Nadi Aya Farm
Ir al canal en Telegram
မျိုးရိုးစစ်မှန်သော တိုက်ကြက်များကိုသာရောင်းချပေးပါသည်။ 09 757 254 269
Mostrar másEl país no está especificadoLa categoría no está especificada
450
Suscriptores
Sin datos24 horas
+557 días
+5630 días
Archivo de publicaciones
+5
Reblion Bagan ကကိုလင်းကြက်မနဲ့ မှီးကြားနဲ့ပေါက်တာ
120-125တန်း
မောက်ထောင်လေးက 2သိန်း
ချိတ်လက 1သိန်း
+3
Reblion Bagan က ကိုလင်းရဲ့ကြက်မနဲ့
1သိန်း1သောင်းဗြာကပေါက်တာ
ကြေးစမ်း1ပွဲနိုင် 1ပွဲသရေ
ယိုးဒယားကြက်နဲ့တွေ့တာသရေကျထားတယ်
ရက်ပါတ်စေ့တန်းတိုက်
135-140တန်း
2သိန်း
+8
ကာစီနိုသမီးနဲ့ 1သိန်း1သောင်းဗြာ
မဂိုလေး 135တန်း
ခြေဝါလေး 125တန်း
ခြေဖြူလေး 130တန်း
1ကောင်2သိန်း
ကြက်သက် 8လ
+5
ဒိုင်မုန်းသား
ဘတ်5သောင်းမဲမကြီးသား
Black panther မြေးမကပေါက်တဲ့မြစ်
ခြေစည်းခြေပါတ် 33ပါတ်ဘယ်ညာ
125တန်း
10သိန်း
အလုပ်စဝင်လို့လည်းရပြီ
တနွေလုံးတစ်မိုးလုံးတိုက်
သားထိုးအဆင်ပြေတယ်
+2
ဒိုင်မုန်းသားလေး မနေ့ကကြေးစမ်း 2သိန်း2သောင်းနိုင်
လမ်းကြက်2ကောင်တွေ့တော့
2နာရီလောက်ခွပ်ရတယ်။
ကိုယ့်ကြက်လေးလည်းအောက်အထည်တွေအတော်အဖြိုခံလိုက်ရတယ်။
အဲ့ကြက်မနဲ့ ဒိုင်မုန်းသားဖောက်ထားတယ်။
ဒိုင်မုန်းသားကလည်းလမ်းအလွတ်အကျွတ်အမိုက်ရှင်း
ဒီကြက်မကလည်း လမ်း
ထွက်လာတဲ့ ကြက်လေးတွေ ပါယ်ကြက်သာနည်းလာခဲ့ရင် နောက်နှစ်
ဆိုအိမ်ပေါက်တွေ လမ်းကောင်းကောင်းလေးကိုင်ရပြီ။
ဆယ်ကောင်မှာ 1ကောင်ဘဲသုံးရ ကျေနပ်တယ်။
Sakura လို့နာမည်ပေးထားတဲ့ဒီကြက်မလေးက ကျွန်တော်ဝယ်တဲ့ကြက်မတွေထက်ဘာကြောင့်ပိုကြိုက်သလဲဆို ဖောက်ရင်ဖောက်တဲ့ကြက်ဖလမ်းအတိုင်းချပေးတတ်တယ်။
သားထိုးကြက်ဖရဲ့
အမှီးအမောက်အရောင်
ခွပ်လမ်းအတိုင်း
အဆစ်အပေါက်
နောက်ဆုံး မျက်လုံးအရောင်ကအစတူအောင်ချပေးတတ်တယ်။
အဖေမျိုးရိုးက
ဇင်ယော်ဆိုတဲ့ ရေစကြိုကဝယ်တဲ့ကြက်နဲ့ ကြက်ဆွဲ ကိုပီကင်းရဲ့ နယားမကြီးကပေါက်တဲ့ Casino ဆိုတဲ့ ရွာရုံထမင်းရှင်ကြက်ရဲ့သမီး။
Casino ဆိုတာ ဟိုင်းကြီးကျွန်းတစ်ဝိုက် ဘယ်သူမှမတိုက်ရဲတဲ့ကြက်ကျော်ဗြာပုဇွန်ကြီး။
5ဝိုင်းတိုက် 5ဝိုင်းနိုင်ပြီး ပိုင်ရှင်ကိုဖြိုးဝေ (ကံချိုင်) ဆီကနေ ထားဝယ် ဂျမ်းကောင်ပိုင်ရှင်ကယူပြီး ထားဝယ်မှာ လက်ရင်း ရာကြီးပိုင်းအထိတိုက်ထားဘူးတဲ့ ဟိုင်းကြီးကကြက်တွေထဲမှာ လက်ရင်းအများဆုံးတိုက်ပြီး အောင်မြင်ထားတဲ့
အသိအရမ်းကောင်းတဲ့ ကြက်။
အမေလိုင်းက
တောင်ကလေး ကတံမျက်စည်းဆိုတဲ့ အမိုက်ရှင်းအလွတ်အကျွတ် နဲ့ ရွှေမြှားဆိုတဲ့ 4ပွဲတိုက် 4ပွဲလုံး 2ဇီး ခွပ်တဲ့ကြက်ရဲ့သမီးနဲ့ ဖောက်လို့ရတဲ့ကြက်မ။
ဟိုင်းကြီးကျွန်းမော်တင်စွန်းဘုရားအနီးတဝိုက်ရွာတွေမှာ ဆယ်စုနှစ်တစ်ခုအတွင်းကြေးအကောင်းဆုံး
ရသာအပေးဆုံး ကြက်နှစ်ကောင်ခွပ်တဲ့ပွဲပြောပါဆို Casino နဲ့ မျက်စည်းဆိုတာကြက်သမားတိုင်းပြောပါလိမ့်မယ်။
အဲ့ပွဲမှာ Casino က သူ့ရဲ့ အားအသာဆုံးအသိနဲ့ခွပ်ပြီူနိုင်သွားပါတယ်။
Casino က လမ်းအတတ် အသိကောင်း နေရာကောင်း ခြေဆိုး
တံမျက်စည်း လမ်းအလွတ်အကျွတ်
နေရာကောင်း ခြေဆိုး
Casino နဲ့တံမျက်စည်းသမီးကထွက်လာတဲ့ ကလေး 5ကောင် အမ 3
အထီး 2 ကောင်ထဲက အထီး 2ကောင်ကအကုန်ဝိုင်းကြီးမှာနေရာရတယ်။နှစ်ကောင်လုံးရှုံးပွဲမရှ်ိ အခုတော့သေသွားပြီ။
ကြက်မ 3ကောင်ထဲမှာ ဒီကြက်မလေးဘဲ ကျန်တယ်အကုန် ကြက်နာနဲ့သေ။
ဒီကြက်မကိုအမျိုးမျိုးစမ်းတယ်
Pakoy နဲ့ဖောက် သားတွေ pakoy လိုဘဲခွပ်တယ် လက်ခံလို့ရတဲ့အနေအထား
ပါတ်ပြေးပါတဲ့ကြက်နဲ့ဖောက် ပါတ်ပြေးထွက်တယ်
အမိုက် နဲ့ဖောက် အမိုက်
လမ်းနဲ့ဖောက်ရင်လမ်းထွက်တယ်။
6နှစ်တာ Breeder ဘဝမှာ ဒီကြက်မလောက်သားထွက်တဲ့ကြက်မတွေ့ဘူးသေးဘူး။
အခြားကြက်မတွေက 5/10သိန်းပေးပြီးဝယ်လို့ရခဲ့ပေမယ့် ဒီကြက်မရဘို့ KTV လိုက်ပို့ ဘီယာလိုက်တိုက်နဲ့ 10သိန်းမကပိုကုန်တယ်။ဒါတောင် Singapore
အ လုပ်သွားလုပ်မှာမို့ရလာတာ။
အခုတော့ Nadi Aya Farm မှာပင်တိုင်သားထိုးကြက်မအဖြစ်သားထိုးထားပါတယ်ခင်ဗျ
ဝယ်တာက 1သိန်း
ရောင်းတာက 5 သိန်း
တိုက်လို့နိုင်တာက 5ပွဲ
အမြင်အတွေ့ မျိုးမသိရိုးမသိဆိုအဲ့လိုမြတ်မှကြက်ဝယ်ရတာတန်တာ
+1
ဒီကြက်လေး မနေ့က 5ပုံးနဲ့ရောင်းလိုက်တယ်။
ပြန်စီချွတ်ဘို့ နောက်ထပ် 2ဖလောက်ထပ်ရိုက်ရဦးမှာ ကို လူရင်းတွေတောင်းဝယ်လို့ရောင်းလိုက်တာ။
မနှစ်က 3 လပိုင်းက ဒီကြက်လေးကို ရွာဝိုင်းမှာရဲရဲဆိုတဲ့ကလေးတစ်ယောက်ဆီက ကြေးစမ်းခိုင်းတာတွေ့လို့ဝယ်ဖြစ်သွားတာ။
ကြေးစမ်း 5သောင်း နိုင်
3.3 သောင်း နိုင်
8.8 သောင်းနိုင်
4.4 သောင်းနိုင်
11 သိန်းနိုင်
11 သိန်း နိုင် ( အကန်းတိုက်)
အဲ့ကြက်ကို ကြက်မ 2 မလောက်သာဖောက်ပြီး ကျန်တဲ့ကြက်မတွေဘာလို့မဖောက်တာလဲဆိုတော့ မျိုးရိုးမသိလို့။
ဒီလိုမျိုးမသိရိုးမသိရင် ဘယ်လောက်နိုင်နိုင် breeding program ထဲထည့်စရာက်ုမလိုတာ။
