es
Feedback
A poem that is not a poet's poem

A poem that is not a poet's poem

Ir al canal en Telegram

အချစ်ဦးဆိုတာ ကမ္ဘာဦးအစလိုပဲ ပြန်လွမ်းခွင့်ပဲရှိတယ် ပြန်သွားလို့မရဘူး။ - နေကြာဖြူ https://t.me/WhiteSunflowe

Mostrar más
Birmania33 142La categoría no está especificada
314
Suscriptores
+124 horas
-57 días
-1930 días
Archivo de publicaciones
ပင်လုံတိုင်မှာ ခိုနေခဲ့တဲ့ ဓားသွားဟာ စနေနေ့မနက်မိုးနဲ့ စစ်ကြေညာခဲ့တယ်။ အတောင်စုံကာနီးပန်းချီပေါ် အငြိုးတွေမှောက်ကျတဲ့အခါ နှင်
ပင်လုံတိုင်မှာ ခိုနေခဲ့တဲ့ ဓားသွားဟာ စနေနေ့မနက်မိုးနဲ့ စစ်ကြေညာခဲ့တယ်။ အတောင်စုံကာနီးပန်းချီပေါ် အငြိုးတွေမှောက်ကျတဲ့အခါ နှင်းဆီပန်းဟာ နွမ်းတတ်သလား။ ဟင့်အင်း ကိုးပွင့်ခုထိ လန်းနေတုန်း -မြတ်နွယ်

နှစ်လကြာဝေး ၊ မည်မျှဆွေးလည်း မပိုင်ခဲ့သည့် ၊ တစ်ခိုင်နှင်းဆီ မမေ့ စိတ်ထံ ၊ မြှုပ်အပ်နှံ၏။ -မြတ်နွယ်

အတိတ်သမိုင်း လူသေရင်တောင် နာမည်မသေတဲ့ သမိုင်းဟာ... ၁၉ ဇူလိုင်တဲ့လား.... ရာသီစက်ဝန်းဟာ တစ်ပတ်ပြီးတစ်ပတ် တစ်ရက်ပြီးတစ်ရက်နဲ့ အသက်တွေကို ဖက်နဲ့ထုပ်ထားရင်း... ၁၉ ဇူလိုင်ကို ရင်ထဲက မျက်ရည်တွေနဲ့ ကြိုဆိုမိပြန်တယ်။ မေ့မရတဲ့ သမိုင်းဟာ ၁၉ ဇူလိုင်.. မေ့မရတဲ့ အာဇာနည်ဟာ ၉ဦး... ဗိုလ်ချုပ်ကို ရှေ့မှာထားလို့ ကျန် ၈ဦးကို ဂါရဝပြုရင်း အတိတ်သမိုင်းဆီ တစ်ကျော့ လည်ကာငေးလို့ လွမ်းမောရဦးမယ်။ နိုင်ငံရဲ့ သမိုင်းဟာ အတိတ်ရဲ့ သမိုင်း ၇၉နှစ်တိုင် ၁၉ ဇူလိုင်...။ - လိပ်ပြာ

အာဇာနည်နေ့ မပွင့်မီကြွေခဲ့တဲ့ ပန်းတွေက တစ်နိုင်ငံလုံးရဲ့ ရာသီဖြစ်သွားတယ်။ ကျည်သံက တိတ်သွားပေမယ့် အနစ်နာခံသံက မတိတ်ခဲ့ဘူး။ ဇူလိုင်(၁၉)ဟာ ပြက္ခဒိန်ထဲက နေ့တစ်နေ့မဟုတ်၊ ကျွန်တော်တို့ရဲ့ လွတ်လပ်ခြင်းကို အသက်နဲ့ လက်မှတ်ထိုးခဲ့တဲ့နေ့။ -နွေဦး

"အမည်များမညှိုးသောနေ့" -ဗိုလ်ချုပ်အောင်ဆန်း -သခင်မြ -ဦးဘဝင်း -ဦးရာဇတ် -မန်းဘခိုင် -ဒီးဒုတ်ဦးဘချို -ဦးအုန်းမောင် -စဝ်စံထွန်း -ကိုထွေး အချိန်က နှစ်တွေကိုသာ ခေါ်သွားနိုင်ခဲ့တယ်။ ခင်ဗျားတို့ရဲ့ အမည်တွေကိုတော့ မခေါ်သွားနိုင်ခဲ့ဘူး။ ဇူလိုင်မိုးဟာ နှစ်စဉ်ရွာတယ်။ ဒါပေမဲ့ ဒီမြေကတော့ ခင်ဗျားတို့ရဲ့ ခြေလှမ်းသံကို ယနေ့တိုင် ခြောက်သွေ့အောင် မထားခဲ့ဘူး။ ပန်းခွေတစ်ခွေထက် ကျွန်ုပ်တို့ရဲ့ ဦးညွှတ်မှုက ပိုလေးချင်တယ်။ အာဇာနည်ဆိုတာ သမိုင်းထဲက အမည်မဟုတ်ဘူး။ လွတ်လပ်မှုကို အသက်နဲ့ ရေးပြခဲ့တဲ့ ဘယ်တော့မှ မညှိုးတဲ့ မြန်မာနိုင်ငံရဲ့ ပန်းကိုးပွင့်။ -နွေဦး

အိပ်တော့လေ သူပြန်မလာတော့ဘူး။

I love you.... I love you every universe. Crd photo
I love you.... I love you every universe. Crd photo

ချစ်တာခြင်း အတူတူတောင် ကိုယ်က မပိုင်ဆိုင်ရဘူး။ #crd
ချစ်တာခြင်း အတူတူတောင် ကိုယ်က မပိုင်ဆိုင်ရဘူး။ #crd

အနည်းငယ်ပွတ်တိုက်မှုဖြစ်ပွား
အနည်းငယ်ပွတ်တိုက်မှုဖြစ်ပွား

အုံနာရည်းစားထားတော့မှာမို့ စိတ်မကောက်တတ်တဲ့ထဲကပြပေး။

စိတ်မှာ သတ်မှတ်ချက်မရှိဘူး။ မနေ့က ငါလုပ်ခဲ့တာတွေကို ဒီနေ့ တွေးဖြစ်ချင်မှတွေးဖြစ်မယ်။ ဒါပေမဲ့ မင်းကိုတော့ အချိန်တိုင်း တမ်းတမိတာအမှန်ပါ။ -အံ့လွန်းပျို

အနှောင့်အယှက် မဖြစ်စေချင်လို့ "စာကို ဂရုစိုက်နော်" ဆိုတဲ့ စကားတစ်ခွန်းမှာ ကိုယ်ပြောမထွက်တဲ့ လွမ်းခြင်းတွေ ရှိတယ်။ ကိုယ့်အတွက်နဲ့ မင်းရဲ့အိပ်မက်တွေ နှောင့်ယှက်မခံရစေချင်ဘူး။ ဒါကြောင့် ကိုယ် စကားမလာပြောတာက စိတ်ပြောင်းသွားလို့ မဟုတ်ဘူး။ မင်းရဲ့ အချိန်တွေကို ကိုယ့်ကြောင့် မပျောက်ဆုံးစေချင်လို့ မင်းရဲ့ အာရုံတွေကို ကိုယ့်ကြောင့် မလွဲစေချင်လို့။ လွမ်းနေပေမယ့် တိတ်တိတ်လေး နေတတ်ဖို့ ရွေးခဲ့တာ။ တစ်နေ့ မင်းအိပ်မက်တွေ အောင်မြင်သွားတဲ့အချိန်ကျရင် အဲဒီ တိတ်ဆိတ်ခဲ့တဲ့ နေ့တွေက ချစ်လွန်းလို့ နောက်ဆုတ်ပေးခဲ့တဲ့ ကိုယ့်နှလုံးသားရဲ့ သက်သေဖြစ်နေမှာပါ။ -ကျူး

တစ်ဘဝလုံး မတွေ့ဖြစ်တော့ရင်တောင် နောက်ဆုံးအကြိမ် ပြန်လာချင်တဲ့နေ့မှာ ဒီမြို့လေးက ငါ့ကိုယ်စား စောင့်ကြိုနေလိမ့်မယ်။ -နွေဦး
တစ်ဘဝလုံး မတွေ့ဖြစ်တော့ရင်တောင် နောက်ဆုံးအကြိမ် ပြန်လာချင်တဲ့နေ့မှာ ဒီမြို့လေးက ငါ့ကိုယ်စား စောင့်ကြိုနေလိမ့်မယ်။ -နွေဦး

အလွမ်း၌သာ ခြေထောက်ပါလျှင် ခြေရာ ရင်၌ ထင်စေသတည်း။ -မင်းလူ

မင်းအတွက် အပျင်းပြေစကားတွေက ငါ့အတွက်တော့ အနာဂတ်တစ်ခု ဖြစ်ခဲ့ဖူးတယ်။ -ကျူး

အနိုင်ရသွားရင်တောင် တစ်ဖက်က မျက်ရည်ကျနေရင် အဲဒါ အချစ်ရဲ့ အောင်ပွဲမဟုတ်ဘူး။ -ကျူး

အချစ်ဆိုတာ လုယူလို့ ရတဲ့ဆုမဟုတ်ဘူး.. ရွေးချယ်ခံရတဲ့ ကံတရားပဲ။ -ကျူး

အမှတ်တရထဲက အမှတ်ရ ခင်ဗျားအတိတ်ကို ပြန်တွေးမယ်ဆို ကျုပ်နဲ့ အတူရယ်မောခဲ့ရကြောင်းတွေကိုပဲ အမှတ်ရပေးပါ မသက်ထားနွေ။ ကျုပ်တို့ အော်ဟစ်စကားများခဲ့ဖူးကြတဲ့ အတိတ်တွေကိုတော့ ခင်ဗျားမှတ်ဥာဏ်ထဲက skip လိုက်ပေါ့။ ကျုပ်တို့ အသေချာကြီးကို ချစ်ခဲ့ကြတယ်မဟုတ်လား မသက်ထားနွေ ကျုပ်တို့ အတူအမှတ်တရတွေ အဆိုးအကောင်းအကျိုးအကြောင်းတွေ ရင်ဆိုင်ကျော်ဖြတ်ဖူးကြတယ်မဟုတ်လား။ လူတွေမှာ မေ့သွားတယ်ဆိုတာမရှိပါဘူး မသက်ထားနွေ မမှတ်ထားတာနဲ့ မေ့ဖျောက်ထားတာပဲရှိတာပါလို့ အမှန်တရားကို ကျုပ်ဖွင့်ဟရင် ခင်ဗျားရဲ့ မျက်ဝန်းညိုညိုက ကျုပ်ကို မျက်စောင်းထိုးနေဦးမလား။ ကွာတယ်ဗျ... ကွာတယ်... သိပ်ကွာတယ်။ ချစ်တဲ့လူနဲ့ မချစ်တဲ့ လူကွာတယ်။ ကျုပ်မေးပါရစေ မသက်ထားနွေ ကျုပ်ကိုချစ်ခဲ့တာလား ကျုပ်ချစ်တာကိုချစ်ခဲ့တာလား။ ခင်ဗျားဖြေပါ.. အမှန်တိုင်းဖြေပါ.. ကျုပ်မျက်နှာကို တည့်တည့်ကြည့်ဖြေပါ ခင်ဗျားရဲ့ နှုတ်ခမ်းပါးနုနုကထွက်လာမဲ့ စကားလုံးတွေကိုပဲ ကျုပ်မှတ်ယူမှာမလို့ ဖြေပေးပါ မသက်ထားနွေ။ - လိပ်ပြာ

မေ့ဖို့ကြိုးစားတိုင်း ပျောက်သွားတာက နေ့ရက်တွေ။ မပျောက်ခဲ့တာက မင်းရှိခဲ့ဖူးတဲ့ အတိတ်။ -နွေဦး