en
Feedback
မမ လာလီဆာ

မမ လာလီဆာ

Open in Telegram

ပြည်သူ့အသံ ပြည်သူအားကိုယ်စားပြုမည်။

Show more
Myanmar29 152The category is not specified
1 148
Subscribers
No data24 hours
-67 days
-3930 days

Data loading in progress...

Similar Channels
No data
Any problems? Please refresh the page or contact our support manager.
Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
October '25
October '250
in 0 channels
September '25
+1
in 0 channels
Get PRO
August '250
in 0 channels
Get PRO
July '25
+3
in 0 channels
Get PRO
June '25
+4
in 0 channels
Get PRO
May '25
+12
in 3 channels
Get PRO
April '25
+13
in 5 channels
Get PRO
March '25
+18
in 4 channels
Get PRO
February '25
+21
in 5 channels
Get PRO
January '25
+64
in 5 channels
Get PRO
December '24
+1 486
in 9 channels
Date
Subscriber Growth
Mentions
Channels
17 October0
16 October0
15 October0
14 October0
13 October0
12 October0
11 October0
10 October0
09 October0
08 October0
07 October0
06 October0
05 October0
04 October0
03 October0
02 October0
01 October0
Channel Posts
❐ စစ်ကြောရေးအတွင်း နှိပ်စက်ဒဏ်ရာများဖြင့် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အလုပ်အမှုဆောင် မဝတ်ရည်အောင် ထောင်တွင်း၌ ကျဆုံး။ ‌ဇ
❐ စစ်ကြောရေးအတွင်း နှိပ်စက်ဒဏ်ရာများဖြင့် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အလုပ်အမှုဆောင် မဝတ်ရည်အောင် ထောင်တွင်း၌ ကျဆုံး။
‌ဇူလိုင် ၂၀၊ ၂၀၂၅။ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် မ၀တ်ရည်အောင်သည် စစ်ကြောရေးအတွင်း စစ်ကောင်စီတပ်၏ နှိပ်စက်ဒဏ်ရာများကြောင့် လေးနှစ်နီးပါးအကြာ၌ အကျဉ်းထောင်တွင်း ကျဆုံးသွားခဲ့ပြီဖြစ်သည်။ မ၀တ်ရည်အောင်သည် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်တွင် ဖမ်းဆီးခံရပြီး မတရား ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် (၃) နှစ်၊ ပုဒ်မ ၅၂ (က) ဖြင့် ထောင်ဒဏ် (၄) နှစ် ချမှတ်ခံထားရပြီး စစ်ကြောရေးအတွင်းလည်း ပြင်းထန်စွာ နှိပ်စက်ခံခဲ့ရသည်။ ၂၀၂၂၊ ဧပြီလ (၂၄) ရက်နေ့တွင် အင်းစိန်ထောင်မှ ဒိုက်ဦးထောင်သို့လည်းကောင်း၊ ၂၀၂၂ခုနှစ် အောက်တိုဘာလ (၂၄) ရက်နေ့တွင် ဒိုက်ဦးထောင်မှ အင်းစိန်ထောင်သို့ လည်းကောင်း ရွှေ့ပြောင်းခံခဲ့ရသည်။ ဒိုက်ဦးထောင်မှ အင်းစိန်‌ထောင်သို့ ပြောင်းရွှေ့ခံရပြီးနောက် စစ်ကြောရေးတွင်း နှိပ်စက်ခံရသည့် ဒဏ်ရာများကြောင့် ဦးနှောင်အကျိတ်တည်ဒဏ်ရာဖြင့် (၂၂) နာရီကြာခန့် သတိလစ်သွားခဲ့သေးသည်။ ထို့နောက် မဝတ်ရည်အောင်ကို အင်းစိန်ဆေးရုံကြီးသို့ ပို့ဆောင်ကာ ကုသခဲ့သော်လည်း ဒဏ်ရာအခံကြောင့် မကြာခဏ တက်ခြင်း၊ သတိလစ်ခြင်း၊ နှလုံးရပ်ခြင်းများ ဖြစ်ပေါ်ကာ အရေးပေါ်အခြေအနေအထိ ဖြစ်ပေါ်ခံစားခဲ့ရသည်။ ထို့နောက် ယ‌နေ့ ဇူလိုင်လ (၂၀) ရက်တွင် အဆိုပါ‌ဒဏ်ရာများဖြင့်ပင် အင်းစိန်ထောင်တွင်း၌ ကျဆုံးသွားပြီဖြစ်ကြောင်း နီးစပ်သူများက အတည်ပြုထားပြီး မဝတ်ရည်အောင်သည် ကျဆုံးချိန်တွင် အသက် (၂၅) နှစ်သာ ရှိသေးသည်။ - မင်းဘုန်း (စာတည်း - မောင်ဘိုး)

2
✅"ပန်းကလေးများပွင့်တော့မည်၊ ဖူးတံ၀င့်လို့ချီ ‌နေခြည်မှာရွှေရည်လောင်း၊ ငါတို့စာသင်ကျောင်း" - ခီဆာခင် ❤️ ငလျင်ဘေး၊ စစ်ဘေးကြောင်
✅"ပန်းကလေးများပွင့်တော့မည်၊ ဖူးတံ၀င့်လို့ချီ ‌နေခြည်မှာရွှေရည်လောင်း၊ ငါတို့စာသင်ကျောင်း" - ခီဆာခင် ❤️ ငလျင်ဘေး၊ စစ်ဘေးကြောင့် အိပ်မက်တွေအသက်တွေ စတေးခဲ့ရသည့်ကလေးသူငယ်တွေနှင့် တိုင်းပြည်၏ ပကတိအရှိတရားကို နိုင်ငံတကာစင်မြင့်ထက်တွင် မီးမောင်းထိုးပြသခဲ့သည်။ "Heal The World Making For The Better Place For You And For Me And The Entire Human Race" Crd to Original owner. သတင်းများကိုသိရှိနိုင်ဖို့ 👇 ဒီ channel လေးကို join ထားပါ ဗျို့ https://t.me/bigcountrycitizen
2 003
3
သူ့အသက်ကလေး ထည့်လွယ်ထားရင်း သူ့ဘဝလေး လင်းတော့မယ်လို့ ထင်ခဲ့ပုံရတယ် စစ်ပွဲကြီးတခုလုံး စာသင်ခန်းထဲ ရောက်လာမယ်လို့သိရင် သူတို့ခဗ+1
သူ့အသက်ကလေး ထည့်လွယ်ထားရင်း သူ့ဘဝလေး လင်းတော့မယ်လို့ ထင်ခဲ့ပုံရတယ် စစ်ပွဲကြီးတခုလုံး စာသင်ခန်းထဲ ရောက်လာမယ်လို့သိရင် သူတို့ခဗျာ စာသင်ချင်ခဲ့မှာ မဟုတ်ဘူး ရိုးနီ #အမြှောက်ဆံတွေဖွင့်လို့ပွင့်သွားတဲ့ပန်း
4 512
4
ရန်ကုန်မှာ ငလျင် ၂ ကြိမ်လှုပ်ခတ်သွား ရန်ကုန်မြို့မှာ ဒီကနေ့ မေ ၆ ရက် ညပိုင်း ၁၀ နာရီကျော်နဲ့ ၁၁ နာရီကြားမှာ အင်အားအနည်းငယ်ရှိ
ရန်ကုန်မှာ ငလျင် ၂ ကြိမ်လှုပ်ခတ်သွား ရန်ကုန်မြို့မှာ ဒီကနေ့ မေ ၆ ရက် ညပိုင်း ၁၀ နာရီကျော်နဲ့ ၁၁ နာရီကြားမှာ အင်အားအနည်းငယ်ရှိ ငလျင် ၂ ကြိမ် လှုပ်သွားတယ်လို့ ရန်ကုန်မြို့ခံတချို့က ပြောပါတယ်။ ပထမအကြိမ်လှုပ်ခတ်ချိန်က အင်အား မဂ္ဂနီကျူ့ ၂ ဒသမ ၂ လို့ ကနဦး သိရပြီး ဒုတိယအကြိမ် မိနစ်ပိုင်းခြားပြီး ထပ်လှုပ်တဲ့ငလျင်ကလည်း ၃ ဒသမ ၇ အဆင့် ရှိပြီး လှုပ်ခတ်မှုကို သိသာစွာခံစားရတယ်လို့ ဆိုပါတယ်။ ရန်ကုန်မြို့က လမ်းမတော်၊ မင်္ဂလာတောင်ညွန့်၊ကမာရွတ်၊လှိုင်၊ဒေါပုံ စတဲ့မြို့နယ် အများစု မှာ ငလျင်လှုပ်ခတ်မှုကို သိသိသာသာ ခံစားခဲ့ရတယ်လို့ ပြောကြပါတယ်။ တချို့မြို့နယ်တွေမှာ တိုက်အောက်တွေပြေးဆင်းကြပြီး ထိတ်လန့်စိုးရိမ်မှုရှိကြတာလည်း တွေ့ရပါတယ်။ ဘီဘီစီပရိသတ်တွေအနေနဲ့ ကိုယ့်မြို့နယ်အတွင်း ငလျင်လှုပ်ခတ်မှုအခြေအနေကိုလည်း မှတ်ချက်ပေး မျှဝေပေးဖို့ ဖိတ်ခေါ်ပါတယ်။ ပုံစာ- မေ ၆ ရက်ညပိုင်း ငလျင်ကြောင့် ရန်ကုန်မြို့ခံတချို့ တိုက်အောက်ပြေးဆင်းခဲ့ကြ။ #ဘီဘိီစီမြန်မာပိုင်း #ငလျင် #ရန်ကုန်
2 810
5
ပျော်ပျော်ရွင်ရွင်တီးမှုတ်ကြတဲ့ပွဲမှာ ငိုနေရှာတယ် ပန်းပိတောက်ဖူးတွေလည်း….. #မမလီဆာ
ပျော်ပျော်ရွင်ရွင်တီးမှုတ်ကြတဲ့ပွဲမှာ ငိုနေရှာတယ် ပန်းပိတောက်ဖူးတွေလည်း….. #မမလီဆာ
9 480
6
မုန်တိုင်းဖြစ်လာနိုင်ချေရှိပြီးမြေကျွံခြင်းအပေါ် သက်ရောက်မှုရှိလာနိုင် ဧပြီ ၁ လာမယ့် သုံးရက်အတွင်း မုန်တိုင်းဖြစ်ပေါ်လာနိုင်
မုန်တိုင်းဖြစ်လာနိုင်ချေရှိပြီးမြေကျွံခြင်းအပေါ် သက်ရောက်မှုရှိလာနိုင် ဧပြီ ၁ လာမယ့် သုံးရက်အတွင်း မုန်တိုင်းဖြစ်ပေါ်လာနိုင် ချေရှိတယ်လို့ မိုးဇလပညာရှင်ဦးဝင်းနိုင်က နိုင်ငံတ ကာ မိုးလေဝသဌာနတွေနဲ့ ဂြိုလ်တုတွေရဲ့ ထုတ်ပြန်ချက်တွေကို စောင့်ကြည့်ပြီးခန့်မှန်းပြောကြားထားပါတယ်။ မြန်မာနိုင်ငံအတွက် မိုးလေဝသ ခန့်မှန်းချက်တွေ ထုတ်ပေးနေတဲ့ မိုးဇလကျွမ်းကျင်သူဦးဝင်းနိုင်ကမုန်တိုင်းကြောင်း မိုးရွာသွန်းလာခဲ့ရင် Liquefaction ဆိုတဲ့ မြေအောက်ရေတိုးခြင်း သက်ရောက်မှုရှိလာမှာ ဖြစ်ပြီး ငလျင်လှုပ်ထားတာကြောင့် ပျက်ယွင်းနေတဲ့ မြေအနေအထား တွေကြောင့် မြေကျွံခြင်းတွေ ရှိလာနိုင်တယ်လို့သတိပေးထားတာပါ။ မြေအောက်ရေတိုးလာပြီး Liquefaction ဖြစ်လာရင် မြေတွေကျွံ့ကျသွားနိုင်တယ်။ ဒါကြောင့် မုန် တိုင်းဟာ အရေးတကြီးစောင့်ကြည့်ရမယ့် အနေအ ထားဖြစ်တယ် လို့ ဦးဝင်းနိုင်က ဆိုပါတယ်။ မတ်လ ၂၈ရက်က လှုပ်ခတ်ခဲ့တဲ့အင်အားပြင်း ငလျင်ကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းနေရာတချို့မှာ မြေကြီးထဲက ရေတွေ ပန်းထွက်လာတာ၊ နုန်းရေတွေပန်းထွက် လျှံထွက်တာတွေရှိနေတာဖြစ်ပါတယ်။ ဒါ့အပြင်မုန်တိုင်းဖြစ် မဖြစ်ကို လာမယ့် ဧပြီ ၃ ရက် နေ့မှ အတိအကျသိနိုင်မှာဖြစ်ပေမယ့် အဲ့ဒီအချိန်မှ သတိပေးမှု ပြုလုပ်မယ်ဆိုရင် နောက်ကျသွားနိုင် တာကြောင့် ကြိုတင်သတိထားနိုင်ဖို့ သတိပေးနေရတာဖြစ်တယ်လို့ ဦးဝင်းနိုင်က ပြောပါတယ်။ လက်ရှိအခြေအနေအရ မုန်တိုင်းဖြစ်လာနိုင်ချေဟာ ၄၀ ရာခိုင်နူန်းကနေ ၆၀ ရာခိုင်နူန်းကြားမှာရှိနေပြီး မြစ်ဝကျွန်း ပေါ်ကမ်းရိုးတန်း၊ ရခိုင်ကမ်းရိုးတန်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်း အနောက် ခြမ်းဒေသတွေကို သက်ရောက်မှုရှိလာနိုင်တယ်လို့ သိရပါတယ်။ သူများတွေငလျင်ကြောင့် ဒုက္ခရောက်နေကြတာကြည့်မခံစားနိုင်ဘူး၊အခုမုန်တိုင်းဆိုပြီးဒီဖက်(ဧရာ ဝတီ) ကိုဗဟိုဝင်မယ်ဘာညာပြောနေကြတော့စိတ်ပူတယ်၊ငါတို့ကအနိမ့်ပိုင်းမြစ်ကမ်းနားတွေလေလို့ မြောင်းမြဒေသခံတဦးကပြောပါတယ်။ #မုန်တိုင်း #မြေကျွံ Source - DeltaNewsAgency
7 459
7
နိုင်ငံတကာသတင်းထောက်များဝင်ရောက်ခွင့် စစ်ကောင်စီပိတ်ပင် မြေငလျင်သတင်းယူရန်အတွက် နိုင်ငံတကာသတင်းဌာနများ၏ မြန်မာနိုင်ငံဝင်ရောက်
နိုင်ငံတကာသတင်းထောက်များဝင်ရောက်ခွင့် စစ်ကောင်စီပိတ်ပင် မြေငလျင်သတင်းယူရန်အတွက် နိုင်ငံတကာသတင်းဌာနများ၏ မြန်မာနိုင်ငံဝင်ရောက်ရန် တောင်းဆိုမှုများကို စစ်ကောင်စီက မတ်လ ၃၀ ရက်နေ့က ပယ်ချလိုက်သည်။ နိုင်ငံတကာသတင်းဌာနများ မြန်မာနိုင်ငံတွင်းသို့ဝင်ရောက်ရန်အတွက် တောင်းဆိုမှုများကို စစ်ကောင်စီဘက်က လက်ခံရရှိထားကြောင်း၊ သို့သော်လည်း ရေ၊လျှပ်စစ်မီးနှင့် ဟိုတယ်များမရှိသောကြောင့် ထိုတောင်းဆိုမှုများသည် “အဆင်မပြေနိုင်ပါဘူး” ဟု စစ်ကောင်စီပြောခွင့်ရအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းကဆိုသည်။ “...(သတင်းထောက်တွေ) လာတာ၊နေတာ၊ တည်းတာ၊ခိုတာ၊ထိုင်တာ၊သွားတာ၊လာတာ အဆင်မပြေနိုင်ပါဘူး။ ဒါလေးကိုတော့ အားလုံးသိရှိထားစေလိုပါတယ်” ဟု မတ်လ ၃၀ ရက်ညပိုင်းက သတင်းဌာနအချို့ကို ပေးပို့သည့် အသံဖိုင်တွင် ၎င်းကအထက်ပါအတိုင်း ပြောကြားခဲ့သည်။ မတ်လ ၂၈ ရက်နေ့လှုပ်ခတ်ခဲ့သည့် အင်အားပြင်းမြေငလျင်ကြောင့် မြန်မာမြန်မာပြည် အလယ်ပိုင်း ဒေသများတွင် ထိခိုက်ပျက်စီးမှုများခဲ့ကာ စစ်ကောင်စီရုံးစိုက်သော နေပြည်တော်တွင်ပါ ထိခိုက်ပျက်စီးမှု များ ကြုံနေရသည်။ လက်ရှိတွင် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အခြားငလျင်သင့်ဒေသများ၌ အရေးပေါ်ကူညီကယ်ဆယ်ရေးများ လိုအပ်နေပြီး အပျက်အစီးပုံများအောက် သေဆုံးသူ ၊ ပျောက်ဆုံးသူ အများအပြား ဆက်ရှိနေဆဲ ဖြစ်သည်။ စစ်ကောင်စီ၏ ယနေ့ည အထိ စာရင်းများအရ သေဆုံးသူ ၃၀၀၀ ခန့်၊ ဒဏ်ရာရသူ ၃၄၀၀ ခန့်၊ ပျောက်ဆုံးသူ ၃၀၀ ကျော်ခန့်ရှိသည်ဟု သိရပြီး သေဆုံးမှုများ တိုးလာနိုင်သည်ဟု ဆိုထားသည်။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ မတ် ၃၀ ရက်အထိ မြေငလျင်သတင်းအရ ၇.၇ မှ ၃.၀ အင်အားရှိ ငလျင်များ ၃၄ ကြိမ်ခန့် လှုပ်သွားခဲ့ကြောင်း သိရသည်။ သတင်းများကိုသိရှိနိုင်ဖို့ 👇 ဒီ channel လေးကို join ထားပါ ဗျို့ https://t.me/bigcountrycitizen
2 626
8
❐ NLD အစိုးရလက်ထက် စီမံထားသည့် သဘာဝဘေးရန်ပုံငွေကို မင်းအောင်လှိုင်က အပေါင်းအပါ လုပ်ငန်းရှင်များကို ထုတ်ချေးခဲ့။ - လက်တွေ့ကြုံ+3
❐ NLD အစိုးရလက်ထက် စီမံထားသည့် သဘာဝဘေးရန်ပုံငွေကို မင်းအောင်လှိုင်က အပေါင်းအပါ လုပ်ငန်းရှင်များကို ထုတ်ချေးခဲ့။ - လက်တွေ့ကြုံရချိန်တွင် နိုင်ငံတကာကို အကူအညီတောင်း။ မတ် ၂၉၊ ၂၀၂၅။ NLD အစိုးရလက်ထက်က စုဆောင်းထားခဲ့သော သဘာဝဘေးရန်ပုံငွေကို စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် မင်းအောင်လှိုင်က စစ်တပ်အပေါင်းအပါ လုပ်ငန်းရှင်များကို ထုတ်ချေးခဲ့သဖြင့် လက်ရှိ သဘာဝဘေးအန္တရာယ် ကြုံရချိန်တွင် ရန်ပုံငွေ အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက စီမံစုဆောင်းထားခဲ့သော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ ကျပ်ဘီလီယံ (၄၀၀) ကို စစ်ကောင်စီက ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် စီးပွားရေးလုပ်ငန်းရှင်များထံ ထုတ်ချေးခဲ့ခြင်းဖြစ်သည်။ အဆိုပါကျပ်ဘီလီယံ (၄၀၀) ကို နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးသန့်ရန်ပုံငွေထူထောင်ပြီး နိုင်ငံ့စီးပွားရေးမြှင့်တင်နိုင်ရေးအသုံးပြုနိုင်ရန် စီမံဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီက ဆိုခဲ့သည်။ သို့သော်လက်ရှိ သဘာဝဘေးအန္တရာယ်နှင့် လက်တွေ့ကြုံရ၍ ပြည်သူများအခက်အခဲဒုက္ခပေါင်းများစွာရောက်နေချိန်တွင် စစ်ကောင်စီအနေဖြင့် ပြန်လည်ထူထောင်ရေးလုပ်ဆောင်ရန် ရန်ပုံငွေ‌ ထောက်ပံ့နိုင်ခြင်း မရှိပေ။ ယမန်နေ့ လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် မန္တလေးနှင့် စစ်ကိုင်းဒေသများအပါအဝင် န်ုငငံတဝှမ်း၌ နေအိမ်တိုက်တာအိုးအိမ်များ ပျက်စီးမှုအပြင် ပြည်သူ ရာနှင့်ချီ သေဆုံးဒဏ်ရာရမှုများ ရှိနေကြောင်း အချက်အလက်များအရ သိရသည်။ သို့သော် ထိခိုက်ပျက်စီးမှုများကို ပြန်လည်ထောက်ပံ့ပေးရန် အစိုးရရန်ပုံငွေ မရှိနေသည့်အတွက် စစ်ကောင်စီက ပြည်ပနိုင်ငံများကိုသာ အကူအညီတောင်းကာ အလှူခံနေရသည်။ ယမန်နှစ် ၂၀၂၄ နှစ်လယ်ပိုင်းကလည်း နိုင်ငံအနှံ့မိုးများပြီး ရေကြီးမှုကြောင့် တောင်ပြိုကျမှုများ နေအိမ်နစ်မြုပ်မှုများဖြစ်ပေါ်ကာ လူ့အသက်နှင့် အိုးအိမ်ပိုင်ဆိုင်မှုများစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်။ ထိုအချိန်ကလည်း နိုင်ငံကို အာဏာသိမ်းထားသော စစ်ကောင်စီအနေဖြင့် အလုံအလောက် ‌ပြန်လည်ထောက်ပံ့နိုင်ခြင်းမရှိခဲ့ဘဲ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း ပြည်သူများနှင့် ပရဟိတအသင်းများပူးပေါင်းပြီး ကိုယ့်အားကိုယ်ကိုးကာ ဆောင်ရွက်ခဲ့ရသည်။ တဖက်တွင် စီးပွားရေးတိုးမြှင့်‌ရေးအတွက်ဟုဆိုကာ ငွေဘီလီယံ (၄၀၀) ထုတ်ချေးထားသည်ဟု ဆိုသော်လည်း မြန်မာနိုင်ငံ၏ GDP မှာ တိုးတက်မလာဘဲ ယခင်အစိုးရလက်ထက်အောက် ၁၀ ဘီလီယံကျော်အထိ ကျဆင်းခဲ့သည်။ သတင်းဓါတ်ပုံ - Credit - မင်းဘုန်း (တည်းဖြတ် - မိုးစေ)
2 553
9
အဆင်ပြေဘေးကင်းကြရဲ့လားကွယ်..... ဒီကနေ့ငလျင်ကြောင့် အသက်အိုးအိမ်တွေအများကြီး ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အ
အဆင်ပြေဘေးကင်းကြရဲ့လားကွယ်..... ဒီကနေ့ငလျင်ကြောင့် အသက်အိုးအိမ်တွေအများကြီး ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အထင်ကရ ရှေးဟောင်းအဆောက်အဦးတွေ ဘုရားစေတီပုထိုးတွေ များစွာ ပြိုပျက်သွားတဲ့အတွက် မမ ရင်ထဲ အတော်လေးစိတ်မကောင်းဝမ်းနည်းရပါတယ်။ အခုချိန် ပြည်သူမှာပြည်သူပဲရှိတာဖြစ်တဲ့အတွက် ပြည်သူအချင်းချင်း ဝိုင်းဝန်ကူညီဖေးမကြဖို့လည်း တိုက်တွန်းပါရစေ။ အုပ်ချုပ်တဲ့မင်း မကောင်းတဲ့အပြင် စီမံခန့်ခွဲမှုကလည်း စုတ်ချာ ဘယ်ကပ်ဘေးလာလာ ပြည်သူဟာ ကိုယ့်နည်းကိုယ့်ဟန်ဖြေရှင်းနေရတယ်။ ကပ်ဘေးတွေကို ကြိုမမြင်နိုင်ပေမယ့် အခုလို သဘာဝဘေးအန္တရာယ်တွေအတွက် ကြိုတင်သတိပေးလှုံ့ဆော်မှုတွေ သတင်းစကားပေးပို့မှုဆိုတာမရှိ ကြုံတွေ့ရပြန်တော့လည်း ဦးဆောင်လမ်းပြဖြေရှင်းကိုင်တွယ်နိုင်တဲ့ အရည်အချင်းမရှိ။ ဖြစ်ချင်တော့ ငမ်းငမ်းတက် သမ္မတ။ ဒီငလျင်ဟာ တတိယမြောက်အကြီးမားဆုံးငလျင်ဒဏ်ပဲ။ အခုချိန်ထိလည်း စိုးရိမ်ရတဲ့အခြေနေရှိသေးတယ်။ နိုင်ငံဟာ အရေးပေါ်အခြေနေရောက်နေပြီ။ ကယ်ဆယ်ရေး ဆေးဝါးအထောက်အပံ့ စားနပ်ရိက္ခာအထောက်အပံ့တွေ ချက်ချင်းပြင်ဆင်ရမယ့် အခြေနေ အိမ်နီးချင်းနိုင်ငံက နိုင်ငံ့အကြီးအကဲတွေ ဆောင်ရွက်နေတာတွေ အားရဖွယ်ကောင်းသလောက် ကိုယ်တွေနိုင်ငံက အကြီးအကဲကတော့ သူ့ထီး သူ့နန်း သူ့အတွက်သူပဲ စိတ်ပူနေလေရဲ့။ ဘယ်မလဲ ကူမယ့်သူကယ်မယ့်သူ? ကယ်ပါမယ် ကူပါမယ်ဆိုရင်တောင် ဒင်းတို့က ကြားထဲက အမြတ်ထုတ် ဂုတ်သွေးစုတ်ကြအုန်းမယ်။ငါတို့ပြည်သူတွေဘဝကလည်း စုတ်လည်းဆူး စားလည်းရူး ပါပဲ အင်မတန်ရင်နာစရာကောင်းလှပါတယ်။ ဒီထက့်ဆိုးမယ့်​ လောကဓံလည်း မရှိနိုင်တော့ပါဘူး။ အခုလက်ရှိ တိုက်ပြိုတိုက်ပျက်တွေကြား ပိတ်မိနေတဲ့ပြည်သူတွေ ဒဏ်ရာကြီးငယ် ရထားတဲ့ပြည်သူတွေ စစ်ဘေးရော ကပ်ဘေးရောကြုံနေရတဲ့ပြည်သူတွေ အပူသောကပင်လယ်ဝိုင်းနေတဲ့ ပြည်သူများအားလုံး အမြန်ဆုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ။ အထိခိုက်နည်းပါးပါစေလို့ မမလီဆာ ဆုတောင်းနေပါတယ်ကွယ်။ အသက်ဆုံးရှုံးခဲ့ရတဲ့ပြည်သူများလည်း ကောင်းရာဘုံဘဝသို့ ရောက်ကြပါစေ ပြုသမျှ ကုသိုလ် အမျှပေးဝေပါတယ်ကွယ်။ #မမလီဆာ @mamalisa009
3 798
10
❐ Update News: ငလျင်ကြောင့် အင်းဝမြို့ဟောင်းရှိ ရှေးဟောင်း အဆောက်အဦးများ ပျက်စီးခဲ့ရာ ရှေးဟောင်းသမိုင်းဝင် မယ်နု အုတ်ကျောင်း+1
❐ Update News: ငလျင်ကြောင့် အင်းဝမြို့ဟောင်းရှိ ရှေးဟောင်း အဆောက်အဦးများ ပျက်စီးခဲ့ရာ ရှေးဟောင်းသမိုင်းဝင် မယ်နု အုတ်ကျောင်းကြီးနှင့် လေးထပ်ကျောင်းတော်ကြီးတို့ကို မပျက်စီးခင်ကမြင်ကွင်းနှင့် ငလျင်ကြောင့် ပြိုကျပျက်စီးသည့် မြင်ကွင်းတို့ ယှဉ်တွဲတွေ့ရစဉ်။ #မယ်နုအုတ်ကျောင်း #မယ်နု #အင်းဝ #ငလျင်နောက်ဆက်တွဲသတင်း #Towards #ဆီသို့
1 357
11
📣📣 အလွန်အားပြင်းတဲ့ငလျင်မို့ နောက်ဆက်တွဲငလျင်တွေဆက်လှုပ်နိုင်ကြောင်းနဲ့ သတိပြုနေထိုင်ရန်နှင့် ငလျင်ဘေးအန္တရာယ်နှင့်စပ်လျဉ်း
📣📣 အလွန်အားပြင်းတဲ့ငလျင်မို့ နောက်ဆက်တွဲငလျင်တွေဆက်လှုပ်နိုင်ကြောင်းနဲ့ သတိပြုနေထိုင်ရန်နှင့် ငလျင်ဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်၊‌ ရှောင်ရန်နှင့် သတိပြု ရန်အချက်များကို အောက်ပါ link ကတဆင့် လေ့လာနိုင်ရန် ဝေမျှလိုက်ပါသည်။ https://www.facebook.com/100069354243390/posts/948941767427623/?app=fbl
3 385
12
မန္တလေး ကျုံးမြို့ရိုးဟောင်း နဲ့ စစ်ကိုင်းတံတားဟောင်း ပြိုကျပျက်စီးသွားပါတယ်။ 7.7ပြင်းအားဖြစ်လို့ အထိအခိုက် နည်းကြပါစေ အန္တရာ
မန္တလေး ကျုံးမြို့ရိုးဟောင်း နဲ့ စစ်ကိုင်းတံတားဟောင်း ပြိုကျပျက်စီးသွားပါတယ်။ 7.7ပြင်းအားဖြစ်လို့ အထိအခိုက် နည်းကြပါစေ အန္တရာယ်ကင်းကြပါစေ။ #မမလာလီဆာ
1 302
13
❐ အားလုံးစုစည်းနေရင် ဘာမှမဖြစ် လွန်ခဲ့သော ၄၄ နှစ်ကာလ မတ်လ ၂၆ ရက်နေ့က ရန်ကုန်မြို့တွင် အမျိုးသားငယ် တစ်ဦးကိုမွေးဖွားခဲ့သည်။ ထ+1
❐ အားလုံးစုစည်းနေရင် ဘာမှမဖြစ် လွန်ခဲ့သော ၄၄ နှစ်ကာလ မတ်လ ၂၆ ရက်နေ့က ရန်ကုန်မြို့တွင် အမျိုးသားငယ် တစ်ဦးကိုမွေးဖွားခဲ့သည်။ ထိုအမျိုးသားငယ်သည် လူငယ်ဘဝ ၂၀၀၀ ပြည့်နှစ်တွင် ဂီတအမျိုးအစားတစ်ခု အတွက် မြန်မာပြည်၏ ပထမဆုံး တေးအယ်လဘမ် တစ်ခုကို ထုတ်ဝေနိုင်ခဲ့သည်။ အဆိုတော် ဘဝဖြင့် ဘဝကို အေးချမ်းစွာ ဖြတ်သန်းနိုင်သော်လည်း ၂၀၀၇ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အရေးအတွက် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ဆောင်ရွက်ရာမှ စစ်တပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ ထိုအချိန်မှ စတင်၍ နိုင်ငံရေးလောကထဲ ဝင်ရောက်ခဲ့သူ ထိုလူငယ်သည် လွှတ်တော် ကိုယ်စားလှယ် အဖြစ် သက်တမ်းနှစ်ကြိမ် ဆောင်ရွက်ခဲ့ပြီး ၂၀၂၁ စစ်အာဏာသိမ်းပြီး ချိန်တွင်တော့ စစ်အာဏာရှင် ဆန့်ကျင်ရေးလုပ်ငန်းများဆောင်ရွက်ရင်း အကြမ်းဖက်စစ်တပ်၏ ဖမ်းဆီးကာ ကြိုးပေးသတ်ဖြတ်ခဲ့ခြင်းခံခဲ့ရသည်။ ထိုလူငယ်သည် ဦးဖြိုးဇေယျာသော် (ခေါ်) ဟစ်ဟော့ အဆိုတော် ဇေယျာသော်ပင်ဖြစ်သည်။ ဦးဖြိုးဇေယျာသော် ၏ ဘဝမှတ်တမ်း အကျဥ်းချုပ်ကို သူ၏ မွေးနေ့ အမှတ်တရ အဖြစ် ဆီသို့မှ တစ်ဖန် ပြန်လည်ကာ တင်ဆက်လိုက်ရပါသည်။ #အားလုံးစုစည်းနေရင်ဘာမှမဖြစ် #ကိုဖြိုးဇေယျာသော် #ကိုဇေယျာသော် #ACID #HipHop #Towards #ဆီသို့
1 599
14
မမလီဆာလေ ပေါလောက ရုပ်ရှင်ကြီးကို အလွန်စိတ်ကုန်စိတ်ပျက်လွန်းလို့ မျက်နှာလွှဲထားခဲ့တာ ကြာပေါ့။ဒီကိစ္စကိုတော့ မမ မပြောပဲ မကျော်သ
မမလီဆာလေ ပေါလောက ရုပ်ရှင်ကြီးကို အလွန်စိတ်ကုန်စိတ်ပျက်လွန်းလို့ မျက်နှာလွှဲထားခဲ့တာ ကြာပေါ့။ဒီကိစ္စကိုတော့ မမ မပြောပဲ မကျော်သွားနိုင်ဘူးအေ MRTV - 4 ရုပ်သံဟာ စစ်ကောင်စီရဲ့ပိုင်ဆိုင်မှုထဲက တစ်ခုဖြစ်လို့ ဒီရုပ်သံကိုရော ဒီရုပ်သံဌာန နဲ့ လက်တွဲထားတဲ့ အနုပညာရှင်မှန်သမျှကိုရော Boycott ထားခဲ့တာကြာပေါ့။ အခုလက်ရှိ ဒီစစ်တပ်ပိုင်ရုပ်သံကနေ လတ်တလော ထုတ်လွှင့်နေတဲ့ ဇာတ်လမ်းတွဲတစ်ခုမှာ...... သူရဲ့ အနုပညာတွေဟာ လူတွေအတွက် ကောင်းကျိုးရှိစေရမယ်ဆိုပြီး ကြွေးကြော်ထားတဲ့   ဒါရိုက်တာမောင်သီ က သူကိုယ်တိုင် ရိုက်ထားတဲ့ ဇာတ်ကားတစ်ခုမှာ " ယောက်ျားလေးစိတ် မွေးချင်ရင် မုဒိန်းကျင့်တာကအစ စိတ်ကူးယဥ်ရမယ် " ဆိုတဲ့ ဇာတ်ဝင်ခန်းကို ထည့်ရိုက်ထားသတဲ့။ ဒါ့ပြင် ဒီဇာတ်လမ်းတွဲထဲမှာ အမျိုးသမီးများ ၊ LGBT များအပေါ် ချိုးနှိမ့်တဲ့ဟာသ တွေလည်း ပါဝင်နေတယ်လို့သိရတယ်။ ကဲ......... မုဒိိမ်းမှု ( အဓ္ဓမပြုကျင့်မှု ) ဆိုတာဟာ တစ်ကမ္ဘာလုံး လက်မခံပဲ ပြင်းထန်တဲ့ အရေးယူမှုတွေတောင် လုပ်ဆောင်နေကြတာကို ကိုယ်တွေ မြန်မာပြည် ပေါလောကရုပ်ရှင်ကြီးက ဟာသ အနေနဲ့ရိုက်ထားသတဲ့ဟယ်။ ​ယောကျာ်းလေးစိတ်ဆိုတာ မဖြစ်မနေ စိတ်ကူးယဥ်ရမယ့်ကိစ္စထဲမှာ မုဒိမ်းမှုကြီးပါ ပါနေရမယ်ပေါ့။ တာဝန်ယူတတ်မှု ၊ တာဝန်ခံမှု ၊ စာရိတ္တကောင်းမွန်ဖို့ ၊ သူများသားမယားကို စိတ်နှင့်ဖြစ်စေ ကိုယ်နှင့်ဖြစ်စေ နှုတ်နှင့်ဖြစ်စေ မနှောင့်ယှက်ရဘူး  ထိပါးကျူးလွန်မှု မရှိရဘူးဆိုတဲ့ အတွေးအခေါ်တွေ ကိုထည့်ရိုက်လို့ရပါတယ်ရှင့်​။ အနုပညာရဲ့ soft power ဟာ နိုင်ငံတစ်နိုင်ငံရဲ့ လူမှုရေး ၊ စီးပွားရေး ၊ ပညာရေး ၊ လူမှုရေး ၊ နိုင်ငံရေး အားလုံးကိုထိရောက်မှု သက်ရောက်မှုရှိပါတယ်။ ဒါပေမယ့် နင်တို့ အနုပညာကြီးက အနုတ်လက္ခဏာဆောင်နေမှတော့ ပြည်သူအတွက် အဆိပ်ပဲဟေ့။ သူတို့ဖန်တီးလိုက်တဲ့ ဟာသ ဆိုတဲ့ စကားတစ်ခွန်းကြောင့် နောက်ဖြစ်လာမယ့် အဓ္ဓမပြုကျင့်မှုတွေမှာ သူတို့ဟာ ကြံရာပါတွေပဲ။ သူတို့အားလုံးဟာ အလွန်အန္တရာယ်ရှိတဲ့ လူတစ်စုပဲ။ သာမာန်လူတောင်တွေးတောနိုင်တဲ့အရာကို သူများစိတ်နှလုံးအာရုံကို ဖန်စားနိုင်လောက်အောင် လုပ်နိုင်တဲ့သူတွေ အသိပညာ အတတ်ပညာရှင်ဆိုပြီး အကယ်ဒမီ တစ်ဆုပြီးတစ်ဆု တက်ယူနေတဲ့သူတွေက မတွေးနိုင်ကြဘူးလားကွယ်။ မမ channel ကို join ထားအုန်းနော် https://t.me/mamalisa009👍
4 806
15
မမလီဆာ ရဲ့ မောင်ညီလေးတို့ကို အရေးကြီးသတင်းလေးပြောပြစရာရှိတယ်ဟေ့ ဇွန်လထဲမှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်ညီလာခံ (ILO) ရ+2
မမလီဆာ ရဲ့ မောင်ညီလေးတို့ကို အရေးကြီးသတင်းလေးပြောပြစရာရှိတယ်ဟေ့ ဇွန်လထဲမှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်ညီလာခံ (ILO) ရှိပါတယ်။ အဲ့ဒီညီလာခံမှာ မြန်မာနိုင်ငံကိုယ်စားပြု အလုပ်သမားအဖွဲ့ချုပ် ခေါင်းဆောင်တွေကနေ အာဏာသိမ်းစစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေရဲ့ လုပ်ရပ်တွေကို ရပ်တန့်စေပြီး ထိရောက်တဲ့အရေးယူမှုတွေ ရရှိစေရန် ၂၀၂၃ အောက်တိုဘာလ ထဲကနေ အစဥ်တစိုက် ကြိုးပမ်းလျက်ရှိပါတယ် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် နှင့် အပေါင်းအပါတို့က ပြည်သူတို့ကို လူသားဒိုင်ဖွယ် ပြုလုပ်နေပြီး ပြည်သူတွေမှာ   နေ့စဥ်နှင့်အမျှ အတင်းအဓ္ဓမ ပေါ်တာဆွဲတာ ဖမ်းဆီး စစ်ကျွန်ပြုလုပ်ခံနေရတာတွေ ၊ ပြည်သူလူထုအပေါ် လူမဆန်စွာရက်စက်ယုတ်မာအနိုင်ကျင့်တာတွေ တရားမဲ့ ဖမ်းဆီးသတ်ဖြတ်တာတွေ ကလေးသူငယ်များ သက်ကြီးရွယ်အိုများ ရှိရာ စစ်ရှောင်စခန်းတွေကို ဗုံးကြဲတိုက်ခိုင်တာတွေ အရပ်သားပြည်သူတည်ရှိရာ ကျေးရွာများကို မီးရှို့ ဖျက်စီးတာတွေ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ အခြေခံအလုပ်သမားတွေရဲ့ လုပ်အားလစာ တွေခေါင်းပုံဖြတ်နေတာတွေ ဒီလို ရက်စက်ယုတ်မာတဲ့ အပြုအမှုတွေကို လုပ်ဆောင်နေပြီး တစ်ဖက်မှာလည်း စစ်အုပ်စုအနေနဲ့ ILO ရဲ့ အရေးယူတရားစွဲဆိုမှုကို မခံရအောင် စစ်ကောင်စီကို တရားစွဲဆိုရေးကို ကန့်ကွက်ပါကြောင်း ကန့်ကွက်စာတွေမှာ လက်မှတ် ထိုးခိုင်းတာ၊ ကန့်ကွက်စာ ရေးသားခိုင်းတာနဲ့ ဆန္ဒထုတ်ဖော်ခိုင်းတာတွေကို အကြပ်ကိုင်လုပ်ခိုင်းတာမျိုးတွေ ရှိနေပါတယ်။ စစ်တပ်ရဲ့ ဒီလုပ်ရပ်တွေကို ရပ်တန့်စေချင်ရင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကို ထိရောက်တဲ့ အရေးယူဒဏ်ခတ်ခံရအောင် ကြိုးပမ်းနေတဲ့ သူများနဲ့ မမလီဆာတို့ အတူတကွ ပူးပေါင်းပါဝင်ဖို့လိုပါတယ်။ စစ်တပ်ကိုသာ အရေးယူလိုက်ရင် ကုလသမဂ္ဂကနေ အဖွဲ့အစည်းတွေကနေ ထောက်ပံ့နေတဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီ၊ သံတမန်ရေးရာအရ ဆက်သွယ်လုပ်ဆောင်နေတာတွေ ရပ်တန့်နိုင်ပြီး ပြစ်မှုကျူးလွန်တဲ့ စစ်ကောင်စီအပေါင်းအပါတွေကို နိုင်ငံတကာတရားရုံးတွေမှာ ခုံရုံးတင် စစ်ဆေးအရေးယူနိုင်မှာဖြစ်ပါတယ်။ မမလီဆာတို့ကတော့ ဝမ်းသာပီတိအလွန်ရှိသဟေ့ ဒီလို လူ့တိရိစ္ဆာန် တစ်သိုက် အထိနာစေမယ့် မည်သည့်လုပ်ဆောင်မှုမဆို ပါဝင်ဖို့အဆင်သင့်ပါပဲ။ မောင်ညီမလေးတို့ကိုလည်း မမလီဆာက  ကြိုးပမ်းနေတဲ့ခေါင်းဆောင်တွေနဲ့အတူ ပူးပေါင်းပါဝင်ဖို့ဖိတ်ခေါ်ပါတယ်ကွယ်။ မမ channel ကို join ထားချင်ပါက https://t.me/mamalisa009👍
7 478
16
အတန်းပိုင်ကျုရှင်တက်သောအခါ...... #မမလီဆာ
အတန်းပိုင်ကျုရှင်တက်သောအခါ...... #မမလီဆာ
1 566
17
✅ တော်လှန်ပန်းပွင့်တွေ လှပရှင်သန်စေ ယနေ့ မတ်လ ၈ ရက်နေ့သည် နိုင်ငံတကာ အမျိုးသမီးများနေ့ဖြစ်သည်။ နှစ်စဥ်နှစ်တိုင်းတွင် အမျိုးသမ+1
✅ တော်လှန်ပန်းပွင့်တွေ လှပရှင်သန်စေ ယနေ့ မတ်လ ၈ ရက်နေ့သည် နိုင်ငံတကာ အမျိုးသမီးများနေ့ဖြစ်သည်။ နှစ်စဥ်နှစ်တိုင်းတွင် အမျိုးသမီးတို့၏ အခန်းကဏ္ဏ သည် ယနေ့ကမ္ဘာကြီးအတွက် အရေးပါသော နေရာတွင်ရှိကြောင်း အသိပေး ပြောကြားရင်း အမျိုးသမီးများ၏ ရပိုင်ခွင့် အခွင့်အရေးများနှင့် တူညီမျှမှုများရရှိရန် သတင်းစကားပေးသော နေ့တစ်ရက်ဖြစ်သည်။ မြန်မာနွေဦးတော်လှန်ရေးတွင်လည်း အမျိုးသမီးထုသည် မေ့ပျောက်၍ မရသော နေရာမှ ပါဝင်နေသည်။ နူးညံ့စွာ သန်မာသော အမျိုးသမီးထုသည် ရဲဝံ့မှု အပြည့်ဖြင့် အာဏာရှင်ကို ဖီဆန်နေသည်။ ထိုသို့ဖီဆန်ရာတွင် လမ်းခုလတ်၌ ကျဆုံးခဲ့ရသော အမျိုးသမီးများလည်းရှိသည်။အကြမ်းဖက် စစ်တပ်၏ မတရားဖမ်းဆီးချုပ်နှောင်ခြင်းကို ခံခဲ့ရသူများလည်းရှိသည်။မည်သို့သော အခက်အခဲများနှင့်တွေ့ကြုံစေရကာမူ မြန်မာအမျိုးသမီးတို့မှာ ခွင့်တူညီမျှသော အခွင့်အရေးတို့ အတွက် ဆက်လက်ကာ တိုက်ပွဲဝင်နေကြဆဲဖြစ်သည်။ ထိုသို့ ပေးဆပ်သူအမျိုးသမီးတို့၏ ဂုဏ်ရည်နှင့် ရဲဝင့်မှုမှာ မြန်မာ့နွေဦးတွင်သာ မက ကမ္ဘာ့အရပ်ရပ်၏တော်လှန်ရေး တိုင်းတွင် ထာဝစဥ် အမှတ်ရနေရမည်သာဖြစ်သည်။ #InternationalWomensDay #Towards နိုင်ငံတော်သစ်ဆီသို့ မျှော်ရည်၍ ဆီသို့မီဒီယာpageမှ လေးစားစွာဖြင့် ကူးယူဖော်ပြပါသည်။ သတင်းများကိုသိရှိနိုင်ဖို့ 👇 ဒီ channel လေးကို join ထားပါ ဗျို့ https://t.me/big Country citizens
1 708
18
"ဘယ်နေရာမှ သုံးစားမရသော တစ်စုံတစ်ပု" အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ ရုရှားသမ္မတ ပူတင်တို့ မနေ့ကညက ကရင်မလင် နန်းတော်မှ+1
"ဘယ်နေရာမှ သုံးစားမရသော တစ်စုံတစ်ပု" အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ ရုရှားသမ္မတ ပူတင်တို့ မနေ့ကညက ကရင်မလင် နန်းတော်မှာ တွေ့ဆုံခဲ့ကြပါသတဲ့ရှင်။အကြမ်းဖက်မင်းအောင်လှိုင်က ပူတင်ကို သောမကြွက်မင်းအကြောင်း ရှင်းပြနေသတဲ့။ လေးစားစရာအလွန်ကောင်းတာ ငယ်ထိပ်ကျွံအောင်ပါ ခေါက်ပစ်ချင်။ မမ channel ကို join ထားချင်ပါက https://t.me/mamalisa009👍
4 441
19
✅ချောင်းဦးက ပြည်သူ(၁၁)ဦး သေဆုံးခဲ့သည့် စစ်ကောင်စီတပ် အကြမ်းဖက်လုပ်ရပ် အသေးစိတ်ကို NUG လူ့အခွင့်အရေးဝန်ကြီးဌာနထုတ်ပြန် စစ်ကို+5
✅ချောင်းဦးက ပြည်သူ(၁၁)ဦး သေဆုံးခဲ့သည့် စစ်ကောင်စီတပ် အကြမ်းဖက်လုပ်ရပ် အသေးစိတ်ကို NUG လူ့အခွင့်အရေးဝန်ကြီးဌာနထုတ်ပြန် စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ချောင်းမရွာနဲ့ နွယ်ခွေရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်း၊ လက်နက်ကြီး၊ ခြေလျင်စစ်ကြောင်းများနဲ့ တိုက်ခိုက်ခဲ့မှုအတွင်း ကလေး (၃) ယောက် အပါအဝင် အရပ်သားပြည်သူ(၁၁) ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။ ချောင်းဦးမြို့ အရှေ့ဘက် ၄ မိုင်ခန့်အကွာရှိ ချောင်းမရွာနဲ့ နွယ်ခွေရွာများကို အကြမ်းဖက်စစ်အုပ်စုက ဖေဖော်ဝါရီလ(၂၅)ရက် တစ်ရက်တည်းမှာပဲ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သလို၊ လက်နက်ကြီးနဲ့ရော ခြေလျင်စစ်ကြောင်းနဲ့ပါ အကြမ်းဖက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ် အကြမ်းဖက်လုပ်ရပ်တွေကြောင့် ကလေး(၃) ယောက် အပါအဝင် အရပ်သားပြည်သူ(၁၁) ယောက် သေဆုံးပြီး ပြည်သူ(၁၁) ယောက် ထိခိုက်ဒဏ်ရာရရှိကာ လူနေအိမ်(၉)လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ ပြည်သူတရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုရရှိရေးဆိုတဲ့ ဦးတည်ချက်တွေကို လက်ကိုင်ဆွဲထားပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်မှုတွေကို အပြစ်ပေး အရေးယူနိုင်ရေး တာဝန်ယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ သတင်းများကိုသိရှိနိုင်ဖို့ 👇 ဒီ channel လေးကို join ထားပါ ဗျို့ https://t.me/bigcountrycitizen
2 248
20
"မျက်မှောက် ငရဲပြည်ပါပဲ" လက်စတောင်မသတ်လိုက်ရတဲ့ ထမင်းဝိုင်းဘေးက Death Body တွေ။ #မမလာလီဆာ
"မျက်မှောက် ငရဲပြည်ပါပဲ" လက်စတောင်မသတ်လိုက်ရတဲ့ ထမင်းဝိုင်းဘေးက Death Body တွေ။ #မမလာလီဆာ
6 947