en
Feedback
𝗧𝘂𝘂𝗡𝗮 𝗘𝗿𝗮 ⋆. 𐙚 ˚🍒

𝗧𝘂𝘂𝗡𝗮 𝗘𝗿𝗮 ⋆. 𐙚 ˚🍒

Open in Telegram

𝐈’𝐦 𝐡𝐞𝐫𝐞 𝐭𝐨 𝐥𝐞𝐚𝐫𝐧, 𝐟𝐚𝐢𝐥, 𝐚𝐝𝐚𝐩𝐭, 𝐚𝐧𝐝 𝐠𝐫𝐨𝐰 𝐞𝐯𝐞𝐫𝐲 𝐬𝐢𝐧𝐠𝐥𝐞 𝐝𝐚𝐲 ☘️>⁠.⁠< join me^᪲ !!!!🌷🤍 𝗢𝘄𝗻𝗲𝗿 𝗗𝗺 - @tdhvhk

Show more
280
Subscribers
No data24 hours
No data7 days
+230 days
Posts Archive
စိတ်ပျော်အောင်နေနည်း * စိတ်ချမ်းသာချင်ရင် စိတ်ချမ်းသာစရာလေးတွေ ရွေးနားထောင် စိတ်ချမ်းသာစရာလေးတွေ ထိတွေ့ကိုင်တွယ်ရမယ်။ * အမှော
စိတ်ပျော်အောင်နေနည်း * စိတ်ချမ်းသာချင်ရင် စိတ်ချမ်းသာစရာလေးတွေ ရွေးနားထောင် စိတ်ချမ်းသာစရာလေးတွေ ထိတွေ့ကိုင်တွယ်ရမယ်။ * အမှောင်ထုကို ဖယ်ရှားချင်ရင် အမှောင်ကိုဖယ်ရမှာမဟုတ်ပဲ အလင်းကိုဆောင်ကျဉ်းရမှာဖြစ်တယ်။ * အကျင့်ဆိုးတွေ ပျောက်ဖို့တကူးတက ကြိုးစားရမှာမျိုး မဟုတ်ပဲ အကျင့်ကောင်းနဲ့အစားထိုးရမှာဖြစ်တယ်။ * တစ်ခါတစ်လေ စိတ်မပါရင်တောင် ရီပါ။ #𝗧𝘂𝘂𝗡𝗮 #Growupchannel

ကံကိုမယုံဘူး ကိုယ်ချစ်တဲ့သူကိုပဲ ယုံတယ် ဆိုတဲ့ မိန်းကလေးလည်း ခုတော့ ကံပါသလောက် ဆိုတာကို လက်ခံတတ်နေပြီ #𝗧𝘂𝘂𝗡𝗮

မိန်းမတစ်ယောက် ဖြစ်လာရင် ကမ္ဘာပျက်နေရင်တောင် အပြုံးမပျက်ဘဲ" ရှင်သန်နိုင်ရမယ်။
-ဟေမာန်

မိန်းမတစ်ယောက်က ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ရင် ယောကျ်ားတွေကို မလိုအပ်တော့တာ မဟုတ်ဘူး။ ယောကျ်ားတစ်ယောက်အတွက် သူပူလောင်
မိန်းမတစ်ယောက်က ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ရင် ယောကျ်ားတွေကို မလိုအပ်တော့တာ မဟုတ်ဘူး။ ယောကျ်ားတစ်ယောက်အတွက် သူပူလောင်မနေချင်တော့တာ သူ့ငယ်ရွယ်မှုကို သူ့အပေါ်စေတနာမရှိတဲ့လူအတွက် အချိန်မကုန်ချင်တော့တာ သူ ပန်းတွေရဖို့ စိန်လက်စွပ်တွေရဖို့ ယောက်ျားတစ်ယောက်ကို မလိုအပ်ချင်တော့တာ ယောက်ျားတစ်ယောက်အတွက် မိန်းမတစ်ယောက်နဲ့မငြင်းခုန်ချင်တော့တာ သူရယ်မောပျော်ရွှင်ဖို့ ယောက်ျားတစ်ယောက်ရဲ့ချစ်တာ မချစ်တာတွေ သူစိတ်မဝင်စားတော့ပါ။ #ဖားစည်ရည်ကျော် #TuuNa

“အမြဲတမ်း ပြတ်မယ်ပြောတာ ကြာလာရင် မကောင်းပါဘူး” ပတ်ဝန်းကျင်မှာ တွေ့ခဲ့ရတဲ့ အတွဲတွေရှိတယ်။ ဘာမဟုတ်တဲ့ကိစ္စလေးတစ်ခုအတွက်နဲ့ ပြတ်မယ် ပြတ်မယ်ဆိုပြီး ပြောချလိုက်ကြတယ်။ တစ်ဖက်က လူက ဘယ်လိုတွေးမလဲ ဂရုမစိုက်ဘူး။ များသောအားဖြင့် အဲ့အကျင့်က ‌မိန်းကလေးတွေမှာ ပိုများပါတယ်။ မိန်းကလေးဆိုတော့ ဆိုးချင်တာလည်းပါကောင်းပါနိုင်တယ်။ ရန်လေးဖြစ် စိတ်လေးဆိုးတာနဲ့ ပြတ်မယ်ဆိုပြီး ပြောချလိုက်ကြရော အဲ့အပြုအမူက တကယ်တော့ မှားယွင်းနေပါတယ်နော်။ ပြတ်မယ်လို့ပြောတဲ့လူက လုံးဝမပြတ်နိုင်တဲ့လူဖြစ်ပြီး ပြတ်မယ်လို့ တစ်ခါမှ မပြောဖူးတဲ့လူကသာ ပြတ်သွားလည်း နေနိင်တဲ့သူဘဲဆိုတဲ့ စကားကို ကြားဖူးကြမှာပါ။ အိုကေ အဲ့စကားကို တစ်ချက် ရှင်းပြပေးချင်တယ်။ ဘာလို့ ပြတ်မယ်လို့မပြောတဲ့လူက ပြတ်သွားလည်း သူ့ဘာသူ အေးဆေးနေနိုင်သွားလဲ သိလား ပြတ်မယ်လို့ပြောတဲ့သူကြောင့်ပါဘဲ။ ဒီလိုပါ.. အဲ့ဒီ ပြတ်မယ်ဆိုတဲ့စကားကို လွယ်လွယ်ကူကူနဲ့ ပြောထွက်တဲ့ဘက်က တစ်ဖက်သူရဲ့ခံစားချက်တွေကို ထည့်မထွက်ဘဲ ပြောချလိုက်တာကို သတိထားမိရဲ့လား အဲ့လို ခဏခဏ အပြောခံနေရပါများလာတဲ့အခါ ပြတ်မယ် အပြောခံ ရတဲ့လူရဲ့စိတ်ထဲမှာက “ဟာ သူတကယ်ဘဲ ငါ့ကို ပြတ်ချင်တာ ငါကဘဲ အချိန်တိုင်း ဆွဲထားရတာ ငါလည်း အောက်တယ်” ဆိုပြီး ထင်ကောင်းထင်လာနိုင်ပါတယ်။ အဲ့ဒီလိုထင်တာများသွားတဲ့အခါ စိတ်က နေသားကျသွားပါပြီ။ အဲ့ဒီအချိန်မှာ တစ်ဖက်က ပြတ်မယ်လို့ ပြောတဲ့ အခါ မဆွဲထားတော့ပါဘူး။ ပြတ်ဆိုပြီး သဘောတူလိုက်ကြပါတယ်။ ပြတ်ပြီးသွားရင် အရင်ဆုံး Move on လုပ်နိုင်တာကလည်း ပြတ်မယ်လို့ ခဏခဏ အပြောခံရတဲ့လူတွေပါဘဲ။ ဒါဆို ခုနကပြောတဲ့စကားရဲ့ အဓိပ္ပါယ်ကို ရှင်းသွားလောက်ပါပြီ။ ခဏခဏ နာရပါများလာတဲ့အခါ အတည်ထင်သွားပြီး လွှတ်ချရဲတဲ့ သဘောမျိုးပါ။ ဒါကြောင့် သတိထားကြပါ။ ကိုယ် ဒါမှမဟုတ် ကိုယ့်ချစ်သူဆီက ပြတ်မယ်လို့ ခဏခဏကြားရတာဖြစ်ဖြစ် ကိုယ်ကပြောလိုက်တာဖြစ်ဖြစ် သတိထားပါ။ ပျော်ပျော်ရွှင်ရွှင်လေးရှိနေရတဲ့အချိန်မှာ ဘာအတွက်နဲ့ အပျက်စကားတွေပြောပြီး အချင်းချင်း ဒဏ်ရာတွေပေးနေကြမှာလဲကွယ်။ -သက်ထားရွှေစင်(THSS)- #TuuNa

ဝါသနာအရပါ သီချင်းဆိုရင် အက်အသံဖြစ်သွားတာကိုတော့ မတတ်နိုင်ပု😒🤷‍♀ #𝗧𝘂𝘂𝗡𝗮

94% ထဲပါသွားပီ ☺️ #𝗧𝘂𝘂𝗡𝗮
94% ထဲပါသွားပီ ☺️ #𝗧𝘂𝘂𝗡𝗮

အချစ်ရေးမှာ လူတော်နဲ့တွေ့ဖို့ထက် လူကောင်းနဲ့တွေ့ဖို့က ပိုအရေးကြီးတယ်။ တကယ်တော့ကျွန်တော်က လူကောင်းဆိုတာကို သိပ်စိတ်ဝင်စားတဲ့ထဲမပါဘူး ။ လူတော်တွေကိုပဲ အထင်ကြီးတာ ၊ဘဝမှာလည်း လူတော်တွေနဲ့ပဲ တွေ့ချင်ခဲ့တာ ဒါပေမဲ့ ဖြတ်သန်းသင့်သလောက်ဖြတ်သန်းပြီး လူတွေနဲ့တွေ့ဆုံသင့်သလောက်တွေ့ဆုံပြီးတဲ့အခါမှာတော့ ဘဝမှာ အမြဲအတူတူ ယဉ်တွဲနေထိုင် ပတ်သက်ရမဲ့လူဆိုရင် လူတော်ဖြစ်ဖို့ထက် လူကောင်းဖြစ်ဖို့က ပိုအရေးကြီးပါလား ဆိုတာ သိလိုက်ရတယ်။ လူတစ်ယောက်ဟာ သူ့ဘာသာ တော်နေပေမဲ့ တစ်ကိုယ်ကောင်းဆန်နေမယ်၊ တာဝန်ယူစိတ်မရှိဘူး ၊အသိတရားမရှိဘူး၊ကိုယ်ချင်းစာနာစိတ်မရှိဘူးဆိုရင် အဲ့ဒီလူဟာ ကျွန်တော်တို့ဘဝအတွက် ဘယ်လိုမှ သင့်တော်တဲ့လူမဖြစ်နိုင်ဘူး ဒါကြောင့်ကျွန်တော်ကတော့ ဘဝမှာ လူတစ်ယောက်ကို ရွေးချယ်တဲ့အခါ သူဟာ ကိုယ့်ခံစားချက်တွေ အပေါ်အလေးထားမှုရှိလား၊သူ့ဘဝထဲက ကိုယ့်ဖြစ်တည်မှုအပေါ်မှာကော တန်ဖိုးထားပေးရဲ့လား ၊ သူကိုယ်တိုင် ကော သူ့ဘဝမှာ ကြိုးစားနေထိုင်တတ်ပြီး တာဝန်ယူတဲ့စိတ်ဓါတ်ရှိတဲ့လူဖြစ်ရဲ့လား ဆိုတဲ့ လူကောင်းဖြစ်လား ၊တာဝန်ကော ကျေတတ်လား ဆိုတာနဲ့ပဲ ဆုံးဖြတ်တော့တယ်။ လူတစ်ယောက်က သူ့ဘာသာ ဘာကြီးပဲဖြစ်နေနေပါ ကိုယ့်အပေါ် ချစ်မြတ်နိုးမှ၊တန်ဖိုးထားဦးမှ သူ့ဘဝထဲ ကိုယ်ရှိနေတာလေးကို ချစ်ခင် သဘောကျမှ ဆက်ဆံရေးတွေက တန်ဖိုးရှိပြီး လှပတာပါ။ #TuuNa

တူးန ဒါလေးဂျွိုင်းဖြစ်တယ်🙈💋 Mental Coaching တီချယ်ချောချောလေးအလှမှာလဲ ကျရှုံးရတာတမျိုး🌝 ဆွေးနွေးတိုင်ပင်လိုက်ရ‌တော့ စိတ်တွ
တူးန ဒါလေးဂျွိုင်းဖြစ်တယ်🙈💋 Mental Coaching တီချယ်ချောချောလေးအလှမှာလဲ ကျရှုံးရတာတမျိုး🌝 ဆွေးနွေးတိုင်ပင်လိုက်ရ‌တော့ စိတ်တွေကြည်လင်လန်းဆန်းပီး ယုံကြည်မှု‌တွေရှိသွားတာတမျိုးနဲ့ တန်မှတန်ပဲနော်✨✨🌸 ခုလိုစိတ်‌ထွေပြားလွယ်တဲ့ခေတ်မျိုးမှာ စိတ်ဝင်စားသင့်တယ်နော် ဒါမျိုးကို🤗🤭 တို့ကတော့ ဂျွိုင်းပီးပီ🙂‍↔️ စေတနာနဲ့လာပြတာ🙂‍↕️🙌 #TuuNa

"သင့်ရဲ့ စိတ်ဖိစီးမှုနဲ့ အတွေးလွန်တာတွေကို ၁ နာရီအတွင်း အတူတူ ရှင်းထုတ်ကြမလား?" 🍃 စိတ်ရှုပ်ထွေးနေတာတွေ၊ လမ်းပျောက်နေသလို ခံစ
"သင့်ရဲ့ စိတ်ဖိစီးမှုနဲ့ အတွေးလွန်တာတွေကို ၁ နာရီအတွင်း အတူတူ ရှင်းထုတ်ကြမလား?" 🍃 စိတ်ရှုပ်ထွေးနေတာတွေ၊ လမ်းပျောက်နေသလို ခံစားရတာတွေကို တစ်ယောက်တည်း ကြိတ်မှိတ် ကြံ့ကြံ့ခံမနေပါနဲ့တော့… Coach Kally ရဲ့ 1-on-1 Coaching & Healing Session မှာ: 🔹 ၅၀ မိနစ်: သင့်ပြဿနာတွေကို သေချာ နားထောင်ပေးပြီး လမ်းကြောင်းမှန် အဖြေရှာပေးခြင်း 🔹 ၁၀ မိနစ်: Positive Energy & Belief System စိုက်ပျိုးပေးမယ့် Mindfulness Music Healing 📌 Special Healing Fee: 30,000 MMK ➔ 10,000 MMK (၁ နာရီ အပြည့်) ⚠️ Energy အပြည့်ပေးချင်တာမို့လို့ တစ်ပတ်ကို ၅ နေရာပဲ လက်ခံပေးပါမည်။ 📩 စာရင်းပေးသွင်းရန်/စုံစမ်းရန် 👉 [https://t.me/kallymelissa] "သင့်ရဲ့ မသိစိတ်ကို ပြန်လည် ကုစားဖို့ ဒီနေ့ပဲ အစပြုလိုက်ပါ" ✨
“ This is the new announcement of 1 on 1 Coaching And Healing Session”
#MentalhealingbyKally #Kally #coaching #healing #newannouncement

နေ့စဉ် သတိကပ်ထားသင့်တဲ့ အရာတစ်ခုဟာ လူတွေနဲ့ ပတ်သက်ပြီး Sensitive ဖြစ်နေလို့ မရဘူး ဆိုတာပါပဲ …. ။ လူတိုင်းဟာ ခံယူချက်ချင်း တွေခေါ်ပုံချင်း တူကြတာမှ မဟုတ်ပဲ ။ ကိုယ့်အတွက် Serious ဖြစ်စရာ ကိစ္စတွေမှာ သူ့အတွက် သာမန်လို့ထင်နေရင် ပြဿနာ တက်မယ် ။ ကိုယ်ကတော့ ဘာမဟုတ်တာလေး ပြောလိုက်ပေမဲ့ သူ့ဘက်က အတည်ယူနေရင် စကားများရတယ် ။ ပြဿနာတွေ ဘယ်ကစလဲအဖြေရှာကြည့်ရင် မတူတဲ့ ခံယူချက်တွေ .. အမြင်တွေကပဲ မဟုတ်လား ။ ဆိုတော့ … ကိုယ့်စိတ်နဲ့ မရသူတွေနဲ့ဆို ဝေးဝေးနေရမယ် ။ ကိုယ့်ကို သဘောမကျဘူးဆိုတဲ့ အရိပ်ယောင်တွေ မြင်ရင်လည်း မပတ်သက်မိအောင်နေရမယ် ။ သူက ဘာဖြစ်လို့ကိုယ်ကဖြင့် ဘယ်လိုကြောင့်မို့ ဆိုပြီး စကားတွေ အများကြီးပြောမနေပါနဲ့တော့ ။ မတူဘူးထင်တဲ့ အခြေနေတွေ အတွေးခေါ်တွေကိုလည်း လိုက် မညှိယူပါနဲ့ ။လူတွေဟာ ကျင်လည်ခဲ့ရတဲ့ မိသားစု အသိုင်းဝိုင်း ပတ်ဝန်ကျင် ၊ ပြုစုပျိုးထောင်ခံရပုံခြင်း တူကြတာမှမဟုတ်ပဲ ။ မတူညီခြင်းတွေအများကြီးကြားက လူတွေမို့ သဘောထားချင်း မတိုက်ဆိုင်တာတွေ အတွေးခေါ် မတူညီတာတွေကလည်း ရှိနေမှာပါပဲ ။ ကိုယ်တွေးသလို မတွေးပေးလို့လည်း ဝမ်းနည်းဖို့ မလိုဘူး ၊ သူများအကြိုက်လိုက်ရင်းလည်း ကိုယ့်ကိုကိုယ် အထိခိုက်ခံဖို့ မလိုဘူး ။ သဘောထားချင်းမတူလို့ ပြဿနာဖြစ်တဲ့အခါ သူက ကိုယ်မှမဟုတ်တာပဲလို့ တွေးရင်းသာ အေးချမ်းစွာဖြင့် ငြိမ်သက်နေလိုက်ပါ …. ။ #crd #TuuNa

စာလု- ပ်ရတာပျော်တယ် ဘာပျော်တာလဲဆို အိ- ပ်ပျော်တာလေ🥲
စာလု- ပ်ရတာပျော်တယ် ဘာပျော်တာလဲဆို အိ- ပ်ပျော်တာလေ🥲

တူးနရဲ့ ခင်ကာစ သူငယ်ချင်း‌လေး ရဲ့ Channel လေးနဲ့မိတ်ဆက်ပေးချင်တယ်✨💗 အာ့လေးကတော့ ထိထိရောက်ရောက်နဲ့ကိုယ်လိုချင်တဲ့mentalအခြေအနေတွေ အောင်မြင်မှုတွေဆီကိုအရောက်လှမ်းနိုင်အောင် Challenge လေးတွေနဲ့ Support ပေးမဲ့ Healing by Kally ဆိုတဲ့ Channel လေးပါ💋🫶 Grow up & Healing 2မျိုးလုံးဖြစ်ချင်တဲ့ သူလေးတွေနဲ့သင့်တော်တာမို့ မဖြစ်မနေဂျွိုင်းထားသင့်တဲ့ Channel လေးတခုပါပဲနော်🦋🤍 အားလုံးပဲတူးနနဲ့အတူjoinထားကြစို့နော် https://t.me/mentalhealingbykally ဂျွိုင်းထားပီးရင် စိတ်ကိုhealingဖြစ်လာတော့မယ်ဆိုတဲ့အတွေးလေးနဲ့ Done🌷လို့ မန့်ခဲ့ပေးနော် #𝗧𝘂𝘂𝗡𝗮 #Healingbykally #Done #Growupchannel

အိပ်လိုက်ပေမယ့် မအိပ်လိုက်ရသလိုပဲ။ အိပ်ပျော်သွားပေမယ့် မအိပ်လိုက်ရသလိုခံစားရတယ်။ ဖြစ်ဖူးကြလား? #𝗧𝘂𝘂𝗡𝗮

ဂျိုပေါက်နေတာကြာပေါ့ #𝗧𝘂𝘂𝗡𝗮
ဂျိုပေါက်နေတာကြာပေါ့ #𝗧𝘂𝘂𝗡𝗮