Nadi Aya Farm
Ir al canal en Telegram
မျိုးရိုးစစ်မှန်သော တိုက်ကြက်များကိုသာရောင်းချပေးပါသည်။ 09 757 254 269
Mostrar másEl país no está especificadoLa categoría no está especificada
451
Suscriptores
+424 horas
+597 días
+6030 días
Archivo de publicaciones
ဝယ်တာက 1သိန်း
ရောင်းတာက 5 သိန်း
တိုက်လို့နိုင်တာက 5ပွဲ
အမြင်အတွေ့ မျိုးမသိရိုးမသိဆိုအဲ့လိုမြတ်မှကြက်ဝယ်ရတာတန်တာ
+1
ဒီကြက်လေး မနေ့က 5ပုံးနဲ့ရောင်းလိုက်တယ်။
ပြန်စီချွတ်ဘို့ နောက်ထပ် 2ဖလောက်ထပ်ရိုက်ရဦးမှာ ကို လူရင်းတွေတောင်းဝယ်လို့ရောင်းလိုက်တာ။
မနှစ်က 3 လပိုင်းက ဒီကြက်လေးကို ရွာဝိုင်းမှာရဲရဲဆိုတဲ့ကလေးတစ်ယောက်ဆီက ကြေးစမ်းခိုင်းတာတွေ့လို့ဝယ်ဖြစ်သွားတာ။
ကြေးစမ်း 5သောင်း နိုင်
3.3 သောင်း နိုင်
8.8 သောင်းနိုင်
4.4 သောင်းနိုင်
11 သိန်းနိုင်
11 သိန်း နိုင် ( အကန်းတိုက်)
အဲ့ကြက်ကို ကြက်မ 2 မလောက်သာဖောက်ပြီး ကျန်တဲ့ကြက်မတွေဘာလို့မဖောက်တာလဲဆိုတော့ မျိုးရိုးမသိလို့။
ဒီလိုမျိုးမသိရိုးမသိရင် ဘယ်လောက်နိုင်နိုင် breeding program ထဲထည့်စရာက်ုမလိုတာ။
ဒီကြက်လေးတစ်ကောင်ပြန်မျှမယ်။
ကြေးစမ်း 1ဝိုင်းနိုင် မှော်ဘီ
ဝါးတောစု 1.1သိန်း 45 မိနစ်
ဝါးတောစု 2.2 သိန်း 30မိနစ်
ဝါးတောစု 3.3 သိန်း 40မိနစ်
ဘာကောင်းလဲဆိုတာမပြောပြတတ်ဘူးဗျာ။
ဒီတစ်ပါတ်တွင်းရောင်းမရရင်
ရန်ကုန်မြို့မှာရှိတဲ့အကောင်းဆုံးဝိုင်းတွေမှာဆင်းတိုက်မယ်ဗျာ။1-30တန်း
ငုတ်ထွက်တော့နည်းနည်းအတယ်။
ကြက်သက် 10လ ခွဲဝန်းကျင်ပါ။
ဒီတစ်ပါတ်ထဲယူရင် 10သိန်းအတိနဲ့ရမယ်ဗျာ။
မှတ်ချက် -ကြက်ကောင်းတွေအခုခေါတ်မှာကွင်းကြို ကွင်းကြားတောကြို အုံကြားလျောက်ရှာနေစရာမလိုဘူး။စိတ်ချရတဲ့
Farm တွေကနေဝယ်လို့ရနေပြီဆိုတာသိဘို့။
Back up အနေနဲ့ outcrossing လုပ်ဘို့ Breeding Program လေးပါထပ်ဖြည့်ထားလိုက်တယ်။
10 စုနှစ်တစ်ခုစာ စိတ်မပူရတော့ဘူး။
မဂို 33 နဲ့ မင်းသားလေးကို
Line Breeding ကစားထားတယ်။
ဘယ်လိုကြက်အမျိုးအစားတွေထွက်မလဲဆိုတာ တွေးကြည့်ရုံနဲ့သိန်ုင်တယ်။
Breeder တစ်ယောက်အတွက် အရေးအကြီးဆုံးက Breeding Program ချတတ်ဘို့ဘဲ။
Breeding program သေချာချတတ်ရင် 10စုနှစ်တစ်ခုစာအတွက် ကြက်မျိုးတွေကစိတ်ကိုပူစရာမလိုတာ။
မနှစ်က Pro Breeding ကိုငြိမ်းဆီက
ကြက်မ 3ကောင်
ကြက်ဖ 3ကောင်
မျိုးဥ 10 လုံးဝယ်လိုက်တယ်။
နီးစပ်ရာခင်မင်တဲ့ကြက်သမားကြီးတွေက မင်းကစောက်ရူးလို့ပဝိုင်းပြောတာခံခဲ့ရတယ်။
အခုအဲ့ပြောတဲ့သူတွေကဘဲ ကြက်လာပြန်တောင်းဝယ်နေကြလဲ။
ကျွန်တော်ရူးနေတာလား ထူးနေတာလား မသဲကွဲဘူးရယ်။
Selective breeding
Back crossing
Outcrossing
Strain crossing
Inbreeding
Genetic stabilization
Homozygosity
Culling
Prepoterancy
Genetic fixation
Depression
Genetic Concentration
Hybrid vigor
တိုက်ကြက်သားဖောက်ခြင်းအနုပညာ (3)
ဒီနေရာမှာ line breeding ရဲ့ကောင်းကျိုးကိုနဲ့ဆိုးကျိုးကိုသေချာခွဲခြားပြရရင်
ကောင်းကျိုး-ဗီဇတည်ငြိမ်တဲ့အတွက် ထွက်လာတဲ့သားသမီးတွေဟာအရည်အချင်းတွေ ပုံစံတွေတူလာဘို့များပါတယ်။
ဘယ်လိုကြက်ခွပ်မူခွပ်ကွက်ခြေ နှုတ် ငုတ် သွေးသလိပ်တွေမာန တွေထွက်လာမလဲဆိုတာကြိုတင်ခန့်မှန်းလို့ရမယ်။
အဖေတူသားဆိုတာထက်အဖေထက်ပိုတော်တဲ့သားတွေထွက်လာဘို့အခွင့်အလမ်းပိုများမယ်။
Pure bloodlines တွေရဲ့ကောင်မွန်တည်ငြိမ်တဲ့ဗီဇတွေကိုရေရှည်ထိမ်းထားလို့ရမယ်။
Line breed လုပ်လို့ရလာတဲ့တည်ငြိမ်တဲ့ bloodlines တွေက အခြားဖောက်ကြက်တွေနဲ့ဖောက်ရင်တောင်
သားချပေးနိုင်စွမ်းပိုများမယ်။ပိုသားချမယ်။
အားနည်းချက်
Revealing Defects ဆိုတဲ့ဖုံးကွယ်နေတဲ့မျိုးရိုးဗီဇဆိုတွေဖြစ်တဲ့ ခြေထောက်မခိုင်တို့ မျက်စိအမြင်အာရုံအားနညါးတာတို့ ဥနှုန်းကျဆင်းတာ မျိုးအောင်နှုန်းနေတာ ရောဂါဒာဏ်ခံနိုင်ရည် အားနည်းတာတို့ဖြစ်တတ်တယ်။
Line Breeding ကြောင့်ကောင်းတာတွေပိုများသလို ဆိုတာတွေပေါ်လာရင် အဲ့မကောင်ူတဲ့ဗီဇဆိုးတွေကို ပြန်ဖြည့်ဖောက်ဘို့ outcrossing breed / strain cross breeding ခေါ် selective breeding တွေနဲ့သွေးသစ်ဖြည့်ဖောက်ရင်စောက်ရမ်းဂေါ်တဲ့ bloodlines တွေဖြစ်လာမှာကြောင့် 10ကောင်ပေါက် 10ကောင်ကောင်းအောင်ကြက်ဖောက်ဘို့ဆို
Line breeding ကိုမဖြစ်မနေလုပ်ကြဘို့တယ်။
တိုက်ကြက်ကိုအသွေးထဲအသားထဲကချစ်မြတ်နိုးတဲ့ညီကိုတွေအားလုံး ကြက် 10ကောင်ပေါက်10ကောင်ကောင်းနိုင်ကြပါစေဗျာ။
မှတ်ချက် -ထိုင်းမှာနာမည်ကြီးနေတဲ့ Years Junior
နဲ့ Chinese boy ဆိုတဲ့ကြက်ရဲ့ bloodlines ကိုသေချာရှာဖွေကြည့်ရင်ပိုသဘောပေါက်လာပါလိမ့်မယ်။
Nadi Aya Farm
9/2/2026
တိုက်ကြက်သားထိုးခြင်းအနုပညာ (2)
Breeder တစ်ယောက်ရဲ့ အရည်အချင်းဆိုတာ ကိုယ်ဖောက်လိုက်တဲ့ကြက်တွေရဲ့ ရလဒ် အရည်အချင်းတစ်ခုကိုပြသနေပါတယ်။
သင်ဟာ Breeder တစ်ယောက်ဆို line breed နဲ့ outcrossing breed လောက်တော့အနည်းဆုံးသိထားသင့်ပါတယ်။
မြန်မာ့တိုက်ကြက်သားထိုးခြင်းနည်းလမ်းတွေနဲ့သွေဖယ်နေတဲ့ Line Breeding သွေးနှောသားစပ်ခြင်းကိုဖော်ပြပေးပါ့မယ်။ယခုဖော်ပြမည့်အချို့အချက်များသည် ကျွန်တော်ကိုယ်တိုင်လက်ရှိကျင့်သုံးနေသလို အရင်ကလည်းအကြိမ်ကြိမ်လက်တည့်စမ်းထားတဲ့အရာများလည်းရှိသလို စာတွေ့သာသာဘဲသိတဲ့အရာတွေလည်းပါဝင်ပါတယ်။
Line breeding ရဲ့အဓိက ရည်ရွယ်ချက်က မျိုးရိုးတစ်ခုရဲ့ကောင်းမွန်တည်ငြိမ်တဲ့ဗီဇတွေကိုထိမ်းသိမ်း
၍ပိုမိုအားကောင်းအောင်ဆောင်ရွက်ခြင်းဘဲဖြစ်ပါတယ်။
အရင်ဆုံးရှင်းအောင်ပြောရရင်
Line breeding ဆိုတာ
တူရီးခြင်း
မြေးအဘိုးခြင်း
မောင်နှမ တစ်ဝမ်းကွဲခြင်း
အမေတူဖအေကွဲ/ဖအေတူမအေကွဲ
အဲ့လိုသားစပ်တာကိုline breeding လို့ခေါ်တာပါ။
သတိထားရမှာ မောင်နှမချင်းသားစပ်တာက
Inbreeding လို့ခေါ်ပါတယ်။အလွန်နီးစပ်တဲ့သားစပ်ခြင်းပါ။
ဘာကြောင့် line breeding က breeder တစ်ယောက်အတွက်အရေးပါသလဲဆိုရင်
ဥပမာ -ကိုယ့်ကြက်က ခြေ ငုတ် လမ်း ကြက်စိတ်ကြက်သည်း ဖွဲ့စည်းပုံ မျိုးရိူဗီဇတည်ငြိမ်မှု အကုန်
ကောင်းနေပြီဆိုပါစို့ အဲ့ကြက်ဖလိုကြက်တွေ အဲ့ကြက်ဖထက်ကောင်းတဲ့ကြက်တွေထွက်အောင်ဖောက်ခြင်တယ်ဆို သာမန် သားထွက်တဲ့ကြက်မလောက်နဲ့ကပ်ဖောက် အိမ်မှာရှိတဲ့ မိရာထိရာကြက်တွေနဲ့ဖောက်အဲ့လိုမျိုးဖောက်ရင် အဲ့ကြက်ဖခြေရာနင်းနိုင်တဲ့ကြက် ဒါမှမဟုတ်အဲ့ထက်ပိုသာတဲ့ကြက်ထွက်ရန်မလွယ်ကူပါ။များသောအားဖြင့်မထွက်တာများတယ်။
ကျွန်တော်သိသလောက်ဆို ဧရာဝတီတိုင်းက
302/သံတုတ်/သကာသီး/တမလွန်မောင်မောင်တို့အစရှိတဲ့ကြက်တွေနိုင်ငံကျော်လောက်တဲ့ခြေအမျိုးအစား အသိ နှုတ် ငုတ် စိတ် အဆစ်အပေါက် တွေကောင်းပါရဲ့နဲ့ ဘာလို့သူတို့သားသမီးမြေးမြစ် တီတွတ်တွေမထွက်လာရသလဲဆိုတဲ့ရလဒ်ကိုမြင်ယောင်ကြည့်ပါ။
ထို့အတူ ထိုင်းနိုင်ငံက Black Panther/ Mahanakhon/Broken/Ninja/Jimmy white/
Venon အစရှိတဲ့ကြက်တွေကျ ဘာလို့ သား မြေး တီ တွတ် တွေအထိ ပို update ဖြစ်ပိုကောင်းလာတာလဲဆိုတဲ့ အဖြေကို စဉ်းစားရင်သိနိုင်ပါလိမ့်မယ်။
အဓိကအချက်က တိုက်ကြက်ကောင်းတစ်ကောင်ရဲ့
Bloodlines တွေရဲ့ genetic frequency တွေကို ထိန်းသိမ်းပြီးupdate မလုပ်နိုင်တဲ့ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့လေ့လာအားနည်းတဲ့အားနည်း
ချက်တစ်ခုကြောင့်ပါ။
Line breeding ရဲ့နောက်ထပ်အားသာချက်တွေက ကိုယ်ရွေးချယ်ထားတဲ့တိုက်ကြက်ရဲ့ ကောင်းမွန်တဲ့အချက်တွေကို ပိုမိုကောင်းမွန်အောင်သန့်စင်ပေးတာပါ။ဆိုလိုတာက ဒီကြက်က အသိကောင်းတယ် IQ100ဆိုပါစို့ line breed လုပ်ပြီး IQ100လုံးရအောင်
ပြန်ယူလို့မရရင်တောင် IQ90 လောက်ကိုဆက်လက်ထိမ်းသိမ်းပြန်ယူလို့ရပါတယ်။အဲ့ထက်ပိုကောင်းတာက အားနည်းချက်တွေကိုလည်းပိုပေါ်လွင်လာစေပါတယ်။မြင်အောင်ပြောရရင် line breed ဆိုတာ
ရွှေကျင်သလို အမှိုက်နဲ့ရွှေကိုကျင်ရင်းနဲ့သက်သက်ကွဲသွားစေတဲ့သဘောဘဲ မြင်ယောင်ကြည့်ပါ။
Line breed ကြောင့် မကောင်းတဲ့အားနည်းချက်ဗီဇလခဏာတွေကတစ်စုတည်းစုသွားသလို ကောင်းတဲ့အားသာချက်တွေလည်းတစ်စုတည်းစုသွားစေလို့
Pure bloodlines သန့်စင်တဲ့သွေးကိုရရှိမှာပါ။
Strain cross breeding ခေါ် selective breeding လို့ခေါ်တဲ့ မျိုးရင်းတူ မျိုးရိုးကွဲပြားတဲ့ စိတ်ကြိုက်ရွေးချယ်ထားတဲ့ဖောက်ကြက်တစ်စုံဖောက်တဲ့အခါ
အပြင်သွေးအသစ်တွေအမြဲသွင်းနေရတဲ့အတွက်
ကောင်းတဲ့ဗီဇတွေလည်းအားနည်းသွားနိုင်သလို
ပိုလည်းအားကောင်းလာနိုင်လို့ မသေချာတဲ့ရလဒ်တစ်ခုအတွက်အချိန်ကုန်ခံမျှော်လင့်နေမယ့်အစား
သေချာတဲ့ line breed နဲ့ကောင်းတာတစ်စု မကောင်းတာတစ်စု စုလိုက်တာ အဖြစ်သင့်ဆုံးလုပ်သင့်တဲ့အချက်ပါ။
10 ကောင်ပေါက် 10ကောင်ကောင်းတဲ့ Breeder တွေဖြစ်ကြပါစေဗျာ။
Nadi Aya Farm
9/22026
+5
ဒီအတွဲစောက်ရမ်းဂေါ်တာ
အဖလိုင်းက
ဒိုင်မုန်း +မဂို33+sayadoi နောက်ဆုံးသမီး
အမလိုင်းက
Casino+တံမျက်စည်း+ဇင်ယော်
နှစ်ကောင်လုံးမျိုးရိုးက ခွပ်လမ်း ခွပ်ပေါက်တူတယ်
နေရာခွပ်တာခြင်းလည်းတူတယ်
ပေါက်လာတဲ့ကလေးက
လမ်းကိုမှ နေရာတီးမယ်ဆိုတာဗေဒင်မေးစရာကိုမလိုတာ။
ဒီကြက်မက သားတွေက ဘယ်ကြက်ဖနဲ့ဖောက်ဖောက် ကြက်ဖခွပ်မူခွပ်ကွက်အတိုင်းချပေးတယ်။
ဒီအတွဲက ကြက်မလေး 3ကောင်ပြန်မျှမယ် ကြက်ဖ လေးကတော့ 1ကောင်ဘဲပါလို့တိုက်ဘို့ထားမယ်။
1ကောင် 1သိန်း
09757254269လိုအပ်ရင်ဆက်သွယ်ပါ။
မျိုးရိုးမှန်ကန်ရမယ်ဆိုတာရဲရဲအာမခံတယ်။
သားထွက်မထွက်အာမမခံပါ။
