393
Subscribers
No data24 hours
-37 days
+1830 days
Posts Archive
393
တယောက်ယောက်ကို
ယူကျုံးမရ ချစ်ခဲ့ပြီး
တုံ့ပြန်မှုမရခဲ့သူ
နာကျင်ခဲ့သူ
အပြစ်ဖြစ်ခဲ့သူပါ ။
-အောင်ချိမ့်
#ZEKE
393
ရင်ခုန်သံတွေဆိုတာ
ရူးမတတ်ပျော်ရွှင်နေမှ
ဖြစ်ပေါ်လာတတ်တာမဟုတ်ဘူး လီယာ
ရင်တွေတဆစ်ဆစ်နာတဲ့အထိ
ကြေကွဲနေရတဲ့အခါတွေမှာလဲ
ထိန်းမရတားမရ ရင်တွေတအားခုန်ရတယ်။
-လရောင်မေ
393
မဖြစ်နိုင်တာမဟုတ်ဘူးယဖရ
သူငါ့ကို မချစ်နိုင်တာကွ
လက်လျှော့ဖို့ပဲ ငါ့မှာတက်နိုင်ပါတယ်။
- နေညို
393
ချစ်သောမာလင်ထံ အမှာလွှာ(1)
ကျွန်မရှင့်ကို အသက်တမျှ
သတိရနေပါတယ် မာလင်
ရှင်ရော ကျန်းကျန်းမာမာနဲ့
ကျွန်မကို မေ့နေပါရဲ့လား။
ကျွန်မအနမ်းတွေ မရှိရင်
မနေတတ်ဘူးဆိုတဲ့ မာလင်ရေ
ရှင့်စကားတွေကြောင့် ကျွန်မနှခမ်းတွေ
ခိုက်ခိုက်တုန်နေချိန် ရှင်က
ဘယ်အရပ်မှာပြေးလို့ ပုန်းနေပါသလဲ။
ကျွန်မရှင့်ကို မလိုချင်ဘူးလို့
ကိုယ့်ကိုကို မညာချင်ပါဘူး
ဟုတ်တယ်မာလင် ကျွန်မရှင့်ကို
ပြန်လိုချင်တယ် ဒါပေမဲ့
ခုလိုပုံစံနဲ့ ရှင့်ကိုကျွန်မ မချစ်ဘူး
ကျွန်မ စတွေ့ခဲ့တဲ့ နေရောင်အောက်က
အညိုရောင်ကောင်ငယ်လေး မာလင်ရော
ရှင်ဘယ်အရပ်မှာ ဖွက်လို့ထားသလဲ။
ရှင့်အငွေ့အသက်လေး ရဖို့အရေး
ကျွန်မမှာ ပြေးလာလိုက်ရတာ
အဆုံးမှာ ခလုတ်တိုက်ခဲ့ရပြီး
အချစ်နဲ့လဲလွဲခဲ့ရသလို ကမ္ဘာဟာလဲ
ပျက်ခဲ့ရပါတယ် မာလင်...
-လရောင်မေ
-ပျောက်ဆုံးခဲ့သော ကျွန်မအချစ်မာလင်
393
ချစ်သောအကို(သို့)အညိုရောင်ကောင်လေး
သတိရစိတ်ဟာ အလွမ်းပိုစေပါတယ်အကို
အအေးဒဏ်ကြောင့် လက်ဖျားလေး
အေးလာတဲ့အခါ အကို့ရဲ့
အနွေးဓာတ်လေးကိုတတယ်
မလိုသူတွေက မျက်မုန်းထားတာခံရတဲ့အခါ
အကို့ရဲ့ အကြင်နာဓာတ်လေးကိုတတယ်
ဒဏ်ရာတစ်ခုခုရလို့ ငိုမိတဲ့အခါ
အကိုရဲ့ အနမ်းလေးတစ်ပွင့်ကိုတတယ်
အို....
ကောင်းကင်ကိုမော့ကြည့်ဖို့မလိုပါဘူး
ငါ့ရင်အုံနွေးနွေးကိုစမ်းကြည့်
အကိုဟာ ဘယ်ဘက်သွေးကြောတွေထဲ
ဝင်ရောက်စီးဆင်းနေသတဲ့လေ
တစ်ချို့သော ဆောင်းညတွေမှာဆိုရင်ဖြင့်
အိမ်မက်တွေမကောင်းဘူးအကို
အဲ့အခါ အကို့ရဲ့ရင်ခွင်နွေးနွေးကိုတတယ်
နွေအခါ ပိတောက်၊
မိုးမှာ နှင်းဆီ၊
ဆောင်းမှာ ဧကရာဇ်
ရာသီအလိုက် အကိုဆင်တတ်တဲ့
အဆင်တန်ဆာတွေမို့ ငါချစ်ရပြန်ပါတယ်
မြူတွေဆိုင်းတဲ့မနက်တွေဆို
အကို့ရဲ့ မျက်နှာလေးကိုတတယ်
မိုးတွေအရမ်းသည်းတဲ့ညတွေဆို
အကို့ရဲ့ ကိုယ်သင်းနံ့လေးကိုတတယ်
နေပူတဲ့အခါ အပြေးခိုနားလို့ရတဲ့
ဆာယာလေးဖြစ်ပေးချင်တယ်
မိုးသည်းတဲ့အခါ လက်ကလေးကိုင်လို့
မိုးရေထဲ အတူပြေးဆော့စေချင်တယ်
အေးလွန်းတဲ့အခါ ဟူဒီလေးတစ်ထည်တော့ ဖြစ်ချင်ပါရဲ့အကိုရယ်
အကို့ကိုတမ်းတခြင်းတွေမှာ
အရာအားလုံးပါတယ်အကို
အတ္တကြီးတယ်ပဲပြောပြော
လောဘကြီးတယ်ပဲပြောပြော
ခေါင်းအစခြေအဆုံးအပိုင်လိုချင်တဲ့စိတ်လေး
သိပ်ကိုရှိမိပါသေးတယ်
ဒါပေမဲ့ ပိုမြတ်နိုးမိလာတဲ့အခါ
ပိုင်ဆိုင်လိုစိတ်တွေဟာ
အကို့ရဲ့အပြုံးလေးလောက်
အရေးမပါတော့ဘူး အသက်မဝင်တော့ဘူး
ချစ်မိခဲ့ခြင်းတွေဟာ အပြစ်တစ်ခုဆိုရင်တောင်
အဲ့နှုတ်ခမ်းလေးနမ်းရှိုက်ရဖို့အရေး
ဘယ်ငရဲကျကျ ငါခံပါ့မယ်
အဲ့အတွက် အကို့ကိုတော့
အနားမှာရှိနေစေချင်တယ်
ငွေနဲ့ချည်တဲ့ကြိုးတွေဟာ
ငွေမရှိတော့တဲ့အခါ တန်ဖိုးမဲ့လို့
ပြတ်တတ််တယ်
သစ္စာနဲ့ချည်တဲ့ကြိုးတွေဟာ
သစ္စာမရှိတော့တဲ့အခါ မလိုလားလို့
ပြတ်တတ်တယ်
သံယောဇဥ်ဆိုတာ တကယ်တော့
ဖြတ်ဖို့လွယ်တဲ့အမျှင်လေးပါတဲ့
ငါကတော့ အကို့ကို
အေးချမ်းစေလိုတဲ့အဖို့ငှာ
မေတ္တာတရားနဲ့ချည်ပါ့မယ်
ငါ့မေတ္တာတွေ တစ်ခါအသက်ဝင်တိုင်း
အကိုကျန်းမာပါစေ အေးချမ်းပါစေပေါ့
ပြီးတော့...
ငါ့မေတ္တာတွေဟာလဲ
နွေမိုးဆောင်း ဥတုသုံးပါးမရွေး
တနဂ်နွေလိုပိတ်ရက်မရှိ
အကို့အပေါ် သက်ရောက်နေသတဲ့
-လရောင်မေ
393
ကိုယ်ပိုင်ထားရင် လက်မလွှတ်ဘူး..
သူများပိုင်ထားရင် လုမယူဘူး..
ရိုးရှင်းသော နေထိုင်နည်းပါချစ်သောရယ်...
.
သက္ခာတွေထိန်းရတယ်..
စည်းတွေစောင့်ရတယ်..
လိပ်ပြာသန့်တယ်ဆိုတာ ဒါပါပဲ ။
#quotes #crd #crd_to_own@Gaming_Eraa
