es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

Our President 🇲🇲

Our President 🇲🇲

Ir al canal en Telegram

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို ချစ်ခင်လေးစား၍သမ္မတကြီးရဲ့သတင်းများ၊အမိန့်၊ညွှန်ကြားချက်၊သဝဏ်လွှာများ၊မိန့်ခွန်းကောက်နှုတ်ချက်များကို ဖော်ပြပေးသွားမည်။

Mostrar más
El país no está especificadoLa categoría no está especificada
216
Suscriptores
Sin datos24 horas
-17 días
-230 días
Archivo de publicaciones
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လာအိုနိုင်ငံ လွန်ပရာဘန်မြို့သို့ ဆက်လက်ထွက်ခွာ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရ
+7
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လာအိုနိုင်ငံ လွန်ပရာဘန်မြို့သို့ ဆက်လက်ထွက်ခွာ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ဇူလိုင် ၅ ရက် နံနက်ပိုင်းတွင် ဗီယင်ကျန်းမြို့ရှိ ဝပ်တိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် လာအိုနိုင်ငံ၏ ရှေးဟောင်းယဉ်ကျေးမှုမြို့တော်ဖြစ်သည့် လွန်ပရာဘန်မြို့သို့ ဆက်လက်ထွက်ခွာခဲ့သည်။ #HOS

"နှစ်သမိုင်းရာချီ နက်ရှိင်းသောဆက်ဆံရေးဆီ" ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေး ခရီးစဉ် (ဒုတိယ တစ်ရက်တာဆောင်ရွက်မှုမှတ်တမ်းများ) ၄-၇-၂၀၂၆ PPIB

လာအိုနိုင်ငံသို နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit)ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်နှင့်ဇနီး ဒေါ်ကြူကြူလှတိုသည် မြန်မာသံရုံး၊ စစ်သံရုံး ဝန်ထမ်းများနှင့် ပညာသင် တပ်မတော်သား အရာရှိများအား တွေ့ဆုံသည့်မှတ်တမ်း PPIB

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လာအိုနိုင်ငံရှိ မြန်မာသံရုံး၊ စစ်သံရုံး ဝန်ထမ်းများနှင့် ပညာသင် တပ်မတော်သားအရာရှိများအား တ
+9
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လာအိုနိုင်ငံရှိ မြန်မာသံရုံး၊ စစ်သံရုံး ဝန်ထမ်းများနှင့် ပညာသင် တပ်မတော်သားအရာရှိများအား တွေ့ဆုံ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ယနေ့ ဇူလိုင် ၄ ရက် ညနေပိုင်းတွင် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့ရှိ မြန်မာသံရုံး၊ စစ်သံရုံးမှ ဝန်ထမ်းများနှင့် လာအိုနိုင်ငံတွင် ပညာသင်ကြားနေသည့် တပ်မတော်သားအရာရှိများအား တွေ့ဆုံ၍ ရင်းရင်းနှီးနှီး အားပေးစကားပြောကြားခဲ့သည်။ #HOS

လာအိုနိုင်ငံသို နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit)ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေ
+6
လာအိုနိုင်ငံသို နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit)ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့သည် မြန်မာသံရုံး၊ စစ်သံရုံး ဝန်ထမ်းများနှင့် ပညာသင် တပ်မတော်သား အရာရှိများအား တွေ့ဆုံ လာအိုနိုင်ငံသို နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့သည် ယနေ့(ဇူလိုင် ၄ ရက်) ညနေပိုင်းတွင် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြိုရှိ မြန်မာသံရုံး၊ စစ်သံရုံး ဝန်ထမ်းများနှင့် ပညာသင် တပ်မတော်သားအရာရှိများအား တွေ့ဆုံခဲ့သည်။ #PPIB

လာအိုနိုင်ငံသို နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်(State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် လာအိုနိုင်ငံ၏ အမျိုးသားအထိမ်းအမှတ် Patuxai (Victory Gate) သို့ သွားရောက်လေ့လာသည့် မှတ်တမ်း #PPIB

လာအိုနိုင်ငံသို နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit)ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေ
+5
လာအိုနိုင်ငံသို နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit)ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့သည် မြန်မာသံရုံး၊ စစ်သံရုံး ဝန်ထမ်းများနှင့် ပညာသင် တပ်မတော်သား အရာရှိများအား တွေ့ဆုံ လာအိုနိုင်ငံသို နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့သည် ယနေ့(ဇူလိုင် ၄ ရက်) ညနေပိုင်းတွင် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြိုရှိ မြန်မာသံရုံး၊ စစ်သံရုံး ဝန်ထမ်းများနှင့် ပညာသင် တပ်မတော်သားအရာရှိများအား တွေ့ဆုံခဲ့သည်။ #PPIB

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လာအိုနိုင်ငံ၏ အမျိုးသားအထိမ်းအမှတ် Patuxai (Victory Gate) သို့ သွားရောက်လေ့လာ လာအိုနိုင်ငံ
+8
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လာအိုနိုင်ငံ၏ အမျိုးသားအထိမ်းအမှတ် Patuxai (Victory Gate) သို့ သွားရောက်လေ့လာ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ယနေ့ ဇူလိုင် ၄ ရက် နေ့လယ်ပိုင်းတွင် ဗီယင်ကျန်းမြို့ရှိ လာအိုနိုင်ငံ၏ အမျိုးသားအထိမ်းအမှတ် အဆောက်အအုံဖြစ်သော Patuxai (Victory Gate) သို့ သွားရောက်လေ့လာခဲ့သည်။ #HOS

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင် အား မြန်မာ-လာအို ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ H.E. Mr. Chanthavong Seneamatmontry က ဂါဝရပြု လာရောက်တွေ့ဆုံသည့် မှတ်တမ်း PPIB

မြန်မာ-လာအို ချစ်ကြည်ရေး ပိုမိုခိုင်မာစေရေး ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတနှင့် လာအို-မြန်မာချစ်ကြည်ရေးအသင်းဥက္
မြန်မာ-လာအို ချစ်ကြည်ရေး ပိုမိုခိုင်မာစေရေး ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတနှင့် လာအို-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဆွေးနွေး လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဗီယင်ကျန်းမြို့၌ လာအို-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ H.E. Mr. Chanthavong Seneamatmontry နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံချစ်ကြည်ရေး၊ ပြည်သူအချင်းချင်းဆက်ဆံရေးနှင့် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။ တွေ့ဆုံဆွေးနွေးမှုအတွင်း အောက်ဖော်ပြပါ အချက်များအား အဓိကထား ပြောကြားခဲ့ပါသည်- ၁။ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်အတွင်း လာအို-မြန်မာချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌအနေဖြင့် တွေ့ဆုံဂါရဝပြုခွင့်ရရှိသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြောကြားခဲ့ပါသည်။ ၂။ နိုင်ငံတော်သမ္မတတာဝန်ယူပြီးနောက် အာဆီယံနိုင်ငံများအနက် လာအိုနိုင်ငံသို့ ပထမဆုံးလာရောက်သည့် ခရီးစဉ်ဖြစ်ပြီး ယင်းသည် နှစ်နိုင်ငံချစ်ကြည်ရေးကို အလေးထားသည့် သင်္ကေတဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ၃။ မြန်မာ-လာအို သံတမန်ဆက်ဆံရေး နှစ် ၇၀ ကျော်နှင့် ရာစုနှစ်များစွာကြာမြင့်သည့် သမိုင်းဝင်ဆက်ဆံရေးကို အခြေခံ၍ နှစ်နိုင်ငံသည် ယုံကြည်စိတ်ချရသည့် မိတ်ဖက်နိုင်ငံများဖြစ်ကြောင်း အလေးထားပြောကြားခဲ့ပါသည်။ ၄။ နှစ်နိုင်ငံချစ်ကြည်ရေးကို မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ် ပိုမိုအဆင့်မြှင့်တင်ပြီး အစိုးရချင်း၊ လွှတ်တော်ချင်း၊ ပြည်သူအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ပါသည်။ ၅။ နိုင်ငံတော်သမ္မတ၏ ယခုခရီးစဉ်အတွင်း လာအိုနိုင်ငံသမ္မတ၊ ဝန်ကြီးချုပ်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းသည် နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်ရာတွင် အရေးပါသည့် မှတ်တိုင်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ၆။ နှစ်နိုင်ငံအကြား ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်များ လက်မှတ်ရေးထိုးနိုင်ခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်းနှင့် ယင်းသဘောတူညီချက်များကို ထိရောက်စွာ အကောင်အထည်ဖော်သွားရန် ဆွေးနွေးခဲ့ပါသည်။ ၇။ မြန်မာ-လာအို ချစ်ကြည်ရေးအသင်းများအကြား ပုံမှန်တွေ့ဆုံဆွေးနွေးမှုများကို နှစ်စဉ်ဆောင်ရွက်၍ မိသားစုသဖွယ်၊ ညီအစ်ကိုသဖွယ် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်သွားရန် တိုက်တွန်းခဲ့ပါသည်။ ၈။ ပြည်သူအချင်းချင်းဆက်ဆံရေး (People-to-People Relations) ကို ပိုမိုတိုးမြှင့်ခြင်းဖြင့် နှစ်နိုင်ငံချစ်ကြည်ရေးအခြေခံကို ပိုမိုခိုင်မာစေရန် အလေးထားဆွေးနွေးခဲ့ပါသည်။ ၉။ လူငယ်များ၏ အခန်းကဏ္ဍသည် အရေးကြီးသဖြင့် ပညာရေး၊ အလုပ်အကိုင်ဖန်တီးရေးနှင့် လူငယ်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် နှစ်နိုင်ငံချစ်ကြည်ရေးအသင်းများ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း တိုက်တွန်းခဲ့ပါသည်။ ၁၀။ ပညာရေး၊ ကျန်းမာရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများနှင့် မြွေဆိပ်ဖြေဆေး အကူအညီပေးရေးကဲ့သို့ လူမှုရေးပူးပေါင်းဆောင်ရွက်မှုများတွင် ချစ်ကြည်ရေးအသင်းများ ပိုမိုပါဝင်ဆောင်ရွက်ရန် ဆွေးနွေးခဲ့ပါသည်။ ၁၁။ မြန်မာနှင့် လာအို နှစ်နိုင်ငံစလုံး ထေရဝါဒဗုဒ္ဓဘာသာကို ကိုးကွယ်သည့်နိုင်ငံများဖြစ်သဖြင့် ဘာသာရေး၊ ယဉ်ကျေးမှုနှင့် ရိုးရာအမွေအနှစ်ထိန်းသိမ်းရေးကဏ္ဍများတွင် ပိုမိုပူးပေါင်းဆောင်ရွက်သွားရန် သဘောတူဆွေးနွေးခဲ့ပါသည်။ ၁၂။ နှလုံးသားချင်းနီးစပ်သော မိတ်ဆွေနိုင်ငံများအဖြစ် အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန်လေးစားမှုနှင့် ရေရှည်ချစ်ကြည်ရေးကို အခြေခံ၍ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာတိုးတက်အောင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် နှစ်ဖက်စလုံးက အလေးထားဆွေးနွေးခဲ့ကြပါသည်။

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မ
+6
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင် အား မြန်မာ-လာအို ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ H.E. Mr. Chanthavong Seneamatmontry က ဂါဝရပြု လာရောက်တွေ့ဆုံ မြန်မာ-လာအို ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌက နိုင်ငံတော်သမ္မတတာဝန်ယူပြီးနောက် အာဆီယံနိုင်ငံများအနက် လာအိုနိုင်ငံသို ပထမဆုံးလာရောက်သည့် ခရီးစဉ်ဖြစ်သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြောကြားခဲ့ပြီး ယင်းသည် နှစ်နိုင်ငံချစ်ကြည်ရေးကို အလေးထားသည့် သင်္ကေတတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မြန်မာ-လာအို ချစ်ကြည်ရေးအသင်းများအကြား နှစ်စဉ်ပုံမှန်တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်၍ မိသားစုသဖွယ်၊ ညီအစ်ကိုသဖွယ် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်သွားရေး၊ ပြည်သူအချင်းချင်းဆက်ဆံရေး (People-to-People Relations) ကို ပိုမိုမြှင့်တင်ရေး၊ လူငယ်များ၏ ပညာရေး၊ အလုပ်အကိုင်နှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးကဏ္ဍများတွင် ချစ်ကြည်ရေးအသင်းများ၏ အခန်းကဏ္ဍကို တိုးမြှင့်ဆောင်ရွက်ရေးတို့ကိုလည်း အလေးထားဆွေးနွေးခဲ့ကြသည်။ #PPIB

လာအိုနိုင်ငံ၏ အထွတ်အမြတ်ထားရာ ထက်လုံစေတီတော်သို့ နိုင်ငံတော်သမ္မတနှင့် ဇနီး သွားရောက်ဖူးမြော်ကြည်ညို ဗီယန်ကျင်း၊ ဇူလိုင် ၄ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ယနေ့နံနက်ပိုင်းတွင် လာအိုနိုင်ငံ၏ အထွတ်အမြတ်ထားရာ ဗုဒ္ဓသာသနိကအမွေအနှစ်ဖြစ်သည့် ထက်လုံစေတီတော် (Pha That Luang) သို့ သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြသည်။ ထက်လုံစေတီတော်သည် လာအိုနိုင်ငံ၏ မြို့တော် ဗီယန်ကျင်းတွင် တည်ရှိသည့် သမိုင်းဝင်စေတီတော်ကြီးဖြစ်ပြီး လာအိုပြည်သူများ၏ အထွတ်အမြတ်ထားရာ သာသနိကအမွေအနှစ်တစ်ရပ်ဖြစ်သကဲ့သို့ ဗုဒ္ဓဘာသာယဉ်ကျေးမှု၏ ဂုဏ်ရောင်ကို ဖော်ဆောင်လျက်ရှိသော အထင်ကရ အထွတ်အမြတ်နေရာတစ်ခုလည်း ဖြစ်သည်။ ထို့ပြင် စေတီတော်သည် လာအိုနိုင်ငံ၏ အချုပ်အခြာအာဏာ၊ အမျိုးသားစည်းလုံးညီညွတ်မှုနှင့် နိုင်ငံတော်၏ အမှတ်သင်္ကေတကို ကိုယ်စားပြုသည့် အရေးပါသော သမိုင်းဝင်အမွေအနှစ်တစ်ရပ်အဖြစ် အသိအမှတ်ပြုခံထားရသည်။ သမိုင်းမှတ်တမ်းများနှင့် ဒဏ္ဍာရီအဆိုများအရ စေတီတော်တည်ရှိရာ နေရာတွင် ဘီစီ ၃ ရာစုခန့်က အိန္ဒိယနိုင်ငံမှ အာသောကမင်းကြီး၏ သာသနာပြုအဖွဲ့က ပင့်ဆောင်လာခဲ့သည့် မြတ်စွာဘုရားရှင်၏ ညှပ်ရိုးတော်ဓာတ်တော်ကို ဌာပနာ၍ အုတ်စေတီငယ်တစ်ဆူအဖြစ် စတင်တည်ထားခဲ့ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် စေတီတော်အတွင်း လှည့်လည်ဖူးမြော်ကြည်ညိုပြီး သာသနိကအမွေအနှစ်များကို လေ့လာကြည့်ရှုခဲ့ကြကာ လာအိုနိုင်ငံရှိ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများကို နားထောင်ခဲ့ကြသည်။ နိုင်ငံတော်သမ္မတ၏ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်သည် မြန်မာ-လာအို နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေရေး၊ ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်စေရေးတို့ကို ရည်ရွယ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ #SittNaing #Our

photo content
+9

လာအိုဗုဒ္ဓဘာသာအသင်းဗဟို ဥက္ကဋ္ဌနှင့် လာအိုနိုင်ငံမှ သက်တော်(၁၀၆)နှစ်ရှိ ဘုန်းတော်ကြီးတိုအား နိုင်ငံတော်သမ္မတဦးမင်းအောင်လှိင်
+9
လာအိုဗုဒ္ဓဘာသာအသင်းဗဟို ဥက္ကဋ္ဌနှင့် လာအိုနိုင်ငံမှ သက်တော်(၁၀၆)နှစ်ရှိ ဘုန်းတော်ကြီးတိုအား နိုင်ငံတော်သမ္မတဦးမင်းအောင်လှိင်နှင့်ဇနီးဖူးမြှော်ကြည်ညို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်နှင့် ဇနီးသည် ယနေ့ ဇူလိုင် ၄ ရက်နံနက်ပိုင်းက ထက်လုံဘုရားဝင်းအတွင်းရှိ ဓမ္မခန်းမ၌ လာအိုဗုဒ္ဓဘာသာအသင်းဗဟို၏ ဥက္ကဋ္ဌနှင့် လာအိုနိုင်ငံ သံဃရာဇာဘုန်းတော်ကြီး Maha Ahjan Yai Mahaved Manenai နှင့် လာအိုနိုင်ငံမှ သက်တော် (၁၀၆)နှစ်ရှိ ဘုန်းတော်ကြီး Most Ven. Noi Sangvalo တိုအားဖူးမြော်ကြည်ညိုခဲ့သည်။ ထိုနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်နှင့် ဇနီးတိုသည် ဆရာတော်ကြီး(၂)ပါးအား လှူဖွယ်ပစ္စည်းနှင့် ဝတ္ထုငွေများကို ဆက်ကပ်လှူဒါန်းခဲ့သည်။ #HOS

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မ
+8
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိင် နှင့် ဇနီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲသည် ဗီယင်ကျန်းမြိုရှိ လာအို အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းသိုသွားရောက်လေ့လာ လာအိုနိုင်ငံသို နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်နှင့် ဇနီး ဒေါ်ကြူကြူလှတိုသည် ဗီယင်ကျန်းမြိုရှိ လာအို အသေးစား၊ အလတ်စား စက်မှုလုပ်ငန်း Phontong Handicrafts Cooperation and Cama Crafts သို သွားရောက်လေ့လာသည်။ #HOS

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင် နှင့် ဇနီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၊ လာအိုနိုင်ငံရှိ ထက်လွမ် ဘုရားအား ဖူးမျှော်ကြည်ညို သည့်မှတ်တမ်း #PPIB

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်
+9
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင် နှင့် ဇနီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည်  ဗီယင်ကျန်းမြို့ရှိ လာအို အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းသို့ သွားရောက်လေ့လာ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ဗီယင်ကျန်းမြို့ရှိ လာအို အသေးစား၊ အလတ်စား စက်မှုလုပ်ငန်း Phontong Handicrafts Cooperation and Cama Crafts သို့ သွားရောက်လေ့လာသည်။ #PPIB

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မ
+5
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင် နှင့် ဇနီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံရှိ ထက်လွမ် ဘုရားအား ဖူးမျှော်ကြည်ညို နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ထပ်လွမ်ဘုရားဝန်းအတွင်းရှိ ဓမ္မခန်းမ၌ လာအိုဗုဒ္ဓဘာသာအသင်းဗဟို၏ ဥက္ကဋ္ဌနှင့် လာအိုနိုင်ငံ သံဃရာဇာဘုန်းတော်ကြီး Maha Ahjan Yai Mahaved Menenai နှင့် လာအိုနိုင်ငံမှ သက်တော်(၁၀၆)နှစ်ရှိ ဘုန်းတော်ကြီး Most Ven. Noi Sangvalo တို့အားဖူးမြော်ကြည်ကြိုကြပြီး လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြသည်။ #PPIB

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မ
+9
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင် နှင့် ဇနီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံရှိ ထက်လွမ် ဘုရားအား ဖူးမျှော်ကြည်ညို ထက်လွမ်ဘုရားသို ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့အား ကော်ဇောနီခင်း၍ လာအိုတိုင်းရင်းသားအဖွဲများက ကြိုဆိုခဲ့ကြသည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့သည် ထက်လွမ်ဘုရား အနောက်ဖက်မုဒ်ဦးမှတစ်ဆင့် ဝင်ရောက်၍ ဘုရားအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီးများနှင့် ဆီမီးများ ဆပ်ကပ်ပူဇော်ခဲ့ကြသည်။ ထို့နောက်တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ထက်လွမ်ဘုရား၏ ဧည့်သည်တော်မှတ်တမ်း၌ လက်မှတ်ရေးထိုးခဲ့သည်။ #PPIB

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေး ခရီးစဉ်(ပထမနေ့)