Our President 🇲🇲
Ir al canal en Telegram
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို ချစ်ခင်လေးစား၍သမ္မတကြီးရဲ့သတင်းများ၊အမိန့်၊ညွှန်ကြားချက်၊သဝဏ်လွှာများ၊မိန့်ခွန်းကောက်နှုတ်ချက်များကို ဖော်ပြပေးသွားမည်။
Mostrar másEl país no está especificadoLa categoría no está especificada
216
Suscriptores
Sin datos24 horas
+27 días
-230 días
Archivo de publicaciones
+2
ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး၊ စစ်သံရုံးမိသားစုများ၊ ပညာတော်သင် သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြားချက်မှ ကောက်နုတ်ချက်
Repost from PPIB.Official
"မဲခေါင်မြစ်ရဲ့ နှလုံးသားနှစ်ခု"
အပိုင်း(၂)
PPIB Links
Youtube | Tiktok | Telegram | Website | X(Twitter)
Repost from PPIB.Official
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၁၁-၉-၂၀၂၆ မှ ၁၂-၉-၂၀၂၆ ထိ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်(State Visit) သွားရောက်ခဲ့မှုနှင့် ပတ်သက်၍ မီဒီယာများ၏ မေးမြန်းချက်များအပေါ် နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ၊ နိုင်ငံတော်သမ္မတရုံး ဒုတိယဝန်ကြီး ဒေါက်တာ ခိုင်ခိုင်စိုး ၏ ဖြေကြားချက်
PPIB Links
Youtube | Tiktok | Telegram | Website | X(Twitter)
+5
ကမ္ဘောဒီးယားနိုင်ငံသို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နေပြည်တော်သို ပြန်လည်ရောက်ရှိ
+4
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဆီရမ်ရိမြို့ရှိ Siem Reap Angkor အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ပြန်လည်ထွက်ခွာ
ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်(State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ခရီးစဉ်ပြီးဆုံး၍ ယနေ့ စက်တင်ဘာ ၁၂ ရက် ညနေပိုင်းတွင် ဆီရမ်ရိမြို့ရှိ Siem Reap Angkor အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ပြန်လည်ထွက်ခွာခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား စီရမ်ရိပြည်နယ် အုပ်ချုပ်ရေးမှူး H.E. Mr. Prak Sophoan ၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံအမတ်ကြီးနှင့် တာဝန်ရှိသူများက Siem Reap Angkor အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။
+8
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ကမ္ဘောဒီးယားနိုင်ငံ၏ သမိုင်းဝင် ကမ္ဘာ့အမွေအနှစ် အန်ကောဝပ်ကျောင်းတော်နှင့် Bayon temple သို့ သွားရောက်လေ့လာ
ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်(State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ယနေ့ စက်တင်ဘာ ၁၂ ရက် မွန်းလွဲပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိပြည်နယ်ရှိ ကမ္ဘာ့အမွေအနှစ် အန်ကောဒေသအတွင်းမှ ကမ္ဘာကျော် အန်ကောဝပ်ကျောင်းတော်နှင့် Bayon temple သို့ သွားရောက်၍ ကြည့်ရှုလေ့လာခဲ့သည်။
နိုင်ငံတော်သမ္မတသည် အန်ကောဝပ်ကျောင်းတော်အတွင်းရှိ ရှေးဟောင်းအဆောက်အအုံများ၊ ခမာဗိသုကာလက်ရာများ၊ ကျောက်ဆစ်ပန်းပုနှင့် နံရံပန်းချီ၊ ရုပ်ကြွလက်ရာများကို လှည့်လည် ကြည့်ရှုလေ့လာပြီး ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ထားရှိမှု အခြေအနေများကိုလည်း လေ့လာခဲ့သည်။
+2
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အား ဆီရမ်ရိပြည်နယ် အုပ်ချုပ် ရေးမှူး က ဂုဏ်ပြုနေ့လည်စာဖြင့်တည်ခင်းဧည့်ခံ
#PPIB
Repost from Dr Khaing Khaing Soe
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိပြည်နယ် အုပ်ချုပ်ရေးမှူး Mr. Prak Sophoan က လာရောက်ဂါရဝပြု တွေ့ဆုံ၊ နှစ်နိုင်ငံ ခရီးသွားကဏ္ဍ ပူးပေါင်းတိုးမြှင့်ရေး ဆွေးနွေး
ဆီရမ်ရိ၊ စက်တင်ဘာ ၁၂
ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) အဖြစ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ယနေ့ စက်တင်ဘာ ၁၂ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိပြည်နယ် အုပ်ချုပ်ရေးမှူး Mr. Prak Sophoan က လာရောက်ဂါရဝပြုတွေ့ဆုံ၍ မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံအကြားရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မာစေရေး၊ ခရီးသွားကဏ္ဍ မြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲကောက်နုတ်ချက်များမှာ -
■ နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည့်အချက်များ
ခရီးသွားကဏ္ဍဖွံ့ဖြိုးသည့် ဆီရမ်ရိပြည်နယ်သို့ ပြီးခဲ့သည့်၂၀၂၅ ခုနှစ်အတွင်း ကမ္ဘာလှည့်ခရီးသွား ၁ သန်းခန့် လာရောက်ခဲ့မှုအပေါ် ဝမ်းမြောက်မိပါကြောင်းနှင့် မြန်မာနိုင်ငံရှိ ပုဂံကိုလည်း ဆီရမ်ရိကဲ့သို့ ခရီးသွားကဏ္ဍဖွံ့ဖြိုးစေလိုပါကြောင်း။
ယခုခရီးစဉ်သည် အောင်မြင်သည့်ခရီးစဉ် ဖြစ်ပြီး မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများရှိလာမည်ဖြစ်ပါကြောင်း။
ဆီယမ်ရိမြို့မှာ မြန်မာအလုပ်သမားများ ရောက်ရှိနေသည်ဟုသိရပြီး အဆိုပါ မြန်မာအလုပ်သမား များအား ကမ္ဘောဒီးယားဥပဒေဘောင်အတွင်းမှ စောင့်ရှောက်ပေးရန်နှင့် အလုပ်သမားအခွင့်အရေး အပြည့်အဝရရှိစေရန် မေတ္တာရပ်ခံလိုပါကြောင်း။
■ ဆီရမ်ရိပြည်နယ် အုပ်ချုပ်ရေးမှူး၏ ဆွေးနွေးချက်များ
သမ္မတကြီးအား တွေ့ဆုံဂါရဝပြုခွင့်ရသည့်အတွက် ကျေးဇူးတင်ပါကြောင်း။
သမ္မတကြီး လာရောက်လည်ပတ်သည့်အခါတိုင်းအသစ်အသစ်တွေသာ တွေ့ရမည်ဟု ယုံကြည်ပါ ကြောင်း။
ယမန်နေ့က ဖနွမ်းပင်မြို့သို့ ရောက်ရှိပြီး အကြီးအကဲများနှင့် အောင်မြင်စွာ တွေ့ဆုံရသည်ကို တွေ့ရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း။
သမ္မတကြီး၏ ဆွေးနွေးခဲ့မှုများနှင့် MoU လက်မှတ်ရေးထိုးခဲ့မှုများကို သိရှိရပြီး ၎င်းတို့နှင့်ပတ်သက်၍ ဆက်လက်ပူးပေါင်းအကောင်အထည်ဖော်သွားမည်ဖြစ်ပါကြောင်း။
သမ္မတကြီး ဆက်လက်တိုးတက်အောင်မြင်ပါစေရေး ဆုတောင်းပါကြောင်းဆွေးနွေးခဲ့ကြပါသည်။
+3
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံ ဆီရမ်ရိပြည်နယ် အုပ်ချုပ် ရေးမှူး က ဂါရဝပြုတွေ့ဆုံ
နေပြည်တော်၊ စက်တင်ဘာ - ၁၂
ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိမြိုတွင် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံ ဆီရမ်ရိပြည်နယ်အုပ်ချုပ်ရေးမှူး H.E. Mr. Park Sophoan က ခေတ္တတည်းခိုးရာ ဟိုတယ်၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။
#PPIB
Repost from PPIB.Official
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဖနောင်ပင်မြို့ရှိ၊ Preah Sihamonirajaဗုဒ္ဓတက္ကသိုလ်သို့သွားရောက်၍ကျောင်းထိုင်ဆရာတော်အားဖူးမြော်ကြည်ညို ခဲ့သည့်မှတ်တမ်း
PPIB Links
Youtube | Tiktok | Telegram | Website | X(Twitter)
+7
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ ဆီရမ်ရိမြို့အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိ
#PPIB
+4
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ Techo အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဆီရမ်ရိမြို့သို့ ဆက်လက်ထွက်ခွာ
#PPIB
+3
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသံရုံးတည်ဆောက်မည့် မြေနေရာအားသွားရောက်ကြည့်ရှုစစ်ဆေး
#PPIB
Repost from PPIB.Official
+5
ပြည်ည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကမ္ဘောဒီးယားနိုင်ငံ ဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံး မိသားစုများ၊ ပညာတော်သင် သင်တန်းသားများအား တွေ့ဆုံအမှာစကား ပြောကြား
နေပြည်တော်၊ စက်တင်ဘာ - ၁၂
ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်သည်အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့ နံနက်ပိုင်းတွင် ဖနောင်ပင်မြို့ရှိ၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ သံရုံး၊ စစ်သံရုံး မိသားစုများ၊ ပညာတော်သင် သင်တန်းသားများအား ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၌ တွေ့ဆုံအမှာစကား ပြောကြားသည်။
PPIB Links
Youtube | Tiktok | Telegram | Website | X(Twitter)
Repost from PPIB.Official
+3
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဖနောင်ပင်မြို့ရှိ၊ Preah Sihamonirajaဗုဒ္ဓတက္ကသိုလ်သို့သွားရောက်၍ကျောင်းထိုင်ဆရာတော်အားဖူးမြော်ကြည်ညို
နေပြည်တော်၊ စက်တင်ဘာ - ၁၂
ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့တွင် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင် သည့်မြန်မာအဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ ဒေသစံတော်ချိန် နံနက် ၈ နာရီ ၁၅ မိနစ်တွင် Preah Sihamoniraja ဗုဒ္ဓ တက္ကသိုလ်သို့ သွားရောက်၍ ကျောင်း ထိုင်ဆရာတော် Samdech Preah Abhisiri Sugandha Mohasangharajah Dhipiti BOUR KRY အားသွားရောက်ဖူးမြော်ကြည်ညိုသည်။
PPIB Links
Youtube | Tiktok | Telegram | Website | X(Twitter)
+6
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ရှိ မြန်မာသံရုံး၊ စစ်သံရုံးတို့မှဝန်ထမ်းများ၊ မိသားစုဝင်များနှင့် ပညာတော်သင်များအား တွေ့ဆုံအမှာစကားပြောကြား
ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်(State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ယနေ့ စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးမှ သံအမတ်ကြီးနှင့်သံရုံးဝန်ထမ်းများ၊ မိသားစုဝင်များနှင့် ပညာတော်သင်များအား ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့၌ တွေ့ဆုံ၍ ဩဝါဒစကား ပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာကြသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံအမတ်ကြီးနှင့်သံရုံးဝန်ထမ်းများ၊ မိသားစုဝင်များနှင့် ပညာတော်သင်များ တက်ရောက်ကြသည်။
#HOS
+6
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ရှိ Preah Sihamoniraja ဗုဒ္ဓတက္ကသိုလ်သို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညို
ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်(State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ယနေ့ စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ရှိ Preah Sihamoniraja ဗုဒ္ဓတက္ကသိုလ်သို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညိုခဲ့သည်။
#HOS
Repost from Dr Khaing Khaing Soe
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက် ဟွန်မာနက် တွေ့ဆုံ၊ နှစ်နိုင်ငံ ဘက်စုံပူးပေါင်းဆောင်ရွက်မှုနှင့် မိတ်ဖက်ဆက်ဆံရေး တိုးမြှင့်ရေး ဆွေးနွေး
ဖနောင်ပင်၊ စက်တင်ဘာ ၁၁
ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက် ဟွန်မာနက်နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရေး၊ ကာကွယ်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ MSME၊ ခရီးသွားလုပ်ငန်း၊ သာသနာရေး၊ ပညာရေး၊ အလုပ်သမားရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး၊ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က —
• မြန်မာ-ကမ္ဘောဒီးယား သံတမန်ဆက်ဆံရေး ၇၁ နှစ်တာကို အခြေခံ၍ နှစ်နိုင်ငံဆက်ဆံရေး တစ်ဆင့်တိုးမြှင့်ရန်နှင့် JCBC အစည်းအဝေးများ ပြန်လည်အသက်သွင်းရန် လိုအပ်ကြောင်း။
• တပ်မတော်နှစ်ရပ်အကြား အဆင့်အသီးသီး ချစ်ကြည်ရေးခရီးစဉ်များနှင့် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လိုကြောင်း။
• ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ရန်နှင့် MSME ကဏ္ဍတွင် ကမ္ဘောဒီးယား နိုင်ငံနှင့် အတွေ့အကြုံများ မျှဝေဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
• ပုဂံ-ဆီရမ်ရိ ညီအစ်မမြို့ဆက်ဆံရေးနှင့် တိုက်ရိုက်လေကြောင်းခရီးစဉ်များကို အခြေခံ၍ “Two Countries, One Destination” ခရီးသွားအစီအစဉ် မြှင့်တင်လိုကြောင်း။
• မာရဝိဇယဗုဒ္ဓရုပ်ပွားတော် ပရိဝုဏ်အတွင်း ကမ္ဘောဒီးယားဘုန်းတော်ကြီးကျောင်း တည်ဆောက်နိုင်ရေး မြေနေရာငှားရမ်းပေးရန် ကမ်းလှမ်းပြီး သာသနာရေးနှင့် ပညာရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်မည်ဖြစ်ကြောင်း။
• ကမ္ဘောဒီးယားနိုင်ငံ၌ အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများ၏ အခွင့်အရေးနှင့် အကာအကွယ်ရရှိရေး ပူးပေါင်းဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း။
• အာဆီယံအတွင်း မြန်မာနိုင်ငံ၏ မူလအခွင့်အရေးနှင့် အခန်းကဏ္ဍများ ပြန်လည်ရရှိရေး၊ ကုလသမဂ္ဂနှင့် ILO ဆိုင်ရာကိစ္စများတွင် ကမ္ဘောဒီးယား နိုင်ငံမှ ဆက်လက်ထောက်ခံပေးစေလိုကြောင်း။
• အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုနှင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကို Zero Tolerance မူဝါဒဖြင့် သတင်းအချက်အလက်မျှဝေကာ ပူးပေါင်းတိုက်ဖျက်သွားလိုကြောင်း။
• မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှု၊ တည်ငြိမ်အေးချမ်းရေး၊ ဖက်ဒရယ်စနစ်အခြေခံ ပြည်ထောင်စုတည်ဆောက်ရေးနှင့် NCA မူဘောင်အတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက်လက်ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက် ဟွန်မာနက်က —
• မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးနှင့် နိုင်ငံတကာနှင့် ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုများကို ကြိုဆိုကြောင်း။
• မြန်မာ-အာဆီယံ ဆက်ဆံရေး ပုံမှန်အခြေအနေ ပြန်လည်ရရှိရေးအတွက် ကမ္ဘောဒီးယားက ဆက်လက်ထောက်ခံကြိုးပမ်းမည်ဖြစ်ပြီး မြန်မာ့အရေးကို မြန်မာနည်း မြန်မာ့ဟန်ဖြင့် ဖြေရှင်းမှု အား ထောက်ခံကြောင်း။
• အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေး၊ အလုပ်သမားများ ပြန်လည်စေလွှတ်ရေးနှင့် ဒေသတွင်းနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားမည် ဖြစ်ကြောင်း။
• တပ်မတော်နှစ်ရပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်ရေး မူဘောင်တစ်ရပ် တည်ဆောက်သွားမည်ဖြစ်ကြောင်း။
• ကုန်သွယ်ရေး၊ MSME၊ E-Government၊ တိုက်ရိုက်လေကြောင်းခရီးစဉ်၊ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်မည် ဖြစ်ကြောင်း။
• ကမ္ဘောဒီးယား-ထိုင်း နယ်စပ်အရေးကို အာဆီယံမိတ်ဖက်နိုင်ငံများ၏ ထောက်ခံမှုဖြင့် ငြိမ်းချမ်းစွာဖြေရှင်းသွားမည်ဖြစ်ကြောင်း။
• M-15 တွင် ဓာတ်ငွေ့သိုက်အသစ်တွေ့ရှိမှု၊ ဓာတ်ငွေ့ပို့ဆောင်ရေးနှင့် LNG စက်ရုံတည်ဆောက်ရေး အပါအဝင် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆက်လက်ဆွေးနွေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
Repost from Dr Khaing Khaing Soe
■ ကမ္ဘောဒီးယားအမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၏ ဆွေးနွေးချက်များ
မြန်မာ-ကမ္ဘောဒီးယား သံတမန်ဆက်ဆံရေး (၇၁)နှစ် တိုင်ခဲ့ပြီဖြစ်ကာ ရှိရင်းစွဲဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်လိုပါကြောင်း။
အမျိုးသမီးကဏ္ဍ ပြန်လည်မြှင့်တင်ဖော်ဆောင်ပေးသည့်အတွက် ချီးကျူးပါကြောင်းနှင့် နိုင်ငံများတွင် အမျိုးသမီးဦးရေ များပြားလေ့ရှိရာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုတွင် အမျိုးသမီးကဏ္ဍ ယခုကဲ့သို့ မြှင့်တင်ရန် လိုအပ်ပါကြောင်း။
မြန်မာ-ကမ္ဘောဒီးယားလွှတ်တော်ကိုယ်စားလှယ်များ ချစ်ခင်ရင်းနှီးစွာဖြင့် အတွေ့အကြုံများ ဖလှယ်သွား မည်ဖြစ်ပါကြောင်း။
ဝန်ကြီးချုပ်နှင့် တွေ့ဆုံခဲ့စဉ် MoU (၄)ခု လက်မှတ်ရေးထိုးနိုင်ခဲ့သည့်အတွက် များစွာဝမ်းသာမိပါကြောင်း။
ဗုဒ္ဓတက္ကသိုလ်များမှာ လာရောက်ပညာသင်ကြားဖို့ ဖိတ်ကြားခဲ့သည်ကို ကျေးဇူးတင်ပါကြောင်းနှင့် MoU (၄) ခုတွင် ယဉ်ကျေးမှုကဏ္ဍလည်း ပါဝင်သည့်အတွက် ယဉ်ကျေးမှုကဏ္ဍကို ပိုမိုတိုးမြှင့်သွားမည်ဖြစ်ပါ ကြောင်း။
အပြန်အလှန်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဖွံ့ဖြိုးမှုကို အထောက်အကူပြုစေပြီး အပြန်အလှန်ခရီးစဉ်များ ကလည်း ရင်းနှီးမှုကို ပိုမိုတိုးတက်စေသည့်အတွက် နှစ်နိုင်ငံကြား လွှတ်တော်ကိုယ်စားလှယ်များ အပြန်အလှန် ချစ်ကြည်ရေးခရီးစဉ်များ စီစဉ်သွားစေလိုကြောင်း။
ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် ဆုမွန်ကောင်းတောင်းပါကြောင်းနှင့် လွှတ်တော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်ပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
လွှတ်တော်တွင် ဒေသတွင်းကိစ္စရပ်များ၊ စီးပွားရေးဆိုင်ရာကိစ္စရပ်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကိစ္စရပ်များနှင့် ရာသီဥတုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးလေ့ရှိပြီး မြန်မာလွှတ်တော်တွင် ကျင့်သုံးနေ သည့် စနစ်များနှင့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ စီမံဆောင်ရွက်ချက်များကို မျှဝေပေးစေလို ပါကြောင်း။
ထို့ပြင် နှစ်နိုင်ငံ လွှတ်တော်မှ လူငယ်ကိုယ်စားလှယ်များကို ထိတွေ့ဆက်ဆံပေးလိုကြောင်း၊ အပြန်အလှန် တွေ့ဆုံပွဲများ၊ ချစ်ကြည်ရေးခရီးစဉ်များ လိုအပ်ပါကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့ပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့မှုအပေါ် ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့ပါသည်။
