es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete 👈

Our President 🇲🇲

Our President 🇲🇲

Ir al canal en Telegram

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို ချစ်ခင်လေးစား၍သမ္မတကြီးရဲ့သတင်းများ၊အမိန့်၊ညွှန်ကြားချက်၊သဝဏ်လွှာများ၊မိန့်ခွန်းကောက်နှုတ်ချက်များကို ဖော်ပြပေးသွားမည်။

Mostrar más
El país no está especificadoLa categoría no está especificada
216
Suscriptores
Sin datos24 horas
+27 días
-230 días
Archivo de publicaciones
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Samdech KHUON Sudary နှင့် တွေ့ဆုံ၊ လွှတ်တော
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Samdech KHUON Sudary နှင့် တွေ့ဆုံ၊ လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုနှင့် နှစ်နိုင်ငံစီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး ဆွေးနွေး ဖနွမ်းပင်၊ စက်တင်ဘာ ၁၁ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) အဖြစ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၁၁ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Samdech KHUON Sudary နှင့် တွေ့ဆုံ၍ မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မာစေရေး၊ လွှတ်တော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် အတွေ့အကြုံ ဖလှယ်မှု တိုးမြှင့်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးတက်စေရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများ၌ အပြန်အလှန်ထောက်ခံပံ့ပိုးရေးတိုကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ ကြပါသည်။ ဆွေးနွေးပွဲကောက်နုတ်ချက်များမှာ - ■ နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည့်အချက်များ မြန်မာ-ကမ္ဘောဒီးယား ၇၁ နှစ်ကြာ သံတမန်ဆက်ဆံရေးကို အခြေပြု၍ အစိုးရ၊ လွှတ်တော်နှင့် ပြည်သူချင်းဆက်ဆံရေး ပိုမိုခိုင်မာအားကောင်းစေရန်နှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားလိုပါကြောင်း။   နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်မှုပမာဏ တိုးမြှင့်လုပ်ဆောင်သွားလိုပြီး ကမ္ဘောဒီးယားနိုင်ငံ၏ အောင်မြင်မှုရရှိနေသည့် MSMEs လုပ်ငန်းနှင့် ပတ်သက်၍ အတွေ့အကြုံကောင်းများကို မျှဝေပေးစေ လိုပါကြောင်း။ မြန်မာနိုင်ငံတွင် ပြည်သူလူထုက ရွေးချယ်တင်မြောက်သည့် အစိုးရသစ် ပေါ်ပေါက်လာပြီး လွှတ်တော် များလည်း ပြန်လည်စတင်နေသည့်အတွက် ကမ္ဘောဒီးယားနိုင်ငံ၊ အမျိုးသားလွှတ်တော်၏ ဥပဒေပြု ရေးနှင့် ကြီးကြပ်ရေးဆိုင်ရာ အတွေ့အကြုံများကို မျှဝေပေးစေပြီး နှစ်နိုင်ငံလွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လိုပါကြောင်း။ နိုင်ငံတကာဆက်ဆံရေးတွင် ဘက်မျှပြီး ဟန်ချက်ညီသည့် ဆက်ဆံရေး တည်ဆောက်သွားမှာဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ဆက်ဆံရေးကောင်းမွန်မှုကို အလေးထားပါကြောင်း။ မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် CLMV ၊ ACMECS နဲ့ BIMSTEC တို့ကဲ့သို့ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုယန္တရားများတွင် အပြည့်အဝပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း။   အာဆီယံ ထုတ်ပြန်ချက် ၅ ရပ်နှင့် ပတ်သက်၍ လွှတ်တော်တွင် ကန့်ကွက်ထောက်ပြလာခဲ့မှုအပေါ် ရွေးကောက်ခံအစိုးရအနေဖြင့် လွှတ်တော်နှင့် ပြည်သူလူထု၏ ဆန္ဒများကို လစ်လျူရှုရန်ခက်ခဲပါ ကြောင်း။   မြန်မာနိုင်ငံအနေဖြင့် အာဆီယံတွင် မူလအခြေအနေအတိုင်း ပြန်လည်ပါဝင်နိုင်ရေးနှင့် ကုလသမဂ္ဂတွင် လည်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ၏ အခွင့်အရေးများ အပြည့်အဝပြန်လည်ရရှိရေးအတွက် ကြိုးပမ်း သွားမည် ဖြစ်ပါကြောင်း။ (၁၁၄)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံ(ILO)တွင် မြန်မာနိုင်ငံဘက်မှ ထောက်ခံပေးခဲ့သည့်အတွက် ကမ္ဘောဒီးယားနိုင်ငံကို ကျေးဇူးတင်ရှိပါကြောင်း။   မြန်မာနိုင်ငံတွင် ပထမဦးဆုံး အမျိုးသမီး ဒုတိယသမ္မတကို ပထမဆုံးအကြိမ် ခန့်အပ်နိုင်ပြီဖြစ်ကာ အမျိုးသမီးရေးရာဝန်ကြီးဌာနကိုလည်း သီးခြားဖွဲ့စည်းဆောင်ရွက်ထားခဲ့ပြီး နိုင်ငံတည်ဆောက်ရေး လုပ်ငန်းရပ်များ၌ အမျိုးသမီးများ၏အခန်းကဏ္ဍကို မြှင့်တင်ပေးလျက်ရှိပါကြောင်း။ နိုင်ငံတော်အစိုးရအနေဖြင့်           ပြည်သူများ၏ လူမှုစီးပွားဘဝ မြှင့်တင်ရန်အတွက် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးနေကြောင်းနှင့် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍လည်း တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)လမ်းကြောင်းအတိုင်း အဓိကထား ဆောင်ရွက်လျက် ရှိပါကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့ပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအား မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ရန် ဖိတ်ကြားခဲ့ပါသည်။

ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲဆမ်ဒက် ဟွန်ဆင်က —   •     မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံ၏ ၇၁ နှစ်ကြာ ချစ်ကြည်ဆက်ဆံရေးနှင့် ယုံကြည်မှုကို အခြေခံ၍ ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရန် တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း   •     မိမိတို့ ကမ္ဘောဒီးယားအစိုးရကိုလည်း ယခင်က ပြည်ပနိုင်ငံများက အသိအမှတ် မပြုသည်များ ရှိခဲ့သော်လည်း ကိုယ်လုပ်ရမဲ့အလုပ်ကိုသာ လုပ်ခဲ့ကြောင်း၊ မိမိပြည်သူကသာ အရေးကြီးကြောင်း   •     မြန်မာအစိုးရအနေဖြင့်လည်း ပြည်သူက ရွေးချယ်တင်မြှောက် ထားခြင်းဖြစ်၍အခြားနိုင်ငံများမှ အသိအမှတ် ပြုခြင်း မပြုခြင်းသည် အရေးမကြီးပဲ ပြည်သူအတွက် အလုပ်လုပ်နေရန်သာလိုကြောင်း   • နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန်၊ မြန်မာစီးပွားရေးလုပ်ငန်းရှင်များ ကမ္ဘောဒီးယားတွင် ရင်းနှီးမြှုပ်နှံရန်နှင့် မြန်မာနိုင်ငံမှတစ်ဆင့် အိန္ဒိယသို့ ကုန်သွယ်ရေးလမ်းကြောင်း ချိတ်ဆက်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း   ကမ္ဘောဒီးယားဘုန်းတော်ကြီးများအား မြန်မာနိုင်ငံက ဗုဒ္ဓကျမ်းဂန်စာပေ သင်ကြားပို့ချပေးမှုနှင့် သာသနာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအတွက် ကျေးဇူးတင်ရှိကြောင်း   • အာဆီယံဘုံသဘောတူညီချက် ၅ ရပ်အပေါ် ကမ္ဘောဒီးယား၏ ရပ်တည်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံအစိုးရသည်ရွေးကောက်ပွဲမှရွေးကောက်တင်မြှောက်သည့်တရားဝင်အစိုးရဖြစ်ပြီး မြန်မာနိုင်ငံကို အာဆီယံမှ ဖယ်ကျဉ်ထားခြင်းကို လက်မခံကြောင်း   • လွှတ်တော်နှင့် နိုင်ငံရေးပါတီများအကြား ဆက်ဆံရေး၊ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုနှင့် ကမ္ဘောဒီးယား-ထိုင်း နယ်စပ်တည်ငြိမ်ရေးတို့နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော် အကြီးအကဲ ဆမ်ဒက် ဟွန်ဆင် တွေ့ဆုံ၊ နှစ်နိုင်ငံဆက်ဆ
+1
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော် အကြီးအကဲ ဆမ်ဒက် ဟွန်ဆင် တွေ့ဆုံ၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် ဘက်စုံပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေး   ဖနောင်ပင်၊ စက်တင်ဘာ ၁၁   ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲနှင့် အထက်လွှတ်တော် (ဆီးနိတ်) ဥက္ကဋ္ဌ ဆမ်ဒက် ဟွန်ဆင်နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံဆက်ဆံရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ဒေသတွင်းချိတ်ဆက်မှုနှင့် အာဆီယံဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။   နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က —   •     ဖနွမ်းပင်မြို့၏ အံ့ဩဖွယ်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကမ္ဘောဒီးယားနိုင်ငံ၏ သာယာမှုကို တွေ့ရှိရပြီး ယခုလို နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ကြိုးစား ဆောင်ရွက်မှုများအတွက် ချီးကျူးဂုဏ်ယူပါကြောင်း   •     ၇၁ နှစ်ကြာ မြန်မာ-ကမ္ဘောဒီးယား ချစ်ကြည်ဆက်ဆံရေးကို ဆက်လက်တိုးမြှင့်ရန်နှင့် ကမ္ဘောဒီးယား၏ Win-Win Policy ဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်နိုင်မှုကို အတုယူလေးစားကြောင်း   • နိုင်ငံရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်၊ JCBC ယန္တရား ပြန်လည်စတင်ရန်နှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း   •     မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများနှင့် ပတ်သတ်၍ ၂၀၂၅ ခုနှစ်၌ ကျင်းပခဲ့သည့်လွတ်လပ်ပြီး တရားမျှတသည့် အထွေထွေရွေးကောက်ပွဲတွင် မဲပေးသူများမှ စောဒက တက်သူမရှိဘဲ ဒီမိုကရေစီနည်းလမ်းတကျ ရွေးချယ်တင်မြောက်ခဲ့သည့် လွှတ်တော်နှင့် အစိုးရထွက်ပေါ်လာပြီး တာဝန်ယူခဲ့သည်မှာ (၆) လ ရှိပြီဖြစ်ပါကြောင်း   •     အခုအခါ အာဆီယံထုတ်ပြန်ချက် ၅ ရပ်နှင့် ပတ်သတ်ပြီး လွှတ်တော်မှာ ကန့်ကွက်ထောက်ပြလာသည့်အတွက် ရွေးကောက်ခံအစိုးရအနေဖြင့် လွှတ်တော်နှင့် ပြည်သူလူထု၏ဆန္ဒကို လျစ်လျူရှုရန်ခက်ခဲပါကြောင်း   •     နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရန်နှင့် ကမ္ဘောဒီးယား စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံ၌ ပိုမိုရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ပါ​ကြောင်း   • ကမ္ဘောဒီးယား-ထိုင်း နှစ်နိုင်ငံနယ်စပ်အရေးကို  အိမ်နီးချင်းကောင်းစိတ်ဓာတ်နှင့် သံတမန်နည်းလမ်းဖြင့် ငြိမ်းချမ်းစွာဖြေရှင်းနိုင်မည်ဟု မျှော်လင့်​ပါကြောင်း   •     နှစ်နိုင်ငံလွှတ်တော်များအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်နှင့် သာသနာတော် ပိုမိုပြန့်ပွားရေးအတွက် နှစ်နိုင်ငံပူးပေါင်း မြှင့်တင်သွားမည်ဖြစ်ကြောင်း   •     ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်သည် မဟာမဲခေါင်ဒေသခွဲ စီးပွားရေးစင်္ကြံ၏ တောင်ဘက်ခြမ်းစီးပွားရေးစင်္ကြံဖြစ်တဲ့ မြန်မာ(ထားဝယ်)-ဗန်ကောက်-ဖနွမ်းပင်-ဗီယက်နမ်(ဟိုချီမင်း) နှင့် ချိတ်ဆက်နိုင်မည့်ဖြစ်တာကြောင့် ဒေသတွင်းအရေးပါသည့် မဟာဗျူဟာမြောက်စီမံကိန်းဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံအတွက် Bay of Bangal သို့ မဟာဗျူမြောက်အနောက်ဘက်ထွက်ပေါက်ဖြစ်လာမှာဖြစ်ကြောင်း   • ASEAN၊ မဲခေါင်-လန်ချန်း၊ CLMV၊ ACMECS နှင့် မဲခေါင်ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအပြင် စိုက်ပျိုးမွေးမြူရေးနည်းပညာနှင့် စက်မှုလယ်ယာကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လိုကြောင်း ပြောကြားခဲ့ပါသည်။

မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ - နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက်ဟွန်မာနက် နှင့် ငြိမ်းချမ်းရေးနန်းတော်၌ တွေ့ဆုံဆွေးနွေး - ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ရုံး (Peace Palace)၌ မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား သဘောတူစာချုပ်နှင့် နားလည်မှုစာချွန်လွှာ လေးခု လက်မှတ်ရေးထိုး - ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Samdech KHUON Sudary နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး #PPIB

မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ချစ်ကြည်ရေး ပိုမိုခိုင်မာတိုးတက်လာမည်ဟု ယုံကြည်ကြောင်း ကမ္ဘောဒီးယား အမျိုးသားလွှတ်တော်ဥက
မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ချစ်ကြည်ရေး ပိုမိုခိုင်မာတိုးတက်လာမည်ဟု ယုံကြည်ကြောင်း ကမ္ဘောဒီးယား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ပြောကြား ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၁၁ ရက် ညနေပိုင်းတွင် ဖနောင်ပင်မြို့ရှိ ကမ္ဘောဒီးယား အမျိုးသားလွှတ်တော်သို့ သွားရောက်ပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Samdech KHUON Sudary နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ တွေ့ဆုံစဉ် မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာတိုးတက်စေရေး၊ နှစ်နိုင်ငံလွှတ်တော်များအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်။ ကမ္ဘောဒီးယား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ကမ္ဘောဒီးယားနိုင်ငံခရီးစဉ်ကို နွေးထွေးစွာကြိုဆိုပြီး ယခုခရီးစဉ်မှတစ်ဆင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရေးနှင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာတိုးတက်လာမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ #Our

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၊ကမ္ဘောဒီးယားနိုင်ငံ ဘုရင် မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ ကိုယ်စား ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲနှင့် အထက်လွှတ်တော်(ဆီးနိတ်) ဥက္ကဋ္ဌ ဆမ်ဒက်ဟွန်ဆင်နှင့်တွေ့ဆုံဆွေးနွေးသည့်မှတ်တမ်း #PPIB

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ခမည်းတော်ဘုရင် Preah Borom Ratanak Kaudh ကျေ
+1
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ခမည်းတော်ဘုရင် Preah Borom Ratanak Kaudh ကျောက်တိုင်သို့ရောက်ရှိ၊ လွမ်းသူ့ပန်းခွေချ ဖနွမ်းပင်၊ စက်တင်ဘာ ၁၁ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်(State Visit)အဖြစ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၁၁ ရက် မွန်းလွဲပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ရှိ ခမည်းတော်ဘုရင် Preah Borom Ratanak Kaudh ကျောက်တိုင်သို့ရောက်ရှိကာ လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့သည်။   အဆိုပါ ခမည်းတော်ဘုရင် Preah Borom Ratanak Kaudh ကျောက်တိုင်သည် ဖနွမ်းပင်မြို့၊ လွတ်လပ်ရေးကျောက်တိုင်၏ အရှေ့ဘက်ပန်းခြံအတွင်း တည်ရှိပြီး ကမ္ဘောဒီးယားနိုင်ငံ၏ လွတ်လပ်ရေး ဖခင်ကြီးဖြစ်သူ ခမည်းတော်ဘုရင် နိရောဒ္ဓမ် သီဟနု (Norodom Sihanouk)ကို ဂုဏ်ပြု တည်ဆောက် ထားသည့် ထင်ရှားသော အထိမ်းအမှတ်နေရာ ဖြစ်ပါသည်။   နှစ်စဉ် ခမည်းတော်ဘုရင်ကြီး ကွယ်လွန်သည့်နေ့နှင့် လွတ်လပ်ရေးနေ့တို့တွင် အဆိုပါကျောက်တိုင်၌ နိုင်ငံတော်အဆင့် အခမ်းအနားများ၊ ဂါရဝပြုပွဲများကို ကျင်းပလေ့ရှိပါသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ကမ္ဘောဒီးယားနိုင်ငံရှိ လွတ်လပ်ရေးကျောက်တိုင်
+1
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ကမ္ဘောဒီးယားနိုင်ငံရှိ လွတ်လပ်ရေးကျောက်တိုင်သို့ရောက်ရှိ၊ လွမ်းသူ့ပန်းခွေချ ဖနွမ်းပင်၊ စက်တင်ဘာ ၁၁ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်(State Visit)အဖြစ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၁၁ ရက် မွန်းလွဲပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ရှိ လွတ်လပ်ရေးကျောက်တိုင်သို့ ရောက်ရှိကာ လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့သည်။   အဆိုပါ လွတ်လပ်ရေးကျောက်တိုင်သည် ဖနွမ်းပင်မြို့လယ်တွင် တည်ရှိပြီး ကမ္ဘောဒီးယားနိုင်ငံ လွတ်လပ်ရေးရရှိခဲ့ခြင်းကို ဂုဏ်ပြုသောအားဖြင့် ၁၉၅၈ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၁၉၆၂ ခုနှစ်၌ ဖွင့်လှစ်ခဲ့သည့် အထင်ကရနေရာတစ်ခုဖြစ်ပါသည်။   နိုင်ငံ၏လွတ်လပ်ရေးနေ့နှင့် အထိမ်းအမှတ်နေ့ရက်များတွင် ကမ္ဘောဒီးယားနိုင်ငံ့ခေါင်းဆောင်များက ကျောက်တိုင်အတွင်း၌ လွတ်လပ်ရေးမီးရှူးတိုင် ထွန်းညှိလေ့ရှိပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတအား ကမ္ဘောဒီးယားနိုင်ငံမှ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် နွေးထွေးစွာ ကြိုဆိုဂုဏ်ပြု ဖန
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတအား ကမ္ဘောဒီးယားနိုင်ငံမှ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် နွေးထွေးစွာ ကြိုဆိုဂုဏ်ပြု ဖနွမ်းပင်၊ စက်တင်ဘာ ၁၁ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit)အဖြစ် ရောက်ရှိလာသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ယနေ့ စက်တင်ဘာ ၁၁ ရက်တွင် ဖနွမ်းပင်မြို့၊ Techo အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကမ္ဘောဒီးယားနိုင်ငံမှ အဆင့်မြင့်တာဝန်ရှိသူများက နွေးထွေးလှိုက်လှဲစွာ ဂုဏ်ပြုတပ်ဖွဲဖြင့် ကြိုဆိုဂုဏ်ပြုခဲ့ပါသည်။ နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ စီးနင်းလိုက်ပါလာသည့် အထူးလေယာဉ်သည် Techo အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်လာရာ ကမ္ဘောဒီးယားနိုင်ငံမှ အဆင့်မြင့်တာဝန်ရှိသူများ၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် သံရုံး တာဝန်ရှိသူများ၊ စစ်သံမှူးနှင့် စစ်သံရုံးမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြပါသည်။ နိုင်ငံတော်သမ္မတ လေယာဉ်ပေါ်မှ ဆင်းသက်လာချိန်တွင် ကမ္ဘောဒီးယားနိုင်ငံမှ အဆင့်မြင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး နှစ်နိုင်ငံမှ တာဝန်ရှိသူများနှင့် မိတ်ဆက်ပေးခဲ့ကြပါသည်။ မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် အစဉ်အလာအားဖြင့် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေး ရှိသည့် အာဆီယံမိတ်ဖက်နိုင်ငံများဖြစ်ကြပြီး နှစ်နိုင်ငံအကြား နိုင်ငံရေးနှင့် သံတမန်ဆက်ဆံရေး သာမက ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ကာကွယ်ရေးနှင့် လုံခြုံရေး၊ စိုက်ပျိုးရေး၊ စွမ်းအင်၊ ခရီးသွားလုပ်ငန်း၊ ပညာရေးနှင့် ယဉ်ကျေးမှုအပါအဝင် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးတက်လျက်ရှိပါသည်။ နိုင်ငံတော်သမ္မတ၏ ယခုခရီးစဉ်သည် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်ယုံကြည်မှုတို့ကို ပိုမိုခိုင်မာစေပြီး နှစ်နိုင်ငံအကြား ဘက်စုံ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိင်းစွာ တိုးမြှင့်ဖော်ဆောင်နိုင်ရေးအတွက် အရေးပါသည့် နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်တစ်ရပ်ဖြစ်ပါသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် စတင်ထွက်ခွာ နေပြည်တော်၊ စက်တင်
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် စတင်ထွက်ခွာ   နေပြည်တော်၊ စက်တင်ဘာ ၁၁   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) သွားရောက်ရန် ယနေ့ စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် စတင်ထွက်ခွာခဲ့ပါသည်။   နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား တပ်မတော်လေဆိပ်၌ ပြည်ထောင်စုအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံရုံးမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြပါသည်။   ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် ကမ္ဘောဒီးယားနိုင်ငံ၏ အထက်လွှတ်တော်ဥက္ကဋ္ဌ (ခေတ္တနိုင်ငံတော်အကြီးအကဲ)နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအဆင့်မြင့်ဆွေးနွေးပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်၊ ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နှင့်လည်း သီးခြားတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ပါသည်။   အဆိုပါတွေ့ဆုံဆွေးနွေးမှုများတွင် မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား အစဉ်အလာရှိသည့် ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးနှင့် အပြန်အလှန်ယုံကြည်မှု ပိုမိုခိုင်မာစေရေး၊ နှစ်နိုင်ငံအစိုးရများနှင့် လွှတ်တော်များအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေး၊ စက်မှုနှင့် နည်းပညာ၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်းအကြား ထိတွေ့ဆက်ဆံမှုအပါအဝင် အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်မည့် ကဏ္ဍများကို အမြင်ချင်းဖလှယ် ဆွေးနွေးသွားမည်ဖြစ်ပါသည်။ ထို့ပြင် နိုင်ငံတော်သမ္မတသည် ကမ္ဘောဒီးယားနိုင်ငံရှိ အထင်ကရနေရာများနှင့် ရှေးဟောင်းဘုရားများကို  လေ့လာဖူးမြော်သွားမည်ဖြစ်ပါသည်။ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ အဆင့်မြင့်အစိုးရတာဝန်ရှိသူများနှင့် သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါသွားပါသည်။

Our President

မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား သဘောတူစာချုပ်နှင့် နားလည်မှုစာချွန်လွှာ လေးခု လက်မှတ်ရေးထိုး လက်မှတ်ရေးထိုးပွဲကို ကမ္ဘော
+3
မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား သဘောတူစာချုပ်နှင့် နားလည်မှုစာချွန်လွှာ လေးခု လက်မှတ်ရေးထိုး လက်မှတ်ရေးထိုးပွဲကို ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ရုံး (Peace Palace) ရှိ Malis Room ၌ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်တို့ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် နှစ်နိုင်ငံမှ သက်ဆိုင်ရာတာဝန်ရှိသူများက သဘောတူစာချုပ်နှင့် နားလည်မှုစာချွန်လွှာ လေးခုကို လက်မှတ်ရေးထိုး၍ အပြန်အလှန်လဲလှယ်ခဲ့ကြသည်။ #PPIB #Our

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ Samdech KHUON Sudary နှင့်
+6
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ Samdech KHUON Sudary နှင့် တွေ့ဆုံဆွေးနွေး ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်(State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Samdech KHUON Sudary နှင့် ယနေ့ စက်တင်ဘာ ၁၁ ရက် ညနေပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားလွှတ်တော်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ #HOS

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက်ဟွန်မာနက်နှင့် တွေ့ဆုံဆွေးနွေး ကမ္ဘ
+8
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက်ဟွန်မာနက်နှင့် တွေ့ဆုံဆွေးနွေး ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်(State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက်ဟွန်မာနက်နှင့် ယနေ့ စက်တင်ဘာ ၁၁ ရက် မွန်းလွဲပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ငြိမ်းချမ်းရေးနန်းတော်၌ တွေ့ဆုံဆွေးနွေးသည်။   အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ကမ္ဘောဒီးယားနိုင်ငံဘက်မှ ဝန်ကြီးချုပ်နှင့်အတူ တာဝန်ရှိသူများ တက်ရောက်ကြသည်။ #HOS

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပ
+7
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ရှိ လွတ်လပ်ရေးကျောက်တိုင်၌ လွမ်းသူ့ပန်းခွေချအလေးပြု ကမ္ဘောဒီးယားနိုင်ငံသို နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်(State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲသည် ယနေ့ စက်တင်ဘာ ၁၁ ရက် မွန်းလွဲပိုင်းတွင် ဖနွမ်းပင်မြို့ရှိ လွတ်လပ်ရေးကျောက်တိုင်၌  လွမ်းသူ့ပန်းခွေချ အလေးပြုသည်။ #PPIB

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတအား ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒ
+5
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတအား ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ ကိုယ်စား ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲနှင့် အထက်လွှတ်တော်(ဆီးနိတ်)ဥက္ကဋ္ဌ ဆမ်ဒက်ဟွန်ဆင်က ဂုဏ်ပြုနေ့လယ်စာစားပွဲဖြင့် တည်ခင်းဧည့်ခံ ကမ္ဘောဒီးယားနိုင်ငံသို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲသည် ယနေ့ စက်တင်ဘာ ၁၁ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲနှင့် အထက်လွှတ်တော် (ဆီးနိတ်) ဥက္ကဋ္ဌက တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုနေ့လည်စာစားပွဲသို တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲနှင့် အထက်လွှတ်တော် (ဆီးနိတ်) ဥက္ကဋ္ဌက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်က မိန့်ခွန်း နှင့် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ဂုဏ်ပြုနေ့လည်စာကို အတူတကွ သုံးဆောင်ခဲ့ကြသည်။ #PPIB

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၊ကမ္ဘောဒီးယားနိုင်ငံ ဘုရင် မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ်
+6
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၊ကမ္ဘောဒီးယားနိုင်ငံ ဘုရင် မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ ကိုယ်စား ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲနှင့် အထက်လွှတ်တော်(ဆီးနိတ်) ဥက္ကဋ္ဌ ဆမ်ဒက်ဟွန်ဆင်နှင့်တွေ့ဆုံဆွေးနွေး ကမ္ဘောဒီးယားနိုင်ငံသို နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်(State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည်  ယနေ့ စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌ(ခေတ္တနိုင်ငံတော်အကြီးအကဲ) ဆမ်ဒက်ဟွန်ဆင်၊ နှစ်နိုင်ငံမှ တာဝန်ရှိသူများနှင့်အတူ တွေ့ဆုံဆွေးနွေးသည်။ #PPIB

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အား ကမ္ဘောဒီးယားနိုင်ငံ ဘုရင် မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပ
+7
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အား ကမ္ဘောဒီးယားနိုင်ငံ ဘုရင် မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ ကိုယ်စား ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲနှင့် အထက်လွှတ်တော်(ဆီးနိတ်) ဥက္ကဋ္ဌ ဆမ်ဒက်ဟွန်ဆင် က ဂုဏ်ပြုကြိုဆို ကမ္ဘောဒီးယားနိုင်ငံသို နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်(State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲအား  ယနေ့ စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌ(ခေတ္တနိုင်ငံတော်အကြီးအကဲ) ဆမ်ဒက်ဟွန်ဆင်က ကမ္ဘောဒီးယားနိုင်ငံ၊ အထက်လွှတ်တော်ရှိ ညီညွတ်ရေးနန်းတော်၌ နိုင်ငံတော်အဆင့် ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားဖြင့် ဂုဏ်ပြုကြိုဆိုသည်။ #PPIB

Repost from PPIB.Official
The 8th International Step The 8th international step of President U Min Aung Hlaing is Kingdom of Cambodia PPIB Links Youtube | Tiktok | Telegram | Website |  X(Twitter)

Repost from PPIB.Official
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ ကမ္ဘောဒီးယားနိုင်ငံသို နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစတင်ထွက်ခွာခဲ့သည့်မှတ်တမ်း   PPIB Links Youtube | Tiktok | Telegram | Website |  X(Twitter)