သတင်းလမ်းညွှန်
Open in Telegram
သတင်းမှန်၊ တိကျမှု၊ လူထုဆန္ဒကို အခြေခံသည် https://www.facebook.com/profile.php?id=61577979429593
Show more1 447
Subscribers
-124 hours
-67 days
+830 days
Posts Archive
1 447
+1
အစိုးရထုတ်နေ့စဉ်သတင်းစာများတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်သည့် ဆောင်းပါးဖော်ပြလာ
■ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ထိုင်ခုံလုပွဲ ပြင်းထန်လာနေပြီး စစ်ကောင်စီလော်ဘီတွေက လူမှုကွန်ရက်အမျိုးမျိုးမှာ ဦးကျော်မိုးထွန်းကို ဖယ်ရှားပေးရန် ဘာသာစကားပေါင်းစုံနဲ့ ရေးသားဝါဒဖြန့်နေတာကို တွေ့ရတယ်။
■ ဦးကျော်မိုးထွန်းကို ထောက်ခံသူများကလည်း လူထုထောက်ခံပွဲတွေပြုလုပ်ပြီး ဖယ်ရှားမှု မခံရစေရေး တောင်းဆိုနေလို့ လတ်တလောမှာ ကုလသမဂ္ဂထိုင်ခုံလုပွဲသတင်းများ အပြန်အလှန် အုံလိုက်ကျင်းလိုက် ရေးသားနေကြတာ တွေ့ရပါတယ်။
■ စက်တင်ဘာ ၁၇ ရက်နေ့မှာတော့ အစိုးရနေ့စဉ်ထုတ်သတင်းစာများမှာ “ဝရမ်းပြေး ကျော်မိုးထွန်း ရဲ့ သရုပ်အမှန်” ခေါင်းစဉ်နဲ့ ဆောင်းပါးဖော်ပြလာပြီး ဦးကျော်မိုးထွန်းရဲ့ မိဘများ၊ သူ့လက်ထောက်များကို ခိုးဝင်နေထိုင်သူများ၊ Bank Of America ရဲ့ Joint Account ကို ရည်ရွယ်ချက်ရှိရှိ တစ်ဦးတည်းထုတ်လို့ရအောင်လုပ်ပြီး ငွေကြေးအလွဲသုံးစားမှုများနဲ့ NUG ကို အကြမ်းဖက်အဖွဲ့အဖြစ် နိုင်ငံတကာက စောင့်ကြည့်နေကြောင်း ပြင်းပြင်းထန်ထန် တိုက်ခိုက်ရေးသားထားပါတယ်။
■ လေ့လာသူများရဲ့အဆိုအရတော့ မြန်မာအစိုးရအနေဖြင့် ရွေးကောက်ခံအစိုးရဖြစ်လို့ ကုလသမဂ္ဂထိုင်ခုံကို ပြည်လည်ရရှိဖို့ ယခုနှစ်မှာ ဘက်ပေါင်းစုံက ကြိုးစားနေကာ မီဒီယာနည်းလမ်းအသုံးပြုပြီး Credentials Committee အဖွဲ့ဝင်နိုင်ငံတွေကို လှုံ့ဆော်ပေးနေကြောင်း သိရပါတယ်။
သတင်းလမ်းညွှန်
1 447
ဗုံးကြဲခံရ၍ AA ထောက်ပို့အဖွဲ့များ ထိခိုက်သေဆုံး
စက်တင်ဘာ ၁၃ ရက် ညနေပိုင်းက မင်းတုန်းမြို့နယ်၊ ဇွန်းကျကျေးရွာအတွင်း ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၅ ဦး သေဆုံးပြီး အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါတယ်။
ဆက်သွယ်စုံစမ်းမှုတွေအရ သေဆုံး၊ ဒဏ်ရာရသူအများစုဟာ မင်းတုန်းမြို့နယ်၊ မှန်ကျေးရွာမှဖြစ်ပြီး AA အဖွဲ့အတွက် တောင်ပေါ်သို့ ဆန် ၁၄၅ အိတ်နှင့် ထောက်ပို့ပစ္စည်းများ သယ်ဆောင်ပေးရန် ခေါ်ဆောင်လာသူများ ဖြစ်ကြောင်း သိရပါတယ်။
ထို့အပြင် အဆိုပါထောက်ပို့လုပ်ငန်းအတွက် လူအင်အားမလုံလောက်သဖြင့် မှန်ကျေးရွာမှ လူအချို့ကို ၎င်းတို့၏ ဆန္ဒမပါဘဲ အတင်းအကြပ် ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်းလည်း ဒေသခံများ၏ ပြောကြားချက်အရ သိရှိရပါတယ်။
သတင်းလမ်းညွှန်
1 447
တီးတိန်မြို့နယ်တွင် သင်းအုပ်ဆရာတစ်ဦး ပစ်သတ်ခံရမှု ဖြစ်ပွား
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ လမ်းဇန်ကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာ ဒါလ်ထွန်းတွောင်သည် စက်တင်ဘာ ၁၄ ရက် နေ့လယ်ပိုင်းက တီးတော့်ကျေးရွာမှ လမ်းဇန်ကျေးရွာသို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် ကပ်တဲလ်ကျေးရွာ ချောင်းကူးတံတားအနီး၌ ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။
ဖြစ်စဉ်မှာ PDF-Zoland အဖွဲ့က ဆိုင်ကယ်အား ရပ်တန့်ခိုင်းသည်ကို မကြားဘဲ ဆက်လက်မောင်းနှင်ခဲ့သဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဆိုင်ကယ်နောက်မှ စီးနင်းလိုက်ပါလာသည့် သင်းအုပ်ဆရာ ဒါလ်ထွန်းတွောင်မှာ ကျည်ထိမှန် သေဆုံးခဲ့ကာ ၎င်း၏အစ်ကိုဖြစ်သူမှာ ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်း သိရသည်။
PDF-Zoland အဖွဲ့သည် သင်းအုပ်ဆရာ၏ ရုပ်အလောင်းအား မိသားစုထံ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းလမ်းညွှန်
1 447
+2
(လိုင်းပေါ်မှာ ဒီသတင်းလေး Hot ဖြစ်နေလို့ မူရင်းအတိုင်း ဖော်ပြလိုက်ပါတယ်)
ပြင်ဦးလွင် မဟာမုနိဘုရား ကမ္ပည်းမှတ်တမ်းထဲက ဒုတပ်ကြပ်လေး က ဘယ်သူလဲတဲ့
ပြင်ဦးလွင် မဟာမုနိမျက်ရှင်တော်ဘုရားကြီးရဲ့ ကမ္ပည်းမှတ်တမ်းထဲမှာ ဖော်ပြထားတဲ့ ဒုတပ်ကြပ် “ထက်ရဲနောင်” ဆိုတာ ဘယ်သူလဲဆိုပြီး မေးမြန်းနေကြတာတွေ တွေ့ရပါတယ်။
ဒုတပ်ကြပ် ထက်ရဲနောင် ဆိုသူလေးကတော့ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် (၁၃) က သင်တန်းဆင်းခဲ့သူဖြစ်ပြီး၊ လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ သားဖြစ်ပါတယ်။
“အဖေက စစ်သား၊ သားကလည်း စစ်သား” ဆိုတာ ဒါမျိုးကို ဆိုတာပေါ့။
မူရင်းပို့စ်များ
https://www.facebook.com/share/p/1BDBcwuoC3/
https://www.facebook.com/share/p/1Hjt2cheao/
သတင်းလမ်းညွှန်
1 447
+1
ပေါက်မြို့နယ်၊ နသတ်ရွာသားများ NUG အစိုးရထံ အသနားခံ
▪️ပေါက်မြို့နယ်၊ နသတ်ရွာသားများဟာ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရချိန်မှာ လူမရှိတဲ့နေအိမ်တွေကို တချို့ PDF အဖွဲ့ဝင်များက ဝင်ရောက်ပြီး အိမ်သုံးပစ္စည်းနဲ့ တန်ဖိုးရှိပစ္စည်းများ ယူဆောင်နေကြတယ်လို့ သိရပါတယ်။
▪️အဆိုပါပစ္စည်းတွေဟာ ရွာသားများ တစ်သက်တာ အလုပ်လုပ်စုဆောင်းထားတဲ့ ပိုင်ဆိုင်မှုတွေဖြစ်ပြီး နေရပ်ပြန်လာချိန်မှာ မရှိတော့ပါက ဘဝကို ပြန်လည်တည်ဆောက်ဖို့ အခက်အခဲဖြစ်နိုင်တာကြောင့် စိုးရိမ်နေကြပါတယ်။
▪️ဒါကြောင့် နသတ်ရွာသားများက ဘယ်ဘက်ကိုမှ အပြစ်တင်လိုခြင်းမရှိဘဲ စစ်ဘေးရှောင်နေရတဲ့ အခြေအနေကို စာနာနားလည်ပေးပြီး ၎င်းတို့ရဲ့ နေအိမ်နဲ့ ပိုင်ဆိုင်မှုများကို ကာကွယ်ပေးနိုင်ရေး NUG အစိုးရထံ ရိုရိုသေသေ အသနားခံတင်ပြထားကြောင်း သိရပါတယ်။
Beacon Press
သတင်းလမ်းညွှန်
1 447
+3
စစ်ကောင်စီလော်ဘီများနဲ့ တော်လှန်ရေးဘက်တော်သားတို့ရဲ့ ဦးကျော်မိုးထွန်း နေရာလုပွဲ
▪️ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးနေရာအတွက် လာမယ့်စက်တင်ဘာလအတွင်းမှာ Credential Committee က ရွေးချယ်ခန့်အပ်ပွဲ လုပ်တော့မှာဖြစ်ပါတယ်။
▪️အဲဒီနေရာအတွက် ၂၀၂၁ ခုနှစ်ကစပြီး ဆိုင်းငံ့ထားပေမယ့် Credential Committee ရဲ့ Rule-29 အရ ဦးကျော်မိုးထွန်း ကို တရားဝင်အသိအမှတ်မပြုပေမယ့် ဖယ်ရှားခြင်းမပြုသေးလို့ ဦးကျော်မိုးထွန်း ဟာ NUG ကိုယ်စားပြု လှုပ်ရှားနိုင်နေပါတယ်။
▪️ဒီနှစ်မှာတော့ မြန်မာအစိုးရဘက်ကလည်း ရွေးကောက်ခံအစိုးရအဖြစ် သူ့လူကို ခန့်ထားဖို့ နည်းလမ်းမျိုးစုံ လုပ်ဆောင်တော့မှာဖြစ်လို့ ဦးကျော်မိုးထွန်း ထိုင်ခုံ ပြင်းပြင်းထန်ထန် လှုပ်နေပြီဖြစ်ပါတယ်။
▪️ဒါကြောင့် ပြည်ပရောက် NUG ထောက်ခံသူများအနေနဲ့ ရောက်ရှိရာနိုင်ငံတိုင်းမှာ ဦးကျော်မိုးထွန်း ထောက်ခံပွဲများကို စက်တင်ဘာလအတွင်း အရှိန်မြှင့်လုပ်ဆောင်ကြဖို့ တိုက်တွန်းနှိုးဆော်လျက်ရှိပါတယ်။
▪️အလားတူ စစ်ကောင်စီလော်ဘီများကလည်း လူမှုကွန်ရက်အသီးသီးမှာ ဦးကျော်မိုးထွန်း ကို ကုလသံအမတ် မခန့်အပ်သင့်ကြောင်း ပုဂ္ဂိုလ်ရေးတိုက်ခိုက်တဲ့သတင်းများကို ထပ်ခါတလဲလဲ အရှိန်မြှင့် တိုက်ခိုက်နေတာ မြင်တွေ့နေရပါတယ်။ အထူးသဖြင့် အစိုးရထုတ်သတင်းစာများမှာ ဆောင်းပါးပုံစံနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ထံ အိတ်ဖွင့်ပေးစာပေးပို့ပြီး Twitter (X) စာမျက်နှာများမှာ အင်္ဂလိပ်ဘာသာနဲ့ သတင်းစကားများ ဖြန့်ဝေလျက်ရှိနေပါတယ်။
▪️ဘယ်ဘက်က အသာစီးရသွားမလဲဆိုတာကိုတော့ Credential Committee ရဲ့ ဆုံးဖြတ်ချက်နဲ့ နိုဝင်ဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
သတင်းလမ်းညွှန်
1 447
(ဒီလိုသတင်းတွေတော့ တက်လာတယ်)
Breaking News
▪️စက်တင်ဘာ ၂ ရက်နေ့၊ ကချင်ပြည်နယ်၊ ရွှေကူမြို့မှတစ်ဆင့် ဗန်းမော်မြို့သို့ ရေလမ်းကြောင်းမှ ထွက်ခွာလာသည့် ကုန်တင်သင်္ဘောယာဉ်တန်းအား စင်းခန်းတံတားအနီးတွင် အကြမ်းဖက် KIA အဖွဲ့က ရှော့တိုက်ဒုံးများ၊ Drop ဗုံးများ အသုံးပြု၍ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကုန်တင်ရေယာဉ်တစ်စီး နစ်မြုပ်ခဲ့ပြီး စစ်သည်အချို့ အဆက်အသွယ်ပြတ်တောက်လျက်ရှိကြောင်း သိရသည်။
▪️သို့ဖြစ်ပါ၍ အဆက်အသွယ်ပြတ်တောက်နေသော စစ်သည်များအား အမြန်ဆုံးပြန်လည် ရှာဖွေကယ်ဆယ်နိုင်ရေးအတွက် တပ်မတော်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန်နှင့်တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ပတ်ဝန်းကျင်တစ်ဝိုက်တွင်လည်း လုံခြုံရေးအရ နယ်မြေ စိုးမိုးရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း နီးစပ်ရာအသိုင်းအဝိုင်းများမှ သိရှိရပါသည်။
Crd. Beacon Press
1 447
+2
ဇွန်လ ၄ ရက်နေ့က အမေရိကန်အခြေစိုက် BRI အဖွဲ့က ကယားဒေသမှာ စစ်တပ်ဗုံးကြဲမှုကြောင့် သင်းအုပ်ဆရာတစ်ဦး သေဆုံးခဲ့တယ်ဆိုပြီး သမ္မတ Trump ထံ စာပို့ခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့် စိစစ်ချက်တွေအရ သေဆုံးသူဟာ သင်းအုပ်ဆရာမဟုတ်ဘဲ KNDF အဖွဲ့ဝင်တစ်ဦး ဖြစ်နေတယ်လို့ ဆိုပါတယ်။
အချို့သူတွေကတော့ လက်နက်ကိုင်ယူနီဖောင်းဝတ်ထားသူကို သင်းအုပ်ဆရာအဖြစ် ဖော်ပြတာဟာ အမှန်တရားကို လွဲမှားစေတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ထောက်ပြနေကြပါတယ်။ ဒါ့အပြင် သေဆုံးသူဟာ ဒေသအတွင်း အကြမ်းဖက်လုပ်ရပ်တွေလုပ်နေတဲ့ အကြမ်းဖက်သူပုန်သာဖြစ်ကြောင်း သက်သေအထောက်အထားတွေနဲ့ ဖော်ပြထားတာကို တွေ့ရှိရပါတယ်။
သတင်းလမ်းညွှန်
1 447
+1
စစ်မှုထမ်းနဲ့ပတ်သက်ပြီး မိခင်တစ်ယောက်ရဲ့ခံစားချက်နဲ့ စစ်မှုထမ်းဆောင်တာကို ဂုဏ်ယူကြောင်း ခံစားရေးသားထားတဲ့ စစ်ကောင်စီခေါင်းဆောင်ပိုင်းက အသိုင်းအဝိုင်းတွေကြားမှာ Hot ဖြစ်နေတဲ့ Status လေးတစ်ခုမျှဝေပေးချင်တယ်
=========
သတင်းထဲမှာ ပုံမပါလို့ မယုံပါ တဲ့။
အနေအေးပြီး စကားနည်းတဲ့ အဲ့သည်ကျေးဇူးရှင်လေးဟာ သူ 3rd year မှာ ဂုဏ်ထူး (၄)ဘာသာရတယ်ဆိုတာရယ်၊ Final year ကျောင်းပြီးတာ Graduate with first class ဆိုတာရယ်ကို မိဘကို မပြောခဲ့ပါဘူး။ (၂)ခုစလုံးကို ကျောင်းကဖုန်းဆက်မှ သည်မေမေက သိရတာ။
ဇန်နဝါရီလမှာ ကျောင်းပြီးတယ်၊ ဖေဖေါ်ဝါရီလ တစ်လနားစေပြီး မတ်လမှာ ပြည်သူ့စစ်မှုထမ်းသင်တန်း တက်ခိုင်း ခဲ့တယ်။ “သား ..စစ်မှုထမ်းရမယ်”လို့ အကျိုးအကြောင်းလျော်ညီစွာ ရှင်းပြလာတဲ့ အဖေ့စကားကို သားဟာ အနည်းငယ်သော်မှ စောဒကမတက်ခဲ့ပါဘူး။
သင်္ကြန်ရက်တွေရယ်နဲ့ သူ့မွေးနေ့ရက်ရယ်ကို သင်တန်းမှာပဲကျော်ဖြတ်ခဲ့တယ်။ ပျော့သွားမှာစိုးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သည်မေမေဟာ သားရဲ့မွေးနေ့ရက်မှာ တစ်ခါပဲဖုန်းဆက်ခဲ့ပြီး နောက်.. တစ်ခါမှဖုန်းမခေါ်ခဲ့တာ သင်တန်းပြီးတဲ့အထိပေါ့။
စိမ်းကားတာလား၊ မာနထားတာလားမသိတဲ့ သည်သားဟာလည်း သင်တန်းတစ်လျှောက်လုံး သူကစပြီး ဖုန်းမခေါ်ခဲ့ပါဘူး။
သင်တန်းကာလတစ်လျှောက် Viber က family group chat မှာ ဘယ်တော့မှ ဝင်မလာတဲ့ သည်သားဟာ သူ ပစ်ခတ်စဉ်မှာ ၄ လက်မကျည်စုကို ၅ ချက်ဝင်ပြီး အမှတ်အများဆုံးရတဲ့အချိန်မှာတော့ “သည်သတင်းလေး မိသားစုဆီပို့လို့ရလား” လို့ သင်တန်းကတာဝန်ရှိသူကို ခွင့်တောင်းပြီး သတင်းပို့လာတော့တာ။
“ဒါ သူဂုဏ်ယူလို့ပေါ့” ဆိုပြီး သည်မေမေမှာ ပျော်မဆုံး။
ကိုယ်တိုင်သွင်းတာကလွဲလို့ အထွက်သာရှိပြီး အဝင်မရှိတဲ့ မေမေရဲ့ kpay ကို ငွေဝင်ကြောင်း အချက်ပြသံကြားတော့ ဘယ်ကပါလိမ့် လို့ ...။
သားက “သားရဲ့ပထမဦးဆုံးလစာထဲက လွှဲပေးလိုက်တာ”လို့ ဖတ်လိုက်ရတဲ့အချိန်မှာ သည်မေမေကြည်နူးလိုက်ရတာ ဆိုတာလေ။
သားပျော့သွားမှာစိုးလို့ ပစ်ထားခဲ့တဲ့ သည်မေမေဟာ သင်တန်းဆင်းပွဲအခမ်းအနားမှာတော့ မျက်ရည်ဝိုင်းရတော့တာပဲ။
သားဟာ ၂ လခွဲအတွင်းမှာ အသားတွေညိုသွား၊ ၁၃ ပေါင် တက်လာ (ပဲဟင်းအစွမ်း)၊ ရင်အုပ်ကြီးကားလာပြီး ကြွက်သားတွေ ကျစ်လစ်မာကျောလာတော့တာ။
သင်တန်းဆင်းပွဲအခမ်းအနားမှာ သားတို့စစ်ကြောင်းကြီး စထွက်လာကတည်းက မေမေက ရင်ခုန်သံတွေမြန်နေပြီ။ မျက်နှာထားကအစ ပြောင်းလဲသွားတဲ့မာန်အပြည့်နဲ့ စစ်ပုံကျကျလမ်းလျှောက်နေတဲ့သားကို မြင်ရချိန်မှာ မေမေ့မျက်ဝန်းထဲ မျက်ရည်တွေလည်လို့ပေါ့။
ကျေးဇူးအများကြီးတင်ပါတယ် သား။
တာဝန်ထမ်းစဉ်ကာလတစ်လျှောက်မှာလည်း သားထူးချွန်ခဲ့တဲ့ Computer science ပညာနဲ့ အကောင်းဆုံး အကျိုးပြုလိမ့်မယ်လို့ မေမေယုံကြည်ပါတယ်။
×××××
သိပ်မကြွားတတ်တဲ့ သည်မေမေဟာ သမီး Master ပြီးတုန်းက သမီးအကြောင်းကြွားခဲ့တာမို့ သားတာဝန်ကျေတဲ့ အခါမှာလည်း သားအကြောင်းကြွားရတော့တာပါ။
Media တွေမှာ မဟုတ်တာတွေ ဘယ်လောက်ရေးခံရ ရေးခံရ မတုန်လှုပ်ဘဲ ကိုယ်လုပ်စရာရှိတာကို တည်တည်ငြိမ်ငြိမ် လုပ်ခဲ့တဲ့ သမီးနဲ့သားကို ကျေးဇူးတင်ပါတယ်။
××××
ကဲ....
ယုံတယ်ဆိုတဲ့သူတွေ သည်ဘက်လာ၊ မယုံဘူးဆိုတဲ့သူတွေ ဟိုဘက်သွား။
ချစ်တဲ့သူတွေ သည်ဘက်လာ၊ မချစ်တဲ့သူတွေ ဟိုဘက်သွား။
မှန်တယ်ထင်တဲ့သူတွေ သည်ဘက်လာ၊ မမှန်ဘူးထင်တဲ့သူတွေ ဟိုဘက်သွား။
သည်ဘက်က များချင်များ ..ဟိုဘက်က များချင်များ
ကိုယ်လုပ်ရမယ့်အလုပ် ကိုယ်လုပ်၊
တို့တတွေ တာဝန်ကျေကြစို့ ...သမီးနဲ့သားတို့ ...
========
Crd.
သတင်းလမ်းညွှန်
1 447
သို့/
သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများအား အခြေခံပညာကဏ္ဍ အောက်ခြေကျောင်းအုပ်နှင့် ပညာရေးမှူးအချို့၏ လာဘ်ပေးလာဘ်ယူမှု၊ ဘက်လိုက်မှုနှင့် အာဏာအလွဲသုံးစားပြုလုပ်နေမှုများအား စစ်ဆေးအရေးယူပေးပါရန် နှိုးဆော်တင်ပြအပ်ပါတယ်။
-
နိုင်ငံတော်တစ်ခု ရေရှည်ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပညာရေးကဏ္ဍသည် အဓိကအခြေခံအုတ်မြစ်ဖြစ်သော်လည်း လက်ရှိအခြေခံပညာရေးလောကအတွင်းရှိ အောက်ခြေစီမံခန့်ခွဲသူ (ပညာရေးမှူးများနှင့် ကျောင်းအုပ်ကြီးအချို့) ၏ "အထက်ဖား အောက်ဖိ" လုပ်ရပ်များကြောင့် ပညာရေးယန္တရားအပေါ် ထိခိုက်မှုများ ရှိနေပါသဖြင့် တာဝန်ရှိသူများ သိရှိစေရန် အိတ်ဖွင့်ပေးစာအဖြစ် တင်ပြအပ်ပါသည်။
-
မြေပြင်အခြေအနေတွင် နိုင်ငံတော်အပေါ် သစ္စာရှိစွာဖြင့် အခက်အခဲမျိုးစုံအကြားမှ တာဝန်ထမ်းဆောင်ခဲ့ကြသည့် Non-CDM ဝန်ထမ်းများအား နိုင်ထက်စီးနင်းပြုလုပ်ခြင်း၊ ဖိနှိပ်ခြင်းများ ဆောင်ရွက်နေပြီး တစ်ဖက်တွင်မူ CDM ပြုလုပ်ပြီးမှ နောက်ပိုင်းတွင် ပြန်လည်ဝင်ရောက်လာကြသည့် နိုင်ငံရေးအစွန်းရောက် နီပိတ် ဆရာ/ဆရာမများအား ဦးစားပေးကာ ရာထူးတိုးမြှင့်ခြင်းနှင့် နေရာကောင်းများ ပေးအပ်ခြင်းတို့ကို မမှန်မကန် လုပ်ဆောင်နေကြကြောင်း စိစစ်တွေ့ရှိရပါသည်။
-
အဆိုးဆုံးမှာ အဆိုပါ အောက်ခြေအုပ်ချုပ်သူ ကျောင်းအုပ်များသည် တပ်မတော်အသိုင်းအဝိုင်းနှင့် ဝန်ထမ်းအသိုင်းအဝိုင်းမှ ဆင်းသက်လာသူများကို ပစ်မှတ်ထားကာ စနစ်တကျ ဖိနှိပ်ခွဲခြားဆက်ဆံနေခြင်း ဖြစ်ပြီး သူတို့အာဏာဖြင့် ပြုသမျှနုရသည့် ဘဝသို့ ရောက်ရှိအောင် ဥပဒေမဲ့ လုပ်ဆောင်လျက်ရှိပါသည်။
-
သို့ဖြစ်ပါ၍ အဂတိလိုက်စားမှုနှင့် ဘက်လိုက်မှုများ ကျူးလွန်နေကြသော ပညာရေးမှူးများနှင့် ကျောင်းအုပ်ကြီးများ၏ အမည်စာရင်း၊ အထောက်အထားများအား တိကျစွာ စုဆောင်းပြုစုထားပြီး ဖြစ်ပါသဖြင့် အထူးစစ်ဆေးရေးအဖွဲ့များ စေလွှတ်ကာ ချက်ချင်းကွင်းဆင်းစစ်ဆေးပြီး ထိရောက်ပြတ်သားစွာ အရေးယူပေးပါရန် သတိပေး နှိုးဆော်တင်ပြအပ်ပါသည်။
(မှတ်ချက်။ ရန်ကုန်တိုင်း အဆိုးဆုံး)
သတင်းလမ်းညွှန်
1 447
Repost from Ko Thet
🚨ပြည်သူ့အသံ🚨
ပဲခူးမြို့ VL7 KTV ရှယ်ယာအရှုပ်အရှင်းတွင် ဌာနဆိုင်ရာအရာရှိတစ်ဦး သိန်း ၂၀၀ ပါဝင်ပတ်သက်နေမှုအပေါ် ထိရောက်စွာစစ်ဆေးခြင်းမရှိဟု သတင်းများထွက်ပေါ်
မေလ ၂၃ ရက်
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ အင်းတကော်မြို့ရှိ "VL7" KTV အခြေပြု ရှယ်ယာရှင်များအကြား ငွေကြေးအလွှဲသုံးစားမှု၊ ဆိုင်အပိုင်စီးမှုများနှင့် ဌာနဆိုင်ရာအရာရှိတစ်ဦး လာဘ်ပေးလာဘ်ယူမှုများတွင် ပါဝင်ပတ်သက်နေသည့် ကိစ္စအား တာဝန်ရှိသူများက ဘက်လိုက်စစ်ဆေးနေကြောင်း ကာယကံရှင် တိုင်ကြားသူက ထုတ်ဖော်ပြောဆိုလိုက်သည်။
-
ဖြစ်စဉ်မှာ တိုင်ကြားသူ ဦး**သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလက အဆိုပါ KTV တွင် ကျပ်သိန်း ၇,၅၀၀ ထည့်ဝင်ကာ ရှယ်ယာဝင်ခဲ့သော်လည်း မေလတွင် လုပ်ငန်းမန်နေဂျာဖြစ်သူ ဦးဇင်းမင်းထက်က ငွေကြေးများအလွှဲသုံးစားလုပ်၍ ထွက်ပြေးသွားခဲ့သည်။ ထို့နောက် အခြားသူအချို့က ဆိုင်အား အတင်းအကြပ် ဝင်ရောက်အပိုင်စီး လုပ်ကိုင်ခဲ့ကြကြောင်း သိရသည်။
-
၎င်းပြင် ၂၀၂၅ ခုနှစ် မေလ ၂၁ ရက်နေ့က ပိုင်ဆိုင်မှု ဆွေးနွေးနေစဉ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးအရာရှိ ဦး*** ရောက်ရှိလာပြီး တစ်ဖက်သတ် အတင်းအကြပ် ဆုံးဖြတ်ပေးခဲ့သည်။ အဆိုပါ ဒုဦးစီးအရာရှိ ဦး***ကိုယ်တိုင် ယင်း KTV ၌ ငွေကျပ် သိန်း ၂၀၀ ထည့်ဝင်ကာ အကျိုးအမြတ်ရယူနေပြီး ဥပဒေမဲ့လုပ်ရပ်များကို ကျောထောက်နောက်ခံပြုပေးနေကြောင်း စွပ်စွဲချက်များ ထွက်ပေါ်လာခဲ့သည်။
-
၎င်းကိစ္စနှင့်ပတ်သက်၍ ပဲခူးခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးစော***က ခေါ်ယူစစ်ဆေးခဲ့သော်လည်း အဓိကသက်သေများနှင့် ဓာတ်ပုံအထောက်အထားများကို တမင်ချန်လှပ်ကာ အဖြစ်သဘောသာ စစ်ဆေးခဲ့ပြီး၊ ယနေ့အချိန်ထိ ပြတ်သားစွာ အရေးယူခြင်းမရှိဘဲ အချင်းချင်း ကာကွယ်စောင့်ရှောက်ပေးနေသည့်အတွက် တရားမျှတမှု ရရှိရန် အထက်အဖွဲ့အစည်းများထံ ထပ်မံတိုင်ကြားထားကြောင်း သိရှိရသည်။
-
(မှတ်ချက်။ ယခုလို မတရားအနိုင်ကျင့်၊ အကျင့်ပျက်ခြစားမှုများရှိပါက လာရောက်တိုင်ကြားနိုင်ပါတယ်။ အမှန်အတိုင်းဖြစ်စေရဖို့ တာဝန်ယူပါတယ်။ လုပ်ကြံဖန်တီး တိုင်ကြားမှုများကိုတော့ မဆောင်ရွက်ပေးပါ)
KT, May 23
1 447
(သူများဆီကတွေ့လို့ ယူလာတာ)
သတိထားရမည့် စစ်ကော်စီ၏ စိတ်ဓာတ်စစ်ဆင်ရေး (Propaganda) အဖွဲ့အကြောင်း
လက်ရှိဖြစ်ပေါ်နေသော စစ်ရေးအခြေအနေများကို ဘက်မလိုက်ဘဲ ရပ်တည်လေ့လာသူတစ်ဦး၏ အမြင်အရ စစ်တပ်သည် လက်နက်အင်အား၊ လူအင်အား၊ နည်းပညာအင်အားသာလွန်မှုကို အသုံးပြုရုံသာမက အလွန်ထိရောက်သည့် “စိတ်ဓာတ်စစ်ဆင်ရေး” လက်နက်ကိုပါ အသုံးပြုလာကြောင်း တွေ့မြင်နေရပါတယ်။
-
တော်လှန်ရေးပြောက်ကျားအဖွဲ့ ခေါင်းဆောင်တစ်ဦး “သက်ကြီး” ပြောတာမမှားပါ။ သူကိုယ်တိုင် ဝန်ခံထားတာက “PDF တွေ စိတ်ဓာတ်ကျပြီး အလင်းတွေ ဝင်ကုန်ကြတယ်” ဆိုတဲ့အချက်ဟာ သာမန်မဟုတ်ဘဲ အလွန်အရေးကြီးသော သတိပေးသံ ဖြစ်ပါတယ်။
-
စစ်တပ်ရဲ့ Propaganda အဖွဲ့ကို ဗိုလ်ချုပ်တစ်ဦးကိုယ်တိုင် ဦးစီးပြီး စနစ်တကျ ထိုးနှက်လာတာတွေ့ရတယ်။ ဟိုတစ်လောက နိုင်ငံတော်ပြန်တမ်းက ချပြလိုက်တဲ့ အဖွဲ့ဖြစ်နိုင်ပါတယ်။ သူတို့အဖွဲ့က Social Media ပေါင်းစုံမှာ မြန်မာဘာသာအပြင် အင်္ဂလိပ်ဘာသာ၊ တရုတ်ဘာသာ၊ ရုရှားဘာသာနဲ့ အခြားတိုင်းရင်းသားဘာသာစကားတွေနဲ့ပါ သတင်းတင်ရုံတင်မက နိုင်ငံတကာကိုလည်း အီးမေးလ်တွေ ပေးပို့နေတယ်လို့သိရပါတယ်။ ဒီလိုမျိုးလုပ်ဆောင်နိုင်ဖို့က သူတို့အဖွဲ့မှာ လူစွမ်းအား၊ နည်းပညာစွမ်းအားတွေ ပြည့်စုံနေပြီး စနစ်တကျ တိုက်ကွက်ဖော်နေကာ ငွေကြေး အမြောက်အမြား သုံးစွဲမှုရှိနိုင်တယ်လို့ သုံးသပ်ရပါတယ်။
-
ဒီကိစ္စက ပေါ့လို့တော့မရပါဘူး.. စစ်တပ်က ဗိုလ်ချုပ်တစ်ယောက်ကိုယ်တိုင် ဦးစီးနေတယ်ဆိုတော့ စစ်ရေးအမြင်၊ ထောက်လှမ်းရေးအမြင်နဲ့ management အပိုင်းမှာ NUG ထက် သာလွန်နေနိုင်ပါတယ်။ ဒါတောင် fb က တော်လှန်ရေး အဖွဲ့တွေဘက်မှာ ရပ်တည်နေလို့ စစ်လော်ဘီတွေ Fb မှာ မရပ်တည်နိုင်ကြတာ.. ဒီလိုမှ မဟုတ်ရင် NUG ရဲ့ တော်လှန်ရေးကြီးက လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ကျဆုံးသွားမှာ အသေချာပဲ။ အခုတောင်မှ မြေပြင် PDF တွေ ဝါဒမှိုင်းမိပြီး ရာနဲ့ချီ အလင်းဝင်ကုန်ကြပြီ။ အဲဒီအဖွဲ့ဟာ PDF တပ်ဖွဲ့ဝင်တစ်ဦးချင်းစီ၏ စိတ်ဓာတ်ကို ဖြိုခွင်းရာတွင် အလွန်အောင်မြင်နေသည်ဆိုသည့်အချက်ကို ဘက်မလိုက်ဘဲ အသိအမှတ်ပြုရမည်ဖြစ်ပါတယ်။
-
ဒါကြောင့် သတိပေးလိုတာက Propaganda ကို Propaganda နဲ့ပဲ ပြန်ပြီးချေဖျက်ရမယ်ဆိုတာ NUG ခေါင်းဆောင်ပိုင်း တွေ သိသင့်ပါတယ်။
-
ဒီလိုမှ မဟုတ်ရင် NUG သည် မကြာခင် နိဂုံးချုပ်သွားမှာဖြစ်ကြောင်း သတိပေးရေးသားလိုက်ပါတယ်။
(ဂရေဟမ်ဂျွန်)
သတင်းလမ်းညွှန်
1 447
အသစ်ဖွဲ့စည်းမည့်အစိုးရသစ်နှင့်ပတ်သက်ပြီးတာဝန်ယူမည့်ခန့်မှန်းစာရင်းအချို့ထွက်ပေါ်
အသစ်ဖွဲ့စည်းမည့်လွှတ်တော်နှစ်ရပ်နှင့်အစိုးရအဖွဲ့ဝင်များ၏ခန့်မှန်းအမည်စာရင်းအချို့အောက်ပါအတိုင်းထွက်ပေါ်လျက်ရှိသည်။
သမ္မတ- ဦးမင်းအောင်လှိုင်
ဒုသမ္မတ(၁) ဦးညိုစော
ဒုသမ္မတ(၂) ဒေါ်ဒွဲဘူ
ပြည်သူ့ လွှတ်တော် ဥက္ကဌ- ဦးခင်ရီ
ဒုဥက္ကဌ-ဦးမောင်မောင်အုန်း
အမျိုးသားလွှတ်တော်ဥက္ကဌ-
ဦးအောင်လင်းဒွေး
ဒုဥက္ကဌ - ဦးနော်တောင်
ကာကွယ်ရေးဦးစီးချုပ်( ကြည်း/ ရေ/လေ) - ဗခမကစိုးဝင်း
သမ္မတရုံးဝန်ကြီး-ဦးစိုးသိန်း
နယ်စပ်ရေးရာဝန်ကြီး-ဒုဗခကနီလင်းအောင်
ပြန်ကြားရေးဝန်ကြီး-ဗိုလ်ချုပ်ဇော်မင်းထွန်း
ဒုဝန်ကြီး-ဦးသက်ဆွေ
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်-ဦးအောင်နိုင်သူ
ကယားပြည်နယ်ဝန်ကြီးချုပ်-ဦးအံ့မော်
ဧရာဝတီတိုင်းဝန်ကြီးချုပ်-ဦးအေးကျော်
မကွေးတိုင်းဝန်ကြီးချုပ်-ဦးတင်ကိုကို
Crd
-
သတင်းလမ်းညွှန်
1 447
+5
သူပုန်နဲ့ပေါင်းပြီး နိုင်ငံ့သယံဇာတတွေကို ခိုးထုတ်နေသူများရဲ့ နောက်ဆုံးလားရာ
KIA က ကချင်ပြည်နယ်အတွင်းရှိ အဓိကမြေရှားသတ္တုတူးဖော်မှုများကို တရုတ်ကုမ္ပဏီတွေနဲ့ ပူးပေါင်းကာ မဟားတရား တူးဖော်လျက်ရှိပါတယ်။ ဒီကိစ္စဟာ နိုင်ငံတော်အဆင့် G to G သဘောတူညီချက်များကို ကျော်လွန်ကာ ဖြစ်ပေါ်နေသော ပြဿနာဖြစ်ပါတယ်။ တရုတ်ကုမ္ပဏီတွေကတော့ ယူနန်သူဌေးတွေဖြစ်ပြီး ဒီအကြောင်းကို တရုတ်ဗဟိုအစိုးရက သိပေမယ့်လည်း ၎င်းတို့အကျိုးစီးပွားအတွက် သူပုန်နဲ့ ပေါင်းပြီး လုပ်စားနေကြပါတယ်။ ကုမ္ပဏီတွေက သတ္တုကို တရုတ် အစိုးရကို သွင်းတာမို့ပါ။ ဒါကြောင့် တရုတ်အစိုးရက ပြောလည်းမပြောရဲဘဲ မသိချင်ယောင်ဆောင်ပြီး သိမ်းကျုံး သဲ့ယူနေကြတယ်။
-
ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါ။ KIA က တရုတ်ကို ခွချက်လုပ်ပြီး မြေရှားသတ္တုတွေကို အိန္ဒိယကတစ်ဆင့် US ဆီကို တင်သွင်းဖို့ ကြိုးစားနေတယ်။ KIA က ဒီလိုမျိုး တရုတ်နားရွက်တံထွေးဆွတ်တာကို တရုတ်က မသိဘဲမနေပါဘူး။ စောင့်ကြည့်နေပါတယ်။ တရုတ်အနေနဲ့ မထိန်းချုပ်နိုင်ရင် မြန်မာပြည်မြောက်ပိုင်း တရုတ်နယ်စပ်မှာ CIA တွေ အခြေကျ သွားပြီး ကောင်းကောင်းကစားပါလိမ့်မယ်။
-
မြန်မာတွေအနေနဲ့ ဒီပြဿနာကို ဘယ်လိုတုံ့ပြန်ရမလဲဆိုတော့..
၁။ နိုင်ငံတကာ ဖိအားပေးမှုနှင့် စည်းမျဉ်းစည်းကမ်းများ
(OECD စည်းမျဉ်း)
- နိုင်ငံတကာကုမ္ပဏီများသည် လက်နက်ကိုင်(အစိုးရမဟုတ်တဲ့)အဖွဲ့များအား ငွေကြေးအကျိုးအမြတ်ပေးခြင်း မပြုရ။
- KIA(သူပုန်အဖွဲ့)သို့ အခွန်ပေးဆောင်ခြင်းဟာ ဒီစည်းမျဉ်းကို ချိုးဖောက်ရာရောက်ပြီး စုံစမ်းစစ်ဆေးခံရခြင်း၊ ရင်းနှီးမြှုပ်နှံသူများ နုတ်ထွက်စေခြင်းတို့ ဖိအားပေးရပါမယ်။
- KIA ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပြီး KIA အား အခွန်ဆက်ကြေးရရှိအောင် လုပ်ဆောင်သော ကုမ္ပဏီများကို စစ်ဆေးမှုများ ပြုလုပ်ရပါမယ်။
- KIA ကဲ့သို့သော သူပုန်အဖွဲ့များကို EITI စံနှုန်းများနဲ့ မညီကြောင်း နိုင်ငံတကာအဖွဲ့အစည်းတွေကို Data အချက်အလက်တွေ ပေးပို့ရပါမယ်။
-
အထိရောက်ဆုံး တုံ့ပြန်ဆောင်ရွက်မှုမှာ
- KIA UWSA နဲ့ ပင်းစားနေတဲ့ နိုင်ငံတကာကုမ္ပဏီများ (အထူးသဖြင့် တရုတ်ကုမ္ပဏီများ)အား ပြင်းပြင်းထန်ထန် အရေးယူရပါမယ်။
- မြေရှားသတ္တုတူးဖော်မှုကြောင့် ထိခိုက်ခံစားနေရတဲ့ ဒေသခံတွေရဲ့ အသံကို နိုင်ငံတကာအဆင့်တွင် ကျယ်ကျယ်ပြန့်ပြန့် ကြားသိအောင် မီဒီယာနှင့် လူ့အခွင့်အရေးအဖွဲ့များက ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။
- သူပုန်နဲ့ပေါင်းပြီး မြေရှားတူးနေတဲ့ ကုမ္ပဏီလုပ်ငန်းတွေကို ဘာကောင်ကြီးပဲဖြစ်ဖြစ် ပစ်ခတ်ချေမှုန်းရပါမယ်။ ဥပဒေအရ ခွင့်ပြုထားပါတယ်။
-
အချုပ်ဆိုရသော်.. သူပုန်နဲ့ပတ်သက်နေတဲ့ အဖွဲ့အားလုံးကို ချေမှုန်းသင့်တယ်လို့ ယူဆရပါတယ်။
-
သတင်းလမ်းညွှန်
1 447
+1
PDF တွေရဲ့ လက်ရှိအခြေအနေ
လက်ရှိအစိုးရကို လော်ဘီလုပ်ပေးနေတဲ့ အပတ်စဉ်ထုတ် TREND ဂျာနယ်မှာ ဆောင်းပါးရှင် မင်းခန့် ဆိုသူက CRPH, NUG, NUCC တို့ကို နေဝင်ချိန်ရောက်ရှိနေပြီဖြစ်ကြောင်း ဆောင်းပါးရေးသားထားပါတယ်။
-
အဲဒီဆောင်းပါးမှာ နွေးဦးတော်လှန်ရေးဆင်နွှဲနေတဲ့ PDF တွေကို ပြင်းပြင်းထန်ထန် ပုတ်ခတ်ရေးသားထားပြီး PDF လူငယ်တွေ အလင်းဝင်နေတာ များပြားလှကြောင်း ထောက်ပြထားပါတယ်။
-
သူတို့ရဲ့ ဖော်ပြချက်အရ “လတ်တလောဖြစ်စဉ်များကို ရှုမြင်သုံးသပ်ကြည့်လိုက်ရင် PDF ဆိုတဲ့လူငယ်တွေဟာ တိုင်းရင်းသားလက်နက်ကိုင်ဆိုတဲ့ အကြမ်းဖက်သောင်းကျန်းသူတွေရဲ့ အသုံးချခံဖြစ်နေပြီး အဲဒီအဖွဲ့တွေရဲ့ မအောင်မြင်တဲ့ နှစ်ပေါင်း ၇၀ ကျော် လက်နက်ကိုင်လမ်းစဉ်မှာ သူတို့ထိန်းချုပ်နယ်မြေတွေ ပိုမိုကျယ်ပြန့်လာဖို့ အသေခံ ရှေ့ကနေ တိုက်ပေးနေရသူတွေ ဖြစ်နေတာ ရင်နာနာနဲ့ မြင်တွေ့နေရပါတယ်။ ဒါ့အပြင် PDF တွေ လှုပ်ရှားစိုးမိုးတယ်ဆိုတဲ့ မြို့ရွာတွေမှာရှိတဲ့ ပြည်သူတွေဟာ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးအခြေအနေတွေ ပျက်ပြားနေပြီး အသက်အန္တရာယ်သာမက သူတို့ရဲ့ ကိုယ်ပိုင်ဥစ္စာပစ္စည်းများ ဆုံးရှုံးနေကြပါတယ်။ ဒါ့ကြောင့်လည်း PDF တွေရှိတဲ့ နယ်မြေနဲ့ PDF မရှိတဲ့နယ်မြေတွေရဲ့ တည်ငြိမ်အေးချမ်းရေး၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ကွာဟချက်တွေကို ထင်ရှားပြတ်သားစွာ မြင်တွေ့ကြပြီး PDF များ ရှိခြင်း/မရှိခြင်း၊ ကောင်းကျိုး/ဆိုးကျိုးတွေကို ပြည်သူအများ သိရှိနားလည် လာကြပြီ ဖြစ်ပါတယ်။” လို့ PDF နဲ့ EAOs တွေအကြား သွေးခွဲရေးသားထားပါတယ်။
-
NUG အဖွဲ့အတွင်း ငွေးကြေးစာရင်းမရှင်းမှု၊ ပြည်သူထောက်ခံအားပေးမှုလျော့ကျလာမှုနဲ့ PDF များ ထိခိုက်သေကြေ၊ အလင်းဝင်သူ များပြားလာမှုတွေကို အခွင့်ကောင်းယူပြီး PDF နဲ့ NUG, NUG နဲ့ EAOs, EAOs နဲ့ PDF များကို သွေးခွဲနေတဲ့ စစ်တပ်လော်ဘီတွေရဲ့ လှုံ့ဆော်မှုတွေကို နားမယောင်ကြဖို့ ဦးမျိုးရန်နောင်သိန်း က လူမှုကွန်ရက်စာမျက်နှာမှာ သတိပေးထားပါတယ်။
သတင်းလမ်းညွှန်
1 447
တာမွေမြို့နယ်မေတ္တာညွန့် စက်မှု ၁ လမ်း၌ မီးလောင်
ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ မေတ္တာညွန့် စက်မှု ၁ လမ်းတွင် ယနေ့ဖေဖော်ဝါရီ ၁၃ ရက်ည ၈ နာရီ ၄၇ မိနစ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှသိရသည်။
-
အဆိုပါ မီးလောင်မှုအား ည ၈ နာရီ ၅၂ မိနစ်တွင် Level 1 ယာဉ်အုပ်စုများဖြင့် ထွက်ခွာငြိမ်းသတ်ခဲ့ပြီး ည ၉ နာရီ ၉ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်းထုတ်ပြန်ထားသည်။
-
မီးလောင်မှုဖြစ်ပွားသည့် အကြောင်းရင်းနှင့် ပျက်ဆီးဆုံးရှုံးမှုအခြေအနေအား မီးသတ်ဦးစီးဌာနသို့ဆက်သွယ်မေးမြန်းရာ လက်ရှိအချိန်ထိ စစ်ဆေးမှုများပြုလုပ်နေကြောင်းသိရသည်။
-
သတင်းလမ်းညွှန်
1 447
+1
UNODC ဘိန်းစိုက်အစီရင်ခံစာကို စစ်ကောင်စီကန့်ကွက်
ဒီဇင်ဘာလ ၃ ရက်နေ့က ထုတ်ပြန်တဲ့ UNODC ရဲ့ ၂၀၂၅ခုနှစ် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အစီရင်ခံစာမှာ မြန်မာနိုင်ငံအနေဖြင့် ၁၀ နှစ်တာ ကာလအတွင်း ဘိန်းစိုက်ပျိုးမှုမြင့်တက်နေပြီး မူးယစ်ဆေးဝါးဖြန့်ဖြူးမှု ဗဟိုချက်ဖြစ်နေလို့ အရေးပေါ်ထိန်းချုပ်ရန်လိုအပ်ကြောင်း ဖော်ပြထားပါတယ်။
.
အဲဒီအစီရင်ခံစာကို စစ်ကော်မရှင်နေ့စဉ်ထုတ် သတင်းစာများကနေ ဆတ်ဆတ်ထိမခံ ပြင်းပြင်းထန်ထန်တုံ့ပြန်ထားမှုအပေါ် UNODC က လက်မခံကြောင်း သိရှိရပါတယ်။
.
UNODC အနေဖြင့် မြန်မာနိုင်ငံအတွင်းကရရှိတဲ့ သတင်းအချက်အလက်တွေ၊ ခေတ်မီဂြိုဟ်တုတိုင်းတာရေး အချက်အလက်များအရ ဘိန်းခင်းတွေ တိုးပွားလာနေမှုကို ဖော်ပြထားခြင်းဖြစ်ကြောင်း UNODC ရန်ကုန်အခြေစိုက် အကြီးတန်းအရာရှိတစ်ဦးက တုံ့ပြန်ပြောကြားခဲ့ပါတယ်။
.
အဲဒီဆောင်းပါးမှာ စစ်ကော်မရှင်အနေနဲ့ ဘိန်းစိုက်ပျိုးမှုနဲ့ မူးယစ်ဆေးဝါးထုတ်လုပ်မှုတွေကို တော်လှန်ရေးလက်နက်ကိုင်အဖွဲ့များကို အပြစ်ပုံချထားပြီး ဓာတုဆေးဝါးများကိုလည်း အိမ်နီးချင်းနိုင်ငံများက မထိန်းချုပ်ပေးလို့ဆိုပြီး သူများကို အပြစ်ပုံချထားပါတယ်။
.
ဆောင်းပါးမှာဖော်ပြထားတဲ့ ဘိန်းခင်းဖျက်ဆီးမှုဇယားအရ ၂၀၂၄-၂၀၂၅ ခုနှစ် အတွင်းဖျက်ဆီးနိုင်မှုဧကများ လျော့ကျနေတာ စစ်ကောင်စီမှာ တာဝန်ရှိကြောင်း ဝန်ခံထားပါတယ်။
.
စီးပွားရေးပိတ်ဆို့ခံရလို့ တောင်သူတွေဘိန်းစိုက်ပျိုးမှု ပိုမိုလုပ်ဆောင်လာကြောင်း ဖော်ပြချက်ကလည်း ကျိုးကြောင်းခိုင်းလုံမှုမရှိဘဲ ဘိန်းစိုက်ပျိုးဧရိယာများပြားတဲ့ ပြည်နယ်အစိုးရများရဲ့ စီမံခန့်ခွဲမှုအားနည်းချက်များကို ဖုံးကွယ်ထားခြင်းဖြစ်ပါတယ်။
.
UNODC အနေဖြင့် ရန်ကုန်မြို့မှာ ရုံးခွဲဖွင့်လှစ်ပြီး ဘိန်းစိုက်ပျိုးမှုလျော့နည်းကျဆင်းရေးကို စစ်ကော်မရှင်နဲ့ပူးပေါင်းလုပ်ဆောင်နေပေမယ့် UNODC ကို စွပ်စွဲပြစ်တင်ပြီး တိုက်ခိုက်ခဲ့တဲ့ အဲဒီဆောင်းပါးဟာ စစ်ကော်မရှင်အနေဖြင့် နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုရရှိဖို့ ရေးသားထားခြင်းသာဖြစ်ပါတယ်။
မူရင်းပို့စ်။ https://www.gnlm.com.mm/an-overlooked-truth-that-lies-behind-the-statistics/#article-title
သတင်းလမ်းညွှန်
1 447
စစ်ကိုင်းတိုင်းဘက်မှာ ပြည်သူ့စစ်မှုထမ်းဆိုပြီး အတင်းအဓမ္မ လူဆွဲနေကြတယ်။ လုပ်စားတာတွေ ဖြစ်ချင်လည်း ဖြစ်မယ်။ အတိအကျတော့ မပြောနိုင်ဘူး။
.
ဒါလုပ်ရပ်တွေကြောင့် စစ်ကိုင်းတိုင်းဘက်မှာ ဝင်ရောက်အရွေးခံမယ့် နိုင်ငံရေးပါတီတွေကို ဒေသခံပြည်သူတွေက ဒီပြည်သူ့စစ်မှုထမ်း အကြောင်းပြပြီး အဓမ္မလူဆွဲနေတာကို ပပျောက်သွားအောင် လုပ်ပေးဖို့ တောင်းဆိုကြလိမ့်မယ်။ ဒါဟာလည်း ကိုယ်စားလှယ်လောင်းတွေအတွက် စိန်ခေါ်မှုပြဿနာ တစ်ရပ်ပါပဲ။
.
စစ်ကိုင်းတိုင်းဘက်က လူဆွဲတာ အတော်လေး ရုပ်ပေါက်လွန်းတယ်။ တပ်ရဲ့ Image ကိုလည်း ထိခိုက်တယ်။ ဆင့်ခေါ်ရေး အဖွဲ့က သေချာမစိစစ်၊ အလှည့်ကျစနစ်မဟုတ်ဘဲ နယ်ကျော်တွေကိုပါ အတင်းအဓမ္မလိုက်ဆွဲနေလို့ ခရီးတောင် မသွားရဲ ကြတော့ ဘူးတဲ့။
.
ဒါတွေကြောင့်လည်း အဲ့ဘက်မှာ PDF တွေ မချုပ်ငြိမ်းရတဲ့ အကြောင်းအချက် ၁ ခုပဲ။ ပြည်သူ့စစ်မှုထမ်းဆိုပြီး လုပ်စား/ ပွဲစားတွေနဲ့ အကျင့်ပျက်ဝန်ထမ်းတွေရဲ့ လုပ်ရပ်ကြောင့် လူငယ်တွေက သက်သက်သာသာနေရတဲ့ အကြမ်းဖက် PDF အဖွဲ့ဆီ ရောက်ရောက်သွားကြတယ်။ အဲဒါကြောင့် အကြမ်းဖက်တွေ ပေါများလာရတယ်။ ဒါအမှန်တရားပဲ..
ဉီးစိုး (ကလေး)
1 447
MAI Airline အနေဖြင့် ပြင်ဆင်ရမည့် လုပ်ရပ်တစ်ခု
(ပြည်သူ့အသံကဏ္ဍ)ကျနော်.. ကြုံတွေ့ခဲ့ရတဲ့ မဖြစ်သင့်၊ မဖြစ်ထိုက်တဲ့ အကြောင်းအရာလေးကို ကျေးဇူးပြုပြီး ဖော်ပြပေးစေချင်ပါတယ်။ - ကျနော်က Company MD တစ်ဦးပါ.. တစ်နေ့က ကျနော် အလုပ်ကိစ္စတစ်ခုနဲ့ Bangkok ကို အစည်းဝေးတစ်ခု သွားတက်ခဲ့ပါတယ်။ အစည်းဝေးပြီးတော့ MAI flight – BKK-YGN ခရီးစဉ်နဲ့ ရန်ကုန်ကို ပြန်ဖို့လုပ်ပါတယ်။ ပုံမှန်အားဖြင့် လေကြောင်းလိုင်းတွေက luggage က 30 kg အထိ သယ်လို့ရပါတယ်။ ဒီထက်ပိုရင်တော့ ဝန်ပိုကြေး ထပ်ဆောင်းပေါ့။ - Luggage Counter ရောက်တော့ ကျနော့ရဲ့ 15 kg လောက်သာရှိတဲ့ Luggage ကို ချိန်ပြီး လေယာဉ်ဝန်ဆောင်နိုင်မှု ပေါင်ချိန်ပိုသွားလို့ဆိုပြီး BKK လေဆိပ်မှာ ၄၅ မိနစ်လောက် Delay ဖြစ်ခဲ့ရပါတယ် (အိတ်တွေ ပြန်ချနေလို့ပါတဲ့)။ ဒါ .. ကျနော်တစ်ယောက်တည်း မဟုတ်ပါဘူး.. ခရီးသည်အားလုံး Delay ဖြစ်ရတာပါ။ ဒါက မဖြစ်သင့်ပါဘူး .. ခရီးသည်အားလုံးကိုယ်စီ သတ်မှတ်ထားတဲ့ 30 kg အိတ်ကို သယ်ဆောင်ခွင့်ရှိပါတယ်။ ထားလိုက်ပါတော့.. - ဒါနဲ့ BKK ကနေ YGN ကို ရောက်တော့ ကျနော့ Luggage အိတ်ကို ရွေးဖို့ Counter မှာစောင့်ပါတယ်။ အားလုံးသာ ကုန်သွားတယ်.. ကျနော့ Luggage က ပါမလာဘူး။ ကျနော့လို အိတ်ပါမလာတဲ့ ခရီးသည် ၇ ဦးခန့်ရှိပါတယ်။ ဒါနဲ့ .. တာဝန်ရှိသူကို သွားမေးတော့.. “ဟုတ်ပါတယ် .. အချို့ခရီးသည်တွေရဲ့ Luggage အိတ်တွေကို Bangkok လေဆိပ်မှာ ခေတ္တချခဲ့ပါတယ်”တဲ့ ဆိုပြီး ဖော်ရွေပြူငှာမှုကင်းတဲ့ လေသံနဲ့ စိတ်မရှည်သလို ပြောပါတယ်။ ဒါ.. လုံးဝ မဖြစ်သင့်တဲ့ကိစ္စပါ။ ခရီးသည်ကာယကံရှင်တွေရဲ့ သဘောဆန္ဒမပါဘဲ၊ Announcement မလုပ်ဘဲ MAI က ကိုယ့်သဘောကိုယ်ဆောင်ပြီး လုပ်ခဲ့တဲ့ အကြဉ်းတန်တဲ့ လုပ်ရပ်တစ်ခုပါ။ - ကျန်ခဲ့တဲ့ အိတ်တွေ ဘယ်တော့ရမှာလဲဆိုပြီး မေးတော့ .. မနက်ဖြန် မနက်လောက်မှ ရမယ်လို့ ဖြေပါတယ်။ အဲလိုတော့ လုပ်လို့မရဘူး .. အိတ်ထဲမှာ အရေးကြီး စာရွက်/စာတမ်းတွေနဲ့ နေ့စဉ်ပုံမှန်သောက်ရမယ့် ဆေးတွေလည်းပါတယ်။ ပြီးတော့ ကျနော်က YGN မှာ ခရီးဆုံးမှာ မဟုတ်ဘူး.. အခုမွန်းလွဲ ၃ နာရီမှာ နေပြည်တော် အစည်းအဝေးတစ်ခု တက်ရမယ်.. အဲ့အစည်းအဝေးအတွက် အရေးကြီးတဲ့ စာရွက်/စာတမ်းတွေက ကျန်ခဲ့တယ်.. ဘယ်လိုလုပ်မလဲ? လေကြောင်းလိုင်းက ဘာ..အာမခံချက်ပေးမှာလဲ? ဆိုတော့ “အာမ မခံနိုင်ပါဘူး”လို့ ချိုသာမှုမရှိဘဲ ဝတ္တရားမဲ့စွာ ဖြေတယ်။ အစည်းအဝေးလည်း မတက်နိုင်လိုက်ပါဘူး။ - ခရီးဆောင်အိတ် ကျန်ခဲ့လို့ ကျနော်ဆုံးရှုံးလိုက်ရတဲ့ ငွေကြေးက MAI လေကြောင်းလိုင်းအနေနဲ့ မပြောပလောက်ပေမယ့် ကျနော့အတွက်တော့ အများကြီး ထိခိုက်နစ်နာရပါတယ်။ ဒီလိုပြောလို့ နစ်နာကြေးလိုချင်လို့ ပြောနေတာ မဟုတ်ပါ။ ဒါ့ပြင် ကျနော်ဟာ ကျန်းမာရေးဆိုးရွားပြီး အိတ်ထဲကျန်ခဲ့တဲ့ ဆေးကို အချိန်မီသောက်ရမှ အသက်ရှင်မယ့်သူဆိုရင် ဘယ်လိုလုပ်ကြမလဲဗျာ..။ - ကျနော်ဟာ မြန်မာလူမျိုးဖြစ်တဲ့အတွက် ကိုယ့်လူမျိုး ပိုင်ဆိုင်တဲ့ MAI Airline ကို တန်ဖိုးထားပါတယ်။ MAI ဆိုတာ မြန်မာမှာတင်မက အရှေ့တောင်အာရှမှာ နာမယ်ကြီး လေကြောင်းလိုင်းတစ်ခုပါ။ ကျနော် MAI ကို တန်ဖိုးထားသလို MAI ကလည်း ကိုယ့် Customer တွေကို တန်ဖိုးထားသင့်ပါတယ်။ - အားမနာတမ်း ထောက်ပြရရင်တော့ အခုလိုဖြစ်ရပ်မျိုးကြုံတွေ့ရတာက MAI လေကြောင်းလိုင်းဟာ ကော့သောင်း-ရန်ကုန် သွားတဲ့ ခရီးသည်တင်ကားလိုင်းတွေလိုမျိုး တရားမဝင်ကုန်တွေကို သယ်ဆောင်နေကြသလားဗျာ။ လေယာဉ် လက်မှတ်ဝယ်ကတည်းက ပါပြီးသားပဲ.. ခရီးသည်တွေ kg ဘယ်လောက်အထိ ယူဆောင်လာလို့ရတယ်ဆိုတာကို။ မသကာဗျာ .. ခရီးသည်တွေရဲ့ Luggage အိတ်တွေကို မချခဲ့ဘဲ.. Black သယ်လာတဲ့ ကုန်တွေကို ချခဲ့ပေါ့ဗျာ။ - အခုတော့ တာဝန်ယူမှုမရှိ၊ တာဝန်ခံမှုမရှိ၊ ယဉ်ကျေးပြူငှာမှုမရှိတဲ့ MAI ဝန်ဆောင်မှုအတွက် စိတ်မကောင်းဖြစ်မိလို့ နောင်ဆို စီးဖို့ စဉ်းစားရပါတော့မယ်။ - (တကယ့်ဖြစ်ရပ်မှန်ပါ.. အစည်းအဝေး ဖျက်လိုက်ရတဲ့အတွက် ကျနော်ကြိုးစားရှာဖွေစုဆောင်းခဲ့ရတဲ့ ငွေသိန်းပေါင်းများစွာ ဆုံးရှုံးခဲ့ရပါတယ်ဆိုတာ သိရင် ကျေနပ်ပါတယ်) - (လုပ်ငန်းရှင်ပြည်သူတစ်ဦး)
1 447
**ဒေသခံတစ်ယောက်ရေးထားတာ**
ပြည်သူတွေရွံမုန်းနေသည့် ကံတလူ စစ်ဆေးရေးဂိတ်
…
စစ်ကိုင်းမြို့က ကံတလူ .. ကတ္တားအကျော် စစ်ဆေးရေးဂိတ်က လူပြောအတော်များနေပြီး နံမယ်ဆိုးတွေ တလှိုင်လှိုင်ထွက်လို့ နေပါတယ် .. တချို့လူတွေဆို ကံတလူဂိတ်ကို ဖြတ်တောင် မဖြတ်ရဲဘူးတဲ့ ..
စစ်ကိုင်းဒေသ လုံခြုံရေးအတွက် စစ်ဆေးတယ်ဆိုပြီး ခရီးသည်တင်ကားပေါ်က အသက် ၁၅ နှစ်ကနေ ၄၀ အကြား ယောက်ျားလေးတွေကို ပြည်သူ့စစ်မှုထမ်းအတွက်ဆိုကာ အခြားနယ်ကလူတွေပါ အတင်းဖမ်းလို့ ပြည်သူတွေ နာကြဉ်းနေကြတယ် .. ဖမ်းတဲ့သူတွေကလဲ အရပ်ဝတ်တွေနဲ့ .. စစ်တပ်ကလို့တော့ ပြောတယ် .. ပြီးရင် ပိုက်ဆံနဲ့ ပြန်ရွေးခိုင်းတယ် .. ပွဲစားတွေလား မသိ ..
ပိုက်ဆံမတတ်နိုင်တဲ့လူတွေကျတော့ ပြည်သူ့စစ်မှုထမ်း ခေါင်းစဉ်တပ် ဖုန်းတွေသိမ်း၊ တပ်ထဲကိုသွင်းလိုက်တယ် .. အတင်းတပ်ထဲသွင်းခံရတဲ့အတွက် အဲလူတွေက ထွက်ပြေးပြီး အကြမ်းဖက်အဖွဲ့ကို ရောက်သွားတဲ့သူတွေလဲ ရှိတယ် ..
အခုလို ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဌာန်းချက်ကို ကျော်ပြီး အောက်ခြေကလူတွေက လုပ်စားနေကြတာ စစ်တပ်ရဲ့ပုံရိပ်ကို ထိခိုက်ကျဆင်းစေတယ် .. တမင် လုပ်နေသလားတော့ မသိ .. ဒီကိစ္စတွေကို တာဝန်ရှိသူတွေကို တိုင်ကြားပေမယ့်လဲ အရေးယူဖြေရှင်းပေးတာ တစ်ခုမှ မရှိဘူးလို့ သိရတယ် .. ငါးသလောက် လိုပေါ့ .. ပေါင်းစားတော့ အရိုးမစူးဘူးပေါ့လေ ..
အော် .. ဒုက္ခ ဒုက္ခ
ငါတို့တွေက အကုန်လုံးကို ကြောက်နေရပါလား
(စစ်ကိုင်းသား မောင်စိန်)
သတင်းလမ်းညွှန်
