ch
Feedback
A poem that is not a poet's poem

A poem that is not a poet's poem

前往频道在 Telegram

အချစ်ဦးဆိုတာ ကမ္ဘာဦးအစလိုပဲ ပြန်လွမ်းခွင့်ပဲရှိတယ် ပြန်သွားလို့မရဘူး။ - နေကြာဖြူ https://t.me/WhiteSunflowe

显示更多
缅甸33 215未指定类别
315
订阅者
-124 小时
-67 天
-2230 天
帖子存档
လူဘယ်လောက်ဘေးမှာရှိရှိ ကမ္ဘာကြီးဟာ ကိုယ့်နည်းကိုယ်ဟန်နဲ့ အေးစက်နေတယ်။ ဖြစ်နိုင်ရင် တစ်ယောက်ထဲ မနေခဲ့ပါနဲ့ တစ်ယောက်ထဲ မထားခဲ့ပါနဲ့။ - ဆပ်ရိပ်

ဈေးကွက်စီးပွားရေးစနစ်အရဆိုရင် အခုခေတ်က လယ်တစ်ကွက်ရတာအသာထား ဓာတ်မြေဩဇာဖိုးကတောင် လယ်တစ်ကွက်ထက်ဈေးပိုများတယ်။ လယ်တစ်ကွက်မှာသီးနှံဖြစ်ထွန်းဖို့ အပြောအဆိုခံနိုင်အုံးမှ။ -နေကြာဖြူ

ချစ်သော.....ဟင်နရီ ချစ်ကံမကောင်းလို့ မင်းရွေးချယ်လိုက်တဲ့သူဆီမှာ အချစ်မခံရတဲ့အခါမငိုပါနဲ့ ဒီကကောင်အသက်ရှိပါသေးတယ်။ ရုပ်မမြင်အသံမကြားရလဲ ဒီက မရရတဲ့နည်းနဲ့ လွမ်းတတ်ပါတယ်။ ချစ်သော...... ဟင်နရီရေ။ -နေကြာဖြူ

အချစ်ခံရဖို့ ချစ်တာမဟုတ်ပေမဲ့ အပြစ်ခံရဖို့လို့လဲ မရည်ရွယ်ပါဘူး။ ရခဲ့တာကတော့ ဥပေက္ခာတွေချည်း...။ -အံ့လွန်းပျို

မောင် ‎(၁) ‎ ‎ဒုက္ခ ဒုက္ခ တဲ့ ‎မွေးဖွားခြင်းဇာတိကနေ ဒုက္ခစပါတယ်။ ‎ဇာတိပစ္စယာ ဇရာ မရဏ သောက ပဋိဒေဝ ‎ဒုက္ခ ဒေါမနဿတဲ့။ ‎ဒုက္ခရှိတဲ့ လူတွေချင်းအတူတူ မောင့်လို ‎ဒုက္ခလေးကို ခလုတ်တိုက်မိတာ ‎ကျွန်မရဲ့ သုခပါပဲ။ ‎ ‎ ‎-မြတ်နွယ် ‎

ရှိအုန်းမှာပါလေ ရှားလော့ခ်ဟုမ်း တောင်မမြင်နိုင်ခဲ့တဲ့ တို့စိတ်ချင်း နီးစပ်ခဲ့ကြောင်း သက်သေအထောက်အထားတွေ -မြတ်နွယ်

အသက်ရှင်ပါ မနက်မင်္ဂလာလို့နှုတ်ဆက်ဖို့ အမှောင်ကျလည်း ဦးနှောက်ထဲမှာလင်းနေပါစေ အဆက်အသွယ်မရလည်း နှလုံးသားထဲမှာနွေးနေပါစေ ပြန်ဆုံမည့်ရက် အရုဏ်တက်ကို အသက်ဆွဲဆန့်ကြိုနိုင်ကြပါစေ မောင်စိန်ဝင်း (ပုတီးကုန်း)

ကိုကို (၁) ‎ ကိုယ့်နဖူးကိုဖွင့်မယ့်သေနတ်ကိုကိုယ်တိုင်ထွင်ခဲ့သလို ‎ကိုကို့ကို ကျွန်မချစ်ခဲ့တယ်။ ‎တစ်မိုင်၊နှစ်မိုင်၊သုံးမိုင် . . ‎ကိုကို့ကို ချစ်တဲ့စိတ်ကနေဝေးအောင် ‎ဘယ်လောက်ဆက်လျှောက်ရမလဲ။ ‎ဆူးပဲတားတား၊လှံပဲထောင်ထောင် ‎သုံးမိုင်နောက်ပြန်လျှောက်ခဲ့မယ်။ ‎ ‎ ‎(၂) ‎ ‎အနုလုံ၊ပဋိလုံ စေ့ငုံဆင်ခြင်ကြည့်ရင် ‎ကျွန်မအချစ်ဟာ ရှက်စရာပါ။ ‎ဂျိမ်းစ်အယ်လန်ပြောတဲ့ ‎"ရှာသောသူသည်တွေ့၏၊ ‎တံခါးခေါက်သူအတွက်လည်း ‎တံခါးသည် ပွင့်၏။"ဆိုတာ ‎ကျွန်မအတွက်တော့ မပါပါ။ ‎အလွမ်းတွေတပွေ့တပိုက်၊ ‎ပန်းတွေတပွေ့တပိုက် နဲ့ ‎ကျွန်မ စောင့်ခဲ့ပါတယ် ကိုကို။ ‎ကိုကို ပေါ်မလာပါ။ ‎တံ‌ခါးခေါက်ခဲ့ပါတယ်။ ‎ကိုကို ဖွင့်မပေးပါ။ ‎ ‎ ‎(၃) ‎ ‎မိန်းမဣဒ္နြေမဲ့တယ်လို့ သိက္ခာရှင်ကိုကိုက ‎ပြောလေမလား။ ‎ချစ်လို့မှားမိတဲ့အမှားပါ ကိုကို။ ‎မှင်နီဝိုင်းဖို့ပဲ စောင့်မနေပါနဲ့ ကိုကိုဆရာကြီးရာ။ ‎နှလုံးသားနည်းနည်း‌ ရှိပါ ကိုကိုရာ။ ‎ကျွန်မကိုချည်း အပြစ်မတင်နေနဲ့အုန်း ကိုကို ‎အစေ့မရှိဘဲ အပင်မပေါက်တဲ့။ ‎ကိုကိုမပြုံးခဲ့ပဲ ကျွန်မ ချစ်တတ်စရာမရှိပါ။ ‎ ‎ ‎(၄) ‎ ‎မီးခြစ်ဟာ ဖယောင်းတိုင်ကို မေ့မယ် ‎ဖယောင်းတိုင်ကတော့ မီးခြစ်ကို‌မမေ့ဘူး ကိုကို။ ‎သာသနာနဲ့ဝေးပါတယ်။ ‎အသာအယာနဲ့လှမ်းပါတယ်။ ‎ကိုကိုနဲ့တော့ မဝေးနိုင် ‎အကာလ မရဏဘေးမှ အထိုက်မခံနိုင်ပဲ။ ‎ကျွန်မ အဘိဓာန်က စကားလုံးသောင်းချီမဖွဲ့ဘူး။ ‎ကိုကို ဆိုတဲ့ စကားလုံးတစ်ခုတည်းနဲ့ ဖွဲ့တာ။ ‎ ‎ ‎(၅) ‎ ‎ကိုကိုက တည်တည်ခန့်ခန့်ကြီး ‎လျှောက်လှမ်းသွားတဲ့အခါ ‎ခြေနင်းရာအောက်က ကြေမွနေတဲ့ ‎စိန်ပန်းလွှာတွေအသံတိတ်ငိုကြွေးကြတယ်။ ‎ဘာတဲ့ . . ‎ကိုကို ပြန်မချစ်လို့ပါတဲ့။ ‎ဒုက္ခပဲ ၊ ဒုက္ခပဲ ။ ‎ကိုကိုဟာ ကျွန်မရဲ့ ဂုဏ်သရေရှိဒုက္ခပဲ။ ‎ဣတ္ထိယမို့ ဘုရားဆုမပန်ထိုက်ပါ။ ‎ကိုကို့ရှပ်ကော်လံလေးဖြစ်ဖို့ ဆုပန်ရင်ရော ‎သေချာတယ် ကိုကိုတော့စိတ်ဆိုးမှာ။ ‎ ‎(၆) ‎ ‎ကိုကိုက ပြောတယ် ‎"မင်းကရှပ်ပြာရှပ်ပြာနဲ့"တဲ့။ ‎ရှပ်ပြာရှပ်ပြာပျံဝဲလို့ ကိုကို့နှလုံးသားကို ‎တိုက်မိတဲ့ လိပ်ပြာတစ်ကောင်ရယ်ပါ။ ‎ကိုကိုကဦးနှောက်ရှသလောက် ‎နှလုံးသားမလှလိုက်တာ။ ‎ကိုကို့ဦးနှောက်ကို မုန်းလိုက်တာ။ ‎အင်းပေါ့လေ ‎လျှံတက်သမျှ အချစ်တွေ၊အလွမ်းတွေ။ ‎ကျန်တတ်သမျှ ဆိပ်တွေ၊ကမ်းတွေ။ ‎ ‎ ‎(၇) ‎ ‎မချစ်ဘူးတဲ့လား ကိုကိုရာ။ ‎တိမ်ခတန်ဆောင် ဖုံးတောင်မှောင် ‎ကုန်းဘောင်ပြည် နေ မထိတော့ပါ။ ‎ကျွန်မရင်ထဲက ကုန်းဘောင်ပြည်ကြီးပါလေ။ ‎စေတိသိက်ဥယျာဉ်ထဲ ကိုကို့အကြောင်း ‎အတွေးတွေကို ပေါင်းသင်နေ ‎နာမ်ဝိဉာဉ်ကို မနိုင်တော့ကာ ‎ဟော ခက်တာပဲ ‎ပေါင်းသင်နေပါလျက်နဲ့ ‎ပေါင်းပင်တွေကြား ကိုကိုက ‎လာပြုံးပြပြန်ပြီ။ ကိုကိုပြုံးပြတဲ့ တဒင်္ဂဟာ ကျွန်မရဲ့ မူပိုင် တစ်သံသရာ ‎ခက်တယ် ခက်တယ် ‎နောက် တသက်လုံးခက်ချင်တယ်။ ‎ ‎ ‎(၈) ‎ ‎"ကိုကိုသာသနံ စိရံ တိဠတု" လို့ ‎မဆိုတော့ပါ။ ‎ကိုကိုက ဒိဠိလေးလို့ဆူတော့မှာ။ ‎ဗဟိဒ္ဓလောကတွေ၊ ‎အဇ္ဈတ္တ သဏ္ဍာန်တွေ ဘေးဖယ်ကွာ။ ‎ကိုကိုသာ ကျွန်မရဲ့ဒိဠလောကပါ။ ‎ဗုဒ္ဓက ပရိနိဗ္ဗာန်မစံခင်ဟောတယ်ကိုကို။ ‎"ဒီလောကမှာ ဖြစ်သမျှ အရာအားလုံး ‎ပျက်လိမ့်မယ်"တဲ့ ‎အရိမေတ္တေယျဘုရား ပရိနိဗ္ဗာန်မစံသေးဘူး ‎မလား ကိုကို။ ‎မပျက်ခင်ဖြစ်ဖို့တော့လိုပါသေးတယ် ကိုကိုရာ။ ‎ပြောချင်တာကိုသဘောပေါက်ပါ။ ‎ ဘုရားမပွင့်ခင်အမီ ကိုကိုပြန်ချစ်လှည့်ပါ။ ‎-မြတ်နွယ်

ဘောကိုမွေးနေ့အမှတ်တရ မူးရင်လဲအိပ်လိုက်တော့ ပြန်မလာမှာသိသိရက်နဲ့အရမ်းတွေသောက်မနေနဲ့။

မွေးနေ့အမှတ်တရ

ကံအကြွေးခံလို့ ဝဋ်ကြီးတယ်လို့မှတ်လိုက်ပါမယ် ကုသိုလ်ကောင်းမှုလုပ်တိုင်း မင်းအတွက်ပဲခေါင်းခံခဲ့မိလို့ထင်တယ် တနင်္လာထောင့်က ဘုရားငယ်လဲ ရေ ထိပါများလို့ အလင်းပြန်နေပြီ ပူဇော်ခဲ့တဲ့ဆီမီးတွေလဲ တောင်လိုပုံခဲ့ပြီ။ ဝဋ်ဆိုရင်တောင် မင်းကိုတော့အရင်ကျွတ်ချင်တယ်။ - နေကြာဖြူ

မင်းရဲ့ မလိုအပ်လို့ စွန့်ပစ်လိုက်တဲ့အရာတွေထဲမှာ ကိုယ်က မတော်တဆပါသွားခဲ့တာမလား ဒါမှမဟုတ်.... တမင်ရည်ရွယ်ခဲ့တာလား ရွေးချယ်ဖို့မဟုတ်ပဲ လွှတ်ချခဲ့ဖို့ကို။ - နေကြာဖြူ

သတိရလဲ ဟိုကပြန်မလာဘူးချစ်သား

ဆူညံပွက်လောရိုက်နေတဲ့ လူ‌တွေကြားမှာ ဘာသောက်စကားမှ ထမပြောနိုင်အောင် သတိရတယ်။ -ရိပ်ငြိမ်

မရှိမဖြစ် ဆိုတာမျိုး တကယ်ရှိခဲ့တယ် အသက်။ မင်းမရှိလို့ မဖြစ်တာမဟုတ်ဘဲ မင်းရှိမှဖြစ်မယ့် အခိုက်အတန့်မျိုး ငါ့ဘဝမှာလဲ ရှိခဲ့တယ်။ -အံ့လွန်းပျို

"မကြင်သူ သို့" -ဆန်းကျော်စွာဝင်း

မဖြစ်နိုင်တာ သိပေမဲ့ ဖြစ်လို့ရမယ်ဆိုရင်လေ ကိုယ်က မင်းအတွက် အိမ်လေးဖြစ်ပေးချင်တယ်။ အနွေးဓာတ်လေးအပြည့်ပေးပြီး ချစ်ခြင်းမေတ္တာတွေအပြည့်နဲ့ပဲ ကိုယ့်အသက်လေးကို နွေးထွေး စေချင်ပါတယ်။ အကယ်၍ မနက်ဖြန်တွေမှာ ဆုတောင်းခွင့်ရမယ်ဆိုရင် မင်းခိုနားမဲ့ အိမ်လေးဟာ ကိုယ်ဖြစ်ပါစေလို့ပဲ ဆုတောင်းမိမယ်ထင်ပါရဲ့။ - လိပ်ပြာ

သူချစ်တာ ကိုယ်ဆိုတာ ဟုတ်ပါပြီ သူချစ်တာ ကိုယ်ရောဟုတ်ရဲ့လား။ - နေကြာဖြူ

ဖော်ကင်မယော်ကားပါနဲ့ -အုံနာ