en
Feedback
True Choice Myanmar

True Choice Myanmar

Open in Telegram

Show more
Myanmar17 109The category is not specified
4 064
Subscribers
-424 hours
-267 days
-13130 days
Posts Archive
၁၉၆၂၊ ၁၉၈၈ မှသည် ၂၀၂၁ နွေဦးတော်လှန်ရေးဆီသို့ - အာဏာရှင်စနစ် အမြစ်ဖြတ်ပွဲကို အပြီးသတ်ကြမည် ယနေ့ ဩဂုတ်လ ၈ ရက်နေ့သည် စစ်အာဏာရှင်စနစ်ကို ပြည်သူတစ်ရပ်လုံးက စည်းလုံးညီညွတ်စွာ တွန်းလှန်ခဲ့ကြသည့် "၈၈၈၈ (ရှစ်လေးလုံး) ပြည်သူ့အရေးတော်ပုံကြီး" ၏ နှစ်ပတ်လည်နေ့ ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ဦးနေဝင်း​၏ မဆလ အစိုးရလက်ထက်တွင် စီးပွားရေး စီမံခန့်ခွဲမှု လွဲမှားမှုများကြောင့် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ (LDC) စာရင်းဝင်ခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် မဆလ အစိုးရက ၂၅ ကျပ်၊ ၃၅ ကျပ်၊ ၇၅ ကျပ်တန် ငွေစက္ကူများကို လျော်ကြေးမပေးဘဲ တန်ဖိုးမရှိ ကြေညာခဲ့သဖြင့် ပြည်သူများ၏ စုဆောင်းငွေများ ရုတ်တရက် ဆုံးရှုံးခဲ့ရသည်။ ၁၉၈၈ ခုနှစ် မတ်လတွင် ရန်ကုန်စက်မှုတက္ကသိုလ် (RIT) ကျောင်းသားများနှင့် ဒေသခံများ ခိုက်ရန်ဖြစ်ပွားရာမှ ရဲတပ်ဖွဲ့၏ အကြမ်းဖက် နှိမ်နင်းမှုကြောင့် ကျောင်းသား ဖုန်းမော်နှင့် စိုးနိုင်တို့ သေဆုံးခဲ့ရသည်။ ထို့နောက် ကျောင်းသားများကို အကြမ်းဖက် သတ်ဖြတ်နှိမ်နင်းခဲ့သည့် တံတားနီ အရေးအခင်း ဆက်တိုက် ဖြစ်ပွားခဲ့ပြီး ကျောင်းသားများ၏ မကျေနပ်မှုမှစတင်ကာ အလုပ်သမား၊ လယ်သမား၊ သံဃာတော်များနှင့် ဝန်ထမ်းများပါ ပူးပေါင်းလာခဲ့သည်။ ၁၉၈၈ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့တွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် အထွေထွေသပိတ်ကြီး ဆင်နွှဲခဲ့သည်။ ရန်ကုန်မြို့အပါအဝင် မြို့ကြီးများ၌ ပြည်သူ သန်းပေါင်းများစွာ လမ်းပေါ်ထွက်ကာ ဒီမိုကရေစီရရှိရေး၊ တစ်ပါတီစနစ် ဖျက်သိမ်းရေးနှင့် ကုန်ဈေးနှုန်း ကျဆင်းရေးတို့ကို တောင်းဆိုခဲ့ကြသည်။ စစ်တပ်မှ ဆန္ဒပြသူများကို သေနတ်များဖြင့် ပစ်ခတ် နှိမ်နင်းခဲ့သဖြင့် လူထုနှင့် ကျောင်းသား ထောင်ပေါင်းများစွာ သေဆုံး/ဒဏ်ရာရခဲ့သည်။ မြန်မာ့သမိုင်းကို ပြန်ကြည့်လျှင် ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက် အရေးအခင်း၊ ၁၉၈၈ ခုနှစ် ၈၈၈၈ အရေးတော်ပုံနှင့် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးတို့သည် ခေတ်ကာလ ကွဲပြားသော်လည်း စစ်တပ်၏ ယုတ်မာရက်စက်မှု အကျင့်စရိုက်မှာမူ တစ်ပုံစံတည်း တူညီနေသည်ကို တွေ့ရမည် ဖြစ်သည်။ တူညီသော စစ်တပ်၏ ရာဇဝင်ဆိုးများ - ကျည်ဆန်ဖြင့် တုံ့ပြန်ခြင်း - ၁၉၆၂ တက္ကသိုလ်ကျောင်းသားများကို မိုင်းခွဲ ပစ်ခတ်ခဲ့သလို၊ ၁၉၈၈ တွင် လမ်းပေါ်ထွက် ဆန္ဒပြသူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည်။ ၂၀၂၁ တွင်လည်း အရပ်သားပြည်သူများကို သတ်ဖြတ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုများနှင့် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးမှုများကို ယနေ့ထက်ထိ ပြုလုပ်နေဆဲဖြစ်ပါသည်။ ဒီမိုကရေစီကို လုယူခြင်း - ၁၉၆၂ တွင် ဦးနုအစိုးရ၊ ၁၉၈၈ တွင် လူထုဆန္ဒ၊ ၂၀၂၁ တွင် ပြည်သူရွေးချယ်ထားသော အရပ်သားအစိုးရ စသည့် ပြည်သူ့အာဏာကို အဓမ္မ လုယူခဲ့ကြသည်။ စနစ်အမည်ပြောင်း အာဏာစွဲကပ်ခြင်း - မဆလ၊ နဝတ/နအဖ၊ မင်းအောင်လှိုင်၏ စစ်ကောင်စီ စသဖြင့် ခေါင်းဆောင်နှင့် အမည်နာမများသာ ပြောင်းလဲသွားသော်လည်း စစ်တပ်အကျိုးစီးပွားအတွက် စစ်အာဏာရှင်စနစ်ကို အမွေဆက်ခံ အာဏာသိမ်းခဲ့ကြသည်။ "အမှောင်ထုကြားက သင်ခန်းစာနှင့် နွေဦး၏ အဓိဋ္ဌာန်" လွန်ခဲ့သည့် ၃၈ နှစ်က ရှစ်လေးလုံးအရေးတော်ပုံကြီးသည် မဆလ တစ်ပါတီအာဏာရှင်စနစ်ကို အဆုံးသတ်စေခဲ့ပြီး ၁၉၉၀ ပြည့်နှစ်တွင် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကို ကျင်းပပေးခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က အပြတ်အသတ် အနိုင်ရရှိခဲ့သည်။ သို့သော်လည်း စစ်တပ်က အာဏာလွှဲ မပေးခဲ့ပါ။ စစ်တပ်သည် နည်းမျိုးစုံဖြင့် အာဏာကို လက်မလွှတ်ဘဲ မျိုးဆက်အလိုက် ပြည်သူအပေါ် ဖိနှိပ်ခဲ့သည်။ ယနေ့ ၂၀၂၁ နွေဦးတော်လှန်ရေးတွင်မူ ပြည်သူတို့သည် ၁၉၆၂ နှင့် ၁၉၈၈ သမိုင်း၏ သင်ခန်းစာများကို အပြည့်အဝ ရယူနိုင်ခဲ့ပြီ ဖြစ်သည်။ စစ်တပ်၏ လိမ်လည်လှည့်ဖြားမှုများကို သဘောပေါက်သွားကြပြီးနောက် အာဏာသိမ်းမှုကိုသာမက "စစ်အာဏာရှင်စနစ် အမြစ်တစ်ခုလုံး" ကို စည်းလုံးစွာ လက်နက်ကိုင် တော်လှန်ရေးနှင့် ဘက်ပေါင်းစုံ နည်းလမ်းများဖြင့် တိုက်ဖျက်နေကြပြီ ဖြစ်သည်။ ဒီမိုကရေစီနှင့် လွတ်လပ်မှုအတွက် အသက်၊ သွေး၊ ချွေး ပေးဆပ်ခဲ့ကြသည့် ၈၈၈၈ အရေးတော်ပုံမှ အာဇာနည်များ၊ ကျောင်းသားများနှင့် ရဟန်းရှင်လူ ပြည်သူအပေါင်းအား True Choice Myanmar မှ လေးနက်စွာ ဂါရဝပြုအပ်ပါသည်။ ရှစ်လေးလုံး ပေးခဲ့သော သမိုင်းသင်ခန်းစာဖြင့် စစ်အာဏာရှင်စနစ်ကို အပြီးတိုင် ချေမှုန်းကာ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ကို ပြည်သူ့လက်ဖြင့် မုချ တည်ဆောက်သွားမည် ဖြစ်သည်။ #TrueChoiceMyanmar #8888Uprising #8888Anniversary #SpringRevolution #MyanmarMigrants

photo content

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ICRC (နိုင်ငံတကာ ကြက်ခြေနီကော်မတီ) တို့ တွေ့ဆုံခွင့် ရရှိခြင်းသည် သတင်းအချက်အလက် အရွေ့တစ်ခု ဖြစ်နိုင်သော်လည်း၊ မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသူ အားလုံး၏ အခြေခံ လူ့အခွင့်အရေးဆိုင်ရာ လိုအပ်ချက်များအတွက်မူ လုံလောက်သည့် အာမခံချက် အပြည့်အဝ မဟုတ်သေးပါ။ ICRC နှင့် တွေ့ဆုံခွင့်ပေးရုံမျှဖြင့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများ လျော့ပါးသွားခြင်း မရှိဘဲ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရား ဖမ်းဆီးခံထားရသူ အားလုံး အမှန်တကယ် လက်ဝယ်ရရှိရမည့် အခြေခံ လူ့အခွင့်အရေးများ ဖြစ်သည့် မိသားစုဝင်များနှင့် တွေ့ဆုံခွင့်၊ စာရေးသားဆက်သွယ်ခွင့်နှင့် အစားအသောက်/ဆေးဝါး ပေးပို့ခွင့်များကို အကန့်အသတ်မရှိ ပိတ်ပင်ထားခြင်း ခံနေရဆဲဖြစ်သည်။ ထို့အပြင် နိုင်ငံတဝှမ်းလုံးရှိ အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသားများသည် ဆေးဝါးမလုံလောက်ခြင်း၊ ကျန်းမာရေးအခြေအနေ စိုးရိမ်ရသည့် အကျဉ်းသားများကို ပြင်ပဆေးရုံများသို့ အချိန်မီ ပို့ဆောင်မပေးခြင်းနှင့် ဆေးကုသခွင့် ငြင်းပယ်ခြင်းစသည့် တမင်ဖိနှိပ်မှုနှင့် စနစ်တကျ အသက်အန္တရာယ်ပြုမှုအနေနဲ့ အသက်ရှင်သန်ပိုင်ခွင့် (Right to Life) ကို တိုက်ရိုက် ချိုးဖောက်ခြင်းခံနေရသည်။ အကျဉ်းသားများ၏ အသက်နှင့် ကျန်းမာရေးအတွက် အကျဉ်းထောင်အာဏာပိုင်များတွင် လုံးဝတာဝန်ရှိပြီး၊ ဆေးကုသခွင့် တမင်ပိတ်ပင်မှုကြောင့် အသက်ဆုံးရှုံးရသည့် ဖြစ်စဉ်တိုင်းသည် မင်းအောင်လှိုင် ဦးဆောင်သည့် အယောင်ဆောင် အစိုးရအနေနှင့် ကုလသမဂ္ဂ စံနှုန်းများနှင့် နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေများကို ပြင်းထန်စွာ ချိုးဖောက်နေခြင်း ဖြစ်သည်။ အာဆီယံ (ASEAN) နှင့် နိုင်ငံတကာ အစိုးရများအနေနှင့် တရားမဝင် အစိုးရတစ်ရပ်ကို တရားဝင်အစိုးရအဖြစ် သတ်မှတ် သို့မဟုတ် ဆက်ဆံလိုက်ပါက ထောင်တွင်း ဖိနှိပ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကူညီရာ ရောက်သွားစေသည်။ ထို့ကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် တရားမဝင် အတုအယောင် အစိုးရ/ယန္တရားအား အသိအမှတ် မပြုဘဲ၊ အမှန်တကယ် ပြည်သူ့ဆန္ဒကို ကိုယ်စားပြုသည့် ခေါင်းဆောင်များနှင့် မတရား ထိန်းသိမ်းခံထားရသူ အားလုံး ချက်ချင်း လွတ်မြောက်ရေး၊ မင်းအောင်လှိုင်ကိုယ်တိုင် အာဆီယံ ခေါင်းဆောင်များရှေ့မှောက်တွင် သဘောတူညီခဲ့သော အာဆီယံ သဘောတူညီချက် (၅) ရပ်ကို အချိန်ကာလသတ်မှတ်ပြီး အကောင်အထည်ဖော်ရေးတို့အတွက် ဆက်လက်တွန်းအားပေး လုပ်ဆောင်ရန် အထူးလိုအပ်ပါသည်။

ဇူလိုင် ၁၉၊ ဘယ်တော့မှ မမေ့နိုင်မယ့် အာဇာနည်နေ့ ၁၉၄၇ ဇူလိုင် ၁၉ ရက် မနက် ၁၀ နာရီ ၃၇ မိနစ်မှာ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးအတွက် စွမ်းစွမ်းတမံ ကြိုးပမ်းနေကြသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ခေါင်းဆောင်များသည် ရန်ကုန်မြို့၊ ကန်တော်ကြီးအနီးရှိ အတွင်းဝန်များရုံး (ယခု ဝန်ကြီးများရုံး) ၌ အစည်းအဝေး ပြုလုပ်နေစဉ် ရက်စက်ကြမ်းကြုတ်စွာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။ ဒီလုပ်ကြံမှုရဲ့ နောက်ကွယ်က အဓိက စေခိုင်းသူကတော့ နယ်ချဲ့အင်္ဂလိပ်တို့နှင့် ပူးပေါင်းပြီး အာဏာမက်မောခဲ့တဲ့ ဂဠုန်ဦးစော (နန်းရင်းဝန်ဟောင်း) ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ဖဆပလအဖွဲ့ချုပ်ရဲ့ လူထုထောက်ခံမှုနဲ့ လွတ်လပ်ရေးကြိုးပမ်းမှုကို မနာလိုဖြစ်ပြီး တိုင်းပြည်အာဏာကို ဖြတ်လမ်းနည်းနဲ့ ရယူလိုတဲ့အတွက် ဂဠုန်ဦးစောရဲ့ ဦးဆောင်မှုနဲ့ သေနတ်သမား ၄ ဦး (ရန်ကြီးအောင်၊ မောင်စိုး၊ သက်နှင်း၊ မောင်စိန်) ဟာ အတွင်းဝန်များရုံး ဒုတိယထပ် အစည်းအဝေးခန်းမှာ ခေါင်းဆောင်ကြီးများကို လုပ်ကြံခဲ့ခြင်း ဖြစ်ပါသည်။ ထိုဆိုးဝါးလှသည့် လုပ်ကြံမှုကြောင့် မြန်မာ့လွတ်လပ်ရေးဗိသုကာဖြစ်သည့် ကြားဖြတ်အစိုးရ ဒုတိယဥက္ကဋ္ဌ၊ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ ပြည်ထဲရေးဝန်ကြီး သခင်မြ၊ ပြန်ကြားရေးဝန်ကြီး ဒီးဒုတ်ဦးဘချိုနှင့် ဗိုလ်ချုပ်၏ အကိုလည်းဖြစ်၊ ထောက်ပံ့ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးလည်းဖြစ်သည့် ဦးဘဝင်းတို့ နေရာတင် ပွဲချင်းပြီး ကျဆုံးခဲ့ရသည်။ ထို့ပြင် ပညာရေးနှင့် အမျိုးသားစီမံကိန်းဝန်ကြီး ဦးရာဇတ် (အဗ္ဗဒူရာဇတ်)၊ စက်မှုလက်မှုနှင့် အလုပ်သမားရေးရာဝန်ကြီး မန်းဘခိုင်၊ ရှမ်းစော်ဘွားတစ်ဦးဖြစ်သလို နယ်ခြားဒေသရေးရာဝန်ကြီးအဖြစ် တာဝန်ယူထားသည့် မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအုန်းမောင်နှင့် ဝန်ကြီးဦးရာဇတ်၏ သက်တော်စောင့်ဖြစ်သူ ရဲဘော်ကိုထွေးတို့သည်လည်း တိုင်းပြည်အတွက် ကျဆုံးခဲ့ကြရပါသည်။ မြန်မာ့သမိုင်းတွင် အမည်းစက်တစ်ခု စွန်းထင်ခဲ့ရသည့် ၎င်းနိုင်ငံရေး လုပ်ကြံမှုက အနာဂတ် နိုင်ငံတော်ရဲ့သမိုင်းကို ပြောင်းလဲစေခဲ့ပါတယ်။ လုပ်ကြံသတ်ဖြတ်မှုဖြင့် လွတ်လပ်ရေး ခေါင်းဆောင်များကို ဆုံးရှုံးသွားရုံသာမက ပင်လုံမြို့တွင် လက်မှတ်ရေးထိုးခဲ့သည့် ပင်လုံစာချုပ်ပါ လွတ်လပ်ရေးသဘောတူညီချက်များနှင့် ဖက်ဒရယ်ဒီမိုကရေစီ သဘောတူညီချက်များလည်း ပြိုပျက်သွားခဲ့ရသည်။ မြန်မာနိုင်ငံတွင် လွတ်လပ်ရေးမတိုင်ခင်ကတည်းက အမြစ်တွယ်နေသည့် အကြမ်းဖက်စစ်အာဏာရှင်စိတ်ဓာတ်ရှိသူများ​၏ လုပ်ရပ်ကြောင့် တိုးတက်မှုများအားလုံး အနှောင့်အယှက်ဖြစ်ခဲ့ရသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင်လည်း မတရားအာဏာသိမ်းခဲ့သော အကြမ်းဖက်စစ်အုပ်စုသည် လွတ်လပ်ပြီး တရားမျှတသည့် ၂၀၂၀ ဒီမိုကရေစီရွေးကောက်ပွဲရလဒ်ကို ဖျက်ဆီးပြီး မြန်မာပြည်သူလူထုထံမှ ဒီမိုကရေစီကို လုယူခဲ့သည်။ (၇၉) နှစ်ကြာပြီးနောက် တူညီသော အကြမ်းဖက်အုပ်စု၏ အရင်းအမြစ်ဖြစ်သည့် စစ်တပ်က မြန်မာပြည်သူလူထုအပေါ် မဖော်ပြနိုင်သော ရက်စက်ကြမ်းကြုတ်မှုများ၊ စစ်ရာဇဝတ်မှုများကို ဆက်လက် ကျူးလွန်နေကြသည်။ ပြည်သူလူထုကို နည်းအမျိုးမျိုးသုံး၍ ဖိနှိပ်အကြမ်းဖက်နေကြဆဲဖြစ်သော်လည်း လွတ်လပ်မှုနှင့် ဖက်ဒရယ်ဒီမိုကရေစီကို မြတ်နိုးသော မြန်မာပြည်သူများရဲ့မျှော်လင့်ချက်ကို အကြမ်းဖက်စစ်အာဏာရှင်များ​၏ စစ်လက်နက်များနှင့် တိုက်လေယာဉ်များက မဖျက်ဆီးနိုင်ပါ။ တစ်နိုင်ငံလုံးပါဝင်သည့် နွေဦးတော်လှန်ရေးသည် အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းရန်သာမက ဖက်ဒရယ်ဒီမိုကရေစီ မြန်မာနိုင်ငံတော်သစ်ပန်းတိုင်ကို အပြည့်အဝ မရောက်မချင်း ကြိုးစားအားထုတ် တိုက်ပွဲဝင်လျက်ရှိသည်။ အာဇာနည်ခေါင်းဆောင်ကြီးများ၏ စွန့်လွှတ်အနစ်နာခံမှု၊ နိုင်ငံ့ချစ်စိတ်နှင့် စည်းလုံးညီညွတ်ရေးစိတ်ဓာတ်တို့ကို မမေ့မလျော့ဘဲ မျိုးဆက်သစ်များက ဆက်လက်ထိန်းသိမ်း သွားကြရမည် ဖြစ်ပါသည်။ ယနေ့ကျရောက်သော အာဇာနည်နေ့တွင် ကျဆုံးခဲ့ရသော နိုင်ငံ့ခေါင်းဆောင်ကြီးများနှင့်အတူ လွတ်လပ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီအတွက် မိမိတို့အသက်များကို ပဓာနမထားပဲ ဖိနှိပ်ခြင်းများနှင့် မတရားခြင်းများအကြား စွန့်လွှတ်ပေးဆပ်ခဲ့ကြသည့် မတုန်လှုပ်သော သတ္တိနှင့် ခိုင်မာသော ဆုံးဖြတ်ချက်များအတွက် နွေဦးတော်လှန်ရေး သူရဲကောင်းများအားလုံးကို ဦးညွှတ် အလေးပြုပါသည်။

photo content

မြန်မာ့သမိုင်းမှာ ဘယ်တော့မှ မေ့ပျောက်လို့မရတဲ့၊ သွေးစွန်းခဲ့ရတဲ့ (၆၄) နှစ်မြောက် "ဇူလိုင် ၇ ရက် ကျောင်းသားအရေးတော်ပုံနေ့" ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်... ဒီနေ့ဟာ ရန်ကုန်တက္ကသိုလ်နယ်မြေအတွင်း မတရားမှုကို ခေါင်းမငုံ့ဘဲ ရဲရဲဝံ့ဝံ့ ဆန့်ကျင်တောင်းဆိုခဲ့တဲ့ ကျောင်းသားရဲဘော်များ သွေးမြေကျခဲ့ရတဲ့ နေ့ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှာ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ စစ်တပ်က နိုင်ငံတော်အာဏာသိမ်းပြီးနောက် ကျောင်းသားသမဂ္ဂများက အာဏာသိမ်းမှုကို ကန့်ကွက်ကြေညာခဲ့ကြသည်။ ဆက်လက်၍ ကျောင်းသားအခွင့်အရေးများကို ကန့်သတ်ဖိနှိပ်သည့် စည်းကမ်းအသစ်များ ထုတ်ပြန်ခဲ့ရာမှ မတရားဖိနှိပ်မှုကို လက်မခံသော ကျောင်းသားထုက ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြသည်။ သို့သော် ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် စစ်တပ်က ကျောင်းဝင်းအတွင်းသို့ လက်နက်ကိုင်ဝင်ရောက်၍ အကြမ်းဖက်ပစ်ခတ်ခဲ့သည်။ ထိုပစ်ခတ်မှုကြောင့် ကျောင်းသားအများအပြား သေဆုံး၊ ဒဏ်ရာရခဲ့ကြသည်။ နောက်တစ်နေ့ ဇူလိုင်လ ၈ ရက် မနက်တွင်တော့ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတစ်လျှောက် ကျောင်းသားလှုပ်ရှားမှု၏ သင်္ကေတဖြစ်ခဲ့သော ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (တကသ) အဆောက်အအုံကို ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့သည်။ အဲဒီ ပစ်ခတ်မှုကို ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိန်လွင် (နောင်တွင် ၈ လေးလုံးအရေးတော်ပုံ၌ 'ရန်ကုန်သားသတ်သမား' ဟု လူသိများလာသူ)က ကျောင်းဝင်းအတွင်း ပစ်ခတ်မှုကို ကွင်းဆင်းအမိန့်ပေးခဲ့သည်။ သမဂ္ဂအဆောက်အအုံကို ဒိုင်းနမိုက်နဲ့ ဖောက်ခွဲဖို့ တာဝန်ယူခဲ့သူကတော့ အင်ဂျင်နီယာတပ်ရင်းက ဗိုလ်မှူး ထွန်းရီ ဖြစ်သည်။ အာဏာရှင်တွေဟာ ကျောင်းသားထုရဲ့ စည်းလုံးညီညွတ်မှုနဲ့ တော်လှန်ရေးစိတ်ဓာတ်ကို ဖြိုခွဲချင်လို့ အဆောက်အအုံကို ဖျက်ဆီးခဲ့တာ ဖြစ်ပါသည်။ ဒါပေမယ့် မတရားမှုကို ဆန့်ကျင်ရဲတဲ့ စိတ်ဓာတ်၊ လွတ်လပ်မှုအတွက် ရပ်တည်တဲ့ သမဂ္ဂစိတ်ဓာတ်ကိုတော့ ဘယ်အာဏာရှင်မှ မဖျက်ဆီးနိုင်ခဲ့သလို ယနေ့ထက်တိုင်လည်း မဖျက်ဆီးနိုင်သေးပါဘူး။ သေနတ်သံတွေကြားထဲမှာ သွေးမြေကျခဲ့ရပေမယ့်၊ ဒိုင်းနမိုက်နဲ့ အဆောက်အအုံကို ဖြိုချခဲ့ပေမယ့် မတရားမှုကို လက်မခံတဲ့၊ ဖိနှိပ်မှုကို တွန်းလှန်တဲ့ အဲဒီနွေဦးက သွေးစက်တွေဟာ ဒီနေ့ထက်ထိ ကျွန်တော်တို့ရဲ့ ရင်ဘတ်ထဲမှာ စီးဆင်းနေတုန်းပါပဲ။ သမိုင်းကို ရဲရဲဝံ့ဝံ့ ရေးထိုးသွားခဲ့တဲ့ ရှေ့ဆောင်ကျောင်းသားရဲဘော်များကို True Choice Myanmar မှ ဦးညွတ်အလေးပြုပါတယ်။ #ဇူလိုင်၇ #7July #ကျောင်းသားအရေးတော်ပုံ #မမေ့နိုင်သောသမိုင်း

photo content

မြန်မာပြည်သူများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။ ပြည်သူများ၏ အသံ၊ သဘောထားဆန္ဒများကို ကျယ်ကျယ်ပြန့်ပြန့် ကြားသိနိုင်စေရန် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်ခင်ဗျာ။ True Choice Myanmar စစ်တမ်းမှာ သတ္တိရှိရှိ ပါဝင်ပေးခဲ့ကြတဲ့ မိဘပြည်သူ နိုင်ငံသားအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။ အခက်အခဲတွေနဲ့ ဖိနှိပ်မှုတွေရှိနေတဲ့ကြားကနေ ပြည်သူတွေဟာ ကိုယ့်အသံကို ထုတ်ဖော်ဖို့၊ ကိုယ့်ရဲ့တည်ရှိမှုကို ပြသဖို့နဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ပုံဖော်ဖို့အတွက် ရဲရဲဝံ့ဝံ့ ရွေးချယ်ခဲ့ကြပါတယ်။ ယနေ့မှာတော့ ပြည်သူတွေရဲ့ အသံတွေကို လွှတ်တော်ကိုယ်စားလှယ်တွေ၊ အစိုးရတာဝန်ရှိသူတွေနဲ့ အဓိကကျတဲ့ အဖွဲ့အစည်းတွေဆီကို တိုက်ရိုက် ပို့ဆောင်ပေးခဲ့ပြီး ဖြစ်ပါတယ်။ ငြိမ်းချမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် ပြည်သူတွေရဲ့ မျှော်လင့်ချက်နဲ့ လိုလားချက်တွေကို အားလုံးက ကြားသိခဲ့ရပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ ပြည်သူတွေနဲ့ပဲ ဆိုင်ပါတယ်။ ပြည်သူတွေမပါဘဲ ဘာကိုမှ ဆုံးဖြတ်လို့ မရပါဘူး။ ပြည်သူလူထု မရှိရင် မြန်မာနိုင်ငံရဲ့ အနာဂတ်ဆိုတာလည်း ရှိလာမှာ မဟုတ်ပါဘူး။ True Choice Myanmar ဟာ မြန်မာပြည်သူတွေအနေနဲ့ ဘယ်တော့မှ အရှုံးမပေးဘူး၊ နှုတ်ပိတ်ခံထားလို့မရဘူး ဆိုတာနဲ့ လွတ်လပ်မှု၊ တရားမျှတမှု၊ federal ဒီမိုကရေစီတို့အတွက် ဆက်လက် တိုက်ပွဲဝင်သွားမယ်ဆိုတာကို ပြသလိုက်တဲ့ သက်သေတစ်ခု ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ သတ္တိအတွက် ကျေးဇူးတင်ပါတယ်။ ပြည်သူတွေရဲ့ ယုံကြည်မှုအတွက် ကျေးဇူးတင်ပါတယ်။ ကိုယ့်အသံကို ထုတ်ဖော်ပြသခဲ့ကြတဲ့အတွက်လည်း အထူးပဲ ကျေးဇူးတင်ပါတယ်။ မိဘပြည်သူတို့ရဲ့ အသံဟာ အလွန်အရေးကြီးပါတယ်။ ပြည်သူ့အသံကို ပို့ဆောင်ပေးပြီးပါပြီ။ ဒီအသံတွေကပဲ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ပုံဖော်ပေးသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူလူထုအပေါင်းကို ဘုရားသခင် ကောင်းချီးပေးပါစေ။

ဇွန်လ ၁၉ ရက်နေ့တွင်ကျရောက်သော နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်​၏ (၈၁) နှစ်မြောက်မွေးနေ့ စစ်တပ်က စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်မှာ ငါးနှစ်ကျော်ကြာလာခဲ့ပြီဖြစ်သော်လည်း ယခုအချိန်အထိ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှား ကျန်းမာစွာ ရှိနေကြောင်းကို သူမရဲ့မိသားစုသော်လည်းကောင်း၊ မည်သည့် လွတ်လပ်သော အဖွဲ့အစည်းမှသော်လည်းကောင်း အထောက်အထား အတည်ပြုသိရှိရခြင်း မရှိပါ။ ဒေါ်အောင်ဆန်းစုကြည်​၏ ကျန်းမာရေးနဲ့ အန္တရာယ်တစုံတရာရှိပါက မတရားဖမ်းဆီးထားတဲ့ စစ်အုပ်စုမှာ တာဝန်အပြည့်ရှိပါတယ်။ နိုင်ငံတကာအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်းနှင့် ခြွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆိုရုံသာမဟုတ်ဘဲ စစ်အုပ်စုက လက်တွေ့လုပ်ဆောင်လာစေရန် ညီညွတ်ပြီး ထိရောက်သော ဖိအားပေးမှုများမှတစ်ဆင့်ဆောင်ရွက်ရန် အလေးအနက် တိုက်တွန်းပါသည်။ ရှေးဦးစွာ သူမ၏ မိသားစုအား ချက်ချင်းတွေ့ဆုံခွင့်ပြုရန်နှင့် လွတ်လပ်သော အကဲခတ်လေ့လာသူများအနေဖြင့် သူမ၏ ကျန်းမာရေးအခြေအနေကို ကြန့်ကြာမှုမရှိဘဲ အတည်ပြုနိုင်ခွင့် ရရှိစေရမည် ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် ပြည်သူ့ကိုယ်စားလှယ်များကို ချန်လှပ်ထားသော မည်သည့်နိုင်ငံရေးလုပ်ငန်းစဉ်မဆို တရားဝင်မှု မရှိကြောင်းနှင့် အာဆီယံအပါအဝင် နိုင်ငံတကာအစိုးရများအနေနှင့် အသိအမှတ်ပြု လက်သင့်ခံခြင်း လုံးဝမပြုလုပ်ရန် လိုအပ်ပါသည်။

photo content

Any attempt to transition via orchestrated sham elections cannot replace the authentic civilian leadership chosen by the citi
Any attempt to transition via orchestrated sham elections cannot replace the authentic civilian leadership chosen by the citizens. Until a government is established through a truly democratic process, the exclusion of the military junta from ASEAN Summits and high-level meetings must remain a firm and non-negotiable policy.

အာဏာကူးပြောင်းမှုနောက်ကွယ်မှ အရပ်သားများကို ပစ်မှတ်ထားနေသည့် လေကြောင်းတိုက်ခိုက်မှုများ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော စစ်ကောင်စီသည် ၎င်းတို့၏ အစီအစဉ်ဖြင့် ကျင်းပခဲ့သည့် အတုအယောင်ရွေးကောက်ပွဲအပြီးတွင် တရားမဝင်အစိုးရသစ်ဖွဲ့စည်းကာ မိမိကိုယ်ကို သမ္မတအဖြစ် ခန့်အပ်ခဲ့သည်။ သို့သော် ဤနိုင်ငံရေးအရ အသွင်ကူးပြောင်းမှုပြုလုပ်ခဲ့သော်လည်း မြေပြင်တွင် အရင်ကထက် အရပ်သားများအပေါ် ပစ်မှတ်ထားနေသည့် လေကြောင်းတိုက်ခိုက်မှုများမှာ ကုလသမဂ္ဂနှင့် နိုင်ငံတကာ စောင့်ကြည့်ရေးအဖွဲ့များ၏ ထုတ်ပြန်ချက်များအရ များစွာဆိုးရွားလာနေပါသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) နှင့် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်တို့၏ အစီရင်ခံစာများအရ မြန်မာနိုင်ငံတွင် လေကြောင်းတိုက်ခိုက်မှုနှုန်းသည် ၎င်းတရားမဝင်အစိုးရသစ် ဖွဲ့စည်းသည့် ကာလဝန်းကျင်မှစ၍ သိသိသာသာ မြင့်တက်လာကြောင်း ဖော်ပြနေသည်။ နိုင်ငံတကာ စောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်သည့် ACLED (Armed Conflict Location & Event Data Project) ၏ အချက်အလက်များအရ စစ်တပ်သည် လစဉ် ပျမ်းမျှ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ရာဂဏန်းအထိ ပြုလုပ်နေကြောင်း တွေ့ရှိရသည်။ ကုလသမဂ္ဂ၏ မှတ်တမ်းများအရ ဤတိုက်ခိုက်မှုများသည် စစ်ဘက်ဆိုင်ရာ ပစ်မှတ်များသာမက စာသင်ကျောင်း၊ ဘာသာရေး အဆောက်အအုံနှင့် ဆေးရုံများတည်ရှိရာ အရပ်သား လူနေရပ်ကွက်များကိုပါ ထိမှန်နေကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အစီရင်ခံစာများတွင် ထောက်ပြထားသည်။ အတုအယောင်ရွေးကောက်ပွဲအပြီး တရားမဝင်အစိုးရသစ် ဖွဲ့စည်းချိန်မှ ယနေ့အထိ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရသူများတွင် ကလေးငယ်များနှင့် အမျိုးသမီးများ အချိုးအစား မြင့်မားနေကြောင်း Assistance Association for Political Prisoners (AAPP) နှင့် အခြားသော ဒေသတွင်း အဖွဲ့အစည်းများက ဆိုသည်။ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) ၏ ထုတ်ပြန်ချက်အရ လေကြောင်းအန္တရာယ်ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသည့် စစ်ဘေးဒုက္ခသည် (IDPs) အရေအတွက်မှာ မြန်မာနိုင်ငံတစ်ဝန်းတွင် ၃ သန်းကျော်အထိ စံချိန်တင် မြင့်တက်လာခဲ့သည်။ နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်သူများက စစ်အာဏာသိမ်း တရားမဝင်အစိုးရ၏ လုပ်ရပ်များကို ဂျီနီဗာ ကွန်ဗင်းရှင်း (Geneva Conventions) ပါ ပြဋ္ဌာန်းချက်များနှင့် နှိုင်းယှဉ် ဝေဖန်လျက်ရှိသည်။ ခွဲခြားမှုမရှိသော တိုက်ခိုက်မှု (Indiscriminate Attacks) - လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အရပ်သားများကို ခွဲခြားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲခြင်းသည် စစ်ရာဇဝတ်မှု (War Crimes) မြောက်နိုင်ကြောင်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့များက သတိပေးထားသည်။ လူသားချင်းစာနာမှု အကူအညီများ ပိတ်ဆို့ခြင်း - လေကြောင်းတိုက်ခိုက်မှုများကြောင့် ပျက်စီးသွားသော လမ်းတံတားများနှင့် ဒေသန္တရ အခြေအနေများကြောင့် လူသားချင်းစာနာမှု အကူအညီများ လိုအပ်နေသူများထံ မရောက်ရှိနိုင်ခြင်းမှာ ကြီးမားသော စိုးရိမ်ဖွယ်ရာ အချက် ဖြစ်သည်။ စစ်အာဏာသိမ်း ခေါင်းဆောင်က မိမိကိုယ်ကို သမ္မတအဖြစ် တင်မြှောက်ကာ တရားမဝင်အစိုးရသစ် ဖွဲ့စည်းခဲ့သော်လည်း၊ လက်တွေ့တွင် လေကြောင်းတိုက်ခိုက်မှုများဖြင့် နိုင်ငံကို ထိန်းချုပ်နိုင်ရန် ကြိုးစားနေရခြင်းဖြစ်ကြောင်း ပြသနေသည်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ဤအချက်အလက်များကို အခြေခံ၍ မြန်မာနိုင်ငံအပေါ် လေယာဉ်ဆီ တင်ပို့မှု ပိတ်ဆို့ခြင်းနှင့် လက်နက်တင်ပို့မှု ထိန်းချုပ်ခြင်းများကို တင်းကျပ်ရန် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က တိုက်တွန်းလျက်ရှိသည်။ အချုပ်ဆိုရသော် စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံရေးအရ အသွင်ကူးပြောင်းမှု ပြုလုပ်ခဲ့သော်လည်း အရင်ကထက် အရပ်သားများအပေါ် ဦးတည်သည့် လေကြောင်းစစ်ဆင်ရေးများ ရပ်တန့်ခြင်းမရှိသေးသလို ကုလသမဂ္ဂနှင့် နိုင်ငံတကာက လက်ခံနိုင်စရာမရှိသည့် ပြည်သူလူထုအပေါ် အကြမ်းဖက်မှုများ ဆက်လက်ကျူးလွန်နေဆဲဖြစ်ကြောင်း အချက်အလက်များက ညွှန်ပြနေပါသည်။

photo content

ပြည်ပပြန်အလုပ်သမားများအပေါ် ကန့်သတ်ချုပ်ချယ်မှုများနှင့် အလုပ်သမားအခွင့်အရေးဆိုင်ရာ ဆန်းစစ်ချက် လက်ရှိကာလတွင် ပြည်ပသို့ထွက်ခွာအလုပ်လုပ်ကိုင်နေကြသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ၊ အထူးသဖြင့် ခွင့်ဖြင့်ပြန်လာပြီးနောက် လုပ်ငန်းခွင်သို့ပြန်လည်ဝင်ရောက်မည့် အလုပ်သမားများအပေါ် ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများသည် စိုးရိမ်ဖွယ်ရာ အခြေအနေများကို ဖြစ်ပေါ်စေလျက်ရှိပါသည်။ နိုင်ငံတကာအလုပ်သမားရေးရာအဖွဲ့ (ILO) ၏ ပြဋ္ဌာန်းချက်များ ILO အခြေခံမူ၊ UDHR Article 23 (အလုပ်ခွင်အခွင့်အရေး)၊ Article 13 (သွားလာပြောင်းရွှေ့ခွင့်)ဆိုင်ရာနှင့် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းအရ လူတိုင်းတွင် မိမိနိုင်ငံမှ ထွက်ခွာခွင့်နှင့် အခြားနိုင်ငံတစ်ခုတွင် အသက်မွေးဝမ်းကျောင်းပြုခွင့်ရှိပါသည်။ ခွင့်ပြန်အလုပ်သမားများအား လေဆိပ်နှင့် နယ်စပ်ဂိတ်များတွင် တားဆီးခြင်း၊ OWIC (Overseas Worker Identification Card) သက်တမ်းတိုးရန် ခက်ခဲစေခြင်းနှင့် အထောက်အထားများ သိမ်းဆည်းခြင်းတို့သည် လွတ်လပ်စွာ ရွှေ့ပြောင်းသွားလာခွင့် ကို တိုက်ရိုက်ထိပါးနေပါသည်။ ၎င်းလုပ်ရပ်များသည် အလုပ်သမားများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းကို ရပ်တန့်စေကာ မိသားစုများ၏ စားဝတ်နေရေးကို ထိခိုက်စေရုံသာမက၊ အလုပ်ရှင်နှင့် ချုပ်ဆိုထားသော စာချုပ်ပါအတိုင်း တာဝန်မကျေပွန်နိုင်ဖြစ်စေသဖြင့် အလုပ်အကိုင်ဆုံးရှုံးနိုင်ခြေ မြင့်မားစေပါသည်။ စစ်အာဏာသိမ်းအစိုးရမှ ချမှတ်ထားသော ပြည်ပရောက်လုပ်ခလစာ၏ ၂၅% ကို တရားဝင်လမ်းကြောင်းမှ လွှဲပြောင်းရမည်ဟူသော စည်းကမ်းနှင့် ၂% ဝင်ငွေခွန် ပေးဆောင်ရမည်ဟူသော သတ်မှတ်ချက်များသည် အလုပ်သမားများအပေါ် စီးပွားရေးအရ ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါသည်။ အလုပ်သမားတစ်ဦးသည် မိမိပင်ပန်းစွာ လုပ်ကိုင်ရရှိထားသော လုပ်ခလစာကို မိမိစိတ်ကြိုက် စီမံခန့်ခွဲခွင့်ရှိရပါမည်။ ILO Forced Labour Convention (No. 29) အရ အခွန်မဆောင်ပါက သို့မဟုတ် ငွေမလွှဲပါက ပြည်ပပြန်ထွက်ခွင့် ပိတ်ပင်ခြင်းသည် အတင်းအဓမ္မနည်းဖြင့် စည်းကြပ်ခြင်း အတင်းအဓမ္မ စေခိုင်းမှု (Forced Labor) ပုံစံဖြစ်နေပြီး၊ ၎င်းသည် အလုပ်သမားများအား ရွေးချယ်စရာမရှိသော အခြေအနေသို့ တွန်းပို့နေခြင်း ဖြစ်ပါသည်။ အလုပ်သမားအမျိုးအစားအလိုက် သို့မဟုတ် သွားရောက်မည့် နိုင်ငံအလိုက် စည်းမျဉ်းများကို မကြာခဏ ပြောင်းလဲနေခြင်းသည် အလုပ်သမားများအကြား ဝေခွဲမရဖြစ်မှုနှင့် မလုံခြုံမှုများကို ဖြစ်ပေါ်စေပါသည်။ "အလုပ်သမားအခွင့်အရေးဆိုသည်မှာ အကာအကွယ်ပေးရန်ဖြစ်ပြီး၊ အကျပ်ကိုင်ရန် မဟုတ်ပါ။" မူဝါဒအပြောင်းအလဲများကို ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ချက်ချင်းအကောင်အထည်ဖော်ခြင်းကြောင့် ခွင့်ပြန်လာသူများမှာ လေဆိပ်တွင် လမ်းခုလတ်တင် ကျန်ရစ်ခဲ့ရသည့် ဖြစ်စဉ်များစွာ ရှိနေပါသည်။ အဆိုပါ တင်းကျပ်မှုများကြောင့် နစ်နာရသော အလုပ်သမားများအတွက် တိုင်ကြားနိုင်မည့် သို့မဟုတ် ကုစားပေးမည့် ယန္တရား (Grievance Mechanism) ခိုင်ခိုင်မာမာ မရှိခြင်းမှာလည်း ကြီးမားသော အားနည်းချက် ဖြစ်ပါသည်။ အလုပ်သမားများနဲ့ ပက်သက်သည့် မူဝါဒများသည် အလုပ်သမားများ၏ အကျပ်ကိုင်မှုပုံစံဆောင်သော မူဝါဒများထက် အလုပ်သမားများအား၏ အခြေခံရပိုင်ခွင့်များကို အကာအကွယ်ပေးမည့် မူဝါဒများသာဖြစ်သင့်ပါသည်။ ပြည်ပရောက် မြန်မာအလုပ်သမားများသည် နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေ ရှာဖွေပေးနေသူများဖြစ်သကဲ့သို့၊ မိမိတို့၏ ဘဝတိုးတက်ရေးအတွက် ခက်ခဲစွာ ရုန်းကန်နေကြသူများ ဖြစ်ပါသည်။ ၎င်းတို့အပေါ် ချမှတ်ထားသော တင်းကျပ်သည့် စည်းမျဉ်းများသည် ရေရှည်တွင် - - တရားမဝင် လမ်းကြောင်းများ မှ ထွက်ခွာမှုကို မြင့်တက်စေခြင်း။ - လူကုန်ကူးမှု အန္တရာယ်ကို ပိုမိုဆိုးရွားစေခြင်း။ - နိုင်ငံတကာ အလုပ်သမားဈေးကွက်တွင် မြန်မာလုပ်သားများ၏ ယုံကြည်မှု ကျဆင်းစေခြင်းတို့သာ ဖြစ်ထွန်းစေမည် ဖြစ်ပါသည်။

photo content

ပြည်ပပြန်အလုပ်သမားများအပေါ် ကန့်သတ်ချုပ်ချယ်မှုများနှင့် အလုပ်သမားအခွင့်အရေးဆိုင်ရာ ဆန်းစစ်ချက် လက်ရှိကာလတွင် ပြည်ပသို့ထွက်ခွာအလုပ်လုပ်ကိုင်နေကြသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ၊ အထူးသဖြင့် ခွင့်ဖြင့်ပြန်လာပြီးနောက် လုပ်ငန်းခွင်သို့ပြန်လည်ဝင်ရောက်မည့် အလုပ်သမားများအပေါ် ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများသည် စိုးရိမ်ဖွယ်ရာ အခြေအနေများကို ဖြစ်ပေါ်စေလျက်ရှိပါသည်။ နိုင်ငံတကာအလုပ်သမားရေးရာအဖွဲ့ (ILO) ၏ ပြဋ္ဌာန်းချက်များ ILO အခြေခံမူ၊ UDHR Article 23 (အလုပ်ခွင်အခွင့်အရေး)၊ Article 13 (သွားလာပြောင်းရွှေ့ခွင့်)ဆိုင်ရာနှင့် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းအရ လူတိုင်းတွင် မိမိနိုင်ငံမှ ထွက်ခွာခွင့်နှင့် အခြားနိုင်ငံတစ်ခုတွင် အသက်မွေးဝမ်းကျောင်းပြုခွင့်ရှိပါသည်။ ခွင့်ပြန်အလုပ်သမားများအား လေဆိပ်နှင့် နယ်စပ်ဂိတ်များတွင် တားဆီးခြင်း၊ OWIC (Overseas Worker Identification Card) သက်တမ်းတိုးရန် ခက်ခဲစေခြင်းနှင့် အထောက်အထားများ သိမ်းဆည်းခြင်းတို့သည် လွတ်လပ်စွာ ရွှေ့ပြောင်းသွားလာခွင့် ကို တိုက်ရိုက်ထိပါးနေပါသည်။ ၎င်းလုပ်ရပ်များသည် အလုပ်သမားများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းကို ရပ်တန့်စေကာ မိသားစုများ၏ စားဝတ်နေရေးကို ထိခိုက်စေရုံသာမက၊ အလုပ်ရှင်နှင့် ချုပ်ဆိုထားသော စာချုပ်ပါအတိုင်း တာဝန်မကျေပွန်နိုင်ဖြစ်စေသဖြင့် အလုပ်အကိုင်ဆုံးရှုံးနိုင်ခြေ မြင့်မားစေပါသည်။ စစ်အာဏာသိမ်းအစိုးရမှ ချမှတ်ထားသော ပြည်ပရောက်လုပ်ခလစာ၏ ၂၅% ကို တရားဝင်လမ်းကြောင်းမှ လွှဲပြောင်းရမည်ဟူသော စည်းကမ်းနှင့် ၂% ဝင်ငွေခွန် ပေးဆောင်ရမည်ဟူသော သတ်မှတ်ချက်များသည် အလုပ်သမားများအပေါ် စီးပွားရေးအရ ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါသည်။ အလုပ်သမားတစ်ဦးသည် မိမိပင်ပန်းစွာ လုပ်ကိုင်ရရှိထားသော လုပ်ခလစာကို မိမိစိတ်ကြိုက် စီမံခန့်ခွဲခွင့်ရှိရပါမည်။ ILO Forced Labour Convention (No. 29) အရ အခွန်မဆောင်ပါက သို့မဟုတ် ငွေမလွှဲပါက ပြည်ပပြန်ထွက်ခွင့် ပိတ်ပင်ခြင်းသည် အတင်းအဓမ္မနည်းဖြင့် စည်းကြပ်ခြင်း အတင်းအဓမ္မ စေခိုင်းမှု (Forced Labor) ပုံစံဖြစ်နေပြီး၊ ၎င်းသည် အလုပ်သမားများအား ရွေးချယ်စရာမရှိသော အခြေအနေသို့ တွန်းပို့နေခြင်း ဖြစ်ပါသည်။ အလုပ်သမားအမျိုးအစားအလိုက် သို့မဟုတ် သွားရောက်မည့် နိုင်ငံအလိုက် စည်းမျဉ်းများကို မကြာခဏ ပြောင်းလဲနေခြင်းသည် အလုပ်သမားများအကြား ဝေခွဲမရဖြစ်မှုနှင့် မလုံခြုံမှုများကို ဖြစ်ပေါ်စေပါသည်။ "အလုပ်သမားအခွင့်အရေးဆိုသည်မှာ အကာအကွယ်ပေးရန်ဖြစ်ပြီး၊ အကျပ်ကိုင်ရန် မဟုတ်ပါ။" မူဝါဒအပြောင်းအလဲများကို ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ချက်ချင်းအကောင်အထည်ဖော်ခြင်းကြောင့် ခွင့်ပြန်လာသူများမှာ လေဆိပ်တွင် လမ်းခုလတ်တင် ကျန်ရစ်ခဲ့ရသည့် ဖြစ်စဉ်များစွာ ရှိနေပါသည်။ အဆိုပါ တင်းကျပ်မှုများကြောင့် နစ်နာရသော အလုပ်သမားများအတွက် တိုင်ကြားနိုင်မည့် သို့မဟုတ် ကုစားပေးမည့် ယန္တရား (Grievance Mechanism) ခိုင်ခိုင်မာမာ မရှိခြင်းမှာလည်း ကြီးမားသော အားနည်းချက် ဖြစ်ပါသည်။ အလုပ်သမားများနဲ့ ပက်သက်သည့် မူဝါဒများသည် အလုပ်သမားများ၏ အကျပ်ကိုင်မှုပုံစံဆောင်သော မူဝါဒများထက် အလုပ်သမားများအား၏ အခြေခံရပိုင်ခွင့်များကို အကာအကွယ်ပေးမည့် မူဝါဒများသာဖြစ်သင့်ပါသည်။ ပြည်ပရောက် မြန်မာအလုပ်သမားများသည် နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေ ရှာဖွေပေးနေသူများဖြစ်သကဲ့သို့၊ မိမိတို့၏ ဘဝတိုးတက်ရေးအတွက် ခက်ခဲစွာ ရုန်းကန်နေကြသူများ ဖြစ်ပါသည်။ ၎င်းတို့အပေါ် ချမှတ်ထားသော တင်းကျပ်သည့် စည်းမျဉ်းများသည် ရေရှည်တွင် - - တရားမဝင် လမ်းကြောင်းများ မှ ထွက်ခွာမှုကို မြင့်တက်စေခြင်း။ - လူကုန်ကူးမှု အန္တရာယ်ကို ပိုမိုဆိုးရွားစေခြင်း။ - နိုင်ငံတကာ အလုပ်သမားဈေးကွက်တွင် မြန်မာလုပ်သားများ၏ ယုံကြည်မှု ကျဆင်းစေခြင်းတို့သာ ဖြစ်ထွန်းစေမည် ဖြစ်ပါသည်။ #TruceChoiceMyanmar #LaborRights #MyanmarMigrants #WorkerRights

photo content

ပြည်ပပြန်အလုပ်သမားများအပေါ် ကန့်သတ်ချုပ်ချယ်မှုများနှင့် အလုပ်သမားအခွင့်အရေးဆိုင်ရာ ဆန်းစစ်ချက် လက်ရှိကာလတွင် ပြည်ပသို့ထွက်ခွာအလုပ်လုပ်ကိုင်နေကြသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ၊ အထူးသဖြင့် ခွင့်ဖြင့်ပြန်လာပြီးနောက် လုပ်ငန်းခွင်သို့ပြန်လည်ဝင်ရောက်မည့် အလုပ်သမားများအပေါ် ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများသည် စိုးရိမ်ဖွယ်ရာ အခြေအနေများကို ဖြစ်ပေါ်စေလျက်ရှိပါသည်။ နိုင်ငံတကာအလုပ်သမားရေးရာအဖွဲ့ (ILO) ၏ ပြဋ္ဌာန်းချက်များ ILO အခြေခံမူ၊ UDHR Article 23 (အလုပ်ခွင်အခွင့်အရေး)၊ Article 13 (သွားလာပြောင်းရွှေ့ခွင့်)ဆိုင်ရာနှင့် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းအရ လူတိုင်းတွင် မိမိနိုင်ငံမှ ထွက်ခွာခွင့်နှင့် အခြားနိုင်ငံတစ်ခုတွင် အသက်မွေးဝမ်းကျောင်းပြုခွင့်ရှိပါသည်။ ခွင့်ပြန်အလုပ်သမားများအား လေဆိပ်နှင့် နယ်စပ်ဂိတ်များတွင် တားဆီးခြင်း၊ OWIC (Overseas Worker Identification Card) သက်တမ်းတိုးရန် ခက်ခဲစေခြင်းနှင့် အထောက်အထားများ သိမ်းဆည်းခြင်းတို့သည် လွတ်လပ်စွာ ရွှေ့ပြောင်းသွားလာခွင့် ကို တိုက်ရိုက်ထိပါးနေပါသည်။ ၎င်းလုပ်ရပ်များသည် အလုပ်သမားများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းကို ရပ်တန့်စေကာ မိသားစုများ၏ စားဝတ်နေရေးကို ထိခိုက်စေရုံသာမက၊ အလုပ်ရှင်နှင့် ချုပ်ဆိုထားသော စာချုပ်ပါအတိုင်း တာဝန်မကျေပွန်နိုင်ဖြစ်စေသဖြင့် အလုပ်အကိုင်ဆုံးရှုံးနိုင်ခြေ မြင့်မားစေပါသည်။ စစ်အာဏာသိမ်းအစိုးရမှ ချမှတ်ထားသော ပြည်ပရောက်လုပ်ခလစာ၏ ၂၅% ကို တရားဝင်လမ်းကြောင်းမှ လွှဲပြောင်းရမည်ဟူသော စည်းကမ်းနှင့် ၂% ဝင်ငွေခွန် ပေးဆောင်ရမည်ဟူသော သတ်မှတ်ချက်များသည် အလုပ်သမားများအပေါ် စီးပွားရေးအရ ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါသည်။ အလုပ်သမားတစ်ဦးသည် မိမိပင်ပန်းစွာ လုပ်ကိုင်ရရှိထားသော လုပ်ခလစာကို မိမိစိတ်ကြိုက် စီမံခန့်ခွဲခွင့်ရှိရပါမည်။ ILO Forced Labour Convention (No. 29) အရ အခွန်မဆောင်ပါက သို့မဟုတ် ငွေမလွှဲပါက ပြည်ပပြန်ထွက်ခွင့် ပိတ်ပင်ခြင်းသည် အတင်းအဓမ္မနည်းဖြင့် စည်းကြပ်ခြင်း အတင်းအဓမ္မ စေခိုင်းမှု (Forced Labor) ပုံစံဖြစ်နေပြီး၊ ၎င်းသည် အလုပ်သမားများအား ရွေးချယ်စရာမရှိသော အခြေအနေသို့ တွန်းပို့နေခြင်း ဖြစ်ပါသည်။ အလုပ်သမားအမျိုးအစားအလိုက် သို့မဟုတ် သွားရောက်မည့် နိုင်ငံအလိုက် စည်းမျဉ်းများကို မကြာခဏ ပြောင်းလဲနေခြင်းသည် အလုပ်သမားများအကြား ဝေခွဲမရဖြစ်မှုနှင့် မလုံခြုံမှုများကို ဖြစ်ပေါ်စေပါသည်။ "အလုပ်သမားအခွင့်အရေးဆိုသည်မှာ အကာအကွယ်ပေးရန်ဖြစ်ပြီး၊ အကျပ်ကိုင်ရန် မဟုတ်ပါ။" မူဝါဒအပြောင်းအလဲများကို ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ချက်ချင်းအကောင်အထည်ဖော်ခြင်းကြောင့် ခွင့်ပြန်လာသူများမှာ လေဆိပ်တွင် လမ်းခုလတ်တင် ကျန်ရစ်ခဲ့ရသည့် ဖြစ်စဉ်များစွာ ရှိနေပါသည်။ အဆိုပါ တင်းကျပ်မှုများကြောင့် နစ်နာရသော အလုပ်သမားများအတွက် တိုင်ကြားနိုင်မည့် သို့မဟုတ် ကုစားပေးမည့် ယန္တရား (Grievance Mechanism) ခိုင်ခိုင်မာမာ မရှိခြင်းမှာလည်း ကြီးမားသော အားနည်းချက် ဖြစ်ပါသည်။ အလုပ်သမားများနဲ့ ပက်သက်သည့် မူဝါဒများသည် အလုပ်သမားများ၏ အကျပ်ကိုင်မှုပုံစံဆောင်သော မူဝါဒများထက် အလုပ်သမားများအား၏ အခြေခံရပိုင်ခွင့်များကို အကာအကွယ်ပေးမည့် မူဝါဒများသာဖြစ်သင့်ပါသည်။ ပြည်ပရောက် မြန်မာအလုပ်သမားများသည် နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေ ရှာဖွေပေးနေသူများဖြစ်သကဲ့သို့၊ မိမိတို့၏ ဘဝတိုးတက်ရေးအတွက် ခက်ခဲစွာ ရုန်းကန်နေကြသူများ ဖြစ်ပါသည်။ ၎င်းတို့အပေါ် ချမှတ်ထားသော တင်းကျပ်သည့် စည်းမျဉ်းများသည် ရေရှည်တွင် - - တရားမဝင် လမ်းကြောင်းများ မှ ထွက်ခွာမှုကို မြင့်တက်စေခြင်း။ - လူကုန်ကူးမှု အန္တရာယ်ကို ပိုမိုဆိုးရွားစေခြင်း။ - နိုင်ငံတကာ အလုပ်သမားဈေးကွက်တွင် မြန်မာလုပ်သားများ၏ ယုံကြည်မှု ကျဆင်းစေခြင်းတို့သာ ဖြစ်ထွန်းစေမည် ဖြစ်ပါသည်။ #TruceChoiceMyanmar #LaborRights #MyanmarMigrants #WorkerRights

နိုင်ငံတကာပိတ်ဆို့ဒဏ်ခတ်မှု၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုနှင့် ရန်ကုန်တိုင်းအတွင်း ပြည်သူများကိုဖိနှိပ်ခဲ့မှု နောက်ခံရှိသူ စစ်အာဏာသိမ်း အစိုးရ၏ ပြည်ထဲရေးဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ (ကြည်း-၂၅၉၈၂) သည် စစ်တက္ကသိုလ်အပတ်စဉ် (၃၆) ဆင်းဖြစ်ပြီး ပြည်ထဲရေးဝန်ကြီး မဖြစ်လာမီက ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အမှတ် (၄) စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ-၄) ရာထူးများကို အဆင့်ဆင့် တာဝန်ယူခဲ့သူဖြစ်သည်။ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းသည့် အချိန်တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ယူခဲ့သည့် ကာလများအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အကြမ်းဖက်မှုများတွင် အဓိက တာဝန်ရှိသူအဖြစ် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းများက မှတ်တမ်းတင်ခံထားရသူဖြစ်သည်။ ရန်ကုန်မြို့ပေါ်ရှိ ဆန္ဒပြပွဲများကို ဖြိုခွင်းရာတွင်လည်း အဓိက ကွပ်ကဲခဲ့သူဖြစ်သည်။ အထူးသဖြင့် ၂၀၂၁ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် ဖြစ်ပွားခဲ့သော လှိုင်သာယာ သွေးထွက်သံယိုဖြိုခွင်းမှုတွင် လက်နက်ကိုင်တပ်ဖွဲ့များကို တိုက်ရိုက်အမိန့်ပေး ကွပ်ကဲခဲ့သူဖြစ်သည်။ ၂၀၂၁ ခုနှစ် မတ်လတွင် ရန်ကုန်တိုင်းအတွင်း စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာပြီးနောက် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာများကို တိုင်းမှူးဖြစ်သူ ညွန့်ဝင်းဆွေက ရယူခဲ့သည်။ ထိုအချိန်မှစ၍ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် ပြည်သူများကို ဖမ်းဆီးပြီး စစ်ခုံရုံးများဖြင့် စစ်ဆေးပြီး ကြီးလေးသော ထောင်ဒဏ်များချမှတ်ခဲ့သူဖြစ်သည်။ သူ၏ ကွပ်ကဲမှုအောက်ရှိ ရန်ကုန်တိုင်း စစ်ခုံရုံးများမှ ၂၀၂၂ ခုနှစ် ဇူလိုင်လအထိ လူပေါင်း (၁၁၉) ဦးကို နိုင်ငံရေးအကြောင်းပြချက်များဖြင့် သေဒဏ်ချမှတ်ခဲ့သည်။ ထို့အပြင် ထင်ရှားသော ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ (၄) ဦး (ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်) တို့ကို ကွပ်မျက်ခဲ့မှုတွင်လည်း သက်ဆိုင်ရာ တိုင်းမှူးတစ်ဦးအနေဖြင့် တိုက်ရိုက်တာဝန်ရှိသူအဖြစ် မှတ်တမ်းတင်ခံထားရသည်။ ထိုသို့လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ညွန့်ဝင်းဆွေအား နိုင်ငံတကာ အသိုင်းအဝိုင်းမှ ပစ်မှတ်ထား ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။ ဥရောပသမဂ္ဂ (EU)မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်လည်းကောင်း ကနေဒါ (Canada) မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင်လည်း ဆွစ်ဇာလန် (Switzerland)နိုင်ငံမှ ဥရောပသမဂ္ဂ၏ မူဝါဒများအတိုင်း ပိတ်ဆို့အရေးယူမှု အမည်ပျက်စာရင်းတွင် ထည့်သွင်းခဲ့ပါသည်။ ယခုကဲ့သို့ နိုင်ငံတကာမှ လူ့အခွင့်အရေးချိုးဖောက်သူအဖြစ် သတ်မှတ်ပြီး ဒဏ်ခတ်ပိတ်ဆို့ထားသူ နိုင်ငံတကာ ရာဇဝတ်မှုခင်း မှတ်တမ်းများတွင် အမည်ပျက်ဖြင့် ပါဝင်နေသူတဦးကို ပြည်ထဲရေးဝန်ကြီးဌာနကဲ့သို့သော ပြည်တွင်းလုံခြုံရေးနှင့် အုပ်ချုပ်ရေးကို တိုက်ရိုက်ကိုင်တွယ်ရသည့် နေရာတွင် ခန့်အပ်ခြင်းမှာ ယခင်မှတ်တမ်းများအရ နောင်တွင်လည်း တင်းကျပ်သော အုပ်ချုပ်ရေးနှင့် လုံခြုံရေးဆိုင်ရာ မူဝါဒများကို ဆက်လက်ကျင့်သုံးနိုင်ခြေရှိပြီး ပြည်သူများ၏ ကိုယ်ရေးကိုယ်တာနှင့် ပုဂ္ဂလိက လုံခြုံရေး မိမိတို့နေထိုင်ရာ ဒေသတို့များ၏ တရားဥပဒေစိုးမိုးရေးတို့မှာ စိုးရိမ်ဖွယ်ရာ အနေအထားတွင် ဆက်လက်ရှိနေဦးမည် ဖြစ်သည်။