en
Feedback
𝐈𝐌 𝐌𝐨𝐯𝐢𝐞𝐬

𝐈𝐌 𝐌𝐨𝐯𝐢𝐞𝐬

Open in Telegram

📈 Analytical overview of Telegram channel 𝐈𝐌 𝐌𝐨𝐯𝐢𝐞𝐬

Channel 𝐈𝐌 𝐌𝐨𝐯𝐢𝐞𝐬 (@immoviee) in the Burmese language segment is an active participant. Currently, the community unites 18 574 subscribers, ranking 15 497 in the Movies category and 7 486 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 18 574 subscribers.

According to the latest data from 08 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by 1 001 over the last 30 days and by 13 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 3.92%. Within the first 24 hours after publication, content typically collects 1.48% reactions from the total number of subscribers.
  • Post reach: On average, each post receives 729 views. Within the first day, a publication typically gains 275 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 2.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
“Admin Acc @tsukikie5”

Thanks to the high frequency of updates (latest data received on 09 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Movies category.

18 574
Subscribers
+1324 hours
+3527 days
+1 00130 days
Posts Archive
Monster House (2006) Monster House ဆိုတဲ့ ဇာတ်ကားလေးကိုကျွန်တော်တို့ ငယ်ငယ်က ၆ကားတွဲအခွေတွေမှာ ကြည့်ဖူးကြမယ်ထင်ပါတယ်။ အခုတစ်ခ
Monster House (2006) Monster House ဆိုတဲ့ ဇာတ်ကားလေးကိုကျွန်တော်တို့ ငယ်ငယ်က ၆ကားတွဲအခွေတွေမှာ ကြည့်ဖူးကြမယ်ထင်ပါတယ်။ အခုတစ်ခါတော့ ငယ်ငယ်ကနားမလည်ပါးမလည်ကြည့်ခဲ့ဖူးတဲ့ဇာတ်ကားကောင်းလေးကို တစ်ခါပြန်ပြီးတော့ ကြည့်လိုက်ကြရအောင်ပါ။ အမြဲမှန်ပြောင်းတစ်ခုနဲ့ အလုပ်ရှုပ်နေတတ်တဲ့ DJ တစ်ယောက်ကသူ့အိမ်ရှေ့အိမ်ကိုအမြဲစူးစမ်းနေတတ်ပါတယ်။ အမြဲတိတ်ဆိတ်ပြီးတော့ ကလေးတွေကို မနှစ်သက်၊ကလေးတွေလာရင် မောင်းထုတ်တဲ့ Mr. Nebbercracker ရဲ့ အိမ်ကြီး Mr. Nebbercracker က ကလေးတွေတော်တော်မုန်းတဲ့သူဗျကလေးတွေကလည်းသူ့ကိုကြောက်ကြ သူ့ကိုကြည့်မရတဲ့ လူဆိုးလေးတွေကလည်း အိမ်ကိုနည်းမျိုးစုံနဲ့ နှောက်ယှက်ကြနဲ့ကလေးတွေ အများဆုံးလမ်းပေါ်ထွက်တဲ့ Holloween ကာလဆိုတာကလည်းMr. Nebbercracker အတွက် အမုန်းဆုံးအချိန်ဖြစ်လာတော့တာပေါ့ ဒါပေမယ့် သူဘာလို့ဒီလောက်တောင် ပစ်ပစ်ခါခါဖြစ်နေရတာလဲဆိုတဲ့နောက်ကွယ်ကအကြေပစ်ပစ်ခါခါဖြစ်နေရတာလဲဆိုတဲ့လိုအကြောင်းအရာတွေကိုဖော်ထုတ်ဖို့ အကြောင်းဖန်လာတော့DJ တို့ ကလေးတစ်သိုက်ကဘယ်လိုတွေလုပ်ကြမလဲဆိုတာစိတ်ဝင်တစားကြည့်လိုက်ရအောင်ဗျာ Channel ကိုအရင် Join ပါ ⬇️ https://t.me/+1Zmq8pgmV6RjMTNl ကြည့်ရန် နှိပ်ပါ 🔗 https://t.me/c/3245960819/944

"၁၆ နှစ်ကြာ တွဲလာခဲ့ပြီးမှ... နောက်ထပ် လူတစ်ယောက်ကြောင့် အရာရာ ကမောက်ကမ ဖြစ်သွားရတဲ့အခါ" Cocktail 2 (2026) ဖောက်ပြန်တယ်ဆိုတာ
"၁၆ နှစ်ကြာ တွဲလာခဲ့ပြီးမှ... နောက်ထပ် လူတစ်ယောက်ကြောင့် အရာရာ ကမောက်ကမ ဖြစ်သွားရတဲ့အခါ" Cocktail 2 (2026) ဖောက်ပြန်တယ်ဆိုတာ အမှားမဟုတ်ပါဘူး ရွေးချယ်မှု တစ်ခုပါ။ ချစ်သူရည်းစားတွေမှာ တွဲတဲ့အချိန်ကြာလာ တာနဲ့ ရိုးအီလာပြီး ငြီးငွေ့လာတတ်ကြတာ ထုံးစံပါပဲ။ စစချင်းတွေ့ဆုံချိန်တုန်းကလို ပူနွေးလတ်ဆတ်တဲ့ ရင်ခုန်သံတွေ ရှားပါးလာတော့ ဒီလူနဲ့တွဲတာက အချစ် လား အကျင့်ဖြစ်လာတာလား သံယောဇဉ်လားဆိုတာ ကို မေးခွန်းထုတ်လာတတ်ကြပါတယ်။ ဒီကာလက တတိယလူဝင်လာဖို့ အကောင်းဆုံးအချိန်ကာလပေါ့။ နှစ်ချီတွဲလာပေမဲ့ တစ်ဖက်လူက အနာဂတ်နဲ့ပတ်သက် ပြီး ရေရေရာရာမရှိလာတဲ့အခါ အမှန်အတိုင်းသိရဖို့ ကံ စမ်းသပ်ပွဲလေးတစ်ခု ဖန်တီးပေးလိုက်ပါတော့ က တယ်။ အပေါ်က ပြောခဲ့သမျှကို ခံစားနေရတာက ဒီယာနဲ့ ကူန ယ်လ်တို့အတွဲပေါ့ အချစ်လား အကျင့်ဖြစ်လာတာလား ဆိုတာကို လက်တွေ့သိချင်လို့ ယောကျာ်းတိုင်းမငြင်း နိုင်တဲ့ ကိုယ်လုံးကိုယ်ပေါက်၊ အပြစ်ပြောစရာမရှိတဲ့ မျက်နှာနဲ့ ခေတ်ဆန်ပွင့်လင်းတဲ့ သူငယ်ချင်းဖြစ်သူ အာလီကို အကူအညီတောင်းပြီး ကူနယ်လို့စိတ်ကိုစမ်း ဖို့ကို မြူခိုင်းခဲ့တာပေါ့။ ရိုးအီနေတဲ့ ရင်ခုန်သံနဲ့ ပူနွေး လတ်ဆတ်တဲ့ ရန်ခုန်သံကြား ဆန္ဒကို သိက္ခာရှိရှိ ထိန်း နိုင်မလား။ ခဏတာ အပေါ်ယံနဲ့ လဲသွားမလား။ Channel ကိုအရင် Join ပါ ⬇️ https://t.me/+1Zmq8pgmV6RjMTNl ကြည့်ရန် နှိပ်ပါ 🔗 https://t.me/c/3245960819/943

ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် Wonder Woman မင်းသမီး Gal Gadot ရဲ့ဇာတ်ကားသစ် 🔥 The Runner (2026) ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းကတော့
ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် Wonder Woman မင်းသမီး Gal Gadot ရဲ့ဇာတ်ကားသစ် 🔥 The Runner (2026) ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းကတော့ လန်ဒန်မြို့ရဲ့ ထိပ်တန်း အမှုလိုက် ရှေ့နေမတစ်ယောက်ဖြစ်တဲ့ မိုင်ယာ (Gal Gadot) ဆီကနေ စတင်ပါတယ်။ သားဖြစ်သူနဲ့အတူ အဆင်ပြေတဲ့ဘဝကို တည်ဆောက်ထားတဲ့ သူမဟာ မနက်ခင်း ပုံမှန်ပြေးနေကျ လမ်းကြောင်းအတိုင်း ပြေးနေတုန်းမှာပဲ အမည်မသိ လျှို့ဝှက်လူတစ်ယောက်ဆီကနေ သူမရဲ့ သားလေး ပြန်ပေးဆွဲခံလိုက်ရပြီဖြစ်ကြောင်း ဖုန်းခေါ်ဆိုမှုတစ်ခု ရောက်လာပါတယ်။ သားဖြစ်သူကို အသက်ရှင်လျက် ပြန်လိုချင်ရင် ပြေးတာကို လုံးဝမရပ်တန့်ဖို့၊ ဘယ်သူ့ကိုမှ အသိမပေးဖို့နဲ့ ဖုန်းထဲကနေ ပေးတဲ့ အမိန့်တိုင်းကို တစ်သဝေမတိမ်း လိုက်နာရမယ်ဆိုတဲ့ အကျပ်ကိုင် ခြိမ်းခြောက်မှုကို ရင်ဆိုင်ရပါတော့တယ်။ Channel ကိုအရင် Join ပါ ⬇️ https://t.me/+1Zmq8pgmV6RjMTNl ကြည့်ရန် နှိပ်ပါ 🔗 https://t.me/c/3245960819/942

The King's Daughter (2022) ဇာတ်လမ်းလေးကတော့ ပြင်သစ်နိုင်ငံဘုရင်ကြီးလူးဝစ် ၁၄ က ရေသူမတွေက ထာဝရရှင်သန်နိုင်စွမ်းကို ပေးစွမ်းနို
The King's Daughter (2022) ဇာတ်လမ်းလေးကတော့ ပြင်သစ်နိုင်ငံဘုရင်ကြီးလူးဝစ် ၁၄ က ရေသူမတွေက ထာဝရရှင်သန်နိုင်စွမ်းကို ပေးစွမ်းနိုင်တယ်လို့ယုံကြည်ထားလို့ ရေသူမတစ်ကောင်ကို ဖမ်းပြီး နေကြတ်တဲ့အချိန်မှာစတေးဖို့လုပ်ထားပါတယ်.. ဘုရင်ကြီး လူးဝစ် ၁၄ ဟာဆိုရင် နှစ်ပေါင်းများစွာကြာအောင်သူစွန့်ပစ်ထားခဲ့တဲ့သူသမီးတော်.မယ်ရီဂျိုးဆက်ဖ်ကိုပွဲထုတ်ချင်တဲ့အတွက် ..သူစွန့်ပစ်ထားခဲ့တဲ့ ဘုရားကျောင်းကနေပြန်ခေါ်လာခဲ့ပါတယ်.. မယ်ရီဂျိုးဆက်ဖ်ဟာနန်းတော်ကြီးကိုရောက်ပြီးတစ်ညမှာတော့သူ့ကိုတစ်နေရာကနေခေါ်နေတဲ့အသံလိုမျိုးကြားရပါတယ် ဒီလိုနဲ့ သွားကြည့်တဲ့အခါမှာတော့ရေသူမဖြစ်နေတာကိုသိလိက်ရပါတော့တယ် မယ်ရီဂျိုးဆက်ဖ်တစ်ယောက်ရေသူမနဲ့ တဖြည်းဖြည်းရင်းနှီးလာကြတဲ့အခါကျမှ သူ့အဖေဟာရေသူမကိုသူ့ရဲ့ထာဝရရှင်သန်မှုအတွက်သတ်ဖြတ်တော့မယ်ဆိုတာကိုသိလိုက်ရပါတယ် မယ်ရီဂျိုးဆက်ဖ်တစ်ယောက် ရေသူမကိုသူ့အဖေလက်ထဲကနေဘယ်လိုကယ်တင်သွားမလဲ ဘုရင်ကြီးလက်ထဲကလွတ်နိုင်ပါ့မလားဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ဇာတ်ကားကောင်းလေးဖြစ်ပါတယ်.. Channel ကိုအရင် Join ပါ ⬇️ https://t.me/+1Zmq8pgmV6RjMTNl ကြည့်ရန် နှိပ်ပါ 🔗 https://t.me/c/3245960819/941

Finding Emily (2026) IMDb Rating (7.0) / Rotten Tomatoes (100%) ရုပ်ရှင် ပရိတ်သတ်တွေနဲ့ မစိမ်းလှတဲ့ မင်းသမီးလေး Angourie Rice
Finding Emily (2026) IMDb Rating (7.0) / Rotten Tomatoes (100%) ရုပ်ရှင် ပရိတ်သတ်တွေနဲ့ မစိမ်းလှတဲ့ မင်းသမီးလေး Angourie Rice နဲ့ မင်းသားချော Spike Fearn တို့ အတွဲညီညီ ပါဝင်သရုပ်ဆောင်ထားတဲ့ Rom-com ရုပ်ရှင် ဇာတ်ကားအမြူးလေးကိုတင်ဆက်ပေးလိုက်ချင်ပါ တယ်။ ဇာတ်လမ်းအကျဉ်းကတော့ တစ်ညတာဆုံဆည်းမှုအပြီး မှာ ဖုန်းနံပါတ်အမှားကြီးရခဲ့လို့ "အမ်မလီ"ဆိုတဲ့ ကောင်မလေးကို လိုက်ရှာရတဲ့ အချစ်ရူး ဂီတသမားလေး Owen ရဲ့အကြောင်းပဲ ဖြစ်ပါ တယ်။ ကောင်မလေးက ဖုန်းနံပါတ်ပေးခဲ့ပေမဲ့ ဂဏန်းတစ်ခုလို နေလို့ ဆက်သွယ်လို့မရဘဲ တက္ကသိုလ်ကျောင်းဝန်းတစ် ခုလုံးမှာ "Emily" ဆိုတဲ့နာမည်နဲ့ မိန်းကလေးပေါင်း ၃ဝဝ ကျော်ကို လိုက် ရှာရပါတော့တယ်။ အဲဒီအချိန်မှာ "အချစ်က လူတွေကို ရူးသွပ်စေတယ်" ဆို တဲ့ သီအိုရီအတွက် သုတေသနလုပ်နေတဲ့ စိတ်ပညာမေ ဂျာကျောင်းသူလေး အမ်မလီ (Angourie Rice) က အိုဝင် ကိုကူညီဖို့ ရည်ရွယ်ချက် ရှိရှိနဲ့ ရောက်လာခဲ့ပါတယ်။ အစပိုင်းမှာတော့ သူ့စာတမ်းအတွက် စမ်းသပ်ချက်တစ် ခုလို သဘောထားပြီး ကူညီပေးရင်းနဲ့ ကျောင်းဝန်းတစ် ခုလုံးကို မွှေနှောက်ရှာဖွေရင်းကနေ သူတို့နှစ်ယောက်ကြားမှာ မထင်မှတ်ထားတဲ့ သံယောဇဉ် တွေနဲ့ ရယ်မောစရာ အလွဲတွေ ဖန်တီးမိသွားကြပါတယ်။ Bridget Jones's Diary ဖန်တီးသူတွေရဲ့ လက်ရာမို့ ဗြိတိသျှ Rom-Com ရဲ့ ရင်ခုန်သံတွေကို Gen-Z ပုံစံ သီချင်းတွေမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ပေါ့ပေါ့ပါးပါးလေး ခံစားရမှာပါ။ အိုဝင်တစ်ယောက် သူ ရှာနေတဲ့ အမ်မလီကိုရှာတွေ့သွားမလား. ဘယ်လိုအလှည့်အပြောင်းတွေဖြစ်သွားဦးမလဲ ဆိုတာ ကိုတော့ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်ကြည့်ရှု လိုက်ကြပါဦးနော်။ Channel ကိုအရင် Join ပါ ⬇️ https://t.me/+1Zmq8pgmV6RjMTNl ကြည့်ရန် နှိပ်ပါ 🔗 https://t.me/c/3245960819/940

Spider Island (2026) ဗြိတိန်ဒါရိုက်တာ Will Jewell ရိုက်ကူးထားတဲ့ Creature Feature Horror-Comedy B-grade ရုပ်ရှင်ကားလေး ဖြစ်ပါ
Spider Island (2026) ဗြိတိန်ဒါရိုက်တာ Will Jewell ရိုက်ကူးထားတဲ့ Creature Feature Horror-Comedy B-grade ရုပ်ရှင်ကားလေး ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာအင်ဖလူရန်ဆာနဲ့မော်ဒယ်တစ်စုဟာ နာမည်ကြီးကုန်ပစ္စည်းတံဆိပ်တစ်ခုရဲ့ ပရိုမိုးရှင်းပွဲ အတွက် သီးခြားကင်းကွာနေတဲ့အပူပိုင်းကျွန်းတစ်ခုဆီ ဓာတ်ပုံရိုက်ဖို့ ထွက်ခွာလာခဲ့ကြပါတယ်။ သာယာလှပမလိုနဲ့ ကျွန်းပေါ်ရောက်တဲ့အခါ အပြင် လောကနဲ့ အဆက်အသွယ်ပြတ်တောက်သွားပြီး မနုဿ ဗေဒဆိုင်ရာ မျိုးရိုးဗီဇပြောင်းလဲနေတဲ့ ရက်စက်လှတဲ့ အဆိပ်ရှိပင့်ကူကြီးတွေ ကြီးစိုးထားတာကို မထင်မှတ်ဘဲ ကြုံတွေ့လိုက်ရပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာပဲ လှပနေတတ်ကြတဲ့အင်ဖလူရန် ဆာတစ်စုဟာ ဖုန်းလိုင်းမရတဲ့ ဒီကျွန်းပေါ်မှာ ရက်စက် လှတဲ့ အဆိပ်ရှိပင့်ကူတွေရဲ့ အန္တရာယ်ကနေ အသက် ဘေးလွတ်အောင် ရယ်စရာ အလွဲအမှားတွေနဲ့အတူ ဘယ်လိုတိုက်ခိုက် ရုန်းထွက်ကြမလဲဆိုတာကို ရိုက်ကူး ထားတာ ဖြစ်ပါတယ်။ ပင့်ကူခြောက်လှန့်မှုတွေ၊ သွေးထွက်သံယိုအခန်းတွေနဲ့ အကြမ်းဖက်မှုတွေ ပါဝင်ပါတာကြောင့် အသက် ၁၅ နှစ် နဲ့အထက်သာ ကြည့်ရှုသင့်ပါတယ်။ Eight Legged Freaks ဒါမှမဟုတ် Crawl လို သတ္တဝါဆန်း သရဲကား ဆန်းဆန်းတွေနဲ့ ဟာသနှောထားတဲ့ရုပ်ရှင်မျိုးတွေကို ပေါ့ပေါ့ပါးပါးကြည့်ချင်သူတွေအတွက် သင့်တော်ပါ တယ်။ Channel ကိုအရင် Join ပါ ⬇️ https://t.me/+1Zmq8pgmV6RjMTNl ကြည့်ရန် နှိပ်ပါ 🔗 https://t.me/c/3245960819/939

မျက်မမြင်ပါကစ္စတန်သူလေးနဲ့ အိန္ဒိယစပိုင်ကောင်လေးတို့ရဲ့ဖြစ်ရပ်မှန်ကား Mission Majnu (2023) ဆစ်ဒ်နဲ့ တောင်ပိုင်းမင်းသမီးရာရှ်မ
မျက်မမြင်ပါကစ္စတန်သူလေးနဲ့ အိန္ဒိယစပိုင်ကောင်လေးတို့ရဲ့ဖြစ်ရပ်မှန်ကား Mission Majnu (2023) ဆစ်ဒ်နဲ့ တောင်ပိုင်းမင်းသမီးရာရှ်မီကားတို့ရဲ့ မထွက်ခင်ကတည်းက နာမည်ကြီးနေတဲ့ 'Mission Majnu' ဆိုတဲ့ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ၁၉၇၀ ခုနှစ်အချိန်မှာ ဇာတ်အိမ်တည်ထားတာဖြစ်ပြီးတော့ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ကားလေးလည်းဖြစ်ပါတယ် အာမန်ဒိဟာပါကစ္စတန်ရဲ့ နယူးကလီးယားလျှို့ဝှက်စမ်းသပ်နေတဲ့ကိစ္စကို စုံစမ်းဖို့အတွက်သူလျှိုအဖြစ် ဆောင်ရွက်နေတာဖြစ်ပါတယ် ပါကစ္စတန်မှာသူလျှိုအဖြစ်လှုပ်ရှားရင်း မျက်မမြင်ကောင်မလေး နာစရင်းနဲ့လည်း အိမ်ထောင်ကျနေခဲ့တာပေါ့ အာမန်ဒိဟာတစ်ဖက်မှာသူ့မိသားစုလေးကို တည်ထောင်ရင်း တစ်ဖက်မှာလည်းတိုင်းပြည်တာဝန်တွေကို မလစ်ဟင်းရအောင်လုပ်ဆောင်ပေးခဲ့ပါတယ် အာမန်ဒိတစ်ယောက် ဘယ်လိုအခက်အခဲတွေကို ကျော်လွှားသွားရမလဲ သူ့ရဲ့မိသားစုလေးကိုရော အန္တရာယ်ကင်းအောင်ထားနိုင်ပါ့မလားဆိုတာကိုတော့ စောင့်ကြည့်အားပေးကြပါဦးနော် ပါကစ္စတန်နိုင်ငံထဲကို ဝင်ရောက်အသက်စွန့်ပြီးတာဝန်ထမ်းဆောင်ခဲ့ကြတဲ့ အိန္ဒိယအေးဂျင့်တွေရဲဲ့ လေးစားစရာစိတ်ဓာတ်ကိုပေါ်လွင်အောင်ရိုက်ကူးပြထားတဲ့.... Channel ကိုအရင် Join ပါ ⬇️ https://t.me/+1Zmq8pgmV6RjMTNl ကြည့်ရန် နှိပ်ပါ 🔗 https://t.me/c/3245960819/938

မိတဆိုးမလေး ပေါ်ပီ Wild Child (2008) မိတဆိုးမလေး ပေါ်ပီဟာ ဖခင်ဖြစ်သူကို အရွဲ့တိုက်ပြီး သောင်းကျန်းချင်တိုင်း သောင်းကျန်းနေတဲ့
မိတဆိုးမလေး ပေါ်ပီ Wild Child (2008) မိတဆိုးမလေး ပေါ်ပီဟာ ဖခင်ဖြစ်သူကို အရွဲ့တိုက်ပြီး သောင်းကျန်းချင်တိုင်း သောင်းကျန်းနေတဲ့ မာလီဘူး သူတစ်ယောက်ပါ တစ်ရက်မှာတော့ အရွဲ့တိုက် သောင်းကျန်းတာ အရှိန်လွန်သွားတဲ့အတွက် သူ့အဖေက အင်္ဂလန်က အက်ဘီမောင့်ကျောင်းကို ကျောင်းအိပ်ကျောင်းစား ပို့လိုက်ပါတော့တယ် အက်ဘီမောင့်ကျောင်းကို ရောက်ပြီးတဲ့နောက် ပြစ်မှုပေါင်းစုံ ကျူးလွန်ပြီး ကျောင်းကနေ ထွက်ရဖို့အရေး အားကြိုးမာန်တက် ကြိုးပမ်းပေမဲ့ ဂရုဏာရှင်ကျောင်းအုပ်ကြီးက မိတဆိုးသမီးလေးဆိုပြီး ခွင့်လွှတ်ပေးနေတာကြောင့် နောက်ဆုံးမှာ အခန်းဖော်လေးယောက်ရဲ့ အကူအညီနဲ့ ကျောင်းအုပ်ကြီးရဲ့ သားဖရက်ဒီကို ဆွဲဆောင်ပြီး ကျောင်းထုတ်ခံရဖို့ ကြံစည်ပါတော့တယ် ပေါ်ပီတို့ရဲ့ အကြံအစည်အောင်မြင်သွားမလား? လူချောလေး ဖရက်ဒီနဲ့ ပေါ်ပီတို့ ဘာတွေဆက်ဖြစ်ကြမလဲ? ဖရက်ဒီကို တစ်ဖက်သတ်ကြိုက်နေတဲ့ ဟာရီရက်ဆိုတဲ့ ကျောင်းသူနဲ့ရော ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာတွေကို အခွီတလိုင်းနဲ့ ကြည့်ရှူကြရမှာပါ Channel ကိုအရင် Join ပါ ⬇️ https://t.me/+1Zmq8pgmV6RjMTNl ကြည့်ရန် နှိပ်ပါ 🔗 https://t.me/c/3245960819/937

The Last Sunrise (2026) ဒီဇာတ်ကားလေးကတော့ အမေရိကန်ကောင်မလေးတစ် ယောက် စပိန်နိုင်ငံက ကမ်းခြေလေးတစ်ခုမှာ အချစ်နဲ့ မျှော်လင့်ခြင်
The Last Sunrise (2026) ဒီဇာတ်ကားလေးကတော့ အမေရိကန်ကောင်မလေးတစ် ယောက် စပိန်နိုင်ငံက ကမ်းခြေလေးတစ်ခုမှာ အချစ်နဲ့ မျှော်လင့်ခြင်းတွေ ပေါက်ဖွားလာပြီး ဘဝရဲ့အဓိပ္ပါယ်ကို ရှာတွေ့သွားတာကို ရင်ခုန်ကြည်နူးဖွယ် ကြည့်ရှုရမဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အိုရိုင်ယာဆိုတဲ့ ကောင်မလေးဟာ အမေဖြစ်သူ ပိုင်ဆိုင်တဲ့ စပိန်နိုင်ငံ မာ ယော့ကာကမ်းခြေက အပန်းဖြေဟိုတယ်လေးကို အမေနဲ့ အတူ လိုက်လည်ခဲ့ပါတယ်။ တစ်ခုရှိတာက သူမဟာ ဦးနှောက်ထဲက အကျိတ်ဖုတစ် ခုကြောင့် အတက်ရောဂါကို ခံစားနေရပြီး ခွဲစိတ်မှုမခံယူ ရင် အသက်ပါသွားနိုင်တဲ့အထိ အန္တရာယ်များပါတယ်။ ဒါပေမယ့် အဲဒီအကျိတ်ဖုကို ခွဲထုတ်လိုက်ပြန်ရင်လည်း တစ်သက်တာ အမှတ်တရတွေ၊ မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားနိုင်ခြေက တော်တော်များတဲ့အတွက် သူမဟာ မခွဲစိတ်ဘဲ ဆေးသောက်ပြီး ထိန်းထားဖို့ကို ရွေးချယ်ခဲ့ပါတယ်။ အိုရိုင်ယာဟာ တစ်သက်လုံး အသိစိတ်ကို ထုံထိုင်းစေတဲ့ ဆေးတွေ အချိန်မှန်သောက်၊ အချိန်မှန်အိပ်ပြီး တင်း ကြပ်တဲ့ အချိန်ဇယားနဲ့ ကြီးပြင်းလာရတဲ့အတွက် ဒီ ကမ်းခြေလေးကို ရောက်လာတဲ့အခါ ဆေးသောက်တာ ကို ရပ်လိုက်ပြီး ဒီနွေရာသီအခိုက်အတန့်လေးကို သေ ချင်သေ ရှင်ချင်ရှင် ခံစားဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။ ဒီလိုနဲ့ သူမဟာ ဟိုတယ်ရောက်ပြီး နောက်တစ်ရက်မှာ ဧည့်ကြိုကောင်မလေးညွှန်းတဲ့ ဝတ်လစ်စလစ်ကမ်းခြေ ကို ဘုမသိ ဘမသိ ရောက်သွားရင်း အတောင့်အဖြောင့် စပိန်ကောင်လေးကို မိမွေးတိုင်း ဖမွေးတိုင်း ဘွားခနဲ တွေ့လိုက်ရတဲ့နောက်မှာ ဘယ်လိုဇာတ်လမ်းလေးတွေ အစပျိုးလာမလဲ..ဒီဇာတ်လမ်းလေးကတော့ ဘယ်လို ဆက်သွားမလဲဆိုတာကို စောင်ကိုက်ရင်း ကြည့်ရှုရမှာ ဖြစ်ပါတယ်။
Vip တွင်ကြည့်နိုင်ပါပြီ
VIP ဝင်ချင်သူများ ဆက်သွယ်ရန် Admin acc ➡️ @tsukikie5 Vip တွင်တင်ထားပြီးသော Series/Movies List များကိုကြည့်ရန်နှိပ်ပါ

တစ်ကားလုံးပေါ့ပေါ့ပါးပါးနဲ့ ချစ်ဖိုကောင်းတဲ့ ကလေးတွေကိုမြင်ရမှာဖြစ်ပြီး စိတ်အေးလက်အေးနဲ့ ဟာသဆန်ဆန်ကြည့်ရှုရမှာဖြစ်ပါတယ်။ The
တစ်ကားလုံးပေါ့ပေါ့ပါးပါးနဲ့ ချစ်ဖိုကောင်းတဲ့ ကလေးတွေကိုမြင်ရမှာဖြစ်ပြီး စိတ်အေးလက်အေးနဲ့ ဟာသဆန်ဆန်ကြည့်ရှုရမှာဖြစ်ပါတယ်။ The Little Rascals (1994) ဇာတ်လမ်းလေး ကတော့ တော်တော်လေးကို Comfort ဖြစ်တဲ့ ရုပ်ရှင်တစ်ခုလိုပြောနိုင်ပါတယ်။ မိသားစုနဲ့အတူတူကြည့်ဖိုသင့်တော်တဲ့ ရုပ်ရှင်တစ်ကားလည်းဖြစ်ပါတယ်။ Alfalfa ဆိုတာ “မိန်းမမုန်းတီးရေး ကလပ်” အဖွဲဝင်တစ်ယောက်ဖြစ်ပါတယ်။ သူတို ကလပ်တစ်ခုလုံးကတော့ မိန်းမတွေဆိုမုန်းတီးနေတဲ့ လူတွေနဲ့ စုစည်းထားတာဖြစ်ပါတယ်။ခက်တာက Alfalfa ဟာ Darla ဆိုတဲ့ကောင်မလေးတစ်ယောက်ကို ချစ်ကျွမ်းဝင်မိနေပါတယ်။ဒါပေမယ့် အဲဒါကိုလက်မခံတဲ့ ကလပ်အဖွဲဝင်တွေကတော့ ချစ်ခြင်းကိုလိုက်ခွဲကြပါတယ်။ ဒီလိုနဲ့ Darla လေးက Alfalfa ဆိုကြည့်မရဖြစ်လာခဲ့ပါတယ်။သူတိုမှာ ကလေးချင်းပြိုင်ဖိုကားပြိုင်ပွဲကလည်းရှိနေပြီး Alfalfa ကသူတိုကလပ်ရဲ့ ကိုယ်စားပြု ကားဒရိုက်ဘာဖြစ်ပါတယ်။အသက်နဲ့မလိုက်အောင် စကားပြောကြွယ်တဲ့ကလေး တစ်သိုက်ဘယ်လိုမျိုးရှေ့ဆက်မှာလဲ။Alfalfa ကရော Darla ချစ်ခြင်းကိုပြန်ရမှာလား... Channel ကိုအရင် Join ပါ ⬇️ https://t.me/+1Zmq8pgmV6RjMTNl ကြည့်ရန် နှိပ်ပါ 🔗 https://t.me/c/3245960819/935

Anyone But You (2023) "နင်ကလွဲရင် ဘယ်သူမဆိုဖြစ်တယ်" ဆိုတာနဲ့ ကိုက်ညီနေတာမို့ စော်ပစ်ကောင်တွေ၊ ဘဲပစ်မ တွေက ဒီဇာတ်ကားကြည့်ပြီး
Anyone But You (2023) "နင်ကလွဲရင် ဘယ်သူမဆိုဖြစ်တယ်" ဆိုတာနဲ့ ကိုက်ညီနေတာမို့ စော်ပစ်ကောင်တွေ၊ ဘဲပစ်မ တွေက ဒီဇာတ်ကားကြည့်ပြီး Moti ပြန်ယူနိုင်မှာဖြစ်ပါတယ်။ ဘန် နဲ့ ဘီး တို့နှစ်ယောက် စားသောက်ဆိုင်က ရစ်လို့ ဘန် က ကူညီပေးခဲ့တဲ့နောက်မှာတော့သူတို့နှစ်ယောက်ရင်းနှီးသွားပြီး ဘန့်အိမ်မှာအတူတူညအိပ်ခဲ့ကြပါတော့တယ်။ ဒါပေမယ့်မနက်စောစော ဘီး က ထပြန်သွားခဲ့တဲ့အတွက် ဘန် က သူ့သူငယ်ချင်းကိုပြောမိပြောရာတွေပြောနေတုန်းစိတ်ပြောင်းပြီး ပြန်လာတဲ့ ဘီးကကြားသွားတဲ့အခါမှာ သူတို့ဇာတ်လမ်းကတစ်ခန်းရပ်သွားခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ဘီးအစ်မ နဲ့ ဘန့်သူငယ်ချင်းတို့မင်္ဂလာပွဲကို သွားခဲ့ရင်းနဲ့မှ "နင်ကလွဲရင်ဘယ်သူမဆိုဖြစ်တယ်" ဆိုတဲ့အဆင့်လောက်အထိအချင်းချင်း မုန်းနေကြတဲ့ သူနှစ်ယောက်ကြားမှာဘယ်လို မမျှော်လင့်ထားတဲ့ အချစ်ဇာတ်လမ်းလေးတွေပေါ်ပေါက်လာမလဲဆိုတာ….. Channel ကိုအရင် Join ပါ ⬇️ https://t.me/+1Zmq8pgmV6RjMTNl ကြည့်ရန် နှိပ်ပါ 🔗 https://t.me/c/3245960819/934

Bolt (2008) ဟောလိဝုဒ်က သရုပ်ဆောင်ဖြစ်တဲ့ Bolt ဆိုတဲ့ ခွေးလေးတစ်ကောင်အကြောင်းကိုရိုက်ကူးတင်ဆက်ထားတာပါ။ဇာတ်လမ်းအရဆိုရင် အဲ့ဒီခွ
Bolt (2008) ဟောလိဝုဒ်က သရုပ်ဆောင်ဖြစ်တဲ့ Bolt ဆိုတဲ့ ခွေးလေးတစ်ကောင်အကြောင်းကိုရိုက်ကူးတင်ဆက်ထားတာပါ။ဇာတ်လမ်းအရဆိုရင် အဲ့ဒီခွေးလေးဟာ သိပ္ပံဇာတ်လမ်းရုပ်ရှင်တစ်ခုမှာ သူ့ရဲ့သခင်မဖြစ်သူ Penny ဆိုတဲ့ ကောင်မလေးနဲ့အတူ သရုပ်ဆောင်နေရတာဖြစ်ပြီး Bolt ဟာ သရုပ်ဆောင်နေရတာကို အမှန်တကယ်ထင်မှတ်နေတာဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ Bolt တစ်ကောင် မတော်တဆဖြစ်ပြီး ဟောလိဝုဒ်ရုပ်ရှင်မြို့တော်ရဲ့ အပြင်ကိုရောက်သွားပါတော့တယ်။ သူ့ကိုယ်သူ ရုပ်ရှင်ထဲကအတိုင်း စွမ်းအားရှင်ခွေးတစ်ကောင်လို့ထင်နေတဲ့ Bolt ကတော့ အလွဲလွဲအမှားမှားတွေနဲ့ကြုံတွေ့ရပါတော့တယ်။ အပြင်လောကကိုရောက်သွားတဲ့ Bolt ဟာ သူ့ရဲ့သခင်မဆီကို ပြန်ဖို့ကြိုးစားရင်းနဲ့ ဘာတွေကြုံတွေ့ရမယ် ဘာတွေ သိလာရမယ်ဆိုတာတော့ ဇာတ်လမ်းထဲမှာ ခံစားကြည့်ရှုကြပါဦး။ Channel ကိုအရင် Join ပါ ⬇️ https://t.me/+1Zmq8pgmV6RjMTNl ကြည့်ရန် နှိပ်ပါ 🔗 https://t.me/c/3245960819/933

A Cinderella Story(2004) Comedy, Family, Romance IMDB: 5.9 မရိုးနိုင်တဲ့ စင်ဒရဲလားဇာတ်လမ်းမြောက်များစွာထဲကမှရှေးခေတ်မူနဲ့မဟုတ
A Cinderella Story(2004) Comedy, Family, Romance IMDB: 5.9 မရိုးနိုင်တဲ့ စင်ဒရဲလားဇာတ်လမ်းမြောက်များစွာထဲကမှရှေးခေတ်မူနဲ့မဟုတ်ဘဲ ခေတ်သစ်စင်ဒရဲလားဇာတ်လမ်းလေးနဲ့ CMပရိသတ်တွေကို မိတ်ဆက် ပေးပါရစေ။ Samဟာ အဖေနဲ့အတူ ပျော်ရွှင်ပြည့်စုံစွာနေခဲ့ရပေမဲ့ အဖေယူလိုက်တဲ့မိန်းမကတော့ Samကိုမကြည်လှပါဘူး။ အဖေဆုံးပါးသွားတဲ့နောက်မှာမိထွေးနဲ့ သူ့သမီးနှစ်ယောက်က အရာအားလုံးကိုအပိုင်စီးကာ Samကိုလည်း အစေခံတစ်ယောက်လိုခိုင်းပါတယ်။ Samနဲ့အတူ အွန်လိုင်းပေါ်က စကားပြောဖော်လေးတစ်ယောက်လည်းရှိပါသေးတယ်။ အဲဒီစကားပြောဖော်လေးနဲ့အတူ ကျောင်းကပွဲမှာ လူချင်းတွေ့ဖို့ ချိန်းဆိုထားပေမဲ့မိထွေးက လုံးဝမလွှတ်ဘဲ အလုပ်တွေပဲလုပ်ခိုင်းထားပါတယ်။Samဟာ ကပွဲကို ဘယ်လိုရောက်အောင်သွားမလဲသူ့မင်းသားလေးနဲ့ ဘယ်လိုတွေ့မလဲဆိုတာကိုတော့ကိုယ်တိုင် ကြည့်ရှုလိုက်ကြပါဦးနော်။ Channel ကိုအရင် Join ပါ ⬇️ https://t.me/+1Zmq8pgmV6RjMTNl ကြည့်ရန် နှိပ်ပါ 🔗 https://t.me/c/3245960819/932

“တကယ်ချစ်မိပြီဆိုရင် ကိုယ့်ချစ်တဲ့သူကဘယ်လိုလူဖြစ်ဖြစ်ဂရုမစိုက်နိုင်တော့တဲ့ အကြောင်းရိုက်ထားတယ့်ဇာတ်ကား” The Girl Next Door (2
“တကယ်ချစ်မိပြီဆိုရင် ကိုယ့်ချစ်တဲ့သူကဘယ်လိုလူဖြစ်ဖြစ်ဂရုမစိုက်နိုင်တော့တဲ့ အကြောင်းရိုက်ထားတယ့်ဇာတ်ကား” The Girl Next Door (2004) ဒီဇာတ်ကားမှာ မင်းသမီး၊ မင်းသား (Emile Hirsch) ရဲ့သရုပ်ဆောင်မှုတွေကလည်း အထင်ကြီးစရာဖြစ်ပြီး သူတိုအတွက်များ ဒီဇာတ်ကားဖန်တီးဖြစ်တာလားလို တွေးမိရလောက်အောင် မင်းသားရော မင်းသမီးရော နှစ်ယောက်လုံး ထိထိမိမိ ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်သွားကြပါတယ် သူတိုနဲ့ လိုက်ဖက်လွန်းတဲ့ဇာတ်ကားပါ..ဇာတ်ကားရဲ့ ရည်ရွယ်ရင်းလဲ နှစ်သက်မိသလို ဟာသရသလဲမြောက်ပါတယ်.. လူငယ် အချစ် ဟာသ ဇာတ်လမ်းလေးတွေမှာတော့ မမေ့နိုင်တဲ့ဇာတ်ကားဖြစ်ပြီး  (Hit Man) မင်းသား..ဖိုက်တာကြီး (Timothy Olyphant) ကို ဂျလေဘီဆန်ဆန်မြင်ရတာလဲ သဘောကျမိပါတယ် အချုပ်ပြောရရင် (Teen Comedy) ပရိတ်သတ်တွေ မကြည့်ဖူးသေးရင် ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ Channel ကိုအရင် Join ပါ ⬇️ https://t.me/+1Zmq8pgmV6RjMTNl ကြည့်ရန် နှိပ်ပါ 🔗 https://t.me/c/3245960819/931

Pearl (2022) Mia Goth ဟာ ဇာတ်ညွှန်းပါ ဝင်ရေးထားသလို သူ့လုပ်ကွက်အပြည့်နဲ့ဆိုတော့ သူ့သရုပ်ဆောင်စွမ်းရည်ကိုလည်း အပြည့်အဝပြထားခဲ့
Pearl (2022) Mia Goth ဟာ ဇာတ်ညွှန်းပါ ဝင်ရေးထားသလို သူ့လုပ်ကွက်အပြည့်နဲ့ဆိုတော့ သူ့သရုပ်ဆောင်စွမ်းရည်ကိုလည်း အပြည့်အဝပြထားခဲ့ပါတယ်။ပထမကားကတော့ 1979 မှာ ဇာတ်အိမ်တည်ထားပြီး ဒီကားကိုတော့ 1918 မှာ ဇာတ်အိမ်တည်ထားပါတယ်။ X မှာ တွေ့ခဲ့ကြတဲ့ ပါးလ်နဲ့ ဟောင်းဝက်စ်တို့ရဲ့ ငယ်ဘဝနဲ့ အဲဒီလယ်တောအိမ်ကြီးရဲ့ ဇစ်မြစ်ကို ရိုက်ပြထားတာပါ။ X မှာပြောခဲ့တဲ့ ဟောင်းဝက်စ်က စစ်ပြန်ဖြစ်ကြောင်း ဘာညာကိုရောပေါ့။ ပါးလ်ရဲ့ စိတ်အခြေအနေ ဘာလို့ ဒီလောက်ထိဆိုးသွားလဲဆိုတာကိုရော သေချာပြထားပါတယ်။ သို့ပေမဲ့ သူက X နဲ့တော့ ပုံစံကွဲထွက်နေပြီး Psychological slasher ပုံစံဘက်ကို ပိုတာသွားပြီး ကလပ်စစ်ကားတစ်ကားပုံစံပါ ဆန်နေပါတယ်။ Pearl ဟာဟောလိဝုဒ်ရွှေခေတ်ကကားတွေကို homage ပေးထားတဲ့ ဇာတ်ဝင်ခန်းတွေကို သုံးထားသလို Horror Slasher ကားပေမဲ့ ဒီအရသာတွေထက် ကလပ်စစ်ရုပ်ရှင်တစ်ကားလို ဟန်ပန်နဲ့ စီနီမာတွေက ပိုဖုံးလွှမ်းသွားပြီး Horror ကား တစ်ကားကြည့်ရတာနဲ့မတူဘဲ ဒါမှ ရုပ်ရှင်ကွလို့ ထအော်လို့ရတဲ့ ရုပ်ရှင်တစ်ကားကို ကြည့်နေရသလိုပါပဲ Channel ကိုအရင် Join ပါ ⬇️ https://t.me/+1Zmq8pgmV6RjMTNl ကြည့်ရန် နှိပ်ပါ 🔗 https://t.me/c/3245960819/930

Obsession (2026) IMDb Rating (8.1) / Rotten Tomatoes (94%) ၂၀၂၅ ခုနှစ်ရဲ့ အဟော့ဆုံးနဲ့ အကြမ်းဆုံး Horror ကား ကို ပြပါဆိုရင်တေ
Obsession (2026) IMDb Rating (8.1) / Rotten Tomatoes (94%) ၂၀၂၅ ခုနှစ်ရဲ့ အဟော့ဆုံးနဲ့ အကြမ်းဆုံး Horror ကား ကို ပြပါဆိုရင်တော့ ဒါရိုက်တာ Curry Barker ရိုက်ကူး ထားတဲ့ "Obsession" ကိုပဲ ပြရမှာပါ။ ဒီကားက ဘတ်ဂျက်နည်းနည်းလေးနဲ့ ရိုက်ထားတာဆို ပေမဲ့ တကယ့်ကို အောင်မြင်မှုတွေ အများကြီး ရထားတဲ့ ကားဆိုတော့ ရုပ်ရှင်ချစ်သူတွေ ကြည့်ကိုကြည့်သင့်တဲ့ကားစာရင်းထဲ မှာ ပါပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ ဇာတ်လမ်းလေးက ဘယ်လိုလဲဆိုတော့… အဓိက ဇာတ်ကောင် "Bear" (Michael Johnston) က သူ့ရဲ့ ငယ်သူငယ်ချင်းကောင်မလေး "Nikki" (Inde Navarrette) ကို ကြိတ် ကြိုက်နေတာပါ။ တစ်ရက်ကျတော့ Bear က ဆိုင်တစ်ဆိုင်ကနေ 'One Wish Willow' လို့ခေါ်တဲ့ ဆုတောင်းပြည့် အဆောင် လေးတစ်ခုကို ဝယ်လာခဲ့တယ်။ အဲဒီသစ်ကိုင်းကို ချိုးပြီး ဆုတောင်းရင် တစ်ယောက်ကို ဆုတစ်ခါ တောင်းလို့ရတယ်ဆိုတော့ကာ... Bear က "Nikki တစ်ယောက် ငါ့ကို ကမ္ဘာပေါ်မှာ အချစ်ဆုံးဖြစ်ပါစေ" ဆိုပြီး ဆုတောင်းလိုက်ရော။ ဆုတောင်းပြည့်သွားလားဆိုတော့ ချက်ချင်းကို ပြည့် သွားပါတယ်။ ဒါပေမဲ့ ပြဿနာက အဲဒီဆုတောင်းရဲ့ အကျိုးဆက်က တော်တော်လေးကို ကြောက်စရာကောင်းပြီး ဆိုးရွားလွန်းနေတာပါပဲ။ Nikki ရဲ့ အပြုအမူတွေက သာမန်မဟုတ်တော့ဘဲ ကြောက်စရာကောင်းတဲ့ အရာတစ်ခုခုက သူ့ကို ခြယ်လှယ်နေသလိုမျိုး ဖြစ်လာတဲ့အခါ ဘာတွေ ဆက်ဖြစ်မလဲဆိုတာ ရင်တမမနဲ့ ကြည့်ရမယ့် Supernatural Horror & Dark Comedy တဲ့ ကားလေးပါ။ ဘတ်ဂျက်က ဒေါ်လာ ၇ သိန်းခွဲ ကနေ ၁ သန်း ဝန်းကျင် လောက်ပဲ သုံးထားတာပါ။ဒါပေမဲ့ ရုံတင်တဲ့အခါမှာတော့ ရုံဝင်ငွေ ဒေါ်လာ ၁၉၄ သန်းကျော်အထိ ရသွားပြီး Focus Features ကုမ္ပဏီ သမိုင်းတစ်လျှောက်ဝင်ငွေအကောင်းဆုံး စံချိန်တင်ကားကြီး (Downton Abbey ကိုပါ ကျော်သွားတာ) ဖြစ်သွားပါတယ်။ Channel ကိုအရင် Join ပါ ⬇️ https://t.me/+1Zmq8pgmV6RjMTNl ကြည့်ရန် နှိပ်ပါ 🔗 https://t.me/c/3245960819/929

Hoppers (2026) ဇာတ်လမ်းအကျဉ်း ​Hopper ဆိုတာကတော့ တောအုပ်လေးတစ်ခုထဲမှာ နေထိုင်တဲ့၊ စပ်စုတတ်ပြီး အမြဲတမ်း တက်ကြွလန်းဆန်းနေတဲ့ မ
Hoppers (2026) ဇာတ်လမ်းအကျဉ်း ​Hopper ဆိုတာကတော့ တောအုပ်လေးတစ်ခုထဲမှာ နေထိုင်တဲ့၊ စပ်စုတတ်ပြီး အမြဲတမ်း တက်ကြွလန်းဆန်းနေတဲ့ မြေခွေးငယ် (Beaver) လေးတစ်ကောင်ပဲ ဖြစ်ပါတယ်။ သူဟာ တခြားမြေခွေးတွေလိုပဲ သစ်ပင်ခုတ်၊ ဆည်ဆောက်တာမျိုးထက် ကမ္ဘာကြီးမှာ ဘာတွေရှိသလဲဆိုတာကို ပိုပြီး စိတ်ဝင်စားသူပါ။ ​ဇာတ်လမ်းကတော့ Hopper တစ်ယောက် မတော်တဆ သိပ္ပံပညာရှင်တွေရဲ့ လေ့လာရေးစခန်းတစ်ခုထဲ ရောက်သွားပြီး အဆင့်မြင့်နည်းပညာသုံး ပစ္စည်းတစ်ခု (Gadget) ကို ရရှိသွားရာကနေ စတင်ပါတယ်။ ဒီပစ္စည်းကြောင့် သူဟာ တခြားတိရစ္ဆာန်တွေနဲ့ မတူဘဲ ထူးခြားတဲ့ စွမ်းရည်တွေ ရရှိလာသလို၊ တစ်ဖက်မှာလည်း... Channel ကိုအရင် Join ပါ ⬇️ https://t.me/+1Zmq8pgmV6RjMTNl ကြည့်ရန် နှိပ်ပါ 🔗 https://t.me/c/3245960819/928

You – Serie IMDb Rating – 7.7/10 Season (1 to 5) စ-ဆုံး Netflix ရဲ့ Masterpice ဂန္ဓဝင်လက်ရာတခုဖြစ်တဲ့ "You" ဆိုတဲ့ စီးရီးကောင
You – Serie IMDb Rating – 7.7/10 Season (1 to 5) စ-ဆုံး Netflix ရဲ့ Masterpice ဂန္ဓဝင်လက်ရာတခုဖြစ်တဲ့ "You" ဆိုတဲ့ စီးရီးကောင်းတခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် စာအုပ်ဆိုင်လေးတဆိုင်က မန်နေဂျာလေး Joe Goldbergတစ်ယောက် တရက်မှာ စာအုပ်လာဝယ်တဲ့ စာရေးဆရာမလက်သစ်လေး Gunivere Beck ကို တွေ့ပြီး မြင်မြင်ချင်း ချစ်မိသွားတဲ့အခါ... အချစ်နဲ့နီးစပ်ရဖို့ ဘာမဆိုလုပ်မယ်ဆိုတဲ့ ဂျိုး ဟာ တကယ့်ကို ဘာမဆိုလုပ်ရင်းနဲ့ Beck ဘဝထဲက သူမအတွက် မကောင်းတဲ့သူငယ်ချင်းတွေ မကောင်းတဲ့ရည်းစားတွေကို သူ့နည်းလမ်းနဲ့ ကိုင်တွယ်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါ... စာဂျပိုးတော်တော်များများက အေးအေးဆေးဆေးလေးနဲ့ Feel သမားတွေလို့ပဲ တွေးထင်ထားတာပါ ဒီဇာတ်ကောင်နဲ့တွေ့မှပဲ အဲဒီအမြင်တွေအားလုံး ဆန့်ကျင်ဘက်ဖြစ်ကုန်တော့တာပါပဲ Genius တယောက်က psychopath ဖြစ်နေတဲ့အခါမှာတော့... ကိုယ်တိုင်ကတော့ Elizabeth Lail ရဲ့အပြုံးကို ငေးနေရတာနဲ့တင် ဒီစီးရီးက တန်နေပါပြီ Penn Badgley လို ခန့်ချောကြီးက Joe အဖြစ် သရုပ်ဆောင်ထားပါတယ်...Thriller ဖြစ်သလို Romance လဲ ဖြစ်ပါတယ် လိင်ပိုင်းဆိုင်ရာပြကွက်တွေနဲ့ ကြမ်းတမ်းတဲ့စကားလုံးတွေ သွေးထွက်သံယို ပြကွက်တွေ ပါဝင်နေတဲ့အတွက် ၁၈နှစ်အောက်အရွယ်တွေ ကြည့်ရှု့ဖို့ မသင့်လျော်ပါဘူး...
Vip တွင်ကြည့်နိုင်ပါပြီ
VIP ဝင်ချင်သူများ ဆက်သွယ်ရန် Admin acc ➡️ @tsukikie5 Vip တွင်တင်ထားပြီးသော Series/Movies List များကိုကြည့်ရန်နှိပ်ပါ

Challengers (2024) ဒါကတော့ အားကစား အခြေပြု သုံးပွင့်ဆိုင်အချစ် ဇာတ်လမ်း ဒရာမာ ရုပ်ရှင်ပါ။ မင်းသမီးကတော့ စပိုက် ဒါမန်း တို့ Gr
Challengers (2024) ဒါကတော့ အားကစား အခြေပြု သုံးပွင့်ဆိုင်အချစ် ဇာတ်လမ်း ဒရာမာ ရုပ်ရှင်ပါ။ မင်းသမီးကတော့ စပိုက် ဒါမန်း တို့ Greatest Showman, Dune တို့နဲ့ လူသိများတဲ့ Zendaya ပါပဲ။ ဒီရုပ်ရှင်ထဲ ကလေးတွေ အမြင် မသင့်တော်တာတွေ ပါတာတော့ သတိပေးထားချင်ပါ တယ်။ ဇာတ်လမ်းအကျဉ်း နာမည်ကျော်တင်းနစ်ကစားသမား အာ့ ဒေါ်နယ်ဆင်ဟာ အသက်အရွယ်ရလာပြီး ရှုံးပွဲတွေ များလာရာကနေ ယူအက်စ်အိုးပင်းချန်ပီယံ ဖြစ်လာဖို့ ပြန်ကြိုးစားနေတဲ့ သူပဲဖြစ်ပါတယ်။ သူ့ရဲ့ မိန်းမ တာရှီ ဒေါ်နယ်ဆင်ကတော့ အရင်က တင်းနစ်လူငယ်ပါရမီရှင် ဖြစ်ခဲ့ပေမဲ့ ဒဏ်ရာကြောင့် အနားယူလိုက်ရပြီး အာ့ ရဲ့ နည်းပြအဖြစ်ပဲ လုပ်ပေးနေတော့တာ ဖြစ်ပါတယ်။ သူ တို့လင်မယား ကမ်းဘက်ဖို့ ကြိုးစားတဲ့ပြိုင်ပွဲမှာ နောက်ဆုံးဖြတ်ကျော်ရမှာက တာရှီရဲ့ ရည်းစားဟောင်း၊ အာ့ရဲ့ အချစ်ဆုံးသူငယ်ချင်းဟောင်း ပက်ထရစ်စဖိုက်ပဲ ဖြစ်နေပါတယ်။ သူတို့သုံးယောက် အတိတ်က ဖြစ်ခဲ့တဲ့ ပြဿနာတွေနဲ့ တင်းနစ်ကွင်းထဲမှာ ဘယ်လို ဆက်ဖြေ ရှင်းကြမလဲဆိုတာကို ပြထားတာပါပဲ။ ဒရာမာ ကောင်းကောင်းကြိုက်တဲ့သူတွေ ကြည့်ထားလိုက်ပါဦး။ Channel ကိုအရင် Join ပါ ⬇️ https://t.me/+1Zmq8pgmV6RjMTNl ကြည့်ရန် နှိပ်ပါ 🔗 https://t.me/c/3245960819/926

The Substance (2024) IMDb: 7.3 မင်းသမီးကြီး ဒယ်မီမိုး နဲ့ Once Upon a Time, in Hollywoodရုပ်ရှင်ထဲက Pussycat လေး Margaret Qua
The Substance (2024) IMDb: 7.3 မင်းသမီးကြီး ဒယ်မီမိုး နဲ့ Once Upon a Time, in Hollywoodရုပ်ရှင်ထဲက Pussycat လေး Margaret Qualley တို ပါဝင်သရုပ်ဆောင်ထားပါတယ်။ ကြောက်စရာ ခန္ဓာကိုယ်အပြောင်းအလဲတွေနဲ့ ရွံစရာတွေပါတာမို နှလုံးခိုင်မှ ကြည့်ကြပါလို သတိပေးချင်ပါတယ်။ အယ်လီဇဘတ်ဟာ နာမည်ကြီးမင်းသမီးဖြစ်ခဲ့ပေမဲ့ အသက်အရွယ်ကြီးရင့်လာတဲ့အခါ သူ့နေရာမှာ ကောင်မလေးငယ်ငယ်လှလှလေးနဲ့အစားထိုးဖို တီဗီအစီအစဉ်တစ်ခုကနေ ကန်ထုတ်ခံလိုက်ရပါတယ်။အဲဒီအချိန်မှာ သူ့ကို ထူးဆန်းတဲ့ဆေးတစ်မျိုး ကမ်းလှမ်းလာပါတယ်။အဲဒီဆေးရဲ့ အစွမ်းကတော့ ဆေးသုံးလိုက်တဲ့သူရဲ့ ဆဲလ်တွေကိုပွားလာစေပြီး အဲဒီဆေးထိုးခံတဲ့သူရဲ့ နောက်ထပ် ဗားရှင်းလူတစ်ယောက်ကိုယ်ပွားထွက်ပေါ်လာတာပါပဲ Channel ကိုအရင် Join ပါ ⬇️ https://t.me/+1Zmq8pgmV6RjMTNl ကြည့်ရန် နှိပ်ပါ 🔗 https://t.me/c/3245960819/925