es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

Our President 🇲🇲

Our President 🇲🇲

Ir al canal en Telegram

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို ချစ်ခင်လေးစား၍သမ္မတကြီးရဲ့သတင်းများ၊အမိန့်၊ညွှန်ကြားချက်၊သဝဏ်လွှာများ၊မိန့်ခွန်းကောက်နှုတ်ချက်များကို ဖော်ပြပေးသွားမည်။

Mostrar más
El país no está especificadoLa categoría no está especificada
216
Suscriptores
Sin datos24 horas
-17 días
-230 días
Archivo de publicaciones
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဘက်ပေါင်းစုံမှ ဆောင်ရွက်ရန် သမ္မတ ဦးမင်းအောင်လှိုင် တိုက်တွန်း နေပြည်တော်၊ ဇူလိုင် ၇ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ဇူလိုင် ၇ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားခဲ့သည်။ အစည်းအဝေးသို့ ဒုတိယသမ္မတများ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြသည်။ နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှုမြှင့်တင်ရန်လို နိုင်ငံတော်သမ္မတက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်အေးချမ်းမှုနှင့်အတူ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် အရေးကြီးကြောင်း၊ ကုန်ဈေးနှုန်းမြင့်တက်မှုကို ဖြေရှင်းနိုင်ရန် ပြည်တွင်းကုန်ထုတ်လုပ်မှုများ မြှင့်တင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထုတ်ကုန်ပစ္စည်းများ တိုးတက်များပြားလာမှသာ ပို့ကုန်တိုးမြှင့်နိုင်မည်ဖြစ်ပြီး ရရှိလာသည့် နိုင်ငံခြားငွေများဖြင့် လိုအပ်သည့် သွင်းကုန်များ တင်သွင်းနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ကုန်ထုတ်လုပ်မှုတိုးတက်ရေးကို အလေးထားဆောင်ရွက်ရန် လိုကြောင်း မှာကြားခဲ့သည်။ ပို့ကုန်တိုးမြှင့်ရေးနှင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးရေး အလေးထားဆောင်ရွက်ရန်လို စိုက်ပျိုးရေးပို့ကုန်များ တိုးမြှင့်ထုတ်လုပ်တင်ပို့နိုင်ရေးအတွက် ပြည်တွင်းလုပ်ငန်းရှင်များ ပိုမိုပါဝင်ရင်းနှီးမြှုပ်နှံရန် လိုအပ်ကြောင်း၊ နိုင်ငံ၏ အဓိကပို့ကုန်သီးနှံဖြစ်သည့် ဆန်တင်ပို့မှု တိုးမြှင့်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် ထုတ်လုပ်မှုမှ ဈေးကွက်အထိ Supply Chain တစ်ခုလုံးကို သုတေသနပြုဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်။ စက်သုံးဆီနှင့် စားသုံးဆီ တင်သွင်းမှုလျှော့ချရေး နည်းလမ်းရှာဖွေရန်လို နိုင်ငံခြားငွေသုံးစွဲမှုများပြားစေသည့် စက်သုံးဆီနှင့် စားသုံးဆီ တင်သွင်းမှုများကို လျှော့ချနိုင်ရေး နည်းလမ်းများ ရှာဖွေဆောင်ရွက်ရန် လိုကြောင်း ပြောကြားခဲ့သည်။ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတွင် ကျောက်မီးသွေးနှင့် နေရောင်ခြည်စွမ်းအင်အသုံးပြုခြင်းများ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ရထားစနစ်တိုးချဲ့ခြင်းနှင့် ဘတ္ထရီစနစ်သုံး ရထားများ အသုံးပြုခြင်းတို့ကို ဆောင်ရွက်ရန် လိုကြောင်း ပြောကြားခဲ့သည်။ ပြည်တွင်းစားသုံးဆီဖူလုံရေး ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရန်လို ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ်နှင့် ဆီအုန်းကဲ့သို့ ဆီထွက်သီးနှံများ ပိုမိုထုတ်လုပ်နိုင်ရေး ကြိုးပမ်းရန်လိုကြောင်း၊ ဖွဲနုဆီ ထုတ်လုပ်ရေးလုပ်ငန်းများတွင်လည်း ပြည်တွင်းလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံနိုင်ရေး အားပေးဆောင်ရွက်ရန်လိုကြောင်း မှာကြားခဲ့သည်။ တရားမဝင်ကုန်သွယ်မှုများကို ထိရောက်စွာ တားဆီးရန်လို တရားမဝင်ကုန်သွယ်မှုများသည် နိုင်ငံတော်အတွက် နစ်နာဆုံးရှုံးမှုဖြစ်စေကြောင်း၊ တရားဝင်ကုန်သွယ်မှုများ တိုးတက်လာစေရေးနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ စနစ်တကျ လည်ပတ်နိုင်ရေး စစ်ဆေးကြပ်မတ်ရန်လိုကြောင်း ပြောကြားခဲ့သည်။ EV ယာဉ်များ ပြည်တွင်းထုတ်လုပ်နိုင်ရေး အားပေးဆောင်ရွက်ရန်လို လျှပ်စစ်စွမ်းအင်သုံး EV မော်တော်ယာဉ်များကို ပြည်ပမှ တင်သွင်းခြင်းသာမက ပြည်တွင်း၌ အစမှအဆုံး တပ်ဆင်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ ယင်းမှတစ်ဆင့် အလုပ်အကိုင်အခွင့်အလမ်းနှင့် နည်းပညာများ ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပညာရေးကဏ္ဍတွင် ဘက်စုံထူးချွန်သည့် လူငယ်များ ပြုစုပျိုးထောင်ရန်လို ကျောင်းသား၊ ကျောင်းသူများအား စာပေပညာသာမက စည်းကမ်းရှိမှု၊ ကျန်းမာကြံ့ခိုင်မှုနှင့် အခြေခံစိတ်ဓာတ်ကောင်းမွန်မှုတို့ပါ ပြည့်စုံသည့် လူငယ်များဖြစ်လာစေရန် သင်ကြားပေးရန်လိုကြောင်း ပြောကြားခဲ့သည်။ Agro-Based Industry နှင့် MSME လုပ်ငန်းများ မြှင့်တင်ရန်လို နိဂုံးချုပ်အမှာစကားတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးအခြေခံ စက်မှုလုပ်ငန်းများ (Agro-Based Industry) နှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) ကို အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်လိုကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ခရီးသွားလုပ်ငန်း၊ ဒေသထုတ်ကုန်များနှင့် ပို့ကုန်ကဏ္ဍများကို အရည်အသွေးမြှင့်တင်ကာ နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တာဝန်ရှိသူများက ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။ #Our

photo content
+9

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြော
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား မိမိတို့အစိုးရတာဝန်ယူထားရသည့်ကာလအတွင်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဘက်ပေါင်းစုံက ဆောင်ရွက်သွားနိုင်သည်များကို လေ့လာသုံးသပ်ဆန်းစစ် အဖြေရှာဆောင်ရွက်

နိုင်ငံ၏ စီးပွားရေးပြန်လည်ဦးမော့လာရေး၊ ပို့ကုန်တိုးမြှင့်ရေးနှင့် သွင်းကုန်အစားထိုးရေးကို အရှိန်မြှင့်ဆောင်ရွက်ရန် နိုင်ငံတော
နိုင်ငံ၏ စီးပွားရေးပြန်လည်ဦးမော့လာရေး၊ ပို့ကုန်တိုးမြှင့်ရေးနှင့် သွင်းကုန်အစားထိုးရေးကို အရှိန်မြှင့်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တိုက်တွန်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၆/၂၀၂၆) တွင် နိုင်ငံ၏ ပထမသုံးလပတ် လုပ်ငန်းဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်ကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ပို့ကုန်တိုးမြှင့်ရေး၊ သွင်းကုန်လျှော့ချရေး၊ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေးသုတေသနနှင့် ပညာရေးကဏ္ဍ မြှင့်တင်ရေးတို့နှင့်ပတ်သက်၍ အလေးထားမှာကြားခဲ့ပြီး အစည်းအဝေး ကောက်နုတ်ချက်များမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါသည် - (၁) အစိုးရသစ်တာဝန်ယူပြီး သုံးလတာကာလအတွင်း ဝန်ကြီးဌာနများအနေဖြင့် လုပ်ငန်းဆောင်ရွက်မှုများကို သုံးသပ်အကဲဖြတ်ကာ အားနည်းချက်၊ အားသာချက်များကို ပြန်လည်ဆန်းစစ်ရန် လိုအပ်ကြောင်း။ (၂) စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် Supply နှင့် Demand မျှတစေရေး၊ ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေးနှင့် ကုန်ထုတ်လုပ်မှုစရိတ် လျှော့ချနိုင်ရေးကို အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း။ (၃) နိုင်ငံခြားဝင်ငွေနှင့် ထွက်ငွေ မျှတစေရေးအတွက် ပို့ကုန်တိုးမြှင့်ရေးကို အလေးထားဆောင်ရွက်ရမည်ဖြစ်ပြီး ပို့ကုန်ကျဆင်းရသည့် အကြောင်းရင်းများကို သုတေသနပြုသုံးသပ်ရန် လိုအပ်ကြောင်း။ (၄) Export နှင့် Import အခြေအနေများကို Volume နှင့် Value နှစ်မျိုးစလုံးဖြင့် စနစ်တကျ သုံးသပ်စိစစ်ဆောင်ရွက်ရန်နှင့် စာရင်းဇယားများ မှန်ကန်တိကျရန် လိုအပ်ကြောင်း။ (၅) စားအုန်းဆီနှင့် စက်သုံးဆီတင်သွင်းမှု မြင့်မားနေခြင်းကြောင့် သွင်းကုန်လျှော့ချနိုင်မည့် နည်းလမ်းများကို ပြည်ထောင်စုဝန်ကြီးဌာနများအနေဖြင့် ဆန်းသစ်သော အကြံဉာဏ်များဖြင့် ရှာဖွေဆောင်ရွက်ရန် လိုအပ်ကြောင်း။ (၆) လျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍတွင် စက်သုံးဆီအသုံးပြုမှု လျှော့ချနိုင်ရေး၊ ကျောက်မီးသွေး၊ ဆိုလာနှင့် အခြားအစားထိုးစွမ်းအင်များကို ထိရောက်စွာ အသုံးချနိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်း။ (၇) သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် မီးရထားကဏ္ဍကို ဦးစားပေးဖွံ့ဖြိုးတိုးတက်စေရေးနှင့် EV မော်တော်ယာဉ်ထုတ်လုပ်မှုတွင် CKD/SKD စနစ်များဖြင့် ပြည်တွင်းအလုပ်အကိုင်ဖန်တီးနိုင်ရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း။ (၈) စားသုံးဆီဖူလုံရေးအတွက် နှမ်း၊ နေကြာ၊ ပဲပုတ် အပါအဝင် ဆီထွက်သီးနှံများကို ရည်မှန်းချက်ကြီးကြီးထား၍ စိုက်ပျိုးထုတ်လုပ်ရေး၊ သုတေသနနှင့် ရင်းနှီးမြှုပ်နှံမှုများ အရှိန်မြှင့်ဆောင်ရွက်ရန် လိုအပ်ကြောင်း။ (၉) ကြက်သွန်၊ အာလူး၊ ပဲပုတ်၊ နှမ်းနှင့် နေကြာတို့အတွက် ပြည်ပဈေးကွက်၊ အထူးသဖြင့် အိန္ဒိယဈေးကွက်အပါအဝင် နိုင်ငံတကာဈေးကွက်များကို သုတေသနပြုကာ ပို့ကုန်တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ကြောင်း။ (၁၀) မှောင်ခိုတင်သွင်းမှုများကို ထိရောက်စွာ အရေးယူဆောင်ရွက်ရန်နှင့် ဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေးယန္တရားကို စည်းကမ်းတကျ ဆောင်ရွက်ရန် လိုအပ်ကြောင်း။ (၁၁) စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို အစိုးရတစ်ခုတည်းဖြင့် ဆောင်ရွက်၍မရဘဲ ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်းစသည်ဖြင့် လမ်းညွှန်မှာကြားခဲ့ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြော
+5
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား မိမိတို့အစိုးရတာဝန်ယူထားရသည့်ကာလအတွင်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့်  ဖွံ့ဖြိုးတိုးတက်ရေး ဘက်ပေါင်းစုံက ဆောင်ရွက်သွားနိုင်သည်များကို လေ့လာသုံးသပ်ဆန်းစစ် အဖြေရှာဆောင်ရွက် နေပြည်တော်၊ ဇူလိုင် - ၇ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။ #PPIB

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာဆက်ဆံရေးနယ်ပယ် တွင် အိမ်နီးချင်းနိုင်ငံများသာမက အခြားနိုင်ငံများနှင့်လည်း မိတ်ဝတ်မပျက် ချစ်ကြ
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာဆက်ဆံရေးနယ်ပယ် တွင် အိမ်နီးချင်းနိုင်ငံများသာမက အခြားနိုင်ငံများနှင့်လည်း မိတ်ဝတ်မပျက်  ချစ်ကြည်ရေး ကို အလေးထားဆောင်ရွက်လျက်ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင်  လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတ နိုင်ငံသမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ် နှင့် တွေ့ဆုံစဉ်နှစ်နိုင်ငံဆွေးနွေးချက်များမှကောက်နုတ်ချက်

🌸 လာအိုခရီးစဉ်မှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာ 🌸 နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြ
+5
🌸 လာအိုခရီးစဉ်မှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာ 🌸 နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် လာအိုနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အတွင်း အထင်ကရ ထက်လွမ်ဘုရားသို့ သွားရောက်ဖူးမြော်ခဲ့ပြီး ဘုရား၏ ဧည့်သည်တော်မှတ်တမ်း၊ ဗုဒ္ဓဥယျာဉ် ဧည့်သည်တော်မှတ်တမ်းနှင့် ပြတိုက်၊ သံရုံးမိသားစု ဧည့်သည်တော်မှတ်တမ်းများတွင် ဂုဏ်ပြုလက်မှတ်များ ရေးထိုးခဲ့ကြသည်။ 🪷✨ ခရီးစဉ်အတွင်း ချစ်ကြည်ရင်းနှီးမှုနှင့် ယဉ်ကျေးမှုဖလှယ်မှုတို့ကို ပိုမိုခိုင်မာစေခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး အလားအလာကောင်းများကိုလည်း ထင်ဟပ်စေခဲ့သည်။ #Our

သံရုံး၊ စစ်သံရုံးတို့တွင် တာဝန်ထမ်းဆောင်နေကြသူများအနေဖြင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားကြရန
+3
သံရုံး၊ စစ်သံရုံးတို့တွင် တာဝန်ထမ်းဆောင်နေကြသူများအနေဖြင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း နိုင်ငံတော်သမ္မတ ပြောကြား   လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်(State Visit)သွားရောက်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇူလိုင်လ ၄ ရက်နေ့က လာအိုနိုင်ငံဆိုင်ရာ သံရုံး၊ စစ်သံရုံးမိသားစုများ၊ ပညာတော်သင် သင်တန်းသားများအား လာအိုနိုင်ငံဆိုင်ရာ မြန်မာသံရုံး၌ တွေ့ဆုံစဉ် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။   နိုင်ငံတော်သမ္မတက မိမိတို့နှစ်နိုင်ငံအနေဖြင့် ဆက်ဆံရေးအထူးကောင်းမွန်လျက်ရှိပြီး သံရုံး၊ စစ်သံရုံးတို့တွင် တာဝန်ထမ်းဆောင်နေကြသူများအနေဖြင့် မိမိတိုတာဝန်ထမ်းဆောင်နေချိန်တွင် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ နှစ်နိုင်ငံမဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများအဖြစ် အဆင့်မြှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် နှစ်နိုင်ငံအကြား နိုင်ငံ့အကြီးအကဲများ ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်ခြင်းများကိုလည်း တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ #HOS

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် (၃-၇-၂၀၂၆ မှ ၅-၇-၂၀၂၆ ထိ) လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့မှုနှင့် ပတ်သက်၍  နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဒေါ်ခိုင်ခိုင်စိုး၏ ပြောကြားချက် #PPIB

လာအိုနိုင်ငံသမ္မတ H.E. Mr. Thongloun Sisoulith ၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက
+4
လာအိုနိုင်ငံသမ္မတ H.E. Mr. Thongloun Sisoulith ၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့သော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲသည် ယနေ့ ဇူလိုင် ၅ ရက် ညနေပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်တပ်မတော်လေဆိပ်သို့ ပြန်လည်ရောက်ရှိ လာအိုနိုင်ငံသမ္မတ H.E. Mr. Thongloun Sisoulith ၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့သော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲသည် ယနေ့ ဇူလိုင် ၅ ရက် ညနေပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော် တပ်မတော်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ တာဝန်ရှိသူများက ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။ PPIB

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လာအိုနိုင်ငံ၊ လွန်ပရာဘန်မြို့ရှိ ၀ပ်စီယမ်သုန်ဘုရား အားဖူးမြော် ကြည်ညို၊လွန်ပရာဘန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာနိုင်ငံ၊နေပြည်တော် သို့ ပြန်လည်ထွက်ခွာ သည့် မှတ်တမ်း PPIB

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လာအိုနိုင်ငံ၊လွန်ပရာဘန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာ လာအိုနိုင
+5
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လာအိုနိုင်ငံ၊လွန်ပရာဘန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တို့သည် ယနေ့ ဇူလိုင် ၅ ရက်‌‌ မွန်လွဲပိုင်းတွင် လာအိုနိုင်ငံ၊ လွန်ပရာဘန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့ရာ တာဝန်ရှိသူများက လိုက်လံပို‌ဆောင်နှုတ်ဆက်ခဲ့ကြသည်။ #PPIB

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လွန်ပရာဘန်ပြည်နယ် ပါတီကော်မတီ အတွင်းရေးမှူးနှင့်တွေ့ဆုံ၊ လာအိုရိုးရာ ဘာစီ (Baci) ဆုတောင်းပွဲသို တက်ရောက် ခဲ့သည့် မှတ်တမ်း PPIB

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လွန်ပရာဘန်မြို့ရှိ ဝပ်စီယမ်သုန်ဘုရားသို့ သွားရောက်ဖူးမြော်ကြည်ညို လာအိုနိုင်ငံသို့ နိုင်ငံ
+9
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လွန်ပရာဘန်မြို့ရှိ ဝပ်စီယမ်သုန်ဘုရားသို့ သွားရောက်ဖူးမြော်ကြည်ညို လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တို့သည် ယနေ့ ဇူလိုင် ၅ ရက်‌ မွန်းလွဲပိုင်းတွင် လာအိုနိုင်ငံ၊ လွန်ပရာဘန်မြို့ရှိ ဝပ်စီယမ်သုန်ဘုရားသို့ သွားရောက်ဖူး‌မြော်ကြည်ညိုခဲ့သည်။ #HOS

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ရှိ ဝပ်တိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာ၍လွန်ပရာဘန်မြို့သို့ ရောက်ရှိ၊ တော်ဝင်နန်းတော်ပြတိုက် လေ့လာခဲ့သည့်မှတ်တမ်း #PPIB

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လာအိုရိုးရာ ဘာစီ (Baci) ဆုတောင်းပွဲသို့ တက်ရောက် လာအိုနိုင်ငံသို့နိုင်ငံတော်အဆင့် ချစ်ကြည်
+7
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လာအိုရိုးရာ ဘာစီ (Baci) ဆုတောင်းပွဲသို့ တက်ရောက် လာအိုနိုင်ငံသို့နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့သည် ယနေ့ ဇူလိုင် ၅ ရက် မွန်းတည့်ပိုင်းတွင် လွန်ပရာဘန်မြို့ရှိ Souphattra Hotel ၌ ကျင်းပသော လာအိုရိုးရာ ဘာစီ (Baci) ဆုတောင်းပွဲသို့ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မင်္ဂလာဆီမီးညှိပူဇော်၍ ဖွင့်လှစ်ပေးခဲ့သည်။ #PPIB

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လွန်ပရာဘန်ပြည်နယ် ပါတီကော်မတီ အတွင်းရေးမှူးနှင့်တွေ့ဆုံ လာအိုနိုင်ငံသို နိုင်ငံတော်အဆင့်ချ
+2
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လွန်ပရာဘန်ပြည်နယ် ပါတီကော်မတီ အတွင်းရေးမှူးနှင့်တွေ့ဆုံ လာအိုနိုင်ငံသို နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တို့သည် ယနေ့ ဇူလိုင် ၅ ရက် နံနက်ပိုင်းတွင် လာအိုနိုင်ငံ၊ လွန်ပရာဘန်ပြည်နယ်ပါတီကော်မတီအတွင်းရေးမှူးနှင့်တွေ့ဆုံခဲ့သည်။ #PPIB

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လွန်ပရာဘန်မြိုရှိ တော်ဝင်နန်းတော်ပြတိုက်သို သွားရောက်လေ့လာ လာအိုနိုင်ငံသို နိုင်ငံတော်အဆင့
+7
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လွန်ပရာဘန်မြိုရှိ တော်ဝင်နန်းတော်ပြတိုက်သို သွားရောက်လေ့လာ လာအိုနိုင်ငံသို နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တိုသည် ယနေ့ ဇူလိုင် ၅ ရက် နံနက်ပိုင်းတွင် လာအိုနိုင်ငံ၊ လွန်ပရာဘန်မြိုရှိ တော်ဝင်နန်းတော်ပြတိုက်သို သွားရောက်လေ့လာခဲ့သည်။ လွန်ပရာဘန်မြိုရှိ တော်ဝင်နန်းတော်ပြတိုက်သိုရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတိုအား ပြတိုက်တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ #PPIB

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လွန်ပရာဘန်မြို့ရှိ တော်ဝင်နန်းတော်ပြတိုက်သို့ သွားရောက်လေ့လာ လာအိုနိုင်ငံသို့ နိုင်ငံတော်အ
+9
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လွန်ပရာဘန်မြို့ရှိ တော်ဝင်နန်းတော်ပြတိုက်သို့ သွားရောက်လေ့လာ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တို့သည် ယနေ့ ဇူလိုင် ၅ ရက် နံနက်ပိုင်းတွင် လာအိုနိုင်ငံ၊ လွန်ပရာဘန်မြို့ရှိ တော်ဝင်နန်းတော်ပြတိုက်သို့ သွားရောက်လေ့လာခဲ့သည်။ လွန်ပရာဘန်မြို့ရှိ တော်ဝင်နန်းတော်ပြတိုက်သို့ ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့အား ပြတိုက်တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ #HOS

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လာအိုနိုင်ငံ လွန်ပရာဘန်မြို့သို့ရောက်ရှိ လာအိုနိုင်ငံသို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစ
+6
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လာအိုနိုင်ငံ လွန်ပရာဘန်မြို့သို့ရောက်ရှိ လာအိုနိုင်ငံသို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့သည် ယနေ့ ဇူလိုင် ၅ ရက် နံနက်ပိုင်းက လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြိုရှိ ဝပ်တိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ရာ လွန်ပရာဘန်မြို့သို ရောက်ရှိခဲ့သည်။ လွန်ပရာဘန်မြို့ရှိ လေဆိပ်သို့ ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတိုအား လွန်ပရာဘန်မြို့မှ တာဝန်ရှိသူများက လေဆိပ်တွင် သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ President U Min Aung Hlaing Arrives in Luang Prabang, Laos President U Min Aung Hlaing and his wife, departed from Wattay International Airport in Vientiane by special aircraft this morning and arrived in the city of Luang Prabang. Upon their arrival,they were warmly welcomed by local officials. #PPIB