en
Feedback
𝗧𝗲𝗰𝗵𝟰𝗨 𝗠𝘆𝗮𝗻𝗺𝗮𝗿

𝗧𝗲𝗰𝗵𝟰𝗨 𝗠𝘆𝗮𝗻𝗺𝗮𝗿

Open in Telegram

Programming • Networking • Database • Cybersecurity 🛡️ New tutorials and updates posted daily! ✅ Click to learn more. https://youtube.com/@tech4u-mm?si=ZK9X8GQ0nn7sG2oZ

Show more
5 654
Subscribers
+324 hours
+77 days
+6230 days
Posts Archive
💻 Tech နယ်ပယ်မှာ အလုပ်လုပ်မယ်ဆိုရင် ဒီ ၅ ချက်ကို သိထားပါ! --- မကြာသေးခင်က ဖတ်ခဲ့တဲ့ article တစ်ခုကို အခြေခံပြီး နည်းပညာနယ်ပယ်မှာ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အကောင်းဆုံးရွေးချယ်မှုများပြုလုပ်နိုင်ရန် အကြံပြုချင်ပါတယ်ဗျ၊ 1️⃣ "ကိုယ်သင်ယူမယ့် နည်းပညာကို သေချာရွေးပါ" - ဘာကြောင့်အရေးကြီးလဲ? အလုပ်အင်တာဗျူးမှာ HRတွေက CV ကို ၅စက္ကန့်ပဲကြည့်ပြီး "Keyword Matching" နဲ့ပဲ Auto-Reject လုပ်လေ့ရှိပါတယ်။ ဆိုလိုတာ ဥပမာ: Java 5နှစ်အတွေ့အကြောင်းလိုတဲ့အလုပ်မှာ JavaServer Faces (JSF) 10နှစ်အတွေ့အကြုံ လို့ ကိုယ်က CV မှာရေးထားရင် ကိုယ့် CV အပယ်ခံရနိုင်တယ် ဒါဆိုနည်းပညာဘယ်လိုရွေးမလဲ? - အခုလူသုံးများနေတဲ့နည်းပညာ (React, Python, Flutter) တွေကို သင်တာတို့။ - ခေတ်ကုန်သွားတဲ့နည်းပညာ (PHP, jQuery) တွေကို ရှောင်တို့လုပ်သင့်ပါတယ်။ --- 2️⃣ "လစာများတိုင်း ကောင်းတာမဟုတ်ပါဘူး" - ဘာတွေသတိထားရမလဲ? - လစာ ၂ ဆပေမယ် တစ်ပတ်ကို ၈၀နာရီအလုပ်လုပ်ဆိုရင် နောက်ပိုင်း ကြာလာရင် စိတ်ဖိစီး နဲ့ ကျန်းမာရေးပျက်စီး တွေထိခိုက်လာနိုင်ပါတယ်။ ဒါအပြင် - COBOL လို ခေတ်နောက်ကျနည်းပညာ မှာ လစာကောင်းကောင်းနဲ့ အလုပ်လုပ်နေပေမယ့် နောက် ၅နှစ်မှာ အလုပ်ရပ်သွားနိုင် ပါတယ်။ - ဒါဆိုဘယ်လိုရွေးကြမလဲ? - လစာ နဲ့ နည်းပညာအသစ်သင်ခွင့် အပါအဝင် အလုပ်ချိန်မှန်တာ တို့ကိုပါထည့်သွင်းစဉ်းစားပြီး အလုပ်ကိုရွေးချယ်သင့်ပါတယ်။ --- 3️⃣ "နည်းပညာတစ်ခုရဲ့ Shelf Life သက်တမ်းက ၃နှစ်ပါပဲ" နည်းပညာတစ်ခုဟာ ကြာရှည်စွာ တည်ရှိနေနိုင်ပေးမဲ့ ပုံမှန်အားဖြင့်ဆို ၃ နှစ်ကျော်သွားရင် Shelf Life ကျဆင်းသွားတက်ပါတယ်။ ဒါကြောင့် နည်းပညာ တစ်ခုကို သင်ယူတော့မယ်ဆို နောက် ၃ နှစ် ဆိုတာကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။ - ဥပမာ: - Ruby on Rails (2015-2018): အဆင့် ၅ ကနေ ၁၀ ကျဆင်း - PHP (2019-2022): အဆင့် ၄ ကနေ ၇ ကျဆင်း - TypeScript (2017-2020): အဆင့် ၁၀ ကနေ ၄ ထိတက်လာ - ဘာလုပ်ရမလဲဆိုရင်တော့? - "အခုရေပန်းစားနေတာ" ထက် "နောင်လာမယ့် ၃နှစ်မှာ ဘာတွေရေပန်းစားမလဲ?" ဆိုတာကိုကြည့်ပါ။ --- 4️⃣ "(Bleeding Edge Tech) အသစ်ထွက်ပေါ်လာတဲ့နည်းပညာတွေမှာ မြှုပ်နှံမယ်ဆိုရင်" - ဥပမာ (2014): - Cloud Foundry vs Kubernetes ထွက်လာတုန်းက Cloud Foundry ကိုရွေးခဲ့သူတွေက ၃နှစ်အကြာမှာ အလုပ်အကိုင် တွေထိခိုက်ပြီး Kubernetes ကိုရွေးခဲ့သူတွေ က လစာ ၂-၃ဆတိုး လာကြပါတယ်။ - ဘာလုပ်သင့်လဲ? - အသစ်တွေကို စမ်းကြည့်ပါ၊ ဒါပေမယ့် အဓိက Skill အဖြစ် မလုပ်ပါနဲ့။ - Backup Plan တွေ(ဥပမာ - Cloud Certificates) ရှိပါစေ။ --- 5️⃣ "အချိန်ဆိုတာ ရွှေပဲ... မလုပ်ဘဲမနေပါနဲ့" - ဥပမာ: - Cloud နည်းပညာကို 6နှစ်နောက်ကျမှ စသင်ရင် အခြားသူတွေနောက် 9နှစ်နီးပါးပါသွားနိုင်ပါတယ်။ - ဘာလုပ်ရမလဲဆိုရင်? - "ဒီအလုပ်က နောက် ၃နှစ်မှာ ငါ့ကို အကျိုးပြုမှာလား?" ဆိုတာ အမြဲမေးပါ။ --- 🎯📌နောက်ဆုံးအနှစ်ချုပ်အနေနဲ့ ဒီအချက်တွေကို မမေ့ပါနဲ့! 1️⃣ နည်းပညာရွေးရင် → "၃နှစ်နေရင် ဒီSkill ရှိနေဦးမလား?" မေးပါ။ 2️⃣ လစာကောင်း + နည်းပညာအဟောင်း → နောက်ပိုင်းဒုက္ခ။ 3️⃣ အရမ်းအသစ်တဲ့နည်းပညာ → ၅၀% အန္တရာယ်ရှိတယ်။ 4️⃣ အချိန်ဆိုတာ Crypto လိုပဲ → မှန်တဲ့အချိန်မှာ Invest မလုပ်ရင် နောက်ကျသွားမယ်**။ 5️⃣ CV မှာ Keywords ပါအောင်ရေးပါ → HRတွေ ၅စက္ကန့်ပဲကြည့်တယ်။ #TechMyanmar #DeveloperTips #TechBurmese #ITCareer #DigitalMyanmar

📚Computation, Cryptography, and Network Security 🔍ဒီစာအုပ်က သင်္ချာနည်းပညာ၊ Cryptography နှင့် ကွန်ရက်လုံခြုံရေး (Network S
📚Computation, Cryptography, and Network Security 🔍ဒီစာအုပ်က သင်္ချာနည်းပညာ၊ Cryptography နှင့် ကွန်ရက်လုံခြုံရေး (Network Security) တို့ကို ပေါင်းစပ်ဖော်ပြထားသော သုတေသနစာတမ်းများ၏ စုစည်းမှုတစ်ခုဖြစ်တယ်။ နိုင်ငံတကာမှ ထင်ရှားသော သင်္ချာပညာရှင်များ၏ ပါဝင်ရေးသားမှုများဖြင့် ပြုစုထားပြီး အချက်အလက်လုံခြုံရေး၊ ကွန်ပျူတာသိပ္ပံ နှင့် အဆင့်မြင့်လျှို့ဝှက်ချက်ဖြေရှင်းနည်းများကို နက်နက်နဲနဲ ဆွေးနွေးထားပါတယ်။ 🎯 ဘယ်သူတွေဖတ်သင့်လဲ? ✔️ Cryptographers & Cybersecurity Experts – ခေတ်သစ် encryption နည်းလမ်းများနှင့် လုံခြုံရေးစနစ်များကိုလေ့လာနေသူများ ✔️ Mathematicians – Polynomial geometry, interpolation, integral inequalities စသည့် အဆင့်မြင့်သင်္ချာဆိုင်ရာ လေ့လာမှုပြုလုပ်နေသူများ ✔️ Computer Scientists များ – Quantum cryptography, chaos-based encryption, network vulnerabilities ✔️ Engineers များ – လျှပ်စစ်စွမ်းအင်စနစ်များအတွက် လုံခြုံရေးဆိုင်ရာ လေ့လာနေသူများ 📂 စာအုပ်ကို ရယူရန် 👉 https://t.me/tech4ubooks/11 💡📲 @tech4umm

🌅 မင်္ဂလာနံနက်ခင်းပါ ကျွန်တော်တို့ရဲ့ Tech Fam လေးများ🌞! ဒီနေ့လည်း ကျွန်တော်တို့ရဲ့ Tech Fam တွေအကောင်းဆုံးနေ့လေးဖြစ်ပါစေ! ✨ ☀️ ဒီနေ့ အိပ်ရာ ဘယ်ချိန်ထကြလဲဗျ?
Anonymous voting

📌 Programming Basic Concepts - 4 ဘယ် programmingကိုပဲ သင်သင် မြန်မြန်နဲ့ လွယ်လွယ်ကူကူ သင်ချင်ရင်တော့ ဒီလို basic concepts‌ တ
📌 Programming Basic Concepts - 4 ဘယ် programmingကိုပဲ သင်သင် မြန်မြန်နဲ့ လွယ်လွယ်ကူကူ သင်ချင်ရင်တော့ ဒီလို basic concepts‌ တွေကို သိထားရပါမယ်ဗျ။ သင်ခန်စားအပြည့်အစုံ link 👉 https://t.me/tech4uprogramming/31?single

💡Tech Knowledge 💻 AMD နဲ့ Intel တို့ပဲ CPU ထုတ်နိုင်တာ ဘာကြောင့်လဲ? အခြားကုမ္ပဏီတွေ ကြိုးစားဖူးလား? 🔍 အဓိက အကြောင်းရင်း ၂ ချက်ရှိပါတယ် 1️⃣ x86 instruction set ကိုသုံးတဲ့ CPU တွေရဲ့ မူပိုင်ခွင့်ဟာ ဒီ company နှစ်ခုလုံးမှာ ရှိပါတယ်။ - Intel က x86 (32-bit) အတွက် မူပိုင်ရှင် (i386, MMX, SSE တို့ပါ)။ - AMD က x86-64 (64-bit) ကို 2003 မှာ ဖန်တီးပြီး မူပိုင်ယူခဲ့။ - အခြားကုမ္ပဏီများ x86 CPU ထုတ်ဖို့ Intel နဲ့ AMD တို့ဆီက လိုင်စင်ဝယ်ရမယ်(ဥပမာ - VIA Technologies, အာရှက Zhaoxin)။ 2️⃣ ဈေးကွက်အင်အား - Intel/AMD တို့က PC & Server ဈေးကွက် 90%+ ကို ထိန်းချုပ်ထား။ - ပြိုင်ဖက်အသစ်တွေအတွက် Research &Development ကုန်ကျမှု အလွန်မြင့်မားပါတယ်။ --- 🚀 x86 မဟုတ်တဲ့ CPU တွေရှိလား? - ARM (Smartphone, Tablet, M1/M2 Mac) – Apple, Qualcomm, Samsung တို့မှာသုံး။ - PowerPC (IBM Servers, အရင်က Mac) – IBM ကထုတ်။ - RISC-V (အခမဲ့ Architecture) – အနာဂတ်အတွက် ပြိုင်ဖက်။ (Reduced Instruction Set Computer) - အခြား – China က Loongson (MIPS), Russia က Elbrus, Sunway။ --- ⚠️ အခြားကုမ္ပဏီများ ကြိုးစားဖူးသလား? - VIA Technologies – x86 လိုင်စင်ရပေမယ့် ဈေးကွက်အနည်းငယ်သာရှိပါတယ်။ - Transmeta (1995–2009) – x86 ပြိုင်ဖက်ဖြစ်ဖို့ကြိုးစားခဲ့ပြီး ကျရှုံးခဲ့ပါတယ်။ - Zhaoxin (တရုတ်) – အခုထိ အာရှဈေးကွက်အတွင်းမှာပဲရှိပါသေးတယ်။ --- 📌 အနာဂတ်မှာ ပြောင်းလဲနိုင်မလား?** - Apple Silicon (ARM) – Mac မှာ x86 ကို အစားထိုးလာပြီ။ - RISC-V – Open-Source Architecture ဖြစ်တာကြောင့် Intel/AMD အာဏာစိုးမှုကို စိန်ခေါ်နိုင်ပါတယ်။ - China & Russia – သူတို့ရဲ့ CPU တွေကို အားစိုက်ထုတ်နေ (ဥပမာ - Loongson, Elbrus)။ #Techဗဟုသုတ #CPU #Intel #AMD #MyanmarTech

📚Artificial Intelligence in Manufacturing 🔍ဒီစာအုပ်က AI နည်းပညာများ၏ အလျင်အမြန် တိုးတက်မှုနှင့်အတူ စက်မှုလုပ်ငန်းများ (Manu
📚Artificial Intelligence in Manufacturing 🔍ဒီစာအုပ်က AI နည်းပညာများ၏ အလျင်အမြန် တိုးတက်မှုနှင့်အတူ စက်မှုလုပ်ငန်းများ (Manufacturing) တွင် AI ၏ အခန်းကဏ္ဍ လုံးဝပြောင်းသွားပုံကို ရေးသားထားတာပါ။ ဒီစာအုပ်ထဲမှာ Industry 4.0 မှ Industry 5.0 သို့ကူးပြောင်းစဉ် AI ၏ အသုံးချမှုများ၊ Human-Centric AI၊ Trustworthy AI နှင့် Multi-Agent Systems တို့ကို နက်နက်နဲနဲ ဆန်းစစ်ထားပါတယ်။ 🎯 ဘယ်သူတွေဖတ်သင့်လဲ? ✔️ AI/ML Engineers – စက်မှုလုပ်ငန်းတွင် AI မော်ဒယ်များ တည်ဆောက်လိုသူများ ✔️ Manufacturing Technologists – Predictive Maintenance, Quality Control, Digital Twins စသည့် AI Use Cases များကို လေ့လာလိုသူများ ✔️ Researchers – Industry 5.0, Explainable AI (XAI), Human-Robot Collaboration ဆိုင်ရာ နောက်ဆုံးပေါ် သုတေသနများ ✔️ Policy Makers & Business Leaders – AI-Driven Manufacturing အတွက် ဗျူဟာများ ချမှတ်လိုသူများ 📂 စာအုပ်ကို ရယူရန် 👉 https://t.me/tech4ubooks/10 💡📲 @tech4umm

🌐 Tech News အမေရိကန်သမ္မတ Donald Trump က Apple ကုမ္ပဏီအနေနဲ့ အမေရိကန်နိုင်ငံမှာ ရောင်းမယ့် iPhone တွေကို အမေရိကန်ပြည်တွင်းမှ
🌐 Tech News အမေရိကန်သမ္မတ Donald Trump က Apple ကုမ္ပဏီအနေနဲ့ အမေရိကန်နိုင်ငံမှာ ရောင်းမယ့် iPhone တွေကို အမေရိကန်ပြည်တွင်းမှာ မထုတ်လုပ်ဘဲ India သိုမဟုတ် တခြားမည်သည့်နေရာမှာမဆို ထုတ်လုပ်ပြီး အမေရိကန်မှာ ရောင်းရင် သွင်းကုန်စည်းကြပ်ခွန် 25% ပေးဆောင်ရမယ်လို့ Apple ရဲ့ CEO Tim Cook ကို သူ့ရဲ့ Twitter လူမူကွန်ယက်စာမျက်နှာမှာ သတိပေးပြောကြလိုက်ပါတယ်။ 📲 @tech4umm

Hello everyone! 👋 ဒီမေးခွန်းလေးရဲ့ အဖြေကို ဘယ်သူတွေများ မှန်အောင်ဖြေနိုင်မလဲခင်ဗျ 😊
Anonymous voting

📌 Programming Basic Concepts -3 ဘယ် programmingကိုပဲ သင်သင် မြန်မြန်နဲ့ လွယ်လွယ်ကူကူ သင်ချင်ရင်တော့ ဒီလို basic concepts‌ တွ
📌 Programming Basic Concepts -3 ဘယ် programmingကိုပဲ သင်သင် မြန်မြန်နဲ့ လွယ်လွယ်ကူကူ သင်ချင်ရင်တော့ ဒီလို basic concepts‌ တွေကို သိထားရပါမယ်ဗျ။ သင်ခန်စားအပြည့်အစုံ link 👉 https://t.me/tech4uprogramming/22?single

🌐 The Odin Project (TOP) – အခမဲ့ Web Development program 🚀 The Odin Project ဆိုတာ ဘာလဲ? ဒါက အခမဲ့၊ လက်တွေ့အခြေပြု Web Development program တစ်ခုဖြစ်ပြီး၊ လမ်းကြောင်း (Path) ၂ ခုရွေးလို့ရပါတယ်။ - 🟨 Full Stack JavaScript - 🟥 Full Stack Ruby on Rails အစကနေ အဆုံး (လုပ်ငန်းခွင်ဝင်နိုင်တဲ့အထိ သင်ကြားရမှာဖြစ်ပါတယ်။) Self-Learning စနစ်နဲ့ လမ်းညွှန်ပေးတဲ့ Platform ဖြစ်ပါတယ်။ --- 📌 ဘာတွေသင်ပေးလဲ? 1. Foundation Path (အခြေခံ) - HTML/CSS - JavaScript အခြေခံ - Git & GitHub - Command Line အသုံးပြုနည်း 2. Full Stack Path (လုပ်ငန်းသုံးနည်းပညာများ) - Frontend: React, State Management - Backend: Node.js (သို့) Ruby on Rails - Database: PostgreSQL, MongoDB - Testing: TDD, Unit Testing 3. Job Prep (အလုပ်လျှောက်ဖို့ပြင်ဆင်ခြင်း) - Portfolio တည်ဆောက်နည်း - Interview မေးခွန်းများ - Open Source Project များတွင် ပါဝင်နည်း စသည်ဖြင့် လိုအပ်မယ် skills တွေကို သင်ကြားရမှာ ဖြစ်ပါတယ်။ --- ⭐️ TOP ရဲ့ အဓိကအားသာချက်များ - 💰 အခမဲ့ဖြစ်ခြင်း – ငွေကြေးမတတ်နိုင်သူများအတွက် ထိပ်တန်းအခွင့်အလမ်းဖြစ် - 🛠 Project-Based Learning –Tutorial ကူးချခြင်းမဟုတ်ဘဲ၊ လက်တွေ့ App တွေတည်ဆောက်ရင်သင်ကြားခြင်း - 👥 Community Support – Discord ပေါ်တွင် ကမ္ဘာတစ်ဝှမ်းမှ သင်ယူသူများနှင့် ဆွေးနွေးနိုင်ခြင်း - 📚 Curated Resources – အကောင်းဆုံး Article/Video များကို စုစည်းပေးထားခြင်း --- 👨💻 ဘယ်သူတွေအတွက် သင့်တော်လဲ? - Self-Taught Developer ဖြစ်လိုသူများ - တက္ကသိုလ်ပြင်ပမှ developer ဖြစ်ချင်သူများ - Bootcamp ဈေးကြီးမတတ်နိုင်သူများ --- ⏳ ဘယ်လောက်ကြာမလဲ? - ပျမ်းမျှ ၆-၁၂ လ (တစ်ပတ်ကို ၂၀-၃၀ နာရီပေးနိုင်လျှင်) - လမ်းကြောင်း (၂) ခုလုံးကို လိုက်ဖို့မလို၊ ကိုယ်လိုချင်တဲ့ Part ကိုပဲရွေးလို့ရပါတယ်! --- 🔗 အောက်မှာပေးထားတဲ့ လင့်ကို နှိပ်ပြီး အလွယ်တကူလေ့လာနိုင်ပါတယ် [▶️ 👉 https://t.me/tech4uresources/21 #TheOdinProject #WebDevelopment #MyanmarDevs #SelfTaught

📚Fundamentals of Software Architecture: An Engineering Approach 🔍ဒီစာအုပ်က Software Architecture ရဲ့ အခြေခံသဘောတရားတွေကို အ
📚Fundamentals of Software Architecture: An Engineering Approach 🔍ဒီစာအုပ်က Software Architecture ရဲ့ အခြေခံသဘောတရားတွေကို အင်ဂျင်နီယာအနေနဲ့ ချဉ်းကပ်နည်း (Engineering Approach) နဲ့ ရှင်းပြထားပါတယ်။ လက်တွေ့အသုံးချနိုင်တဲ့ နည်းလမ်းတွေ၊ Architectural Styles နဲ့ Soft Skills (ဥပမာ - ညှိနှိုင်းဆောင်ရွက်နည်း၊ ဦးဆောင်မှု) တို့ကို ပေါင်းစပ်ဖော်ပြထားပါတယ်။ 🎯 ဘယ်သူတွေဖတ်သင့်လဲ? ✔️ Software Architects (လက်ရှိ/အနာဂတ်) ✔️ Senior Developers နဲ့ Tech Leads ✔️ System Design ကို စနစ်တကျလေ့လာလိုသူများ ✔️ အဖွဲ့အစည်းတွင်းမှာ Architectural Decisions ချမှတ်ရသူများ 📂 စာအုပ်ကို ရယူရန် 👉 https://t.me/tech4ubooks/9 💡📲 @tech4umm

📌 Programming Basic Concepts -2 ဘယ် programmingကိုပဲ သင်သင် မြန်မြန်နဲ့ လွယ်လွယ်ကူကူ သင်ချင်ရင်တော့ ဒီလို basic concepts‌ တွ
📌 Programming Basic Concepts -2 ဘယ် programmingကိုပဲ သင်သင် မြန်မြန်နဲ့ လွယ်လွယ်ကူကူ သင်ချင်ရင်တော့ ဒီလို basic concepts‌ တွေကို သိထားရပါမယ်ဗျ။ သင်ခန်စားအပြည့်အစုံ link 👉 https://t.me/tech4uprogramming/13?single

🔥 JavaScript ကို အခြေခံကနေ advanced level အထိ free သင်လို့ရမယ့် full Tutorial (Beginner-Friendly) 🚀 🎯 ဒီသင်တန်းက Programming အခြေခံမရှိသူများ၊ Software Developer အဖြစ် ကူးပြောင်းလိုသူများအတွက် JavaScript ကို Module (၄) ခုဖြင့် လက်တွေ့ project တွေလုပ်ရင် လွယ်ကူစွာ လေ့လာနိုင်မယ့် သင်တန်းဖြစ်ပါတယ်။ 📚 ပါဝင်မည့်သင်ခန်းစာများ: 1️⃣ JavaScript Basics - Variables, Arrays, Loops, Functions - DOM Manipulation, Event Handling - Mini Projects: Distance Converter, Vacation Destination 2️⃣ Animation with JS & jQuery - jQuery Effects, Sidebar Menus - Tabbed Interfaces, Image Sliders - Timers & Recursion 3️⃣ Interactivity with JS & jQuery - jQuery Plugins, Smooth Scrolling - Dice Game, Pig Game Project 4️⃣ Data Manipulation - Form Validation, Prototypes - Seat Reservation System - Asynchronous JS & APIs --- 💡 သင်တန်းထူးခြားချက်များ ✅ လက်တွေ့ Project-Based Learning ✅ jQuery နှင့် Modern JavaScript နှစ်မျိုးလုံး လေ့လာနိုင် ✅ Advanced Topics : Async JS, APIs, OOP အားလုံးပါဝင်ပါတယ် --- ℹ️ course info 👨🏻‍🏫 Instructor -> Nerd 🗣 Language -> English —- 🔗 အောက်မှာပေးထားတဲ့ လင့်ကို နှိပ်ပြီး Telegram ကနေပဲ အလွယ်တကူလေ့လာနိုင်ပါတယ် [▶️ 👉 https://t.me/tech4uresources/20 #JavaScript #Programming #MyanmarDevs #WebDevelopment

📚Fluent Python (2nd Edition) 🔍 ဒီစာအုပ်က Python 3 ရဲ့ စွမ်းရည် (Pythonic Features) တွေကို ဘယ်လိုအသုံးချရမလဲဆိုတာကို ရှင်းပြ
📚Fluent Python (2nd Edition) 🔍 ဒီစာအုပ်က Python 3 ရဲ့ စွမ်းရည် (Pythonic Features) တွေကို ဘယ်လိုအသုံးချရမလဲဆိုတာကို ရှင်းပြထားပါတယ်။ အထူးသဖြင့် Intermediate/Advanced Python Developers တွေအတွက် ရည်ရွယ်ပြီး၊ Python ကို တကယ့် Professional Level မှာ ကျွမ်းကျင်စွာ အသုံးပြုနိုင်ဖို့ ရည်ရွယ်ပါတယ်။ 🎯 ဘယ်သူတွေဖတ်သင့်လဲ? ✔️ Python Developer တစ်ယောက်အနေနဲ့ ပိုမိုကျွမ်းကျင်ချင်သူများ ✔️ Pythonic Code (Python-Style Programming) ကို နားလည်လိုသူများ ✔️ OOP, Metaprogramming, Concurrency စတဲ့ အဆင့်မြင့် Topic တွေကို လေ့လာလိုသူများ ✔️ Python 3.8+ (3.10 Features အထိ) ကို စနစ်တကျသုံးတတ်ချင်သူများ 📂 စာအုပ်ကို ရယူရန် 👉 https://t.me/tech4ubooks/8 💡📲 @tech4umm

🌐 Tech News ⊞ Microsoft's screen-capture block Microsoft ကုမ္ပဏီက အခုလတ်တလောတွင် ထုတ်ပြန်လိုက်သည့် "roadmap update" အရ သူ့ရဲ့ Microsoft Teams ဆက်သွယ်ရေး ပလက်ဖောင်းကနေ "Screenshot" လုပ်ခြင်းကို ဇူလိုင်လတွင် စတင်းတားဆီးသွားမှာဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။ အဆိုပါ လုပ်ဆောင်ချက်အသစ်တွင် အသုံးပြုသူက meeting လုပ်နေစဉ် Screenshot ရိုက်ကူးရန် ကြိုးစားပါက meeting window တစ်ခုလုံးသည် The Sopranos ဇာတ်လမ်းတွဲအဆုံးသတ်သကဲ့သို ရုတ်တရက် မည်းသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ 📲 @tech4umm