သိင်္ခ
Ir al canal en Telegram
အသိတိုး
Mostrar másEl país no está especificadoLa categoría no está especificada
1 061
Suscriptores
+124 horas
-77 días
-5230 días
Archivo de publicaciones
1 060
အမေရိကန် ကြည်းတပ်ဝန်ကြီး ဒန်ဒရစ်စကိုးလ် နုတ်ထွက်စာတင်ထားသည်ဟု အိမ်ဖြူတော် အတည်ပြု
ကာကွယ်ရေးဝန်ကြီး ပိဟက်ဆတ်နှင့် တင်းမာမှုများရှိနေသည်ဟူသော သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် အမေရိကန် ကြည်းတပ်ဝန်ကြီး ဒန်ဒရစ်စကိုးလ်သည် နုတ်ထွက်စာတင်ထားသည်ဟု ဩဂုတ် ၃၁ ရက်တွင် အိမ်ဖြူတော်က အတည်ပြုခဲ့သည်။
ဒရစ်စကိုးလ် နုတ်ထွက်သွားပြီဟု ဝေါစထရိဂျာနယ်သတင်းနှင့်ပတ်သက်၍ မေးမြန်းသည့်အခါ အိမ်ဖြူတော် ဒုတိယပြန်ကြားရေးဝန်ကြီး အန်နာကယ်လီက ထိုသတင်းကို ငြင်းဆန်ခြင်းမပြုခဲ့ပေ။
"ဒရစ်စကိုးလ်ဟာ သမ္မတထရမ့်ရဲ့ Make America Strong Again ဆိုတဲ့ မူဝါဒကို အကောင်အထည်ဖော်ရာမှာ ကြည်းတပ်ဝန်ကြီးဌာနမှာ အလွန်ပဲ ထိထိမိမိဆောင်ရွက်ခဲ့ပါတယ်"ဟု ကယ်လီက ပြောကြားခဲ့သည်။
1 060
နိုင်ငံတော်အနေဖြင့် လူငယ်များ၏အခန်းကဏ္ဍကို ထိထိရောက်ရောက်အာရုံစိုက်ပြီး အဘက်ဘက်ကဖြည့်ဆည်းပံ့ပိုးပေးမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် ပြော
နိုင်ငံတော်အနေဖြင့် လူငယ်များ၏အခန်းကဏ္ဍကို ထိထိရောက်ရောက်အာရုံစိုက်ပြီး အဘက်ဘက်က ဖြည့်ဆည်းပံ့ပိုးပေးမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်က ပြောကြားသည်။
နိုင်ငံတော်သမ္မတက ယနေ့ သြဂုတ် ၃၁ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ဘွဲနှင်းသဘင်ခန်းမ၌ကျင်းပသည့် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတိုတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
အစိုးရသစ်ကာလတွင် လူငယ်ရေးရာဝန်ကြီးဌာနကို အ သစ်ဖွဲစည်းပြီး လူငယ်ရေးရာမူဝါဒများချမှတ်ကာ လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်လျက်ရှိပြီး လူငယ်များတိုင်းတစ်ပါးနိုင်ငံများကို သွားရောက်အလုပ်လုပ်ကိုင်နေကြခြင်းသည် နိုင်ငံတော်အတွက် အလွန်နစ်နာပြီး နိုင်ငံ့အရင်းအမြစ်များ များစွာဆုံးရှုးရသည်ဟု ပြောသည်။
1 060
အမေရိကန်-မြောက်ကိုရီးယား ဆွေးနွေးပွဲ အချိန်မရွေးဖြစ်လာနိုင်ကြောင်း တောင်ကိုရီးယား ပြောကြား
အမေရိကန်နှင့် မြောက်ကိုရီးယားကြား ထိပ်သီးအစည်းအဝေးတစ်ခုသည် မည်သည့်အချိန်တွင်မဆို ဖြစ်လာနိုင်ကြောင်းနှင့် နှစ်နိုင်ငံကြား ဆွေးနွေးမှုပြုလုပ်နေသည့် လက္ခဏာများ ထွက်ပေါ်လာကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီ၏ သတင်းပိုချက်ကို ကိုးကားပြီး လွှတ်တော်အမတ်တစ်ဦးက စက်တင်ဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် ထပ်မံတွေ့ဆုံရန် အကြံပြုထားသော်လည်း မြောက်ကိုရီးယားဘက်မှ လူသိရှင်ကြား အကြောင်းမပြန်သေးပေ။
1 060
ပြည်သူ့လွှတ်တော်အနေဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြန်လည်သုံးသပ်မှုများပြုလုပ်နေ
ပြည်သူ့လွှတ်တော်အနေဖြင့် ထိုင်းကုမ္ပဏီများအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ စီးပွားရေးလုပ်ကိုင်ရာတွင်ပိုမိုလွယ်ကူချောမွေ့စေရေးအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြန်လည်သုံးသပ်မှုများပြုလုပ်လျက်ရှိသည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီက ပြောသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီက သြဂုတ် ၃၁ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Tor Saralamba အား နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံစဥ် ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။
1 060
-
ဒုတိယသမ္မတ ဦးညိုစော (၁၁)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာ
………………………………………………………….
နေပြည်တော်၊ စက်တင်ဘာ ၁
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို့၌ ကျင်းပမည့် (၁၁)ကြိမ်မြောက် အရှေ့ဖျားစီးပွား ရေးဖိုရမ်သို့ တက်ရောက်ရန် ဒုတိယသမ္မတ ဦးညိုစောသည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလွင်၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းဇေယျာလှိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်တို့နှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ထွက်ခွာခဲ့ကြောင်း သိရသည်။
1 060
ပညာတတ်လူငယ်များသည် နိုင်ငံတော်အတွက် အဖိုးအနဂ္ဃထိုက်တန်သည့် အမြုတေရတနာများဖြစ် နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်သော အနာဂတ်ဆီသို့ ဦးတည်တည်ဆောက်ရာတွင် အဓိကမောင်းနှင်အားမှာ အရည်အသွေးပြည့်ဝသည့် ပညာတတ်လူငယ်များ၏ စွမ်းရည်စွမ်းအားပင်ဖြစ်သည်။ ဩဂုတ် ၃၁ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့သည့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ထိုသို့မီးမောင်းထိုးပြကာ အမှာစကားပြောကြားခဲ့သည်။ ဗလငါးတန်နှင့် စွမ်းရည်မြင့်မားရေး နိုင်ငံတော်သမ္မတ၏ အမှာစကားတွင် အတွေးအခေါ်မြင့်မားပြီး ဗလငါးတန်နှင့် ပြည့်စုံသည့် ထူးချွန်လူငယ်များသည် နိုင်ငံတော်အတွက် အဖိုးအနဂ္ဃထိုက်တန်သည့် အမြုတေရတနာများ ဖြစ်ကြောင်း အလေးအနက်ထား ထည့်သွင်းပြောကြားခဲ့သည်။ လူ့စွမ်းအားအရင်းအမြစ် တည်ဆောက်ရေး - နိုင်ငံတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်မှာ ပညာရေးဖြစ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲများနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးနယ်ပယ်တို့မှ ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများသည် အနာဂတ်နိုင်ငံတော်၏ နည်းပညာ၊ စိုက်ပျိုးရေးနှင့် စီးပွားရေးကဏ္ဍများကို ဦးဆောင်ကြမည့်သူများဖြစ်သည်။ အမြုတေရတနာများ၏ အခန်းကဏ္ဍ - ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုအပြင် ကိုယ်ကျင့်တရားနှင့် ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များပြည့်ဝလာမှသာ နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် စေတနာစွမ်းအားတို့ ခိုင်မာအားကောင်းမည်ဖြစ်သည်။ အနာဂတ်နိုင်ငံတော်နှင့် လူငယ်များ၏ တာဝန် ယနေ့ဂုဏ်ပြုခံရသည့် ထူးချွန်ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့ရရှိထားသည့် ပညာရပ်များကို အခြေခံ၍ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးနှင့် အခြားသော အရေးပါသည့် ဘာသာရပ်များတွင် ဆက်လက်ဆည်းပူးကာ နိုင်ငံတော်၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးကြရမည်ဖြစ်သည်။ ပညာတတ်လူငယ်များ၏ ကြိုးပမ်းအားထုတ်မှု၊ စွဲမြဲသည့် ဝိရိယနှင့် တီထွင်ဖန်တီးနိုင်စွမ်းတို့သည် တိုင်းပြည်အတွက် မရှိမဖြစ်လိုအပ်သော အဖိုးတန်အရင်းအမြစ်များဖြစ်ရာ၊ ယခုကဲ့သို့ ဂုဏ်ပြုချီးမြှင့်ခြင်းသည် လူငယ်များ၏ စိတ်ဓာတ် ပိုမိုတက်ကြွစေပြီး အနာဂတ်အတွက် ခိုင်မာသည့် လမ်းပြမြေပုံတစ်ခုကို ဖော်ဆောင်ပေးလိုက်ခြင်းပင်ဖြစ်သည်။
1 060
အီရန်ကို ဆက်ပြီး တိုက်ခိုက်သွားနိုင်တယ်လို ထရမ့် ပြော ပြန်
အမေရိကန်ပြည်ထောင်စုအနေနဲ့ အီရန်ကို ပြန်ပြီး တိုက်ခိုက်တာတွေ ပြုလုပ်ကောင်း ပြုလုပ်နိုင်တယ်လို သမ္မတ ဒေါ်နယ်ထရမ့်က ပြောပြန်ပါတယ်။
"သူတိုဟာ ကျရှုးနိုင်ငံတစ်ခု ဖြစ်နေပါပြီ။ ငွေကြေးဖောင်းပွမှုက ၃၅၀ ရာခိုင်နှုန်း ရှိနေတယ်။ သုံးစရာ ငွေကြေးလည်း မရှိတော့ဘူး၊ စစ်သားတွေကိုလည်း လစာ မပေးနိုင်ကြဘူး။ ခေါင်းဆောင်ပိုင်းဆိုရင်လည်း အများစု သေကုန်ကြပြီ။ ရေတပ်ရော လေတပ်ပါ မရှိတော့သလို ထောက်လှမ်းရေး ကိရိယာတွေဆိုရင်လည်း အကုန်နီးပါး ပျက်စီးသွားပြီ။ ဒါပေမဲ့ ဒါတွေကြောင့် ကျုပ်တို သူတိုကို ထပ်မနှက်တော့ဘူးလို ဆိုလိုတာ မဟုတ်ပါဘူး။ ဘာဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်တာပေါ့" လို သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
1 060
ပြင်ဦးလွင်-ဂုတ်ထိပ် RBE ရထားခရီးစဉ် လာမည့် စနေနေ့မှစ၍ အပတ်စဉ် ပုံမှန်ပြန်လည်ပြေးဆွဲမည်
ပြင်ဦးလွင်၊ သြဂုတ် ၃၁
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရထားပြေးဆွဲမှု ယာယီရပ်နားထားခဲ့သည့် ပြင်ဦးလွင်-ဂုတ်ထိပ် အစုန်/အဆန် RBE ရထားခရီးစဉ်ကို လာမည့် စနေနေ့မှစတင်ကာ အပတ်စဉ် ပုံမှန်ပြန်လည်ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း သိရသည်။
နောင်ချိုမြိုနယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နောင်ချို-ဂုတ်ထိပ် ရထားလမ်းပိုင်းတွင် ရေကျော်ရေလွှမ်းမှု ဖြစ်ပွားခဲ့သဖြင့် ရထားခရီးစဉ်ကို ယာယီရပ်နားထားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ရထားလမ်းပိုင်း ပြုပြင်မှုများ ပြီးစီးပြီဖြစ်သဖြင့် ပြန်လည်ပြေးဆွဲနိုင်ခြင်းဖြစ်သည်။
1 060
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးသည့်မှတ်တမ်း
1 060
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ထိုင်းနိုင်ငံသံအမတ်ကြီး His Excellency Mr. Tor Saralamba ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲအား လက်ခံတွေ့ဆုံ
နေပြည်တော်၊ စက်တင်ဘာ ၁
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး His Excellency Mr. Tor Saralamba ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲကို ယမန်နေ့က နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
1 060
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်နှင့် ဇနီး ဒေါ်ကြူကြူလှတိုသည် ဗီယက်နမ်သမ္မတနှင့် ဇနီးတို၏ ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံသို တရားဝင်ခရီးစဉ် သွားရောက်မည်
1 060
အာဂျင်တီးနား ဂန္ထဝင်ကစားသမား မက်ဆီ နိုင်ငံလက်ရွေးစင်အသင်းကနေ တရားဝင်အနားယူ
ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား ဂန္ထဝင်တိုက်စစ်မှူးတစ်ဦးဖြစ်သည့် လီယွန်နယ် မက်ဆီ (Lionel Messi) သည် အာဂျင်တီးနား နိုင်ငံလက်ရွေးစင်အသင်းမှ တရားဝင် အနားယူပြီဖြစ်ကြောင်း ၄င်း၏ လူမှုကွန်ယက်စာမျက်နှာက ယနေ့ ဩဂုတ် ၃၁ ရက်နေ့တွင် အသိပေးကြေညာခဲ့သည်။
အသက် ၃၉ နှစ်အရွယ်ရှိပြီဖြစ်သော မက်ဆီသည် ပြီးခဲ့သည့် ဇူလိုင်လက ကစားခဲ့သည့် ၂၀၂၆ ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွင် စပိန်အသင်းကို ၁ ဂိုး ၀ ဖြင့် ရှုးနိမ့်ခဲ့ပြီးနောက် ၆ ပတ်အကြာတွင် အခုကဲ့သို လက်ရွေးစင်ကစားသမားဘဝကို အဆုံးသတ်ရန် ဆုံးဖြတ်ခဲ့ခြင်းလည်း ဖြစ်သည်။
1 060
ရက်ပေါင်း (၁၃၀)မြန်မာ့သံတမန်ရေး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဦးဆောင်သည့် ရွေးကောက်ခံ ဒီမိုကရေစီ အစိုးရအသစ်အနေဖြင့် မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားအတွက် ရက်ပေါင်း (၁၃၀) ကာလအတွင်း မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများ၊အိမ်နီးချင်းနိုင်ငံများနှင့် သံတမန်ရေးရာ ဆောင်ရွက်ချက်များ
-သွားရောက်ခဲ့သည့်နိုင်ငံပေါင်း (၆)နိုင်ငံ။
- လေကြောင်းခရီးသွားလာမှု
နာရီပေါင်း (၄၈)နာရီ (၂၀)မိနစ်
လေမိုင်ပေါင်း (၁၉၅၀၀)မိုင်
-မော်တော်ယဉ်ဖြင့် ခရီးသွားလာမှု
နာရီပေါင်း (၃၂)နာရီ (၂၀)မိနစ်
-မီးရထားဖြင့်ခရီးသွားလာမှု
နာရီပေါင်း (၅)နာရီ(၂၀)မိနစ်
မြေပြင်ခရီးစဉ် စုစုပေါင်း
ကီလိုမီတာ(၃၆၀၀၀)ကီလိုမီတာကျော်။
1 060
ပြင်ဦးလွင်-ဂုတ်ထိပ် RBE ရထားခရီးစဉ် လာမည့် စနေနေ့မှစ၍ အပတ်စဉ် ပုံမှန်ပြန်လည်ပြေးဆွဲမည်
ပြင်ဦးလွင်၊ သြဂုတ် ၃၁
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရထားပြေးဆွဲမှု ယာယီရပ်နားထားခဲ့သည့် ပြင်ဦးလွင်-ဂုတ်ထိပ် အစုန်/အဆန် RBE ရထားခရီးစဉ်ကို လာမည့် စနေနေ့မှစတင်ကာ အပတ်စဉ် ပုံမှန်ပြန်လည်ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း သိရသည်။
နောင်ချိုမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နောင်ချို-ဂုတ်ထိပ် ရထားလမ်းပိုင်းတွင် ရေကျော်ရေလွှမ်းမှု ဖြစ်ပွားခဲ့သဖြင့် ရထားခရီးစဉ်ကို ယာယီရပ်နားထားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ရထားလမ်းပိုင်း ပြုပြင်မှုများ ပြီးစီးပြီဖြစ်သဖြင့် ပြန်လည်ပြေးဆွဲနိုင်ခြင်းဖြစ်သည်။
1 060
+3
အာဂျင်တီးနား ဂန္ထဝင်ကစားသမား မက်ဆီ နိုင်ငံလက်ရွေးစင်အသင်းကနေ တရားဝင်အနားယူ
ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား ဂန္ထဝင်တိုက်စစ်မှူးတစ်ဦးဖြစ်သည့် လီယွန်နယ် မက်ဆီ (Lionel Messi) သည် အာဂျင်တီးနား နိုင်ငံလက်ရွေးစင်အသင်းမှ တရားဝင် အနားယူပြီဖြစ်ကြောင်း ၄င်း၏ လူမှုကွန်ယက်စာမျက်နှာက ယနေ့ ဩဂုတ် ၃၁ ရက်နေ့တွင် အသိပေးကြေညာခဲ့သည်။
အသက် ၃၉ နှစ်အရွယ်ရှိပြီဖြစ်သော မက်ဆီသည် ပြီးခဲ့သည့် ဇူလိုင်လက ကစားခဲ့သည့် ၂၀၂၆ ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွင် စပိန်အသင်းကို ၁ ဂိုး ၀ ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ၆ ပတ်အကြာတွင် အခုကဲ့သို့ လက်ရွေးစင်ကစားသမားဘဝကို အဆုံးသတ်ရန် ဆုံးဖြတ်ခဲ့ခြင်းလည်း ဖြစ်သည်။
အာဂျင်တီးနားအသင်းနှင့်အတူ ၂၁ နှစ်တာ နိုင်ငံတကာကစားသမားဘဝအတွင်း မက်ဆီသည် ၂၀၇ ပွဲ ကစားပေးခဲ့ပြီး ၁၂၅ ဂိုး သွင်းယူကာ အသင်း၏ ပွဲအများဆုံးနှင့် ဂိုးအများဆုံး သွင်းယူသူအဖြစ် စံချိန်တင် ရပ်တည်ထားနိုင်ခဲ့သူလည်း ဖြစ်သည်။
ထို့ပြင် အာဂျင်တီးနားအသင်းကို ဦးဆောင်ကာ ၂၀၂၂ ကမ္ဘာ့ဖလား ချန်ပီယံဆုနှင့်အတူ ကိုပါအမေရိကဖလား (၂) ကြိမ် (၂၀၂၁၊ ၂၀၂၄) ကို ဆွတ်ခူးပေးနိုင်ခဲ့သည်။
1 060
ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ရုရှား-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
နေပြည်တော် ဩဂုတ် ၃၁
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Mr. Bulochnikov Anatoly Mikhailovich အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ရုံးအမှတ် (၂၆) ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ဘဏ်လုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနှင့် ငွေပေးချေမှု၊ အခွန်နှင့် ICT ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
1 060
ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ရုရှား-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
1 060
ထိုင်းနိုင်ငံတွင် ယာဉ်မတော်တဆမှုဖြင့် ကွယ်လွန်ခဲ့သည့် မြန်မာအမျိုးသမီးအတွက် ရသင့်ရထိုက်သည့် အာမခံကြေးငွေ ဘတ် (၂) သန်းအား မိသားစုထံ လွှပြောင်းပေးအပ်
ဗန်ကောက်၊ဩဂုတ်-၃၁
ထိုင်းနိုင်ငံတွင် ယာဉ်မတော်တဆမှုကြောင့် အသက်ဆုံးရှုးခဲ့ရသည့် မြန်မာနိုင်ငံသားတစ်ဦးအတွက် ရသင့်ရထိုက်သည့် အာမခံကြေးငွေ ဘတ် ၂ သန်း (၂,၀၀၀,၀၀၀/- ဘတ်) ကို သမီးဖြစ်သူထံသို အလုပ်သမားသံအရာရှိရုံးမှတစ်ဆင့် လွှပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြိုနယ်မှ ထိုင်းနိုင်ငံသို လာရောက်အလုပ်လုပ်ကိုင်နေသူ အသက် ၄၂ နှစ်အရွယ် ဒေါ်ဥမ္မာလွင်သည် ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ ဧပြီလအတွင်းက နခွန်ပထုံမြိုနယ်၊ ညဈေးမီးပွိင့်အနီး၌ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပြီး အသက်ဆုံးရှုးခဲ့ရခြင်းဖြစ်သည်။
