𝗧𝘂𝘂𝗡𝗮 𝗘𝗿𝗮 ⋆. 𐙚 ˚🍒
Open in Telegram
𝐈’𝐦 𝐡𝐞𝐫𝐞 𝐭𝐨 𝐥𝐞𝐚𝐫𝐧, 𝐟𝐚𝐢𝐥, 𝐚𝐝𝐚𝐩𝐭, 𝐚𝐧𝐝 𝐠𝐫𝐨𝐰 𝐞𝐯𝐞𝐫𝐲 𝐬𝐢𝐧𝐠𝐥𝐞 𝐝𝐚𝐲 ☘️>.< join me^᪲ !!!!🌷🤍 𝗢𝘄𝗻𝗲𝗿 𝗗𝗺 - @tdhvhk
Show more280
Subscribers
No data24 hours
No data7 days
+230 days
Posts Archive
𝘓𝘪𝘧𝘦 𝘪𝘴 𝘵𝘰𝘰 𝘴𝘩𝘰𝘳𝘵 𝘵𝘰 𝘭𝘪𝘷𝘦 𝘸𝘪𝘵𝘩 𝘢 𝘯𝘦𝘨𝘢𝘵𝘪𝘷𝘦 𝘮𝘪𝘯𝘥𝘴𝘦𝘵. 𝘉𝘦 𝘩𝘢𝘱𝘱𝘺, 𝘭𝘦𝘵 𝘪𝘵 𝘨𝘰, 𝘣𝘦 𝘧𝘳𝘦𝘦, 𝘣𝘦 𝘱𝘰𝘴𝘪𝘵𝘪𝘷𝘦, 𝘤𝘩𝘢𝘯𝘨𝘦, 𝘣𝘦 𝘬𝘪𝘯𝘥, 𝘢𝘯𝘥 𝘮𝘢𝘬𝘦 𝘭𝘪𝘧𝘦 𝘸𝘰𝘳𝘵𝘩 𝘭𝘪𝘷𝘪𝘯𝘨
သူငယ်ချင်းတယောက်ကပြောလေ့ရှိတယ် နင်ပျော်သလိုနေ ပျော်သလိုလုပ်တဲ့
ဘဝမှာ အမြဲပျော်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပေမယ့် တတ်နိုင်သလောက် ပျော်အောင်နေပါ
အနည်းဆုံးတော့ ပျော်နိုင်ဖို့ ကြိုးစားရမှာပဲ ကိုယ့်စိတ်လေးအေးချမ်းဖို့က အဓိကမလား
#𝗧𝘂𝘂𝗡𝗮
ကျွန်မဘဝမှာ ခွင့်လွှတ်တာကတစ်ပိုင်း မမေ့တာက တစ်ပိုင်းဖြစ်တယ်။ လူတွေအားလုံးကို ခွင့်လွှတ်လို့ရပေမယ့် ခံစားခဲ့ရတဲ့ဒဏ်ရာတွေကိုတော့ မမေ့နိုင်ခဲ့ဘူး။
#𝗧𝘂𝘂𝗡𝗮
ခန္ဓာကိုယ်က အသက် 20 ဆိုပေမဲ့ ကျောကုန်းနဲ့ ခါးကတော့ အသက် 60 ဘက်ကို ရောက်နေပီ😒
#𝗧𝘂𝘂𝗡𝗮
ကိုယ်သာလျှင် ပုံဖော်သူဖြစ်တယ်
You Become What You Think
အတွေးဘယ်လောက်များနေပါစေ၊ ကိုယ်ဖြစ်ချင်တာကို ဖြစ်ခွင့်ရနိုင်မယ့် အခွင့်အရေးနဲ့ စိတ်ပိုင်းဖြတ်ပိုင်ခွင့် “စိတ်စွမ်းအား” က လူတိုင်းမှာ ရှိနေတယ်။ ထင်ယောင်ထင်မှား ဖြစ်နေ စရာမလိုဘဲ၊ ကိုယ့်လက်ကိုယ့်ခြေကို အသုံးချဖို့ ရဲစွမ်းသတ္တိရှိနိုင်ဖို့ပဲ လိုအပ်တယ်။ ဒါကြောင့်လည်း ငါ့ဘဝရဲ့ ပထမဆုံး လောင်းရိပ်လွတ် အတွေးဟာ ကိုယ်ပိုင်စိတ်နဲ့ စိတ်စွမ်းအားရှိတာကို လက်ခံတဲ့ အတွေးပဲ ဖြစ်ရမယ်။
အတွေးမပြောင်းသရွှေ့တော့ ဘဝပြောင်းမှာမဟုတ်ပါ။
-တည့်တည့်တွေးစာအုပ်မှ
#𝗧𝘂𝘂𝗡𝗮
+1
ချောကလက်ဘူးကို 2ရက်နဲ့အပီးဖြတ်တဲ့ကျယ်မရယ်ပါ😿🥹
ချောကလက်သရဲမို့ စားမိပီဆိုရပ်မရတော့ဖူး😋
ဒီလောက်အချိုကြိုက်နေရင်
အသက်40/50လောက်ဆို ဆီးချိုသွေးချိုတက်လောက်မယ်💀⚰️
စေ့ညစ်ပါတယ်😔😞
တူးနလိုပဲ ချောကလက်သရဲတွေရှိရင် မန့်ခဲ့ကြပါအူးလို့ သူများတွေက ကော်ဖီကြိုက်တာ ကျမကချောကလက်ပဲကြိုက်တယ်🍫💝#𝗧𝘂𝘂𝗡𝗮 #chocolatelover
လူတွေမကြည့်နေရင်တောင်
လူကောင်းဖြစ်နေဖို့လိုတယ်
လူတွေမကြည့်နေရင်တောင်
စည်းကမ်းရှိနေဖို့လိုတယ်
လူတွေမကြည့်နေရင်တောင်
ဥပဒေလိုက်နာဖို့လိုတယ်
လူတွေမကြည့်နေရင်တောင်
သီလစောင့်ထိန်းဖို့လိုတယ်
အဲ့ဒါကမှ character
development အစစ်လို့ဆိုနိုင်တယ်
#𝗧𝘂𝘂𝗡𝗮
မဆိုးလို့သာပေါ့ ဆိုးများဆိုးရင် နောင်ဘဝတောင်ကူးလောက်ပီ
စိတ်ကနု အတွေးများတတ်ပီး လူတယောက်ကို ယုံကြည်ဖို့ အရမ်းကြောက်တတ်တဲ့ ကျမလို ကောင်မလေးအမျိုးအစားမျိုးကတော့ အရမ်းရမ်းဂရုစိုက်ခံရမှပဲ ရင်ခွင်ထဲပျော်မွေ့ရဲတာပါ
#𝗧𝘂𝘂𝗡𝗮
မရဖူး ကိုကို့ရင်ခွင်ထဲမာ ပျော်မွေ့နေပီဖြစ်ကြောင်း လူကောင်းသူကောင်းကို ရှာယူသင့်ကြောင်းပါထည့်ပြော 🤩
ဘာတုန်း မသိရင် အကုန်ဆိုးနေတာကျနာပဲဗျာ 🤩
ကြံကြီးစည်ရာ 🤩
#GenZ@GenZGameShop
သူကျတော့ ကိုကိုဆိုသူကြီးနဲ့ ကြူးနေပီးတော့ မယုံကြပါနဲ့ Subလေးတို့ 🤩
ပုံ - တူးနယောင်္ကျား 🤩
#GenZ@GenZGameShop
ထရော်မာမရချင်ရင် ဟွန်းဟွန်း သတိပေးတယ်နော်
ငယ်ရွယ်ချိန်မှာတော့ Is not safe ပဲ
#TuuNa
Motivation ဆိုတာ ဧည့်သည်ပါ... အိမ်ရှင်က Discipline ပါ
လူငယ်တွေ အဖြစ်အများဆုံး အကျင့်လေးတစ်ခုအကြောင်းကို ပြောပြချင်ပါတယ်။
အဲ့ဒါကတော့ "Mood မလာသေးလို့... စိတ်မပါသေးလို့..." ဆိုပြီး ကိုယ်လုပ်ရမယ့် အလုပ်တွေ၊ လေ့လာရမယ့် စာတွေကို နောက်ဆုတ်တတ်တဲ့ အကျင့်လေးပါ။
တကယ်တော့ Motivation ဆိုတာ ရာသီဥတုလိုပါပဲတဲ့။ တစ်ခါတလေ နေသာသလို၊ တစ်ခါတလေ မိုးရွာတတ်တယ်။
သူက ဧည့်သည် တစ်ယောက်လိုပဲ၊ လာချင်တဲ့အချိန်လာပြီး ပြန်ချင်တဲ့အချိန် ပြန်သွားတတ်တယ်။ အဲ့ဒီ ဧည့်သည်ကိုပဲ ထိုင်စောင့်ပြီးမှ ငါ့ဘဝကြီးကို တည်ဆောက်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ အိပ်မက်တွေက အများကြီး နောက်ကျကျန်ခဲ့ပါလိမ့်မယ်။
အောင်မြင်နေတဲ့သူတွေ၊ သူများထက် ခြေတစ်လှမ်း သာနေတဲ့သူတွေဟာ Motivation ရှိလို့ အမြဲတမ်း တက်ကြွနေကြတာ မဟုတ်ပါဘူး။ သူတို့ဆီမှာ Discipline လို့ခေါ်တဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းကျောင်းနိုင်တဲ့ စည်းကမ်း ရှိလို့ပါ။
• ပျင်းနေပေမဲ့လည်း စာအုပ်ကို ဆွဲဖွင့်ပြီး ၅ မိနစ်လောက်ပဲဖြစ်ဖြစ် ဖတ်လိုက်တာ။
• အိပ်ချင်နေပေမဲ့လည်း ကိုယ်စွဲကိုင်ထားတဲ့ ရည်မှန်းချက်လေးအတွက် အိပ်ရာထဲကနေ ရုန်းထွက်လိုက်တာ။
• စိတ်မပါတဲ့ နေ့တွေမှာတောင် ကိုယ်လုပ်ရမယ့် တာဝန်ကို ပြီးမြောက်အောင် အနည်းဆုံး ခြေတစ်လှမ်း လှမ်းလိုက်တာ။
ဒါတွေက Discipline ပါပဲ။ ခံစားချက်နောက်ကို မလိုက်ဘဲ၊ ရည်မှန်းချက်နောက်ကို လိုက်တာပါ။
စာဖတ်သူလေးတို့ရော... Mood လာမယ့်အချိန်ကို ထိုင်စောင့်နေရင်း အချိန်တွေ အလဟဿ ကုန်ဆုံးခဲ့ရတဲ့ နေ့ရက်တွေ ရှိခဲ့ဖူးလားနော်။
ဒီနေ့ကစပြီး ပြောင်းလဲကြည့်ရအောင်။ စိတ်မပါလည်း စလုပ်ကြည့်လိုက်ပါ။ စလုပ်လိုက်တဲ့ အခိုက်အတန့်လေးကပဲ Motivation ကို အလိုလို ပြန်ခေါ်လာပေးပါလိမ့်မယ်။
အနာဂတ်က ကိုယ့်အတွက် ဒီနေ့မှာ ပျင်းရိခြင်းတွေကို ခဝါချပြီး အကောင်းဆုံး ကြိုးစားလိုက်ကြရအောင်။
မှတ်ချက်။ ။ ကျွန်မလည်း စာလုပ်ဖို့ပျင်းနေတာပါလို့ 😆
#Moti
#Life_Success
#credit
#𝗧𝘂𝘂𝗡𝗮
ထိရောက် ခိုင်မြဲအောင်လုပ်ရမဲ့အရာမှန်သမျှက
စလုပ်နိုင်ဖို့ဆိုရင် Motivation လိုတယ်
ဆက်လုပ်နိုင်ဖို့ဆိုရင် စည်းကမ်း လိုတယ်
အဆုံးထိနိုင်ဖို့ဆိုရင် ခံနိုင်ရည်ရှိဖို့ လိုတယ်
#𝗧𝘂𝘂𝗡𝗮
" မျှော်လင့်ချက်တွေသာမထားခဲ့ရင် စိတ်ထိခိုက်စရာတွေလည်း ရှိလာမှာမဟုတ်ဘူး "
ရှင်သန်လာရင်းက သိလာတာ ကိုယ်နာကျင်ရတဲ့ အရာရာတိုင်းဟာ ကိုယ့်မျှော်လင့်ချက်ကြောင့်ပဲ ။ ကိုယ့်အတွက်သူရှိနေမှာပါလို့ ထင်ခဲ့တဲ့အရာက အမြဲမှားနေတယ် … သူနဲ့အတူဆိုတဲ့ မျှော်လင့်ချက်တွေက ဘယ်တောမှ အတည်မဟုတ်ခဲ့ဘူး ။ ပျော်ရွှင်မှုတွေကို ရနေတုန်း ခံစားပြီး မပျော်တော့တဲ့နေ့တွေမှာလည်း ပြိုလဲမသွားဖို့ပဲ ကြိုးစားရမယ် ။ အများကြီးမမျှော်လင့်ပဲ ဒီနေ့အတွက်ပဲ ကောင်းကောင်းနေထိုင် ၊ ဒီနေ့မှာပဲ ချစ်ချစ်ခင်ခင်ဆက်ဆံပြီး … မနက်ဖြန်တွေဆိုတာကို မေ့ထားလိုက်တာကောင်းပါတယ် ။
မနက်ဖြန်တွေက ကြိုမမြင်နိုင်သလို ဘာတွေဖြစ်လာဦးမလဲဆိုတာ မသိနိုင်တာမို့လေ … ။
#TuuNa
#ကြည်လင်ခြင်းရဲ့နေ့စွဲများ စာအုပ်မှ 🤍📚
“မတူရင် မတုနဲ့” ဆိုတဲ့စကား
သိပ်ကိုမှန်တယ်
ကိုယ်နဲ့ ဘဝဖြတ်သန်းခဲ့ပုံမတူဘူး
လေ့လာသင်ယူခဲ့ပုံမတူဘူး
အားသာချက်မတူဘူး
ယုံကြည်ချက်မတူဘူး
လုပ်ကိုင်နိုင်စွမ်းမတူဘူး
အဲ့ဒီလို မတူတဲ့လူတစ်ယောက်ရဲ့
ဘဝကိုကြည့်ပြီး
သူလုပ်တာလိုက်လုပ်
သူရွေးတာလိုက်ရွေး
သူသွားတဲ့လမ်းအတိုင်း လိုက်သွားနေရင်
ကိုယ့်အတွက် အလုပ်ဖြစ်ချင်မှ ဖြစ်မယ်
သူများဆီက သင်ယူတာကောင်းတယ်။
သူတို့ရဲ့ စဉ်းစားပုံဆုံးဖြတ်ပုံ
အတွေ့အကြုံတွေကို ယူလို့ရတယ်
ဒါပေမယ့် ကိုယ့်ဘဝထဲရောက်လာတဲ့အခါ
ကိုယ်နဲ့ကိုက်အောင် ပြန်ပြင်ဖို့လိုတယ်
လူတိုင်းမှာ သူ့ Context နဲ့သူရှိတယ်
သူများဆီက နည်းလမ်းကိုယူပါ
သူများရဲ့ဘဝကိုတော့ ကူးမချပါနဲ့
#credit
#𝗧𝘂𝘂𝗡𝗮
ဘေးစောင်းရုပ်ထွက် ပိုမိုလှပပြီး မေးရိုးထင်ရှားစေ မယ့် နည်းလမ်းများ
#𝗧𝘂𝘂𝗡𝗮
#Side profile glow up
#dailybeautytips
#GlowUp
#dailyexercises
