es
Feedback
A poem that is not a poet's poem

A poem that is not a poet's poem

Ir al canal en Telegram

အချစ်ဦးဆိုတာ ကမ္ဘာဦးအစလိုပဲ ပြန်လွမ်းခွင့်ပဲရှိတယ် ပြန်သွားလို့မရဘူး။ - နေကြာဖြူ https://t.me/WhiteSunflowe

Mostrar más
Birmania33 142La categoría no está especificada
314
Suscriptores
+124 horas
-57 días
-1930 días
Archivo de publicaciones
အမှတ်တရထဲက အမှတ်ရ ခင်ဗျားအတိတ်ကို ပြန်တွေးမယ်ဆို ကျုပ်နဲ့ အတူရယ်မောခဲ့ရကြောင်းတွေကိုပဲ အမှတ်ရပေးပါ မသက်ထားနွေ။ ကျုပ်တို့ အော်ဟစ်စကားများခဲ့ဖူးကြတဲ့ အတိတ်တွေကိုတော့ ခင်ဗျားမှတ်ဥာဏ်ထဲက skip လိုက်ပေါ့။ ကျုပ်တို့ အသေချာကြီးကို ချစ်ခဲ့ကြတယ်မဟုတ်လား မသက်ထားနွေ ကျုပ်တို့ အတူအမှတ်တရတွေ အဆိုးအကောင်းအကျိုးအကြောင်းတွေ ရင်ဆိုင်ကျော်ဖြတ်ဖူးကြတယ်မဟုတ်လား။ လူတွေမှာ မေ့သွားတယ်ဆိုတာမရှိပါဘူး မသက်ထားနွေ မမှတ်ထားတာနဲ့ မေ့ဖျောက်ထားတာပဲရှိတာပါလို့ အမှန်တရားကို ကျုပ်ဖွင့်ဟရင် ခင်ဗျားရဲ့ မျက်ဝန်းညိုညိုက ကျုပ်ကို မျက်စောင်းထိုးနေဦးမလား။ ကွာတယ်ဗျ... ကွာတယ်... သိပ်ကွာတယ်။ ချစ်တဲ့လူနဲ့ မချစ်တဲ့ လူကွာတယ်။ ကျုပ်မေးပါရစေ မသက်ထားနွေ ကျုပ်ကိုချစ်ခဲ့တာလား ကျုပ်ချစ်တာကိုချစ်ခဲ့တာလား။ ခင်ဗျားဖြေပါ.. အမှန်တိုင်းဖြေပါ.. ကျုပ်မျက်နှာကို တည့်တည့်ကြည့်ဖြေပါ ခင်ဗျားရဲ့ နှုတ်ခမ်းပါးနုနုကထွက်လာမဲ့ စကားလုံးတွေကိုပဲ ကျုပ်မှတ်ယူမှာမလို့ ဖြေပေးပါ မသက်ထားနွေ။ - လိပ်ပြာ

မေ့ဖို့ကြိုးစားတိုင်း ပျောက်သွားတာက နေ့ရက်တွေ။ မပျောက်ခဲ့တာက မင်းရှိခဲ့ဖူးတဲ့ အတိတ်။ -နွေဦး

မိးညှိလိုက်တဲ့နောက် ကံကောင်းစွာ ဘဝဟာ ထလောင်တယ်။ -မြတ်နွယ်

အချစ်လား မေတ္တာလား လိုချင်တာပြောပါ။ ခဏတာ ရင်ခုန်မှုမှာ တစ်ဘဝစာ ပုံအပ်ထားပါတယ်။ မင်းယူသွားပါကွယ်။ -အံ့လွန်းပျို

"ယနေ့အတွက်စာ" ၂၀၂၅ ၊ ဒီဇင်ဘာ ၂၉ တွင် ဝဋ်ကြွေးလှလှလေးနဲ့တွေ့ရှိခဲ့ရာ အခုချိန်တွင် နှလုံးသားလေး နာမကျန်းဖြစ်နေပါသည်။

နှလုံးသားတစ်ခုက လူတစ်ယောက်တည်းကို ချစ်မိသွားရင်.. ဓားဆွဲစရာ မလို -ကျူး

ပန်းပွင့်ခဲ့သော အပြိုင်ကမ္ဘာ သို့မဟုတ် မာဏဝီအပိုင်ကမ္ဘာ ‎ ‎မိန်းမောနေတဲ့အဆုတ်ကို ချော့မြှူရင်း ‎ပင့်သက်ကို ထိန်းထားရတဲ့ လမ်းတွေ ‎ ‎ပိတ်ကားလှစ်လို့ မဆုံးခင် လည်ပင်းကို ‎ပွေ့ဖက်လာတဲ့ အဆိပ်နွယ်တွေ ‎ ‎ကိုယ့်ဒေသမှာ ပန်းမပွင့်တာ ‎သဘာဝပါပဲ မာဏဝီရေ။ ‎ ‎လမ်းထိပ်မှာရွာပြီး ကိုယ့်ဘက်မှာ ‎ခေါင်တဲ့ မိုးနဲ့ ဥပေက္ခာသင့်နက္ခတ်ရဲ့ ‎ကြွေကျသွားတဲ့ တိမ်စတွေအကြား ‎ဘုရားတင်ရမယ့် ပန်းတစ်ပွင့်လာဖူးတာဟာ ‎ဗေဒင်ပုဏ္ဏားမဟောထားတဲ့ ကပ်ဆိုက်ခြင်း ‎ပြီးတော့ သဘာဝမဆန်တဲ့ လူသတ်မှု။ ‎ ‎နီကိုတင်းနဲ့ ခေတ်ကိုနောက်ပြန်ဆွဲရင်း ‎ကိုယ့်စိတ်ကိုယ်စားသုံးတဲ့ကောင်က ‎ပန်းဝတ်မှုန် နဲ့ ဘယ်ဓာတ်တည့်ပါ့မလဲ။ ‎ ‎မာဏဝီသတင်းစာခေါင်းစီးမှာ ‎ပန်းခူးလို့သေတဲ့ စိတ္တ‌ဇဝေဒနာရှင်အကြောင်း ‎ပါလာတယ်။ ‎ကိုယ့်ရေဒီယိုလည်းစုတ်ပြီထင်ပါရဲ့။ ‎အဲ့‌သတင်းကိုသာ အထပ်ထပ်ကြေညာတယ်။ ‎ ‎ပန်းတွေပွင့်ကြောင်းကြေညာခဲ့တုန်းက ‎အသံဖမ်းထားတဲ့ တိပ်ခွေလေးနဲ့အတူ ‎မြဲသောကမ္ဘာမှာသာ ကိုယ်နေထိုင်တယ်။ ‎ ‎အနိစ္စတရားတွေဟောကြတဲ့အခါ ‎ကိုယ့်ကမ္ဘာကိုသာ ပြန်ရှာမယ်။ ‎ ‎ဘာပဲဖြစ်ဖြစ်ပေါ့ မာဏဝီရေ ‎ကိုယ့်ကမ္ဘာမှာ ပန်းတွေ ပွင့်ခဲ့တယ် ‎အဆိပ်တွေ ပွင့်နေဆဲ။ ‎ ‎ ‎-မြတ်နွယ် ‎

ခရေပန်းကလေး ကျုပ်အချစ်ဟာ ခရေတွေနဲ့ တူလေတယ် မသက်ထားနွေ ဝေလည်းမွှေး ကြွေလည်းမွှေးဆိုတာကို ခင်ဗျားကြားဖူးတယ်မလား။ ကျုပ်အချစ်ဟာ ခင်ဗျားအတွက်တော့ ပိုင်ဆိုင်ရလည်းဖြစ်ပါတယ် အဝေးကပဲ ငေးဆိုလည်း ဖြစ်ပါတယ်။ ဒါကြောင့် ခရေတွေနဲ့ တူတယ်လို့ ပြောတာပေါ့ သူ့ဘာသာအပင်ပေါ်ရှိနေတဲ့ ခရေကို အဝေးကငေးကြည့်လည်း မွှေးသလို ခူးယူလိုက်လည်း မွှေးပါတယ် မသက်ထားနွေ။ အကယ်၍ ညှိုးနွမ်းသွားရင်တောင် တယုတယသိမ်းထားပေးမဲ့ လူရှိရင် ခရေတွေဟာ တစ်ဘဝစာသိမ်းထားလို့ ရပါတယ်။ ခင်ဗျားမလိုချင်တော့ရင်တော့ ပစ်လိုက်ပေါ့ မသက်ထားနွေရယ်။ ကျုပ်ကခင်ဗျားလက်ခုပ်ထဲကရေမလို့ လိုသလိုအသုံးချနိုင်ပါတယ်... ကြိုက်သလိုပြုမူနိုင်ပါတယ်။ ခင်ဗျားစိတ်ကလေး ရွှင်လန်းနေဖို့ကသာ ကျုပ်အတွက်အရေးကြီးပါတယ်။ ကျုပ်ကခင်ဗျားအတွက် ဒီလောက်ထိကိုတွေးပေးနိုင်သူပါလို့ ခင်ဗျားရှေ့ဝံ့ကြွားပြရင် ကျုပ်ကိုမယုံသလိုကြည့်မြဲကြည့်နေလေဥိီးမလား။ ခင်ဗျားရယ် တစ်ခါတလေတော့ကျုပ်လဲ ခင်ဗျားအချစ်ဦးလိုခင်ဗျားသိပ်ချစ်ခဲ့တဲ့ ဘဝမျိုးရောက်ချင်တာပေါ့။ အတိတ်ဟာ အတိတ်ပါပဲဆိုပြီး အိပ်ရာထဲက မထသေးတဲ့ကောင်တွေထဲ ကျုပ်မပါဘူး။ အတိတ်ကို အနာဂါတ်ထိ သယ်ဆောင်လာတဲ့ ကောင်တွေထဲတော့ ကျုပ်ဟာနံပါတ်တစ် အဲ့ဒီအတိတ်ထဲ ဘယ်သူပါသလဲမေးရင်တော့ ခင်ဗျားဟာ နံပါတ်တစ်ပေါ့ မသက်ထားနွေ။ - လိပ်ပြာ

လျစ်လျူရှုစွာ လွှတ်ချခံခဲ့ပါတယ်။ သို့သော် ငါထွက်မသွားပါ။ စိတ်လှုပ်ရှားစွာ စောင့်နေခဲ့ပါတယ်။ သို့သော် သူပြန်မလာပါ။ -အံ့လွန်းပျို

သူ့ရဲ့ နမော်နမဲ့အမှားမှာ ကိုယ်ဟာ ခနော်ခနဲ့ ကျိုးပဲ့‌သွား။ -မြတ်နွယ်
သူ့ရဲ့ နမော်နမဲ့အမှားမှာ ကိုယ်ဟာ ခနော်ခနဲ့ ကျိုးပဲ့‌သွား။ -မြတ်နွယ်

Old but 1400
Old but 1400

သားပြောတာမဟုတ်ဘူးနော် သူပြောတာ သားကစိတ်ထဲမှာပဲထားတာ။
သားပြောတာမဟုတ်ဘူးနော် သူပြောတာ သားကစိတ်ထဲမှာပဲထားတာ။

မင်းမုန်းသွားကတည်းက ပြက္ခဒိန်ဟာ ပြဿဒါးမှာပဲ လည်နေတယ်။ -မြတ်နွယ်

မသက်ထားနွေအား လွမ်းခြင်း ကံ့ကော်တွေဖူးလို့ အချစ်ဦးကိုရူးရတဲ့ ရာသီတောင် တစ်ပတ်ပြန်လည်လို့လာခဲ့ပြီ မသက်ထားနွေ။ အရင်လိုဒိုးလုံးသီးချင်းတွေ ခင်ဗျားနားထောင်တုန်းပဲလား။ ဒီရာသီရောက်ရင်ရော ခင်ဗျားအရင်လိုဒီမြို့ကလေးစီ တစ်ခါပြန်လာကြည့်ဖြစ်သေးရဲ့လား။ ကျုပ်တို့လက်တွေမတွဲထားတော့ကတည်းက ခင်ဗျားမရှိတော့တဲ့ ဒီမြို့လေးကလည်း ပန်းတွေနွမ်းလို့ ရွက်ဝါတွေ မလန်းတော့တာ ကြာပါပြီ မသက်ထားနွေ။ နွေမှာမြစ်ရေခမ်းသလို ကျုပ်နှလုံးသားက မျက်ရည်တွေလည်း ခမ်းခြောက်လုနီးပါးဖြစ်ခဲ့ ရပါပြီ တကယ်ပဲ ခင်ဗျားမျက်ကွယ်ပြုရက်ပြီလား။ ခင်ဗျားသိပ်ချစ်ပါတယ်ဆိုတဲ့ ကျုပ်ကို ပိတောက်ခြောက်တွေကြား ထားခဲ့လို့နောက်ကမ္ဘာအသစ်တွေ့နေပြီလား။ မသက်ထားနွေဖြေပါ ကျုပ်ကိုချစ်ခဲ့ရဲ့လားဆိုတာ မသက်ထားနွေဖြေပေးပါ။ ကံ့ကော်ဦးတွေ သိမ်းထားတုန်းဆိုတာကရော အလိမ်အညာစကားတွေပဲလား မသက်ထားနွေ။ ခင်ဗျားရဲ့ ဆေးရောင်စုံနှုတ်ခမ်းပါးက အလိမ်အညာစကားဖြစ်ဖြစ် မေတ္တာစကားဖြစ်ဖြစ်လာပြောလှည့်ပါဦး။ ကျုပ်တို့ဝေးသွားပြီးကတည်းက မျက်ဝန်းညိုတွေဆံနွယ်ရှည်တွေကို မတွေ့ရတော့တာ ၁၀နှစ်ရှိခဲ့လေပြီ။ အချစ်တွေမစစ်ခဲ့လို့လား... အချိန်တွေမှားခဲ့လို့လား... နေရာတွေမှားခဲ့တာလား... ခင်ဗျားဖြေပါ မသက်ထားနွေ... ခင်ဗျားဖြေလှည့်ပါ ပြောလှည့်ပါ။ မျက်ဝန်းညိုညိုကနေ ကျွန်တော့်အတွက် အမုန်းမျက်စောင်းတွေမိုးလှည့်ပါ။ ခက်တယ်... မသက်ထားနွေရဲ့ သိပ်ကိုခက်တယ်။ ခင်ဗျားမရှိရင် မရှင်သန်နိုင်တဲ့ ကျုပ်အဖို့တော့ သိပ်ခက်တယ်ဗျ။ ခင်ဗျားကတော့ ကျုပ်ကိုလွယ်လွယ်လေးကစားပြီး လွယ်လွယ်လေးပဲ ထားသွားရက်ပါတယ်။ ခင်ဗျားကို ချစ်ကြောင်းတာပြောရင် အတိတ်အကြောင်းတွေပြန်တွေးရင်း ဒီတစ်ညတော့ညဥ့်နက်လေဦးမယ်ထင်ရဲ့ မသက်ထားနွေရယ်။ - လိပ်ပြာ

''ကန့်သတ်မှု'' ငါတို့ကြားက''ကန့်သတ်မှု''ဟာ ''သူစိမ်း''ဆိုတဲ့စည်းကမ်းချက်နဲ့ ပိတ်ဆို့သွားခဲ့ပြီ။
-ကျော်ကြီး(ကျော်ရိပ်ညို)

အားလုံးကိုနှုတ်ဆက်ခဲ့ပါတယ် အစစအရာရာဂရုစိုက်ပါ ကျွန်တော်အိပ်ပါတော့မယ်။

နည်းပြတွေကဝင်မကစားဘူး