်ချင်းချစ်မိသွားပါတော့တယ် ချာရူနဲ့နီးစပ်အောင်လုပ်ရင်း ချာရူနဲ့အတူတူ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးကျောင်းကိုတတ်ခဲ့ပါတယ် ချာရူဟာမင်းသားတို့အကြောင်းကို ဆောင်းပါးတစ်ခုမှာဖတ်ခဲ့ရပြီး ဟာရှာအဖေဟာ သူ့တို့ရွာကိုစွန့်ပစ်ခဲ့တဲ့သူတစ်ဦးဖြစ်တဲံသူဆိုတာသိပြီး ဟာရှာနဲ့ဝေးဝေးမှာနေခဲ့ပါတယ် ဒါနဲ့ဟာရှာဟာ သူ့အဖေစွန့်ပစ်ခဲ့တဲ့ထိုမြို့လေးကိုသွားပြီး ထိုရွာလေးကိုပြုပြင်ပြောင်းလဲဖို့ကြိုးစားရာမှ သူမသိသေးတဲ့ အတိတ်ကသူ့အဖေအကြောင်းကိုသိခဲ့တဲ့အပြင် ရွာရဲ့လျှို့ဝှက်ချက်ကိုလည်းတဖြည်းဖြည်းသိရှိလာခဲ့ပါတယ် ဟာရှာဟာဒီရွာလေးကိုဘယ်လိုအန္တရာယ်တွေကြားထဲကနေပြောင်းလဲသွားမလဲဆိုတာ.. ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld782 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld782/95

Helpless (2012) 2012ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Helpless ဇာတ်ကားဟာ ရုပ်ရှင်ရုံတင်သည့် ပထမဆုံးအပတ်မှာပင် လက်မှတ်စောင်ရေ ၆ သိန်းကျေ
Helpless (2012) 2012ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Helpless ဇာတ်ကားဟာ ရုပ်ရှင်ရုံတင်သည့် ပထမဆုံးအပတ်မှာပင် လက်မှတ်စောင်ရေ ၆ သိန်းကျော် ရောင်းချခဲ့ရပါတယ်။ ကိုရီးယား Box Office တွင် အဆင့် (၁) ချိတ်ခဲ့ပြီး ဝက်ဝက်ကွဲရောင်းချခဲ့ရသည့် ဇာတ်ကားကာင်းတစ်ပုဒ်ဖြစ်ပါတယ်။ "မင်း တကယ်ချစ်နေတဲ့သူက ဘယ်သူလဲဆိုတာ မင်းသေချာသိရဲ့လား".... ဒီမေးခွန်းလေးကပင် ဒီဇာတ်ကားရဲ့ အဓိက ကျောရိုးပါပဲ။ ⤵️ - ဇာတ်လမ်းအကျဉ်း - ⤵️ Mun Hoနဲ့ Seon Yeong တို့ဟာ မကြာခင်မှာ လက်ထပ်ကြတော့မယ့် စုံတွဲလေးပါ။ တစ်နေ့မှာတော့ Mun Ho ရဲ့ မိဘတွေဆီ အတူသွားရင်း လမ်းဘေးနားနေစခန်းတစ်ခုမှာ ခဏရပ်နားခဲ့ကြပါတယ်။ ဒါပေမဲ့ Mun Ho တစ်ယောက် ကော်ဖီဝယ်ပြီး ပြန်လာတဲ့အခါမှာတော့ ကားစက်နှိုးလျက်သားနဲ့ မိုးထဲလေထဲမှာ Seon Yeong တစ်ယောက် ရုတ်တရက် အစအနရှာမရအောင် ပျောက်ဆုံးသွားခဲ့ပါတယ်။ ပျောက်ဆုံးသွားတဲ့ Seon Yeongကို ရှာဖို့အတွက် Mun Ho ဟာ စုံထောက်ဟောင်းတစ်ဦးဖြစ်တဲ့ သူ့ရဲ့ဝမ်းကွဲအစ်ကို Jong Geun ကို အကူအညီတောင်းခဲ့ပါတယ်။ အစပိုင်းမှာတော့ ပိုက်ဆံမက်လို့ ကူညီပေးခဲ့တဲ့ Jong Geun တစ်ယောက် စုံစမ်းရင်းနဲ့မှ Mun Ho ချစ်ခဲ့ရတဲ့ အမျိုးသမီးရဲ့ နောက်ကွယ်က ထိတ်လန့်စရာကောင်းတဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်နိုင်ခဲ့တဲ့အခါမှာတော့... Seon Yeong ဘာကြောင့် ဒီလို ပျောက်ကွယ်သွားရတာလဲ ဆိုတာနဲ့ ပတ်သက်ပြီးပဟေဠိတွေကို တစ်ခုပြီးတစ်ခု ဖြေရှင်းရင်း ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုသွားရမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်မို့ Mysteryကြိုက်တဲ့ ပရိသတ်များ လက်မလွတ်သင့်တဲ့ Helpless (2012) ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်... ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/117

လူသားတွေထက်တောင် စိတ်ရင်းကောင်းတဲ့ ရေဘဝဲတကောင်အကြောင်း ======================= ဒီဇာတ်ကားလေးကတော့ ရေဘဝဲတစ်ကောင်နဲ့ လူနှစ်ယောက်
လူသားတွေထက်တောင် စိတ်ရင်းကောင်းတဲ့ ရေဘဝဲတကောင်အကြောင်း ======================= ဒီဇာတ်ကားလေးကတော့ ရေဘဝဲတစ်ကောင်နဲ့ လူနှစ်ယောက်ကြားမှာ ထူးခြားတဲ့ဇာတ်အိမ်လေးနဲ့ ရိုက်ကူးတင်ဆက်ထားတဲ့ ဆွတ်ပျံ့ကြည်နူးဖွယ်ရာ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ S-o-we-ll Bay ငါးပြတိုက်မှာ ညပိုင်းသန့်ရှင်းရေးလုပ်တဲ့ အသက်ကြီးပိုင်းအမျိုးသမီး To-va (Sa-lly Fi-el-d) နဲ့ ငါးပြတိုက်ထဲက ထက်မြက်လွန်းတဲ့ ရှစ်လက်ဝယ်ငါး (Oct-opus) ကြီး Mar-cell-us (Alfr-ed M-ol-in-a ရဲ့ အသံသရုပ်ဆောင်) တို့ကြားက ထူးခြားတဲ့ သံယောဇဉ်ကို အခြေခံထားတာပါ။ Tov-a ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ပျောက်ဆုံးသွားတဲ့ သားဖြစ်သူရဲ့ အပူတွေနဲ့ အထီးကျန်နေသူဖြစ်ပြီး Ma-rcel-lus ကတော့ သူမရဲ့ နာကျင်မှုတွေကို နားလည်ပေးနိုင်သူ ဖြစ်လာပါတယ်။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/115

ခန္ဓာကိုယ်ချင်း လွဲသွားတဲ့ တိရစ္ဆာန်နှစ်ကောင်… ➪➪➪➪➪➪➪➪➪➪➪➪➪➪ ဇာတ်လမ်းအကျဉ်းကတော့ Swapped မှာ တောအုပ်ထဲမှာ နေထိုင်တဲ့ တိရစ္ဆာ
ခန္ဓာကိုယ်ချင်း လွဲသွားတဲ့ တိရစ္ဆာန်နှစ်ကောင်… ➪➪➪➪➪➪➪➪➪➪➪➪➪➪ ဇာတ်လမ်းအကျဉ်းကတော့ Swapped မှာ တောအုပ်ထဲမှာ နေထိုင်တဲ့ တိရစ္ဆာန်နှစ်ကောင်ဟာ အမြဲတမ်း တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေကြတဲ့သူတွေပါ။ ဒါပေမယ့် မထင်မှတ်တဲ့ မှော်စွမ်းအားတစ်ခုကြောင့် သူတို့နှစ်ယောက် ခန္ဓာကိုယ်ချင်း လဲသွားပါတော့တယ်။ အစမှာတော့ ကိုယ့်ခန္ဓာကိုယ်မဟုတ်တဲ့ နေရာမှာ နေရတာကြောင့် အဆင်မပြေမှုတွေ၊ ဟာသတွေ တောက်လျှောက်ဖြစ်နေပြီး တစ်ယောက်ကိုတစ်ယောက် ပိုစိတ်တိုလာကြပါတယ်။ ဒါပေမယ့် တစ်ယောက်ဘဝကို တစ်ယောက် ကိုယ်တိုင်ကြုံလာရတဲ့အချိန်မှာတော့ အရင်က နားမလည်ခဲ့တဲ့ အရာတွေကို နားလည်လာကြပါတယ်။ အဲ့ဒီလိုနဲ့ တဖြည်းဖြည်း ခင်မင်လာကြပြီး တောအုပ်ကို ကျရောက်လာတဲ့ အန္တရာယ်တစ်ခုကို အတူတူ ရင်ဆိုင်ကြရပါတော့တယ်။ နောက်ဆုံးမှာ သူတို့ မူလခန္ဓာကိုယ်ကို ပြန်ရနိုင်မလား… ဒါမှမဟုတ် ဒီအတိုင်းပဲ ဆက်နေရတော့မလားဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ် ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/113

‎ ‎ဇာတ်လမ်းအကျဉ်း ‎ ‎နှစ်ပေါင်းများစွာ ကြိုးစားတည်ဆောက်ခဲ့ရတဲ့ ဒြပ်စင်လေးပါး ငြိမ်းချမ်းရေးကြီး ပျက်စီးသွားဖို့ အန္တရာယ်ရှိလာ
‎ ‎ဇာတ်လမ်းအကျဉ်း ‎ ‎နှစ်ပေါင်းများစွာ ကြိုးစားတည်ဆောက်ခဲ့ရတဲ့ ဒြပ်စင်လေးပါး ငြိမ်းချမ်းရေးကြီး ပျက်စီးသွားဖို့ အန္တရာယ်ရှိလာတဲ့အခါ... Aang နဲ့ သူငယ်ချင်းတစ်စုဟာ နောက်ထပ်တစ်ကြိမ် ကမ္ဘာအနှံ့ ခရီးထွက်ခဲ့ကြရပါတယ်။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ ရန်သူက ပြင်ပကတင်မကဘဲ သူတို့ရဲ့ လေမျိုးနွယ်စု ယဉ်ကျေးမှုနဲ့ ရှေးဟောင်းစွမ်းအားတွေကို ဖျက်ဆီးမယ့် လျှို့ဝှက်ချက်တွေဆီကပါ လာနေတာပါ။ လူကြီးဘဝရဲ့ တာဝန်ဝတ္တရားတွေ၊ စိတ်ပိုင်းဆိုင်ရာ ရုန်းကန်မှုတွေကြားမှာ Avatar တစ်ယောက်အနေနဲ့ ငြိမ်းချမ်းရေးကို ဘယ်လိုထိန်းသိမ်းမလဲဆိုတာ ရင်တဖိုဖိုနဲ့ ကြည့်ရှုရမှာပါ။ ‎ ‎ဒီရုပ်ရှင်မှာ အရင်ကလို 2D ရသကိုမှ ခေတ်မီတဲ့ CG နည်းပညာတွေနဲ့ ပေါင်းစပ်ထားလို့ ရုပ်ထွက်က တကယ့်ကို မှင်သက်စရာပါ။ အထူးသဖြင့် Eric Nam က Aang အဖြစ်လည်းကောင်း၊ Dave Bautista က ဗီလိန်နေရာကလည်းကောင်း အသံသရုပ်ဆောင်ထားတာက ဇာတ်လမ်းကို ပိုပြီး လေးနက်ခိုင်မာစေပါတယ်။ လူကြီးတွေဖြစ်သွားတဲ့ Katara, Sokka, Zuko နဲ့ Toph တို့ရဲ့ အမိုက်စား ဒီဇိုင်းသစ်တွေနဲ့ တိုက်ခိုက်ရေးခန်းတွေကို ‎ ‎ချန်နယ်လင့်🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽 https://t.me/dreamworld2/111

ဘောင်းဘီပြဲခဲ့သော အတိတ်မှ... H_e-a_r-tm_a-n: R-o_c-k a-n_d Lo-v_e (2-0-2-6) IMDB ⭐️ 5.7/10 Hitman: Agent Jun ထဲက မင်းသားကြီး
ဘောင်းဘီပြဲခဲ့သော အတိတ်မှ... H_e-a_r-tm_a-n: R-o_c-k a-n_d Lo-v_e (2-0-2-6) IMDB ⭐️ 5.7/10 Hitman: Agent Jun ထဲက မင်းသားကြီး Kwon Sang-woo  နဲ့ Flower of Evil ထဲက မမ Moon Chae-won တို့ရဲ့ အချစ်ဟာသကားလေး.. ကလေးမချစ်တဲ့ အချစ်ဦးနဲ့ ပြန်ဆုံချိန်မှာ သမီးရှိတာကို ဖုံးကွယ်ထားရတဲ့ Single Father တစ်ယောက်ရဲ့ လျှို့ဝှက်ချက်က ဘယ်လို အလှည့်အပြောင်းတွေ သယ်ဆောင်လာမလဲ.. ဘောင်းဘီပြဲပြီး လူနာတင်ကားစီးသွားရတဲ့ အတိတ်က အရှက်ရစရာ Incident ကနေ အခုတော့ ကလေးမချစ်တဲ့ Crush ရဲ့အချစ်ကို ရဖို့ ကြိုးစားရတဲ့အထိ.. ကလေးမရှိမှ အချစ်က ပြည့်စုံမှာလား.. ဒါမှမဟုတ် မိသားစုဆိုတဲ့ အဓိပ္ပာယ်က ပိုပြီး နက်ရှိုင်းတာလား.. ဒီရုပ်ရှင်ဟာ ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ အာဂျင်တီးနား ရုပ်ရှင် "No Kids" ကို တောင်ကိုရီးယား Cinematic Style နဲ့ အကောင်းဆုံး Remake ပြန်လုပ်ထားတာ ဖြစ်ပါတယ်။ ကလေးမချစ်တဲ့ လူငယ်တွေရဲ့ Modern အတွေးအမြင်နဲ့ မိဘတစ်ယောက်ရဲ့ တာဝန်ဝတ္တရားကြားက ပဋိပက္ခတွေကို ပေါ့ပေါ့ပါးပါး Rom-com  အမျိုးအစားအဖြစ် ဖန်တီးထားတာမို့လို့ ပရိသတ်တွေအတွက် ဆန်းသစ်တဲ့ Vibe မျိုး ပေးစွမ်းမှာပါ။ လူကြိုက်များခဲ့တဲ့ "Hitman: Agent Jun" ရဲ့ ဒါရိုက်တာ Choi Won-sub က ပဲ့ကိုင်ပေးထားပြီး ဇာတ်ညွှန်းကိုတော့ Lee Soo-ah က ရေးသားထားတာမို့ လွှတ်ကနဲ ရယ်မောလိုက်ရမဲ့ ဟာသအကွက်တွေ စိတ်ချလက်ချ မျှော်လင့်လို့ရပါတယ်။ ဇာတ်လမ်းရဲ့ အစကတော့ အတိတ်က ကျောင်းသားပွဲတော်တစ်ခုမှာ ဆန်းမင်း တစ်ယောက် ဘိုနာရှေ့ အရှက်ရခဲ့တဲ့ Incident လေးကနေ စတင်ခဲ့တာပါ။ အဲဒီနောက်ပိုင်း ဘိုနာတစ်ယောက် ပြည်ပကို ထွက်ခွာသွားခဲ့ပြီး နှစ်တွေအကြာမှာ ဆန်းမင်းက အိမ်ထောင်ကွဲ တစ်ခုလပ်အဖြစ် သမီးလေး ဆိုယောင်းနဲ့အတူ ဘဝကို ဖြတ်သန်းနေပါတယ်။ တစ်နေ့မှာတော့ သူ့ရဲ့ အတိတ်က အချစ်ဦး ဘိုနာနဲ့ မမျှော်လင့်ဘဲ ပြန်ဆုံတွေ့တဲ့အခါမှာတော့ အချစ်မီးတွေ တစ်ကျော့ပြန် တောက်လောင်လာခဲ့ပါတယ်။ ဒါပေမဲ့ ပြဿနာက ဘိုနာဟာ သားသမီးမယူဘဲ အေးဆေးနေချင်တဲ့ Strict No-Kids Lifestyle သမား ဖြစ်နေတာပါပဲ။ ဘိုနာရဲ့ အချစ်ကို ရဖို့အတွက် ဆန်းမင်း တစ်ယောက် မိမိမှာ သမီးလေးရှိနေတာကို ဖုံးကွယ်ဖို့ ကြိုးစားရင်း ဖြစ်ပေါ်လာမဲ့ ရှုပ်ထုပ်ရှုပ်ချက် ဟာသ Vibe တွေက ပရိသတ်ကို တခိခိနဲ့ ရယ်မောနေရစေမှာပါ။ တစ်ဖက်ကလည်း သမီးဖြစ်သူရဲ့ ကူညီပေးမှုတွေ၊ သားအဖကြားက နွေးထွေးတဲ့ သံယောဇဉ် Feel တွေကိုပါ ရရှိစေမှာ ဖြစ်ပါတယ်။ နှလုံးသားကို နွေးထွေးစေမဲ့ Rock ဂီတသံစဉ်တွေနဲ့အတူ ချစ်ခြင်းမေတ္တာရဲ့ အဓိပ္ပာယ်ကို အသစ်တစ်မျိုး ခံစားရစေမဲ့ ဇာတ်လမ်းလေးမို့ ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/109

Lee Cronin's The Mummy (2026) "Evil Dead Rise" ကားကို ရို-က်ခဲ့တဲ့ ဒါရို-က်တာ Lee Cronin ရဲ့ ၂၀၂၆ ထွက် Horror ကားအသစ် "Lee Cr
Lee Cronin's The Mummy (2026) "Evil Dead Rise" ကားကို ရို-က်ခဲ့တဲ့ ဒါရို-က်တာ Lee Cronin ရဲ့ ၂၀၂၆ ထွက် Horror ကားအသစ် "Lee Cronin's The Mummy" ရပါပြီ။ ဒီကားက ရှေးဟောင်းအီဂျစ်ဂူတွေထဲက Mummy ဇာတ်လမ်းတွေနဲ့ မတူဘဲ မိသားစုအရေးနဲ့ သည်-းထိ-တ်ရ-င်ဖိုကို ပေါင်းစပ်ထားတဲ့ ပုံစံမျိုးလေးပါ။ ဇာတ်လမ်းအကျဉ်း ++++++++ ဇာတ်လမ်းကတော့ သတင်းထော-က်တစ်ယောက်ရဲ့ သမီးငယ်လေး သဲ-က-န္တာ-ရထဲမှာ သဲ-လွ-န်စ-မရှိဘဲ ပျော-က်သွားရာကနေ စထားတယ်။ ၈ နှစ်လောက်ကြာတော့ မိသားစုလည်း စိ-တ်ပျ-က်လ-က်ပျ-က် ဖြစ်နေပြီပေါ့။ ဒါပေမဲ့ တစ်နေ့ကျတော့ အဲဒီကောင်မလေး ရု-တ်တ-ရ-က် ပြန်ရောက်လာတဲ့အတွက် အကုန်လုံး အံ့-ဩသွားကြတယ်။ တကယ်ဆိုရင် သမီးလေး ပြန်တွေ့တဲ့အတွက် ပျော်စရာ တွေဖြစ်သင့်ပေမဲ့ အဲဒီလို မဟုတ်ဘဲ အိပ်မက်ဆို-းကြီးတစ်ခုလို ကြော-က်စရာကောင်းတဲ့ ကိစ္စတွေ ဆ-က်တို-က် ဖြစ်လာပါတော့တယ်။ ဘာတွေ ဆက်ဖြစ်မလဲ၊ သဲ-က-န္တာ-ရထဲမှာ ၈ နှစ်လောက် ဘာတွေ-ကြုံ-ခဲ့ရလဲ ဆိုတာကို ရင်တမမနဲ့ ကြည့်ရမယ့် ကားပါ။ Horror နဲ့ Mystery ခပ်မို-က်မို-က် ကြိုက်တဲ့သူတွေ သဘောကျမယ့် ကားလေးမို့ ကြည့်ကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld6543 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld6543/83

The Gentleman (2025) ၂၀၂၅ မှာ ထွက်ရှိထားတဲ့ စပိန်နိုင်ငံထုတ် Action Thriller ကားအကြ-မ်းစားကြီးပါ။ ဒီကားက နာမည်ကြီးစာရေးဆရာ Ca
The Gentleman (2025) ၂၀၂၅ မှာ ထွက်ရှိထားတဲ့ စပိန်နိုင်ငံထုတ် Action Thriller ကားအကြ-မ်းစားကြီးပါ။ ဒီကားက နာမည်ကြီးစာရေးဆရာ Carlos Augusto Casas ရဲ့ ဝတ္ထုကို ပြ-န်ရို-က်ထားတာဖြစ်ပြီး၊ ဇာတ်လမ်းက တော်တော်လေးကို ရ-င်န-င့်ဖို့ကောင်းသလို အေးစက်စက်နဲ့ ကြ-မ်းတာမျိုးပါ။ ဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင်က Theo ဆိုတဲ့ အဘို-းကြီးတစ်ယောက်ပါ။ သူက အသ-က်ကြီးပြီဖြစ်သလို ဘ-ဝမှာလည်း တစ်ယောက်တည်း အထီ-းကျ-န်နေတဲ့သူပေါ့။ သူ့ဘ-ဝရဲ့ တစ်ခုတည်းသော ပျော်ရွှင်မှုက Olga လို့ခေါ်တဲ့ မိန်းကလေးတစ်ယောက်ပါ။ သူက ပြ-ည့်တ-န်ဆ-ာတစ်ယောက်ဖြစ်ပေမယ့် Theo အတွက်တော့ သူက သမီးလေးတစ်ယောက်လို၊ သူငယ်ချင်းတစ်ယောက်လို ဘ-ဝရဲ့ အလင်းရောင်လေးပေါ့။ သူတို့နှစ်ယောက်ဟာ အပ-တ်တိုင်း ကြာသပတေးနေ့မှာ တွေ့ကြပြီး စကားတွေပြော၊ ဘ-ဝအကြောင်းတွေ မျှ-ဝေကြလေ့ရှိပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ Olga ဟာ ရ-က်ရ-က်စ-က်စ-က် အ-တ်-ခံလိုက်ရပါတယ်။ ဒီသတ-င်းကို ကြားလိုက်ရတဲ့အခါ Theo ရဲ့ ကမ္ဘာ-ကြီ-းတစ်ခုလုံး ပြို-လဲသွားသလို ခံစားလိုက်ရပါတယ်။ ရဲ-တွေကလည်း Olga လို မိန်းကလေးမျိုးရဲ့ အ-မှုဆိုတော့ သေချာဂရုမစိုက်ကြပါဘူး။ ဒီမှာတင် Theo က ဆုံးဖြ-တ်ချက်တစ်ခု ချလိုက်ပါတယ်။ အဲဒါကတော့ "သူကိုယ်တိုင် တ-ရား-မျှ-တမှုကို ရှာမယ်" ဆိုတာပါပဲ။ Theo ဟာ အသ-က်ကြီးပြီဖြစ်ပေမယ့် သူ့မှာ အရင်က ဖုံးကွယ်ထားတဲ့ အရည်အချင်းတွေ ရှိနေပုံရပါတယ်။ သူဟာ Olga ကို -တ်ခဲ့တဲ့သူတွေကို တစ်ယောက်ပြီးတစ်ယောက် နောက်ယောင်ခံလိုက်ပြီး လ-က်စာ-းချေ-ဖို့ ပြင်ဆင်ပါတော့တယ်။ ဒါဟာ ရိုးရိုးလ-က်စာ-းချေ-တာမျိုး မဟုတ်ဘဲ "တောထဲမှာ သ-ားကော-င်ကို ချော-င်းနေတဲ့ကျ-ားတစ်ကော-င်" လိုမျိုး ရ-က်စ-က်ပြီး တိကျတဲ့လ-က်စာ-းချေ-မှုမျိုးပါ။ ဇာတ်လိုက်အဖြစ် သရုပ်ဆောင်ထားတဲ့ Ron Perlman က တကယ့်ကို ဝါရင့်သရုပ်ဆောင်ပီပီ စကားသိပ်မပြောဘဲ မျ-က်လုံ-းတွေ၊ အမူအရာတွေနဲ့တင် လူကို စွဲဆောင်သွားတာပါ။ ကားတစ်ကားလုံးက မိုး-အုံ့-အုံ့ အရော-င်မျိုးကို သုံးထားပြီး မြို့ပြရဲ့ အမှော-င်ဘက်ခြ-မ်းကို သေချာ ပုံဖော်ထားပါတယ်။ အက်ရှင်ခန်းတွေက အရမ်းကြီး ပလူပျံနေတာမျိုး မဟုတ်ဘဲ တစ်ချက်ချင်းစီ ထိထိမိမိနဲ့ အရမ်းရ-င်ထိ-တ်စရာကောင်းပါတယ်။ "ကိုယ့်အတွက် အဖိုးတန်ဆုံးလူကို ဆုံးရှုံးလိုက်ရတဲ့ အဖိုးကြီးတစ်ယောက်က၊ မြို့ပြဆိုတဲ့ တောအုပ်ကြီးထဲမှာ သ-ား-ရဲတစ်ကော-င်လို ပြန်ပြောင်းလဲပြီး လ-က်စ-ားချေတဲ့ဇာတ်လမ်း" ပါပဲ။ ဒီကားက John Wick လိုမျိုး မြန်ဆန်တဲ့ အ-က်ရှ-င်ထက်၊ The Equalizer လိုမျိုး ခပ်အေးအေးနဲ့ အကြ-မ်းစား လ-က်စ-ားချေ-တဲ့ကားမျိုး ကြိုက်တဲ့သူတွေအတွက်တော့ ကွက်တိပါပဲ။ တကယ်ကို ရင်ထဲထိမယ့် Thriller ကားကောင်းတစ်ကားလို့ ပြောရမှာပါ။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/106

သေမင်းတမန် Biker (သို့) ရပ်တန့်မရနိုင်သော ကံကြမ္မာ D_e-a_t-h C-y_c-l_e (2-0-2-6) IMDB ⭐️ 5/10 ဇာတ်လမ်းအကျဉ်း အမှောင်ထု ကြီးစိ
သေမင်းတမန် Biker (သို့) ရပ်တန့်မရနိုင်သော ကံကြမ္မာ D_e-a_t-h C-y_c-l_e (2-0-2-6) IMDB ⭐️ 5/10 ဇာတ်လမ်းအကျဉ်း အမှောင်ထု ကြီးစိုးတဲ့ ညတစ်ညမှာ ညီအစ်မနှစ်ယောက်ရဲ့ ဘဝဟာ ရက်စက်တဲ့ ယာဉ်တိုက်မှုတစ်ခုကြောင့် ရုတ်ချည်း ပြောင်းလဲသွားခဲ့တယ်။ ကားမောင်းသမားဟာ သက်သေဖျောက်ဖို့အတွက် ဒဏ်ရာပြင်းပြင်းထန်ထန် ရနေတဲ့ ညီမဖြစ်သူကိုပါ ရက်ရက်စက်စက် သတ်သွားခဲ့ပေမဲ့... အစ်မဖြစ်သူက သေမင်းဆီက ရုန်းထွက်လွတ်မြောက်လာတဲ့ကိုတော့ သူ မသိခဲ့ပါဘူး။ မျက်မြင်သက်သေ အစ်မဖြစ်သူက တရားခံကို ဖော်ထုတ်ခဲ့ပေမဲ့... ငွေနဲ့ အာဏာရှိတဲ့ အသိုင်းအဝိုင်းက အရာရာကို ဖုံးဖိပြီး သူ့ရဲ့ စွပ်စွဲချက်တွေကို ဖိနှိပ်ပစ်ခဲ့ကြပါတယ်။ ဒါပေမဲ့ တရားဥပဒေက မျက်ကွယ်ပြုထားတဲ့ တရားမျှတမှုကို “သူ” က ကိုယ်တိုင် လာယူပေးတဲ့အခါမှာတော့... အာဏာရှိ မိသားစုဝင်တွေ တစ်ယောက်ပြီးတစ်ယောက် ရက်ရက်စက်စက် အသတ်ခံလာရပြီး အခင်းဖြစ်နေရာတိုင်းမှာ အနက်ရောင် ဦးထုပ်ဆောင်းထားတဲ့ “Biker” တစ်ယောက်ကလွဲလို့ ဘာသဲလွန်စမှ ကျန်မနေခဲ့ပါဘူး။ ဒီအမှုဆိုးကြီးကို စုံစမ်းဖို့အတွက် မိသားစုက သတင်းထောက်ဖြစ်တဲ့ မောင်လေးကို ပြန်ခေါ်ခဲ့ရတဲ့အခါ... တကယ်တော့... သွေးအေးအေးနဲ့ အမဲလိုက်နေတဲ့ အနက်ရောင် Biker က ဘယ်သူများလဲ? နာကျည်းချက်တွေနဲ့ ပြည့်နေတဲ့ နစ်နာသူ မိသားစုဝင်တစ်ယောက်လား? ဒါမှမဟုတ် တရားဥပဒေအထက်က နတ်ဆိုးတွေကို အပြစ်ပေးမဲ့ သေမင်းတမန်လား? သွေးကြွေးကို သွေးကြွေးနဲ့ ဆပ်တာကရော တကယ့် တရားမျှတမှုရော ဟုတ်နိုင်ပါ့မလား? ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/104

မင်္ဂလာဦးညမှာ ဘယ်သူ့ကို tတ်မလဲ A_n E-n_e-m_y W-i-t_h-i_n (2-0-2-6) IMDB ⭐️ 4.5/10 "မင်္ဂလာဦးညမှာ ယောက္ခမကို သတ်မလား၊ ကိုယ်ချစ
မင်္ဂလာဦးညမှာ ဘယ်သူ့ကို tတ်မလဲ A_n E-n_e-m_y W-i-t_h-i_n (2-0-2-6) IMDB ⭐️ 4.5/10 "မင်္ဂလာဦးညမှာ ယောက္ခမကို သတ်မလား၊ ကိုယ်ချစ်ရတဲ့ သတို့သမီး အသတ်ခံရတာကို ထိုင်ကြည့်နေမလား" မင်္ဂလာပွဲဆိုတာ လူတစ်ယောက်ရဲ့ဘဝမှာ အပျော်ဆုံးနေ့တစ်နေ့ပါ။ ဒါပေမဲ့ ကိုယ့်ရဲ့မင်္ဂလာဦးညဟာ သွေးစွန်းတဲ့ ညတစ်ညဖြစ်လာမယ်ဆိုရင်ရော… Narnia ဇာတ်ကားတွေထဲက ပီတာလို့ ပြောလိုက်ရင် အားလုံးသိကြမယ့် ပရိသတ်အချစ်တော် မင်းသားချော William Moseley ခေါင်းဆောင်ပါဝင်ထားတဲ့ အသစ်စက်စက် Action Thriller ကားကြမ်းကြမ်းလေးတစ်ကားကို ဘော်ဒါတို့အတွက် ခုပဲ တင်ဆက်ပေးလိုက်ပါပြီ။ ဇာတ်လမ်းကတော့ ကေလက်ဘ်ဆိုတဲ့ လူငယ်လေးဟာ ချမ်းသာပြီး အာဏာရှိတဲ့ မိသားစုတစ်ခုက ကောင်မလေး ဂျူလီယာနဲ့ လက်ထပ်လိုက်ပါတယ်။ ဇိမ်ခံဟိုတယ်ကြီးတစ်ခုမှာ မင်္ဂလာဧည့်ခံပွဲကို အကြီးအကျယ်ကျင်းပနေတုန်းမှာပဲ ကေလက်ဘ်ရဲ့ အိတ်ကပ်ထဲကို ဂြိုဟ်တုဖုန်းတစ်လုံး ရောက်လာပါတယ်။ အဲဒီဖုန်းထဲကနေ "ဝံပုလွေ" လို့ခေါ်တဲ့ ကြေးစားလူသတ်သမားတစ်ယောက်က ဆက်လာပြီး "ညသန်းခေါင်မတိုင်ခင် မင်းရဲ့ ယောက္ခမဖြစ်သူကို သတ်... မသတ်ရင် မင်းရဲ့ သတို့သမီး သေမယ်" ဆိုပြီး ရွေးချယ်စရာမရှိတဲ့ အကြပ်အတည်းတစ်ခုကို ဖန်တီးလိုက်ပါတော့တယ်။ အပြင်မှာတော့ မင်္ဂလာပွဲလာ ဧည့်သည်တွေက သီချင်းသံတွေနဲ့ ပျော်ပျော်ပါးပါး ကခုန်နေကြပေမဲ့၊ အထဲမှာတော့ ကေလက်ဘ်တစ်ယောက် အချိန်နဲ့အမျှ အသက်လုနေရပါပြီ။ အချိန်ကလည်း တဖြည်းဖြည်း ကုန်လာသလို၊ ဒီချမ်းသာတဲ့ မိသားစုနောက်ကွယ်က အကျင့်ပျက်ခြစားမှုတွေ၊ ရက်စက်တဲ့ လျှို့ဝှက်ချက်တွေကလည်း ဘူးပေါ်သလို တစ်ခုပြီးတစ်ခု ပေါ်လာတဲ့အခါ… ကိုယ်ချစ်ရတဲ့ မိန်းမကို ကယ်ဖို့အတွက် ကေလက်ဘ်တစ်ယောက် လူသတ်သမားဘဝကို ခံယူမလား... ဒီပဟေဠိဆန်တဲ့ The Wolf ရဲ့ တကယ့်ရည်ရွယ်ချက်ကရော ဘာလဲ... ဆိုတာကို ဇာတ်လမ်းအစကနေ အဆုံးထိ ရင်တမမနဲ့ ကြည့်ရှုရမှာပါ။ Ready or Not လိုမျိုး Single-location thriller ဇာတ်ကွက်မျိုးကိုမှ သဘောကျတဲ့သူတွေ၊ အချိန်နဲ့အမျှ ပြေးနေရတဲ့ Cat and Mouse လို Survival Action ကားတွေကို ကြိုက်တဲ့သူတွေအတွက်တော့ ဒီကားက အကြိုက်တွေ့စေမှာ အသေအချာပါပဲ။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/102

ခိုးယူခံရ‌သော အရိပ် (盗影迷局) The Lost Shadow 2026 "တစ်ခါတလေကျရင် ကျေးဇူးတရားဆိုတာ ဝတ်ရုံတစ်ခုလို ကိုယ့်ကို နွေးထွေးစေပေမဲ့ အဲဒီ
ခိုးယူခံရ‌သော အရိပ် (盗影迷局) The Lost Shadow 2026 "တစ်ခါတလေကျရင် ကျေးဇူးတရားဆိုတာ ဝတ်ရုံတစ်ခုလို ကိုယ့်ကို နွေးထွေးစေပေမဲ့ အဲဒီဝတ်ရုံကပဲ ကိုယ့်ကို အမှောင်ထုထဲ ဆွဲခေါ်သွားတဲ့ ကြိုးတစ်ချောင်းလည်း ဖြစ်နေရင်..." လူ့သဘာဝရဲ့ အားနည်းချက်ကို အသုံးချပြီး လှည့်စားတတ်တဲ့ လောကကြီးအကြောင်းကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် ကားမျိုးဖြစ်တာမို့ အကြိုက်တွေ့စေမှာပါ ဇာတ်လမ်းအကျဉ်း 📝 Chen Jianye ဟာ လေဖြတ်နေတဲ့ မိခင်အိုကြီးကို အကောင်းဆုံး ပြုစုစောင့်ရှောက်ဖို့အတွက် ငွေကြေးအသည်းအသန် လိုအပ်နေသူတစ်ဦးပါ ဒီလိုအားနည်းချက်ကို သိတဲ့ Shi Daokuan ရဲ့ လှည့်စားမှုကို ယုံမိပြီး Chen JianYe ဟာ မတော်တဆ ကြီးလေးတဲ့ ခိုးမှုတစ်ခုထဲမှာ ပါဝင်ပက်သက်မိသွားပါတယ် အမှားကို သိလို့ ရဲစခန်းမှာ ဝန်ခံဖို့ ပြင်ဆင်နေချိန်မှာပဲ Shi DaoKuan က သူ့အပေါ်မှာ ထားခဲ့တဲ့ အပေါ်ယံ ကျေးဇူးတရားတွေနဲ့ ပြန်လည်နှောင်ဖွဲ့လိုက်တာကြောင့် Chen JianYe ဟာ ပိုပြီး နက်ရှိုင်းတဲ့ ရာဇဝတ်မှုတွင်းထဲကို ကျဆင်းသွားခဲ့ရပါတယ် ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ Shi Daokuanရဲ့ အတ္တကြီးမှုနဲ့ လောဘဇာတ်ရုပ် အစစ်အမှန် ပေါ်လာတဲ့အခါမှာတော့ Chen JianYe ဟာ မိသားစုအပေါ်ထားတဲ့ သံယောဇဉ်နဲ့ ဥပဒေကြားမှာ နောက်ဆုံး ဘယ်လိုဆုံးဖြတ်ချက်ကို ချလိုက်မလဲဆိုတာ.... ဒီကားမှာ ငွေကြောင့် အမှားလုပ်မိသူ နဲ့ ကျေးဇူးတရားကို လက်နက်သဖွယ် အသုံးချသူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ အားပြိုင်မှုကို  ထိထိမိမိ ရိုက်ပြထားတဲ့အပြင် အမှောင်ထဲက ရုန်းထွက်ပြီး အလင်းကို ရှာဖွေမယ့် ဒီခရီးစဉ်ကို SoulKingdom မှာ အခုပဲ အားပေးကြည့်ရှုလိုက်ရအောင် ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/100

Skinjacker (2025) တောင်ပေါ်လမ်းမှာ အလင်းတန်းကြီးတစ်ခု ဖြတ်သွားပြီးနောက် Shaun တို မိဘတွေ လျှိဝှက်စွာ ပျောက်ဆုံးသွားတဲ့ ဖြစ်ရပ
Skinjacker (2025) တောင်ပေါ်လမ်းမှာ အလင်းတန်းကြီးတစ်ခု ဖြတ်သွားပြီးနောက် Shaun တို မိဘတွေ လျှိဝှက်စွာ ပျောက်ဆုံးသွားတဲ့ ဖြစ်ရပ်ဆန်းကြီးတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အကူအညီတောင်းဖို ကြိုးစားပေမဲ့ လမ်းမှာရှိသမျှ ကားတွေနဲ့ စက်ပစ္စည်းတွေ အကုန်လုံးက အကြောင်းရင်းမရှိဘဲ ရပ်တန့်သွားခဲ့ပါတယ်။  ဒီလိုနဲ့ တောင်ပေါ်လမ်းမှာ ပိတ်မိနေတဲ့ လူတစ်စုဟာ အချင်းချင်း မယုံသင်္ကာစိတ်တွေနဲ့ တင်းမာနေကြတုန်း လမ်းပေါ်မှာ ထူးဆန်းတဲ့ ဂျယ်လီကွက်တွေကို စတင်တွေ့ရှိလာရပါတယ်။ ဒေသခံတွေ ပြောလေ့ရှိတဲ့ "Biers Beaulach" ဆိုတဲ့ မိစ္ဆာကြီး ဖမ်းဆီးတာ တကယ်ပဲခံလိုက်ရတာလား ၊ သူတိုတွေရော ဒီထူးဆန်းတဲ့ ဘေးအန္တရာယ်ကနေ ဘယ်လိုလွတ်အောင် ပြေးကြမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပါ Joinရန်လင့်🔽🔽 https://t.me/dreamworld6543 ဇာတ်ကားကြည့်ရန်🔽🔽 https://t.me/dreamworld6543/77

Faces of Death (2026) ဒီကားကတော့ အရင်တုန်းက နာမည်ကြီးခဲ့တဲ့ "Faces of Death" ဆိုတဲ့ နာမည်ကို ပြန်ယူထားပေမဲ့ ပုံစံချင်းကတော့ လ
Faces of Death (2026) ဒီကားကတော့ အရင်တုန်းက နာမည်ကြီးခဲ့တဲ့ "Faces of Death" ဆိုတဲ့ နာမည်ကို ပြန်ယူထားပေမဲ့ ပုံစံချင်းကတော့ လုံးဝမတူတော့ပါဘူး။ အရင်ကားက တကယ့်အစစ်အမှန် သေဆုံးမှုတွေလို့ နာမည်ကြီးခဲ့တဲ့ (Mondo horror) ပုံစံမျိုးဆိုရင် အခု ၂၀၂၆ ဗားရှင်းကတော့ အဲဒီနာမည်ကြီး ဗီဒီယိုတွေကို အခြေခံပြီး ရိုက်ထားတဲ့ Meta-Slasher အမျိုးအစားပါ။ ဇာတ်လမ်းထဲမှာ မားဂေါ့ (Margot) ဆိုတဲ့ မိန်းကလေးဟာ Kino လို့ခေါ်တဲ့ TikTok လိုမျိုး ဗီဒီယိုပလက်ဖောင်းတစ်ခုမှာ Content Moderator အဖြစ် အလုပ်လုပ်ပါတယ်။ သူ့အလုပ်ကတော့ အသုံးပြုသူတွေ တင်သမျှ ဗီဒီယိုတွေကို စစ်ဆေးပြီး အကြမ်းဖက်တာတွေ၊ မသင့်တော်တာတွေပါရင် ဖြုတ်ချရတာပေါ့။ တစ်ရက်မှာတော့ မားဂေါ့ဟာ ၁၉၇၈ ခုနှစ်က ထွက်ခဲ့တဲ့ "Faces of Death" ထဲက သေဆုံးခန်းတွေကို တစ်ပုံစံတည်း ပြန်တုပပြီး သတ်ပြထားတဲ့ ဗီဒီယိုတွေကို စတွေ့ပါတော့တယ်။ အဲဒီဗီဒီယိုတွေက တကယ်ပဲ သတ်နေတာလား၊ ဒါမှမဟုတ် ဟန်ဆောင်ရိုက်ထားတာလားဆိုတာ မဝေခွဲနိုင်အောင် ဖြစ်နေတုန်းမှာပဲ ဒီသတ်ဖြတ်မှုတွေဟာ သူ့အလုပ်ခွင်နဲ့ သူ့ပတ်ဝန်းကျင်အထိပါ ရိုက်ခတ်လာတဲ့အခါမှာတော့...။ Barbie Ferreira (Euphoria မင်းသမီး) က မားဂေါ့အဖြစ် သရုပ်ဆောင်ထားပြီး Dacre Montgomery (Stranger Things က Billy) ကလည်း အဓိကပါဝင်ထားပါတယ်။ ဇာတ်လမ်းက အခုခေတ် ဆိုရှယ်မီဒီယာတွေပေါ်မှာ လူတွေက အာရုံစိုက်ခံရဖို့ ဘယ်လောက်အထိ လုပ်ရဲသလဲဆိုတဲ့ Attention Economy အကြောင်းကို သရော်ထားပါတယ်။ Gore (သွေးသံရဲရဲ) ဇာတ်ဝင်ခန်းတွေ တော်တော်များတဲ့အတွက် သွေးမြင်ရင် ကြောက်တတ်တဲ့သူတွေတော့ သတိထားကြည့်ရမယ့် ကားမျိုးပါ။ ဒီကားက အရင် "Faces of Death" ကို ကြည့်ဖူးတဲ့သူတွေအတွက်လည်း အမှတ်တရဖြစ်စေမယ့် scene လေးတွေ ပါသလို၊ အခုခေတ် Horror ကားအသစ်တွေကို ကြိုက်တဲ့သူတွေအတွက်လည်း စိတ်ဝင်စားစရာကောင်းအောင် ရိုက်ပြထားပါတယ်။ အင်တာနက်ပေါ်က အတုအယောင်တွေကြားမှာ ဘယ်ဟာက အစစ်လဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် ကားကောင်းတစ်ကားပါပဲ။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld6543 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld6543/75

Daagi 2025 ဒါဂီ IMDb 6.1 အမြတ်ကြမ်းကြမ်းပြန်လည်ရရှိထားတဲ့ ၂၀၂၅ ရဲ့ ရုံတင်ကားတစ်ကား တင်ဆက်ပေးထားပါတယ် ဝါရင့်သရုပ်ဆောင်တွေရဲ့ ပ
Daagi 2025 ဒါဂီ IMDb 6.1 အမြတ်ကြမ်းကြမ်းပြန်လည်ရရှိထားတဲ့ ၂၀၂၅ ရဲ့ ရုံတင်ကားတစ်ကား တင်ဆက်ပေးထားပါတယ် ဝါရင့်သရုပ်ဆောင်တွေရဲ့ ပိုင်ပိုင်နိုင်နိုင် ကြိုးစားမှုတွေ ဇာတ်အိမ်ခိုင်မာမှုတွေကို အတူကြည့်လိုက်ရအောင် အတန်းဖော်တွေကနေ ချစ်သူ ချစ်သူကနေ အိမ်ထောင်ဘက်တွေအဖြစ် လက်တွဲသွားဖို့ အစီအစဉ်တွေချခဲ့ကြတဲ့ ဇာရင်းနဲ့ နီရှန်။ ဇာရင်းကတော့ ဘွဲ့ရ ပညာတတ်ဖြစ်ခဲ့ပေမဲ့ နီရှန်ကတော့ စီးပွားရေးထဲဝင်မယ်ဆိုပြီး အုတ်ရောရော ကျောက်ရောရော လေလွင့်နေခဲ့မိတာပေါ့။ အနာဂတ်နဲ့ပတ်သက်ပြီး ဇာရင်းက အများကြီးတွေးထားပေမဲ့ အချိုးမပြေတဲ့ နီရှန့်ကို မိဘတွေက သဘောမတူချင်။ ပြောရရင် နီရှန့်အဖေကိုယ်တိုင်ကိုက ဇာရင်းကို ချွေးမတော်ရမှာ နှမြောမိတဲ့အထိပါပဲ။ ဒီလိုနဲ့ စီးပွားရေးကြိုးစားလုပ်မယ်ဆိုပြီး နီရှန်တစ်ယောက် အိမ်ကနေ ထွက်သွားလိုက်တာ ဇာရင်းလာတောင်းခိုင်းတဲ့နေ့ကိုတောင် သတိမထားမိလိုက်ဘူးပေါ့ သက်စွန့်ဆံဖျားကြိုးစားပြီး အိမ်ပြန်ရောက်တဲ့အချိန်ကြားလိုက်ရတာတော့ ဇာရင်းရဲ့ မင်္ဂလာသတင်းပါပဲ စိတ်မထိန်းနိုင်ဘဲ ပွဲကြမ်းမိတဲ့နီရှန်ရဲ့ ဖြစ်လာမဲ့ အနာဂတ်နဲ့ ဇာရင်းရဲ့ ဘဝလမ်းကြောင်းက ကံကြမ္မာရဲ့ ကျီစားမှုကြောင့် ဘယ်လိုမထင်ထားတဲ့ကိစ္စတွေ ဖြစ်ပေါ်လာမလဲဆိုတာကိုတော့...။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld782 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld782/81

𝐍*𝐞𝐞*𝐥𝐢*𝐫𝐚 (𝟐𝟎𝟐𝟔) | စစ်ပွဲရဲ့ အမှောင်ထုထဲက ရှင်သန်ခြင်းနှင့် မျှော်လင့်ချက် =============== "စစ်ပွဲက မြေပြင်ပေါ်မှ
𝐍*𝐞𝐞*𝐥𝐢*𝐫𝐚 (𝟐𝟎𝟐𝟔) | စစ်ပွဲရဲ့ အမှောင်ထုထဲက ရှင်သန်ခြင်းနှင့် မျှော်လင့်ချက် =============== "စစ်ပွဲက မြေပြင်ပေါ်မှာ ပြီးသွားနိုင်ပေမဲ့... လူတွေရဲ့ နှလုံးသားထဲမှာတော့ ဘယ်တော့မှ မပြီးဆုံးနိုင်ဘူး။" ဒီဇာတ်ကားဟာ သီရိလင်္ကာ ပြည်တွင်းစစ်ရဲ့ နောက်ဆုံးကာလ ဖြစ်ရပ်မှန်တွေကို အခြေခံပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်းကတော့ စစ်ပွဲဒဏ်ကို အလူးအလဲ ခံစားနေရတဲ့ မိသားစုတစ်ခုနဲ့ သူတို့ရဲ့ ရှင်သန်မှုအတွက် ရုန်းကန်ရပုံကို အဓိက ပုံဖော်ထားပါတယ်။ ဇာတ်လိုက်ဖြစ်သူ Neera (သို့မဟုတ် Neelira) ဟာ စစ်ပွဲကြားမှာ သူမရဲ့ မိသားစုနဲ့ ကွဲကွာသွားခဲ့ပြီး၊ ပြိုပျက်နေတဲ့ ရွာတွေနဲ့ စစ်ဘေးရှောင်စခန်းတွေကြားမှာ ရှင်သန်ဖို့ ကြိုးစားရင်း တစ်ဖက်မှာလည်း သူမရဲ့ ချစ်ရသူတွေကို လိုက်လံရှာဖွေနေသူပါ။ ဇာတ်လမ်းက သာမန်စစ်ပွဲကားတွေလို တိုက်ခိုက်တာကိုပဲ အဓိကမထားဘဲ၊ စစ်ပွဲကြောင့် လူသားတွေရဲ့ စိတ်ဓာတ်တွေ ဘယ်လို ပျက်စီးသွားရသလဲ၊ နိုင်ငံရေး ကစားကွက်တွေကြားမှာ သာမန်ပြည်သူတွေ ဘယ်လို မြေစာပင် ဖြစ်ခဲ့ရသလဲဆိုတာကို ရဲရဲဝံ့ဝံ့ ဖော်ပြထားပါတယ်။ ဖြစ်ရပ်မှန်တွေကို အခြေခံထားတာကြောင့် ဇာတ်လမ်းက တကယ့်ကို လက်တွေ့ကျပြီး စိတ်မကောင်းစရာ အမှန်တရားတွေကို မျက်ဝါးထင်ထင် တွေ့မြင်ရမှာပါ။ စ်ပွဲကြားက မိခင်မေတ္တာ၊ သံယောဇဉ်နဲ့ လူသားချင်း စာနာထောက်ထားမှုတွေကို အနုစိပ် ပုံဖော်ထားလို့ မျက်ရည်ကျရမယ့် အခန်းတွေ အများကြီး ပါဝင်ပါတယ်။  သီရိလင်္ကာ ပြည်တွင်းစစ်ရဲ့ အရှုပ်အထွေးတွေကို ဘက်မလိုက်ဘဲ လူသားချင်းစာနာမှု ရှုထောင့်ကနေ ရိုက်ပြထားတဲ့အတွက် ဝေဖန်ရေးသမားတွေကြားမှာ အရမ်းကို ချီးကျူးခံထားရတဲ့ ကားပါ။ ဒီဇာတ်ကားက ၂၀၂၆ ရဲ့ အလေးနက်ဆုံးနဲ့ အကောင်းဆုံး War Drama တွေထဲက တစ်ခုလို့ ပြောလို့ရပါတယ်။ စစ်ပွဲရဲ့ အနိဋ္ဌာရုံတွေကို မှတ်တမ်းတင်ထားသလိုမျိုး ဖြစ်လို့ သမိုင်းကြောင်း စိတ်ဝင်စားသူတွေနဲ့ ဒရာမာကားကောင်း ကြိုက်သူတွေအတွက် "Must Watch" ပါပဲ။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld782 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld782/79

D_h-u_r-a_n-d_h-ar-: T-h_e R-e-v-e_n-g_e (2-0-2-6) IMDB ⭐️ 8.5/10 "အငြိုးအတေးတွေနဲ့ ပြန်လာတဲ့ ဒဏ်ရာရဖူးတဲ့ ခြင်္သေ့တစ်ကောင်ကိ
D_h-u_r-a_n-d_h-ar-: T-h_e R-e-v-e_n-g_e (2-0-2-6) IMDB ⭐️ 8.5/10 "အငြိုးအတေးတွေနဲ့ ပြန်လာတဲ့ ဒဏ်ရာရဖူးတဲ့ ခြင်္သေ့တစ်ကောင်ကို တရားဥပဒေနဲ့ တားဆီးလို့မရနိုင်တော့ဘူး" Adventure/Spy အမျိုးအစားကိုမှ အကြမ်းပတမ်း Vibe မျိုး ကြိုက်နှစ်သက်သူတွေအတွက် ၂၀၂၆ မှာ ထွက်ရှိထားတဲ့ Dhurandhar 2 ဆိုတဲ့ ကားကြီးကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီကားမှာတော့ Bollywood ရဲ့ အလန်းစားမင်းသား Ranveer Singh နဲ့အတူ မင်းသမီးချော Preity Zinta တို့က အဓိက အားပြိုင်ထားကြတာပါ။ အရင် Part 1 တုန်းကတော့ နိုင်ငံတော်အတွက် လျှို့ဝှက်တာဝန်ထမ်းဆောင်ရင်း သစ္စာဖောက်ခံခဲ့ရတဲ့ အေးဂျင့်တစ်ယောက်ရဲ့ နိမ့်ပါးတဲ့ဘဝနဲ့ ရုန်းကန်မှုကို မြင်တွေ့ခဲ့ရတာ မှတ်မိကြဦးမှာပါ။ အခု ဒုတိယပိုင်းမှာတော့ အဲဒီအငြိုးတွေ၊ နာကျင်မှုတွေကို လက်စားချေမှုအဖြစ် ပြောင်းလဲပြီး ဘယ်လိုမျိုး အက်ရှင်အလန်းစားတွေနဲ့ ပြန်လာမလဲဆိုတာကို ရှုစားရမှာပါ။ ဇာတ်လမ်းကတော့ အိန္ဒိယရဲ့ လျှို့ဝှက်ထောက်လှမ်းရေးလောကထဲက အရှုပ်အထွေးတွေ၊ နိုင်ငံတကာ နယ်စပ်ဖြတ်ကျော် စွန့်စားခန်းတွေနဲ့အတူ ဇာတ်ရှိန်က အစကနေ အဆုံးထိ တောက်လျှောက်ဆွဲခေါ်သွားမှာပါ။ "အနီးဆုံးလူရဲ့ဓားက အနက်ဆုံးဖြစ်နေတတ်တယ်" ဆိုတဲ့ လူယုံသတ်တဲ့ Plot Twist လေးတွေလည်း ပါဝင်ဦးမှာဆိုတော့ ဘယ်လိုတွေ ရင်ဖိုရမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ Runtime နည်းနည်းရှည်တယ် ထင်ရပေမဲ့ ဇာတ်လမ်းတည်ထားပုံနဲ့ Visual Effects တွေက Quality အလွင့်ကြီးမို့ ကြည့်ရတာ လုံးဝတန်စေမှာပါ။ Netflix မှာလည်း 'Raw and Unseen' ဗားရှင်းအနေနဲ့ ထွက်ရှိထားတာမို့ အက်ရှင်ကိုမှ  မိုက်မိုက်ကမ်းကမ်း ဒဲ့ဖြုတ်ပြတာမျိုးမှ တဖြုတ်ဖြုတ်ကြွေတဲ့သူတွေအတွက်တော့ Hidden Gem လေးပါပဲ။ သည်းထိတ်ရင်ဖို Spy Thriller ဇာတ်ကားကောင်းတစ်ကားရဲ့ အရသာကို အပြည့်အဝ ခံစားချင်တယ်ဆိုရင်တော့ ဒီ Weekend မှာ ဒီဇာတ်ကားလေးဟာ watch list ထဲမဖြစ်မနေပါသင့်တဲ့ဇာတ်ကားကောင်းလေးပါပဲ။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/94

ထိုင်းအောက်လမ်းဟော်ရာကားသစ် ပါနောတူး P_a-n_o-r 2 (2-0-2-6) IMDB ⭐️ 6.2/10 "အတိတ်ကို မေ့ဖျောက်ထားနိုင်ပေမဲ့... ကိုယ့်ဆီကပါလာတဲ
ထိုင်းအောက်လမ်းဟော်ရာကားသစ် ပါနောတူး P_a-n_o-r 2 (2-0-2-6) IMDB ⭐️ 6.2/10 "အတိတ်ကို မေ့ဖျောက်ထားနိုင်ပေမဲ့... ကိုယ့်ဆီကပါလာတဲ့ ဝဋ်ကြွေးတွေကိုတော့ ရှောင်ပုန်းလို မရနိုင်ဘူးလေ" ထိုင်းအောက်လမ်း ဟော်ရာကားကောင်းကောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ ပရိသတ်ကြီးအတွက် ၂၀၂၆ ခုနှစ်ထွက် ထိုင်းဇာတ်ကားသစ်ကြီး "Panor 2" ကို တင်ဆက်ပေးလိုက်ပါပြီဗျာ။ ဒီကားကတော့ အောက်လမ်းပညာကားတွေထဲမှာ နာမည်ကြီးတဲ့ ကာရိုက်တာတစ်ခုဖြစ်တဲ့ ပါနော ရဲ့ အဆက်ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ ရှေ့ကားဖြစ်တဲ့ အပိုင်း (၁) တုန်းက ပနော်ဟာ မျက်လုံးသုံးလုံးနတ်ဘုရား (Three-Eyed God) ရဲ့ ကြောက်မက်ဖွယ် စွမ်းအားတွေကို စွန့်လွှတ်လိုက်တယ်ဆိုတာ မှတ်မိကြဦးမှာပါ။ အဲဒီလို စွန့်လွှတ်လိုက်ပြီးတဲ့နောက်မှာတော့ သူမရဲ့ ဘဝကြီးဟာ အစကနေ ပြန်လည်စတင်ရသလို ဖြစ်သွားပြီး သူမရဲ့ မှတ်ဉာဏ်တွေအားလုံးလည်း ဖျက်ပစ်ခံလိုက်ရပါတယ်။ ဒီတစ်ခါ အပိုင်း (၂) မှာတော့ မှတ်ဉာဏ်တွေပျောက်ဆုံးနေတဲ့ ပါနောတစ်ယောက် ဆေးကုသပေးတဲ့ ဆရာမလေးတစ်ယောက်အနေနဲ့ ဘဝသစ်ကို ဖြတ်သန်းဖို ကြိုးစားနေတာပါ။ ဒါပေမဲ့ သူ့ရဲ့ အစစ်အမှန် စွမ်းအားတွေ နိုးထမလာခင်စပ်ကြားမှာတင် ပါနောတစ်ယောက် ပတ်ဝန်းကျင်က လူတွေရဲ့ အမြဲတမ်း အထင်လွဲမှားမှုတွေ၊ အပြစ်တင်မှုတွေကို ဆက်တိုက် ခံလာရပါတယ်။ ပိုဆိုးတာက ပတ်ဝန်းကျင်မှာ လူသေမှုတွေဖြစ်လာတဲ့အခါ လူတွေက ပါနောကိုပဲ လူသတ်သမားဆိုပြီး ဝိုင်းဝန်းစွပ်စွဲလာကြတဲ့အခါမှာတော့… မှတ်ဉာဏ်တွေမရှိတော့တဲ့ ပါနောတစ်ယောက် ဒီလို အကျပ်အတည်းတွေ၊ စွပ်စွဲမှုတွေကြားကနေ ဘယ်လိုရုန်းထွက်မလဲ။ သူ့ရဲ့ ကိုယ်တွင်းက အစစ်အမှန် စွမ်းအားကြီး နိုးထလာတဲ့အခါမှာရော လူတွေကို ဘယ်လို ပြန်လည်တုံပြန်မလဲဆိုတာကတော့… ထိုင်းအောက်လမ်း ဟော်ရာကားတွေရဲ့ ထုံးစံအတိုင်း ကျောချမ်းစရာ အဖြစ်အပျက်တွေ၊ အစိမ်းသေ သရဲခြောက်လှန့်မှုတွေနဲ့အတူ ပါနောရဲ့ အမိုက်စား Comeback ကို မြင်တွေ့ရမှာဖြစ်လို လက်မလွတ်တမ်း ခုပဲ ဒေါင်းကြည့်လိုက်ကြပါဦးစို။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld6543 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld6543/70

ကောင်ဇိုးလေး ကာသစ် B_a-d B-o_y K_a-r-t_h-i-k (2-0-2-6) ============================ IMDB ⭐️ 7.1/10 "ဆိုးပေပေ ကောင်လေးတစ်ယောက်
ကောင်ဇိုးလေး ကာသစ် B_a-d B-o_y K_a-r-t_h-i-k (2-0-2-6) ============================ IMDB ⭐️ 7.1/10 "ဆိုးပေပေ ကောင်လေးတစ်ယောက်က မိသားစုအတွက်ဆိုရင် ဘယ်လောက်ထိ ကြမ်းပြမလဲ" Telugu Action Comedy ကားကောင်းကောင်း မျှော်နေတဲ့ ဘော်ဒါတွေအတွက် ပူပူနွေးနွေး ထွက်ရှိထားတဲ့ ဇာတ်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီကားထဲမှာတော့ ပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်တဲ့ မင်းသားချော Naga Shaurya, မင်းသမီး Vidhi Yadav နဲ့ ဝါရင့်သရုပ်ဆောင်ကြီး Samuthirakani တိုက အဓိက ပါဝင်အားဖြည့်ထားကြပါတယ်။ ဒါရိုက်တာ Ramesh Desina ရဲ့ ပွဲဦးထွက် ရိုက်ကူးရေး လက်ရာလေးလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့... ဇာတ်ကားနာမည်နဲ့ လိုက်အောင်ပဲ ဇာတ်လိုက်ကျော် ကာသစ်ဟာ စည်းကမ်းမရှိဘဲ ဆိုးပေနေတဲ့ ပြဿနာကောင်လေး တစ်ယောက်ပါ။ ဘွဲ့ရပညာတတ်ပေမဲ့ ဘာမှမယ်မယ်ရာရာမလုပ်ဘဲ အပေါင်းအသင်တွေနဲ့ပျော်ပါး လူမိုက်တွေပညာပေး ရန်ဖြစ်လိုက်နဲ့ ဘဝကိုဖြတ်သန်းနေသူ သူ့ဘဝမှာ အရေးကြီးဆုံးက အနာဂတ်လည်းမဟုတ် ဘဝလည်းမဟုတ် အစ်မဖြစ်သူအနားမှာ အမြဲနေရဖို့ပါပဲ။ တစ်နေ့မှာတော့ သူဟာ ဒေသခံ ရာဇဝတ်ကောင် လူမိုက်ဂိုဏ်းတစ်ခုနဲ့ အကြမ်းပတမ်း ထိပ်တိုက် တွေ့ပြီး ပြဿနာတွေ တက်ပါတော့တယ်။ အစကတော့ ခပ်ပေါ့ပေါ့ သဘောထားပေမဲ့ ဒီလူမိုက်ဂိုဏ်းက သူချစ်ရတဲ့အစ်မကို ပစ်မှတ်ထားနေတာကို သိလိုက်ရချိန်မှာတော့... "မိသားစုကို ထိရင်တော့ ဘယ်သူ့မျက်နှာမှ မထောက်ဘူး" ဆိုတဲ့ စိတ်နဲ့ ကာသစ်တစ်ယောက် လူမိုက်ဂိုဏ်းကို ဘယ်လို အပြတ်ရှင်းပြီး မိသားစုကို ကာကွယ်မလဲဆိုတာ ရင်ခုန်စရာ ရှုစားရမှာပါ။ Action Comedy အမျိုးအစားဖြစ်လို အက်ရှင်ခန်းတွေ အကြမ်းစား ပါဝင်သလို၊ ပေါ့ပေါ့ပါးပါး ရယ်မောရမဲ့ ဇာတ်ကားလေးမို့ အကြိုက်တွေ့စေမှာပါ။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld782 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld782/74