ar
Feedback
Dream World (မြန်မာစာတန်းထိုးဇာတ်ကားများ)

Dream World (မြန်မာစာတန်းထိုးဇာတ်ကားများ)

الذهاب إلى القناة على Telegram

ကြော်ငြာကိစ္စများ/Daily Postများအပ်ရန် Admအကောင့်သို့ဆက်သွယ်ရန် @Hancock2003/ Ck Lottery/Big Win လက်မခံပါ

إظهار المزيد
لم يتم تحديد البلدالفئة غير محددة

📈 نظرة تحليلية على قناة تيليجرام Dream World (မြန်မာစာတန်းထိုးဇာတ်ကားများ)

تُعد قناة Dream World (မြန်မာစာတန်းထိုးဇာတ်ကားများ) (@dreamworld78946) لاعباً نشطاً. يضم المجتمع حالياً 26 884 مشتركاً، محتلاً المرتبة في فئة اخرى.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 26 884 مشتركاً.

بحسب آخر البيانات بتاريخ 21 سبتمبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -5 203، وفي آخر 24 ساعة بمقدار 169، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 3.72‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 4.04‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 1 010 مشاهدة. وخلال اليوم الأول يجمع عادةً 1 098 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 0.

📝 الوصف وسياسة المحتوى

يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
ကြော်ငြာကိစ္စများ/Daily Postများအပ်ရန် Admအကောင့်သို့ဆက်သွယ်ရန် @Hancock2003/ Ck Lottery/Big Win လက်မခံပါ

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 22 سبتمبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة اخرى.

26 884
المشتركون
+16924 ساعات
+3 5297 أيام
-5 20330 أيام
أرشيف المشاركات
" Agneepath " (2012) ဒီဇာတ်ကားကတော့ ဘောလိဝုဒ်ပရိသတ်တွေကြားမှာ အတော်လေးနာမည်ကြီးခဲ့တဲ့ Agneepath (2012) (မီးတောက်လမ်းမ) ဆိုတဲ့
" Agneepath " (2012) ဒီဇာတ်ကားကတော့ ဘောလိဝုဒ်ပရိသတ်တွေကြားမှာ အတော်လေးနာမည်ကြီးခဲ့တဲ့ Agneepath (2012) (မီးတောက်လမ်းမ) ဆိုတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ ဒီကားရဲ့ အသက်သွေးကြောဖြစ်တဲ့ အဓိကဇာတ်ကောင် "ဗီဂျေး ဒီနာနက် ချောင်ဟန်" နေရာမှာတော့ နာမည်ကျော် ဘောလိဝုဒ် မင်းသားကြီး Hrithik Roshan (ဟရစ်တစ်ရိုရှင်) က ပါဝင်သရုပ်ဆောင်ထားတာပါ။ ဟရစ်တစ်ရိုရှင်ဟာ သူ့ရဲ့ အမိုက်စားခန္ဓာကိုယ်၊ စူးရှတဲ့မျက်လုံးတွေနဲ့အတူ ဖခင်အတွက် ကလဲ့စားချေချင်တဲ့ ဒေါသ၊ နာကြည်းမှု၊ ဝမ်းနည်းမှုတွေကို ပရိသတ်တွေ ရင်ထဲထိရောက်အောင် အကောင်းဆုံး ပုံဖော်သရုပ်ဆောင်သွားနိုင်ခဲ့ပါတယ်။ ဇာတ်လမ်းအစမှာ မန်ဒဝါဆိုတဲ့ ရွာလေးမှာနေတဲ့ ကျောင်းဆရာလေး ဒီနာနက် ဟာ ရွာသူရွာသားတွေကို အသိပညာတိုးတက်အောင် သင်ကြားပေးနေတဲ့ လူရိုးလူကောင်းတစ်ယောက်ပါ။ ဒါပေမဲ့ ရွာကို မူးယစ်ဆေးဝါးစီးပွားရေးနဲ့ သိမ်းပိုက်ချင်တဲ့ လူကြမ်းကြီးကန်ချာရောက်လာတဲ့အခါ ကျောင်းဆရာကို အကောက်ကြံပြီး ရွာလယ်ခေါင်က သစ်ပင်မှာ ဆွဲကြိုးချသတ်ပစ်ခဲ့ပါတယ်။ အဖေဖြစ်သူ အသတ်ခံလိုက်ရတာကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရတဲ့ ၁၂ နှစ်အရွယ် ကလေးငယ် ဗီဂျေးလေးဟာ ကိုယ်ဝန်ဆောင် အမေဖြစ်သူနဲ့အတူ မွန်ဘိုင်းမြို့ကို ထွက်ပြေးခဲ့ရပါတယ်။ မွန်ဘိုင်းမြို့ရဲ့ လူမိုက်ရပ်ကွက် ဒွန်ဂရီမှာ ကြီးပြင်းလာတဲ့ ဗီဂျေးဟာ အဖေ့အတွက် ကလဲ့စားချေဖို့နဲ့ မန်ဒဝါရွာကို ပြန်ယူဖို့ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုတည်းနဲ့ အသက်ရှင်ခဲ့ပါတယ်။ ကလဲ့စားချေဖို့အတွက် ကိုယ်တိုင် ငရဲမီးတောက်ထဲကို ဆင်းသက်ခဲ့တဲ့ဗီဂျေးတစ်ယောက် သူ့အဖေကို သတ်ခဲ့တဲ့ ကန်ချာကို ဘယ်လို ပြန်ပြီးကလဲ့စားချေမလဲ၊ အဲဒီလိုကလဲ့စားချေဖို့အတွက် သူ့ဘဝမှာ ဘာတွေ ပေးဆပ်လိုက်ရမလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရမယ့် Masterpiece ဇာတ်ကားကောင်း တစ်ကားဖြစ်လို့ အချိန်ပေးပြီး ကြည့်ရတာ လုံးဝတန်စေမယ့်ကားမျိုးဖြစ်ပါတယ်ဗျ။ ( ဇာတ်လမ်းအကျဉ်းကို LL မှ ရေးသားပေးထားပါတယ် ) Subtitle By - LL Encode By - Lwin Htoo Aung Ash Channel ( Ash ) မှ ဘာသာပြန်တင်ဆက်သည်။ #Agneepath #AshChannel #Ash #AshBollywoodMovie #AshBMovies #AshIndiaMovie ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld782 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld782/109

" Kaabil " (2017) Kaabil ရဲ့ ဇာတ်လမ်းက မျက်မမြင်တစ်ယောက်ရဲ့ အချစ်၊ ဆုံးရှုံးမှုနဲ့ လက်စားချေမှုကို အားကောင်းတဲ့ပုံစံနဲ့ ပြထား
" Kaabil " (2017) Kaabil ရဲ့ ဇာတ်လမ်းက မျက်မမြင်တစ်ယောက်ရဲ့ အချစ်၊ ဆုံးရှုံးမှုနဲ့ လက်စားချေမှုကို အားကောင်းတဲ့ပုံစံနဲ့ ပြထားတဲ့ကားပါ။ Rohan ဆိုတဲ့ လူငယ်ဟာ အသံဖန်တီးတဲ့အလုပ်လုပ်ပြီး ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနေသူပါ။ တစ်နေ့မှာ သူ့လိုပဲ မျက်မမြင်ဖြစ်တဲ့ Supriya နဲ့ တွေ့ဆုံပြီး နှစ်ယောက်သား ချစ်ကြိုက်သွားကြပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဘဝက ရိုးရှင်းပေမယ့် နွေးထွေးပြီး ပျော်ရွှင်စရာကောင်းနေခဲ့ပါတယ်။ ဒါပေမယ့် အာဏာရှိ လူဆိုးတစ်စုကြောင့် သူတို့ဘဝဟာ အမှောင်ကျသွားပါတယ်။ မတရားမှုတွေ၊ နာကျင်စရာဖြစ်ရပ်တွေ ဆက်တိုက်ကြုံလာပြီး Rohan ဟာ အချစ်ဆုံးလူကို ဆုံးရှုံးလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ တိတ်ဆိတ်ပြီး နူးညံ့တဲ့ Rohan တစ်ယောက်ဟာ လုံးဝပြောင်းလဲသွားပါတယ်။ သူ့ရဲ့ မသန်စွမ်းမှုကို အားနည်းချက်မဖြစ်စေဘဲ လူဆိုးတွေကို ဉာဏ်နဲ့ ပြန်လည်လိုက်လံတုံ့ပြန်ပါတော့တယ်။ ရန်သူတွေက သူ့ကို မမြင်နိုင်တဲ့သူလို့သာ ထင်ကြပေမယ့် Rohan ကတော့ သူတို့ မထင်ထားတဲ့နည်းလမ်းတွေနဲ့ တစ်ဆင့်ချင်း ပြန်လည်ကစားသွားပါတယ်။ ဒီကားက action နဲ့ suspense ပေါင်းစပ်ထားသလို အချစ်တစ်ခုအတွက် လူတစ်ယောက် ဘယ်လောက်ထိ ပြောင်းလဲသွားနိုင်တယ်ဆိုတာကိုလည်း ခံစားရအောင် ရိုက်ကူးထားတဲ့ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ( ဇာတ်လမ်းအကျဉ်းကို CG မှ ရေးသားပေးထားပါတယ် ) Subtitle By - CG Encode By - Lwin Htoo Aung Ash Channel ( Ash ) မှ ဘာသာပြန်တင်ဆက်သည်။ #Kaabil #AshChannel #Ash #AshBollywoodMovie #AshBMovies #AshIndiaMovie ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld782 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld782/107

" Kaho Naa... Pyaar Hai " (2000) ဇာတ်လမ်းအကျဉ်း... ရိုဟစ်ဟာ မိဘမဲ့ဖြစ်ပြီး ညီငယ်လေးရယ် အန်တီဖြစ်သူရယ်နဲ့အတူ ရိုးရိုးရှင်းရှင်
" Kaho Naa... Pyaar Hai " (2000) ဇာတ်လမ်းအကျဉ်း... ရိုဟစ်ဟာ မိဘမဲ့ဖြစ်ပြီး ညီငယ်လေးရယ် အန်တီဖြစ်သူရယ်နဲ့အတူ ရိုးရိုးရှင်းရှင်း နေထိုင်တဲ့ ဆင်းရဲတဲ့ လူငယ်အဆိုတော် တစ်ယောက်ပါ။ သူနဲ့ သူဌေးသမီး ဆိုနီယာတို့ အမှတ်မထင် ဆုံတွေ့ရာကနေ ချစ်ကြိုက်သွားကြပါတယ်။ ဒါပေမဲ့ ဆိုနီယာ့ရဲ့ ဖခင်ဖြစ်သူ သူဌေးကြီး ဆက်ခ်ဆီနာက သူတို့အချစ်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ပါတော့တယ်။ ရိုဟစ်တစ်ယောက် သူ့ကိုယ်သူ သက်သေပြဖို့ ကြိုးစားနေချိန်မှာပဲ ရဲအရာရှိတွေနဲ့ အကျင့်ပျက် နိုင်ငံ့ဝန်ထမ်းတွေ ပါဝင်ပတ်သက်နေတဲ့ လူသတ်မှုတစ်ခုကို မတော်တဆ မျက်မြင်ကိုယ်တွေ့ မြင်သွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရိုဟစ်ကို လူဆိုးတွေက လိုက်လံသတ်ဖြတ်ခဲ့ပြီး တံတားပေါ်ကနေ ရေထဲပြုတ်ကျကာ သေဆုံးသွားခဲ့ပါတယ်။ ( ဇာတ်လမ်းအကျဉ်းကို LL မှ ရေးသားပေးထားပါတယ် ) Subtitle By - LL Encode By - Lwin Htoo Aung Ash Channel ( Ash ) မှ ဘာသာပြန်တင်ဆက်သည်။ #KahoNaaPyaarHai #AshChannel #Ash #AshBollywoodMovie #AshBMovies #AshIndiaMovie ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld782 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld782/105

Ailao Mountain Incident (2026) Ailao တောင်မှာ ကျောင်းသားလေး(၆)ယောက် တောင်တက်စခန်းချတုန်းမှာ (၄)ယောက်သေ (၁)ယောက်ပျောက်နေပြီး (
Ailao Mountain Incident (2026) Ailao တောင်မှာ ကျောင်းသားလေး(၆)ယောက် တောင်တက်စခန်းချတုန်းမှာ (၄)ယောက်သေ (၁)ယောက်ပျောက်နေပြီး (၁)ယောက်ထဲအသက်ရှင်ကျန်တဲ့ ဝမ်းနည်းစရာဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါတယ် သတင်းမှာတော့ တောင်ကျရေကြောင့်လို့ဆိုပေမယ့် အွန်လိုင်းကောလဟာလတွေကတော့ လူသတ်မှုလို့အခိုင်အမာပြောနေတာက စဉ်းစားစရာပါပဲ။ နောက်(၃)နှစ်ကြာပြီးနောက်မှာ စူးစမ်းချင်တဲ့လူငယ်လေး(၅)ယောက်က Ailaoတောင်က အဲဒီစခန်းမှာပဲ စခန်းချဖို့ရောက်လာကြပါတယ်။ တောအုပ်စောင့်နေတဲ့ သစ်လုံးအိမ်လေးနားကိုရောက်တဲ့အချိန်ကနေစပြီးတော့ မူမမှန်တာတွေကြုံလာရတဲ့အချိန်မှာတော့ လူငယ်လေးတွေက လူတွေသေခဲ့ကြတာ ကောလဟာလအတိုင်းဖြစ်မယ်ဆိုပြီး ယုံကြည်လာပြီး တောင်ပေါ်ကနေညတွင်းချင်းဆင်းဖို့ ဆုံးဖြတ်လိုက်ပေမယ့် အချိန်မမီတော့ပါဘူး။ လူငယ်လေးတွေစိုးရိမ်သလိုပဲ ကြောက်စရာဖြစ်ရပ်တွေနဲ့ကြုံရမလား ဒါမှမဟုတ် ဘေးကင်းကင်းနဲ့ တောင်အောက်ကိုပြန်ဆင်းနိုင်မလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရမှာဖြစ်ပါတယ် Filesize : 785 MB / 468 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Mystery, Thriller, and Horror Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/127

The Counterfeit (2026) ၂၀၂၆၊ မေလ ၈ရက်နေ့ကမှ လတ်လတ်ဆတ်ဆတ်ရုံတင်ထားတဲ့ Crime Action ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်ကြောင်
The Counterfeit (2026) ၂၀၂၆၊ မေလ ၈ရက်နေ့ကမှ လတ်လတ်ဆတ်ဆတ်ရုံတင်ထားတဲ့ Crime Action ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်ကြောင်းကို ၁၉၉၀ခုနှစ်နှောင်းပိုင်း Digital Money တွေမပေါ်သေးတဲ့အချိန်ကို အခြေခံထားတဲ့ ငွေတုလုပ်ငန်းတိုက်ဖျက်ရေးအက်ရှင်ကားဖြစ်ပြီးတော့ အတိုက်အခိုက်ပိုင်းမှာ ပီပြင်တဲ့အက်ရှင်ဝါရင့်မင်းသားတွေပါတာကြောင့် အတော်လေးကြည့်ကောင်းမယ့်ဇာတ်ကားပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ (၃)ထပ်ကွမ်းလက်ဝှေ့ချန်ပီယံတစ်ယောက်ဖြစ်ခဲ့တဲ့ ကျန့်မင်ဟာ လက်ရှိမှာတော့ ရောဂါသည်သမီးလေးဆေးကုဖို့အတွက် တက္ကစီမောင်းရင်း ခက်ခက်ခဲခဲငွေရှာနေရပါတယ် သူ့သမီးလေးကို ခွဲစိတ်ဖို့အရေးတကြီးငွေလိုလာတဲ့အချိန်မှာတော့ သူကမြေအောက်ငွေတုလုပ်ငန်းထဲကို ခြေစုံပစ်ဝင်လိုက်ပါတယ်။ဒါကအဆုံးသတ်မကောင်းတဲ့လမ်းမှန်းသိပေမယ့် မတတ်သာလို့လုပ်ရတဲ့အခါ ရဲအရာရှိတစ်ယောက်နဲ့ဆက်သွယ်မိပြီး ငွေတုရဲ့အရင်းအမြစ်ကိုဖော်ထုတ်ပေးဖို့ ရဲအရာရှိကိုကတိပေးလိုက်ပါတယ်။ အရမ်းဉာဏ်များတဲ့ ငွေတုလုပ်ငန်းရှင်ကိုအမိဖမ်းနိုင်ဖို့ ဉာဏ်အားရော ခွန်အားရောသုံးနေရပေမယ့် သူ့သမီးလေးအနာဂတ်အတွက် ငွေတုလုပ်ငန်းကနေငွေရသလောက်ရှာမယ်လို့ ကျန့်မင်ဆုံးဖြတ်လိုက်တဲ့အချိန်မှာတော့ သူဟာနှစ်ဖက်ဖိအားတွေကြားမှာ သူလိုချင်တဲ့ရည်မှန်းချက်ကိုရနိုင်မလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရမှာပဲဖြစ်ပါတယ် Filesize : 1.63 GB / 920 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Action , Crime Runtime : 1h 37 min Subtitle : Myanmar Subtitle ( Hardsub ) ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2/123 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/125

“ Omukade ” (2026) "ရန်သူ့လက်ထဲမှာ အသေခံမလား... အမှောင်ထဲက ရှေးဟောင်းမိစ္ဆာကြီးဆီမှာ အရှင်လတ်လတ် အစားခံမလား..." ကဲ... ထိုင်း
“ Omukade ” (2026) "ရန်သူ့လက်ထဲမှာ အသေခံမလား... အမှောင်ထဲက ရှေးဟောင်းမိစ္ဆာကြီးဆီမှာ အရှင်လတ်လတ် အစားခံမလား..." ကဲ... ထိုင်း Horror ကား ကြမ်းကြမ်းရမ်းရမ်းတွေမှ ကြိုက်ပါတယ်ဆိုတဲ့ ပရိသတ်ကြီးအတွက် Body Horror သွေးသံရဲရဲ ကားသစ်ကြီးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ကျွန်တော်တို့ရဲ့ အချစ်တော်မင်းသား အသည်းကျော်ပဲလှော် ခိုခိုဒေါင်း ပါဝင်သရုပ်ဆောင်ထားတာဖြစ်လို့ အားလုံးက စောင့်မျှော်နေရတဲ့ဇာတ်ကားဆိုလည်း မမှားပါဘူး။ ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်အတွင်း ထိုင်းနိုင်ငံက ကျိန်စာသင့်နေတဲ့ မြေအောက်သတ္တုတွင်းဟောင်းတစ်ခုမှာ အခြေတည်ထားပါတယ်။ စစ်ရဲ့အရှိန်ကြောင့် တင်းမာမှုတွေ အမြင့်ဆုံးကို ရောက်နေတဲ့အချိန်၊ ဂျပန်စစ်သားတွေနဲ့ သူတို့ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းတွေဟာ အဲဒီလှိုဏ်ဂူထဲမှာ မထင်မှတ်ဘဲ အတူတူ ပိတ်မိသွားကြပါတယ်။ ဒါပေမဲ့ ပြဿနာက အဲဒီမှာတင် ပြီးမသွားပါဘူး။ သူတို့ရင်ဆိုင်ရမှာက အချင်းချင်း သတ်ဖြတ်ရမယ့် ရန်သူတွေတင် မဟုတ်တော့ပါဘူး။ အမှောင်ထုထဲမှာ နှစ်ပေါင်းများစွာ အိပ်စက်နေခဲ့တဲ့ ရှေးဟောင်းမိစ္ဆာကောင်ကြီး နိုးထလာတဲ့အခါမှာတော့... အားလုံးရဲ့ အသက်လုပွဲကြီးက စတင်ပါတော့တယ်။ Body Horror အမျိုးအစားဖြစ်တဲ့အတိုင်း အကောင်ကြီးရဲ့ ကိုက်ဖြတ်စားသောက်မှုတွေ၊ ခြောက်ခြားစရာ မြင်ကွင်းတွေ ဖောဖောသီသီ ပါဝင်သွားဦးမှာပါ။ လူ့ဘီလူး ဂျပန်စစ်သားတွေရဲ့ ရက်စက်မှုနဲ့ အကောင်ကြီးရဲ့ အမဲလိုက်မှု နှစ်ခုကြားမှာ သုံ့ပန်းတွေ ဘယ်လို လွတ်မြောက်အောင် ရုန်းကန်ကြမလဲဆိုတာကတော့... ရိုးရိုးတန်းတန်း သရဲကားတွေထက် Monster Survival သည်းထိတ်ရင်ဖို ကြိုက်တဲ့သူတွေအတွက်တော့ ညဘက် အဖော်မပါဘဲ မကြည့်သင့်တဲ့ ကားကောင်းလေးဖြစ်လို့ ခုပဲ ရှုစားလိုက်ကြပါဦး။ ( ဇာတ်လမ်းအကျဉ်းကို Zicky မှရေးသားပေးထားပါတယ် ) Subtitle By - Ash Team Encode By - K Ash Channel (Ash) မှဘာသာပြန်တင်ဆက်သည်။ #Omokada #AshThai #ThaiHorror #အိုမူကာဒေး #OmukadaThaiMovie #AshChannel #AshOngoing #Ash #AshOngoing2026 ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld6543 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld6543/93

Spy Thriller ကားကောင်းကောင်း မျှော်နေတဲ့ ဘော်ဒါတွေအတွက် ၂၀၂၆ အစောပိုင်းမှာတင် ထွက်ရှိထားတဲ့ M*r. X ကို တင်ဆက်ပေးလိုက်ပါပြီ။ ဒ
Spy Thriller ကားကောင်းကောင်း မျှော်နေတဲ့ ဘော်ဒါတွေအတွက် ၂၀၂၆ အစောပိုင်းမှာတင် ထွက်ရှိထားတဲ့ M*r. X ကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီကားမှာတော့ ကျွန်တော်တို့ရဲ့ အချစ်တော် မင်းသား Arya က R&AW အေးဂျင့် ဂေါ်တမ် အဖြစ် ပါဝင်ထားပြီး၊ Gautham Karthik ကတော့ rogue agent အဖြစ် အကြိတ်အနယ် အားပြိုင်ထားကြတာပါ။ ဒါ့အပြင် ဝါရင့်မင်းသားကြီး Sarath Kumar နဲ့ မင်းသမီးချော Manju Warrier တို့ပါ ပါဝင်အားဖြည့်ထားကြတာဆိုတော့ Cast ပိုင်းကတော့ ပြောစရာမလိုအောင်ပါပဲ။  ဇာတ်လမ်းကတော့ G*2*0 ထိပ်သီးအစည်းအဝေး ကျင်းပနေချိန်မှာ ချန်နိုင်းမြို့ကြီးကို ဖျက်ဆီးမယ့် နျူကလီးယားစက်ပစ္စည်းတစ်ခုနဲ့အတူ အန္တရာယ်ပြုဖို့ ကြံစည်နေတဲ့ ro*g*ue ag*e*nt အမာရန်ကို ဂေါ်တမ်တစ်ယောက် လိုက်လံနှိမ်နင်းရတာကနေ အစပြုထားတာပါ။ အမာရန်ဆိုတာ နျူကလီးယားစက်ကို စောင့်ရှောက်နေတဲ့ Agent Mr. X ဆိုတဲ့လူကို သွားစောင့်ရှောက်ပေးဖို့လွီတ်လိုက်တဲ့ R*&*A*W ag*e*nt ပေမဲ့ တကယ်တမ်း စက်ပစ္စည်းဆီရောက်မှ အမာရန်က double agentဖြစ်နေတဲ့အခါ ဒီချိန်မှာ အလုပ်ထွက်ပြီး ချစ်သူနဲ့ ဘဝကိုဖြတ်သန်းချင်နေတဲ့ ဂေါ်တမ်ကို Mr. X ကိုသွားကယ်ခိုင်းတဲ့အခါ ချစ်သူနဲ့ပေါင်းဖက်ခါနီးမှ ဂေါ်တမ်တစ်ယောက် M*r X ကို ဘာလို့သွားကယ်တာလဲ M*r. X ဆိုတာဘယ်သူလဲ  အဖြေရှာရင်းနဲ့ နောက်ကွယ်က လျှို့ဝှက်ချက်တွေ ဘယ်လို ဘူးပေါ်သလို ပေါ်လာမလဲဆိုတာကတော့...  တချို့fight scene တွေက တကယ့်ကို စွဲဆောင်မှုရှိပြီး၊ မင်းသား Arya ရဲ့ Action ခန်းတွေကလည်း အမှန်အကန် ဖြုတ်ပြထားတာမို့ အားရစရာကောင်းတဲ့အပြင် ဇာတ်လမ်းက Plot twist တွေနဲ့အတူ အရှိန်အဟုန်အပြည့်နဲ့ တရိပ်ရိပ်သွားနေတာမို့ ပျင်းဖို့အချိန်တောင် ရမှာမဟုတ်ပါဘူး။ သည်းထိတ်ရင်ဖို Action/Thriller အမျိုးအစား ကြိုက်နှစ်သက်သူတွေအတွက်တော့ ဒီကားလေးက အကောင်းဆုံး Choice တစ်ခု ဖြစ်မှာ အသေအချာပါပဲ။ အခုပဲ M*r. X ရဲ့ လျှို့ဝှက်ချက်တွေကို အတူတူ ဖော်ထုတ်ဖို့ ရှုစားလိုက်ရအောင်ပါ။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld782 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld782/99

"အချစ်ဦးနဲ့ လွဲခဲ့ရပေမယ့်... ကိုယ့်အနားမှာ ရှိနေပေးတဲ့ ဇနီးသည်ရဲ့ မေတ္တာကို နားလည်သွားတဲ့အခါ..." ဒီဇာတ်ကားကတော့ လူငယ်လေး Tami
"အချစ်ဦးနဲ့ လွဲခဲ့ရပေမယ့်... ကိုယ့်အနားမှာ ရှိနေပေးတဲ့ ဇနီးသည်ရဲ့ မေတ္တာကို နားလည်သွားတဲ့အခါ..." ဒီဇာတ်ကားကတော့ လူငယ်လေး Tamizh ရဲ့ ဘဝအကြောင်းကို ရိုက်ကူးထားတာပါ။ ပထမပိုင်းမှာ ကျောင်းသားဘဝရဲ့ ရိုမန့်တစ်ဆန်တဲ့ အချစ်ဦးအမှတ်တရတွေကို ချစ်စရာကောင်းအောင် တင်ဆက်ထားပြီး၊ ဒုတိယပိုင်းမှာတော့ အိမ်ထောင်သည်ဘဝရဲ့ တာဝန်သိမှု၊ မိသားစုအပေါ် ထားတဲ့ သံယောဇဉ်တွေကို ခံစားချက်အပြည့်နဲ့ တွေ့မြင်ရမှာပါ။ သူ့ဖခင်အပေါ် စွပ်စွဲလာတဲ့ အမည်းစက်တွေကို ရှင်းလင်းဖို့ ကြိုးစားရင်း ဘဝကို ဘယ်လိုရုန်းကန်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ Dhanush ရဲ့ သဘာဝကျလွန်းတဲ့ သရုပ်ဆောင်ချက်တွေအပြင်၊ မင်းသမီး Amy Jackson နဲ့ Samantha တို့ရဲ့ မတူညီတဲ့ ဆွဲဆောင်မှုတွေကို တစ်ကားတည်းမှာ အမိအရ ခံစားရမှာပါ။ ဘဝအမောတွေကြားက ရင်ထဲထိရှစေမယ့် ဒရာမာကားကောင်းလေးမို့ အခုပဲ ကြည့်လိုက်တော့နော် ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld782 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld782/97 #Credit

မင်းသားနဲ့မင်းသမီးကြည့်ရတာနဲ့တင်တန်နေမဲ့ကား😍😍😍 အိန္ဒိယနိုင်ငံရဲ့အချမ်းသာဆုံးစာရင်းဝင်ဖြစ်တဲ့မင်းသားဟာရှာဟာချမ်းသာပေမယ့်လည်
မင်းသားနဲ့မင်းသမီးကြည့်ရတာနဲ့တင်တန်နေမဲ့ကား😍😍😍 အိန္ဒိယနိုင်ငံရဲ့အချမ်းသာဆုံးစာရင်းဝင်ဖြစ်တဲ့မင်းသားဟာရှာဟာချမ်းသာပေမယ့်လည်း သူ့ဘဝကိုရိုးရိုးရှင်းရှင်းနေထိုင်သူတစ်ဦးဖြစ်ပါတယ် သူတို့အလုပ်ကလူတွေကိုလည်းကြင်ကြင်နာနာနဲ့ကူညီတတ်ပြီးတော့စိတ်ထားကောင်းတဲ့သူတစ်ဦးဖြစ်ပါတယ် တစ်နေ့မှာသူ့အမေနဲ့အတူဘုရားကျောင်းကိုသွားရင်မထင်မှတ်ပဲ ချာရူကိုတွေ့မိပြီးမြင်မြင်ချင်းချစ်မိသွားပါတော့တယ် ချာရူနဲ့နီးစပ်အောင်လုပ်ရင်း ချာရူနဲ့အတူတူ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးကျောင်းကိုတတ်ခဲ့ပါတယ် ချာရူဟာမင်းသားတို့အကြောင်းကို ဆောင်းပါးတစ်ခုမှာဖတ်ခဲ့ရပြီး ဟာရှာအဖေဟာ သူ့တို့ရွာကိုစွန့်ပစ်ခဲ့တဲ့သူတစ်ဦးဖြစ်တဲံသူဆိုတာသိပြီး ဟာရှာနဲ့ဝေးဝေးမှာနေခဲ့ပါတယ် ဒါနဲ့ဟာရှာဟာ သူ့အဖေစွန့်ပစ်ခဲ့တဲ့ထိုမြို့လေးကိုသွားပြီး ထိုရွာလေးကိုပြုပြင်ပြောင်းလဲဖို့ကြိုးစားရာမှ သူမသိသေးတဲ့ အတိတ်ကသူ့အဖေအကြောင်းကိုသိခဲ့တဲ့အပြင် ရွာရဲ့လျှို့ဝှက်ချက်ကိုလည်းတဖြည်းဖြည်းသိရှိလာခဲ့ပါတယ် ဟာရှာဟာဒီရွာလေးကိုဘယ်လိုအန္တရာယ်တွေကြားထဲကနေပြောင်းလဲသွားမလဲဆိုတာ.. ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld782 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld782/95

Helpless (2012) 2012ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Helpless ဇာတ်ကားဟာ ရုပ်ရှင်ရုံတင်သည့် ပထမဆုံးအပတ်မှာပင် လက်မှတ်စောင်ရေ ၆ သိန်းကျေ
Helpless (2012) 2012ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Helpless ဇာတ်ကားဟာ ရုပ်ရှင်ရုံတင်သည့် ပထမဆုံးအပတ်မှာပင် လက်မှတ်စောင်ရေ ၆ သိန်းကျော် ရောင်းချခဲ့ရပါတယ်။ ကိုရီးယား Box Office တွင် အဆင့် (၁) ချိတ်ခဲ့ပြီး ဝက်ဝက်ကွဲရောင်းချခဲ့ရသည့် ဇာတ်ကားကာင်းတစ်ပုဒ်ဖြစ်ပါတယ်။ "မင်း တကယ်ချစ်နေတဲ့သူက ဘယ်သူလဲဆိုတာ မင်းသေချာသိရဲ့လား".... ဒီမေးခွန်းလေးကပင် ဒီဇာတ်ကားရဲ့ အဓိက ကျောရိုးပါပဲ။ ⤵️ - ဇာတ်လမ်းအကျဉ်း - ⤵️ Mun Hoနဲ့ Seon Yeong တို့ဟာ မကြာခင်မှာ လက်ထပ်ကြတော့မယ့် စုံတွဲလေးပါ။ တစ်နေ့မှာတော့ Mun Ho ရဲ့ မိဘတွေဆီ အတူသွားရင်း လမ်းဘေးနားနေစခန်းတစ်ခုမှာ ခဏရပ်နားခဲ့ကြပါတယ်။ ဒါပေမဲ့ Mun Ho တစ်ယောက် ကော်ဖီဝယ်ပြီး ပြန်လာတဲ့အခါမှာတော့ ကားစက်နှိုးလျက်သားနဲ့ မိုးထဲလေထဲမှာ Seon Yeong တစ်ယောက် ရုတ်တရက် အစအနရှာမရအောင် ပျောက်ဆုံးသွားခဲ့ပါတယ်။ ပျောက်ဆုံးသွားတဲ့ Seon Yeongကို ရှာဖို့အတွက် Mun Ho ဟာ စုံထောက်ဟောင်းတစ်ဦးဖြစ်တဲ့ သူ့ရဲ့ဝမ်းကွဲအစ်ကို Jong Geun ကို အကူအညီတောင်းခဲ့ပါတယ်။ အစပိုင်းမှာတော့ ပိုက်ဆံမက်လို့ ကူညီပေးခဲ့တဲ့ Jong Geun တစ်ယောက် စုံစမ်းရင်းနဲ့မှ Mun Ho ချစ်ခဲ့ရတဲ့ အမျိုးသမီးရဲ့ နောက်ကွယ်က ထိတ်လန့်စရာကောင်းတဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်နိုင်ခဲ့တဲ့အခါမှာတော့... Seon Yeong ဘာကြောင့် ဒီလို ပျောက်ကွယ်သွားရတာလဲ ဆိုတာနဲ့ ပတ်သက်ပြီးပဟေဠိတွေကို တစ်ခုပြီးတစ်ခု ဖြေရှင်းရင်း ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုသွားရမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်မို့ Mysteryကြိုက်တဲ့ ပရိသတ်များ လက်မလွတ်သင့်တဲ့ Helpless (2012) ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်... ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/117

လူသားတွေထက်တောင် စိတ်ရင်းကောင်းတဲ့ ရေဘဝဲတကောင်အကြောင်း ======================= ဒီဇာတ်ကားလေးကတော့ ရေဘဝဲတစ်ကောင်နဲ့ လူနှစ်ယောက်
လူသားတွေထက်တောင် စိတ်ရင်းကောင်းတဲ့ ရေဘဝဲတကောင်အကြောင်း ======================= ဒီဇာတ်ကားလေးကတော့ ရေဘဝဲတစ်ကောင်နဲ့ လူနှစ်ယောက်ကြားမှာ ထူးခြားတဲ့ဇာတ်အိမ်လေးနဲ့ ရိုက်ကူးတင်ဆက်ထားတဲ့ ဆွတ်ပျံ့ကြည်နူးဖွယ်ရာ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ S-o-we-ll Bay ငါးပြတိုက်မှာ ညပိုင်းသန့်ရှင်းရေးလုပ်တဲ့ အသက်ကြီးပိုင်းအမျိုးသမီး To-va (Sa-lly Fi-el-d) နဲ့ ငါးပြတိုက်ထဲက ထက်မြက်လွန်းတဲ့ ရှစ်လက်ဝယ်ငါး (Oct-opus) ကြီး Mar-cell-us (Alfr-ed M-ol-in-a ရဲ့ အသံသရုပ်ဆောင်) တို့ကြားက ထူးခြားတဲ့ သံယောဇဉ်ကို အခြေခံထားတာပါ။ Tov-a ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ပျောက်ဆုံးသွားတဲ့ သားဖြစ်သူရဲ့ အပူတွေနဲ့ အထီးကျန်နေသူဖြစ်ပြီး Ma-rcel-lus ကတော့ သူမရဲ့ နာကျင်မှုတွေကို နားလည်ပေးနိုင်သူ ဖြစ်လာပါတယ်။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/115

ခန္ဓာကိုယ်ချင်း လွဲသွားတဲ့ တိရစ္ဆာန်နှစ်ကောင်… ➪➪➪➪➪➪➪➪➪➪➪➪➪➪ ဇာတ်လမ်းအကျဉ်းကတော့ Swapped မှာ တောအုပ်ထဲမှာ နေထိုင်တဲ့ တိရစ္ဆာ
ခန္ဓာကိုယ်ချင်း လွဲသွားတဲ့ တိရစ္ဆာန်နှစ်ကောင်… ➪➪➪➪➪➪➪➪➪➪➪➪➪➪ ဇာတ်လမ်းအကျဉ်းကတော့ Swapped မှာ တောအုပ်ထဲမှာ နေထိုင်တဲ့ တိရစ္ဆာန်နှစ်ကောင်ဟာ အမြဲတမ်း တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေကြတဲ့သူတွေပါ။ ဒါပေမယ့် မထင်မှတ်တဲ့ မှော်စွမ်းအားတစ်ခုကြောင့် သူတို့နှစ်ယောက် ခန္ဓာကိုယ်ချင်း လဲသွားပါတော့တယ်။ အစမှာတော့ ကိုယ့်ခန္ဓာကိုယ်မဟုတ်တဲ့ နေရာမှာ နေရတာကြောင့် အဆင်မပြေမှုတွေ၊ ဟာသတွေ တောက်လျှောက်ဖြစ်နေပြီး တစ်ယောက်ကိုတစ်ယောက် ပိုစိတ်တိုလာကြပါတယ်။ ဒါပေမယ့် တစ်ယောက်ဘဝကို တစ်ယောက် ကိုယ်တိုင်ကြုံလာရတဲ့အချိန်မှာတော့ အရင်က နားမလည်ခဲ့တဲ့ အရာတွေကို နားလည်လာကြပါတယ်။ အဲ့ဒီလိုနဲ့ တဖြည်းဖြည်း ခင်မင်လာကြပြီး တောအုပ်ကို ကျရောက်လာတဲ့ အန္တရာယ်တစ်ခုကို အတူတူ ရင်ဆိုင်ကြရပါတော့တယ်။ နောက်ဆုံးမှာ သူတို့ မူလခန္ဓာကိုယ်ကို ပြန်ရနိုင်မလား… ဒါမှမဟုတ် ဒီအတိုင်းပဲ ဆက်နေရတော့မလားဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ် ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/113

‎ ‎ဇာတ်လမ်းအကျဉ်း ‎ ‎နှစ်ပေါင်းများစွာ ကြိုးစားတည်ဆောက်ခဲ့ရတဲ့ ဒြပ်စင်လေးပါး ငြိမ်းချမ်းရေးကြီး ပျက်စီးသွားဖို့ အန္တရာယ်ရှိလာ
‎ ‎ဇာတ်လမ်းအကျဉ်း ‎ ‎နှစ်ပေါင်းများစွာ ကြိုးစားတည်ဆောက်ခဲ့ရတဲ့ ဒြပ်စင်လေးပါး ငြိမ်းချမ်းရေးကြီး ပျက်စီးသွားဖို့ အန္တရာယ်ရှိလာတဲ့အခါ... Aang နဲ့ သူငယ်ချင်းတစ်စုဟာ နောက်ထပ်တစ်ကြိမ် ကမ္ဘာအနှံ့ ခရီးထွက်ခဲ့ကြရပါတယ်။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ ရန်သူက ပြင်ပကတင်မကဘဲ သူတို့ရဲ့ လေမျိုးနွယ်စု ယဉ်ကျေးမှုနဲ့ ရှေးဟောင်းစွမ်းအားတွေကို ဖျက်ဆီးမယ့် လျှို့ဝှက်ချက်တွေဆီကပါ လာနေတာပါ။ လူကြီးဘဝရဲ့ တာဝန်ဝတ္တရားတွေ၊ စိတ်ပိုင်းဆိုင်ရာ ရုန်းကန်မှုတွေကြားမှာ Avatar တစ်ယောက်အနေနဲ့ ငြိမ်းချမ်းရေးကို ဘယ်လိုထိန်းသိမ်းမလဲဆိုတာ ရင်တဖိုဖိုနဲ့ ကြည့်ရှုရမှာပါ။ ‎ ‎ဒီရုပ်ရှင်မှာ အရင်ကလို 2D ရသကိုမှ ခေတ်မီတဲ့ CG နည်းပညာတွေနဲ့ ပေါင်းစပ်ထားလို့ ရုပ်ထွက်က တကယ့်ကို မှင်သက်စရာပါ။ အထူးသဖြင့် Eric Nam က Aang အဖြစ်လည်းကောင်း၊ Dave Bautista က ဗီလိန်နေရာကလည်းကောင်း အသံသရုပ်ဆောင်ထားတာက ဇာတ်လမ်းကို ပိုပြီး လေးနက်ခိုင်မာစေပါတယ်။ လူကြီးတွေဖြစ်သွားတဲ့ Katara, Sokka, Zuko နဲ့ Toph တို့ရဲ့ အမိုက်စား ဒီဇိုင်းသစ်တွေနဲ့ တိုက်ခိုက်ရေးခန်းတွေကို ‎ ‎ချန်နယ်လင့်🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽 https://t.me/dreamworld2/111

ဘောင်းဘီပြဲခဲ့သော အတိတ်မှ... H_e-a_r-tm_a-n: R-o_c-k a-n_d Lo-v_e (2-0-2-6) IMDB ⭐️ 5.7/10 Hitman: Agent Jun ထဲက မင်းသားကြီး
ဘောင်းဘီပြဲခဲ့သော အတိတ်မှ... H_e-a_r-tm_a-n: R-o_c-k a-n_d Lo-v_e (2-0-2-6) IMDB ⭐️ 5.7/10 Hitman: Agent Jun ထဲက မင်းသားကြီး Kwon Sang-woo  နဲ့ Flower of Evil ထဲက မမ Moon Chae-won တို့ရဲ့ အချစ်ဟာသကားလေး.. ကလေးမချစ်တဲ့ အချစ်ဦးနဲ့ ပြန်ဆုံချိန်မှာ သမီးရှိတာကို ဖုံးကွယ်ထားရတဲ့ Single Father တစ်ယောက်ရဲ့ လျှို့ဝှက်ချက်က ဘယ်လို အလှည့်အပြောင်းတွေ သယ်ဆောင်လာမလဲ.. ဘောင်းဘီပြဲပြီး လူနာတင်ကားစီးသွားရတဲ့ အတိတ်က အရှက်ရစရာ Incident ကနေ အခုတော့ ကလေးမချစ်တဲ့ Crush ရဲ့အချစ်ကို ရဖို့ ကြိုးစားရတဲ့အထိ.. ကလေးမရှိမှ အချစ်က ပြည့်စုံမှာလား.. ဒါမှမဟုတ် မိသားစုဆိုတဲ့ အဓိပ္ပာယ်က ပိုပြီး နက်ရှိုင်းတာလား.. ဒီရုပ်ရှင်ဟာ ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ အာဂျင်တီးနား ရုပ်ရှင် "No Kids" ကို တောင်ကိုရီးယား Cinematic Style နဲ့ အကောင်းဆုံး Remake ပြန်လုပ်ထားတာ ဖြစ်ပါတယ်။ ကလေးမချစ်တဲ့ လူငယ်တွေရဲ့ Modern အတွေးအမြင်နဲ့ မိဘတစ်ယောက်ရဲ့ တာဝန်ဝတ္တရားကြားက ပဋိပက္ခတွေကို ပေါ့ပေါ့ပါးပါး Rom-com  အမျိုးအစားအဖြစ် ဖန်တီးထားတာမို့လို့ ပရိသတ်တွေအတွက် ဆန်းသစ်တဲ့ Vibe မျိုး ပေးစွမ်းမှာပါ။ လူကြိုက်များခဲ့တဲ့ "Hitman: Agent Jun" ရဲ့ ဒါရိုက်တာ Choi Won-sub က ပဲ့ကိုင်ပေးထားပြီး ဇာတ်ညွှန်းကိုတော့ Lee Soo-ah က ရေးသားထားတာမို့ လွှတ်ကနဲ ရယ်မောလိုက်ရမဲ့ ဟာသအကွက်တွေ စိတ်ချလက်ချ မျှော်လင့်လို့ရပါတယ်။ ဇာတ်လမ်းရဲ့ အစကတော့ အတိတ်က ကျောင်းသားပွဲတော်တစ်ခုမှာ ဆန်းမင်း တစ်ယောက် ဘိုနာရှေ့ အရှက်ရခဲ့တဲ့ Incident လေးကနေ စတင်ခဲ့တာပါ။ အဲဒီနောက်ပိုင်း ဘိုနာတစ်ယောက် ပြည်ပကို ထွက်ခွာသွားခဲ့ပြီး နှစ်တွေအကြာမှာ ဆန်းမင်းက အိမ်ထောင်ကွဲ တစ်ခုလပ်အဖြစ် သမီးလေး ဆိုယောင်းနဲ့အတူ ဘဝကို ဖြတ်သန်းနေပါတယ်။ တစ်နေ့မှာတော့ သူ့ရဲ့ အတိတ်က အချစ်ဦး ဘိုနာနဲ့ မမျှော်လင့်ဘဲ ပြန်ဆုံတွေ့တဲ့အခါမှာတော့ အချစ်မီးတွေ တစ်ကျော့ပြန် တောက်လောင်လာခဲ့ပါတယ်။ ဒါပေမဲ့ ပြဿနာက ဘိုနာဟာ သားသမီးမယူဘဲ အေးဆေးနေချင်တဲ့ Strict No-Kids Lifestyle သမား ဖြစ်နေတာပါပဲ။ ဘိုနာရဲ့ အချစ်ကို ရဖို့အတွက် ဆန်းမင်း တစ်ယောက် မိမိမှာ သမီးလေးရှိနေတာကို ဖုံးကွယ်ဖို့ ကြိုးစားရင်း ဖြစ်ပေါ်လာမဲ့ ရှုပ်ထုပ်ရှုပ်ချက် ဟာသ Vibe တွေက ပရိသတ်ကို တခိခိနဲ့ ရယ်မောနေရစေမှာပါ။ တစ်ဖက်ကလည်း သမီးဖြစ်သူရဲ့ ကူညီပေးမှုတွေ၊ သားအဖကြားက နွေးထွေးတဲ့ သံယောဇဉ် Feel တွေကိုပါ ရရှိစေမှာ ဖြစ်ပါတယ်။ နှလုံးသားကို နွေးထွေးစေမဲ့ Rock ဂီတသံစဉ်တွေနဲ့အတူ ချစ်ခြင်းမေတ္တာရဲ့ အဓိပ္ပာယ်ကို အသစ်တစ်မျိုး ခံစားရစေမဲ့ ဇာတ်လမ်းလေးမို့ ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/109

Lee Cronin's The Mummy (2026) "Evil Dead Rise" ကားကို ရို-က်ခဲ့တဲ့ ဒါရို-က်တာ Lee Cronin ရဲ့ ၂၀၂၆ ထွက် Horror ကားအသစ် "Lee Cr
Lee Cronin's The Mummy (2026) "Evil Dead Rise" ကားကို ရို-က်ခဲ့တဲ့ ဒါရို-က်တာ Lee Cronin ရဲ့ ၂၀၂၆ ထွက် Horror ကားအသစ် "Lee Cronin's The Mummy" ရပါပြီ။ ဒီကားက ရှေးဟောင်းအီဂျစ်ဂူတွေထဲက Mummy ဇာတ်လမ်းတွေနဲ့ မတူဘဲ မိသားစုအရေးနဲ့ သည်-းထိ-တ်ရ-င်ဖိုကို ပေါင်းစပ်ထားတဲ့ ပုံစံမျိုးလေးပါ။ ဇာတ်လမ်းအကျဉ်း ++++++++ ဇာတ်လမ်းကတော့ သတင်းထော-က်တစ်ယောက်ရဲ့ သမီးငယ်လေး သဲ-က-န္တာ-ရထဲမှာ သဲ-လွ-န်စ-မရှိဘဲ ပျော-က်သွားရာကနေ စထားတယ်။ ၈ နှစ်လောက်ကြာတော့ မိသားစုလည်း စိ-တ်ပျ-က်လ-က်ပျ-က် ဖြစ်နေပြီပေါ့။ ဒါပေမဲ့ တစ်နေ့ကျတော့ အဲဒီကောင်မလေး ရု-တ်တ-ရ-က် ပြန်ရောက်လာတဲ့အတွက် အကုန်လုံး အံ့-ဩသွားကြတယ်။ တကယ်ဆိုရင် သမီးလေး ပြန်တွေ့တဲ့အတွက် ပျော်စရာ တွေဖြစ်သင့်ပေမဲ့ အဲဒီလို မဟုတ်ဘဲ အိပ်မက်ဆို-းကြီးတစ်ခုလို ကြော-က်စရာကောင်းတဲ့ ကိစ္စတွေ ဆ-က်တို-က် ဖြစ်လာပါတော့တယ်။ ဘာတွေ ဆက်ဖြစ်မလဲ၊ သဲ-က-န္တာ-ရထဲမှာ ၈ နှစ်လောက် ဘာတွေ-ကြုံ-ခဲ့ရလဲ ဆိုတာကို ရင်တမမနဲ့ ကြည့်ရမယ့် ကားပါ။ Horror နဲ့ Mystery ခပ်မို-က်မို-က် ကြိုက်တဲ့သူတွေ သဘောကျမယ့် ကားလေးမို့ ကြည့်ကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld6543 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld6543/83

The Gentleman (2025) ၂၀၂၅ မှာ ထွက်ရှိထားတဲ့ စပိန်နိုင်ငံထုတ် Action Thriller ကားအကြ-မ်းစားကြီးပါ။ ဒီကားက နာမည်ကြီးစာရေးဆရာ Ca
The Gentleman (2025) ၂၀၂၅ မှာ ထွက်ရှိထားတဲ့ စပိန်နိုင်ငံထုတ် Action Thriller ကားအကြ-မ်းစားကြီးပါ။ ဒီကားက နာမည်ကြီးစာရေးဆရာ Carlos Augusto Casas ရဲ့ ဝတ္ထုကို ပြ-န်ရို-က်ထားတာဖြစ်ပြီး၊ ဇာတ်လမ်းက တော်တော်လေးကို ရ-င်န-င့်ဖို့ကောင်းသလို အေးစက်စက်နဲ့ ကြ-မ်းတာမျိုးပါ။ ဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင်က Theo ဆိုတဲ့ အဘို-းကြီးတစ်ယောက်ပါ။ သူက အသ-က်ကြီးပြီဖြစ်သလို ဘ-ဝမှာလည်း တစ်ယောက်တည်း အထီ-းကျ-န်နေတဲ့သူပေါ့။ သူ့ဘ-ဝရဲ့ တစ်ခုတည်းသော ပျော်ရွှင်မှုက Olga လို့ခေါ်တဲ့ မိန်းကလေးတစ်ယောက်ပါ။ သူက ပြ-ည့်တ-န်ဆ-ာတစ်ယောက်ဖြစ်ပေမယ့် Theo အတွက်တော့ သူက သမီးလေးတစ်ယောက်လို၊ သူငယ်ချင်းတစ်ယောက်လို ဘ-ဝရဲ့ အလင်းရောင်လေးပေါ့။ သူတို့နှစ်ယောက်ဟာ အပ-တ်တိုင်း ကြာသပတေးနေ့မှာ တွေ့ကြပြီး စကားတွေပြော၊ ဘ-ဝအကြောင်းတွေ မျှ-ဝေကြလေ့ရှိပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ Olga ဟာ ရ-က်ရ-က်စ-က်စ-က် အ-တ်-ခံလိုက်ရပါတယ်။ ဒီသတ-င်းကို ကြားလိုက်ရတဲ့အခါ Theo ရဲ့ ကမ္ဘာ-ကြီ-းတစ်ခုလုံး ပြို-လဲသွားသလို ခံစားလိုက်ရပါတယ်။ ရဲ-တွေကလည်း Olga လို မိန်းကလေးမျိုးရဲ့ အ-မှုဆိုတော့ သေချာဂရုမစိုက်ကြပါဘူး။ ဒီမှာတင် Theo က ဆုံးဖြ-တ်ချက်တစ်ခု ချလိုက်ပါတယ်။ အဲဒါကတော့ "သူကိုယ်တိုင် တ-ရား-မျှ-တမှုကို ရှာမယ်" ဆိုတာပါပဲ။ Theo ဟာ အသ-က်ကြီးပြီဖြစ်ပေမယ့် သူ့မှာ အရင်က ဖုံးကွယ်ထားတဲ့ အရည်အချင်းတွေ ရှိနေပုံရပါတယ်။ သူဟာ Olga ကို -တ်ခဲ့တဲ့သူတွေကို တစ်ယောက်ပြီးတစ်ယောက် နောက်ယောင်ခံလိုက်ပြီး လ-က်စာ-းချေ-ဖို့ ပြင်ဆင်ပါတော့တယ်။ ဒါဟာ ရိုးရိုးလ-က်စာ-းချေ-တာမျိုး မဟုတ်ဘဲ "တောထဲမှာ သ-ားကော-င်ကို ချော-င်းနေတဲ့ကျ-ားတစ်ကော-င်" လိုမျိုး ရ-က်စ-က်ပြီး တိကျတဲ့လ-က်စာ-းချေ-မှုမျိုးပါ။ ဇာတ်လိုက်အဖြစ် သရုပ်ဆောင်ထားတဲ့ Ron Perlman က တကယ့်ကို ဝါရင့်သရုပ်ဆောင်ပီပီ စကားသိပ်မပြောဘဲ မျ-က်လုံ-းတွေ၊ အမူအရာတွေနဲ့တင် လူကို စွဲဆောင်သွားတာပါ။ ကားတစ်ကားလုံးက မိုး-အုံ့-အုံ့ အရော-င်မျိုးကို သုံးထားပြီး မြို့ပြရဲ့ အမှော-င်ဘက်ခြ-မ်းကို သေချာ ပုံဖော်ထားပါတယ်။ အက်ရှင်ခန်းတွေက အရမ်းကြီး ပလူပျံနေတာမျိုး မဟုတ်ဘဲ တစ်ချက်ချင်းစီ ထိထိမိမိနဲ့ အရမ်းရ-င်ထိ-တ်စရာကောင်းပါတယ်။ "ကိုယ့်အတွက် အဖိုးတန်ဆုံးလူကို ဆုံးရှုံးလိုက်ရတဲ့ အဖိုးကြီးတစ်ယောက်က၊ မြို့ပြဆိုတဲ့ တောအုပ်ကြီးထဲမှာ သ-ား-ရဲတစ်ကော-င်လို ပြန်ပြောင်းလဲပြီး လ-က်စ-ားချေတဲ့ဇာတ်လမ်း" ပါပဲ။ ဒီကားက John Wick လိုမျိုး မြန်ဆန်တဲ့ အ-က်ရှ-င်ထက်၊ The Equalizer လိုမျိုး ခပ်အေးအေးနဲ့ အကြ-မ်းစား လ-က်စ-ားချေ-တဲ့ကားမျိုး ကြိုက်တဲ့သူတွေအတွက်တော့ ကွက်တိပါပဲ။ တကယ်ကို ရင်ထဲထိမယ့် Thriller ကားကောင်းတစ်ကားလို့ ပြောရမှာပါ။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/106

သေမင်းတမန် Biker (သို့) ရပ်တန့်မရနိုင်သော ကံကြမ္မာ D_e-a_t-h C-y_c-l_e (2-0-2-6) IMDB ⭐️ 5/10 ဇာတ်လမ်းအကျဉ်း အမှောင်ထု ကြီးစိ
သေမင်းတမန် Biker (သို့) ရပ်တန့်မရနိုင်သော ကံကြမ္မာ D_e-a_t-h C-y_c-l_e (2-0-2-6) IMDB ⭐️ 5/10 ဇာတ်လမ်းအကျဉ်း အမှောင်ထု ကြီးစိုးတဲ့ ညတစ်ညမှာ ညီအစ်မနှစ်ယောက်ရဲ့ ဘဝဟာ ရက်စက်တဲ့ ယာဉ်တိုက်မှုတစ်ခုကြောင့် ရုတ်ချည်း ပြောင်းလဲသွားခဲ့တယ်။ ကားမောင်းသမားဟာ သက်သေဖျောက်ဖို့အတွက် ဒဏ်ရာပြင်းပြင်းထန်ထန် ရနေတဲ့ ညီမဖြစ်သူကိုပါ ရက်ရက်စက်စက် သတ်သွားခဲ့ပေမဲ့... အစ်မဖြစ်သူက သေမင်းဆီက ရုန်းထွက်လွတ်မြောက်လာတဲ့ကိုတော့ သူ မသိခဲ့ပါဘူး။ မျက်မြင်သက်သေ အစ်မဖြစ်သူက တရားခံကို ဖော်ထုတ်ခဲ့ပေမဲ့... ငွေနဲ့ အာဏာရှိတဲ့ အသိုင်းအဝိုင်းက အရာရာကို ဖုံးဖိပြီး သူ့ရဲ့ စွပ်စွဲချက်တွေကို ဖိနှိပ်ပစ်ခဲ့ကြပါတယ်။ ဒါပေမဲ့ တရားဥပဒေက မျက်ကွယ်ပြုထားတဲ့ တရားမျှတမှုကို “သူ” က ကိုယ်တိုင် လာယူပေးတဲ့အခါမှာတော့... အာဏာရှိ မိသားစုဝင်တွေ တစ်ယောက်ပြီးတစ်ယောက် ရက်ရက်စက်စက် အသတ်ခံလာရပြီး အခင်းဖြစ်နေရာတိုင်းမှာ အနက်ရောင် ဦးထုပ်ဆောင်းထားတဲ့ “Biker” တစ်ယောက်ကလွဲလို့ ဘာသဲလွန်စမှ ကျန်မနေခဲ့ပါဘူး။ ဒီအမှုဆိုးကြီးကို စုံစမ်းဖို့အတွက် မိသားစုက သတင်းထောက်ဖြစ်တဲ့ မောင်လေးကို ပြန်ခေါ်ခဲ့ရတဲ့အခါ... တကယ်တော့... သွေးအေးအေးနဲ့ အမဲလိုက်နေတဲ့ အနက်ရောင် Biker က ဘယ်သူများလဲ? နာကျည်းချက်တွေနဲ့ ပြည့်နေတဲ့ နစ်နာသူ မိသားစုဝင်တစ်ယောက်လား? ဒါမှမဟုတ် တရားဥပဒေအထက်က နတ်ဆိုးတွေကို အပြစ်ပေးမဲ့ သေမင်းတမန်လား? သွေးကြွေးကို သွေးကြွေးနဲ့ ဆပ်တာကရော တကယ့် တရားမျှတမှုရော ဟုတ်နိုင်ပါ့မလား? ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/104

မင်္ဂလာဦးညမှာ ဘယ်သူ့ကို tတ်မလဲ A_n E-n_e-m_y W-i-t_h-i_n (2-0-2-6) IMDB ⭐️ 4.5/10 "မင်္ဂလာဦးညမှာ ယောက္ခမကို သတ်မလား၊ ကိုယ်ချစ
မင်္ဂလာဦးညမှာ ဘယ်သူ့ကို tတ်မလဲ A_n E-n_e-m_y W-i-t_h-i_n (2-0-2-6) IMDB ⭐️ 4.5/10 "မင်္ဂလာဦးညမှာ ယောက္ခမကို သတ်မလား၊ ကိုယ်ချစ်ရတဲ့ သတို့သမီး အသတ်ခံရတာကို ထိုင်ကြည့်နေမလား" မင်္ဂလာပွဲဆိုတာ လူတစ်ယောက်ရဲ့ဘဝမှာ အပျော်ဆုံးနေ့တစ်နေ့ပါ။ ဒါပေမဲ့ ကိုယ့်ရဲ့မင်္ဂလာဦးညဟာ သွေးစွန်းတဲ့ ညတစ်ညဖြစ်လာမယ်ဆိုရင်ရော… Narnia ဇာတ်ကားတွေထဲက ပီတာလို့ ပြောလိုက်ရင် အားလုံးသိကြမယ့် ပရိသတ်အချစ်တော် မင်းသားချော William Moseley ခေါင်းဆောင်ပါဝင်ထားတဲ့ အသစ်စက်စက် Action Thriller ကားကြမ်းကြမ်းလေးတစ်ကားကို ဘော်ဒါတို့အတွက် ခုပဲ တင်ဆက်ပေးလိုက်ပါပြီ။ ဇာတ်လမ်းကတော့ ကေလက်ဘ်ဆိုတဲ့ လူငယ်လေးဟာ ချမ်းသာပြီး အာဏာရှိတဲ့ မိသားစုတစ်ခုက ကောင်မလေး ဂျူလီယာနဲ့ လက်ထပ်လိုက်ပါတယ်။ ဇိမ်ခံဟိုတယ်ကြီးတစ်ခုမှာ မင်္ဂလာဧည့်ခံပွဲကို အကြီးအကျယ်ကျင်းပနေတုန်းမှာပဲ ကေလက်ဘ်ရဲ့ အိတ်ကပ်ထဲကို ဂြိုဟ်တုဖုန်းတစ်လုံး ရောက်လာပါတယ်။ အဲဒီဖုန်းထဲကနေ "ဝံပုလွေ" လို့ခေါ်တဲ့ ကြေးစားလူသတ်သမားတစ်ယောက်က ဆက်လာပြီး "ညသန်းခေါင်မတိုင်ခင် မင်းရဲ့ ယောက္ခမဖြစ်သူကို သတ်... မသတ်ရင် မင်းရဲ့ သတို့သမီး သေမယ်" ဆိုပြီး ရွေးချယ်စရာမရှိတဲ့ အကြပ်အတည်းတစ်ခုကို ဖန်တီးလိုက်ပါတော့တယ်။ အပြင်မှာတော့ မင်္ဂလာပွဲလာ ဧည့်သည်တွေက သီချင်းသံတွေနဲ့ ပျော်ပျော်ပါးပါး ကခုန်နေကြပေမဲ့၊ အထဲမှာတော့ ကေလက်ဘ်တစ်ယောက် အချိန်နဲ့အမျှ အသက်လုနေရပါပြီ။ အချိန်ကလည်း တဖြည်းဖြည်း ကုန်လာသလို၊ ဒီချမ်းသာတဲ့ မိသားစုနောက်ကွယ်က အကျင့်ပျက်ခြစားမှုတွေ၊ ရက်စက်တဲ့ လျှို့ဝှက်ချက်တွေကလည်း ဘူးပေါ်သလို တစ်ခုပြီးတစ်ခု ပေါ်လာတဲ့အခါ… ကိုယ်ချစ်ရတဲ့ မိန်းမကို ကယ်ဖို့အတွက် ကေလက်ဘ်တစ်ယောက် လူသတ်သမားဘဝကို ခံယူမလား... ဒီပဟေဠိဆန်တဲ့ The Wolf ရဲ့ တကယ့်ရည်ရွယ်ချက်ကရော ဘာလဲ... ဆိုတာကို ဇာတ်လမ်းအစကနေ အဆုံးထိ ရင်တမမနဲ့ ကြည့်ရှုရမှာပါ။ Ready or Not လိုမျိုး Single-location thriller ဇာတ်ကွက်မျိုးကိုမှ သဘောကျတဲ့သူတွေ၊ အချိန်နဲ့အမျှ ပြေးနေရတဲ့ Cat and Mouse လို Survival Action ကားတွေကို ကြိုက်တဲ့သူတွေအတွက်တော့ ဒီကားက အကြိုက်တွေ့စေမှာ အသေအချာပါပဲ။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/102

ခိုးယူခံရ‌သော အရိပ် (盗影迷局) The Lost Shadow 2026 "တစ်ခါတလေကျရင် ကျေးဇူးတရားဆိုတာ ဝတ်ရုံတစ်ခုလို ကိုယ့်ကို နွေးထွေးစေပေမဲ့ အဲဒီ
ခိုးယူခံရ‌သော အရိပ် (盗影迷局) The Lost Shadow 2026 "တစ်ခါတလေကျရင် ကျေးဇူးတရားဆိုတာ ဝတ်ရုံတစ်ခုလို ကိုယ့်ကို နွေးထွေးစေပေမဲ့ အဲဒီဝတ်ရုံကပဲ ကိုယ့်ကို အမှောင်ထုထဲ ဆွဲခေါ်သွားတဲ့ ကြိုးတစ်ချောင်းလည်း ဖြစ်နေရင်..." လူ့သဘာဝရဲ့ အားနည်းချက်ကို အသုံးချပြီး လှည့်စားတတ်တဲ့ လောကကြီးအကြောင်းကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် ကားမျိုးဖြစ်တာမို့ အကြိုက်တွေ့စေမှာပါ ဇာတ်လမ်းအကျဉ်း 📝 Chen Jianye ဟာ လေဖြတ်နေတဲ့ မိခင်အိုကြီးကို အကောင်းဆုံး ပြုစုစောင့်ရှောက်ဖို့အတွက် ငွေကြေးအသည်းအသန် လိုအပ်နေသူတစ်ဦးပါ ဒီလိုအားနည်းချက်ကို သိတဲ့ Shi Daokuan ရဲ့ လှည့်စားမှုကို ယုံမိပြီး Chen JianYe ဟာ မတော်တဆ ကြီးလေးတဲ့ ခိုးမှုတစ်ခုထဲမှာ ပါဝင်ပက်သက်မိသွားပါတယ် အမှားကို သိလို့ ရဲစခန်းမှာ ဝန်ခံဖို့ ပြင်ဆင်နေချိန်မှာပဲ Shi DaoKuan က သူ့အပေါ်မှာ ထားခဲ့တဲ့ အပေါ်ယံ ကျေးဇူးတရားတွေနဲ့ ပြန်လည်နှောင်ဖွဲ့လိုက်တာကြောင့် Chen JianYe ဟာ ပိုပြီး နက်ရှိုင်းတဲ့ ရာဇဝတ်မှုတွင်းထဲကို ကျဆင်းသွားခဲ့ရပါတယ် ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ Shi Daokuanရဲ့ အတ္တကြီးမှုနဲ့ လောဘဇာတ်ရုပ် အစစ်အမှန် ပေါ်လာတဲ့အခါမှာတော့ Chen JianYe ဟာ မိသားစုအပေါ်ထားတဲ့ သံယောဇဉ်နဲ့ ဥပဒေကြားမှာ နောက်ဆုံး ဘယ်လိုဆုံးဖြတ်ချက်ကို ချလိုက်မလဲဆိုတာ.... ဒီကားမှာ ငွေကြောင့် အမှားလုပ်မိသူ နဲ့ ကျေးဇူးတရားကို လက်နက်သဖွယ် အသုံးချသူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ အားပြိုင်မှုကို  ထိထိမိမိ ရိုက်ပြထားတဲ့အပြင် အမှောင်ထဲက ရုန်းထွက်ပြီး အလင်းကို ရှာဖွေမယ့် ဒီခရီးစဉ်ကို SoulKingdom မှာ အခုပဲ အားပေးကြည့်ရှုလိုက်ရအောင် ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/100

Skinjacker (2025) တောင်ပေါ်လမ်းမှာ အလင်းတန်းကြီးတစ်ခု ဖြတ်သွားပြီးနောက် Shaun တို မိဘတွေ လျှိဝှက်စွာ ပျောက်ဆုံးသွားတဲ့ ဖြစ်ရပ
Skinjacker (2025) တောင်ပေါ်လမ်းမှာ အလင်းတန်းကြီးတစ်ခု ဖြတ်သွားပြီးနောက် Shaun တို မိဘတွေ လျှိဝှက်စွာ ပျောက်ဆုံးသွားတဲ့ ဖြစ်ရပ်ဆန်းကြီးတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အကူအညီတောင်းဖို ကြိုးစားပေမဲ့ လမ်းမှာရှိသမျှ ကားတွေနဲ့ စက်ပစ္စည်းတွေ အကုန်လုံးက အကြောင်းရင်းမရှိဘဲ ရပ်တန့်သွားခဲ့ပါတယ်။  ဒီလိုနဲ့ တောင်ပေါ်လမ်းမှာ ပိတ်မိနေတဲ့ လူတစ်စုဟာ အချင်းချင်း မယုံသင်္ကာစိတ်တွေနဲ့ တင်းမာနေကြတုန်း လမ်းပေါ်မှာ ထူးဆန်းတဲ့ ဂျယ်လီကွက်တွေကို စတင်တွေ့ရှိလာရပါတယ်။ ဒေသခံတွေ ပြောလေ့ရှိတဲ့ "Biers Beaulach" ဆိုတဲ့ မိစ္ဆာကြီး ဖမ်းဆီးတာ တကယ်ပဲခံလိုက်ရတာလား ၊ သူတိုတွေရော ဒီထူးဆန်းတဲ့ ဘေးအန္တရာယ်ကနေ ဘယ်လိုလွတ်အောင် ပြေးကြမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပါ Joinရန်လင့်🔽🔽 https://t.me/dreamworld6543 ဇာတ်ကားကြည့်ရန်🔽🔽 https://t.me/dreamworld6543/77