en
Feedback
ကဗျာလွယ်အိတ် (Poem pocket)

ကဗျာလွယ်အိတ် (Poem pocket)

Open in Telegram

တိုက်ဆိုင်မှုလေးတေနဲ့ ဆုံတွေ့ခဲ့ရင် ငိုခွင့်ရှိသည်🍓

Show more
Myanmar26 869The category is not specified
1 060
Subscribers
+1224 hours
+657 days
+14630 days
Posts Archive
ရုပ်ရှင်တွေထဲကလို တခါလွဲပြီး နောက်လေးငါးနှစ်နေရင် ပြန်ဆုံရဦးမလားဆိုတဲ့စိတ်နဲ့ ကိုယ်သေချာပေါက်ကိုစောင့်နေဦးမှာ ။ - လွဏ်းခက်မှန်

ထီးမေ့ ဦးထုပ်မေ့ နမော်နမဲ့နိုင်လွန်းသူဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်က ဖုန်းနံပတ်လေးကိုတော့ မေ့မရခဲ့ပါဘူး ။ ▪️ဂန္ဓမာ

အဖေ ကျွန်တော့်ကိုပြောခဲ့ဖူးတဲ့ စကားလေးတစ်ခွန်းရှိတယ်..။ "ဘယ်နေရာမှာမဆို သူ့ဘက် ကိုယ့်ဘက် မျှတွေးပေးတတ်ရတယ်.." "ကိုယ့်အတွက်ပဲ ကိုယ်ကြည့်ရင်တော့.. အတ္တသမားပေါ့.." "ကိုယ့်ဘက်ကိုယ်တောင် ပြန်မကြည့်နိုင်ကြတော့ရင်တော့ အရူးတွေပေါ့တဲ့.." - ရွှေစွန်ညို

ခေါ်လည်း ခေါ်ချင်ပါတယ် ပြောလည်း ပြောချင်ပါတယ် မင်းအသံကြားပြီး အသဲကပြန်ကြေကွဲ ရမှာကိုပဲဆိုးတာ ကိုယ်နေနိုင်သွားတာ မဟုတ်ဘူး။ -နွေသစ်ငြိမ်း

မေ့လိုက်ပါတော့ ငယ်"။ ။

ငါထားခဲ့သမျှ အတ္တတွေ မာနတွေက မင်းနှုတ်ခမ်းဖျားမှာကျရှုံးရတာပဲ ဒါဟာစျေးပေါတာမဟုတ်ဘူး မင်းအပေါ်အလေးနက်ထားလို့ အတ္တနဲ့မာနကို အောက်ဆုံးထိချထားတာ # အောင်အက္ခရာ

ချစ်နေရခြင်းကို ဖယ်ကြည့်လိုက်ရင် အရာအားလုံးဟာ ဒဏ်ရာတွေပဲ .. ဘာကြောင့် မငိုသလဲ မေးရင် သိပ်နာလွန်းလို့' လို့ ဖြေရပါလိမ့်မယ် ။ ▪️အောင်ချိမ့်

Morning ☕️တနေ့တာလုံးစိတ်အေးချမ်းပြီး ပျော်ရွှင်ပါစေ💐

သဘောကျတယ်ဆိုတဲ့ စိတ်ကလေးနဲ့သာ လှမ်းခဲ့တာပါ။ အေးချမ်းရသည် ဖြစ်စေ၊ ပူလောင်ရသည် ဖြစ်စေ၊ ကိုယ့်မှာ မင်းကို လွှတ်ချရန်မရှိပါ။ crd

လူတစ်ယောက်ကို ချစ်ရတာက စက္ကူပန်းပင်ကို ကြည့်နေရသလိုပါပဲ။ - ဂန္ဓမာ
လူတစ်ယောက်ကို ချစ်ရတာက စက္ကူပန်းပင်ကို ကြည့်နေရသလိုပါပဲ။ - ဂန္ဓမာ

လူတွေဆီက အလကား ရလိုက်တဲ့အရာဆိုတာ လိမ်ညာမှုနဲ့ လှည့်စားခြင်းတွေပဲ အသေးအမွှားကအစ လိမ်ညာခံရရင် နာကျင်ရတာပဲ။ -ဖြူ

အချစ်ဦး တဲ့လေ ရင်ထဲကဆူးတစ်ချောင်းပေါ့ ကာလတွေဘယ်လောက်ပြောင်းပြောင်း မထုတ်နိုင်ခဲ့ဘူး ။ - ရိပ်ငြိမ်

တစ်ယောက်တည်းနေချင်တယ်ပြောပြီး တယောက်ယောက်ကို မျှော်နေတာမျိုးလဲ ဖြစ်နိုင်တာပဲ ဘယ်သူ့အပူမှ မလိုချင်ဘူးပြောပြီး ချောင်ခိုစရာတွေ့တိုင်း ပြေးငိုချင်နေတာမျိုးလဲ ရှိတာပဲ ဘယ်သူ့ဘဝတွေမှ ထင်သလောက်မငြိမ်းချမ်းပါဘူး ။ - ချာန်

ဘာမှ မတတ်နိုင် ဆက်ချစ်ရမှာပဲ နာကျင်ကြေကွဲလည်း ဆက်ချစ်နေရုံပဲ ဆက်မချစ်ဘဲ နေလို့မှမရတာ တစ်သံသရာလုံး အထုံပါရမီ ကြီးမားခဲ့ပုံပါ တစ်ယောက်ယောက်ကို အောက်ကျို့ခံချစ်ရတာကိုပဲ အစွဲလမ်းကြီး စွဲလမ်းနေ။ -လင်းမာအို

မတော်တဲ့ ဖိနပ်ရယ်လို့ မရှိပါဘူး ကိုယ့်ခြေထောက်နဲ့တော်ရာကိုပဲ ရွေးစီးတတ်ဖို့ပဲ လိုတာပါ တော်ရာမှာနေတတ်ရင် ပျော်စရာကြီးပါ။ သုခယံ
မတော်တဲ့ ဖိနပ်ရယ်လို့ မရှိပါဘူး ကိုယ့်ခြေထောက်နဲ့တော်ရာကိုပဲ ရွေးစီးတတ်ဖို့ပဲ လိုတာပါ တော်ရာမှာနေတတ်ရင် ပျော်စရာကြီးပါ။
သုခယံ

တကယ် ဝေးခဲ့ပြီဆို ဒီစာလေးက မင်းအတွက်💌 တကယ်တော့.... ကိုယ်တို့နှစ်ယောက်က တစ်ယောက်အကြောင်း တစ်ယောက် အသိဆုံးဖြစ်ခဲ့ကြသလို၊ တစ်ယောက်ကိုတစ်ယောက် အချစ်ဆုံးတွေလည်း ဖြစ်ခဲ့ဖူးပါတယ်.....။ ဒါပေမဲ့ လောကကြီးရဲ့ "အဆင်မပြေမှု" ဆိုတဲ့ စည်းမျဉ်းတစ်ခုကြားမှာ ကိုယ်တို့နှစ်ယောက်စလုံး ဒူးထောက်အရှုံးပေးခဲ့ရတယ်နော်။ မင်းကို ကိုယ်တောင်းပန်ချင်တာကလေ.... ကိုယ်တို့အတူတူရှိခဲ့စဉ်က မင်းအပေါ် နားလည်မှုမပေးနိုင်ခဲ့တဲ့ အချိန်တွေ၊ ကိုယ့်ရဲ့ မရင့်ကျက်မှုတွေကြောင့် မင်းမျက်ရည်ကျခဲ့ရတဲ့ ခဏတာတွေအတွက် တကယ်တောင်းပန်ပါတယ်။ ကိုယ့်ကြောင့် မင်းစိတ်ညစ်ခဲ့ရတာတွေကိုပဲ မေ့ဖျောက်ပစ်ခဲ့ပြီး ကိုယ်တို့အတူတူရယ်မောခဲ့တဲ့ အချိန်လေးတွေကိုပဲ မှတ်မိနေပေးပါ။ နောက်ပြီး..... မင်းကို ကိုယ်ကျေးဇူးတင်ပါတယ် ကိုယ့်ဘဝရဲ့ အမှောင်ဆုံးနေ့ရက်တွေမှာ မင်းဟာ အလင်းရောင်တစ်ခု ဖြစ်ပေးခဲ့လို့ပါ။ လူတွေအများကြီးကြားထဲမှာ ကိုယ့်ကိုရွေးချယ်ပြီး ချစ်ပေးခဲ့လို့၊ ကိုယ့်ရဲ့ အပြစ်အနာအဆာတွေကို သည်းခံပေးခဲ့လို့ မင်းကိုအမြဲတမ်း ကျေးဇူးတင်နေမှာပါ။ မင်းနဲ့တွေ့ခဲ့ရတာဟာဘဝရဲ့အလှပဆုံး အချိန်တစ်ခုပါပဲ။ ကိုယ်မှာချင်တာကတော့..... ရှေ့ဆက်မယ့် မင်းရဲ့နေ့ရက်တွေမှာ ကိုယ်မရှိတော့တဲ့နောက် မင်းကိုယ်မင်း ပိုချစ်ပါ။ ကိုယ့်ကိုသတိရလို့ ဝမ်းနည်းနေမယ့်အစား မင်းရဲ့အိမ်မက်တွေကိုပဲ အကောင်အထည်ဖော်ပါ။ အချစ်ဆိုတာ ပိုင်ဆိုင်ရမှ အဓိပ္ပာယ်ရှိတာမဟုတ်ပါဘူး၊ တစ်ယောက်နဲ့တစ်ယောက် ဝေးနေရင်တောင်တစ်ဖက်လူ ပျော်ရွှင်နေတာကို မြင်ရရုံနဲ့ ကျေနပ်ရတာမျိုးပါ။ တကယ်လို့ တစ်နေ့နေ့မှာ မင်းကို ကိုယ့်ထက်ပိုချစ်တဲ့သူ၊ ကိုယ့်ထက်ပိုပြီး ဂရုစိုက်နိုင်တဲ့သူနဲ့ တွေ့ခဲ့ရင်... ဝန်လေးမနေဘဲ အပြည့်အဝလက်ခံလိုက်ပါ။ မင်းရဲ့ပျော်ရွှင်မှုက ကိုယ့်အတွက် အဝေးကကြည့်နေရမယ့် ဆုလာဘ်တစ်ခုမို့ပါ။ အဆုံးသတ်မှာ.... ကိုယ်တို့ရဲ့ ဇာတ်လမ်းလေးက နိဂုံးမလှခဲ့ပေမယ့် "ကိုယ်တို့တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ခဲ့ကြဖူးတယ်" ဆိုတဲ့ အသိလေးနဲ့တင် ကိုယ့်ဘဝက ပြည့်စုံပါတယ်။ ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ ဘယ်သူ့အနားမှာပဲရှိရှိ... မင်းအမြဲတမ်း ပြုံးနေနိုင်ပါစေ။ #crd

ကျွန်မကိုရင်ပူစေတဲ့ မောင်ဟာ အဲ့ဒီမိန်းမနဲ့ ဆင်တူလက်စွပ်ကလေးတောင်ဝတ်လို့တဲ့၊ မျက်ရည်လည်းမပေါဘူး အသည်းလည်းမမာဘူး မောင် ၊ "မောင်
ကျွန်မကိုရင်ပူစေတဲ့ မောင်ဟာ အဲ့ဒီမိန်းမနဲ့ ဆင်တူလက်စွပ်ကလေးတောင်ဝတ်လို့တဲ့၊ မျက်ရည်လည်းမပေါဘူး အသည်းလည်းမမာဘူး မောင် ၊ "မောင့်ဆီတော့လာချင်တုန်းရယ်"။ -လင်းညို -အချစ်ရိပ်ညနေ

နေသားကျ တယ်ဆိုတာ နေနိုင်သွားတာကိုပြောတာမဟုတ်ဘူး အချစ်ရဲ့ တကယ် ပြန်မလာတော့ဘူးဆိုတဲ့ အသိနဲ့ နာကျင်မှုဒဏ်ကို ခံနိုင်သွားတယ်ဆိုရု
နေသားကျ တယ်ဆိုတာ နေနိုင်သွားတာကိုပြောတာမဟုတ်ဘူး အချစ်ရဲ့ တကယ် ပြန်မလာတော့ဘူးဆိုတဲ့ အသိနဲ့ နာကျင်မှုဒဏ်ကို ခံနိုင်သွားတယ်ဆိုရုံပဲ ။ -ရိပ်ငြိမ်

အတ္တကြီးတဲ့မိန်မပါ မာနကိုဘုရားလိုကိုးကွယ်မိသူပါ ကို့အပိုင်က တခြားသူအပိုင် ဖြစ်သွားခဲ့ရင် ပြန်ယူချင်ဖို့မပြောနဲ့ မျက်စောင်းနဲ့တောင်လှည့်မထိုးပါဘူး -ချယ်🌸

အချစ်ဦးဆိုတာ ကမ္ဘာဦးအစလိုပဲ ပြန်သွားလို့မရဘူး ပြန်တွေးခွင့်ပဲရှိတယ်။ - နေကြာဖြူ