en
Feedback
LEU Education Center

LEU Education Center

Open in Telegram

Improve your English step by step Simple learning, real progress, and confident speaking with LEU.📚 Main Account @LEU_Education5 23/5/2026

Show more
The country is not specifiedThe category is not specified
1 792
Subscribers
+124 hours
-117 days
+8030 days
Posts Archive
စကားပြောမှားရင် Video ထဲကလိုမျိုးဖြစ်နေမယ်နော်...🙊🫶
🔹 English စာမှာ ကိုယ်ပြောချင်တဲ့အကြောင်းအရာနဲ့ တကယ်တမ်းပြောလိုက်တာ မကိုက်ညီတဲ့အခါ ဆက်သွယ်ရေးပိုင်းမှာအခက်အခဲတွေကြုံရနိုင်ပါတယ်ရှင်။ ဒါကြောင့် Video လေးကိုကြည့်ရင်း English စာလေ့လာကြည့်ရအောင်ပါရှင်...💕 #LEU #EnglishLearning #venom

English စာလေ့လာသူတွေနဲ့ ကျောင်းသားလူငယ်တွေကြားမှာ သင်ယူမှုများပြီး နာမည်ကြီးနေတဲ့ IELTS ဆိုတာဘာလဲ....❓ ကိုယ်တိုင်ရော သင်ယူဖို့လိုလား...❓ စတာတွေကိုပြောပြချင်ပါတယ်ရှင်။ အဆုံးထိဖတ်ကြည့်ရအောင်နော်။ 🔹 IELTS ဆိုတာဘာလဲ..? — သူ့ရဲ့အရှည်ကောက်ကတော့ International English Language Training System တစ်ခုဖြစ်ပါတယ်။ English စာတတ်မြောက်မှုကို ဖော်ပြတိုင်းတာတဲ့ စာမေးပွဲရလဒ်တစ်ခုဖြစ်ပါတယ်ရှင်။ 🔹 IELTS အမျိုးအစားများ — သူ့မှာအမျိုးအစား (2) ခုရှိပါတယ်ရှင်။ ကျောင်းတက်ဖို့/College,Uni ဝင်ဖို့ကျောင်းသားတွေအတွက် Academic IELTS — လုပ်ငန်းခွင်ဝင်ဖို့၊ နိုင်ငံခြားမှာအလုပ်လုပ်ကိုင်ဖို့ ရွေးချယ်ကြမဲ့သူတွေအတွက် General Training IELTS ဆိုပြီးနှစ်မျိုးရှိပါတယ်။ 🔹 Eng Level ဘယ်လောက်ဆိုဖြေလို့ရမလဲ...? — Eng Level B2 ဆိုဖြေရတာအဆင်ပြေပါတယ်။ ကိုယ်ကနိုင်ငံခြားမှာအခြေချဖို့ရည်ရွယ်ထားသူဆိုရင်တော့ B2 Level ကအဆင်ပြေလို့ပါရှင်။ 🔹 Band Score ကိုရောဘယ်လိုသတ်မှတ်ထားလဲ...? — Band Score ပိုင်းမှာတော့ 0-9 အထိရှိပြီး Collage တက်မဲ့လူငယ်တွေအတွက်ဆိုရင်တော့ Band Score 5/5.5 လောက်မှအဆင်ပြေပါမယ်ရှင်။ 🔹 စာမေးပွဲပိုင်းမှာ Reading, Writing, Listening, Speaking ဆိုပြီး လေးပိုင်းပါဝင်ပါတယ်။ အဖြေလွှာထွက်တဲ့အခါမှာလည်း အပိုင်းတစ်ခုခြင်းစီအတွက် အမှတ်ပြပြီး အားလုံးပေါင်း Overall Band Score နဲ့ Eng Level ကိုလည်းပြန်ပြပေးပါတယ်ရှင်။ 🟥 IELTS ဆိုတာ လူတိုင်းဖြေစရာမလိုသလို၊ ဖြေမယ်ဆိုရင်လည်း Exam Fees များစွာကုန်ကျသလိုပြင်ဆင်ချိန်လည်းကြာမြင့်ပါတယ်ရှင်။ ဒါကြောင့်စာသေချာလုပ်ပြီးမှဖြေဆိုသင့်ပါတယ်နော်....💕 #LEU #EnglishLearning #venom

ဟိုတစ်လောက Viral ဖြစ်သွားတဲ့ (၅) နှစ်အကြာမှာပြန်ဆုံကြတဲ့ ချစ်သူနှစ်‌ယောက်အကြောင်းသိပြီးပြီလား... 😼🫵
ပြန်ဆုံတဲ့အခါ ဘာတွေပြောဖြစ်ကြလဲ..Video လေးကြည့်ရင်း English စာအတူလေ့လာကြည့်ရအောင်ပါရှင်...💕 📍It's been awhile. — မတွေ့ရတာ၊ မဆုံရတာ ကြာပြီလို့ အဓိပ္ပာယ်ရပြီး Long time no see. နဲ့အဓိပ္ပာယ်အတူတူနီးပါးပါပဲရှင်။ 📍Move out — ပုံမှန်အားဖြင့် "အိမ်ပြောင်းသည်" လို့ အဓိပ္ပာယ်ရသလို၊ စကားဝိုင်းတစ်ခုကနေ "ထွက်ခွာလိုက်သည်" ဆိုတဲ့ သဘောလည်း သက်ရောက်ပါတယ်။ Video လေးထဲမှာတော့ Lizzy က “မင်း ဒီမြို့ကနေပြောင်းသွားပြီလား” မေးထားပြီး Daniel က “ငါမပြောင်းသေးဘူး၊ ဒီမြို့မှာပဲရှိသေးတယ်” လို့ဖြေထားတာကိုလည်းတွေ့ရပါတယ်ရှင်။ 📍Not gonna lie — အမှန်အတိုင်းပွင့်ပွင့်လင်းလင်း ပြောရရင်တော့ လို့ အဓိပ္ပာယ်ရပါတယ်။ (အတိုကောက် NGL လို့လည်း သုံးကြပါတယ်) 📍You get it? — နားလည်တယ်မလား ဆိုတဲ့အဓိပ္ပာယ်ပါ။ 📍Catch you on the flip — နောက်မှ ပြန်တွေ့ကြတာပေါ့၊ ဆိုပြီးနှုတ်ဆက်တဲ့ စကားဖြစ်ပါတယ်။ See You Later နဲ့ အဓိပ္ပာယ်အတူတူပါပဲရှင်။ Noted : Video လေးကို ပြန်ကူးဖော်ပြထားတာမို့ မူရင်းပိုင်ရှင်ကိုလည်း Credit ပေးအပ်ပါတယ်ရှင်။ #LEU #EnglishLearning #venom

English 4 skills ကိုတစ်ယောက်ထဲ Self-Study လုပ်ဖို့ဘယ်ကစကြမလဲ...🤔📚 📍 Listening — ပထမဆုံး Listening ပိုင်းမှာတော့ Podcast နာ
English 4 skills ကိုတစ်ယောက်ထဲ Self-Study လုပ်ဖို့ဘယ်ကစကြမလဲ...🤔📚
📍 Listening
— ပထမဆုံး Listening ပိုင်းမှာတော့ Podcast နားထောင်တာမျိုးတွေလုပ်ကြည့်လို့ရပါတယ်။ YouTube ဒါမှမဟုတ် listening အထူးပြုပြီး လေ့လာလို့ရမဲ့ Website တွေမှာသေချာလေ့ကျင့်ကြည့်ပါရှင်။
📍 Reading
— စာဖတ်တဲ့အပိုင်းမှာတော့ ကိုယ့်ရဲ့ Eng Level နဲ့ကိုက်ညီမဲ့စာအုပ်တွေရှာဖတ်ကြည့်ပါနော်။ စာဖတ်ပြီးမှ English စာလေ့လာတာက Vocab, Grammar တစ်ပါတည်းတိုးတက်စေပါတယ်။ စာဖတ်တဲ့အခါမှာလည်း မသိတဲ့စကားလုံးတွေပါလာရင် Dictionary ပြေးမကြည့်ပဲ ရှေ့နောက်ဖတ်ကြည့်ပြီး ထိုးဖောက်စဉ်းစားနိုင်တဲ့နည်းလမ်းကိုသုံးရပါမယ်ရှင်။
📍 Speaking
— speaking ပိုင်းမှာတော့ သူငယ်ချင်းတွေ နဲ့ ပါတနာတွေနဲ့စကားပြောလို့ရပါတယ်။ ဒါမှမဟုတ် Speaking လေ့ကျင့်လို့ရမဲ့ Ai, App တွေကိုအသုံးချကြည့်လို့ရပါတယ်ရှင်။ English စာဆိုတာ ထိုင်ကြည့်ရုံနဲ့တက်မြောက်မသွားနိုင်ပါဘူး၊ သေချာအချိန်ပေးလေ့ကျင့်မှ Level တက်လာနိုင်မှာမို့ တစ်နေ့ကို 1 နာရီလောက်ပဲဖြစ်ဖြစ်အချိန်ပေးလေ့လာဖို့ပြောချင်ပါတယ်ရှင်....💕 #LEU #EnglishLearning #venom

ရှားရှားပါးပါး ရောင်စုံကာလာလေး (၇) ခု English လိုလေ့လာကြည့်ရအောင်....🎨✨ #LEU #EnglishLearning #venom
+6
ရှားရှားပါးပါး ရောင်စုံကာလာလေး (၇) ခု English လိုလေ့လာကြည့်ရအောင်....🎨✨ #LEU #EnglishLearning #venom

ကိုကိုလား...မောင်မောင်လား...❓ British English လား... American English လား...🫣⁉️ ဒါမှမဟုတ် နှစ်ခုလုံးလား...🙈 British — Autumn American — Fall British — Football American — Soccer British — Post American — Mail British — Trousers American — Pants British — Pyjamas American — Pajamas British — Pants American — Underwear British — Toilet American — Restroom British — Aeroplane American — Airplane British — Rubber American — Eraser British — Taxi American — Cab #LEU #EnglishLearning #venom

📚 Bring နဲ့ Take ဘာကွာလဲ? အသံထွက်ဆင်သလိုထင်ရပေမယ့် အသုံးပြုပုံနဲ့ အဓိပ္ပာယ်က မတူပါဘူး။ လွယ်လွယ်ကူကူ မှတ်ကြရအောင်! 👇 🍀 Brin
📚 Bring နဲ့ Take ဘာကွာလဲ?
အသံထွက်ဆင်သလိုထင်ရပေမယ့် အသုံးပြုပုံနဲ့ အဓိပ္ပာယ်က မတူပါဘူး။ လွယ်လွယ်ကူကူ မှတ်ကြရအောင်! 👇 🍀 Bring (Verb - ကြိယာ) ယူလာသည် / သယ်လာသည် အသံထွက် - ဘရင်း 📝 Please bring your book to school. ကျောင်းကို မင်းရဲ့စာအုပ် ယူလာပေးပါ။ 🍀 Take (Verb - ကြိယာ) ယူသွားသည် / သယ်သွားသည် အသံထွက် - တိတ်ခ် 📝 Please take your umbrella with you. မင်းရဲ့ထီးကို အတူယူသွားပါ။
ဒါလေးကို ဖြေကြည့်ခဲ့ပါအုံး👇
Can you ___ me a glass of water? A. Bring B. Take #LEU #EnglishLearning #venom

Affect နဲ့ Effect ဘာကွာလဲ? အသံထွက်ဆင်ပေမယ့် အသုံးပြုပုံနဲ့ အဓိပ္ပာယ်က မတူပါဘူး။ လွယ်လွယ်ကူကူ မှတ်ကြရအောင်! 👇 🔹 Affect (Verb
Affect နဲ့ Effect ဘာကွာလဲ?
အသံထွက်ဆင်ပေမယ့် အသုံးပြုပုံနဲ့ အဓိပ္ပာယ်က မတူပါဘူး။ လွယ်လွယ်ကူကူ မှတ်ကြရအောင်! 👇 🔹 Affect (Verb - ကြိယာ) သက်ရောက်မှုရှိသည်၊ ထိခိုက်စေသည် အသံထွက် - အဖက်တ် 📝 Lack of sleep can affect your mood. အိပ်ရေးမဝတာက မင်းရဲ့စိတ်ခံစားချက်ကို သက်ရောက်နိုင်တယ်။ 🔹 Effect (Noun - နာမ်) အကျိုးသက်ရောက်မှု၊ ရလဒ် အသံထွက် - အဖက်တ် 📝 The medicine had a positive effect. ဒီဆေးက ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုရှိတယ်။
ဒါလေးကို ဖြေကြည့်ပါ 👇
The new rules will ___ everyone in the school. A. Affect B. Effect #LEU #EnglishLearning #venom

“Back out" ဆိုတဲ့ Phrasal Verb ကို မှန်မှန်ကန်ကန် သုံးတတ်ဖို့ အဆုံးထိဖတ်သွားကြည့် 📚✨ 📍အင်္ဂလိပ်စာ လေ့လာနေရင် စကားပြောတဲ့အခါ
“Back out" ဆိုတဲ့ Phrasal Verb ကို မှန်မှန်ကန်ကန် သုံးတတ်ဖို့ အဆုံးထိဖတ်သွားကြည့် 📚✨
📍အင်္ဂလိပ်စာ လေ့လာနေရင် စကားပြောတဲ့အခါ ပိုသဘာဝကျဖို့...ဒီနေ့တော့ "Back out" ဆိုတဲ့ phrasal verb လေးအကြောင်း မျှဝေပေးသွားပါမယ်ရှင်။ သူရဲ့အဓိပ္ပာယ်လေးကတော့ — ကတိ၊ သဘောတူညီချက်ကို ဖျက်ဆီးခြင်း (To withdraw from a commitment or agreement) 📕 ကတိပေးထားတာအရာ ဒါမှမဟုတ် သဘောတူထားတဲ့ အစီအစဉ်တစ်ခုကို ဖြတ်လိုက်တာ / ရုတ်သိမ်းလိုက်တာကို ပြောချင်ရင်သုံးပါတယ်။ 📍You can't back out of the deal now, we already signed the contract. — မင်း ကတိပေးထားရာကနေ အခုမှ နောက်ဆုတ်လို့မရတော့ဘူး....ငါတို့ စာချုပ်ချုပ်ပြီးသွားပြီ။ 📍Be careful when you back out of the driveway. — ကားနောက်ဆုတ်တဲ့အခါ သတိထားပါ/ လှမ်းသေချာကြည့်ပါ။ 📕 သဘောတူညီချက်တစ်ခုခုကနေ နုတ်ထွက်တယ်လို့ ပြောချင်ရင် "out" နောက်မှာ "of" ကို တွဲသုံးပေးဖို့ မမေ့နဲ့နော်။ #LEU #EnglishLearning #venom

စိတ်ညစ်တာ၊ စိတ်ဓာတ်ကျတာတွေကို English လို သဘာဝကျကျ ဖော်ပြနိုင်တဲ့ စာကြောင်း ၁၀ ကြောင်း 🍀 I’m having a hard time lately. အခုတ
စိတ်ညစ်တာ၊ စိတ်ဓာတ်ကျတာတွေကို English လို သဘာဝကျကျ ဖော်ပြနိုင်တဲ့ စာကြောင်း ၁၀ ကြောင်း
🍀 I’m having a hard time lately. အခုတလော အခက်အခဲတွေ ကြုံနေရတယ်။ 🍀 I’m feeling really low today. ဒီနေ့ စိတ်ဓာတ်တော်တော်ကျနေတယ်။ 🍀 I don’t feel like doing anything. ဘာမှလုပ်ချင်စိတ် မရှိဘူး။ 🍀 I’m mentally exhausted. စိတ်ပိုင်းဆိုင်ရာ အရမ်းပင်ပန်းနေပြီ။ 🍀 I’ve been feeling overwhelmed lately. အခုတလော အရာရာက မနိုင်မနင်းဖြစ်နေသလို ခံစားနေရတယ်။ 🍀 I’m struggling to stay positive. အကောင်းမြင်စိတ်နဲ့ ဆက်နေဖို့ ခက်နေတယ်။ 🍀 I just need some time to myself. ကိုယ့်အတွက် ကိုယ်တစ်ယောက်တည်း နည်းနည်းအချိန်လိုတယ်။ 🍀 I’m not feeling like myself lately. အခုတလော ကိုယ့်ကိုယ်ကိုတောင် ကိုယ်မဟုတ်သလို ခံစားနေရတယ်။ 🍀 I need someone to talk to. တစ်ယောက်ယောက်နဲ့ စကားပြောဖို့ လိုနေတယ်။ 🍀 I hope things get better soon. အခြေအနေတွေ မကြာခင် ပိုကောင်းလာမယ်လို့ မျှော်လင့်တယ်။ #LEU #EnglishLearning #venom

ကိုယ်မကြိုက်တဲ့ အကြောင်းအရာတွေ လာပြောနေရင် English လို ဘယ်လိုတုံ့ပြန်မလဲ? 💬
✅ I'd rather not talk about that. အဲ့ဒီအကြောင်းတော့ မပြောချင်သေးဘူး။ ✅ That's not really something I want to talk about. အဲ့ဒီအကြောင်းက ကိုယ်ပြောချင်တဲ့အရာတော့ မဟုတ်ဘူး။ ✅ I'd prefer to talk about something else. တခြားအကြောင်းအရာတစ်ခုကို ပြောချင်တယ်။ ✅ Can we talk about something different? တခြားအကြောင်းအရာတစ်ခု ပြောလို့ရမလား? ✅ I'm not comfortable talking about it. အဲ့ဒီအကြောင်းပြောရတာ ကိုယ်အဆင်မပြေဘူး။ ✅ I'd rather leave that topic alone. အဲ့ဒီအကြောင်းကိုတော့ ဒီအတိုင်းထားလိုက်ချင်တယ်။
💡 Pro Tip: မကြိုက်တဲ့အကြောင်းအရာကို ငြင်းတဲ့အခါ “I'd rather…” / “I'd prefer…” လိုပြောရင် တိုက်ရိုက်ကြီးမဖြစ်ဘဲ ယဉ်ယဉ်ကျေးကျေး ပြောနိုင်ပါတယ်။
ဒီ ၆ ကြောင်းထဲက ဘယ်စာကြောင်းကို လက်တွေ့မှာ အသုံးအများဆုံးဖြစ်မယ်ထင်လဲ? Comment မှာ ရေးခဲ့ပေးဦးနော် 💬✨ #LEU #EnglishLearning #venom

မပိုင်ဆိုင်‌ရတော့တဲ့ သူစိမ်းလေးကိုလွမ်းရင်း English စာလေ့လာကြမယ်...👀🫵
📍She is happy without me. — ငါမရှိလည်း သူမကပျော်နေတာပဲလေ။ 📍Now, I miss you even more. — အခုလည်း ငါမင်းကိုလွမ်းနေပြန်ပြီ။ 📍Her world doesn't need me anymore. — သူ့ကမ္ဘာကြီးထဲမှာငါ့ကိုမလိုအပ်တော့ဘူး။ 📍 Falling out of love is hard. — ချစ်မိသွားရင် ရုန်းထွက်ဖို့ခက်တယ်။ 📍We're memories now. — အခုတော့ အမှတ်‌တရတွေသက်သက်ပဲပေါ့။ 📍 Things don't feel the same. — အရင်လိုဘုမှမခံစားရတော့ဘူး (ရင့်ကျက်သွားပြီ) 📍We were meant to be. — ငါတို့စုံစည်းဖို့ကံပါလာတယ်။ #LEU #EnglishLearning #venom

နေ့စဉ်စကားပြော ၁၀ကြောင်း 1️⃣ What’s going on? ဘာတွေဖြစ်နေလဲ? / ဘာလုပ်နေလဲ? 2️⃣ I’ll be right back. ခဏနေ ပြန်လာမယ်။ 3️⃣ Give m
နေ့စဉ်စကားပြော ၁၀ကြောင်း
1️⃣ What’s going on? ဘာတွေဖြစ်နေလဲ? / ဘာလုပ်နေလဲ? 2️⃣ I’ll be right back. ခဏနေ ပြန်လာမယ်။ 3️⃣ Give me a second. ခဏလေး စောင့်ပါဦး။ 4️⃣ That makes sense. အဲ့ဒါ အဓိပ္ပာယ်ရှိတယ်။ / နားလည်ပြီ။ 5️⃣ I’m not sure. သေချာမသိဘူး။ / မသေချာဘူး။ 6️⃣ It’s up to you. မင်းသဘောပါ။ / မင်းဆုံးဖြတ်ပါ။ 7️⃣ No worries. စိတ်မပူပါနဲ့။ / ကိစ္စမရှိပါဘူး။ 8️⃣ I’ll think about it. စဉ်းစားကြည့်မယ်။ 9️⃣ That’s a good idea. အဲ့ဒါ အကြံကောင်းပဲ။ 🔟 See you around. နောက်မှတွေ့မယ်။ / နောက်တစ်ခါတွေ့ကြမယ်။ ဘယ်လိုစာကြောင်းတွေတင်စေချင်လဲပြောခဲ့နော်.. #LEU #EnglishLearning #venom

နေမကောင်းဖြစ်တဲ့အခါ၊ နေရထိုင်ရအဆင်မပြေတဲ့အခါ အသုံးများတဲ့ Daily Health Expressions တွေကို လေ့လာကြည့်ရအောင် I have a cough. ချ
နေမကောင်းဖြစ်တဲ့အခါ၊ နေရထိုင်ရအဆင်မပြေတဲ့အခါ အသုံးများတဲ့ Daily Health Expressions တွေကို လေ့လာကြည့်ရအောင်
I have a cough. ချောင်းဆိုးနေတယ် I have a fever. အဖျားရှိနေတယ် I have a stomachache. ဗိုက်နာနေတယ် I feel dizzy. ခေါင်းမူးနေတယ် Go see a doctor ဆရာဝန်ဆီ သွားပြပါ Get some rest အနားယူပါ Stay hydrated ရေများများသောက်ပါ Get well soon! မြန်မြန်သက်သာပါစေ! Take your medicine on time. ဆေးကို အချိန်မှန်မှန်သောက်ပါ Drink warm water. ရေနွေးနွေးသောက်ပါ Avoid cold drinks. အအေးတွေကို ရှောင်ပါ ဘာတွေအဖြစ်များလဲ?.....👀 #LEU #EnglishLearning #venom

ချစ်သူနဲ့ရန်ဖြစ်ရင် English လို ဘယ်လိုပြောမလဲ?👀✨ ဒီ 10 ကြောင်းကို ကျွမ်းကျွမ်းကျင်ကျင် သိသွားရင် “ရန်ဖြစ်တဲ့အခါ ဘာပြောရမလဲ”
ချစ်သူနဲ့ရန်ဖြစ်ရင် English လို ဘယ်လိုပြောမလဲ?👀✨ ဒီ 10 ကြောင်းကို ကျွမ်းကျွမ်းကျင်ကျင် သိသွားရင် “ရန်ဖြစ်တဲ့အခါ ဘာပြောရမလဲ” ဆိုတာ မစိုးရိမ်ရတော့ဘူး… ရန်ဖြစ်တာကို English နဲ့တောင် အဆင့်မြှင့်နိုင်ပြီး 💀 📌 တစ်ကြောင်းချင်းစီဖတ်ကြည့်ပါ။ တကယ်နေ့စဉ်စကားပြောတဲ့အခါ အသုံးဝင်မယ့် Natural English Expressions တွေပါ။ 1. Are you being sarcastic? - မင်းငါ့ကို ရွဲ့နေတာလား 2. Don't be sarcastic - မရွဲ့ပါနဲ့ 3. No need to get so jealous - အဲလောက် သဝန်တိုစရာ မလိုဘူး 4. Don't sulk - စိတ်မကောက်ပါနဲ့ 5. What a jerk ! - မင်းက ငကြောက်ပဲ 6. Never say never - မဖြစ်နိုင်တာ မပြောနဲ့ 7. A deal is a deal - ကတိက ကတိပဲ 8. I'm into you - ငါမင်းကို သဘောကျတယ် 9. I was about to die - ငါသေတော့ မလို 10. You set me up - မင်းငါ့ကို လှည့်စားတယ်။ ဆိုတော့… ဒီ 10 ကြောင်းက English Vocabulary လား၊ Relationship Survival Guide လား? 😐 #LEU #Yoon

ချစ်သူနဲ့ရန်ဖြစ်ရင် English လို ဘယ်လိုပြောမလဲ?👀✨ ဒီ 10 ကြောင်းကို ကျွမ်းကျွမ်းကျင်ကျင် သိသွားရင် “ရန်ဖြစ်တဲ့အခါ ဘာပြောရမလဲ”
ချစ်သူနဲ့ရန်ဖြစ်ရင် English လို ဘယ်လိုပြောမလဲ?👀✨ ဒီ 10 ကြောင်းကို ကျွမ်းကျွမ်းကျင်ကျင် သိသွားရင် “ရန်ဖြစ်တဲ့အခါ ဘာပြောရမလဲ” ဆိုတာ မစိုးရိမ်ရတော့ဘူး… ရန်ဖြစ်တာကို English နဲ့တောင် အဆင့်မြှင့်နိုင်ပြီး 💀 📌 တစ်ကြောင်းချင်းစီဖတ်ကြည့်ပါ။ တကယ်နေ့စဉ်စကားပြောတဲ့အခါ အသုံးဝင်မယ့် Natural English Expressions တွေပါ။ 1. Are you being sarcastic? - မင်းငါ့ကို ရွဲ့နေတာလား 2. Don't be sarcastic - မရွဲ့ပါနဲ့ 3. No need to get so jealous - အဲလောက် သဝန်တိုစရာ မလိုဘူး 4. Don't sulk - စိတ်မကောက်ပါနဲ့ 5. What a jerk ! - မင်းက ငကြောက်ပဲ 6. Never say never - မဖြစ်နိုင်တာ မပြောနဲ့ 7. A deal is a deal - ကတိက ကတိပဲ 8. I'm into you - ငါမင်းကို သဘောကျတယ် 9. I was about to die - ငါသေတော့ မလို 10. You set me up - မင်းငါ့ကို လှည့်စားတယ်။ ဆိုတော့… ဒီ 10 ကြောင်းက English Vocabulary လား၊ Relationship Survival Guide လား? 😐

သန့်စင်ခန်းသုံးချင်တဲ့အခါ English လိုဘယ်လိုပြောကြမလဲ...🗣🙃 May I be excused? ကျွန်တော်/ကျွန်မ ခဏလောက် အပြင်ထွက်ခွင့်ပြုပါ။ I
သန့်စင်ခန်းသုံးချင်တဲ့အခါ English လိုဘယ်လိုပြောကြမလဲ...🗣🙃
May I be excused? ကျွန်တော်/ကျွန်မ ခဏလောက် အပြင်ထွက်ခွင့်ပြုပါ။ I need to use the restroom. သန့်စင်ခန်း ခဏသွားလိုက်ပါဦးမယ်။ Nature is calling. သဘာဝတရားက ခေါ်နေပြီ / အပေါ့သွားလိုက်ဦးမယ်။ I want to pee. / I need to pee. ငါ သေးပေါက်ချင်တယ် / ဆီးသွားချင်တယ်။ I need to take a leak. သေးသွားပေါက်လိုက်ဦးမယ်။ I need to poop. / I need to take a dump. ငါ ဗိုက်နာတယ် / အိမ်သာသွားလိုက်ဦးမယ်။ I can't hold it anymore. ငါ မအောင့်နိုင်တော့ဘူး! ဘယ်စကားလုံးက လူကြီးတွေကြားထဲ ပြောလို့အဆင်ပြေမယ်ထင်လဲ? #LEU #EnglishLearning #venom

English စာမှာ Grammar နဲ့ Vocabulary ပဲ သိရုံနဲ့ မလုံလောက်ပါဘူး။ ✨
ပိုပြီး Natural ကျကျ နားလည်ပြီး ပြောတတ်ဖို့ Idioms တွေကိုလည်း သိထားသင့်ပါတယ်။ ဒါ‌ကြောင့် idiom‌ လေးတွေကို အခုပဲ လေ့လာကြည့်ကြရ‌အောင် 📚 1. On the other hand — တစ်ဖက်ကနေကြည့်ရင် This job is difficult. On the other hand, it pays well. ➡️ ဒီအလုပ်က ခက်ခဲတယ်။ တစ်ဖက်ကနေကြည့်ရင်တော့ လစာကောင်းတယ်။ 2. Bear in mind — စိတ်ထဲမှာ မှတ်ထားပါ Bear in mind that success takes time. ➡️ အောင်မြင်ဖို့ အချိန်ယူရတယ်ဆိုတာ စိတ်ထဲမှာ မှတ်ထားပါ။ 3. Along the lines of — အလားတူ / ဆင်တူတဲ့ပုံစံမျိုး I want something along the lines of this design. ➡️ ဒီဒီဇိုင်းနဲ့ အလားတူတဲ့ပုံစံမျိုး လိုချင်တယ်။ 4. In the long run — ရေရှည်မှာ Studying every day will help you in the long run. ➡️ နေ့တိုင်းစာလေ့လာခြင်းက ရေရှည်မှာ မင်းကို အထောက်အကူဖြစ်စေလိမ့်မယ်။ 5. Gold standard — အကောင်းဆုံးစံနှုန်း Her work is the gold standard in the company. ➡️ သူမရဲ့အလုပ်က ကုမ္ပဏီထဲမှာ အကောင်းဆုံးစံနှုန်း ဖြစ်တယ်။ Idiom တွေက English စကားပြောတဲ့အခါ ပိုပြီး သဘာဝကျကျနဲ့ ထိရောက်စွာ ပြောနိုင်စေသလို၊ Movies, Series နဲ့ Native Speaker တွေရဲ့ စကားပြောပုံတွေကိုလည်း ပိုနားလည်လာစေပါတယ်။ 🎬✨ #LEU #EnglishLearning

Freelance English Online Tr ဖြစ်လာဖို့ ဘယ်ကနေစရပ်တည်သင့်လဲ...❓
🔹 Certificate နဲ့သက်ဆိုင်ရာနယ်ပယ်မှာကျွမ်းကျင်မှု
Online Teacher တစ်ယောက်အနေနဲ့ လူယုံကြည်မှုရဖို့ TEFL (Teaching English as a Foreign Language) ဒါမှမဟုတ် TESOL Certificate ရယူထားတာက အများကြီး အထောက်အကူပြုပါတယ်။ ဒါ့အပြင် မိမိသင်ကြားမယ့် Eng Language အတွက် အမြင့်ဆုံးအရည်အချင်း ရှိထားတာကလဲပိုအဆင်ပြေပါတယ်။
🔹  နည်းပညာကျွမ်းကျင်မှု
Zoom, Google Meet စတဲ့စာသင်ရာမှာအသုံးပြုတဲ့ Applications တွေကိူ ကျွမ်းကျင်စွာ အသုံးပြုတတ်အောင် လေ့ကျင့်ထားပါ။ Digital Slides, Worksheets, PDF များနှင့် Interactive Whiteboard (ဥပမာ - Miro, Canva) စသည်တို့ကို ကြိုတင် စုဆောင်းထားပါ/ပြင်ဆင်နိုင်ရပါမယ်။
🔹 Volunteer and Teaching Experience
အချိန်ရှိခိုက်လုံ့လစိုက် မိမိသိထားတဲ့ပညာတွေကို  Volunteer အဖြစ် Education Center တော်တော်များများမှာခေါ်ယူနေချိန် ဝင်ရောက်ပါဝင်လိုက်မယ်ဆိုရင်လည်း အတွေ့အကြုံကောင်းတွေရလာနိုင်ပါတယ်။
📍 ဒါကြောင့် ကျွန်တော်တို့ရဲ့ LEU Education Center မှာ Volunteer Tr တွေ ခေါ်ဖြစ်ခဲ့ရင် လာရောက်လျှောက်ထားကြဖို့ဖိတ်ခေါ်ပါတယ်နော်။
#LEU #EnglishLearning #venom

Good night Everyone 🌃 အားလုံး အိပ်ကြတော့နော် တို့လည်း အိပ်မယ် ဒါပေမဲ့ အရင်ဆုံး Facebook → TikTok → Messenger → Telegram → Facebook တစ်ပတ်ပတ်လည်ပြီးမှ အိပ်မယ်။ 😭 #Yoon