No data
Subscribers
+3524 hours
+1107 days
+15930 days
Posts Archive
ဒရု့ဗ် ဆိုတဲ့ စုံထောက်တစ်ယောက်ဟာ သူ့သမီးဆုံးရှုံးမှုအတွက် တရားမျှတမှုလိုက်ရှာရင်း
စိတ်ပိုင်းဒဏ်ရာတွေနဲ့ ရင်ဆိုင်ရတာကို သေချာလေးဖော်ပြထားပါတယ် သရုပ်ဆောင်အနေနဲ့
ဗီဂျေအန်တိုနီက ပါဝင်ထားပြီး ဒါရိုက်တာ လီယိုဂျွန်ပေါ်လ်က ဇာတ်ညွှန်းကို ရိုက်ကူးထားပါတယ်။
ဇာတ်ကားကြည့်ရင်းနဲ့ တရားမျှတမှုနဲ့ လူ့ဘောင်ထဲက စိတ်ခံစားမှုတွေကို တစ်ခြားဘက်ကနေ
ကြည့်ရူ့နိုင်ပြီး မိသားစုအပေါ်ပူပန်စိတ်နဲ့ နာကျင်မှုကို သေချာလေးဖော်ပြထားတာကြောင့် ကြည့်ရတာအရမ်းတန်တဲ့ဇာတ်ကားတစ်ကားပါပဲ။
ဇာတ်လမ်းတလျှောက်လုံးမှာ စုံထောက်ရဲ့ မှုခင်းနေရာထောက်လှမ်းပုံတွေက အံဩစရာကောင်းပြီး
မထင်မှတ်ထားတဲ့လှည့်ကွက်တွေနဲ့ စိတ်ဝင်စားဖွယ်ရိုက်ပြထားပါတယ်
https://t.me/UAung180
+5
:Kiss :Sixth :Sense :(2022)
အပိုင်းတွေက 12ထိပါ
"Kiss Six Sense"လို့ အမည်ရတဲ့ Web Novel ကို LA အဖြစ် အသက်သွင်းထားတဲ့ ဒီဇာတ်ကားလေးကတော့ ဇာတ်အိမ်ဆန်းဆန်းလေးနဲ့မို့ ပရိသတ်တွေ အကြိုက်တွေ့ဦးမှာပါ။
Ye-Sool (Seo Ji-Hye) ဟာ ငယ်ငယ်လေးတည်းက ထူးခြားတဲ့အစွမ်းကို ပိုင်ဆိုင်ထားပြီး သူမရဲ့နှုတ်ခမ်းနဲ့ ထိလိုက်မိတဲ့အရာတိုင်းရဲ့ အနာဂတ်ကို ကြိုမြင်ရသူတစ်ယောက်ပါ။ လက်ရှိမှာတော့ကြော်ငြာကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်လုပ်နေပြီး သူ့အပေါ်အမြဲလိုလို ရမယ်ရှာနေတဲ့ အဖွဲ့မှူးဖြစ်သူနဲ့ တကျက်ကျက်ဖြစ်နေရသူပါ။
တစ်နေ့မှာတော့ သူမအရမ်းမုန်းတဲ့ သူမရဲ့အဖွဲ့မှူး Min-Hu (Yoon Kye-Sang)ရဲ့လည်ပင်းကိုမတော်တဆဆိုသလို သူမရဲ့နှုတ်ခမ်းနဲ့ ထိကပ်မိသွားရာမှ သူမတို့နှစ်ယောက် အိပ်ယာထက်မှာ ချစ်ကျွမ်းဝင်နေပုံကို ကြိုမြင်ခဲ့ရပါတော့တယ်။
ထိုအဖြစ်အပျက်ကို လက်မခံနိုင်တဲ့အဆုံး Ye-Sool တစ်ယောက် သူအရမ်းမုန်းတဲ့သူနဲ့ အနာဂတ်မှာကြုံရမယ့်ကိစ္စကို ဘယ်လိုကိုင်တွယ်သွားမှာလဲ။ သူမရဲ့အနာဂတ်ကိုကြိုတင်မြင်တွေ့ရတဲ့ အစွမ်းကရော ဘယ်လိုရလာတာလဲ။သူမကိုပဲ ရမယ်ရှာနေတတ်တဲ့ အဖွဲ့မှူးနဲ့ ဘယ်လိုနှစ်ပါးသွားမှာလဲဆိုတာ....
Channel Link 👇
https://t.me/tkz122
Movie Link 👇👇
https://t.me/tkz122/827
+2
ဒီဇာတ်ကားဟာ အိန္ဒိယ တလေဂူဘာသာစကားနဲ့ ရိုက်ကူးထားတဲ့ သမိုင်းနောက်ခံ အက်ရှင်-စွန့်စားခန်း ရုပ်ရှင်ကားဖြစ်ပါတယ်။ အခုမှ ရုံတင်နေဆဲဖြစ်တာကြောင့် cam-version သာရနိုင်သေးပေမဲ့ ကျွန်တော်တို့ချန်နယ်ရဲ့ပရိသတ်ကြီးအတွက် ဦးဦးဖျားဖျား တင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်လမ်းကတော့ ပြောရရင် အိန္ဒိယငတက်ပြားပါပဲဗျ။ ၁၇ ရာစု မဂိုအင်ပါယာခေတ်ကို နောက်ခံထားပြီး နာမည်ကျော် သူရဲကောင်း ဗီရာမာလူရဲ့ ဇာတ်လမ်းကို ပုံဖော်ထားပါတယ်။မြို့တစ်မြို့ကို မဂိုစစ်သားတွေရဲ့ရန်က ကယ်တင်ဖို့အတွက် နာမည်ကျော် ကိုဟိနူး စိန်ကို ခိုးယူဖို့ ကြိုးစားရာက နိုင်ငံရေးအခြေအနေတင်းမာနေတဲ့ နိုင်ငံရေး၊ ဘာသာရေးတိုက်ပွဲ အလယ်ဗဟိုကိုရောက်ရှိသွားစေပါတယ်။
ဇာတ်ကားတစ်လျှောက်လုံးမှာ စစ်ပွဲမြင်ကွင်းတွေ၊ တိုက်ခိုက်ခန်းတွေနဲ့ ဘာသာရေးစစ်ပွဲတွေ ဆင်းရဲသားနင်းပြားတွေအကြောင်းကို ပုံဖော်ရိုက်ကူးထားတာကြောင့် အက်ရှင်နဲ့စွန့်စားခန်းကြိုက်သူပရိသတ်တွေ အကြိုက်တွေ့စေမှာပါ။
2018 ထွက် ရုံတင် ရုပ်ရှင် မှော်ကားလေးတစ်ကား တင်ပေးထားပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ မိဘ၂ပါး ကားအက်ဆီးဒန့်နဲ့ ဆုံးသွားပြီး
မိဘမဲ့ဖြစ်နေတဲ့ လူးဝစ်ဆိုတဲ့ ကလေးလေးဟာ
ဦးလေးဖြစ်သူ ဂျိုနသန်နဲ့အတူနေဖို့ ပြောင်းရွှေ့လာပါတော့တယ်။
ဂျိုနသန်ရဲ့အိမ်အတွင်းမှာ ညဘက်တွေမှာ
ထူးဆန်းတဲ့အသံတွေကြားရပြီ သူ့ဦးလေးနဲ့အိမ်နီးချင်းဖြစ်သူရဲ့
ထူးဆန်းတဲ့အပြုအမှုတွေကနေ တဆင့် သူမသိထားတဲ့
မှော်လောကတစ်ခုအကြောင်း သိလာပြီး
သူကိုယ်တိုင် မှော်ဆရာတွေ စုန်းမတွေနဲ့ ရင်ဆိုင်လာရတဲ့အခါ……
+1
အပြိုင်ကမ္ဘာ-၈၂၈ မှာ အခြေခံထားပြီး အဓိကကမ္ဘာဖြစ်တဲ့ ၆၁၆ နဲ့ နောက်ပိုင်းမှာ ပေါင်းစပ်လာပါလိမ့်မယ်။
အားလုံးသိတဲ့အတိုင်း အာကာသယာဉ်မှူးလေးဦးဟာ အာကာသလေ့လာရေးခရီးထွက်ရင်း အာကာသမုန်တိုင်းကြောင့် ဒီအန်အေတွေ ပြောင်းလဲသွားပြီး စွမ်းအားရှင်တွေဖြစ်လာပါတယ်။
ကမ္ဘာကိုကယ်တင်နေသူ သူရဲကောင်းတွေအဖြစ် ရှိနေရင်းနဲ့ပဲ ရိဒ်နဲ့ဆူးတို့မှာ ကိုယ်ဝန်ရှိလာပါတယ်။
ကလေးငယ်မွေးခါနီးမှာပဲ မာဗယ်ရဲ့ အကြီးဆုံးဗီလိန်တွေထဲက တစ်ယောက်ဖြစ်တဲ့ ဂြိုလ်ဘူဖေးစားတဲ့ ဂလက်တက်ကြီးရောက်လာပြီး သူတို့ဂြိုလ်ကို စားဖို့ ပြင်ပါတော့တယ်။
ဂလက်တက်ကို တားဖို့ကြိုးစားနေတုန်းမှာပဲ ဂလက်တက်ဟာ ဆူးရဲ့ကလေးဟာ စကြဝဠာအဆင့်စွမ်းအားရှင်ဖြစ်လာမယ်ဆိုတာကိုသိပြီး ကလေးကိုလုဖို့ကြိုးစားလာပါတော့တယ်။
ဖန်တက်စတစ်ဖောအနေနဲ့ သူတို့ဘယ်လိုမှ မယှဉ်နိုင်တဲ့ နတ်ဘုရားအဆင့် ဂလက်တက်ကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ ကြည့်ရမှာပါ။
အကျဥ်းထောင်ထဲကဇာတ်လမ်းတွေ ကြိုက်နှစ်သက်တဲ့သူတွေအတွက် လတ်တလောထွက်ရှိထားတဲ့
“2037” ဆိုတဲ့ ရုပ်ရှင်ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။
ဇာတ်လမ်းအညွှန်း …
၁၉နှစ်အရွယ် ယွန်းယောင်းဆိုတဲ့ ကောင်မလေးဟာ အချိန်ပိုင်းအလုပ်လုပ်ရင်း အစိုးရဝန်ထမ်းစာမေးပွဲဖြေဖို့ ပြင်ဆင်နေပါတယ်။
ဉာဏ်ကောင်းတဲ့သူဖြစ်တဲ့အလျောက် သူငယ်ချင်းတွေလို ကျောင်းတက်ချင်ပေမယ့်
မသန်စွမ်းမိခင်ကြီးအတွက် အစိုးရဝန်ထမ်းစာမေးပွဲ အောင်မြင်ဖို့သာ ဦးစားပေးနေရသူလေးဖြစ်ပါတယ်။
ငွေကြေးချို့တဲ့တာကလွဲရင် အမေဖြစ်သူနဲ့ ပျော်ရွှင်နေတဲ့ ယွန်းယောင်းတို့ဘဝထဲ ကံကြမ္မာမုန်တိုင်းတစ်ခု တိုက်ခတ်လာပါတော့တယ်။
မမျှော်လင့်ထားတဲ့ဖြစ်ရပ်ဆိုးတစ်ခုကြောင့် ယွန်းယောင်းတစ်ယောက် “နစ်နာသူ” ကနေ “လူသတ်သမား” ဖြစ်သွားပြီး မတရားသဖြင့် ထောင်ငါးနှစ် ကျခံခဲ့ရပါတယ်။
အကျဥ်းထောင်ထဲမှာ “ယွန်းယောင်း” ဆိုတဲ့နာမည်အစား “၂၀၃၇” ဆိုတဲ့ အကျဥ်းသားနံပါတ်ကို ခေါ်ဝေါ်သံနဲ့အတူ မျှော်လင့်ချက်မဲ့နေတဲ့
Channel. Link 👇👇
https://t.me/tkz122
Movie link 👇👇
https://t.me/tkz122/820
မေတ္တာတရား မှော်ပညာ ဟာသ သည်းထိတ်ရင်ဖိုနဲ့လျို့ဝှက်ချက်လေးတွေ ပါဝင်တာမို့လို့
ရှေးခေတ် ယခုခေတ် ခေတ်နှစ်ခေတ်ယှဉ်ကြည့်ရတာသဘောကျတဲ့သူတွေ ကြည့်သင့်ပါတယ်။ မင်းသား Dong won Gang နဲ့မင်းသမီး Soo-jung Limတို့ သရုပ်ဆောင်ထားတဲ့ကားလေးလဲ ဖြစ်ပာတယ်။
ဝူချီအမည်တွင်တဲ့မှော်ဆရာလေးဟာ သူလိုချင်တဲ့ ကြေးမုံနဲ့ ကြေးသွန်းဓားတို့ကိုလိုက်လံရှာဖွေရင်ကောင်းကင်ဘုံကကျလာတဲ့ မှော်ပုလွေတစ်ခုကိုရသွားခဲ့ပါတယ်။
ဒီမှော်ပုလွေကြောင့်ပဲ ဆရာကြီးဟွာဒမ်းနဲ့နတ်ဘုရားသုံးပါးတို့ကသူ့ဆရာကိုသတ်တယ်လို့ ပြောကြပြီး ပန်းချီကားတစ်ခုထဲ နှစ်ပေါင်းငါးရာပိတ်လှောင်ခဲ့ပါတယ်။
နတ်ဘုရားသုံးပါးမှာ မှော်ပုလွေရဲ့သခင်ဖြစ်တဲ့ ပေါင်းကူးနတ်ဘုရားကိုလည်း ရှာဖွေရအုန်းမှာဖြစ်လို့ နှစ်ပေါင်းငါးရာလုံး လူ့ဘုံမှကျင်လည်နေကြတယ်။ ဒီဖက်ခေတ်မှာမှင်စာတွေ ပြန်သောင်းကျန်းချိန် ဆရာဟွာဒမ်းလည်းမရှိတာမို့နတ်ဘုရားသုံးပါးဟာ
ဝူချီကို ပန်းချီကားထဲကပြန်ထုတ်ပြီး မှင်စာတွေကိုနှိမ်နှင်းဖို့ကူညီခိုင်းရင်း…
ဒီဇာတ်ကားလေးဟာ ကျွန်တော်တို့ရုပ်ရှင်ချစ်သူတွေအားလုံးနှစ်သက်ကြရတဲ့နာမည်ကျော်မင်းသားကြီး Stephen Chow က Journey to the west ဆိုတဲ့ တရုတ်ရိုးရာဇာတ်တော်ကြီးကိုပြန်လည်ဆန်းသစ်ရိုက်ကူးတင်ပြထားတာဖြစ်ပါတယ်။မတူတာကတော့ ဇာတ်လမ်းကျောရိုးက အနောက်အရပ်သို့ ကျမ်းဂန်တွေသွားရောက်ပင့်ဆောင်ခြင်းမပြုမှီစွန်းဝူခုန်းရဲ့ အရိုင်းစိုင်းမျောက်ဘ၀ ထိုမှတစ်ဖန် လူဘဝပြန်ဝင်စားပြီး လူဘဝနဲ့ကျင်လည်ကျက်စားပုံတွေမိစ္ဆာမလေးတစ်ယောက် နဲ့ ဘုံကြိုးပြတ်နတ်သမီးတစ်ယောက်ရဲ့ကြားမှာယောက်ယပ်ခက်အောင် ဗျာများနေရတဲ့ရသစုံအချစ်ဇာတ်လမ်းလေးတွေ ပေါက်ဖွားလာပုံကို တွေ့ရမှာပါ..
Srinivasa Kalyanam [2018]
နင် အိမ်ထောင်ရေးကို ဘယ်လိုထင်ထားလဲ?
" ပျော်စရာဆိုတာ ယောက်ျား မိန်းမ တူတူရှိနေနိူင်မှ ရလာတာ မိဘတွေက ငါတို့ကို အသက်ပေးတရ်သူငယ်ချင်းတွေက ပျော်ရွှင်မှုကိုပေးတရ်
ဒါပေမဲ့ ဘဝလက်တွဲဖော်ကတော့ ဘဝကြီးတစ်ခုလုံးကို ဖြည့်ဆည်းပေးတရ်
ရိုးရာဓလေ့ ကိုအလေးထားဖို့နဲ့ ငွေနောက်သည်းကြီးမဲကြီးလိုက် အချိန်က တန်ဖိုးရှိဆုံးဆိုတဲ့လူတွေကို မိသားစု ကိုတန်ဖိုးထားတက်အောင် ရိုးရာဓလေ့တွေကိုအလေးထားတက်အောင် အလင်းပြသွားပါလိမ့်။
အိန္ဒိယဇာတ်ကား အကြမ်းတွေမကြိုက်ဘူး Drama မှ ကြည့်ချင်တဲ့လူတွေအတွက် ကြည့်လိုက်ပါလို့ပြောပါရစေ အတော်လေးကြည့်ကောင်းပါတရ်ခဗျာ
ဒီကားကြည့်ပီး မင်္ဂလာ မဆောင်ချင်ဘူးဆိုတဲ့လူ ဘေပြန်ထည့်ပေးမရ်...
Channel Link ⬇⬇
https://t.me/TTA5429w
Movie Link ⬇⬇
https://t.me/TTA5429w/3258
Repost from ရွှေထိုင်း2D
အချစ်ဦးဆိုတာကလည်း… ဘယ်အချိန်၊ဘယ်အခြေအနေဖြစ်ဖြစ် .. သတိရနေတတ်တာမျိုး မဟုတ်လား။
Tholi Prema (2018)
================
ဇာတ်ကားနာမည်က မြန်မာလို‘အချစ်ဦး’ပါတဲ့ဗျာ။ယောကျ်ားလေးတစ်ယောက် အရမ်းကို စိတ်ညစ်နေပြီး သောက်စားမူးယစ်နေပြီဆိုရင် သေချာပါတယ်။သူ အလုပ်အကိုင် ဆုံးရှုံးမှုဖြစ်ရင်ဖြစ်၊ အချစ်ရေးမှာ ဆုံးရှုံးမှုဖြစ်ရင်ဖြစ် ဒီနှစ်ခုပဲ ရှိတယ် ဆိုရင် မှားမလား။
မင်းသားနဲ့ မင်းသမီးတွေ့ဖို့ အကြောင်းဖန်လာတာက ရထားပေါ်မှာပါ။လျှပ်တစ်ပြတ် တွေ့ခဲ့တာမျိုးမဟုတ်ဘဲ လျှပ်တစ်ပြတ် ပျောက်ဆုံးသွားတဲ့အခါ လိုက်ရှာရခက်ပါတယ်။ပျောက်သွားရတဲ့အကြောင်းကလည်း မင်းသမီးမှာအရမ်းကို စိုးရိမ်တတ်တဲ့ အရင်းခံစိတ်လေး ရှိပါတယ်။နောက်ထပ်ဒါကလည်း အလွဲကြီး လွဲကြဦးမယ့်မိန်းကလေးတွေ စိတ်ဆိုတာလည်း သပွတ်အူလို ရှုပ်ထွေးပြီး ခန့်မှန်းရခက်တာမျိုး၊ယောကျ်ားလေးဆိုတော့လည်း အချစ်အတွက်ဆို ဘာပဲ ပေးဆပ်ရပေးဆပ်ရ၊တစ်ဖက်ကနှလုံးသားနဲ့ တစ်ဖက်က ဦးဏှောက်ယှဉ်ထိုးလာကြတဲ့အခါ မထင်မှတ်ထားတဲ့ ပြဿနာတွေ ပေါ်လာခဲ့ရတယ်။
