en
Feedback
Ko Myo Win

Ko Myo Win

Open in Telegram

Return

Show more
Myanmar14 089The category is not specified
6 513
Subscribers
+1824 hours
+787 days
+24630 days
Posts Archive
၅။ နိုင်ငံတကာဆက်ဆံရေးနှင့် မဟာမိတ် - ပြင်ပမှ စီးပွားရေး၊ စစ်ရေးနှင့် နည်းပညာ အကူအညီများ ရရှိခြင်း။ ( ရုရှား ၊ အိန္ဒိယ ၊ တရုတ် ၊ မြောက်ကိုရီးယား ၊ အီရန် ၊ ပါကစ္စတန် တို့နဲ့ ဆက်ဆံပြီး သိသိသာသာ တမျိုး ၊ တိုးတိုးတိတ်တိတ် တဖုံ ရယူနေတဲ့ အကူညီတွေက တရားမဝင် မစို့မပို့ ခိုးပို့နေရရှာတဲ့ အဆင့်နဲ့ ယှဥ် တွေးကြည့်လေ) - နိုင်ငံတကာစင်မြင့်တွင် ရန်သူကို သံတမန်ရေးအရ ဝိုင်းပယ်နိုင်ပြီး မိမိဘက်က တရားဝင်မှု ရရှိခြင်း။ ( နှိုင်းစရာမလိုတော့ဘူး.. တနိုင်ငံပြီး တနိုင်ငံ ခရီးဆက်နေတဲ့ သမ္မတကြီး နဲ့ Zoom မီတင်လေး လုပ်ပါရစေဆိုပြီး တီမောလို နိုင်ငံပေါက်စကို ခြေသလုံးဖက်နေရရှာတဲ့ အဆင့်)          ဘယ်အချက်မှ အသာစီး ရရှိမထားတဲ့ သူပုန်တွေက ဘယ်လို နိုင်မလဲတွေးမရတာ ဦးဏှောက်ရှိသူတိုင်းပါပဲ ။ ငါတို့ကို တကမ္ဘာလုံးက ထောက်ခံတယ် ပြည်သူ သန်း ၅၀ လုံးက ထောက်ခံတယ် ဆိုပြီး အလိမ်အညာ စိတ္တိဇနာမ်လေးတွေနဲ့ နိုင်မယ်ထင်ရင်ဖြင့်....အင်းးးရွာသာကြီးတော့ စည်ကားအုံးမှာပဲ 😬😬😬        ကိုရွှေမျိုးဝင်း

အနိုင် အရှုံး သီအိုရီ ================           စစ်ပွဲတွေ တိုက်ကြရာမှာ စစ်အောင်နိုင်ရေး အတွက် အချက်တွေ အများအပြားရှိပါတယ် ။ ရှေးခေတ် စစ်ဗျူဟာဆရာကြီး ဆွန်ဇူး (Sun Tzu) ရဲ့ "စစ်သေနင်္ဂဗျူဟာ" အယူအဆများနှင့် ခေတ်သစ်စစ်ရေးအမြင်များအရ စစ်တစ်ခုကို အနိုင်ရဖို့ လိုအပ်တဲ့ အဓိက အခြေခံအချက်တွေကို အောက်ပါအတိုင်း ခွဲခြားနိုင်ပါတယ် - 1 ။ ခေါင်းဆောင်မှုနှင့် စိတ်ဓာတ်အင်အား - စစ်သေနင်္ဂဗျူဟာ ကျွမ်းကျင်ပြီး ပြတ်သားတဲ့ ဆုံးဖြတ်ချက် ပေးနိုင်သော စစ်ဗိုလ်ချုပ်များနှင့် ခေါင်းဆောင်များ ရှိခြင်း ။ ( ကိုယ့်အပွင့် ကိုယ်တပ်ပြီး ရာထူးယူနေကြတဲ့ သူပုန်တွေ နဲ့ အဲဒီသူပုန်ကို ဆရာတင်ပြီး ရပ်ရွာထဲက မိမနိုင် ဖမနိင် ကလေကချေတွေနဲ့ စုဖွဲ့ထားတဲ့ ပေါက်ပန်းသေးအဆင့် နဲ့ ရာထူးတဆင့်တက်ဖို့တောင် မလွယ်တဲ့ တပ်မတော်အဆင့် ၊ အရေးကြီးလှတဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက် ယခုမှ တပ်မတော်က စ ကျင့်သုံးတာ တွေ့ရ) - စစ်သည်များ၏ တိုက်ခိုက်လိုစိတ်၊ ယုံကြည်ချက်နှင့် စည်းကမ်းပြည့်ဝမှုသည် လက်နက်အင်အားထက်ပင် ပိုမိုအရေးပါတတ်ပါသည် ။ ( စည်းကမ်းကတပ်မတော်နဲ့ တခြားစီပါ ၊ တိုက်ခိုက်လိုစိတ် သူပုန်က ပိုများနိုင်ပါတယ် လုယက်ခွင့်ပေးထားလို့ သို့သော် အမိန့်နာခံမှုက တိုက်ခိုက်လိုစိတ်အား မျှခြေပေးနိုင်ပါတယ် ၊ ယုံကြည်ချက် ဆိုတာ အားနည်းသူတွေအတွက် အားပေးစကားပေါ့ ယုံကြည်ချက်အားကောင်းတိုင်း စစ်နိုင်ရင် ဗကပ တွေ တကမ္ဘာလုံး သိမ်းတာကြာပေါ့) - မိမိဘက်မှ စစ်ပွဲသည် တရားသောစစ်ဖြစ်ပြီး ပြည်သူလူထု၏ တစ်ခဲနက် ထောက်ပံ့ကူညီမှုကို ရရှိခြင်း။ ( ဘယ်သူက လူလို သူလို အုပ်ချုပ်သလဲ မသိဘူး ပြည်သူတွေ ပြေးရရင် တပ်မတော်အုပ်ချုပ်တဲ့ ဒေသချည်း ပြေးနေရတာပဲ ၊၊ ပြည်သူ့ထောက်ခံမှုလား...? အခုဆို ဖိုးချစ် ၊ အောင်ဇမ္မူ ၊ စမ်းရေမိုး တို့လောက်တောင် ပြည်သူက စိတ်မဝင်စားရတဲ့ ကြားထဲ ဘစိုင်းကပါ မျက်နှာဖြတ်ကန်သွားလို့ ငိုချင်းချနေကြတာ ကြည့်ပေတော့.. ) ၂။ စစ်ရေးဗျူဟာနှင့် သတင်းအချက်အလက် - "မိမိအကြောင်းရော ရန်သူ့အကြောင်းပါ သိပါက တိုက်ပွဲပေါင်း ရာချီနိုင်၏" ဆိုသလို ရန်သူ့ အားနည်းချက်၊ အားသာချက်နှင့် လှုပ်ရှားမှုများကို ကြိုတင်သိရှိခြင်း ။ ( ပြည်သူ့ဆီက သတင်း ဒီထက် တန်ဖိုးထားတတ်ရင် တပ်မတော်က ဒီအချက်မှာ ပိုပြီးအားကောင်းပါလိမ့်မယ် ၊ ရန်သူ့ဆီ မိမိသတင်းရောက်နိုင်ဖို့က အတွင်းက ပိုးထိုးလောက်ကိုက် တွေကို သတိထားဖို့ပဲ လိုမယ် 4926 ဘာသံမှ မကြားရပဲ စချပြီး ၂ ရက်လောက်နေမှ သိကြရတာ ကြည့်ပါ) - ရာသီဥတု၊ မြေပြင်အနေအထား ကို ကျွမ်းကျင်စွာ အသုံးချနိုင်မှုနှင့် ထိရောက်သော တိုက်ကွက်များ ဖန်တီးနိုင်မှု ။ ( ခေတ်မှီ လက်နက်တွေက ယခင် အတားအဆီး { မိုး ၊ တိမ်ထု ၊ အမှောင် ၊ တွင်း ကျင်း ကတုတ် } အားလုံးကို ကျော်ဖြတ်နိုင်ပြီး လမ်းပမ်း မြေပြင်ကိုလည်း ကောင်းကင်က ကြည့်ရနေပြီမို့ အားလုံးရဲ့ အသာစီးရမှုက တပ်မတော်ဘက်မှာပါ) ၃ ။ ထောက်ပို့စနစ်နှင့် စီးပွားရေးအင်အား - ရှေ့တန်းရောက် စစ်သည်များအတွက် စားနပ်ရိက္ခာ၊ သောက်သုံးရေနှင့် ဆေးဝါးထောက်ပံ့မှု မပြတ်တောက်ခြင်း ( ရှေ့ပိုင်းတုန်းက သစ္စာဖောက် ကွန်မန်ဒါအချို့ကြောင့် လူကြားမကောင်း ဖြစ်ခဲ့ရတဲ့ ဒီပြဿာနာက ခိုင်းပြီးတာနဲ့ အောက်ခြေထိ ဂရုစိုက်ပြန်ကြည့်တဲ့  တပ်ချုပ်အသစ်လက်ထက်မှာ အေးဆေး.... ရှူးရှဲနဲ့ ထမင်းစား တွေ့တဲ့ရွာ လုစားနေရတာ တကယ်တောတိုးတိုက်နေရတဲ့ PDF တွေ အသိဆုံး...ဘာမှ တန်းမဆိုင် ကြာလေ ကွာလေ) - ခေတ်မီလက်နက်များ အသုံးပြုနိုင်ရုံမျှမက အဆိုပါ လက်နက်များအတွက် ခဲယမ်း၊ စက်သုံးဆီနှင့် အပိုပစ္စည်းများ အချိန်မှန် ထောက်ပံ့ပေးနိုင်ခြင်း ။ ( အရေးကြီးတာ ငွေကြေးနှင့် စီးပွားရေး အပြင် ကြီးကြပ်ကန့်သတ် အဆင့် လက်နက်ခဲယမ်း ရရှိနိုင်မှုပဲ ၊ ငွေရှိတိုင်း ဝယ်မရတဲ့ အဆင့်မြင့်လက်နက်တွေက တရားဝင်အစိုးရအတွက် အလွယ်တကူ အကြွေးနဲ့ ရောင်းချပေးသူတွေ ပလူပျံနေပေမယ့် သူပုန်အတွက် ငွေပုံပေးလည်း မရောင်းရဲပါဘူး ဒါကြောင့် ငှက်ကင် ငှက်ကင် သေအောင်အော်ပြီး အဲဒီ ငှက်တွေက ဖင်ချတာ ခံနေရတာပဲ OK ) ၄ ။ နည်းပညာနှင့် သတင်းပြန်ကြားရေး - ဒရုန်း (Drone)၊ စတိုက် ကင်းစနစ်များ ၊ ဆက်သွယ်ရေး နည်းပညာနှင့် လေကြောင်းစိုးမိုးနိုင်မှု ( ပေါချောင်ကောင်း ဒရုန်းလေးတွေနဲ့ စစ်ပွဲ နိဒါန်းအစမှာ နှစ်ပေါင်းများစွာ ကိုယ့်ဘာသာ သာယာ အထင်ကြီး ဘဝင်ကိုင်နေတဲ့ တပ်မတော်ကို အနိုင်ရခဲ့ပေမယ့် ဒီနေ့ ဒီအချိန်မှာတော့ ကြာလေ ကွာလေ ဖြစ်နေပါပြီ... လေကြောင်းစိုးမိုးက 0 % နဲ့ 100 % ဘယ်လို ယှဥ်ပြရမှန်း​တောင် မသိပါဘူး ) - စစ်ပွဲ၏ မှန်ကန်မှုကို ကမ္ဘာကသိအောင် တင်ပြနိုင်မှု၊ ရန်သူ့စိတ်ဓာတ် ပျက်ပြားအောင် သတင်းပြန်ကြားရေးဖြင့် ထိုးစစ်ဆင်နိုင်မှု။ ( ဒီနေရာမှာဖြင့် အစိုးရ သတင်းထုတ်ပြန်မှုက အခုချိန်ထိ ZERO ပဲ ငွေကုန်သံပြာအဆင့် ၊ ဆိုရှယ်မီဒီယာမှာ တန်ပြန်တိုက်နေကြရတာ ကိုယ့်ဘေလ်ကိုယ်သုံး မျိုးချစ် အုပ်စုပဲ)

           ဇင်းမယ်ဘုရင် အကူညီတောင်းတဲ့ လင်းဇင်းမင်း အန္တရာယ်ကို ရှင်းလင်းနှိမ်နင်းပြီးကြောင်း ၊ လင်းဇင်းမင်းရဲ့ စစ်သေနာပတိ နဲ့ ထက်ထောက်တို့ကို အရှင်ဖမ်းမိကြောင်း အင်းဝ ရှိ ဘုရင့်နောင်ထံ သတင်းပို့လိုက်ပါတယ် ။ ထိုအခါ ဘုရင့်နောင်က အနန်းမြို့ကို ဗညားငသည်လုံ ၊ ဇင်းငသည် မြို့ကို ဗညားသံပိုက် ၊ ပြဲမြို့ကို ဗညားသဲ ၊ တုရိုင်းမြို့ကို ဗညားငသည်တို့ကို အသီးသီး ပေးအပ်ခိုင်းလိုက်ပါတယ် ။          ထို့နောက် ကိုယ့်လက်အောက်က အုပ်ချုပ်ခံ ပြ​ည်သူတွေရဲ့ လုံခြုံရေးအတွက် နဲ့ တရားမျှတတဲ့ အုပ်ချုပ်ရေးအတွက်  အားလုံးနေသားတကျဖြစ်အောင် စနစ်တကျ စီစဥ်ခဲ့ရန် မိန့်ပါတယ် ။ အဲဒါတွေ ပြီးစီးကြောင်း သတင်းပို့မှသာ  သတိုးမင်းစောနဲ့  တပ်မှူး စစ်ကဲ အပေါင်းတို့ကို ပြန်ခဲ့တော့လို့ ခေါ်လိုက်ပါတယ် ။             အင်းဝမှာရှိနေတဲ့ ဘုရင့်နောင်ထံ မိုးဝန်းစော်ဘွား ၊   မိုးနဲစော်ဘွား ခုံမှိုင်း က ဗညားခုံမှိုင်း ၊  လာသာစော်ဘွား ညီစဆိုင်လုံ ၊ စန္ဒားစော်ဘွားက ညီမိုးရစ်စားတို့ကို ခေါ်လာပြီး  လက်ဆောင် ပဏ္ဏာကာရ အများနှင့် ခိုလှုံလာကြပါတယ် ။            ဘုရင့်နောင်က ခိုလှုံလာသော ညီသားတို့ကို သစ္စာတော်ပေးပြီးလျှင် အမည်၊ အရည်၊ အဆောင်၊ အယောင်၊ အထိုက်အလျောက် ချီးမြှင့်ခဲ့ပါတယ် ။ ထို့နောက် သုံးဆယ်စားနှင့် သီရိဓမ္မရတ်ကို ဘုရင့်နောင်ကိုယ်စား စော်ဘွားညီ သားတို့ကို လိုက်၍ သစ္စာတော်ပေးရန် တာဝန်ပေးပါတယ် ။  အဆောင်အယောင်များကိုလည်း စနစ်တကျ ပေးအပ်ကြရပါတယ် ။        ပြီးတော့ ထုံးစံအတိုင်း မိစ္ဆာဒိဋ္ဌိ အယူများကိုလည်း သမ္မာဒိဋ္ဌိဖြစ်အောင် ဆုံးမရသည် ။ သီတင်းသုံးနေလိုသော အရိယာပုဂ္ဂိုလ်တို့ကိုလည်း တောင်းပန်၍ ပိဋကတ်ကျမ်းဂန်နှင့်တကွ သီတင်းသုံးနေရသည်။ စော်ဘွားတို့က တစ်နှစ်သုံးကြိမ် ရွှေဇ၊ မြင်း၊ ခဲ သတ်မှတ် ခွန် ပေးဆောင်ရန် အတည်ပြုကြရပါတယ် ။ သုံးနှစ်တစ်ကြိမ်လည်း  ဟံသာ ဝတီ နေပြည်တော်သို့လာ၍ မဖြစ်မနေ တွေ့ဆုံရမည် မတွေ့ပါက သူပုန်ဟု သတ်မှတ်ချေမှုံးမည်  ။             အလေး၊ တောင်း၊ တင်းတို့ကိုလည်း နေပြည်တော်နှင့် တစ်ချက်တည်း ထားတော်မူသည်။ စော်ဘွားတို့ကိုလည်း တစ်လလေးသီတင်း သရဏဂုံ ပဉ္စသီ အဋ္ဌဒသီ ဆောက်တည်ရသည်။ ပြည်သူရွာသားတို့ကိုလည်း တစ်လလေးသီတင်း တရားနာရသည်။ ဤသို့ ပစ္စုပ္ပန် သံသရာစီးပွားနှစ်ပါးကို ဆောင်တော်မူ၍ သက္ကရာဇ် ၉၂၁ ခု၊ ကဆုန်လဆန်း ဆယ့်နှစ်ရက်၊ တနင်္လာနေ့တွင် အင်းဝ မှ ဟံသာဝတီသို့ ပြန်ရာ  နယုန်လပြည့်ကျော် ၅ ရက်၊ ကြာသပတေးနေ့- ဟံသာဝတီသို့ ပြန်ရောက်ပါတယ် ။               ဟံသာဝတီရောက်တာနဲ့ ဘုရင့်နောင်ဟာ မဟာစေတီ တည်ဖို့ ဆောင်ရွက်ပါတယ် ။ သက္ကရာဇ် ၉၂၁ ခု၊ ဝါဆိုလဆန်းငါးရက်၊ ကြာသပတေးနေ့ ကောင်းမှုတော်၊ မဟာစေတီ ဖိနပ်ရာ တွင်းတူးသည် ။ ဝါဆိုလပြည့်ကျော် ၂ ရက်၊ ကြာသပတေးနေ့တွင် ရွှေအုတ်၊ ငွေအုတ် စချပါတယ် ။ ဇောတိယာရံကျောင်းကို ကျောင်းရံလေးဆယ်နှင့်တကွ ဆောက်လုပ်ပါတယ် ။                   သက္ကရာဇ် ၉၁၂ မှာပဲ နေအိမ်ဆောက်ပါတယ် ။ ၉၁၂ နတ်တော်လဆန်း တစ်ဆယ့်လေးရက်၊ တနင်္ဂနွေနေ့ မှာ မဟာစေတီ သို့ ဌာပနာရန် ဓာတ်တော်များ ပို့ဆောင်ကြပါတယ် ။ မဟာစေတီအရှေ့တွင် မင်းတဲဆောက်၍ မင်း၊ မိဖုရား၊ ကိုယ်လုပ်တော်၊ မောင်းမအပေါင်းနှင့် ကြည့်တော်မူသည်။ ထိုနေ့မှာပဲ ရာဇဒေဝီ မိဖုရားမှ သမီးတော်တပါး ဖွားမြင်လာပါတယ် ။ ထို့ကြောင့် သမီးတော်ကို ရာဇဓာတုကလျှာ လို့ အမည်ပေးလိုက်ပါတယ် ။             အမြင့် အတောင် ၁၅၀ ၊ အောက်ခုံ အတောင် ၁၀၀ ရှိ မဟာစေတီရဲ့ ပထမဆုံး ဌာပနာထည့်ပွဲကို ၉၁၂ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဗုဒ္ဓဟူးနေ့ မှာ ဆောင်ရွက်ခဲ့ပါတယ် ။ နောက်ထပ် ၅ ကြိမ် ဌာပနာ ထည့်ခဲ့ကြပါတယ် ။       ဘုရင့်နောင်အတွက် စစ်ပွဲတွေက စောင့်ကြိုနေပြန်ပါပြီ ။ သက္ကရာဇ် ၉၂၁ ခုတွင် အင်းဝကျေးလက်ဖြစ်သော မြောက်ဘက် မင်းခင်းအောက်ရှိ ကျေးလက်များကို ကသည်းစော်ဘွားက ထိပါးဖျက်ဆီးလာကြောင်း ကလေးစော်ဘွားက သတင်းပို့လာပါတယ်  ။ ဘုရင့်နောင်က... “ငါ့နိုင်ငံတော်ဖြစ်သော ကျေးစွန်ရွာလက်တို့ကို ထိပါးလာအား အင်းဝဘုရင် နဲ့  ကလေးစော်ဘွား တို့က လိုက်လံ၍ မဖမ်းကြဘူးလား နယ်မြေအေးချမ်းဖို့ မင်းတို့ကို ဘုရင်ခံရာထူး စော်ဘွားရာထူး ပေးထားတာ မဟုတ်ဖူးလား ”         ဟု ပြတ်သားခက်ထန်စွာ မေးလိုက်ပါတယ် ။ ထိုအခါ          “ကသည်းတို့သည် တောင်တန်း ချောက်ကမ္ဘားများမှာနေပြီး  တစ်ရာတစ်စု ၊ နှစ်ရာတစ်စု တောကြက် တောငှက် အနေနဲ့  ဟင်းရွက်ခူးသူ  ထင်းခွေသူကိုပဲ ဒုက္ခပေးကြပါတယ် ။  သည်အကြောင်းများကိုသိ၍ လိုက်လံဖမ်းဆီးလျှင် တော​ကြိုအုံကြားသို့ ပြေးပုန်း​နေ၍ ဖမ်းရခက်နေကြောင်း ''            ပြန်ဖြေကြပါတယ် ။ ထိုအခါ ဘုရင့်နောင်က... " ကေသရာဇာ ခြင်္သေ့မင်းတို့သည် ကြီးသောသတ္တဝါ၊ ငယ်သောသတ္တဝါဟူ၍ မခွဲခြားပဲ မြဲစွဲသောလုံ့လဖြင့် ဖမ်းစားဘိသကဲ့သို့ ညီတော်၊ သားတော် ၊ မှူး မတ်တော်တို့နဲ့ သွားရောက်နှိမ်နင်းကြမယ် ''             လို့ မိန့်တော်မူရာ နန္ဒသင်္ကြန်က.......        ကိုရွှေမျိုးဝင်း

တပင်ရွှေထီး နဲ့ ဘုရင့်နောင် ( 52) ========================= " အင်း..ညီတော် သတိုးဓမ္မလျှောက်တင်ချက်ကို ငါသဘောကျတယ် ဒီတော့ ငါနဲ့ထပ်တူ စိတ်ချရတဲ့ ညီတော် သတိုးမင်းစောက ငါ့ကိုယ်စား စစ်ချီရမယ်.. ငါ့အာဏာကို ညီတော်အား ယုံကြည်စွာ သုံးခွင့်ပေးလိုက်တယ်... ညီတော်အနေနဲ့ ငါ၏ အာဏာအား တလွဲမသုံးရ သုံးခဲ့သော် ကွပ်မည် ''              ရှင်း၏ ပြတ်၏ အာဏာကို ခွဲဝေပေးလိုက်တယ် ၊ တလွဲမသုံးနဲ့ သုံးရင် သတ်မတဲ့.... ဧကရာဇ်မင်း ပီသပါပေ့ ဒီလို အာဏာကို ခွဲဝေသုံးတတ်လို့လဲ စိုးမိုးအုပ်အုပ်ရမယ့် နယ်ပယ်တွေ ကျယ်သထက် ကျယ်လာရတာပေါ့လေ ။             အမိန့်ကြောင့် စစ်ပြင်ကြပါတယ် ။ -  လက်ယာရဲတိုင် ၊ တုရင်ရာဇာ ၊ လက်ယာ ယောဓာ ၊ ရာဇတမန် ၊ နန္ဒသိန်းစည်း မြင်းတပ် ၅ တပ် ။ ဆင်တပ်မှာ ဗညားကျန်းတော ၊ ဘယကျော်ထင် ၊ ရာဇသင်္ကြန် ၊ နန္ဒကျော်ထင် ၊ သမိန်သံလိုက် ၊ သီရိဇေယ ကျော်ထင် ၊ အဲမွန်ဒယာ ၊ နေမျိုးကျော်ထင် ၊ သမိန်ဇိပ်ပွန် ၊ ညောင်ရွှေ စော်ဘွား ၊ မိုးနဲစော်ဘွား ၊  အင်းဝဘုရင် သတိုးမင်းစော ဆင်တပ် ၁၂ တပ် ။ စုစုပေါင်း ၁၇ တပ် တိုက်ဆင် ၊ မြင်း ၆၀၀ ၊ စစ်သည် ၁၄၀၀၀၀ နှင့် သက္ကရာဇ် ၉၂ဝ ခု၊ နတ်တော်လဆန်း ၇ ရက်၊ ဗုဒ္ဓဟူးနေ့မှာ  ရွာငံသို့စတင် ချီတက်လာကြပါတယ် ။          သတိုးမင်းစောတို့ စစ်ကြောင်းက ရွာငံမှတဆင့်ဆက်သွားကာ  မိုးနဲမှာ နားပြီးမှ  ထားစင်ဆိပ်ကိုကူး၍ ဇင်းမယ်သို့ ချီတက်ပါတယ် ။ စစ်ချီလမ်းကြောင်းမှာ မိမိပိုင်နက် အတွင်း ကျရောက်ပြီး အမှန် သြဇာကြီးသူ ဘုရင့်နောင်မို့ သူ့ရဲ့ စစ်တပ်ကြီးကို ကြားဖြတ်တိုက်ရဲမယ့်သူ မရှိပဲ ချောမောစွာနဲ့ ဇင်းမယ်ထိ ရောက်သွားပါပြီ ။             ဇင်းမယ်တွင် ထားခဲ့တဲ့ ဗညားဒလ၊ ဗညားစက်တို့နှင့် တိုင်ပင်ပါတယ် ၊၊ ထို့နောက် နယ်ခံဇင်းမယ်အမတ် ငသည်လုံ တို့ကို ခေါ်ပြီး မြေပြင်အခြေအနေကို မေးမြန်းပါတယ် ။ လင်းဇင်းမင်းသည် တုရိုင်းမြို့မှာ အလုံးအရင်း နဲ့ တပ်တည်နေပြီး အခွင့်အခါ ရတာနဲ့ တိုက်ခိုက်ဖို့ ကြံစည်နေကြောင်း သတင်းပေးကြပါတယ် ။             သတို့မင်းစောက ရန်သူ တုရိုင်းမှာ ရှိရင် တုရိုင်းကို သွားတိုက်မယ် ဆိုကာ  အမတ် ငသည်လုံတို့ကို လူစုစေပြီး တုရိုင်းသို့ ချီတက်ကြပါတော့တယ် ။   အင်းဝဘုရင် သတိုးမင်းစောတို့လည်း တုရိုင်းသို့ရောက်လျှင် အကဲခတ်ကြည့်ပါတယ် ။ ရန်သူ့ အင်အား မြို့ပြအနေအထား မျက်မြင် ဖြစ်တာနဲ့ သတိုးမင်းစောလည်း ဗျူဟာခင်းဖို့ တိုင်ပင်ပါတယ် ။ " ကဲ ရန်သူ့မြို့ကို တွေ့ရပြီ ငါ့အမြင် ပြောရရင်တော့ ဘာမှ မဟုတ်လှပေဘူး ရေစိမ်ထားတဲ့ စက္ကူလို အလွယ်ပင် ဆွဲဖြဲလို့ ရပါလိမ့်မယ်... ဒါပေမယ့် ငါလိုချင်တာက လင်းဇင်းဘုရင်ကို အရှင်ဖမ်းပြီး နောင်တော်ကြီးထံ ဆက်သချင်တာပဲ... ''          ထိုအခါ ဘယကျော်ထင်က... " ဒီလိုဖြင့် ကျနော်မျိုးတို့ဘက်က ပြေးပေါက် ကြိုပိတ်ထားဖို့ လိုပါလိမ့်မယ်.. ပိတ်ဆို့သူများအား လင်းဇင်းမင်းကို လက်ရဖမ်းဆီးဖို့ အမိန့်ပေးရပါ့မယ်.. လွတ်ရင် သေဒဏ် ၊ အသေဖမ်းမိရင် အပိုင်စားမြို့ ပြန်ရုတ်မယ့် အမိန့်ထုတ်ဖို့ အရေးတကြီး လိုအပ်ပါတယ်... ဒါကြောင့် စစ်မြေပြင်မှာ ဆင်ခြေမရှိ အောင်ပွဲယူခဲ့တဲ့ သူရဲကောင်းတွေကို ဒီတာဝန်နဲ့ ဒီအမိန့် ပေးပါက ကိုယ်တော့်ရဲ့ ဆန္ဒ ပြည့်ပါလိမ့်မယ် ''            သတိုးမင်းစောလည်း ဘယကျော်ထင် ရဲ့ အကြံကို သဘောကျတာနဲ့ အဲဒီအတိုင်းဆောင်ရွက်ပါတယ် ။ ဖမ်းဆီးရေး အဖွဲ့ နေရာချထားမှု စီစဥ်ပြီးတာနဲ့ သူ့မူအတိုင်း တုရိုင်းမြို့ကို ဆင်အား မြင်းအား ခြေလျှင်အားတို့နဲ့ ပြင်းထန်စွာ ဝင်ဆောင့်တိုက်ပါတော့တယ် ။          လင်းဇင်းသားတွေ အတွက်တော့ သတိုးမင်းစောရဲ့ ရဲတင်းလွန်းတဲ့ တိုက်စစ်ကို အံ့သြတကြီး ခုခံကြပေမယ့် မရပါဘူး ။ ကြုံးဝါးသံတွေ ခြိမ်းခြောက်သံတွေ ဗမာစစ်မောင်းသံတွေ ရဲ့ ကြားထဲမှာ လင်းဇင်းသားတို့ အိပ်မက်တွေ ပြိုကျလာရပါပြီ ။ မြို့တံခါးကို ခိုင်ခန့်လှပြီ ထင်ခဲ့ကြပေမယ့် ဗမာ့တိုက်ဆင်တွေရဲ့ အလှည့်ကျ တိုးဝှေ့ တွန်းထိုးတဲ့ ဒဏ်ကို မခံနိုင်ပါဘူး ။          ဝုန်းကနဲ ပွင့်သွားတဲ့ မြို့တံခါးအတွင်းကို အလုအယက် ဝင်လာကြတဲ့ စစ်ဆင် စစ်မြင်းတွေက တောင်ကျရေကဲ့သို့  တွေ့သမျှအား တွန်းထိုးခုတ်ထစ်ကြရင်း မြို့လယ်က လင်းဇင်းမင်းရဲ့ တည်နေရာကို တစိုက်မတ်မတ် တိုးဝင်သွားကြပါတယ် ။ တပ်မှူး နဲ့ အကြပ်တွေက လင်းဇင်းမင်းကို အရှင်ဖမ်း မသေစေနဲ့ ဆိုတဲ့ အမိန့်တွေနဲ့ အဆက်မပျက် သတိပေးနေရလေရဲ့ ။               လင်းဇင်းမင်းလည်း စစ်သူကြီး ဗညားကင်နှင့် စစ်ကဲငသည်စုတ် ၊ ငသည်ဝင်တို့နဲ့အတူ လျှင်မြန်စွာ ထွက်ပြေးပါတော့တယ် ။ ပြေးရာမှာ ပိတ်ဆို့ထားတဲ့ ကြားယိုပေါက်ကနေ အလစ်ပြေးရာမှ ဝိုင်းဖမ်းကြသော်လည်း ဗညားကင် နဲ့ အမတ်တွေက အသေအလဲ ခုခံပြီး လင်းဇင်းမင်းကို ပြေးစေတဲ့အတွက် စစ်သူကြီး ဗညားကင် နဲ့ စစ်ကဲ ငသည်စုတ် ၊ ငစည်ဝင် တို့ကိုပဲ လက်ရဖမ်းမိခဲ့ပါတယ် ။ လင်းဇင်းမင်း လွတ်သွားပေမယ့် စစ်သေနာပတိ တဖွဲ့လုံးကို ဖမ်းနိုင်လို့ အပြစ်မပေးပါဘူး ။           လင်းဇင်းမင်းပြေးရာ လမ်းတကြောက အနန်းစား၊ ပြစား၊ ဇင်းငသည်စား၊ ဇင်းခေါင်းစားတို့လည်း လက်မခံရဲတဲ့ အတွက် မိမိတို့မြို့ကို ပစ်၍ သားမယားနှင့်တကွ လင်းဇင်းမင်းနှင့်အတူ ပြေးကြပါတယ် ။

သေမင်းတမန် ဆိုတာ ================== မြန်မာ့တပ်မတော်တွင် အသုံးပြုလျက်ရှိသော ထင်ရှားသည့် အမြှောက်ကြီးများ (Artillery) ကို အမျိုးအစားအလိုက် ခွဲခြားဖော်ပြပေးထားပါသည်။ ၁ ။ တာဝေးပစ် ဒုံးလက်နက်ဆန်းများ (Multiple Rocket Launcher Systems - MRLS 1 - 122 mm MRLS (Type-81/Type-90B/M-1985): ဒုံးသီး ၄၀ ကို စက္ကန့်ပိုင်းအတွင်း ဆက်တိုက်ပစ်ခတ်နိုင်ပြီး တပ်မတော်၏ ပစ်ကူပေးစနစ်တွင် အဓိကအသုံးပြုသည်။ ( 122 mm Rocket: ဒုံးသီးတစ်လုံးတွင် ယမ်း explosive Weight ၁၈-၂၁ ကီလိုဂရမ်ခန့် ပါဝင်ပြီး ပေါက်ကွဲမှုကြောင့် အချင်း ၃၀ မှ ၅၀ မီတာ အတွင်းရှိ ပစ်မှတ်များကို ပြင်းထန်စွာ ပျက်စီးစေသည်။122 mm Rocket: ဒုံးသီးတစ်လုံးတွင် ယမ်း explosive Weight ၁၈-၂၁ ကီလိုဂရမ်ခန့် ပါဝင်ပြီး ပေါက်ကွဲမှုကြောင့် အချင်း ၃၀ မှ ၅၀ မီတာ အတွင်းရှိ ပစ်မှတ်များကို ပြင်းထန်စွာ ပျက်စီးစေသည်။) 2 ။ 240 mm / 300 mm MRLS (SY-300 / MAM-01): တာဝေးပစ် ဒုံးပစ်စနစ်များဖြစ်ပြီး ကီလိုမီတာ ၁၀၀ မှ ၁၅၀ ကျော်အထိ ပစ်ခတ်နိုင်သော မဟာဗျူဟာမြောက် အမြှောက်ကြီးများ ဖြစ်သည် ။( 240 mm / 300 mm Rocket (SY-300 / MAM-01): ထိပ်ဖူးအလေးချိန် ၁၅၀ မှ ၅၀၀ ကီလိုဂရမ်အထိ ပါရှိသဖြင့် ပေါက်ကွဲအား အလွန်ပြင်းထန်ပြီး အချင်း ၁၀၀ မှ ၂၀၀ မီတာ အတွင်းရှိ ဘန်ကာ၊ အဆောက်အအုံများနှင့် သံချပ်ကာယာဉ်များကို စိစိညက်ညက် ပျက်စီးစေနိုင်သည်။) 3 ။ 155 mm အမြှောက်မှာ ၂ မျိုးရှိတယ် ။ ယာဥ်တင် (ဆွဲတင်)  နဲ့ ယာဥ်ဆွဲ ( ဆွဲမ) ဆိုပြီးပေါ့ ။ - ရိုးရိုးယမ်းပြင်းကျည် (Standard HE Shell) ၁၈ မိုင် မှ ၂၄ မိုင်ခန့် (၃၀ - ၄၀ ကီလိုမီတာ) - ဒုံးစနစ်ပါကျည် (Rocket-Assisted Projectile - RAP) ၂၅ မိုင် မှ ၃၁ မိုင်ခန့် (၄၀ - ၅၀ ကီလိုမီတာ) - ခေတ်မီ လမ်းကြောင်းထိန်းကျည်များ (Excalibur/Precision Shells) ၂၈ မိုင် မှ ၃၇ မိုင်ခန့် (၄၅ - ၆၀ ကီလိုမီတာ) - ထိခိုက်နိုင်မှုကြည့်ပါ ....တစ်လုံးတည်း ပစ်ခတ်မှုဖြင့် ဧရိယာ စတုရန်းမီတာ ၇,၅၀၀ ခန့် (၁.၈ ဧကခန့်) အတွင်းရှိ အကာအကွယ်မဲ့ ပစ်မှတ်များကို ထိခိုက်စေနိုင်ပါသည်။ ကျည် အမျိုးအစားအလိုက် ထိခိုက်မှု - Airburst Shell (မြေပြင်အထက် လေထဲတွင် ကွဲသည့်ကျည်)         မြေပြင်မထိမီ လေထဲတွင် ဖောက်ခွဲလိုက်သည့်အတွက် သံစအနများသည် အပေါ်မှ အောက်သို့ ဖြန်းချသကဲ့သို့ ကျရောက်သဖြင့် ကတုတ်ကျင်း သို့မဟုတ် အကာအကွယ် နောက်ကွယ်ရှိ လူအင်အားများပါ ထိခိုက်ပြီး ထိခိုက်မှု ဧရိယာ ၂ ဆခန့် ပိုမိုကျယ်ပြန့် သွားသည်။ - Cluster Rounds (DPICM - အစုလိုက်ကွဲ ကျည်)        ကျည်တစ်လုံးအတွင်း ဗုံးငယ် (Submunitions) ၈၈ လုံးခန့် ပါဝင်ပြီး ဘောလုံးကွင်း ၂ ကွင်းစာခန့်ရှိသော မီတာ ၁၅၀ x ၃၀၀ ဧရိယာ တစ်ခုလုံးကို ပြန့်နှံ့ ပေါက်ကွဲစေသည်။ - Thermobaric (လေစုပ်/အပူလှိုင်းကျည်)      အပူချိန်လွန်စွာမြင့်မားပြီး အောက်ဆီဂျင်ကို စုပ်ယူကာ လေဖိအားလှိုင်း ဖန်တီးသဖြင့် ဘန်ကာနှင့် အဆောက်အအုံ အတွင်းပိုင်းအထိ ပေါက်ကွဲအား သက်ရောက်သည်။ 4 ။ 105 mm Light Howitzer (M101 / L118)           တောင်တန်းဒေသများနှင့် ရှေ့တန်းစခန်းများသို့ ရဟတ်ယာဉ်ဖြင့် မယူရွှေ့ပြောင်းနိုင်သော ပေါ့ပါးသည့် ပစ်ကူအမြှောက်များ ဖြစ်သည်။ -  ရိုးရိုးယမ်းပြင်းကျည် (Standard HE Shell) ၆.၈ မိုင် မှ ၁.၅ မိုင်ခန့် (၁၁ မှ ၁၇ ကီလိုမီတာ) - ဒုံးစနစ်ပါကျည် (Rocket-Assisted Projectile - RAP) ၁၂.၄ မိုင် မှ ၁၃.၆ မိုင်ခန့် (၂၀ မှ ၂၂ ကီလိုမီတာ)           ထိရောက်မှုက... တိုက်ရိုက်စိစိညက်ညက် ပျက်စီးသည့် ဇုန် (Lethal Radius) အချင်း ၁၅ မှ ၂၀ မီတာ (ပေ ၅၀ မှ ပေ ၆၅ ခန့်) ကျည်ကျရောက် ပေါက်ကွဲသည့် နေရာမှ ပေ ၃၀ ပတ်လည်အတွင်းရှိ ပစ်မှတ်များကို စိစိညက်ညက် ပျက်စီးစေသည်။ အစအနများကြောင့် ထိခိုက်နိုင်သည့် ဇုန် (Casualty Radius): အချင်း မီတာ ၆၀ မှ ၈၀ (ပေ ၂၀၀ မှ ပေ ၂၆၀ ခန့်) ( ပေါက်ကွဲသည့်နေရာမှ မီတာ ၃၅-၄၀ ပတ်လည်အတွင်းရှိ အကာအကွယ်မဲ့ လူအင်အားများကို သေစေနိုင်သည်အထိ ဒဏ်ရာရစေသည်။) စုစုပေါင်း ထိခိုက်မှု ဧရိယာ ကျည်တစ်လုံးလျှင် စတုရန်းမီတာ ၃,၅၀၀ ခန့် (ဝ ဒဿမ ၈ ဧကခန့်) စာ ဧရိယာကို သက်ရောက်မှု ရှိသည်။            ရခိုင်လို တောင်တန်းထူထပ်တဲ့ နေရာကတော့ ၁၀၅ နဲ့ ကွက်တိ ။ ပေါက်ကွဲအားက ၁၅၅ နဲ့ စာရင် နည်းပေမယ့် ပစ်အားနဲ့ ထိရောက်မှု ဧရိယာချဲ့နိုင်တယ် ။           တချိန်က ရှိနေတဲ့ သေနတ် ခါးကြားထိုးပြီး သွားကြားထိုးတံနဲ့ တိုက်နေလို့ မင်းတို့ သူပုန်တွေ အူခွင့် ဟောင်ခွင့် ရခဲ့ကြတာပါ တကယ်ချမယ့် ရွှေဘ လာပြီဆိုတော့ ကပစ ထုတ် လက်နက်ကြီးကျည်တွေ ဖောဖောသီသီ စမ်းသပ်လို့ ရတာပေါ့လေ... အမြှောက်တပ်သားတွေ လက်ရည်တက်လာမှာ မြင်ယောင်ပါသေးရဲ့ ။              အင်း..တိုက်ခိုက်ရေး ရဟတ်ယာဥ်တွေ ၊ တိုက်လေယာဥ်တွေ ၊ ပေါင် ၅၀၀ ၊ ပေါင် ၁၀၀၀ တွေ အကြောင်း မပြောတော့ပါဘူးကွာ ။ ဒါတွေက မင်းတို့လည်း ခဏ ခဏစားနေရလို့ ဝအီနေပြီ မဟုတ်လား ။ ကဲ...အသေခံ ပဒက်လေးတွေ သေခြင်းဆိုးနဲ့ မသေချင်ရင် မင်းတို့ရဲ့ သဘောကောင်းလှတဲ့ ဘဘကြီး ဦးမင်းအောင်လှိုင် အုပ်ချုပ်နေတုန်း အလင်းဝင်ကြပေတော့....             ကိုရွှေမျိုးဝင်း

ကြေမွတော့မယ့် တိမ်တိုက်များ =======================              လူဦးရေ                  ၁၈ မှ ၅၅ ကြား ရခိုင်        2.15  သန်း           1.15  သန်း ကချင်       1.!                         .57 ကရင်          .7                        .4 -------------------------------------------------- Total        4.35                   2.21 ---------------------------------------------------- အစိုးရ       32.5 သန်း         17.5 သန်း                ဒီစာရင်းက လက်ရှိ အနှစ်ချုပ်ထားတဲ့ စာရင်းပါပဲ ။ ဒီစာရင်းထဲမှာ ထွက်ပြေးတဲ့သူတွေ ၊ သေကုန်တဲ့ သူတွေ စာရင်း မပါဝင်သေးဘူး...သူပုန်တွေ အတွက် အစွမ်းကုန် တွက်ပြထားတာ ။                လတ်တလော တပ်မတော်က ထိုးစစ်ဆင်မယ့် ၃ ဖွဲ့ကို အရင်တွက်ပြတာပါ ။ ဒါက လူသားရင်းမြစ် ရနိုင်တဲ့ စာရင်းပဲ ရှိပါသေးတယ် ။ လက်နက်ခဲယမ်း ရိက္ခာ နည်းပညာကလည်း ဆင် နဲ့ ကြွက်လောက် ကွာဟ နေတာပါပဲ ။          အကန်မေးခွန်း လာပါလိမ့်မယ့်...ဒါဆို ဘာကြောင့် စစ်တိုင်းဌာနချုပ်ကြီး ၂  ခု ကျခဲ့ရသလဲပေါ့ ။  အဖြေက တိုတိုရှင်းရှင်းပဲ ခြံစည်းရိုးဖြဲပေးတဲ့ ဗမာ PDF နဲ့ တပ်တွင်းက စစ်ခြောက် ၊ စစ်လောက်တွေရယ် အညံ့စားပေါ်လစီ ရယ်ကြောင့်ပဲ ။              OK တပ်မတော်က သင်ခန်းစာကို တန်ဖိုးကြီးကြီး ပေးဝယ်ခဲ့ရပြီး ပြင်ဆင်ခဲ့ကြရတယ် ။ အရည်ချင်းမဲ့ အရာရှိတွေ.. လာဘ်စား သစ္စာဖောက်လောက်တွေကို အထိုက်အလျှောက် ဖယ်ရှားနိုင်ခဲ့တယ် ( ကျန်ရှိနေနိုင်ပါသေးတယ်) ။ ပြည်သူ့စစ်မှုထမ်း ဥပဒေ နဲ့ လျော့ပါးသွားတဲ့ စစ်သည်အင်အား ဖြည့်တင်းပြီးသွားပြီ ။ လက်နက်က ရှိပြီးသားပါ ဒရုန်းလောက်ပဲ ဖြည့်တင်းရတာပါ ။               နည်းပညာတွေ မြှင့်တင်ပြီး နေ့ ည မပျက် ရာသီမရွေး စစ်ဆင်နိုင်တဲ့ အထိ အားကောင်းမောင်းသန် ဖြစ်အောင် စီစဥ်နိုင်ခဲ့ပြီ ။ ယခင်ကဆို  ပွင့်လင်းရာသီမှ မိုးမရွာမှ နေ့ဘက်မှ ဆိုတဲ့ ကန့်သတ်ချက်တွေကို ကျော်လွှား စစ်ဆင်နိုင်ခဲ့လို့ ဒီနေ့ နာမည်ကြီးနေတဲ့ ရခိုင် စစ်ဆင်ရေး 4926 ကို နိဒါန်းဖွင့်လိုက်တာပါပဲ ။ ရခိုင်တွေရဲ့ အိပ်မက် လန့်နိုးစပြုလာပါပြီ ။              ကရင်အတွက် အစပျိုးနေတာ ကြာပါပြီ ။ သတင်းတွေအရ တက်ညီလက်ညီ မဟုတ်ပဲ အပါးခိုနေတဲ့ ကွန်မန်ဒါတွေကြောင့် အနည်းငယ် စစ်အီနေတာပဲ ရှိပါတယ် ။           ဇောင်းထတဲ့ ကချင်အတွက် ပထမအသုတ် လက်ဆောင် ပို့အပြီး နောက်ထပ် အင်အားတွေနဲ့ လက်နက် ခဲယမ်းတွေ ထပ်ပို့နေပြန်ပြီ ။ စင်းခန်းတံတားမရှိတော့လို့ အဓိက အတားအဆီးမရှိတော့ဘူး ။ သင်္ဘောအုပ် ရောက်ပြီး မကြာခင် ကချင်ဘက်က မိန်းမရှာတွေ ငြိမ်းချမ်းရေး စကား ဖင်ပြဲအောင် အော်လာတော့မယ် ။              ပြည်သူတယောက်အနေနဲ့ ကြိုတင် မေတ္တာရပ်ခံချင်တာ ငြိမ်းချမ်းရေးလေသံ ပစ်လိုက်တာနဲ့ ယခင်က လိုင်ဇာ အပေါက်ဝက လှည့်ပြန်ခဲ့လို့ ဒီနေ့ ပေးဆပ်နေရတဲ့ ပြည်သူ့ဘဝတွေကို စာနာကြဖို့ပါပဲ ။ ဒီကနေ့ သတင်းစကားပါးချင်တာက ယခင်တပ်ချုပ်ဟောင်း လက်ထက်တလျှောက်လုံး...လေတိုက်နှုံးကောင်းကောင်းနဲ့ မိုးပေါ်က တိမ်တိုက်တွေလို ​ဝံ့ကြွားခဲ့ကြတဲ့ ရခိုင် ၊ ကချင် ၊ ကရင် တို့ အတွက် တိမ်ဖြိုမယ့် မုန်တိုင်းကြီး လာနေပြီဆိုတာပါပဲ ။     {  ပြောခဲ့ဖူးပါတယ် မင်းတို့ ဦးမင်းအောင်လှိုင်ကို မဆဲကြနဲ့ သူမို့လို့ ညှာနေတာ သူမဟုတ်ရင် မင်းတို့ မျိုးပြုတ်တာ ကြာပြီ ဒါကြောင့် မဆဲကြနဲ့ ထိုင်ကန်တော့ရမှာလို့ ဗေဒင်တတ်လို့တော့ မဟုတ်ဖူး အတွေ့အကြုံအရ ကြိုပြောထားတာ ကဲ အခု ငိုဖို့ ပြင်ထားပေတော့ဗျာ 😁😁😁  }          ကိုရွှေမျိုးဝင်း           

          ပိဋကတ်သုံးပုံကိုလည်း ပါဠိအဋ္ဌကထာ၊ ဋီကာနှင့်တကွ အပ်တော်မူ၍ ကြည့်ရှုသင်ကြား ပို့သတော်မူစေသည်။ အင်းဝတောင် (ရှင်ဗုဒ္ဓ ဃောသ)ကိုလည်း စင်္ကြန်နှနှစ်ထပ် ကျောင်းရံနှင့်တကွ ဆောက်၍ လှူတော်မူသည်။ ဘုရားဆင်းတုရုပ်တု တော် ပျက်စီးကျိုးပဲ့လေသည်များကိုလည်း လုပ်ပြန်ဆက် ပြန်၍ ရွှေထည့်တော်မူသည်။ ကြေးစင်တစ်ထောင်ကို လည်း ခေါင်းလောင်းကြီးသွန်းစေ၍၊ ပုဂံရွှေစည်းခုံမှာ လှူတော်မူသည် ။                အဲလို ကာလမှာပဲ ဇင်းမယ်မင်းထံမှ သတင်းပို့လာပါတယ် ။ " လင်းဇင်းမင်း ဗြစဲစစ် သည် အင်အားအလုံးအရင်းနဲ့ ချီလာပြီး ပြဲအနန်း၊ လကွန်း၊ တုရိုင်းဇင်းခေါင်းမြို့စားများလည်း ပူးပေါင်းပါဝင်ကြသဖြင့် စိုးရိမ်နေရပါကြောင်း '' m             ဒါနဲ့ ဘုရင့်နောင်လည်း အစည်းအဝေးခေါ်ပြီး.... " ကဲ ဇင်းမယ်ကတော့ စစ်ကူတောင်းနေပြီ ငါတို့ ဘယ်လိုစီစဥ်ကြမလဲ ဆွေးနွေးကြစို့.. ''         ထိုအခါ အိမ်ရှေ့မင်းက... “ဇင်းမယ်မြို့တွင် ထားခဲ့သော ဗညားဒလ၊ ဗညားစက်တို့မှာလည်း အင်အားတောင့်ပါတယ် ။ ဇင်းမယ်မှာလည်း အလုံးအရင်း ဆင် မြင်း ရှိပါတယ် ။ ဒီတော့ ယုံကြည်ရတဲ့ စစ်သူကြီးတွေ ခန့်ပြီး  ညောင်ရွှေစော်ဘွားနှင့် မြို့စားအပေါင်းတို့ကို စေလွတ်ရင် ကောင်းပါလိမ့်မယ် ''            ထိုအခါ ညီတော် ပြည်ဘုရင် သတိုးဓမ္မရာဇာ က... “ယခုပြဲစား၊ အနန်းစားတို့နှင့် ပြဲအနန်း၊ လကွန်း၊ တုရိုင်းဇင်းခေါင်း၊ သည်မြို့စားများ လင်းဇင်းမင်းသို့ ပေါင်းလေသောကြောင့် စိုးရိမ်ဖွယ် ရှိပါတယ်... လင်းဇင်းဘုရင်သည် ထီးဆောင်း မင်း တစ်ပါးပင် ဖြစ်သည် ။ ဆင် မြင်း ဗိုလ်ပါလည်း များသည် ။ ကျနော်တို့ ဇင်းမယ်မြို့ကို အောင်မြင်တော်မူသည်မှာ မကြာသေး ။ ထို့ကြောင့် ဇင်းမယ်တွင်ရှိသော အမှူးအမတ်တို့ကိုလည်း ယုံကြည်၍ မရနိုင်သေးပါဘူး ။  မှူးမတ် အဆင့်နဲ့ သွားတိုက်လို့ မသင့်ပါဘူး ။ ညီတော် ၊ သားတော်တို့ ဦးစီးပြီး ချီစေရမှ သင့်မြတ်ပါမယ် ”           ဟု အကြံပြုပါတယ် ။              ဘုရင့်နောင်လည်း အကြံပေးစကားများအား စူးစိုက်နားထောင်ပြီးနောက် ဆုံးဖြတ်လိုက်ပုံက......            ကိုရွှေမျိုးဝင်း         

         မိုးနဲစော်ဘွားလည်း ဆင်ကောင်းနှစ်စီး၊ မြင်းကောင်းနှစ်စီး၊ လက်ဆောင်တော် ယူခဲ့၍  ရောက်လာပါတယ် ။ မိုးနဲစော်ဘွားရောက်လာတာနဲ့ ဖမ်းချုပ်ထားပြီး ကျိုင်းတောင်းဆိပ်မှ မိုးနဲသို့ ချီတက်ကြပါတယ် ။ ရောက်ရောက်ခြင်းပဲ မိမိစစသည်တို့ကို ဘယ်သူ သတ်သလဲ အရင်ဆုံး စစ်ဆေးပါတော့တယ် ။           တရားခံပေါ်တာနဲ့   ညောင်ရွှေစော်ဘွား၊ ရောက်စောက်စော်ဘွားတို့ကို သားမယားနှင့်တကွ ဖမ်းခဲ့ကြလို့ အိမ်ရှေ့မင်း ဆင်တပ်နှင့်တကွ  အင်းဝဘုရင် သတိုးမင်းစောတို့ ရှစ် တပ်ကို တာဝန်ပေးလိုက်ပါတယ် ။ မိမိစစ်သည်တို့ကို သတ်ဖြတ်ပစ်သော တရားခံများအား လက်စားချေရန် အမြန်ဆုံး ချီတက်ကြပါတယ် ။                ညောင်ရွှေစော်ဘွား နဲ့ ရပ်စောက်စော်ဘွားတို့လည်း ဘုရင့်နောင်တပ်တွေ ချီလာပြီဟူ၍ ကြားလျှင် ... “ဘဝရှင်မင်းတရားကြီးကို ကျွန်တော်တို့ မပုန်ကန်ပါ။ မိုးနဲစော်ဘွားသား ရဲမက်တော်တို့ကို သတ်ညှစ်၍ တံတားကို ဖျက်လေသည်”                ဟူ၍ လက်ဆောင် ပဏ္ဏာကာရနှင့် ဆီး၍လျှောက်သည် ။               အိမ်ရှေ့မင်း နဲ့  သတိုးမင်းစောတို့လည်း လက်ဆောင်ပေး လာဘ်ထိုးတာနဲ့ ပြန်မသွားရဲပါဘူး ။ ဘုရင့်နောင်က ဘယ်ရမလဲ ဒါကြောင့် ညောင်ရွှေ၊ ရပ်စောက်သို့ အရောက်ချီတက်ပြီး စော်ဘွားမြို့စားတို့ စ၍၊ သား၊ မယား၊ အမှူး၊ အမတ်၊ ဆင်ကောင်း၊ မြင်းကောင်းတို့ကို အကုန်ဖမ်းပြီး  မိုးနဲသို့ ခေါ်လာခဲ့ကြပါတယ် ။                   ဘုရင့်နောင်ရှေ့ရောက်တာ နဲ့ “မိုးနဲစော်ဘွား၊ ညောင် ရွှေစော်ဘွားငယ် တို့သည် ငါ့နိုင်ငံတော်ဖြစ်သော သီပေါ-သုံးဆယ်တို့ကို ထိပါးသောကြောင့် ငါတိုက်ခိုက်ရန် လာရာတွင်လည်း မြို့တွင်းမျှ မရပ် မနေဝံ့၊ ပြေးပုန်း နေခဲ့ကြတယ် ။ လက်နက်ချလို့ စည်းစိမ်အသက် မပျက်စေပဲ ငါ သူကောင်းပြုတော်မူသည်။ ဒါကိုပဲ သစ္စာတော် မစောင့်ပဲ  ငါ့ ရဲမက်တော် တို့ကို သတ်ခဲ့ကြတယ် ။ သင်တို့ သေသင့်ပေမယ့် ဆရာတော်များက အသက်ချမ်းသာပေးဖို့ တောင်းပန်ကြလို့ အသက်ကို လွှတ်တော်မူမယ် သို့သော် ငါ့ရဲ့ စစ်သည်တွေကို ကိုယ်တိုင်သတ်ဖြတ်ခဲ့ကြသော အစုအဖွဲ့ကိုမူကား ငါ ခွင့်မလွတ်ဖူး ၊ ငါ့ စစ်သည်တယောက်ခြင်းသည်ကား ငါ့ ပလ္လင်ရဲ့ ဒေါက်တိုင်များမို့ ငါ တန်ဖိုးထားရမည် သတ်ဖြတ်သူ အစုအဖွဲ့အား ယခု ချက်ခြင်း ကွပ်လေ  ”              ဟု အမိန့်ချလိုက်ပါတော့တယ် ။  မိုးနဲစော်ဘွား၊ ညောင်ရွှေစော်ဘွား၊ ရပ်စောက် စော်ဘွား တို့ကို သား၊ မယား၊ ညီ၊ သမက်တို့နဲ့ အတူ ဖမ်းခေါ်လာပြီး အနားမှာ အကျယ်ချုပ်နေထိုင်ရန် စီမံပါတယ် ။  ဆင်ကောင်း၊ မြင်းကောင်း၊ သူရဲသူခက်ကောင်းတို့ကိုလည်း ရွေးချယ် စုဆောင်းပါတယ် ။              မိုးနဲမြို့ကို စော်ဘွားကြီးသား သိုခဲအား အဆောင်အယောင်နှင့်တကွ ခန့်အပ်၏ ။  ညောင်ရွှေမြို့ကို စော်ဘွားခင်သား စမော်ခန်းအား အဆောင် အယောင်နှင့်တကွ  စော်ဘွားခန့်အပ်၏ ။                  ဇင်းမယ်တိုက်ပွဲသို့ ပါလာသော မိုးဗြဲစား၊ စကား စား၊ နောင်မွန်စား၊ လဲချားစား၊ တီကျစ်စား၊ ကျိုင်းတောင်းစား၊ မိုင်းပံစား တို့ကို သစ္စာတော်ခံစေပြီးလျှင် ဆုလာဘ်ပေးတော်မူ၍၊ မိမိတို့ စားမြဲသော မြို့ပြကျေးရွာတို့ကိုပင် စားရသည်။ မိုင်းကိုင်စား မြို့ကို စော်ဘွားကြီးသား သိုခဲညီ၊ စမော် ခန်းကို ပေးတော်မူသည်။               အခွန်အဖြစ် ရွှေခွန်၊ ငွေခွန်၊ ကတိုးခွန်၊ အောင်းခွန်၊ တစ်နှစ်ကို မည်မျှဆက်ဟု သတ်မှတ်သည် ၊၊ သိမ်းယူသမျှ ဆင်ကြီး၊ မြင်းကြီး၊ သား၊ သမီးတို့ကို ခေါ်ယူကာ အင်းဝသို့ ပြန်လာပါတယ် ။  တီကျစ်သို့ရောက်လျှင် မတိုက်ပဲ ချန်ထားခဲ့သော သိန္နီစော်ဘွားလည်း တရုတ်ပုဆိုး၊ ကတိုး၊ အောင်း၊ တင်ရန်း၊ မြင်းကောင်းတစ်ဆယ်၊ ဆင်ပေါက်နှစ်စီး၊ လက်ဆောင်တော်ယူ၍ ခိုလှုံလာပါတယ် ။          ဘုရင့်နောင်လည်း တဲနန်းသို့ခေါ်၍ သာယာစွာ ပြောဆိုပြီးလျှင် ကွမ်းခွက်၊ လက်ဖက်အိုး၊ တကောင်းဖုံး၊ ပတ္တမြားစီ ရွှေထွေးအင် ပေးတော်မူသည် ။  သိန္နီပိုင်နက် အစွန်အဖျား ကျေးရွာကို မိုးနဲစော်ဘွား  သိမ်းယူခဲ့သည်များကိုလည်း စစ်ကြော၍ ပြန်ပေးပါတယ် ။ ထို့နောက် တီကျစ်ကသည်၊ အင်းဝသို့ ပြန်ခဲ့ရာ သက္ကရာဇ် ၉၂ဝ ခု၊ ဝါခေါင်လဆန်း တစ်ဆယ့်နှစ်ရက် မှာ  ရောက်ပါတယ် ။                အင်းဝတောင်ဘက်ရှိ တောင်ပလူနန်းတော်တွင် တစ်နှစ်ခန့်နေပါတယ် ။ စစ်ကိုင်း၊ ပင်းယ၊ အင်းဝတွင်ရှိသော ဘုရား ပုထိုးများကို ရှမ်းတို့ဖျက်ဆီး၍ ပြိုပျက်လေသည်ကို လုပ်စေ၍ ထီးတင်တော်မူသည် ။ -  ပုညရှင်ဘုရားတွင် ရွှေဇရပ် ဆောက်တော်မူ၍ ခဲမဖြူအုတ်ကြွပ် မိုးတော်မူသည် ။ -  စစ်ကိုင်းအရပ်၌ ဆရာတော် (တိသာသနဓဇ)အားလည်း ရွှေကျောင်းဆောင်ဆောက်၍ လှူတော်မူသည် ။ ပိဋကတ်သုံးပုံ အဋ္ဌကထာ၊ ဋီကာနှင့်တကွ ဆရာတော်ကိုအပ်၍ ကြည့်ရှုသင်ကြား ပို့သတော်မူစေသည်။ ပင်းယမြောက် ဇေသဟန်” ဘုရားရှင်တွင်လည်း (ရှင်သဒ္ဓမ္မဒိဝါကရ)အား ရွှေကျောင်း ရွှေရံနှင့်တကွ လှူတော် မူသည် ။ (မဟာသာမိဓမ္မတေဇ) ဟူသော တံဆိပ်ကိုလည်း အပ်တော်မူသည် ။

တပင်ရွှေထီး နဲ့ ဘုရင့်နောင် (51) ======================== " ကဲ ဒီစစ်ပွဲက အရေးကြီးတယ် ဆင်က ဆင်နေရာမြို့ရိုးအခြေထိ ရောက်ကြစေ ၊ မြင်းလည်း မြင်းနေရာ မြို့ရိုးအခြေ ရောက်အောင်သွားရမည် ၊ ခြေလျှင်ကလည်း လှေခါး တူရွင်းတို့ ကိုင်၍ မြို့ကို တူးသူတူးစေ ၊ မြို့ပေါ် တက်သူ တက်စေ.....အမိန့် မနာခံပဲ လှည့်ပြေးသူ တခါတည်း သတ်စေ ''         အလွန် ရှင်းလင်းတဲ့ အမိန့်မို့ စစ်သည်တွေဟာ မခိုမကပ်ရဲပဲ အားကြိုးမာန်တက် တိုက်ခိုက်ကြပါတော့တယ် ။ လင်းဇင်းမြို့ရိုးထိပ်က အမြှောက်တွေက ခဏပဲ သုံးလိုက်ရပါတယ် ။ မြို့ရိုးအခြေထိ ဆင် မြင်း လူသူတို့ ဝုန်းကနဲ စုပြုံရောက်လာကြရာ အမြှောက်တို့ အောက်စိုက် ပစ်မရလို့ အပိုဖြစ်ကုန်ပါတယ် ။              လင်းဇင်းသားတို့လည်း ဆင်အထက် ၊ မြင်းအထက်က တန်ပြန် ပစ်လွှတ်တဲ့ လှံတိုတွေ နဲ့ မြှားဒဏ်ကို မနည်းရှောင်နေကြရချိန်မှာ မြို့ရိုးကို တူးဖြိုသူက တူး ၊ မြို့ရိုးပေါ် တက်သူက တက်နဲ့ ရုတ်ရုတ်သဲသဲ တိုက်နေတဲ့ ဘုရင့်နောင် စစ်တပ်ကို ရေရှည် မခံနိုင်တော့ပါဘူး ။ လှေခါးပေါ်က တက်လာပြီး မြို့ရိုးပေါ်ထိ ရောက်လာတဲ့ စစ်သည်တွေကို ခုခံနေရစဥ်မှာပဲ မြို့ရိုးကို တူးဖြိုနေတဲ့ တနေရာက ဝုန်းကနဲ ပြိုလဲသွားပါတယ် ။           မြို့ရိုးပေါက်ထဲကို ဆင်တပ် မြင်းတပ်ကြီးက ညှပ်သပ်နေအောင် စုပြုံတိုးဝှေ့ အလုအယက် ဝင်လာပါတော့တယ် ။ လင်းဇင်းတခြမ်းဟာ ချက်ခြင်း အစီးခံပြီး လင်းဇင်းဘုရင်လည်း အကြောက်ကြီး ကြောက်သွားပါတော့တယ် ။ ချက်ခြင်းပဲ မြို့ပြင်က ဘုရင့်နောင်ထံ ဆင် ၂ စင်း နဲ့ အတူ လက်ဆောင်ပစ္စည်းများ ဆက်သပြီး အသက်ချမ်းသာပေးရန် တောင်းပန်လာပါတယ် ။          ဘုရင့်နောင်က လက်ခံပြီး ချက်ခြင်းပဲ လင်းဇင်းမြို့ထဲက တပ်များအား.... " လင်းဇင်းသည် သာသနာ၏တည်ရာအရပ်ဖြစ်သောကြောင့် သုံ့ပန်းမဖမ်းဆီး နဲ့ ဖမ်းဆီးပြီးသူတွေလည်း ပြန်လွတ် ၊ ရွှေ ငွေ အဝတ်အထည် ရပြီးသူ ယူစေ ''          ဆိုပြီး အမိန့်တော်နဲ့ လျှင်မြန်စွာ တားမြစ်ပေးခဲ့ပါတယ် ။ ထို့နောက် ဇင်းမယ်ဘုရင်မှစ၍ အမှူးအမတ် စသည်လုံ၊ ငသည်လံတို့ကို  သစ္စာတော်ပေးပြီးလျှင် ကျေးဇူးတော်ကိုလည်း သိစေ၊ သာသနာတော်ကိုလည်း ချီးမြှောက်ဟု မှာကြားပါတယ် ။        ဇင်းမယ်ဘုရင် ဗြသံကိုပဲ ဇင်းမယ်မြို့အုပ်ချုပ်စေပါတယ် ။  အခွန်အဖြစ် ဆင် ၁၀ ၊ မြင်း၁၀ ၊ ငွေတစ်ရာ၊ မိုင်းလုံးဇာ၊ ပယင်း၊ ရွှေဖျင်၊ ဖဲ၊ မော်ယော်၊ အောင်း၊ တင်ရန်း၊ ကတိုး၊ ယွန်းပူ၊ ယွန်းတာ နှစ်စဉ် မပြတ် ဆက်ရမယ်လို့ သတ်မှတ်ပါတယ် ။               ဇင်းမယ်တွင်ရှိသော ဆင်ကောင်း၊ မြင်းကောင်း၊ သူရဲသူခက်ကောင်း ၊ ပန်းချီ၊ ပန်းပွတ်၊ ပန်းတော့၊ပန်းပဲ၊ ပန်းထိမ်၊ ပန်းတဉ်း၊ ပန်းရန်၊ သစ်စေးသမား၊ အင်္ဂတေသမား၊ ဆင်တတ်သသူ၊ မြင်းဆေးသမား၊ မြင်းတတ်သသူ၊ ပန်းဆိုးနယ်နုတတ်သသူ၊ အထုံးအမြိတ်တတ်သသူ၊ အထုံနံ့သာတတ်သသူ၊ အကြော်အလှော် အပေါင်းအကျစ် တတ်သသူ-ဤသူတို့ကို ရွေးတော်မူ၍ သားမယားနှင့်တကွ ဟံသာဝတီ နေပြည်တော်သို့ သီးသန့် အကွက်ရိုက် နေရာချပေးပါတယ် ။  ဘုရားပုထိုး ဂူကျောင်း ပြိုပျက် သည်များကိုလည်း ပြင်ဆင်ရန် အတွက်  ဇင်းမယ်မင်းကို ငွေ ၁၀၀ အပ်ကာ  လုပ်ဆောင်စေပါတယ်  ။               ဇင်းမယ် မြို့ရံ ၅၇ မြို့မှ မြို့စားတို့ကိုလည်း ခေါ်၍ ရောက်လျှင် သစ္စာခံစေကာ မိမိတို့ စားမြဲ ကျေးရွာ၊ မြို့ပြကိုပင် ပေးအပ်ခဲ့ပါတယ် ။ သက္ကရာဇ် ၉၂ဝ တွင် ဘုရင့်နောင်သည် မြို့ရံငါးဆယ့် ခုနစ်မြို့နှင့်တကွ  ဇင်းမယ်ပြည်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ် ။             ထို့နောက်  ယိုးဒယား ၊ လင်းဇင်း ၊  ဇင်းရုံ နယ်စပ်ဒေသများသို့  ကင်းတို ကင်းရှည် ထား၍ တိုင်းပြည်အား ကာကွယ်ခဲ့ပါတယ် ။ ဗညားဒလ ၊ ဗညားစက် တို့ တပ် ၂ တပ်ကို တိုက်ဆင် ၁၀၀ ၊ မြင်း ၁၀၀၀ ၊ စစ်သည် ၅၀၀၀၀ နှင့် ဇင်းမယ်တွင် အစောင့်ထားခဲ့၍ မိုးနဲကြောင်းမှ အင်းဝသို့  ပြန်ခဲ့ပါတယ် ။               အပြန်ခရီး၌  သံလွင်ထားစင်ဆိပ်တံတားအား မိုးနဲစော်ဘွားသည် ဖျက်ထားတာကို တွေ့ရပါတယ် ။ မိုးနဲတွင် ရှိသော ရဲမက် ၃၀၀ ကျော်ကိုလည်း သတ်ပစ်ထားပါတယ် ။  ညောင်ရွှေစော်ဘွား၊ ရပ်စောက်စော်ဘွားတို့ကလည်း ဇင်းမယ်စစ်ချီရာမှာ နောက်က  လိုက်မည့်ဟန်နဲ့  မိုးနဲသို့သွားရောက် ပူးပေါင်း ပုန်ကန်ကြပါတယ် ။        ဘုရင့်နောင်လည်း ဇင်းမယ်အရေး အာရုံစိုက်နေရသောကြောင့် ထားစင်ဆိပ်သို့ ပြန်ရောက်မှ မိုးနဲစော်ဘွား ပုန်ကန်ကြောင်းကို သိပြီး ကျိုင်းတောင်းဆိပ်သို့ ချီတက်ကြပါတယ် ။ သံလွင်မြစ်ကို ကူးပြီး တစ်ဖက်သို့ ဆင် မြင်း ဗိုလ်ပါ အကုန်ရောက်လျှင် မိုးနဲစော်ဘွားလည်း လက်ဆောင်လက်နက်အများနှင့် ဘုရင့်နောင်ထံ ... “ကျွန်တော် သစ္စာမဖောက်ပါဘူး ။ ညောင်ရွှေစော်ဘွား၊ ရပ်စောက်စော်ဘွားတို့သာ တားဆီးမရပဲ ရဲမက်တော်တို့ကို  သတ်ညှစ်၍ တံတားကို ဖျက်လေသည်”             ဟု  စာရေးသား ပေးပို့လာပါတယ် ။              စာဖတ်ပြီးတာနဲ့ ဘုရင့်နောင်က အ ချင်ယောင်ဆောင်ပြီး.... " အေး ဒီလိုဆိုတော့ ဟုတ်ပေသားပဲ ကဲ ကဲ  ဒါဆို မင်းတို့စော်ဘွားကို ကိုယ်တိုင်လာတွေ့လို့ ပြောလိုက်ပေတော့ မလာရင်တော့ သစ္စာဖောက်မှုမှာ ပါဝင်တယ်လို့ သတ်မှတ်ပြီး ငါ ခေါ်ထားတဲ့ သူ့သား နဲ့ သူ့ညီကို သုတ်သင်ရမှာပဲ  ''       လို့ အကြောင်းပြန်လိုက်ပါတယ် ။

            လောကကြီးမှာ တဖက်လူကြောင့် ဖြစ်ပေါ်လာရတဲ့ အခြေမြင့်လာမူအပေါ် ငါ နဲ့ ငါသာ နှိုင်းစရာဆိုပြီး အားလုံးကို ဝါးမြိုဖို့ ကြံစည်လာရင် မကောင်းဘူးပေါ့ဗျာ ။ ငါ ဘာကြောင့် ဒီလို ဖြစ်လာရသလဲ... တဖက်သားမှာလည်း အစွမ်းအစ ရှိပါလား.. သူ့အစွမ်းကိုလည်း ငါ အသိအမှတ်ပြုသင့်တယ် လို့ တွေးဆသင့်ပါတယ် ။ ငါသာတော်တယ် တတ်တယ်ယူဆပြီး ကိုယ့်ကို အခြေမြင့်စေတဲ့ အဖွဲ့ကြီးကိုတော့... အင်း......ကိုယ်တို့ လူမျိုးတွေ စိတ်ထားပြင်ဖို့ လိုနေပြီလားလို့ပါ ဗျာ... လူတော်တွေ သောက်တလွဲလုပ်ရင် တနိုင်ငံလုံး မျက်စေ့ စပါးမွှေးစူးရတယ်ဗျ ။         ကိုရွှေမျိုးဝင်း

ဒို့ဆီက ပြဿနာ =============                နိုင်ငံ​​ရေး မဟုတ်ဖူး ပွဲဆူနေတာ များနေလို့ စပ်စုကြည့်တာ.... ။ ကျနော်တို့ အသက်အရွယ်အရ မြန်မာ့ယဥ်ကျေးမှုကို ထိမ်းသိမ်းဖော်ဆောင်နေတဲ့ ဘယ်ဇာတ်မင်းသားပဲ ဖြစ်ဖြစ် လေးစားစွာ အားပေးပါတယ် ။ အခုတလော ဇာတ်လောကမှာ ပြဿနာလို့ ဆိုရမယ့် ပွဲဆူနေတဲ့ ကိစ္စက စမ်းရေမိုး ရဲ့ ဇာတ်ဆရာ အောင်ကျော်မိုးပဲ ။           အောင်ကျော်မိုးက လူတော်တယောက်လို့ ဆိုနိုင်ပါတယ် ။ သူရဲ့ မူလ အဓိက အနုပညာအလုပ်က ပန်းချီဆရာပါ ။ အောင်မြင်သလား ဆိုရင် လွန်ခဲ့တဲ့ ၄ / ၅ နှစ်လောက်တုန်းက သူ့ရဲ့ ဘီလူးပုံ ပန်းချီကား တကားကို ဒေါ်လာ ၂၅၀၀ နဲ့ ရောင်းချခဲ့ရဖူးပါတယ်... တကားထဲ မဟုတ်ပါဘူး ၁၀ ကားခန့် ရှိပါ့မယ် ။        နောက် ဆီလီကွန် ပုံတူတွေ ထုဆစ်ရာမှာလည်း သူက မြန်မာပြည်မှာ ပထမဆုံးပါပဲ ။ နတ်မောက်မှာ ရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း ပက်လက်ကုလားထိုင်မှာ ထိုင်နေတဲ့ ပုံက သူ့လက်ရာလို့ ကြားဖူးပါတယ် ။             Video ခေတ်တုန်းကလည်း ဇာတ်ရံ သဘော ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ် ။            ဒါရိုက်တာမိုးမင်းရဲ့ '' ပတ္တမြားဒေဝီ စောမဲကြည် '' ဆိုတဲ့ ဇာတ်တော်ကြီးမှာ ရန်အောင် ၊ နေတိုး ၊ ရတနာမိုင် တို့နဲ့အတူ သရုပ်ဆောင်ဖူးပါတယ် ။ ဘီလူးအကကို ကျကျနန ကပြပြီး သရုပ်ဆောင်တာလည်း တွေ့ဖူးပါတယ် ။ နောက်ဆုံး စည်တိုတီးနေတာထိ တွေ့ဖူးပါတယ် ။ ပြောချင်တာက သူသည် စွယ်စုံ အနုပညာရှင်လို့ ဆိုနိုင်သူ တဦးပါပဲ ။        ကဲ ကောင်းတဲ့ အချက်တွေ သိသလောက် ပြောပြီးပြီ ။ သူ့ကို လူတွေ သတိထားမိတာက ပရိပ်သတ် တယောက်ကို စင်ပေါ်ကနေ အဲဒီကောင်ကို တသောင်းပေးပြီး ပြန်လွှတ်လိုက် ဆိုတဲ့ ကိစ္စက စပြီး လူသိများလာတယ် ။          စမ်းရေမိုးနဲ့ ပက်သက်လို့ ဇာတ်ထောင်ပြီး သူမြေတောင် ဘယ်လိုမြောက်ခဲ့ရကြောင်း အင်တာဗျူးတယ် ( တင်မောင်ဆန်းမင်းဝင်းက ပညာသင်ပေးတာ ၊ ဇာတ်ပစ္စည်း နဲ့ တကွ ဇာတ်သူဇာတ်သား အဖွဲ့လိုက်ကြီး အခမဲ့ ပေးလိုက်တာ သူမပြောဘူး 😂)         မင်းသားက အရမ်းအောင်မြင်လာတော့ ပရိပ်သတ်တွေက ဆုချီးမြှင့် ဆယ်ဖီဆွဲကြတာပေါ့ အဲဒါကို စင်ပေါ်မှာ ဆယ်ဖီဆွဲဖို့ လုပ်နေတဲ့ အမျိုးသမီးပရိပ်သတ်တဦးကို သူကိုယ်တိုင် စင်ပေါ်က ဆွဲချပြီး နောက်လူလာဆိုကာ အရှက်ခွဲခဲ့တယ် ။            စမ်းရေမိုး အိမ်တက်မှာ စတုဒီသာ ကျွေးတယ် ၊ စားသောက်နေဆဲကာလ ကုန်အောင်စားကြ တပွဲ ၂ ယောက် စားချင်စားကြ နဲ့ ဝင်ရောက် ဟန့်တားတယ် ( စည်းကမ်းရှိအောင် ဆိုပေမယ့် အလှူဒါနမှာ လာစားကြသူ ဆင်းရဲသားတွေ အတွက်တော့ ရှက်စရာပဲ... ဘယ်သူဌေးမှ ဘဲဥချက် တိုးဝှေ့မစားဘူး)           အင်တာဗျူးတခုမှာ မင်းသားလေးပွဲချီများလို့ ပင်ပန်းပြီး ကျန်းမာရေးထိခိုက်မှာ စိုးရိမ်ရကြောင်း မေးတာကို အိမ်က လင်ကိုမစိုးရိမ်ဘူးလားလို့ အမြင်ကပ်ဖွယ် ပြောခဲ့တယ် ။         သိန်းဇော် နဲ့ လူသိရှင်ကြား ပြဿနာဖြစ်တယ်...အဲဒီနောက် ( ကျော်ခမောင် ဆိုတဲ့ အကောင့်က သူ့ကို အမြဲ ဘလိန်းနေတဲ့ အကောင့်တဲ့ အဲဒါ သိန်းဇော် နဲ့ ပက်သက်တယ်ဆိုပြီး လိုင်းပေါ်တင် စွတ်စွဲလို့ သိန်းဇော်က ၆၆ ဃ နဲ့ တရားစွဲဖို့ လုပ်နေကြောင်း သတင်းထွက်နေတယ် အချို့က စွဲထားပြီလို့ ဆိုတယ်)            ဇာတ်ပွဲ ကနေတုန်း အောက်ကနေ မီးထိုးသမားတွေကို အော်ကြီးဟစ်ကျယ်နဲ့ ထငေါက်တယ်.. စင်ပေါ်မှာ ကနေကြတဲ့ အဖွဲ့သားတွေရော.. ပရိပ်သတ်ရော အံ့အားသင့်ခဲ့ရတယ်.. အဲသလို ကပြနေချိန် ဝင်ပြီးဆရာလုပ်တဲ့သူ မမြင်ဖူးကြလို့ ။           အခု နောက်ဆုံး ပွဲဆူတာက ဆင်းတုတော် ကိစ္စ ။ အမှန်က သူအပြောမှားသွားတာပါ ။ သူ့ဘက်က ဘာစိတ်ညာစိတ်ရှိလို့ ပြောတာ မဟုတ်မှန်း အစအဆုံးကြည့်ရင် သိသာတယ် ။ ဒါပေမယ့် ဖြတ်ညှပ်ကပ်နဲ့ သူ့ကို စောက်မြင်ကပ်တဲ့သူက တင်လိုက်တော့ ဝိုင်းဘလိန်းတော့တာပဲ ။ ရှင်းရမှာ ရိုးရိုးလေးရယ် ကျနော်အပြောလောကြီးပြီး မှားသွားလို့ပါ ဆိုပြီး ရှင်းလိုက်ရင် ပြီးပြီ ။ သူကိုက ပွဲရှာချင်လို့ တမင်လျှောက်ပြောနေသလား ယူဆရပါတယ် ။        စမ်းရေမိုး နဲ့ ပက်သက်ပြီးမှ လူသိများလာတဲ့ အောင်ကျော်ထွန်းက စမ်းရေမိုးကို အလုံးစုံ ချုပ်ကိုင်ထားပါတယ်လို့ ပရိပ်သတ်တွေ ယူဆလာကြတယ် ။ မင်းသားရဲ့ အိမ်တက်ပွဲ ကုသိုလ်ရေး ၊ မွေးနေ့ပွဲ ကိတ်ခွဲတာကအစ ၊ ဆုချီးမြှင့် ဆယ်ဖီဆွဲတာ အဆုံး ဇာတ်ပွဲ ကနေတဲ့ စင်မြင့်အထိ မလိုအပ်ပဲ လူလုံးပြပြီး သြဇာအာဏာ  ထူထောင်နေတာ စမ်းရေမိုးသည် သူမရှိရင် မဖြစ် ဆိုတဲ့ အပေါက် လုပ်ပြနေတာလို့ ပြောဆိုယူဆ စရာဖြစ်နေပါတယ် ။           သူ့အကြောင်း  အရေးကြီးတာ တခု ကျန်သေးတယ် ။ သူက မေ့မေ့သား ရဲရဲတောက် လက်သုံးချောင်းထောင် တော်လှန်ရေး လုပ်ခဲ့သူ ဗျ... အတော်များများလည်း သိပါတယ်လေ ။ သူရှိလို့ စမ်းရေမိုး ဖြစ်နေတာလား စမ်းရေမိုးကြောင့် သူလူသိများလာသလားဆိုတာ စိတ်ဝင်စားစရာပါပဲ ။ အကယ်၍ စာချုပ်သက်တမ်းကုန်တဲ့ အချိန် စမ်းရေမိုးက သူနဲ့ လက်မတွဲတော့ဘူးဆိုရင်...? စိတ်ဝင်စားစရာပဲ ဗျ.... ။

နမူနာယူသင့်တဲ့ ဘိုးတော်မင်း အမိန့် =========================== Royal Order on 8 March, 1813 ၁၈၁၃ခုနှစ်မတ်လ ၃ရက်ထုတ်ပြန်သော ဘိုးတော်ဘုရားမင်း အမိန့်တော် မြို့ဝန်၊စစ်ကဲ၊မြို့ရွာသူကြီး၊အစုအငန်းခေါင်းအကြီးအကဲတို့က အခန့်အထားကြေးငွေ တောင်းခံသည်ရှိသော်အတောင်းခံရသူတို့က လျောက်ထားစေ၊တောင်းခံသည့်မြို့ဝန်၊စစ်ကဲ၊မြို့ရွာသူကြီး၊အစုအငန်းခေါင်းအကြီးအကဲတို့ကို ခေါင်း မြေသို့ခေါ်ဆောင်စီရင် ။ ဒေါက်တာသန်းထွန်း၊မြန်မာမင်းအမိန့်တော်များ၊အတွဲ ၇(အေဒီ ၁၅၉၈- ၁၈၈၅ )၊ကျိုတို၊အရှေ့တောင်အာရှလေ့လာမှုများ၊၁၉၈၈ • the person who does that shall be executed. Than Tun, Dr. `The Royal Orders of Burma            ကိုရွှေမျိုးဝင်း

             ဟု မိန့်တော်မူသည် ။ ထို့နောက် တပ်အားလုံးကို  ထားစင်ဆိပ်မှ ဇင်းမယ်မြို့သို့ ၂၁ ရက်ကြာအောင် ချီတက်ပြီး  ဇင်းမယ်မြောက် ရတနာအောင်သာတွင် တပ်ချထားပါတယ် ။ ထို့နောက် တပ်အားလုံးကို ဇင်းမယ်မြို့အား အထပ်ထပ် ပိတ်ဆို့ထားလိုက်ပါတော့တယ် ။           ဇင်းမယ်မြို့တွင်းက ပြည်သူတွေသာမက မှူးမတ်များလည်း တုန်လှုပ်နေကြပါပြီ ။ နောက်ဆုံး အရဲစွန့်၍ ဘုရင်အား အညံ့ခံမှ သင့်တော်မယ်လို့ အကြံပြုကြပါတယ် ။  ထိုအခါ ဇင်းမယ်ဘုရင်က “ငါ အညံ့ခံရန် အကြောင်းမရှိ ၊ ငါ့မြို့ကို ဖျာလို လိပ်ယူလို့ ရမလား ။ ငါ့ရဲ့ မြို့ရံ ငါးဆယ့်ခုနစ်မြို့သားတို့ မရောက်သေးဘူး သူတို့ ရောက်လာရင် အပြင်ထွက်တိုက်မယ် မင်းတို့ ကြောက်တတ်လှချည်လား ''          ဟု မိန့်တော်မူရာ မှူးမတ်တို့ ထပ်မပြောရဲတော့ပါဘူး ။         ဘုရင့်နောင်ကတော့ ရှင်း၏ သူရဲ့ တပ်မှူးတွေကို ခေါ်ပြီး ပြတ်သားစွာ အမိန့်ပေးပုံက.......         ကိုရွှေမျိုးဝင်း

  ထိုအခါ အိမ်ရှေ့မင်းက.....      “ယခု သံလွင်မြစ် အနောက်ဘက်တွင်ရှိသော ရှမ်းပြည်ကြီးများအား သိမ်းပြီးသော်လည်း သိန္နီတစ်မြို့က အညံ့မခံသေးပါဘူး ၊ သူက တရုတ်ဥတည်ဘွားကို အမှီပြု၍ အခိုင်အလုံနေတဲ့ သဘောရှိပါတယ် ၊ ဒါကြောင့် သိန္နီကို သိမ်းပိုက်နိုင်မှ  ရှမ်းကိုးပြည်ထောင်လုံး လက်နက်နိုင်ငံတော်ချည်းဖြစ် မည်”        ဟူ၍  လျှောက်သည်။ ထိုအခါ ဗညားပရံက ..... “အိမ်ရှေ့မင်း၏ အကြံမှာ စစ်ရေး ဖြစ်ပါတယ် ။ သို့ရာတွင် မိုးနဲ၊ ညောင်ရွှေ စသော ရှမ်းပြည်ကြီးများကို သိမ်းပြီးပါပြီ ။ ထို့ကြောင့် သိန္နီမြို့ သိမ်းရေးမှာ အလွန်လွယ်နေပါပြီ ။  လတ်တလော သိန္နီမြို့ကို မတိုက်သေးပါနဲ့ ၊ သူ့ထက်အရေးကြီးတာ ဇင်းမယ် ဖြစ်ပါတယ် ။  ဇင်းမယ် ပြည်ကြီးသည် မှူးကောင်း၊ မတ်ကောင်း၊ သူရဲသူခက်ကောင်း များလှသည်။ ဆင်ကောင်း၊ မြင်းကောင်း၊ လက်နက်ကိရိယာလည်း ထူထပ်လှသည်။ မြို့ရံ ငါးဆယ့်ခုနစ်မြို့လည်း အလုံးအရင်းနှင့်ချည်း အခိုင်အမာဖြစ်သည်။ ကျွန်တော်တို့ မွန်ပြည်နှင့်လည်း နယ်စပ်ဖြစ်သည်။ ရှေးကာလ၌ တစ်ကြိမ်တစ်ခါမျှ မသိမ်းဖူးတဲ့ ဇင်းမယ်သို့ အလျင်ချီတော်မူ၍ သိမ်းယူတော် မူသင့်လေသည် ။ ဇင်းမယ်ကို ရတော်မူလျှင် ဇင်းမယ်၌ အခြေပြု၍ ၊ ညီတော်၊ သားတော်၊ မှူးတော်၊ မတ်တော်အပေါင်းတို့ကို  ကျိုင်းရုံ၊  ကျိုင်းတုံစသော ပြည်များသို့ အသီးသီး စစ်ချီစေ၍  လုပ်ကြံရသည်ရှိသော် လက်နက်နိုင်ငံတော်ချည်း ဖြစ်မည်။  ကျွန်တော်တို့ချီလျှင် ဆင်စီးချင်း၊ မြင်းစီးချင်းယှဉ်၍ တိုက်ဝံ့မည်မထင်။ ဘာလို့လဲဆိုရင် ဘုရင့်နောင်နဲ့ ယှဥ်ပြိုင်တဲ့  ရန်သူအပေါင်းတို့သည်၊ သေကျေ ပျက်စီးကြောင်းကို ဇမ္ဗူဒိပ်မြေပြင်ဝယ် တိုင်းကြီးပြည်ကြီးအပေါင်း ထီးဆောင်းမင်းတကာတို့ သိနေကြလို့ ဖြစ်ပါတယ် ”           ဟူ၍ ရှည်လျှားစွာလျှောက်တင်လိုက်ပါတယ် ။ ဗညားပရံ စကားကို ဗညားဒလ ကြားလျှင်    “ကျွန်တော် ဗညား ပရံ လျှောက်သော အရေးသည် သင့်လှပေသည် ”            ဟူ၍ ​ထောက်ခံ ဆန္ဒပြု ပြန်ပါတယ် ။ ညီတော် ပြည်ဘုရင် သတိုးဓမ္မရာဇာ စသော မှူးတော်၊ မတ်တော်အပေါင်းတို့လည်း ဗညားပရံ လျှောက်သောအရေးကို ကြိုက်ကြ ကုန်သည်။ ဘုရ င့်နောင်လည်း  ကြိုက်တော်မူ၍ ဇင်းမယ်သို့ ချီတက်ဖို့ စီစဥ်ကြပြန်ပါတယ်  ။               မိုးနဲစော်ဘွားက မကျန်းမာ၍ မလိုက်နိုင် ၊ ညောင်ရွှေစော်ဘွားက လိုက်မည်ဟုဆိုကာ တပ်ပေါင်းတို့ကို ခေါ်ရန် ညောင်ရွှေသို့ ပြန်လေသည်။ မိုးနဲစော်ဘွားသား မိုင်းကိုင်စား၊ ကျိုင်းတောင်းစား သားအငယ် စမော်ခန်း ယောက်ဖ သိုခဲနှင့် လဲချားစား၊ မိုးဗြဲစား၊ နောင်မွန်စား တို့မူကား၊ နောက်တော်တွင် အလုံးအရင်းနှင့် လိုက်ပါ​ကြရပါတယ် ။ -  အိမ်ရှေ့မင်းက မြင်းတပ်နှစ်တပ်နှင့် တပ်ပေါင်း ဆယ်တပ်  ။ -  ဘုရင့်နောင်က မြင်းတပ်လေးတပ်နှင့် တပ်ပေါင်းတစ်ဆယ့် နှစ်တပ် ။ -  ညီတော် တောင်ငူဘုရင်မင်းခေါင်က မြင်းတပ်နှစ်တပ်နှင့် တပ်ပေါင်းဆယ်တပ် ။             မိုးနဲ မှ သံလွင် ထားစင်ဆိပ်သို့ ၂၄ ည အိပ်ခရီး ချီတက်ကာ  ဇေယျသာစည်၌ တပ်ချနား၏ ။ ထားစင်ဆိပ် တွင် ဖောင်ပန်းဖွဲ့စေ၍ ဆင် မြင်း လူသူတို့ကို ကူးရသည်။ သံလွင်က တစ်ဖက်သို့ ရောက်လျှင်...... - အိမ်ရှေ့မင်း၏ တပ်  ၁၀ တပ်က  လက်ယာကြောင်း ။ -  ညီတော် ပြည်ဘုရင်ရဲ့ တပ် ၁၀ တပ်က  အလယ်ကြောင်း ။ -  အင်းဝဘုရင် သတိုးမင်းစောရဲ့ တပ် ၈ တပ်က  လက်ဝဲစစ်ကြောင်း ။ - ဘုရင့်နောင်က တပ်ပေါင်း ၁၂ တပ် နဲ့ ပင်မစစ်ကြောင်း ။ -  ညီတော် တောင်ငူဘုရင်မင်းခေါင်တို့ တပ် ၁၀ တပ်က နောက်ဆုံးစစ်ကြောင်း ။            ဤသို့ ဘုရင့်နောင်က အင်အား အပြည့်ချီတက်လာကြောင်း ဇင်းမယ်ဘုရင် ဗြသံ ကြားသိရလျှင် လမ်းခုလတ်မှ ဆီးကြို၍ တိုက်မည်ဟု စစ်ပြင်ရန် အမိန့်ပေးလိုက်ပါတယ် ။ ထိုအခါ ဇင်းမယ်အမတ် ငသည်လုံက........ " ယခု ဟံသာဝတီမင်း, တရားတွင် ပါသော ရဲမက်ဗိုလ်ပါတို့ကို​ကြည့်ရရင် လက်အောက်ခံ တိုင်းပြည်အသီးသီးက စစ်တပ်အားလုံး စုရုံးလာဖွယ် ရှိပါတယ် ၊ ဘုရင့်နောင်ရဲ့ စစ်သူကြီးတွေကလည်း အသက်စွန့် တိုက်ရဲသူတွေများပြားလှပါတယ်  ၊ ဒါကြောင့် လမ်းခုလတ်မှ ဆီးတိုက်၍ နိုင်စရာအကြောင်းမရှိပါဘူး ၊ မြို့ပြအားကိုးပြီး စနစ်တကျ ခုခံမှသာ သင့်တော်ပါ့မယ် မြို့ကခံ၍ မခုခံနိုင်တော့ရင် အညံ့ခံလိုက်ပါက ပြည်သူနဲ့ မြို့ သက်သာမည်ဟု ယူဆမိပါတယ် ''        ဆိုပြီး လျှောက်တင်လိုက်ပါတယ် ။ ထိုအခါ ဇင်းမယ်ဘုရင်လည်း စဥ်းစားပြီး.... " မှန်တယ် ဘုရင့်နောင်သည် ငါ့မြို့အား ကြက်ကို စွန်သုတ်ချီသလို သုတ်ချီလို့ မရနိုင်ဘူး ''         ဟု မိန့်ပါတယ် ။ အဲဒါနဲ့ မြို့ပြင်ထွက် ခုခံဖို့ ပြင်ဆင်ထားတဲ့ တပ်တွေကို ရုတ်သိမ်းပြီး   စိန်ပြောင်း မြတပူ မြို့ထိပ်ဝန်းကျင် နေရာချလေ၏ ။ ထိုသတင်းကို ဘုရင့်နောင်ကြားလျှင်...... " ဇင်းမယ်ပြည်ကြီးကို အစိုးရသောမင်းသည် ငါကဲ့သို့သော ဧကရာဇ် ချီတော်မူသည်ကို အညံမခံဘူး ။  မြို့ရိုး နဲ့ အမှူးအမတ် ဆင်လုံး မြင်းရင်းများသည်ကို ယုံကြည်၍နေသည် ။ ငါတိုက်ရင်  ဇင်းမယ်မြို့ မဆိုနဲ့  တရုတ်ဥတည်ဘွားပင် ခံနိုင်မည်လော ”

တပင်ရွှေထီး နဲ့ ဘုရင့်နောင် (50) ========================            သတိုးဓမ္မရာဇာရဲ့ ရှေ့ပြေး မြင်းတပ်ဟာ မိုးနဲစော်ဘွားရဲ့ တပ်ကို မြင်တာနဲ့ ရဲဝံ့စွာ အတင်းဝင်တိုက်ကြပါတယ် ။ မိုးနဲစားရဲ့ မြင်းစစ်သည်တွေက ရင်ဆိုင်မတွေ့ရဲပဲ နောက်နားက ဆင်တပ်ကြားထဲ ပြန်ပြေးကြပါတယ် ။ ဆင်နဲ့မြင်း အားမတန်လို့ ခဏပဲ အကဲစမ်းပြီး ရှေ့ပြေးမြင်းတပ် ပြန်ဆုတ်လာပါတယ် ။            တောင်ကြားထဲမှ ပြန်ဆုတ်လာတဲ့ မြင်းတပ်နောက်သို့ မိုးနဲတပ်များ အတင်းလိုက်လာကြရင်း လွင်ပြင်ထဲ ရောက်လာပါတယ် ။ အဲဒီ အချိန်မှာ နောက်ကပါလာတဲ့ ဗမာ့ဆင်တပ် ၈ တပ် နဲ့ ထိပ်တိုက်လာဆုံကြပါတယ် ။ ဆင်စီးမြို့စား ၈ ဦးလုံးရဲ့ ချွန်းကုန်ဖွင့်ပြီး မောင်းသံတဒူဒူပေးကာ ဝင်ဆောင့်တိုက်တာကို ရုတ်ချည်း ခံလိုက်ရကာ ရှမ်းဆင်တို့ တုံ့ကနဲ ဖြစ်ကုန်ရပါတယ် ။ ရန်သူ့စစ် တုံ့ဆိုင်းတာကို အခွင့်ယူပြီး ဇွတ်အတင်း ပစ်ခတ်ထိုးခုတ်ကြရာ ရှမ်းတပ်များ အချိန်ကြာ မခံနိုင်ပဲ ဖရိုဖရဲ ပြိုကွဲသွားပါတော့တယ် ။               ဆင်မြင်း လူသူများကို ဖမ်းဆီးပြီး ဘုရင့်နောင်ထံ ဆက်သလိုက်ပါတယ် ။ ဘုရင့်နောင်လည်း မိုးနဲမြို့ အနီးက အောင်တပ်မင်္ဂလာ အမည်ရှိ နေရာမှာ တပ်ချလိုက်ပါတယ် ။ မြို့တွင်းက မိုးနဲစော်ဘွားလည်း ဘုရင့်နောင်ရဲ့ ထိုးစစ်ကို မခံနိုင်ဘူးဆိုတာ တွက်ဆမိလို့ မြို့ထဲကနေ ထွက်​ပြေးပါတယ် ။ ဘုရင့်နောင်တပ်တွေ အတင်းလိုက်ကြရာ မပြေးနိုင်သော ဆင် မြင်း လူသူများ ထပ်မံရရှိပါတယ် ။ အရေးကြီးတဲ့ မိုးနဲစော်ဘွားကတော့ လွတ်သွားပါတယ် ။ ဒါကြောင့် ဘုရင့်နောင်က..... " ကဲ အဓိက ဖမ်းရမယ့် မိုးနဲစော်ဘွား ထွက်​ပြေးပြန်ပြီ ဒီတော့ ငါ့လက်အောက် မရောက်မခြင်း ဒီနယ်မအေးချမ်းနိုင်ဘူး... နယ်စွန်နယ်ဖျား မအေးချမ်းရင် အနားစုတ်တဲ့ ဖျာ ကဲ့သို့ အလယ်ဗဟိုထိ ပုံပျက်နိုင်တယ် တို့ တပ်တွေ ခွဲပြီး အရပ် ၄ မျက်နှာ အနှံ့လိုက်ရှာကြရမည် အချိန်မဆွဲနဲ့ ချက်ခြင်းလုပ် သူပုန်ချေမှုံးရေးကို အချိန်ဆွဲတာ သူပုန်မွေးနေတာနဲ့ အတူတူပဲ... ဘာအကြောင်းပြချက်မှ ငါ မကြားလိုဘူး နင်တို့ စစ်လမ်းကြောင်းတလျှောက် သူပုန်အငုတ်အမြစ်မှန်ရင် သေးသေးကြီးကြီး ခုတ်ဖြတ်ခဲ့ကြပေတာ့ ''            အမိန့်လည်း ကြားရရော သားတော် ၊ ညီတော် မှူးမတ်တို့လည်း မိမိတပ်အသီးသီးနဲ့ မိုးနဲတခွင် ပြဲပြဲစင်အောင် ဖိဖိစီးစီး ဆောင်ရွက်ကြပါတယ် ။           မိုးနဲစော်ဘွားလည်း ပြေး၍ မလွတ်နိုင်ဘူးလို့ တွက်ဆကာ သားမိုင်းကိုင်စားကို လက်ဆောင်၊ လက်နက်၊ မိုင်းလုံးဇာ၊ ပယင်း၊ ရွှေဖျင်၊ ဖဲ၊ ကတိုး၊ အောင်း၊ တင်ရန်း၊စသည့် လက်ဆောင်များနှင့် စေလွှတ်၍ ... “ကျွန် တော် မတတ် မလိမ္မာ၍ ပစ်မှားမိသည်။ အသက်ကို ခွင့်ပြုပါ”           ဟု တောင်းပန်လိုက်ပါတယ် ။              ထိုအခါ ဘုရင့်နောင်က မိုင်းကိုင်စားအား...... " ငါ့ထံ ခိုလှုံသူကို ငါစောင့်ရှောက်၏ ၊ ငါ့အားဆန့်ကျင်သူကို ငါသတ်ဖြတ်သည် ၊ ငါ့အား အသာတကြည် လက်နက်ချ အညံ့ခံသူအပေါ်မူကား ငါ မရက်စက်တတ် နင့်အဖအား ပြန်ပြောလေ ''            ဟု စကားပြန်ပေးပြီး မိုင်းကိုင်စားအတွက် လက်ဆောင်ပစ္စည်းများ ပြန်ပေးကာ မိုးနဲစော်ဘွားထံ ပြန်စေပါတယ် ။           မိုင်းကိုင်စား ပြန်၍ အကြောင်းကြားလိုက်ရာ မိုးနဲ စော်ဘွားလည်း ဆင်ပေါက်တစ်ဆယ်၊ ရွှေငါးပိဿာ၊ ငွေခွက်ငါးဆယ် လက်ဆောင်တော် ယူ၍ အညံ့ခံပါတယ် ။ ထိုအခါ ဘုရင့်နောင်က မိုးနဲစော်ဘွားအား.... “ နင်သည် ငါ့နိုင်ငံတော်ဖြစ်သော သီပေါသုံးဆယ်တို့ကို ထိပါးဖျက်ဆီးသဖြင့်သာ ငါကိုယ်တော်တိုင် လာခဲ့ရတယ် ။ နင်ပြေးရင်လည်း ငါ့ရန်သူကို ဘယ်သူလက်ခံဝံ့မလဲ ။ နင်က မလိမ္မာပဲ ပညာအမျှော်အမြင်နည်းလို့ မှားခဲ့ပေမယ့် ငါ့လို ဧကရာဇ်က သည်းခံခွင့်လွတ်ပြီး နင့်ရဲ့ အသက် စည်းစိမ်ကို ချမ်းသာပေးမည် နောက်နောင် အမှားကျူးလွန်ရင်တော့ နင့်ထိုက်နဲ့ နင့်ကံပဲ ''            ဟု မိန့်တော်မူလိုက်ပါတယ် ။          ထို့ကြောင့် မိုးနဲစော်ဘွား မှစ၍ သား၊ သမက်၊ အမှူးအမတ်တို့ကို  သစ္စာတော်ပေးပြီးလျှင် မိုးနဲမြို့ကိုပင် ပြန်ပေးလိုက်ပါတယ် ။ ထိုအခါ ထွက်ပြေးနေကြသော  ညောင်ရွှေစော်ဘွား၊ ရပ်စောက်စော်ဘွား၊ မိုးဗြဲစော်ဘွား၊ စကားစား၊ နောင်မွန်စားတို့လည်း ဆင်ကြီး၊ မြင်း ကြီး၊ သားသမီးတို့ကို ဆက်၍ ခိုလှုံလာကြပါတယ် ။          ဘုရင့်နောင်လည်း ထိုသူတို့ကို သစ္စာတော်ပေး၍ စားမြဲသော ကျေးစည်းစိမ်ကိုပင် ပေး တော်မူပြန်သည်။ ထိုရှမ်းပြည်တစ်တန်းတွင် မှားသော မိစ္ဆာဒိဋ္ဌိ အယူများကိုလည်း သမ္မာဒိဋ္ဌိဖြစ်အောင် ဆုံးမ တော်မူ၍ ကျောင်း၊ ဘုရား တည်ထားရသည်။ ကျမ်းဂန် တတ်ကျွမ်းတော်မူသော အရိယာပုဂ္ဂိုလ်တို့ကို တောင်းပန်တော် မူ၍ ပိဋကတ် စာပေနှင့်တကွ သီတင်းသုံးနေရသည်။ ဝတ္ထုကံ မိုးမြေလည်း လှူတော်မူသည်။             ယင်းသို့ မိုးနဲ၊ ညောင်ရွှေ အစရှိသော ရှမ်းပြည်အား နေရာတကျ စီစဥ်ပြီးနောက် အစည်းအဝေးခေါ်ပါတယ် ။ “ကမ္ဗောဇတိုင်းဖြစ်သော မိုးနဲ၊ ညောင်ရွှေကိုတော့ သိမ်းပြီးပြီ ရှေ့ကို ဘာဆက်လုပ်သင့်လည်း ဆွေးနွေးကြစမ်း ''

ပြည်သူချစ်မင်းသား ============== " အစိုးရ ဝန်ထမ်းသော်လည်းကောင်း ၊ ပုဂ္ဂလိကဝန်ထမ်းသော်လည်းကောင်း ပြည်သူလူထုဆီက လာဘ်ငွေတောင်းရင် မပေးနိုင်ဘူးလို့ ဗြောင်ပြောလိုက် ၊ ပြည်သူလူထုနဲ့ အတူ ကျနော်ရှိတယ် ၊ တစုံတယောက်က အတင်း အဓ္ဓမတောင်းဆိုလာခဲ့ရင် ငါတို့သား ၊ ငါတို့အိမ်ကကောင်လေး ၊ ငါတို့အကို ၊ ငါတို့မောင်လေး ၊ ငါတို့ဦးလေး ၊ ငါတို့ဗီဂျေး ရဲ့ အုပ်ချုပ်မှုအောက် နေတာ လို့ မကြောက်မရွံ့ သတ္တိရှိရှိပြောကြပါ ၊ ပြည်သူလူထုနဲ့ ကျနော်အတူရှိနေသရွေ့ လာဘ်ငွေကိစ္စ တခုတည်းမကဘူး ပါဝါပြ အနိုင်ကျင့်တဲ့ မည်သူမဆို ပြည်သူလူထုနဲ့ အတူတိုက်ခိုက်သွားပါ့မယ် ''           ဆိုတဲ့ အိန္ဒိယရဲ့ ပြည်နယ်ဝန်ကြီးချုပ် ဗီဂျေးရဲ့ မိန့်ခွန်းက ကမ္ဘာတလွှား လှုပ်ခတ်သွားရပါတယ် ။            အဲဒီနောက် ပြည်နယ်အတွက် စီးပွားရေးလုပ်ငန်းများ တိုးချဲ့ဖို့ စီးပွားရေးညီလာခံကို ပြည်ပလုပ်ငန်းရှင်များကိုပါ ဖိတ်ခေါ်ပြီး ကျင်းပလိုက်တယ် ။ သူ့ကို ယုံကြည်ကြလို့ စာချုပ်ပေါင်း ၉၀ ကျော် ချုပ်ဆိုနိုင်ခဲ့တယ် ။           ရူပီး ကုဋေ ၆၀၀၀၀ ကျော် ရင်းနှီးမြှပ်နှံကြတယ် ။ အလုပ်အကိုင်နေရာ တသိန်းကျော် ရရှိလာလိမ့်မယ် ။          ဒါတွေက ပြောသလို လုပ်ပြပြီး ပြည်သူ့အကျိုးပဲ အမှန်တကယ် ဆောင်ရွက်နေတာကို တွေ့နေရလို့ အကြီးအကဲကောင်းဆိုတာ ယုံကြည်ပြီး တုန့်ပြန်လာတဲ့ သတင်းပါပဲ ။ ဒီလို ခေါင်းဆောင် ဒီလိုလူမျိုး သူ့ပြည်သူက ချစ်နေကြတာ ဆန်းသလားဗျာ ။ ကိုရွှေမျိုးဝင်း

-  လက်ဝဲရဲတိုင် ၊ ရာဇတမန် မြင်းတပ် ၂ တပ် ၊ ဆင်တပ်မှာ နန္ဒကျော်ထင် ၊ ဗညားပရံ ၊ နန္ဒသူရိယ ၊ ဗညားသံလိုက် ၊ ဘယ ဂါမဏိ ၊ ဗညားဒလ ၊ ဘယကျော်သူ ၊ သားတော် အိမ်ရှေ့မင်း ၊ တပ် ၈ တပ် ၊၊ စုစုပေါင်း ၁၀ တပ်...  တိုက်ဆင်သုံးရာ၊ မြင်းသုံးထောင်၊ စစ်သည်သူရဲ ရှစ်သောင်းနှင့် လက်ယာစစ်ကြောင်း ။ -  တုရင်ရာဇာ ၊ နန္ဒသိန်းစည်း မြင်းတပ် ၂ တပ် ၊၊ ဆင်တပ်မှာ ဘယကျော်ထင် ၊ သမိန်ရဲသင်ရံ ၊ မင်းရဲကျော်ထင် ၊ ဗညားကျန်းတော ၊ သရေစည်သူ ၊ သမိန်သံကျယ် ၊ နန္ဒသင်္ကြန် ၊ ညီတော် တောင်ငူဘုရင် မင်းခေါင် ၊၊ စုစုပေါင်း တပ်  ၁ဝ တပ်တွင်  တိုက်ဆင်သုံးရာ၊ မြင်းသုံးထောင်၊ စစ်သည်သူရဲရှစ်သောင်းနှင့် လက်ဝဲစစ်ကြောင်း ။ -  တုရင်ဗလ ၊ ဘယရာဇသူ မြင်းတပ် ၂ တပ် ၊၊ ဆင်တပ်မှာ ရာဇသင်္ကြန် ၊ သမိန်ယိုကရတ် ၊ နန္ဒကျော်သူ ၊ အဲမွန်ဒယာ ၊ လက်ဝဲနန္ဒမိတ် ၊ သမိန်ဇိပ်ပွန် ၊ မင်းမဟာ ၊ ညီတော် ပြည်ဘုရင် သတိုးဓမ္မရာဇာ ၊၊ စုစုပေါင်း  တပ် ၁ဝ တပ်တွင် ပါသည့် တိုက်ဆင်သုံးရာ၊ မြင်းသုံးထောင်၊ စစ်သည်သူရဲ ရှစ်သောင်းနှင့် အလယ်စစ်ကြောင်း ။ -  တုရင်ဗလ ၊ လက်ယာယောဓာ မြင်းတပ် ၂ တပ် ၊၊ ဆင်တပ်မှာ နေမျိုးကျော်ထင် ၊ သီရိဇေယကျော်ထင် ၊ မိုးညှင်း စော်ဘွား ၊ မိုးကောင်းစော်ဘွား ၊ မိုးမိတ်စော်ဘွား ၊  အင်းဝဘုရင် သတိုး မင်းစော ၊၊ စုစုပေါင်း တပ်  ၈ တပ်တွင်ပါသည့် တိုက်ဆင်သုံးရာ၊ မြင်းသုံးထောင်၊ စစ်သည်သူရဲ ရှစ်သောင်းနှင့် ဆင်ခေါင်းမှ ချီစေ၍ သုံးဆယ် ၊ သီပေါကို ချီရသည်။ -  ဘုရင့်နောင်က လက်ယာရဲတိုင် ၊ လက်ဝဲဘယ ၊ စတုရင်္ဂသူ ၊ တုရင်သိဒ္ဓိ ၊ မြင်းတပ် ၄ တပ် ။  ဆင်တပ်မှာ နန္ဒကျော်ထင် ၊ သမိန်လကွန်းအိန် ၊ သီဟပတေ့ ၊ သမိန်အဲဗြပိုက် ၊ ဘယသင်္ကြန် ၊ သီရိဓမ္မရတ် ၊ လက်ယာရန္တသူ ၊၊ ထို့နောက် တိုက်ဆင်နှစ်ရာကို စော်ဘွားစော်ကန်၊ မှူးပျို့၊ မတ်ပျို၊ ဆင်စီး လိမ်မာသသူတို့ကို စီးစေ၍ လက်ဝဲလက်ယာ ။ ကိုယ်ရံ တော် မြင်းနှစ်ထောင် ။ ဝင်းတော် လေးမျက်နှာ သားလည်း ရွှေဒိုင်း၊ ရွှေလွှား၊ ရွှေကာ၊ ရွှေလှံနှင့်ချည်း လိုက်ရသည်။ မြင်းတပ်လေးတပ်နှင့်တကွ တပ်ပေါင်း တစ်ဆယ့်နှစ်တပ်တွင်ပါသည့် တိုက်ဆင်ငါးရာ၊ မြင်းခြောက်ထောင်၊ စစ်သည်သူရဲ တစ်သိန်းငါးသောင်း" ပါသည့် တပ်မတော်တွင် သက်ရှည်ကျော်ထင် တပ်မှူး၊ ရာဇယောဓာကို စစ်ကဲခန့်တော်မူသည်။             ဟံသာဝတီ နေပြည်တော်အား မင်းရဲသင်္ခယာနှင့် ဗညားပရူတို့ကို တာဝန်​​ပေးသည်။          ပုသိမ်၊ မြောင်းမြ အစရှိသော မွန်ပြည်တစ်လွှား၏ လုံ​ခြုံ​ရေးကို သီရိဇေယျနော်ရထာနှင့် ဗညားလောကို တာဝန်​ပေး၏ ။ မုတ္တမ၊ မော်လမြိုင် အစရှိသော မွန်ပြည် အရှေ့ တစ်လွှားကိုလည်း ဗညားဦးနှင့် စတုဂါမဏိ တို့ တာဝန် ။             သက္ကရာဇ် ၉၁၉ ခု၊ တန်ဆောင်မုန်းလဆန်းငါးရက်၊ ဗုဒ္ဓဟူးနေ့မှာ စတင်ထွက်သည် ။  ၁၁ ရက်အကြာ တောင်ငူရောက်၏ ။ ဆက်လက်ပြီး ဗာရာဏသီ၊ ကသာ၊ လှိုင်းတက် ထိ ၁ဝ ရက် ။ လှိုင်းတက်မှ ကင်းတားရွာငံကြောင်း ၊ ရွာငံမှ စ၍ စစ်ကြောင်းများ ခွဲပြီး ချီတက်ကြပါတယ် ။                 မိုးနဲစော်ဘွားလည်း ဘုရင့်နောင် လာနေကြောင်း သိတာနဲ့  မိုးဗြဲ ​၊ စကား ၊  နောင်မွန် မြို့စားတို့ကို ရပ်​စောက်​စော်ဘွား နှင့်အတူ ရပ်စောက်မြို့၌ ခံစစ်ပြင်ထားစေပါတယ်  ။ ဘုရင့်နောင်ရဲ့ တပ်မကြီးက နာစုံတောင် တွင် တပ်ချ၍ နေသည် ။              ညီတော် ပြည်ဘုရင် သတိုးဓမ္မရာဇာရဲ့ တပ်က ပထမဆုံး ရောက်လာပြီး  ရပ်စောက်သို့ တခါတည်းတိုက်ဖို့ ဒရကြမ်းချီတက်ပါတော့တယ် ။ ရပ်စောက်ကနေ စောင့်နေတဲ့  မိုးဗြဲစား ၊ စကားစား ၊ ရပ်စောက်စား ၊ နောင်မွန်စားတို့ကတော့ သတိုးဓမ္မရဲ့ မြင်းခွာသံကြားတာနဲ့ပဲ မြို့ထဲက ထွက်ပြေး​ကြပါ​တော့တယ် ။ ပြည်ဘုရင် သတိုးဓမ္မရာဇာလည်း ပြေးကြောင်းကိုသိတာနဲ့ အလွတ်မပေးပဲ  အပြင်းအထန် လိုက်ပါတယ် ။ ပြေးရင်းနဲ့  မိုးနဲတောင်ခြေရင်းသို့ ရောက်လျှင် မိုးဗြဲစား၊ စကားစားတို့လည်း ဆင်၊ မြင်းကို ပစ်၍ မိုးနဲသို့တိုင် ထွက်ပြေး​ကြပါတယ် ။ တိုက်ပွဲ မဆင်နွဲရပဲ ပစ်ခဲ့သော ဆင်၊ မြင်း၊ လူသူတို့ပင် မနည်းရခဲ့ပါတယ်  ။                  စစ်လေးကြောင်းလုံး ဘုရင့်နောင်ဆီ ပြန်ပေါင်းမိကြပါပြီ ။   ဘုရင့်နောင်က ညီတော်၊ သားတော် တို့ အကုန်ရောက်တာနဲ့ နာစုံတောင်သို့  စစ်ငါးကြောင်းဖြန့်၍ ချီတက်ပါတယ် ။               ဒီတကြိမ်တော့  မိုးနဲစော်ဘွားလည်း ဆင်၊ မြင်း၊ ဗိုလ်ပါအများနှင့် ဆီးကြိုနေပေပြီ ။ ဒီတကြိမ်မှာလည်း ပြည်ဘုရင် သတိုးဓမ္မရာဇာ ရှေ့ဖျား မြင်းတပ်နှင့် တောင်ကြားထဲမှာ ထိတွေ့တိုက်ပွဲ စတင်လိုက်ကြပုံက......          ကိုရွှေမျိုးဝင်း

တပင်ရွှေထီး နဲ့ ဘုရင့်နောင် (49) ======================== "အင်း မောင်မင်းလည်း မောင်မင်းနယ်ပယ်ကို အစွမ်းကုန် ခုခံခဲ့ခြင်းအပေါ် ငါ စိတ်ဆိုးစရာ မလိုပါဘူး ။ တိုက်ပွဲကာလမှာ စစ်သားဟာစစ်သားလို ကျင့်ကြံရပြီး အနိုင်အရှုံးပေါ်ချိန်မှာ ဧကရာဇ်မင်းတို့ဟာ ကြင်နာမှုကိုလည်း ပြသရပါတယ် ၊ အနိုင်အရှုံး  မပေါ်ခင် ရန်သူကို ကြင်နာခြင်းဟာ မိမိရဲမက်အပေါ် ရက်စက်ခြင်းမည်တယ် ၊ ယခု ငါ အောင်ပွဲရပေပြီ မောင်မင်းတို့ မိသားစုအားလုံးကို ချမ်းသာပေးပါ့မယ် နောက်နောင် သစ္စာရှိဖို့ပဲ အရေးကြီးပါတယ် ''               ဘုရင့်နောင်ဟာ သူ့ရဲ့ စိတ်ထားကို ပွင့်လင်းစွာ မိန့်တော်မူပါတယ် ။ ထို့နောက် မိုးကောင်းမြို့ထဲ ဝင်ပါတယ် ။ ရှိသမျှ တပ်တွေကို မိုးကောင်းသို့ စုရုံးစေပါတယ် ။ အားလုံးရောက်လာတော့ မိုးကောင်းမြို့စားအား သစ္စာပေးကာ မိုးကောင်းမြို့ကိုပင် ပြန်လည်အပိုင်းစားပေးလိုက်ပါတယ် ။ မိုးကောင်းစား ရဲ့ သား ၂ သမီး ၁ ၊ မြေး ကျား / မ တဦးစီကို သစ္စာအတွက် ခေါ်ယူခဲ့ပါတယ် (မိုးကောင်းစား သစ္စာဖောက်လျှင် ထိုသူများ အရင်ဆုံး သေရပေလိမ့်မည်) ။          မိုးညှင်းမြို့ကိုတော့ အစောကြီးက လာပြီး ခိုလှုံခဲ့သူ မိုးညှင်းစော်ဘွား ယောက္ဖ ဒီပဲယင်းစားအား စလုံ ဟူသော ဘွဲ့ဖြင့် အပိုင်စားပေးအပ်ပါတယ် ။          မိုးညှင်းစော်ဘွားအား ဝန်စင်ခံမိတ်နယ်ကို ပေးအပ်ပါတယ် ။           မိုးညှင်းစော်ဘွား သား ကိုတော့ ဒီပဲယင်းမြို့စား ခန့်ပါတယ် ။       အားလုံးကို နှစ်စဥ်ပေးသွင်းရမယ့် အခွန်အခ သတ်မှတ်ပါတယ် ။ သား သမီး အချို့ကို ခေါ်ယူခဲ့ပါတယ် ။ မိုးကောင်း၊ မိုးညှင်း သမ္မာဒိဋ္ဌိဖြစ်စေ၍ ဂန္ထဓူရ ၊ ဝိပဿနာဓူရ ဆရာတော်များအားပင့်ပါတယ်  ။ ပိဋကတ် ၃ ပုံ ကျမ်းဂန်တို့ကို ထားပါတယ် ။  တောင်း၊ တင်း၊ အလေး၊ ချိန်ခွင် နဲ့ ငွေကြေးစနစ်ကို ဟံသာဝတီအတိုင်း သတ်မှတ်ပါတယ် ။ ထို့နောက် သက္ကရာဇ် ၉၁၉  ကဆုန်လဆန်း ၂ နေ့မှာ ပြန်လာရာ ကဆုန်လပြည့်ကျော် ၁၄ ရက်မှာ အင်းဝသို့ ရောက်ပါတယ် ။           အင်းဝ တောင်ပလူအရပ်မှာ ၇ ရက်ခန့် နားနေပြီး ရှမ်းမြောက်တိုက်ပွဲများရဲ့ သူရဲကောင်းများအား ချီးမြှင့်မြောက်စားပါတယ် ။ ထို့နောက် ဝါဆိုလဆန်း ၆ ရက် မှာ ဟံသာဝတီသို့ ပြန်ရာ ဝါခေါင်လဆန်း ၃ ရက်နေ့မှာ ပြန်ရောက်ပါတယ် ။               ဘုရင့်နောင်က ရှမ်းမြောက် ဦးစားပေးမလား ရှမ်းတောင် မိုးနဲ ညောင်ရွှေဘက် ဦးစားပေးမလားလို့ မေးမြန်းခဲ့တာ အလကားမဟုတ်ပါဘူး ။ သူဟာ မင်းနားတထောင်ပီသတဲ့ ဘုရင်မို့ မိုးနဲစော်ဘွားရဲ့ အကြံအစည်တွေကို ကြိုတင်ရိပ်မိနေလို့ မေးမြန်းခြင်းဖြစ်ပါတယ် ။          တကယ်ဆိုရင် မိုးနဲစော်ဘွားဟာ ကေတုမတီတောင်ငူ ပေါက်စ အချိန်ကတည်းက မဟာမိတ်တွေ ဖြစ်ပါတယ် ။ သို့သော် ဘုရင့်နောင်ရဲ့ ကြီးမြင့်လာမှုအပေါ် ငါလည်း သူနဲ့ တချိန်က အတူတူပဲ ဆိုတဲ့ မမှီမကမ်း နဲ့ ပခုံးဖက် အံ့တုလိုစိတ် ပေါ်လာဟန်တူပါတယ် ။          ပထမဆုံး ဘုရင့်နောင်ရဲ့ လက်အောက်ခံ သီပေါစော်ဘွားအား အလစ်အငိုက် ဝင်တိုက်ပါတယ် ။ အမှုမဲ့ ​နေခဲ့သော သီပေါစော်ဘွား စစ်ရှုံးသွားပြီး အသတ်ပါခံလိုက်ရပါတယ် ။ သားမယားကစ၍ ဆင်ကောင်း၊ မြင်းကောင်းတို့ကိုလည်း ယူပါတယ် ။ အဲဒီနောက် သုံးဆယ် နယ်မြေထဲထိ သွေးတိုးစမ်း နယ်ချဲ့လာပါတယ် ။ ယင်းသတင်းအား သုံးဆယ်မြို့စားထံမှ အင်းဝသတိုးမင်းစော ၊ သတိုးမင်းစောမှ ဘုရင့်နောင်ထံ အတည်ပြု သတင်းပို့လိုက်ပါတယ် ။             မူလကတည်းက မသင်္ကာတဲ့ ဘုရင့်နောင်ဟာ ချက်ခြင်းပဲ အစည်းအဝေးခေါ်ပြီး.... " ကဲ မိုးနဲစော်ဘွားကတော့ ရှေးကတည်းက ပြုထားတဲ့ မဟာမိတ်စည်းကမ်းကို ဖောက်ဖျက်ပေပြီ ၊ သီပေါစော်ဘွားကို ဖမ်းဆီးသတ်ဖြတ် လုယက်ရုံမက ယခုအခါ သုံးဆယ် နယ်ကိုပင် ထိပါးလာတဲ့ သတင်း ကြားရပေပြီ.... မိုးနဲစော်ဘွားကို ငါ ကိုယ်တိုင် တိုက်ရမလား... မှူးကြီး မတ်ရာတွေပဲ တိုက်ကြမလား ဆွေးနွေးကြစမ်း ''          ဗညားလောက.... " မိုးနဲ ညောင်ရွှေ အရေးလောက်ကတော့ အရှင်မင်းကြီး နဲ့ မတန်ပါဘူး ကျနော်တို့ မှူးမတ်များနဲ့သာ အလွယ်တကူ နှိမ်နင်းပေးနိုင်ပါတယ် ''         ထိုအခါ ဘယကျော်သူက.... " မိုးနဲ ညောင်ရွှေ မျှသာဆိုပါက အကြောင်းမဟုတ်ပါဘူး. ဒါပေမယ့် ရပ်စောက် နဲ့ နောင်မွန် စော်ဘွားတွေကလည်း သူ့ဖက်က သေချာပေါက် ရပ်ကြပါလိမ့်မယ် ၊ သူတို့အင်အား စုပေါင်းလိုက်ပါက အထင်သေးမရပါဘူး... ဒီထက်ပိုပြီး တွေးစရာလည်း ရှိနေပါတယ်... ယခု မိုးနဲ နယ်နမိတ်သည်ကား ဇင်းမယ်ပြည်ကြီး၊ ကျိုင်းတုံပြည်ကြီး၊ သိန္နီပြည်ကြီး တိုနဲ့ နီးကပ်​ပေါတယ် ။ မိုးနဲသည်  အမှီသဟဲမရှိဘဲ အရှင့်နိုင်ငံတော် ကျေးစွန်ရွာနားကို ထိပါးဖျက်ဆီးဝံ့မည် မဟုတ်... ဒီအရေးမှာ ပြည်ပတိုင်းသားများ ပါဝင်ဖွယ် ရှိနေလို့ အရှင်မင်းကြီးကိုယ်တိုင် တပ်အင်အားအများအပြားနဲ့ ချီတက် တိုက်ခိုက်သင့်ပါတယ် ''            အိမ်ရှေ့မင်းကလည်း ဘယကျော်သူ လျှောက်တင်ချက်ကို ထပ်ဆင့်ထောက်ခံ ဆွေးနွေးလိုက်ပါတယ် ။ ဘုရင့်နောင် ဆိုသည်ကလည်း နဂိုကမှ တိုက်ချင် ခိုက်ချင်သူမို့ ကဲ စစ်ပြင်တော့ ဆိုပြီး တထိုင်တည်း ဆုံးဖြတ်လိုက်ပါတော့တယ် ။            

အနာဂါတ် သမိုင်းသာ အဓိက ======================               မိတ်ဆွေတချို့က ပြောတယ် ခင်ဗျား..ဗျာ သမိုင်းတွေ အရှည်ကြီး ရေးနေတာ မပင်ပန်းဘူးလားတဲ့ ။ ပင်ပန်းတာပေါ့ဗျာ.... ဘာမှ မစဥ်းပဲ အခု ကျုပ်ရေးတဲ့စာပဲ ခင်ဗျား ပြန်ရိုက်ကြည့်လေ စာရိုက်ရလို့ လက်ဖျားလေးတွေ ထုံကြင် လာလိမ့်မယ် လို့ ပြောမိတယ် ။ ဒါပေမယ့် ရေးသင့်တယ်ထင်လို့ ကျနော်ရေးနေတာပါ ။             လတ်တလော ရေးနေတဲ့ သမိုင်းကိုကြည့်ပါ...မိုးညှင်းစလုံကို ရှုံးပြီး တိုင်းပြည်ပေးလိုက်ရတဲ့ အင်းဝဘုရင် နရပတိ အသုံးမကျတဲ့အကြောင်း သူအုပ်စိုးစဥ်က ဘယ်မှူးမတ် ဘယ်ပညာရှိကမှ ထုတ်မပြောဘူး... ဟော ဒင်းလည်း မရှိရော ရေးလိုက်ကြတာ ၁၅ ရာစုက စောက်သုံးမကျတဲ့ မင်းအကြောင်း အခု ၂၁ ရာစုထိ ပုံစံအမျိုးမျိုး နဲ့ ရေးနေကြတာလေရဲ့ ။            မင်းကြီးညို ၊ တပင်ရွှေထီး ၊ ဘုရင့်နောင် ၊ မင်းကြီးရန်နောင် တို့လို ခေါင်းဆောင်ကောင်းတွေရဲ့ ကောင်းသတင်း အမွှေးရနံ့တွေကရော ၁၅ ရာစုကနေ အခု ၂၁ ရာစုအထိ မွှေးပျံ့နေအောင် လက်ဆင့်ကမ်း သယ်လာကြရတာပဲ လေ ။           ဖဆပလ ဒါးထက်နေချိန် ၁၉၄၈ - ၁၉၆၂ အထိ ဦးနုမကောင်းကြောင်း အတိုက်အခံအချို့ကလွဲရင် ဘယ်သူမှ မပြောဘူး ...အာဏာလည်း မရှိရော ရသမျှရှုဒေါင့်မျိုးစုံကနေ အပုပ်ချတော့တာပဲ ။          ဦးနေဝင်းလည်း ဒီအတိုင်းပဲ ၁၉၆၂ ကနေ ၁၉၈၈ အထိ သူ့မကောင်းကြောင်း ပြည်ပကနေ အော်ရုံပဲ တတ်နိုင်ကြပြီး ၈၈ နောက်ပိုင်း အာဏာလည်း မရှိရော ရစရာမရှိအောင် ပြောလိုက်ကြတာ သူ့ရဲ့ ကောင်းမြတ်တဲ့ ဂုဏ်တွေတောင် လူမသိ သူမသိ ဖြစ်ကုန်ရတာပဲ ။ ဒါကြောင့် သူကောင်းတာလေးတွေ ဂုဏ်ပြုသင့်တယ်ထင်လို့ ဖော်ထုတ်တယ် ။            ဦးသန်းရွှေ ၁၉၈၈ ကနေ ၂၀၁၁ အထိ ပြည်ပကနေအပုပ်ချ လေကျယ်ရဲပေမယ့် ပြည်တွင်းမှာတော့ အဘ အဘ နဲ့ ဘောမနေတဲ့သူတွေ ရေတွက်မရဘူး ။ သူလည်း အာဏာစွန့်သွားရော ၂၀၁၂ လောက်ကနေ ပြောလိုက်ကြတဲ့ မကောင်းကြောင်း ပြည်တွင်း ပြည်ပ မွထနေတာပဲ ။ သူလည်း သူ့ဆရာ ဦးနေဝင်းလိုပဲ ကောင်းမြတ်တဲ့ သူ့လုပ်ရပ် သူ့ဂုဏ်ဒြပ်တွေ မြောင်းထဲရောက်ရော ။ သူ့ကျေးဇူးတွေ အများကြီး ဒါကြောင့် တတ်နိုင်သလောက် ပြန်လည်ဖော်ထုတ်တယ် ။           ဒေါ်စုကြည် ထိုနည်းလည်းကောင်းပဲ... ၂၀၁၆ ကနေ ၂၀၂၀ အမေစု အမေစု နဲ့ မီဒီယာ တခွင် ဘယ်သူမှ တိုးမပေါက်အောင် ဝိုင်းမ ခဲ့ကြတယ် ။ ကိုယ်တို့လိုလူမိုက်တွေရဲ့ အာဏာရှိစဥ်ကတည်းက ဝေဖန်ခဲ့တဲ့ အသံတွေသည်ကား တိမ်လိုက် ပျောက်လိုက် နဲ့ fb အကောင့် ရာချီ အပျက်ခံ ငယ်သံပါအောင် အော်တာတောင် သဲ့သဲ့ပဲ ကြားခဲ့ရ ။ နစက ကနေ ဖမ်းတုတ် ထောင်ထဲလည်း ထည့်လိုက်ရော ဒေါ်စုကြည် လင်ငယ်နေတာကနေ နိုင်ငံတကာဘုံကျွန်ဘဝ အထိ အကုန်အောက်ဖဲလှန် အဆော်ခံရတာပဲ ။ တိုင်းပြ​ည်အတွက် မိစ္ဆာမကြီးမို့ အာဏာရှိစဥ်ကလည်း ဆော်တယ်... အခုလည်းဆော်တယ်... မကျေနပ်လဲ လီးပဲ ။              ပြောချင်တာက သမိုင်းရေးထိုးခံ အဆင့်တွေက အရမ်းသတိထား လုပ်ကိုင်ကြရပါတယ် ။ မိမိအာဏာရှိစဥ် ရေးထိုးနေကြတဲ့ ပစ္စုပ္ပန်သမိုင်းဟာ အစစ်အမှန် မဟုတ်ပါဘူး ။ မိမိလွန်ကာလမှာ ရေးထိုးမယ့် အနာဂါတ် သမိုင်းသာလျှင် မှတ်တမ်းအဖြစ် ကျန်ရစ်စေမှာပဲ ။ ဒေဝဒတ်ရဲ့ အပုပ်နံ့က ယနေ့တိုင် နံစော်နေသလို မြတ်စွာဘုရားရဲ့ မွှေးရနံ့က ဒီနေ့ထိ လူသားများအား စိတ်ကြည်လင်စေနေတုန်းပါပဲ ။          အနီးစပ်ဆုံး သမိုင်းအရ NLD အမတ်တွေ ၊ ဝန်ကြီးတွေ နဲ့ ဒေါ်စုကြည်ကိုယ်တိုင် ပြောကြားခဲ့ကြတဲ့ မထော်မနန်း အပြောအဆိုတွေ ၊ အပြောတခြား အလုပ်တခြား ဆောင်ရွက်ချက်တွေဟာ မျက်စေ့အောက်မှာတင် အရှက်တကွဲ အကျိုးနည်းဖြစ်နေကြရတာ သတိပြုသင့်ပါတယ် ။             လွှတ်တော်မှာ ပြောပြီး ပြီးပြောဆိုတဲ့ ပါတာဖတ် ပုဂ္ဂိုလ်ကြီးတွေ ဆွေစဥ်မျိုးဆက် သောက်ရှက်ကွဲကြပါလိမ့်မယ် ၊ သေချာ စီစစ် လေ့လာပြီးမှ တိုင်းကျိုး ပြည်ပြု ဆောင်ရွက်ကြစေလိုပါတယ် ။ ဒီနေ့လို ခေတ်မျိုးမှာ စကားတခွန်း ၊ စာ တလုံး ကအစ မှတ်တမ်းတင်ထိမ်းသိမ်းရ လွယ်ကူလွန်းတာ သတိပြုကြပါ ။ သေချာတာက ဒါတွေ ဒီနေ့မရေးကြသေးဘူး နောင်တချိန် ရေးကြမှာပဲ ။        နှစ်ပေါင်း ရာထောင်ချီတိုင် တည်တံ့နေမယ့် အနာဂါတ်သမိုင်းမှာ မိမိအမည် မွှေးရနံ့ နဲ့ ကြိုင်လှိုင်နေမလား....လူတကာနှာခေါင်းရှုံ့ရမယ့် အပုပ်နံ့နဲ့ စက်ဆုပ်ဖွယ်နံစော် နေမလား ဆိုတာကတော့ ယနေ့ ပစ္စုပ္ပန် လုပ်ရပ်တွေက အဆုံးအဖြတ်ပေးပါလိမ့်မယ် ။ လူကြီးမင်းများ နှလုံးသွင်း မှန်ကြပါစေဗျာ ။           ကိုရွှေမျိုးဝင်း         

ရောက်တတ်ရာရာ ============== "  ငမျိုးရေ ငပိန်းဖမ်းနေတဲ့ ဗန်းမော် ကိစ္စ ရေးအုံး ဟ '' " ကိုယ့်ဘက်က လူတွေ ရေးနေကြပါတယ်ဗျာ အခုဆို သင်္ဘောသားတွေက မြို့ပေါ်တက် အရက်သောက်နေရောပေါ့ '' " အေးကွ အလံ​​ဖြူ ထောင်တာရော...စစ်သင်္ဘော သိမ်းပိုက် ဖောက်ခွဲတာရော လိုတိုရှင်းတော့ ပြောအုံး '' " သင်္ဘောတစင်း စက်ပျက်တယ် အချိန်မှီ ရှေ့တက်ဖို့ စွန့်ခဲ့ကြတယ် အဲဒီ သင်္ဘောပျက်ကြီး ဗန်းပြ အမျိုးမျိုး ကြွားဝါကြတယ်.. နောက် ရွှေခိုးကျင်နေတဲ့ ရွှေသူခိုးတွေ မနေရဲလို့ ထွက်ပြေးကြတယ်. လူတရာလောက် အလံဖြူထောင်ပြီး သွားကြတယ် အဲဒါကို ဂျင်းထပ်ထည့်ပြီး လေလှိုင်းထဲက အောင်ပွဲခံပြကြတယ် အဖြစ်က အဲဒါပဲ '' " သင်္ဘောတွေကလည်းကွာ စစ်သင်္ဘောသာဆိုတယ် စုတ်ပျက်နေတာပဲ '' " တိုက်ခိုက်ရေး သင်္ဘောအစစ်တွေမှ မဟုတ်တာဗျာ ဘေးက သဲအိတ်တွေ ၊ တာယာတွေ အပြည့်ကာထားတာကိုး အမြင်လှဖို့ထက် လုံခြုံရေးက အဓိကကိုး...မြစ်ကျဥ်း မြစ်ကွေ့တွေမှာ အန္တရာယ်များတယ်လေ... ဒါတောင် လေတပ်က အုံနဲ့ကျင်းနဲ့ ဆော်နိုင်လို့.... '' " နေပါအုံး ဒီသင်္ဘောကိစ္စ ဒီလောက် လှုပ်ခတ်နေတာ ဘာလို့လဲ ကွ....  '' " အင်းးးသင်္ဘောတွေက ဗန်းမော်ကို အပျင်းပြေသွားကြတာ မဟုတ်ဘူး... ဘာတွေ ပါသွားသလဲဆိုတာ  ပြောလို့မရဘူး သေချာတာက KIA တို့အတွက် သေမင်းတမန်တွေ သယ်သွားတယ်လို့သာ အကြမ်းဖျင်း သိထားတော့ဗျာ.. မကြာခင် မင်္ဂလာသတင်း ကြားရလိမ့်မယ်လို့ ပြောချင်တယ်ဗျ '' " ဒါများကွာ ပြည်ဖျက်မီဒီယာတွေက ဝိုင်းပြီး အောင်ပွဲခံနေလိုက်တာ မြင်မကောင်းဘူးကွာ '' " အဲဒါကိုက ဒီကောင်တွေရဲ့ ကျရှုံးခန်းကို ပြနေတဲ့ အနေအထားလေ... နော်ဘူကိုယ်တိုင် သူတို့ဆီ သတင်းမရောက်လာသေးပါဘူး ပြောနေတာကိုပဲ တွင်တွင်ကြီး နိုင်ပြနေတာ လေ... အလှူခံစားဖို့ ဂွင် ဆိုပြီး ဝိုင်းလိမ်နေကြတာပေါ့ '' " အေးကွ ရခိုင်သတင်းကော ဘာကြားသလဲ.. '' " စစ်သင်္ဘောကြီး ၃ စင်းကနေ အမြောက်တွေနဲ့ ထုနေလို့ ဆိုပြီး အော်နေကြတယ် အဲဒါ ရခိုင်မီဒီယာတွေက အော်နေကြတာ သေချာတယ် အထိနာလို့ အော်တယ်ဆိုတာ '' " အင်း ဗန်းမော်သင်္ဘောသတင်းကြောင့် ရခိုင်စစ်သင်္ဘောသတင်းတောင် ငုတ်နေသလိုပဲဟေ့.... ကဲ ကရင်ဘက်ကောကွ '' " မင်းလက်ပံကို ဝိုင်းပိတ်တွယ်လို့ ရနေပြီ... မတွယ်ဘူး လာကူတဲ့ ကောင်တွေပဲ သုတ်နေတယ် ကြည့်ရတာ လိုက်ရှာပြီး တိုက်ရတာ အချိန်ကုန်လူပမ်းလို့ ထင်တယ်  မင်းလက်ပံကို တည်ကြက်လုပ် တွယ်နေပုံပဲ... ကိုယ်တွေက အရပ်သားဆိုတော့ စစ်ပရိယာယ် နားမလည်ဘူး ခန့်မှန်းကြည့်ရတာလေ '' "OK ဗန်းမော် သတင်းမင်းမပြောလို့ မေးကြည့်တာ ခုခေတ်က AI ခေတ်ဆိုတော့ အလိမ်ခံရမှာစိုးလို့ကွ ''           ကိုရွှေမျိုးဝင်း