ကဗျာလွယ်အိတ် (Poem pocket)
Open in Telegram
တိုက်ဆိုင်မှုလေးတေနဲ့ ဆုံတွေ့ခဲ့ရင် ငိုခွင့်ရှိသည်🍓
Show moreMyanmar26 963The category is not specified
1 054
Subscribers
+724 hours
+657 days
+14430 days
Posts Archive
နောက်ပိုင်း
“အဆင်ပြေလား” လို့ မေးရင်
“ဒီလိုပါပဲ” လို့ပဲ ဖြေတတ်ခဲ့တော့တယ်။
ဒါဟာ တိတ်ဆိတ်ခြင်းတစ်မျိုးဖြစ်သလို
အရွယ်ရောက်ခြင်းတစ်မျိုးလည်းဖြစ်တယ်။
#crd
ဆရာအောင်ချိမ့်ပြောသလို ထမင်းစားတိုင်း
လူမဖြစ်ပါဘူး မိတ်ဆွေ။
တစ်ပါးသူအပေါ် သနားကြင်နာစာနာတတ်တဲ့
နှလုံးသားရှိမှ လူပီသတာပါ။
crd
စိတ်ရှိသလောက်သာ...
ခံစားမှုနောက် လိုက်ကြေးဆို
အသက်တောင် ပြန်ပါမလာဘူး။
▪️ကြည်ဇော်အေး
တစ်ယောက်ယောက်ကို ချစ်ခဲ့ပြီး
တစ်ယောက်တည်း ဖြစ်ခဲ့ရသူပါ
ချစ်တယ်ဆိုတဲ့စကားကို
နှလုံးသားပါလို့သာ ကြားနေရတာ
ဘယ်လိုမှ ယုံမရတော့ဘူး။
▪️ခန့်သွယ်
"ကိုယ့်ကို တန်ဖိုးထားတဲ့သူရဲ့
ဘေးနားမှာရှိနေရတာဟာ
ဘဝရဲ့ အကြီးမားဆုံး
ဆုလာဘ်တစ်ခုပါ။"
မင်းကလွဲရင်
အားလုံးကို အကြာကြီးစဉ်းစားရပါတယ်
မေ့တတ်တာဟာ ရောဂါဖြစ်ပြီး
မေ့မရတာဟာလည်း ရောဂါပါပဲ ။ ။
-ဆူးရစ်နွယ်
ချစ်မိတာကို နောင်တမရဘူး
ချစ်လို့မဝတာကိုပဲ နားမလည်ဖြစ်ရတယ်
လူတစ်ယောက်ကို ချစ်ရတာ
ဒီလောက်တောင် ပျော်ဖို့ကောင်းရလား
ကမ္ဘာ့အနွေးဓာတ်လေးကို အမှတ်မထင်တွေ့ရှိ
ဒီကမ္ဘာမှာ တန်ဖိုးအရှိဆုံဟာ
ငါ့မိဘတွေပြီးရင် မင်းဖြစ်တယ် ။
#tarmhyuunge
ကိုယ်မရှိရင် သူ မဖြစ်ဘူးပေါ့
သူအတွက်မရှိမဖြစ်လေးထင်ခဲ့တာ
ကိုယ်ရှိနေလို့ သူ မဖြစ်တာပါတဲ့။
အချစ်ရယ်...
မင်းအနေရခက်စေခဲ့ရင်
ကိုယ်တောင်းပန်ပါတယ်။ ။
_ဦးခက်ဂုဏ်{ပုဂံ}
ဒီရေ အတက်အကျဟာ
လရဲ့ဆွဲငင်အားနဲ့ဆိုင်တယ် ။
ဒါဆိုရင်.................
ကိုယ့်စိတ် ဖြစ်တည်မှုမှန်သမျှဟာ
မင်းရဲ့ တွဲအားနဲ့ဆိုင်တယ်။
_သက်လျာ
လူက လူကို ကြောက်နေရတဲ့ကမ္ဘာမှာ ဘာများကောင်းလာဦးမှာလဲ
ကိစ္စတော်တော်များများဟာ
ကျောင်းမှာမသင်ခဲ့ရဘူး အချစ်
ဂရုစိုက်ပါ
- စစ်နိုင်
မထိုက်တန်လို့ လမ်းခွဲရတာဖြစ်ဖြစ် မဖြစ်နိုင်လို့ လမ်းလွှဲရတာဖြစ်ဖြစ် ဖူးစာမပါလို့ ဝေးကြရတဲ့အခါ ဘယ်သူ့ကိုမှ အပြစ်မြင်စရာမလိုပါဘူး။ သူ့ကြောင့် ကိုယ်ဟာ အကောင်းဆုံးလူ ဖြစ်ဖူးသလို ကိုယ့်ကြောင့် သူလည်း ကံအကောင်းဆုံးလူ ဖြစ်ခဲ့ဖူးတယ်။ လိုချင်တုန်းက သူက တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာ ဖြစ်ခဲ့သလို အဆင်ပြေတုန်းက ကိုယ်ဟာ အကောင်းမွန်ဆုံး အဖော်မွန်ဖြစ်ခဲ့တယ်။ ကံကြမ္မာကြောင့် ကွေကွင်းရမယ်ဆိုရင်တောင် နီးစပ်ရဖို့ ဆုံးဖြတ်ချက် ချမှတ် ခဲ့ဖူးသူတွေ ဆိုတာ ယုံကြည်ပါ။ အဆိုးသတင်းတွေလည်း မဖော်သလို ကိုယ်တို့ဟာ လုံခြုံစိတ်ချရတဲ့ နောက်ကျောတွေ ဖြစ်ခဲ့တယ်။ ကံပါသလောက် ဆုံခဲ့ပြီးမှ ဆုံးဖြတ်ချက်ကြောင့် မနီးစပ်နိုင်တဲ့အခါ ကိုယ်တို့ ချစ်ခြင်းဟာ စေတနာများစွာနဲ့ မင်းတစ်ယောက် အဆင်ပြေစေဖို့ မေတ္တာတွေ အဖန်ဖန် ပို့သခဲ့ရုံပါပဲ။ ဆုံစည်းခြင်းတွေ ခမ်းနားခဲ့သလောက် ကွေကွင်းခြင်းတွေဟာ ရိုးသားခဲ့ပါတယ်။ ဒီလိုပဲပေါ့ ချစ်ခဲ့သည် နီးခဲ့သည် ပြီးတော့ ဝေးခဲ့သည်ပေါ့ အချစ်ရယ်။#crd
ရှိနေတုန်းက တန်ဖိုးမထားပဲ ဆုံးရူံးသွားမှပြန်လိုချင်လို့မရဘူး.... ရေမွှေးပုလင်းလေး ကွဲသွားသလိုပေါ့.... တစ်ချို့အရာတွေ ဆုံးရှုံးသွားမှ တန်ဖိုးကို ပိုသိလာရလိမ့်မယ်။
သိုသိုသိပ်သိပ်နေခဲ့ရတဲ့
သက္ကရာဇ်တွေပါပဲ
ဖြစ်ချင်တာတွေအတွက်
တတ်နိုင်သလောက် ကြိုးစားခဲ့ပါတယ်။
-ငြိမ်းဇော်
ဘဝမှာ ဘာအလိုရှိရဦးမှာလဲ...
ကမ္ဘာကြီးကိုလား...
ချမ်းသာကြွယ်ဝမှုကိုလား...
စွမ်းအားတွေကိုလား...
အာဏာကိုလား...
ကိုယ့်ကို ပြုံးပြနေတဲ့ ချစ်သူလေးရဲ့
မေတ္တာတွေ ရရင်...
ဘဝမှာ ဘာကိုထပ်ပြီး အလိုရှိရတော့မလဲ... ။
-လောင်ချိတ်
စကားနည်းတာ မဟုတ်ဘူး၊
အရေးမပါတာတွေကို
မပြောချင်တော့တာ။
အခုတော့
ပြောလိုက်တိုင်း အဓိပ္ပါယ်ရှိမယ့်
စကားတွေပဲ ပြောတော့တယ်။
တိတ်တိတ်လေးနေတာက
ဘာမှမသိလို့ မဟုတ်ဘူး…
သိသင့်တာ သိပြီး
မပြောသင့်တာကို
မပြောတော့တာပါ။
Crd
တစ်ချိန်ချိန်ကျရင်ပေါ့
မနက်၃နာရီလောက်ကြီး ကျနော်နိုးလာပြီး
ပြန်အိပ်မရလို့ ဘေးကိုကြည့်လိုက်တဲ့အခါ
ခင်ဗျားရှိနေမယ်၊
ကျနော့်ဘေးမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေလိမ့်မယ်
အဲဒီအချိန်ကျရင် ကမ္ဘာကြီးဟာ
ထင်သလောက်လည်း အထီးကျန်မဆန်ပါလားလို့
ကျနော်တွေးရင်း ကျေနပ်နေမိမှာပဲ
တစ်နေ့နေ့ပေါ့...။
-မိုးနေ့
အချစ်ကို စိတ်ကုန်သွားပြီ။
ချစ်တယ်၊ လွမ်းတယ်၊ သဝန်တိုတယ်၊ ရန်ဖြစ်တယ်၊ ပြန်ချစ်တယ်၊
အဲ့သံသရာက လည်လွန်းတဲ့အခါ ပင်ပန်းတယ်။
တစ်ယောက်ကို သတိရလို့ အိပ်မပျော်တဲ့ ညတွေ၊
Reply စောင့်ရတဲ့ နေ့တွေ၊
"ဘာလို့လဲ" ဆိုတဲ့ မေးခွန်းတွေနဲ့ နေရတာ
တော်တော် ပင်ပန်းတာပဲ။
အေးအေးဆေးဆေးလေး နေချင်နေတယ်။
ဘယ်သူ့ကိုမှ သတိမရဘဲ အိပ်ချင်တယ်၊
ဘယ်သူ့ Reply ကိုမှ မစောင့်ဘဲ နိုးချင်တယ်။
အချစ်မရှိလဲ ဖြစ်တယ်ဆိုတာမျိုးလေးနဲ့ ရှင်သန်ချင်တယ်၊ရပ်တည်ချင်ပါတယ်။
# အက္ခရာအောင်
လိုက်ရှာပါသေးတယ် ညီမရယ်
တွေ့မှတွေ့တော့လည်း
သူများရင်ခွင်ထဲမှာ🥺
# အက္ခရာအောင်
သီအိုရီတစ်ခု
ကမ္ဘာတစ်ဖက်မှာ
လူနှစ်ယောက် ရယ်မောသံတွေလွှမ်းနေရင်..
ကမ္ဘာတစ်ဖက်မှာ
လူတစ်ယောက် အရက်နာကျပြီး
နွမ်းကြေနေမယ်။ ။
- ဂန္ဓမာ
ရုပ်ရှင်တွေထဲကလို တခါလွဲပြီး
နောက်လေးငါးနှစ်နေရင် ပြန်ဆုံရဦးမလားဆိုတဲ့စိတ်နဲ့
ကိုယ်သေချာပေါက်ကိုစောင့်နေဦးမှာ ။
- လွဏ်းခက်မှန်
