es
Feedback
Dream World (မြန်မာစာတန်းထိုးဇာတ်ကားများ)

Dream World (မြန်မာစာတန်းထိုးဇာတ်ကားများ)

Ir al canal en Telegram

ကြော်ငြာကိစ္စများ/Daily Postများအပ်ရန် Admအကောင့်သို့ဆက်သွယ်ရန် @Hancock2003/ Ck Lottery/Big Win လက်မခံပါ

Mostrar más
El país no está especificadoLa categoría no está especificada

📈 Análisis del canal de Telegram Dream World (မြန်မာစာတန်းထိုးဇာတ်ကားများ)

El canal Dream World (မြန်မာစာတန်းထိုးဇာတ်ကားများ) (@dreamworld78946) es un actor destacado. Actualmente la comunidad reúne a 27 085 suscriptores, ocupando la posición en la categoría Otro.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 27 085 suscriptores.

Según los últimos datos del 20 septiembre, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -5 629, y en las últimas 24 horas de 6 706, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 3.75%. Durante las primeras 24 horas tras publicar, el contenido suele obtener 4.05% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 1 012 visualizaciones. En el primer día suele acumular 1 094 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 0.

📝 Descripción y política de contenido

El autor describe el recurso como un espacio para expresar opiniones subjetivas:
ကြော်ငြာကိစ္စများ/Daily Postများအပ်ရန် Admအကောင့်သို့ဆက်သွယ်ရန် @Hancock2003/ Ck Lottery/Big Win လက်မခံပါ

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 21 septiembre, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Otro.

27 085
Suscriptores
+6 70624 horas
+3 2837 días
-5 62930 días
Archivo de publicaciones
" Vadh 2 " (2025) လုံခြုံရေး အထပ်ထပ်ချထားတဲ့ အကျဉ်းထောင်တစ်ခုထဲမှာ သြဇာအာဏာကြီးမားလှတဲ့ နိုင်ငံရေးသမားရဲ့ ညီဖြစ်သူ သေသေချာချာ
" Vadh 2 " (2025) လုံခြုံရေး အထပ်ထပ်ချထားတဲ့ အကျဉ်းထောင်တစ်ခုထဲမှာ သြဇာအာဏာကြီးမားလှတဲ့ နိုင်ငံရေးသမားရဲ့ ညီဖြစ်သူ သေသေချာချာကို အသတ်ခံလိုက်ရတယ်။ ပိုပြီး အံ့ဩစရာကောင်းတာက သူ့အလောင်းကို တခြားနေရာမှာ မဟုတ်ဘဲ ရက်စက်ကြမ်းကြုတ်လှတဲ့ 'ထောင်မှူးကြီး' ကိုယ်တိုင်ရဲ့ အိမ်နောက်ဖေး မြေကြီးအောက်မှာ သွားတွေ့ရတာပါပဲ။ လူတစ်ယောက်ကို ထောင်ထဲမှာသတ်ပြီး ထောင်မှူးရဲ့ခြံထဲရောက်အောင် ဘယ်သူကများ သက်သေမကျန် အသံတိတ် အလောင်းဖျောက်သွားနိုင်တာလဲ? တရားခံလို့ ထင်စရာအကြောင်း လုံးဝမရှိတဲ့သူတွေ ပူးပေါင်းပြီး ဒီလို 'ပြီးပြည့်စုံတဲ့ လူသတ်မှု'  ကို ဘယ်လိုများ အကွက်ဆင် ဖန်တီးသွားကြတာလဲ? ရိုးရိုးလူသတ်မှု မဟုတ်ဘဲ ရဲမှူးကြီးကိုယ်တိုင်ကပဲ အကွက်ဆင်ပြီးသတ်လိုက်တာလားဆိုတာကို ရင်တမမနဲ့ ကြည့်ရမယ့် Crime Thriller အမိုက်စား ဇာတ်ကားမို့ ဘောလိဝုဒ်ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ "ဥပဒေက အမှန်တရားကို မကာကွယ်နိုင်တဲ့အခါ... သူတို့ကိုယ်တိုင် ဥပဒေဖြစ်လာခဲ့တယ်" ( ဇာတ်လမ်းအကျဉ်းကို LL မှ ရေးသားပေးထားပါတယ် ) Subtitle By - LL Encode By - Lwin Htoo Aung Ash Channel ( Ash ) မှ ဘာသာပြန်တင်ဆက်သည်။ #Vadh2 #AshChannel #Ash #AshBollywoodMovie #AshBMovies #AshIndiaMovie ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld782 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld782/129

" Match Fixing " (2025) နိုင်ငံရေးဆိုတာ ကြိုတင်ဇာတ်တိုက်ထားတဲ့ ကစားပွဲတစ်ပွဲဆိုရင် အပြစ်မဲ့ပြည်သူတွေရဲ့အသက်တွေက လောင်းကြေးတွေ
" Match Fixing " (2025) နိုင်ငံရေးဆိုတာ ကြိုတင်ဇာတ်တိုက်ထားတဲ့ ကစားပွဲတစ်ပွဲဆိုရင် အပြစ်မဲ့ပြည်သူတွေရဲ့အသက်တွေက လောင်းကြေးတွေပဲ ဖြစ်နေမလား??? ဒီဇာတ်ကားဟာ ၂၀၀၇ ခုနှစ် ဝန်းကျင်က အိန္ဒိယနဲ့ ပါကစ္စတန်ကြားက နိုင်ငံရေး ကစားကွက်တွေ လျှို့ဝှက်ထောက်လှမ်းရေးတွေရဲ့ အားပြိုင်မှုတွေနဲ့ ကမ္ဘာတုန်လှုပ်စေခဲ့တဲ့ ၂၀၀၈ ခုနှစ် မွန်ဘိုင်းအကြမ်းဖက်တိုက်ခိုက်မှုကြီး (26/11) နောက်ကွယ်က ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေကို ရင်သပ်ရှုမောဖွယ် ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ကတော့ တိုင်းပြည်ချစ်စိတ် အပြည့်ရှိတဲ့ အိန္ဒိယ စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးအရာရှိ ဗိုလ်မှူးကြီး အာဗီနက်ရှ်ပါ။ အိန္ဒိယနိုင်ငံတွင်းမှာ ဆက်တိုက်ဖြစ်ပေါ်နေတဲ့ ရထားဗုံးပေါက်ကွဲမှုတွေ၊ အကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်မှာ ပါကစ္စတန် ထောက်လှမ်းရေးအဖွဲ့ (ISI) နဲ့ အိန္ဒိယအာဏာရပါတီက ကိုယ်ကျိုးရှာ နိုင်ငံရေးသမားတချို့ ပူးပေါင်းပြီး "ရွှေဝါရောင် အကြမ်းဖက်ဝါဒ" ဆိုတဲ့ အတုအယောင် ဇာတ်ကြောင်းသစ်တစ်ခု ဖန်တီးနေတာကို သူက ဖော်ထုတ်မိသွားပါတယ်။ မဲဆန္ဒရှင်တွေကို ဆွဲဆောင်နိုင်ဖို့အတွက် ကိုယ့်လူမျိုးကို ပြန်သတ်ဖို့တောင် ဝန်မလေးတဲ့ နိုင်ငံရေးသမားတွေဟာ ဒီအကွက်တွေကို သိသွားတဲ့ အာဗီနက်ရှ်ကိုပဲ အကြမ်းဖက်သမားအဖြစ် မတရားစွပ်စွဲပြီး ထောင်ချ နှိပ်စက်တဲ့အထိ ရက်စက်ခဲ့ကြပါတယ်။ နိုင်ငံရေးအာဏာလွန်ဆွဲပွဲတွေကြားက လျှို့ဝှက်ချက်တွေ အမှောင်ဘက်ခြမ်းက လုပ်ကြံမှုတွေနဲ့ သမိုင်းဝင်ဖြစ်ရပ်မှန် မှုခင်းတွေကို စိတ်ဝင်တစား ကြည့်ရှုချင်သူတွေအတွက် အချိန်ပေးရကျိုးနပ်စေမယ့် Political Action Thriller ဇာတ်ကားတစ်ကားလို့ ညွှန်းဆိုလိုက်ပါရစေ။ ( ဇာတ်လမ်းအကျဉ်းကို LL မှ ရေးသားပေးထားပါတယ် ) Subtitle By - LL Encode By - Lwin Htoo Aung Ash Channel ( Ash ) မှ ဘာသာပြန်တင်ဆက်သည်။ #MatchFixing #AshChannel #Ash #AshBollywoodMovie #AshBMovies #AshIndiaMovie ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld782 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld782/127

စူပါမန်းမင်းသားကြီး ရဲ့ ဒေါ်လာ ဘီလီယံ ကို ပြန်ယူမယ့် အက်ရှင် အရမ်းလန်းတဲ့ ဇာတ်ကားအသစ်ကြီး ဇာတ်လမ်းအကျဉ်းကတော့ - ရေချယ်ဆိုတဲ့
စူပါမန်းမင်းသားကြီး ရဲ့ ဒေါ်လာ ဘီလီယံ ကို ပြန်ယူမယ့် အက်ရှင် အရမ်းလန်းတဲ့ ဇာတ်ကားအသစ်ကြီး ဇာတ်လမ်းအကျဉ်းကတော့ - ရေချယ်ဆိုတဲ့ ရှေ့နေမတစ်ယောက်က အကြွေး တစ်ဘီလီယံ ယူပြီးတော့ ပြန်မဆပ်ဘဲ ပျော်ပါးနေတဲ့ သူဌေးကြီးတစ်ယောက် ကို သူ့ရဲ့ ဟာကွက်တွေ တွေကို ညစ်ကွက်တွေသုံးပြီးဖော်ကောင်လုပ်ပါတယ် ။ ထို ဘီလီယံဒေါ်လာကို ပြန်ရဖို့အတွက် သူဌေးကြီးရဲ့ ပိုင်ဆိုင်သမျှ ပစ္စည်းတွေအကုန်လုံးကို လိမ်လည်မှုအကြောင်းပြပြီး သိမ်းယူလိုက်တဲ့အခါမှာ သူဌေးကြီးရဲ့ ငွေတွေက ပေးရမယ့်အကြွေးထက် တစ်နေ့ထက် တစ်နေ့ ပိုကုန်လာပါတယ် ။ ဒီလိုနဲ့ ထိုရှေ့နေမကို သူ့ရဲ့ကိုယ်ပိုင်ကျွန်းကိုခေါ်ပြီး ဖြေရှင်းမယ် လုပ်ရာ သူဌေး က အလွယ်လွှတ်မပေးမှာကို သိတာကြောင့် ရှေ့နေ မှ က အထူးကျွမ်းကျင် စစ်တပ်သားတွေကို ခေါ်ပြီး သူမရဲ့ ပြန်လမ်း အစီစဉ်ကို ဆွဲရင်း သူဌေးကြီးဆီက နေ ဘီလီယံဒေါ်လာကို ပြန်ယူဖို့အကြောင်းဖန်လာပါတော့တယ် ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်နော်🔽🔽🔽 https://t.me/dreamworld2/150

ဒီတစ်ခါတော့ Tom Cruise ရဲ့ Sci-Fi Action ဇာတ်ကားကောင်း တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။၂၀၁၄ ရဲ့ ဇာတ်ကားကောင်း တွေထဲမှာ တစ်ကားအပ
ဒီတစ်ခါတော့ Tom Cruise ရဲ့ Sci-Fi Action ဇာတ်ကားကောင်း တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။၂၀၁၄ ရဲ့ ဇာတ်ကားကောင်း တွေထဲမှာ တစ်ကားအပါအဝင်ဖြစ်ပြီး ပရိတ်သတ် ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။ ဇာတ်လမ်းကတော့ ဥရောပမှာ အမှတ်မထင်ပဲ အာကာသ ထဲက နေ ဂြိုလ်သားတွေရောက်လာတာက စတင်ပါတယ်။ ပြင်သစ်၊ ဂျာမဏီ၊ ချက်၊ အီတလီ၊ပိုလန် စတဲ့ နိုင်ငံတွေ ကျသွားပြီးနောက် အနောက်ဖက်မှာ အင်္ဂလန်နဲ့ အရှေ့ဖက်မှာ ရုရှားတို့ လောက်ပဲ ကျန်တော့ပါတယ်။ ငါးနှစ်အတွင်းမှာ စစ်ပွဲအချို့ ပြန်နိုင်လာသလို၊ ဂြိုလ်သားတွေကို နှိမ်နင်းဖို့ Armor တွေလည်း တီထွင်ခဲ့ပါတယ်။ ဒီလိုနဲ့ East ဖက်က ရုရှား နဲ့ တရုတ်၊ West ဖက်က အမေရိကန်နဲ့ ကျန် Allied တွေက ထိုးစစ်စင်ခဲ့ပြီး၊ နောက်ဆုံး စစ်ပွဲကို ရောက်လာပါတယ်။ ဒီအချိန်မှာ Tom Cruise က စစ်ပွဲမှာ အဓိက ကျတဲ့ General နဲ့ တွေ့ဖို့ လန်ဒန်ကိုရောက်လာခဲ့ပါတယ်။ ဒါပေမယ့် အမှတ်မထင်ပဲ Tom Cruise ကို စစ်ပွဲမှာ ပါဝင်ဖို့ ပြောတဲ့အခါမှာတော့ Tom Cruise က စစ်ပွဲအတွေ့အကြုံ လုံးဝမရှိတာကြောင့်ငြင်းဆန်ခဲ့သော်လည်း... #Credit ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန် 🔽🔽🔽 https://t.me/dreamworld2/148

နော်မယ်မြို့ (၂၀၂၆) +++++++ ဒါကတော့ ၂၀၂၆ ခုနှစ်မှာ ထွက်ရှိထားတဲ့ နော်မယ် ဆိုတဲ့ အက်ရှင်ကားလေးပါ။ ဂျွန်ဝစ် ကို ဖန်တီးခဲ့တဲ့ De
နော်မယ်မြို့ (၂၀၂၆) +++++++ ဒါကတော့ ၂၀၂၆ ခုနှစ်မှာ ထွက်ရှိထားတဲ့ နော်မယ် ဆိုတဲ့ အက်ရှင်ကားလေးပါ။ ဂျွန်ဝစ် ကို ဖန်တီးခဲ့တဲ့ Derek Kolstad က ဇာတ်ညွှန်းရေးထားပြီး၊ ဒါရိုက်တာ Ben Wheatley က ရိုက်ကူးပေးထားတာဆိုတော့ အက်ရှင်ခန်းတွေ၊ သေနတ်ပစ်ခန်းတွေကတော့ လုံးဝ အမိုက်စားပဲ။ မင်းသားကြီး Bob Odenkirk က ခေါင်းဆောင်ပါဝင်ထားပါတယ်။ ဇာတ်လမ်းက ယူလစ်ဆီး လို့ခေါ်တဲ့ ရဲအရာရှိတစ်ယောက်က မင်နီဆိုးတားပြည်နယ်က နော်မယ် ဆိုတဲ့ မြို့လေးမှာ ယာယီရဲအုပ်အဖြစ် ပြောင်းလာရာကနေ စတာပါ။ သူက အတိတ်က ပြဿနာတွေ၊ မိန်းမနဲ့ ကွဲထားတာတွေကြောင့် စိတ်ညစ်ပြီး အရက်သောက်တတ်တဲ့ အကျင့်ရှိတော့၊ ပြဿနာမရှိဘဲ အေးအေးဆေးဆေး နေရမယ့် ဒီမြို့လေးမှာ အလုပ်လုပ်ဖို့ ရွေးလိုက်တာပေါ့။ မြို့နာမည် နော်မယ် လို့ ပေးထားတဲ့အတိုင်း မြို့ခံတွေကလည်း အေးချမ်းပြီး ဘာပြဿနာမှ မရှိသလိုပါပဲ။ ဒါပေမဲ့ တစ်နေ့မှာ ဘဏ်ဓားပြတိုက်မှုတစ်ခု ဖြစ်သွားချိန်မှာတော့ ဒီမြို့လေးရဲ့ လျှို့ဝှက်ချက်တွေ အကုန်ပေါ်လာပါတော့တယ်။ တကယ်တော့ ဒီမြို့လေးက နာမည်နဲ့ လုံးဝမလိုက်ဘဲ ရာဇဝတ်မှုတွေ၊ ယာကူဇာဂိုဏ်းတွေနဲ့ ပတ်သက်နေတဲ့ နေရာကြီးဖြစ်နေတာကို ယူလစ်ဆီး တစ်ယောက် သိသွားပါတယ်။ အဲဒီအချိန်မှာ သူ့ရဲ့ ရဲတပ်ဖွဲ့ဝင်တွေရော၊ တစ်မြို့လုံးကပါ သူ့ကို ရန်သူလို သဘောထားပြီး လိုက်သတ်ကြတော့တာပါပဲ။ ဒီတော့ သူက ဘဏ်ဓားပြတွေနဲ့ ပေါင်းပြီး တစ်ညလုံး အသက်ရှင်ဖို့အတွက် ဘယ်လိုတွေ ကြမ်းရမလဲဆိုတာကို အက်ရှင်အမိုက်စားတွေနဲ့ ကြည့်ရမယ့် ဇာတ်ကားပါ။ ဒီကားက ကြာချိန် ၁ နာရီခွဲလောက်ပဲ ရှိတာမလို့ ပျင်းစရာမကောင်းဘဲ အစအဆုံး ဆွဲခေါ်သွားမယ့် ကားမျိုးပါ။ နိုးဘော်ဒီ ကားထဲကလိုပဲ မင်းသားကြီး Bob Odenkirk ရဲ့ အက်ရှင်စတိုင်ကို သဘောကျတဲ့သူတွေ၊ သွေးထွက်သံယိုများပေမဲ့ ဟာသလေးတွေပါ စွက်ထားတဲ့ အက်ရှင်ကားမျိုးကို ကြိုက်တဲ့သူတွေအတွက်ကတော့ အကြိုက်တွေ့စေမှာ သေချာပါတယ်။ အပန်းဖြေရင်း ပေါ့ပေါ့ပါးပါးနဲ့ အက်ရှင်ကြမ်းကြမ်းလေး ကြည့်ချင်တယ်ဆိုရင်တော့ ဒီကားလေးကို လက်မလွတ်သင့်ဘူးနော်။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/146

မင်းသားကြီးဂျက်ကီချမ်းနဲ့ မြင်းလိမ္မာလေးဖိုးနီးတို့ ရင်ထဲထိရောက်ပြီး မျက်ရည်ကျစေမဲ့ကားလေး ーーーーーーーーーーーーーーーーー ဒီရုပ်ရှင်ကတော့ C
မင်းသားကြီးဂျက်ကီချမ်းနဲ့ မြင်းလိမ္မာလေးဖိုးနီးတို့ ရင်ထဲထိရောက်ပြီး မျက်ရည်ကျစေမဲ့ကားလေး ーーーーーーーーーーーーーーーーー ဒီရုပ်ရှင်ကတော့ CGI တွေခေတ်မစားခင် ဂျက်ကီချန်းတို့ရဲ့ ဟောင်ကောင်ရုပ်ရှင်ရွှေခေတ်ကစတန့်သမားတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ရိုက်ကူးထားတာလဲဖြစ်ပါတယ်... စတန့်သမားတွေရဲ့ ဘဝတွေ၊ ခံစားချက်တွေကို ပုံဖော်ပြသထားတာပါ... ဇာတ်လမ်းအကျဉ်း – ဂျက်ကီချန်းဟာ လော့ကျီလုံဆိုတဲ့ စတန့်သမားဟောင်းအဘိုးကြီးအနေနဲ့ ပါဝင်ထားပါတယ်... သူ့မှာ သားအရင်းလိုချစ်ရတဲ့ မြင်းလေး ဖိုးနီ(ချိထူ)ပဲရှိပြီး သူတို့နှစ်ယောက်တည်း ဆင်းဆင်းရဲရဲနဲ့ အလုပ်ရှာပြီး အသက်မွေးနေရတာပါ။ သူ့ရဲ့သမီး ရှောင်ပေါင် ကလည်း သူ့ကို စိတ်နာစရာတွေရှိတာကြောင့် စကားမပြော အသိအမှတ်မပြုပါဘူး။ သူ့ရဲ့မြင်းလေးဖိုးနီဟာ သူ့ကို ကုမ္ပဏီပိုင်ရှင်သူဌေးဝမ်က မသေခင် လက်ဆောင်ပေးခဲ့တာပါ။ ဒါပေမဲ့အဲဒီသူဌေးရဲ့ ကုမ္ပဏီ ဒေဝါလီခံရပြီးနောက်မှာ ကုမ္ပဏီအသစ်က သူ့ရဲ့မြင်းကိုပါ ကုမ္ပဏီပိုင်ပစ္စည်းအနေနဲ့သိမ်းဖို့ကြိုးစားလာပါတယ်။ တချိန်တည်းမှာပဲ သူ့ရဲ့အကြွေးရှင်တွေ ကလည်း မြင်းကို အကြွေးနဲ့သိမ်းဖို့ အတင်းကြိုးစားလာပါတယ်။ အဲဒီအန္တရာယ်တွေကြားမှာ မြင်းလေးကိုကာကွယ်ဖို့ ဘယ်လိုတိုက်ခိုက်ရုန်း ကန်ရလဲဆိုတာကို ဆက်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/144

မော်တယ်ကွန်ဘတ် ၂ (၂၀၂၆) ======================== အကြည်ဗားရှင်း ကဲ ကဲ အားလုံးစောင့်စားနေတဲ့ မော်တယ်ကွန်ဘတ် ၂ ဟာ ထင်ထားတာထက်စော
မော်တယ်ကွန်ဘတ် ၂ (၂၀၂၆) ======================== အကြည်ဗားရှင်း ကဲ ကဲ အားလုံးစောင့်စားနေတဲ့ မော်တယ်ကွန်ဘတ် ၂ ဟာ ထင်ထားတာထက်စောပြီး အကြည်ဗားရှင်းလေးထွက်ထားပါတယ် ဒီဇာတ်ကားမှာတော့ ကောင်လေးအဖွဲ့ထဲက ဘီလီဘွတ်ချာကြီးက ဂျွန်နီကေ့ချ်အဖြစ် ပါဝင်ထားပြီး ကစ်တာနာ Cast ကလည်း တော်တော်လေး ga*me ac*cu*rat*e ဖြစ်တာမလို့ အားလုံးကျေနပ်နေကြမယ် ထင်ပါတယ် MK ဟာ ဂိမ်းအနေနဲ့လည်း တော်တော်ကြီးအောင်မြင်မှုရရှိထားပြီး fan အရမ်းတောင့်တင်းတဲ့ဂိမ်းဖြစ်တာမလို့ ရုပ်ရှင်ထွက်လာတဲ့အခါမှာလည်း တော်တော်လေး အားပေးကြမ်းနေကြပါတယ် ပိုကောင်းတာတစ်ခုကတော့ ပထမကားမှာ တိုင်ပတ်သွားသမျှ ဒီကားနဲ့ပြန်အဖတ်ဆယ်ထားပြီး ရုံတင်ပိုင်းမှာရော rating အရပါ တော်တော်လေးအခြေအနေကောင်းနေတာပါ မော်တယ်ကွန်ဘတ်ဆိုတာကတော့ အထက်နတ်ဘုရားတွေက ချမှတ်ပေးထားတဲ့ပြိုင်ပွဲဖြစ်ပြီး ကမ္ဘာတစ်ခုက နောက်တစ်ခုကိုသိမ်းချင်တဲ့အခါ ဗမာလိုကြီးတက်သိမ်းလို့မရဘဲ ကမ္ဘာတွေကရွေးထားတဲ့ချန်ပီယံတွေဟာ သူတို့ကမ္ဘာအတွက် တိုက်ပွဲဝင်ရပါတယ် ကမ္ဘာတစ်ခုဟာ မော်တယ်ကွန်ဘတ်ပြိုင်ပွဲကို ဆယ်ပွဲဆက်တိုက်နိုင်တဲ့အခါ သိမ်းပိုက်ခွင့်ရှိပါတယ် ခုချိန်မှာတော့ Ou*t*er Wo*r*ld ဆိုတဲ့ရှောင်ခန်ဦးစီးတဲ့ကမ္ဘာဟာ ကမ္ဘာမြေကို ကိုးပွဲနိုင်ထားတာဖြစ်ပြီး နောက်ထပ်တစ်ပွဲနိင်ရင် သိမ်းခွင့်ရတော့မှာပါ မိုးကြိုးနတ်ဘုရားရေဒန်ဟာ ကမ္ဘာရဲ့ချန်ပီယံအတွက် တစ်ယောက်လိုနေတာကြောင့် ဂျွန်နီကေ့ချ်ဆိုတဲ့ မင်းသားသရုပ်ဆောင်ကို အထက်နတ်ဘုရားတွေက ရွေးချယ်လိုက်ပါတော့တယ် ဂျက်စ် ဆွန်ညာ လျူခန်း ကိုးလ်ရောင်း ဂျွန်နီတို့ဟာ ကမ္ဘာမြေအတွက် ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ကမ္ဘာကြီးရဲ့ ကံကြမ္မာက ဒီလူတွေအပေါ် မူတည်နေတဲ့အခါမှာတော့.... ကမ္ဘာကိုကယ်တင်ဖို့ သူတို့တွေဟာ သေမျိုးတိုက်ပွဲတဖြစ်လည်း မော်တယ်ကွန်ဘတ်မှာ အသက်လုပြီး ယှဉ်ပြိုင်ကြပါတော့တယ် ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/142

" Koi... Mil Gaya " (2003) Koi... Mil Gaya ဟာ ဘောလိဝုဒ်ရုပ်ရှင်လောကရဲ့ အအောင်မြင်ဆုံးနဲ့ နာမည်အကြီးဆုံး သိပ္ပံစိတ်ကူးယဉ် (Sci
" Koi... Mil Gaya " (2003) Koi... Mil Gaya ဟာ ဘောလိဝုဒ်ရုပ်ရှင်လောကရဲ့ အအောင်မြင်ဆုံးနဲ့ နာမည်အကြီးဆုံး သိပ္ပံစိတ်ကူးယဉ် (Sci-Fi) ဒရမ်မာ ဇာတ်ကားတွေထဲက တစ်ကားဖြစ်ပါတယ်။ ဒါရိုက်တာ Rakesh Roshan ရိုက်ကူးပြီး Hrithik Roshan, Preity Zinta နဲ့ Rekha တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ရိုဟစ်ဆိုတဲ့ လူငယ်လေးဟာ အသက်အရွယ်အရ လူကြီးဖြစ်နေပေမယ့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနောက်ကျနေတာကြောင့် အသက် ၁၁ နှစ်အရွယ် ကလေးတစ်ယောက်လိုပဲ တွေးခေါ်ပြုမူနေထိုင်တတ်သူပါ။ သူ့ကို ကျောင်းက ကလေးတွေက အမြဲအနိုင်ကျင့်တတ်ပေမယ့် ရိုဟစ်ဟာ စိတ်ထားဖြူစင်ပြီး မိခင်ဖြစ်သူနဲ့အတူ တောင်ပေါ်မြို့လေးတစ်မြို့မှာ အေးအေးချမ်းချမ်း နေထိုင်ပါတယ်။ ရိုဟစ်ရဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဖခင်ဟာ အာကာသထဲက ဂြိုဟ်သားတွေနဲ့ ဆက်သွယ်ဖို့ ကွန်ပျူတာတစ်လုံးကို တီထွင်ခဲ့ဖူးပါတယ်။ တစ်နေ့မှာတော့ ရိုဟစ်နဲ့ သူ့ရဲ့သူငယ်ချင်းအသစ် နီရှာတို့ဟာ အဲဒီကွန်ပျူတာကို အမှတ်မထင်အသုံးပြုမိရာကနေ အချက်ပြသံတွေပို့မိပြီး ဂြိုဟ်သားယာဉ်ပျံကို ကမ္ဘာမြေဆီ ရောက်လာစေခဲ့ပါတယ်။ ယာဉ်ပျံကြီး ပြန်လည်ထွက်ခွာသွားချိန်မှာတော့ ချစ်စရာကောင်းတဲ့ အပြာရောင်ဂြိုဟ်သားလေးတစ်ကောင် ကမ္ဘာပေါ်မှာ သောင်တင်ကျန်ရစ်ခဲ့ပါတယ်။ ရိုဟစ်က အဲ့ဒီဂြိုဟ်သားလေးကို ရှာတွေ့သွားပြီး "ဂျာဒူး" (Jadoo ) လို့ နာမည်ပေးကာ အိမ်မှာ တိတ်တဆိတ်ဖွက်ထားခဲ့ပါတယ်။ ဂျာဒူးဟာ ရိုဟစ်ရဲ့ စိတ်ပိုင်းဆိုင်ရာအားနည်းချက်ကို သိသွားတဲ့အခါ သူ့ရဲ့ မှော်အစွမ်းတွေနဲ့ ရိုဟစ်ကို ကုသပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ရိုဟစ်ဟာ ပုံမှန်လူတွေထက် ပိုမိုထက်မြက်တဲ့ ဉာဏ်ရည်ဉာဏ်သွေး၊ အံ့မခန်း ခွန်အားနဲ့ စွမ်းရည်တွေကို ပိုင်ဆိုင်လာခဲ့ပါတော့တယ်။ ဒါပေမယ့် အစိုးရတာဝန်ရှိသူတွေနဲ့ ရဲတွေက ဂြိုဟ်သားရှိနေတာကို ရိပ်မိသွားပြီး ဂျာဒူးကို ဖမ်းဆီးဖို့ ကြိုးစားလာတဲ့အခါ ရိုဟစ်နဲ့ သူ့သူငယ်ချင်းတွေက ဂျာဒူးကို ဘယ်လိုအကာအကွယ်ပေးမလဲ၊ ဂျာဒူး တစ်ယောက် သူ့ရဲ့ဂြိုဟ်ဆီကို ဘေးကင်းကင်း ပြန်နိုင်ပါ့မလားဆိုတာကို စိတ်လှုပ်ရှားဖွယ်ရိုက်ကူးတင်ဆက်ထားတာပဲ ဖြစ်ပါတယ်။ Old but Gold ဇာတ်ကားတစ်ကားကို ကြည့်ရှုခံစားချင်တယ်ဆိုရင်တော့ ဒီကားကိုသာ ရွေးလိုက်ပါတော့ဗျာ။ ( ဇာတ်လမ်းအကျဉ်းကို LL မှ ရေးသားပေးထားပါတယ် ) Subtitle By - LL Encode By - Lwin Htoo Aung Ash Channel ( Ash ) မှ ဘာသာပြန်တင်ဆက်သည်။ #KoiMilGaya #AshChannel #Ash #AshBollywoodMovie #AshBMovies #AshIndiaMovie ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/140

လှလိုက်တဲ့ မင်းသမီးလေးဗျာ အသစ်ထွက်လာပြီး အရမ်းနာမည်ကြီးနေတဲ့ ကားလေး လူသားတွေကို မာယာနဲ့ ဖမ်းစားတတ်တဲ့ တောစောင့်နတ်မိမယ် နဲ့ ရ
လှလိုက်တဲ့ မင်းသမီးလေးဗျာ အသစ်ထွက်လာပြီး အရမ်းနာမည်ကြီးနေတဲ့ ကားလေး လူသားတွေကို မာယာနဲ့ ဖမ်းစားတတ်တဲ့ တောစောင့်နတ်မိမယ် နဲ့ ရေသူမလေး ဇာတ်ကားသစ် ーーーーーーーーーーーーーーーーー M_a-v_k-a T_h-e T_r-u_e M_y-t_h (20_26) တက္ကသိုလ်တစ်ခုက ဇီဝဗေဒပါမောက္ခတစ်ယောက်နဲ့ သူ့ကျောင်းသားတွေက နယ်အစွန်အဖျားမှာရှိတဲ့ လူသူမနီးမဝေးတောအုပ်တစ်ခုထဲကို လေ့လာရေးခရီးထွက်လာခဲ့ပါတယ်။ သူတို လေ့လာရေးခရီးထွက်လာခဲ့တဲ့တောအုပ်က ယုံတမ်းပုံပြင်ထဲက ဒဏ္ဍာရီလာ မာ့ဗ်ကာလိုခေါ်တဲ့ တောစောင့်နတ်တွေနဲ့ ရေသူမတွေရှိတယ်လို ဒေသခံတွေက ယုံကြည်ကြပါတယ်။ ဒီမာ့ဗ်ကာလိုခေါ်တဲ့ တောစောင့်နတ်သမီးတွေနဲ့ ရေသူမတွေဟာ နှစ်တစ်နှစ်ရဲ့ အခုလိုအချိန်မှာ တောထဲရောက်လာသူတွေကို ဖမ်းစားတတ်တဲ့အကြောင်း တည်းခိုခန်းပိုင်ရှင်က သတိပေးလိုက်ပါသေးတယ်။ ဒါပေမဲ့ ကျောင်းသားတစ်စုက သိပ္ပံပညာရှင်တွေဆိုတော့ အယုံအကြည်မရှိဘဲ အမှုမဲ့ အမှတ်မဲ့ပါပဲ ဒီလိုနဲ့ ခေတ္တတည်းခိုခဲ့တဲ့ တည်းခိုခန်းပိုင်ရှင်ကို နှုတ်ဆက်ပြီး တောထဲကို ခရီးဆက်ထွက်လာခဲ့ပါတယ်။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/138

" Euphoria " (2026) "မိခင်တစ်ယောက်ရဲ့ အချစ်နဲ့ တရားမျှတမှု... ဘယ်အရာက ပိုပြီး အလေးသာမလဲ" နိုင်ငံရဲ့ ထိပ်တန်းစာရင်းဝင် ဗီကတ်စ်
" Euphoria " (2026) "မိခင်တစ်ယောက်ရဲ့ အချစ်နဲ့ တရားမျှတမှု... ဘယ်အရာက ပိုပြီး အလေးသာမလဲ" နိုင်ငံရဲ့ ထိပ်တန်းစာရင်းဝင် ဗီကတ်စ် အထက်တန်းကျောင်းရဲ့ ကျောင်းအုပ်ဆရာမကြီး ဗင်ဒယာ...။ သူဟာ ကျောင်းသူကျောင်းသားတွေအပေါ် စည်းကမ်းတင်းကျပ်သလို ကိုယ်ကျင့်တရားကိုလည်း တန်ဖိုးထားတဲ့သူတစ်ယောက်ပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ သူ့ရဲ့ဘဝကို အကြီးအကျယ် တုန်လှုပ်သွားစေမယ့် အဖြစ်အပျက်တစ်ခု ကြုံလာရပါတယ်။ အဲဒါကတော့ သူ့ရဲ့ သားအရင်းဖြစ်သူ ဗီကတ်စ်ကိုယ်တိုင် အရွယ်မရောက်သေးတဲ့ မိန်းကလေးတစ်ယောက်ကို အုပ်စုဖွဲ့မုဒိမ်းကျင့်တဲ့အမှုမှာ အဓိက တရားခံဖြစ်နေတာပါပဲ။ သားဖြစ်သူကို ကယ်တင်မယ့် မိခင်တစ်ယောက်အဖြစ် ရပ်တည်မလား... ဒါမှမဟုတ် မှန်ကန်တဲ့ တရားမျှတမှုအတွက် ရပ်တည်မယ့် အမျိုးသမီးတစ်ယောက် ဖြစ်လာမလား။ ဥပဒေ၊ တရားမျှတမှုနဲ့ မိသားစုသံယောဇဉ်ကြားက အားပြိုင်မှုတွေကို ရင်သပ်ရှုမောဖွယ် ရိုက်ကူးတင်ဆက်ထားတဲ့ Crime/Drama ဇာတ်ကားကောင်းတစ်ကားမို့ လက်မလွတ်တမ်း ကြည့်ရှုသင့်ပါတယ်! ( ဇာတ်လမ်းအကျဉ်းကို LL မှ ရေးသားပေးထားပါတယ် ) Subtitle By - LL Encode By - Lwin Htoo Aung Ash Channel ( Ash ) မှ ဘာသာပြန်တင်ဆက်သည်။ #Euphoria #AshChannel #Ash #AshBollywoodMovie #AshBMovies #AshIndiaMovie ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld782 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld782/118

" Ustaad Bhagat Singh " (2026) ”Ustaad Bhagat Singh” ဆိုတဲ့ အက်ရှင်ဇာတ်ကားလေးဟာ 2026 မှာထွက်ရှိထားပြီး တောင်ပိုင်းအက်ရှင်မင်း
" Ustaad Bhagat Singh " (2026) ”Ustaad Bhagat Singh” ဆိုတဲ့ အက်ရှင်ဇာတ်ကားလေးဟာ 2026 မှာထွက်ရှိထားပြီး တောင်ပိုင်းအက်ရှင်မင်းသားကြီး Pawan Kalyan ပါ၀င်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ရိုးရိုး ရဲအက်ရှင်ကားမျိုးမဟုတ်ဘဲ အဂတိလိုက်စားမှုအပြင် နိုင်ငံရေးကစားကွက်တွေနဲ့ ပြည်တွင်းပြည်ပရန်သူတွေကို အမြစ်ပြတ်ချေမှုန်းမယ့် ရဲအရာရှိတစ်ယောက်ရဲ့ အားမာန်ပါပါ တိုက်ပွဲဝင်မှုကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ရိုက်ကူးသရုပ်ဖော်ထားတဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ ဒီတော့ ဇာတ်ကားထဲမှာ အူစတက်ဘာဂတ်ဆင်းဂ်အဖြစ် မင်းသားကြီး Pawan Kalyan တစ်ယောက် ဘယ်လိုအခက်အခဲတွေကိုကျော်ဖြတ်ရင်း ကြီးမားတဲ့ရန်သူတွေကို ဘယ်လိုနည်းဗျူဟာတွေနဲ့ တိုက်ခိုက်အမြစ်ပြတ်ချေမှုန်းမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ ( ဇာတ်လမ်းအကျဉ်းကို DD မှ ရေးသားပေးထားပါတယ် ) Subtitle By - DD Encode By - Lwin Htoo Aung Ash Channel ( Ash ) မှ ဘာသာပြန်တင်ဆက်သည်။ #UstaadBhagatSingh #AshChannel #Ash #AshBollywoodMovie #AshBMovies #AshIndiaMovie ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld782 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld782/115

" Happy Patel: Khatarnak Jasoos " (2026) တစ်‌ညမှာ အင်္ဂလန်အေးဂျင့်နှစ်ဦးရဲ့အသက်ကို အိန္ဒိယအမျိုးသမီးတစ်ယောက်က ကယ်တင်ခဲ့ပါတယ်
" Happy Patel: Khatarnak Jasoos " (2026) တစ်‌ညမှာ အင်္ဂလန်အေးဂျင့်နှစ်ဦးရဲ့အသက်ကို အိန္ဒိယအမျိုးသမီးတစ်ယောက်က ကယ်တင်ခဲ့ပါတယ် အသက်ကယ်ကျေးဇူးကြောင့် ထိုအင်္ဂလန်အေးဂျင့်နှစ်ဦးဟာ သူ့ရဲ့ သားလေးကိုကယ်ဆယ်စောင့်ရှောက်ထားပြီး ဟက်ပီးလို့ နာမည်မှည့်ပေးခဲ့ပါတယ် ဟက်ပီးလေးအရွယ်ရောက်လာတဲ့အခါ ဖခင်နှစ်ဦးရဲ့ ခြေရာအတိုင်း အေးဂျင့်ဖြစ်ဖို့ ကြိုးစားခဲ့ပေမဲ့ အေးဂျင့်ဖြစ်ဖို့ကံမပါရှာလာတဲ့ ဟက်ပီးလေးဟာ အကနဲ့ ဟင်းချက်လက်ရာမှာတော့ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်နေခဲ့ပါတယ် ဒီလိုနဲ့ တစ်နေ့မှာ ဖခင်နှစ်ဦးရဲ့ မိတ်ဆွေတစ်ဦးက ဟက်ပီးကို အေးဂျင့်လုပ်ဖို့ ကမ်းလှမ်းတဲ့အခါ… ထိုကမ်းလှမ်းချက်က အိန္ဒိယသားအယောင်ဆောင်ပြီး ပြန်ပေးဆွဲခံလိုက်ရတဲ့ အလှအပသိပ္ပံပညာရှင်တစ်ဦးကို ကယ်တင်ဖို့ဖြစ်လာတဲ့အခါမှာတော့ အေးဂျင့်တစ်ယောက် သိပ်ဖြစ်ချင်နေတဲ့ ဟက်ပီးတစ်ဦး ဘယ်လိုမျိုးတွေ မစ်ရှင်ကို ဆောင်ရွက်မလဲ သူ့ရဲ့မွေးရပ်မြေအိန္ဒိယကို ပြန်အလာပြီးမစ်ရှင်ဆောင်ရွက်တဲ့အခါ ဘာအခက်အခဲတွေကြုံရမလဲဆိုတာကိုတော့ ဟာသနဲ့အက်ရှင်နှောပြီးကြည့်ရှု့ရမှာဖြစ်ပါတယ် ( ဇာတ်လမ်းအကျဉ်းကို Chen Zi မှ ရေးသားပေးထားပါတယ် ) Subtitle By - Chen Zi Encode By - Lwin Htoo Aung Ash Channel ( Ash ) မှ ဘာသာပြန်တင်ဆက်သည်။ #HappyPatelKhatarnakJasoos #AshChannel #Ash #AshBollywoodMovie #AshBMovies #AshIndiaMovie ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/134

" S.Saraswathi " (2026) ဒီမနက်မှ ကိုယ့်လက်နဲ့ ကျောင်းဝင်းထဲ လိုက်ပို့ခဲ့တဲ့ သမီးလေး... ညနေ လာကြိုချိန်မှာတော့ ဒီကမ္ဘာပေါ်မှာ
" S.Saraswathi " (2026) ဒီမနက်မှ ကိုယ့်လက်နဲ့ ကျောင်းဝင်းထဲ လိုက်ပို့ခဲ့တဲ့ သမီးလေး... ညနေ လာကြိုချိန်မှာတော့ ဒီကမ္ဘာပေါ်မှာ တစ်ခါမှ မရှိခဲ့ဖူးသူတစ်ယောက်လို လုံးဝ အစအနဖျောက်ခံလိုက်ရတယ်။ အထိတ်တလန့်အဖြစ်ရဆုံးက ကျောင်းကလူအားလုံးက ကလေးကို လုံးဝ မမြင်ဖူးပါဘူးလို့ တစ်သံတည်း ငြင်းဆန်နေကြတာပါပဲ။ သမီးလေးရဲ့ တည်ရှိမှုက လေထဲကို အငွေ့ပျံသွားသလိုပဲလား။ ဒါပေမဲ့ ညနက်ပိုင်းမှာ ဝင်လာတဲ့ ခြောက်ခြားဖွယ် ဖုန်းတစ်ကောက အရာအားလုံးကို ဇောက်ထိုးမိုးမျှော် ဖြစ်သွားစေခဲ့တယ်။ ဖုန်းထဲကအတိုင်း သမီးရှိတဲ့နေရာကို လိုက်သွားတဲ့အခါ သမီးလေး လူမဆန်စွာ အဓမ္မပြုကျင့်ခံရတာကြောင့် အသက်ပျောက်သွားခဲ့ပြီ...။ တရားခံကို ဖော်ထုတ်ဖို့ ကြိုးစားတဲ့အခါမှာတော့ ကလေးရဲ့ အလောင်းဟာ လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားသလို ဗီဒီယိုသက်သေဆိုတာကလည်း အရိပ်အယောင်တောင် မရှိတော့ပါဘူး။ သက်သေမရှိ အလောင်းမရှိတဲ့အပြင် ကလေးကိုပါ မသိဘူးလို့ လောကကြီးတစ်ခုလုံးက အမှန်တရားကို ဖုံးကွယ်ထားချိန်မှာ... ဒီအမှုကြီးရဲ့ နောက်ကွယ်က ကြောက်မက်ဖွယ် လျှို့ဝှက်ချက်က ဘာများဖြစ်မလဲ။ သမီးအတွက် အသက်ပေးပြီး တိုက်ပွဲဝင်မယ့် မိခင်တစ်ယောက်ရဲ့ ရင်နင့်ဖွယ် ကလဲ့စားချေမှုကို ဇာတ်ရှိန်အမြင့်ဆုံးနဲ့ စိတ်လှုပ်ရှားစွာ ကြည့်ရှုရမယ့် Psychological Thriller ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ ( ဇာတ်လမ်းအကျဉ်းကို DD မှ ရေးသားပေးထားပါတယ် ) Subtitle By - DD Encode By - Lwin Htoo Aung Ash Channel ( Ash ) မှ ဘာသာပြန်တင်ဆက်သည်။ #SSaraswathi #AshChannel #Ash #AshBollywoodMovie #AshBMovies #AshIndiaMovie ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld782 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld782/113

" Will " (2025) ဒီနေ့မှာတော့ သေတမ်းစာလေးတစ်စောင်ကနေဖြစ်ပေါ်လာတဲ့ စိတ်ဝင်စားဖွယ် ဇာတ်လမ်းတစ်ပုဒ်အကြောင်း တင်ဆက်ပေးချင်ပါတယ် ဗစ
" Will " (2025) ဒီနေ့မှာတော့ သေတမ်းစာလေးတစ်စောင်ကနေဖြစ်ပေါ်လာတဲ့ စိတ်ဝင်စားဖွယ် ဇာတ်လမ်းတစ်ပုဒ်အကြောင်း တင်ဆက်ပေးချင်ပါတယ် ဗစ်နက်ရှ်ရက်ဒီဟာ မသေခင်မှာ သေတမ်းစာလေးတစ်စောင်ထားခဲ့ပါတယ် ထိုသေတမ်းစာလေးထဲမှာ သူ့ရဲ့ အမွေတွေအားလုံးကို သူ့သားနှစ်ယောက်ဆီ အညီအမျှခွဲဝေပေးပြီး ချန်နိုင်က ၂ ကုဋေတန်ဖိုးရှိတိုက်ခန်းတစ်လွှာကိုတော့ ရှာဒါဆိုတဲ့ကောင်မလေးတစ်ယောက်အတွက် ချန်ထားပေးခဲ့ပါတယ် ဒါပေမဲ့ ဗစ်နက်ရှ်တို့မိသားစုဟာ အမွေတွေအပြင် ကောင်မလေးအတွက် ချန်ပေးထားခဲ့တဲ့ တိုက်ခန်းကိုပါ လိုချင်နေတဲ့အတွက်ကြောင့် သူတို့ဟာ အခကြေးငွေနဲ့ငှားပြီး ရှာဒါအတုနဲ့ တရားရုံးမှာ ကျမ်းကျိန်လွှာလျှောက်တင်ခဲ့ပါတယ် တရားသူကြီးမင်းကလည်း ကျမ်းကျိန်လွှာမူမမှန်နေတာကို သတိပြုမိပြီး စုံထောက် ပယ်လာနီကိုစုံစမ်းခိုင်းရာမှ ရှာဒါဆိုတဲ့မိန်းကလေးရဲ့ဘဝကို စုံစမ်းဖို့ဖြစ်လာတဲ့အခါ… ထိုမိန်းကလေးနဲ့ ဗာနက်ရှ်တို့ဘယ်လိုများဆက်စပ်နေလို့လဲ စုံထောက်ကြီးတစ်ယောက်မီးခိုးကြွက်လျှောက်လိုက်စုံစမ်းရင်း ရှာဒါဆိုတဲ့ကောင်မလေးရဲ့ သနားစရာဘဝဇာတ်ကြောင်းကိုသိလိုက်တဲ့အခါမှာရော…  စသဖြင့် မျိုးစုံတဲ့ plot twist တွေပါတာကြောင့် ကြည့်ရှုလို့ကောင်းတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်လည်း ဖြစ်ပါတယ် ဒီဇာတ်လမ်းလေးဟာ မိသားစုအတွက် စတေးခံဖြစ်ခဲ့ရတဲ့အိန္ဒိယအမျိုးသမီးတွေရဲ့ဘဝ နှစ်စဉ်နှစ်စဉ်ဖြစ်ပေါ်နေတဲ့ ကိုယ်ဝန်ဖျက်ချခြင်းတွေအကြောင်းတွေကို သင်ခန်းစာယူဖွယ်တင်ဆက်ထားတာဖြစ်ပါတယ် ( ဇာတ်လမ်းအကျဉ်းကို Chen Zi မှ ရေးသားပေးထားပါတယ် ) Subtitle By - Chen Zi Encode By - Lwin Htoo Aung Ash Channel ( Ash ) မှ ဘာသာပြန်တင်ဆက်သည်။ #Will #AshChannel #Ash #AshBollywoodMovie #AshBMovies #AshIndiaMovie ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld782 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld782/111

" Agneepath " (2012) ဒီဇာတ်ကားကတော့ ဘောလိဝုဒ်ပရိသတ်တွေကြားမှာ အတော်လေးနာမည်ကြီးခဲ့တဲ့ Agneepath (2012) (မီးတောက်လမ်းမ) ဆိုတဲ့
" Agneepath " (2012) ဒီဇာတ်ကားကတော့ ဘောလိဝုဒ်ပရိသတ်တွေကြားမှာ အတော်လေးနာမည်ကြီးခဲ့တဲ့ Agneepath (2012) (မီးတောက်လမ်းမ) ဆိုတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ ဒီကားရဲ့ အသက်သွေးကြောဖြစ်တဲ့ အဓိကဇာတ်ကောင် "ဗီဂျေး ဒီနာနက် ချောင်ဟန်" နေရာမှာတော့ နာမည်ကျော် ဘောလိဝုဒ် မင်းသားကြီး Hrithik Roshan (ဟရစ်တစ်ရိုရှင်) က ပါဝင်သရုပ်ဆောင်ထားတာပါ။ ဟရစ်တစ်ရိုရှင်ဟာ သူ့ရဲ့ အမိုက်စားခန္ဓာကိုယ်၊ စူးရှတဲ့မျက်လုံးတွေနဲ့အတူ ဖခင်အတွက် ကလဲ့စားချေချင်တဲ့ ဒေါသ၊ နာကြည်းမှု၊ ဝမ်းနည်းမှုတွေကို ပရိသတ်တွေ ရင်ထဲထိရောက်အောင် အကောင်းဆုံး ပုံဖော်သရုပ်ဆောင်သွားနိုင်ခဲ့ပါတယ်။ ဇာတ်လမ်းအစမှာ မန်ဒဝါဆိုတဲ့ ရွာလေးမှာနေတဲ့ ကျောင်းဆရာလေး ဒီနာနက် ဟာ ရွာသူရွာသားတွေကို အသိပညာတိုးတက်အောင် သင်ကြားပေးနေတဲ့ လူရိုးလူကောင်းတစ်ယောက်ပါ။ ဒါပေမဲ့ ရွာကို မူးယစ်ဆေးဝါးစီးပွားရေးနဲ့ သိမ်းပိုက်ချင်တဲ့ လူကြမ်းကြီးကန်ချာရောက်လာတဲ့အခါ ကျောင်းဆရာကို အကောက်ကြံပြီး ရွာလယ်ခေါင်က သစ်ပင်မှာ ဆွဲကြိုးချသတ်ပစ်ခဲ့ပါတယ်။ အဖေဖြစ်သူ အသတ်ခံလိုက်ရတာကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရတဲ့ ၁၂ နှစ်အရွယ် ကလေးငယ် ဗီဂျေးလေးဟာ ကိုယ်ဝန်ဆောင် အမေဖြစ်သူနဲ့အတူ မွန်ဘိုင်းမြို့ကို ထွက်ပြေးခဲ့ရပါတယ်။ မွန်ဘိုင်းမြို့ရဲ့ လူမိုက်ရပ်ကွက် ဒွန်ဂရီမှာ ကြီးပြင်းလာတဲ့ ဗီဂျေးဟာ အဖေ့အတွက် ကလဲ့စားချေဖို့နဲ့ မန်ဒဝါရွာကို ပြန်ယူဖို့ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုတည်းနဲ့ အသက်ရှင်ခဲ့ပါတယ်။ ကလဲ့စားချေဖို့အတွက် ကိုယ်တိုင် ငရဲမီးတောက်ထဲကို ဆင်းသက်ခဲ့တဲ့ဗီဂျေးတစ်ယောက် သူ့အဖေကို သတ်ခဲ့တဲ့ ကန်ချာကို ဘယ်လို ပြန်ပြီးကလဲ့စားချေမလဲ၊ အဲဒီလိုကလဲ့စားချေဖို့အတွက် သူ့ဘဝမှာ ဘာတွေ ပေးဆပ်လိုက်ရမလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရမယ့် Masterpiece ဇာတ်ကားကောင်း တစ်ကားဖြစ်လို့ အချိန်ပေးပြီး ကြည့်ရတာ လုံးဝတန်စေမယ့်ကားမျိုးဖြစ်ပါတယ်ဗျ။ ( ဇာတ်လမ်းအကျဉ်းကို LL မှ ရေးသားပေးထားပါတယ် ) Subtitle By - LL Encode By - Lwin Htoo Aung Ash Channel ( Ash ) မှ ဘာသာပြန်တင်ဆက်သည်။ #Agneepath #AshChannel #Ash #AshBollywoodMovie #AshBMovies #AshIndiaMovie ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld782 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld782/109

" Kaabil " (2017) Kaabil ရဲ့ ဇာတ်လမ်းက မျက်မမြင်တစ်ယောက်ရဲ့ အချစ်၊ ဆုံးရှုံးမှုနဲ့ လက်စားချေမှုကို အားကောင်းတဲ့ပုံစံနဲ့ ပြထား
" Kaabil " (2017) Kaabil ရဲ့ ဇာတ်လမ်းက မျက်မမြင်တစ်ယောက်ရဲ့ အချစ်၊ ဆုံးရှုံးမှုနဲ့ လက်စားချေမှုကို အားကောင်းတဲ့ပုံစံနဲ့ ပြထားတဲ့ကားပါ။ Rohan ဆိုတဲ့ လူငယ်ဟာ အသံဖန်တီးတဲ့အလုပ်လုပ်ပြီး ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနေသူပါ။ တစ်နေ့မှာ သူ့လိုပဲ မျက်မမြင်ဖြစ်တဲ့ Supriya နဲ့ တွေ့ဆုံပြီး နှစ်ယောက်သား ချစ်ကြိုက်သွားကြပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဘဝက ရိုးရှင်းပေမယ့် နွေးထွေးပြီး ပျော်ရွှင်စရာကောင်းနေခဲ့ပါတယ်။ ဒါပေမယ့် အာဏာရှိ လူဆိုးတစ်စုကြောင့် သူတို့ဘဝဟာ အမှောင်ကျသွားပါတယ်။ မတရားမှုတွေ၊ နာကျင်စရာဖြစ်ရပ်တွေ ဆက်တိုက်ကြုံလာပြီး Rohan ဟာ အချစ်ဆုံးလူကို ဆုံးရှုံးလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ တိတ်ဆိတ်ပြီး နူးညံ့တဲ့ Rohan တစ်ယောက်ဟာ လုံးဝပြောင်းလဲသွားပါတယ်။ သူ့ရဲ့ မသန်စွမ်းမှုကို အားနည်းချက်မဖြစ်စေဘဲ လူဆိုးတွေကို ဉာဏ်နဲ့ ပြန်လည်လိုက်လံတုံ့ပြန်ပါတော့တယ်။ ရန်သူတွေက သူ့ကို မမြင်နိုင်တဲ့သူလို့သာ ထင်ကြပေမယ့် Rohan ကတော့ သူတို့ မထင်ထားတဲ့နည်းလမ်းတွေနဲ့ တစ်ဆင့်ချင်း ပြန်လည်ကစားသွားပါတယ်။ ဒီကားက action နဲ့ suspense ပေါင်းစပ်ထားသလို အချစ်တစ်ခုအတွက် လူတစ်ယောက် ဘယ်လောက်ထိ ပြောင်းလဲသွားနိုင်တယ်ဆိုတာကိုလည်း ခံစားရအောင် ရိုက်ကူးထားတဲ့ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ( ဇာတ်လမ်းအကျဉ်းကို CG မှ ရေးသားပေးထားပါတယ် ) Subtitle By - CG Encode By - Lwin Htoo Aung Ash Channel ( Ash ) မှ ဘာသာပြန်တင်ဆက်သည်။ #Kaabil #AshChannel #Ash #AshBollywoodMovie #AshBMovies #AshIndiaMovie ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld782 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld782/107

" Kaho Naa... Pyaar Hai " (2000) ဇာတ်လမ်းအကျဉ်း... ရိုဟစ်ဟာ မိဘမဲ့ဖြစ်ပြီး ညီငယ်လေးရယ် အန်တီဖြစ်သူရယ်နဲ့အတူ ရိုးရိုးရှင်းရှင်
" Kaho Naa... Pyaar Hai " (2000) ဇာတ်လမ်းအကျဉ်း... ရိုဟစ်ဟာ မိဘမဲ့ဖြစ်ပြီး ညီငယ်လေးရယ် အန်တီဖြစ်သူရယ်နဲ့အတူ ရိုးရိုးရှင်းရှင်း နေထိုင်တဲ့ ဆင်းရဲတဲ့ လူငယ်အဆိုတော် တစ်ယောက်ပါ။ သူနဲ့ သူဌေးသမီး ဆိုနီယာတို့ အမှတ်မထင် ဆုံတွေ့ရာကနေ ချစ်ကြိုက်သွားကြပါတယ်။ ဒါပေမဲ့ ဆိုနီယာ့ရဲ့ ဖခင်ဖြစ်သူ သူဌေးကြီး ဆက်ခ်ဆီနာက သူတို့အချစ်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ပါတော့တယ်။ ရိုဟစ်တစ်ယောက် သူ့ကိုယ်သူ သက်သေပြဖို့ ကြိုးစားနေချိန်မှာပဲ ရဲအရာရှိတွေနဲ့ အကျင့်ပျက် နိုင်ငံ့ဝန်ထမ်းတွေ ပါဝင်ပတ်သက်နေတဲ့ လူသတ်မှုတစ်ခုကို မတော်တဆ မျက်မြင်ကိုယ်တွေ့ မြင်သွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရိုဟစ်ကို လူဆိုးတွေက လိုက်လံသတ်ဖြတ်ခဲ့ပြီး တံတားပေါ်ကနေ ရေထဲပြုတ်ကျကာ သေဆုံးသွားခဲ့ပါတယ်။ ( ဇာတ်လမ်းအကျဉ်းကို LL မှ ရေးသားပေးထားပါတယ် ) Subtitle By - LL Encode By - Lwin Htoo Aung Ash Channel ( Ash ) မှ ဘာသာပြန်တင်ဆက်သည်။ #KahoNaaPyaarHai #AshChannel #Ash #AshBollywoodMovie #AshBMovies #AshIndiaMovie ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld782 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld782/105

Ailao Mountain Incident (2026) Ailao တောင်မှာ ကျောင်းသားလေး(၆)ယောက် တောင်တက်စခန်းချတုန်းမှာ (၄)ယောက်သေ (၁)ယောက်ပျောက်နေပြီး (
Ailao Mountain Incident (2026) Ailao တောင်မှာ ကျောင်းသားလေး(၆)ယောက် တောင်တက်စခန်းချတုန်းမှာ (၄)ယောက်သေ (၁)ယောက်ပျောက်နေပြီး (၁)ယောက်ထဲအသက်ရှင်ကျန်တဲ့ ဝမ်းနည်းစရာဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါတယ် သတင်းမှာတော့ တောင်ကျရေကြောင့်လို့ဆိုပေမယ့် အွန်လိုင်းကောလဟာလတွေကတော့ လူသတ်မှုလို့အခိုင်အမာပြောနေတာက စဉ်းစားစရာပါပဲ။ နောက်(၃)နှစ်ကြာပြီးနောက်မှာ စူးစမ်းချင်တဲ့လူငယ်လေး(၅)ယောက်က Ailaoတောင်က အဲဒီစခန်းမှာပဲ စခန်းချဖို့ရောက်လာကြပါတယ်။ တောအုပ်စောင့်နေတဲ့ သစ်လုံးအိမ်လေးနားကိုရောက်တဲ့အချိန်ကနေစပြီးတော့ မူမမှန်တာတွေကြုံလာရတဲ့အချိန်မှာတော့ လူငယ်လေးတွေက လူတွေသေခဲ့ကြတာ ကောလဟာလအတိုင်းဖြစ်မယ်ဆိုပြီး ယုံကြည်လာပြီး တောင်ပေါ်ကနေညတွင်းချင်းဆင်းဖို့ ဆုံးဖြတ်လိုက်ပေမယ့် အချိန်မမီတော့ပါဘူး။ လူငယ်လေးတွေစိုးရိမ်သလိုပဲ ကြောက်စရာဖြစ်ရပ်တွေနဲ့ကြုံရမလား ဒါမှမဟုတ် ဘေးကင်းကင်းနဲ့ တောင်အောက်ကိုပြန်ဆင်းနိုင်မလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရမှာဖြစ်ပါတယ် Filesize : 785 MB / 468 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Mystery, Thriller, and Horror Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/127

The Counterfeit (2026) ၂၀၂၆၊ မေလ ၈ရက်နေ့ကမှ လတ်လတ်ဆတ်ဆတ်ရုံတင်ထားတဲ့ Crime Action ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်ကြောင်
The Counterfeit (2026) ၂၀၂၆၊ မေလ ၈ရက်နေ့ကမှ လတ်လတ်ဆတ်ဆတ်ရုံတင်ထားတဲ့ Crime Action ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်ကြောင်းကို ၁၉၉၀ခုနှစ်နှောင်းပိုင်း Digital Money တွေမပေါ်သေးတဲ့အချိန်ကို အခြေခံထားတဲ့ ငွေတုလုပ်ငန်းတိုက်ဖျက်ရေးအက်ရှင်ကားဖြစ်ပြီးတော့ အတိုက်အခိုက်ပိုင်းမှာ ပီပြင်တဲ့အက်ရှင်ဝါရင့်မင်းသားတွေပါတာကြောင့် အတော်လေးကြည့်ကောင်းမယ့်ဇာတ်ကားပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ (၃)ထပ်ကွမ်းလက်ဝှေ့ချန်ပီယံတစ်ယောက်ဖြစ်ခဲ့တဲ့ ကျန့်မင်ဟာ လက်ရှိမှာတော့ ရောဂါသည်သမီးလေးဆေးကုဖို့အတွက် တက္ကစီမောင်းရင်း ခက်ခက်ခဲခဲငွေရှာနေရပါတယ် သူ့သမီးလေးကို ခွဲစိတ်ဖို့အရေးတကြီးငွေလိုလာတဲ့အချိန်မှာတော့ သူကမြေအောက်ငွေတုလုပ်ငန်းထဲကို ခြေစုံပစ်ဝင်လိုက်ပါတယ်။ဒါကအဆုံးသတ်မကောင်းတဲ့လမ်းမှန်းသိပေမယ့် မတတ်သာလို့လုပ်ရတဲ့အခါ ရဲအရာရှိတစ်ယောက်နဲ့ဆက်သွယ်မိပြီး ငွေတုရဲ့အရင်းအမြစ်ကိုဖော်ထုတ်ပေးဖို့ ရဲအရာရှိကိုကတိပေးလိုက်ပါတယ်။ အရမ်းဉာဏ်များတဲ့ ငွေတုလုပ်ငန်းရှင်ကိုအမိဖမ်းနိုင်ဖို့ ဉာဏ်အားရော ခွန်အားရောသုံးနေရပေမယ့် သူ့သမီးလေးအနာဂတ်အတွက် ငွေတုလုပ်ငန်းကနေငွေရသလောက်ရှာမယ်လို့ ကျန့်မင်ဆုံးဖြတ်လိုက်တဲ့အချိန်မှာတော့ သူဟာနှစ်ဖက်ဖိအားတွေကြားမှာ သူလိုချင်တဲ့ရည်မှန်းချက်ကိုရနိုင်မလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရမှာပဲဖြစ်ပါတယ် Filesize : 1.63 GB / 920 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Action , Crime Runtime : 1h 37 min Subtitle : Myanmar Subtitle ( Hardsub ) ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2/123 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/125

“ Omukade ” (2026) "ရန်သူ့လက်ထဲမှာ အသေခံမလား... အမှောင်ထဲက ရှေးဟောင်းမိစ္ဆာကြီးဆီမှာ အရှင်လတ်လတ် အစားခံမလား..." ကဲ... ထိုင်း
“ Omukade ” (2026) "ရန်သူ့လက်ထဲမှာ အသေခံမလား... အမှောင်ထဲက ရှေးဟောင်းမိစ္ဆာကြီးဆီမှာ အရှင်လတ်လတ် အစားခံမလား..." ကဲ... ထိုင်း Horror ကား ကြမ်းကြမ်းရမ်းရမ်းတွေမှ ကြိုက်ပါတယ်ဆိုတဲ့ ပရိသတ်ကြီးအတွက် Body Horror သွေးသံရဲရဲ ကားသစ်ကြီးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ကျွန်တော်တို့ရဲ့ အချစ်တော်မင်းသား အသည်းကျော်ပဲလှော် ခိုခိုဒေါင်း ပါဝင်သရုပ်ဆောင်ထားတာဖြစ်လို့ အားလုံးက စောင့်မျှော်နေရတဲ့ဇာတ်ကားဆိုလည်း မမှားပါဘူး။ ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်အတွင်း ထိုင်းနိုင်ငံက ကျိန်စာသင့်နေတဲ့ မြေအောက်သတ္တုတွင်းဟောင်းတစ်ခုမှာ အခြေတည်ထားပါတယ်။ စစ်ရဲ့အရှိန်ကြောင့် တင်းမာမှုတွေ အမြင့်ဆုံးကို ရောက်နေတဲ့အချိန်၊ ဂျပန်စစ်သားတွေနဲ့ သူတို့ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းတွေဟာ အဲဒီလှိုဏ်ဂူထဲမှာ မထင်မှတ်ဘဲ အတူတူ ပိတ်မိသွားကြပါတယ်။ ဒါပေမဲ့ ပြဿနာက အဲဒီမှာတင် ပြီးမသွားပါဘူး။ သူတို့ရင်ဆိုင်ရမှာက အချင်းချင်း သတ်ဖြတ်ရမယ့် ရန်သူတွေတင် မဟုတ်တော့ပါဘူး။ အမှောင်ထုထဲမှာ နှစ်ပေါင်းများစွာ အိပ်စက်နေခဲ့တဲ့ ရှေးဟောင်းမိစ္ဆာကောင်ကြီး နိုးထလာတဲ့အခါမှာတော့... အားလုံးရဲ့ အသက်လုပွဲကြီးက စတင်ပါတော့တယ်။ Body Horror အမျိုးအစားဖြစ်တဲ့အတိုင်း အကောင်ကြီးရဲ့ ကိုက်ဖြတ်စားသောက်မှုတွေ၊ ခြောက်ခြားစရာ မြင်ကွင်းတွေ ဖောဖောသီသီ ပါဝင်သွားဦးမှာပါ။ လူ့ဘီလူး ဂျပန်စစ်သားတွေရဲ့ ရက်စက်မှုနဲ့ အကောင်ကြီးရဲ့ အမဲလိုက်မှု နှစ်ခုကြားမှာ သုံ့ပန်းတွေ ဘယ်လို လွတ်မြောက်အောင် ရုန်းကန်ကြမလဲဆိုတာကတော့... ရိုးရိုးတန်းတန်း သရဲကားတွေထက် Monster Survival သည်းထိတ်ရင်ဖို ကြိုက်တဲ့သူတွေအတွက်တော့ ညဘက် အဖော်မပါဘဲ မကြည့်သင့်တဲ့ ကားကောင်းလေးဖြစ်လို့ ခုပဲ ရှုစားလိုက်ကြပါဦး။ ( ဇာတ်လမ်းအကျဉ်းကို Zicky မှရေးသားပေးထားပါတယ် ) Subtitle By - Ash Team Encode By - K Ash Channel (Ash) မှဘာသာပြန်တင်ဆက်သည်။ #Omokada #AshThai #ThaiHorror #အိုမူကာဒေး #OmukadaThaiMovie #AshChannel #AshOngoing #Ash #AshOngoing2026 ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld6543 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld6543/93