A poem that is not a poet's poem
Ir al canal en Telegram
အချစ်ဦးဆိုတာ ကမ္ဘာဦးအစလိုပဲ ပြန်လွမ်းခွင့်ပဲရှိတယ် ပြန်သွားလို့မရဘူး။ - နေကြာဖြူ https://t.me/WhiteSunflowe
Mostrar másBirmania33 215La categoría no está especificada
315
Suscriptores
-124 horas
-67 días
-2230 días
Archivo de publicaciones
လူဘယ်လောက်ဘေးမှာရှိရှိ
ကမ္ဘာကြီးဟာ ကိုယ့်နည်းကိုယ်ဟန်နဲ့
အေးစက်နေတယ်။
ဖြစ်နိုင်ရင်
တစ်ယောက်ထဲ မနေခဲ့ပါနဲ့
တစ်ယောက်ထဲ မထားခဲ့ပါနဲ့။
- ဆပ်ရိပ်
ဈေးကွက်စီးပွားရေးစနစ်အရဆိုရင်
အခုခေတ်က
လယ်တစ်ကွက်ရတာအသာထား
ဓာတ်မြေဩဇာဖိုးကတောင်
လယ်တစ်ကွက်ထက်ဈေးပိုများတယ်။
လယ်တစ်ကွက်မှာသီးနှံဖြစ်ထွန်းဖို့
အပြောအဆိုခံနိုင်အုံးမှ။
-နေကြာဖြူ
ချစ်သော.....ဟင်နရီ
ချစ်ကံမကောင်းလို့
မင်းရွေးချယ်လိုက်တဲ့သူဆီမှာ
အချစ်မခံရတဲ့အခါမငိုပါနဲ့
ဒီကကောင်အသက်ရှိပါသေးတယ်။
ရုပ်မမြင်အသံမကြားရလဲ
ဒီက မရရတဲ့နည်းနဲ့
လွမ်းတတ်ပါတယ်။
ချစ်သော...... ဟင်နရီရေ။
-နေကြာဖြူ
အချစ်ခံရဖို့ ချစ်တာမဟုတ်ပေမဲ့
အပြစ်ခံရဖို့လို့လဲ မရည်ရွယ်ပါဘူး။
ရခဲ့တာကတော့
ဥပေက္ခာတွေချည်း...။
-အံ့လွန်းပျို
မောင်
(၁)
ဒုက္ခ ဒုက္ခ တဲ့
မွေးဖွားခြင်းဇာတိကနေ ဒုက္ခစပါတယ်။
ဇာတိပစ္စယာ ဇရာ မရဏ သောက ပဋိဒေဝ
ဒုက္ခ ဒေါမနဿတဲ့။
ဒုက္ခရှိတဲ့ လူတွေချင်းအတူတူ မောင့်လို
ဒုက္ခလေးကို ခလုတ်တိုက်မိတာ
ကျွန်မရဲ့ သုခပါပဲ။
-မြတ်နွယ်
ရှိအုန်းမှာပါလေ
ရှားလော့ခ်ဟုမ်း တောင်မမြင်နိုင်ခဲ့တဲ့
တို့စိတ်ချင်း နီးစပ်ခဲ့ကြောင်း
သက်သေအထောက်အထားတွေ
-မြတ်နွယ်
အသက်ရှင်ပါ
မနက်မင်္ဂလာလို့နှုတ်ဆက်ဖို့
အမှောင်ကျလည်း
ဦးနှောက်ထဲမှာလင်းနေပါစေ
အဆက်အသွယ်မရလည်း
နှလုံးသားထဲမှာနွေးနေပါစေ
ပြန်ဆုံမည့်ရက်
အရုဏ်တက်ကို
အသက်ဆွဲဆန့်ကြိုနိုင်ကြပါစေ
မောင်စိန်ဝင်း (ပုတီးကုန်း)
ကိုကို
(၁)
ကိုယ့်နဖူးကိုဖွင့်မယ့်သေနတ်ကိုကိုယ်တိုင်ထွင်ခဲ့သလို
ကိုကို့ကို ကျွန်မချစ်ခဲ့တယ်။
တစ်မိုင်၊နှစ်မိုင်၊သုံးမိုင် . .
ကိုကို့ကို ချစ်တဲ့စိတ်ကနေဝေးအောင်
ဘယ်လောက်ဆက်လျှောက်ရမလဲ။
ဆူးပဲတားတား၊လှံပဲထောင်ထောင်
သုံးမိုင်နောက်ပြန်လျှောက်ခဲ့မယ်။
(၂)
အနုလုံ၊ပဋိလုံ စေ့ငုံဆင်ခြင်ကြည့်ရင်
ကျွန်မအချစ်ဟာ ရှက်စရာပါ။
ဂျိမ်းစ်အယ်လန်ပြောတဲ့
"ရှာသောသူသည်တွေ့၏၊
တံခါးခေါက်သူအတွက်လည်း
တံခါးသည် ပွင့်၏။"ဆိုတာ
ကျွန်မအတွက်တော့ မပါပါ။
အလွမ်းတွေတပွေ့တပိုက်၊
ပန်းတွေတပွေ့တပိုက် နဲ့
ကျွန်မ စောင့်ခဲ့ပါတယ် ကိုကို။
ကိုကို ပေါ်မလာပါ။
တံခါးခေါက်ခဲ့ပါတယ်။
ကိုကို ဖွင့်မပေးပါ။
(၃)
မိန်းမဣဒ္နြေမဲ့တယ်လို့ သိက္ခာရှင်ကိုကိုက
ပြောလေမလား။
ချစ်လို့မှားမိတဲ့အမှားပါ ကိုကို။
မှင်နီဝိုင်းဖို့ပဲ စောင့်မနေပါနဲ့
ကိုကိုဆရာကြီးရာ။
နှလုံးသားနည်းနည်း ရှိပါ ကိုကိုရာ။
ကျွန်မကိုချည်း အပြစ်မတင်နေနဲ့အုန်း ကိုကို
အစေ့မရှိဘဲ အပင်မပေါက်တဲ့။
ကိုကိုမပြုံးခဲ့ပဲ ကျွန်မ ချစ်တတ်စရာမရှိပါ။
(၄)
မီးခြစ်ဟာ ဖယောင်းတိုင်ကို မေ့မယ်
ဖယောင်းတိုင်ကတော့ မီးခြစ်ကိုမမေ့ဘူး ကိုကို။
သာသနာနဲ့ဝေးပါတယ်။
အသာအယာနဲ့လှမ်းပါတယ်။
ကိုကိုနဲ့တော့ မဝေးနိုင်
အကာလ မရဏဘေးမှ အထိုက်မခံနိုင်ပဲ။
ကျွန်မ အဘိဓာန်က စကားလုံးသောင်းချီမဖွဲ့ဘူး။
ကိုကို ဆိုတဲ့ စကားလုံးတစ်ခုတည်းနဲ့ ဖွဲ့တာ။
(၅)
ကိုကိုက တည်တည်ခန့်ခန့်ကြီး
လျှောက်လှမ်းသွားတဲ့အခါ
ခြေနင်းရာအောက်က ကြေမွနေတဲ့
စိန်ပန်းလွှာတွေအသံတိတ်ငိုကြွေးကြတယ်။
ဘာတဲ့ . .
ကိုကို ပြန်မချစ်လို့ပါတဲ့။
ဒုက္ခပဲ ၊ ဒုက္ခပဲ ။
ကိုကိုဟာ ကျွန်မရဲ့ ဂုဏ်သရေရှိဒုက္ခပဲ။
ဣတ္ထိယမို့ ဘုရားဆုမပန်ထိုက်ပါ။
ကိုကို့ရှပ်ကော်လံလေးဖြစ်ဖို့ ဆုပန်ရင်ရော
သေချာတယ် ကိုကိုတော့စိတ်ဆိုးမှာ။
(၆)
ကိုကိုက ပြောတယ်
"မင်းကရှပ်ပြာရှပ်ပြာနဲ့"တဲ့။
ရှပ်ပြာရှပ်ပြာပျံဝဲလို့ ကိုကို့နှလုံးသားကို
တိုက်မိတဲ့ လိပ်ပြာတစ်ကောင်ရယ်ပါ။
ကိုကိုကဦးနှောက်ရှသလောက်
နှလုံးသားမလှလိုက်တာ။
ကိုကို့ဦးနှောက်ကို မုန်းလိုက်တာ။
အင်းပေါ့လေ
လျှံတက်သမျှ အချစ်တွေ၊အလွမ်းတွေ။
ကျန်တတ်သမျှ ဆိပ်တွေ၊ကမ်းတွေ။
(၇)
မချစ်ဘူးတဲ့လား ကိုကိုရာ။
တိမ်ခတန်ဆောင် ဖုံးတောင်မှောင်
ကုန်းဘောင်ပြည် နေ မထိတော့ပါ။
ကျွန်မရင်ထဲက ကုန်းဘောင်ပြည်ကြီးပါလေ။
စေတိသိက်ဥယျာဉ်ထဲ ကိုကို့အကြောင်း
အတွေးတွေကို ပေါင်းသင်နေ
နာမ်ဝိဉာဉ်ကို မနိုင်တော့ကာ
ဟော ခက်တာပဲ
ပေါင်းသင်နေပါလျက်နဲ့
ပေါင်းပင်တွေကြား ကိုကိုက
လာပြုံးပြပြန်ပြီ။
ကိုကိုပြုံးပြတဲ့ တဒင်္ဂဟာ
ကျွန်မရဲ့ မူပိုင် တစ်သံသရာ
ခက်တယ် ခက်တယ်
နောက် တသက်လုံးခက်ချင်တယ်။
(၈)
"ကိုကိုသာသနံ စိရံ တိဠတု" လို့
မဆိုတော့ပါ။
ကိုကိုက ဒိဠိလေးလို့ဆူတော့မှာ။
ဗဟိဒ္ဓလောကတွေ၊
အဇ္ဈတ္တ သဏ္ဍာန်တွေ ဘေးဖယ်ကွာ။
ကိုကိုသာ ကျွန်မရဲ့ဒိဠလောကပါ။
ဗုဒ္ဓက ပရိနိဗ္ဗာန်မစံခင်ဟောတယ်ကိုကို။
"ဒီလောကမှာ ဖြစ်သမျှ အရာအားလုံး
ပျက်လိမ့်မယ်"တဲ့
အရိမေတ္တေယျဘုရား ပရိနိဗ္ဗာန်မစံသေးဘူး
မလား ကိုကို။
မပျက်ခင်ဖြစ်ဖို့တော့လိုပါသေးတယ် ကိုကိုရာ။
ပြောချင်တာကိုသဘောပေါက်ပါ။
ဘုရားမပွင့်ခင်အမီ ကိုကိုပြန်ချစ်လှည့်ပါ။
-မြတ်နွယ်
ဘောကိုမွေးနေ့အမှတ်တရ မူးရင်လဲအိပ်လိုက်တော့
ပြန်မလာမှာသိသိရက်နဲ့အရမ်းတွေသောက်မနေနဲ့။
ကံအကြွေးခံလို့
ဝဋ်ကြီးတယ်လို့မှတ်လိုက်ပါမယ်
ကုသိုလ်ကောင်းမှုလုပ်တိုင်း
မင်းအတွက်ပဲခေါင်းခံခဲ့မိလို့ထင်တယ်
တနင်္လာထောင့်က ဘုရားငယ်လဲ
ရေ ထိပါများလို့ အလင်းပြန်နေပြီ
ပူဇော်ခဲ့တဲ့ဆီမီးတွေလဲ
တောင်လိုပုံခဲ့ပြီ။
ဝဋ်ဆိုရင်တောင်
မင်းကိုတော့အရင်ကျွတ်ချင်တယ်။
- နေကြာဖြူ
မင်းရဲ့ မလိုအပ်လို့
စွန့်ပစ်လိုက်တဲ့အရာတွေထဲမှာ
ကိုယ်က မတော်တဆပါသွားခဲ့တာမလား
ဒါမှမဟုတ်....
တမင်ရည်ရွယ်ခဲ့တာလား
ရွေးချယ်ဖို့မဟုတ်ပဲ
လွှတ်ချခဲ့ဖို့ကို။
- နေကြာဖြူ
ဆူညံပွက်လောရိုက်နေတဲ့ လူတွေကြားမှာ
ဘာသောက်စကားမှ
ထမပြောနိုင်အောင် သတိရတယ်။
-ရိပ်ငြိမ်
မရှိမဖြစ် ဆိုတာမျိုး
တကယ်ရှိခဲ့တယ် အသက်။
မင်းမရှိလို့ မဖြစ်တာမဟုတ်ဘဲ
မင်းရှိမှဖြစ်မယ့် အခိုက်အတန့်မျိုး
ငါ့ဘဝမှာလဲ ရှိခဲ့တယ်။
-အံ့လွန်းပျို
မဖြစ်နိုင်တာ သိပေမဲ့
ဖြစ်လို့ရမယ်ဆိုရင်လေ
ကိုယ်က မင်းအတွက်
အိမ်လေးဖြစ်ပေးချင်တယ်။
အနွေးဓာတ်လေးအပြည့်ပေးပြီး
ချစ်ခြင်းမေတ္တာတွေအပြည့်နဲ့ပဲ
ကိုယ့်အသက်လေးကို နွေးထွေး
စေချင်ပါတယ်။
အကယ်၍
မနက်ဖြန်တွေမှာ
ဆုတောင်းခွင့်ရမယ်ဆိုရင်
မင်းခိုနားမဲ့ အိမ်လေးဟာ
ကိုယ်ဖြစ်ပါစေလို့ပဲ
ဆုတောင်းမိမယ်ထင်ပါရဲ့။
- လိပ်ပြာ
သူချစ်တာ ကိုယ်ဆိုတာ
ဟုတ်ပါပြီ
သူချစ်တာ ကိုယ်ရောဟုတ်ရဲ့လား။
- နေကြာဖြူ
