en
Feedback
B & W - ဘာသာပြန်စာအုပ်များစုစည်းမှု

B & W - ဘာသာပြန်စာအုပ်များစုစည်းမှု

Open in Telegram

ကျနော့်ရဲ့ ရည်ရွယ်ချက်ကတော့ ရွာမှာ ဂဏန်းနှိုက်နေတဲ့ လယ်လုပ်နေရတဲ့ လူငယ်တွေလည်း သူတို့ ဖတ်ချင်ရင် ကမ္ဘာပေါ်က ဘယ်စာအုပ်ကို မဆို လွယ်လွယ်ကူကူ ဖတ်လို့ ရစေရမယ်။ Admin @danielzaungnwe

Show more

📈 Analytical overview of Telegram channel B & W - ဘာသာပြန်စာအုပ်များစုစည်းမှု

Channel B & W - ဘာသာပြန်စာအုပ်များစုစည်းမှု (@bookandwealthmm) in the Burmese language segment is an active participant. Currently, the community unites 15 685 subscribers, ranking 2 332 in the Books category and 8 532 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 15 685 subscribers.

According to the latest data from 24 June, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by 30 over the last 30 days and by 40 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 4.38%. Within the first 24 hours after publication, content typically collects 2.15% reactions from the total number of subscribers.
  • Post reach: On average, each post receives 686 views. Within the first day, a publication typically gains 337 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 10.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
ကျနော့်ရဲ့ ရည်ရွယ်ချက်ကတော့ ရွာမှာ ဂဏန်းနှိုက်နေတဲ့ လယ်လုပ်နေရတဲ့ လူငယ်တွေလည်း သူတို့ ဖတ်ချင်ရင် ကမ္ဘာပေါ်က ဘယ်စာအုပ်ကို မဆို လွယ်လွယ်ကူကူ ဖတ်လို့ ရစေရမယ်။ Admin @danielzaungnwe

Thanks to the high frequency of updates (latest data received on 25 June, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Books category.

15 685
Subscribers
+4024 hours
+667 days
+3030 days
Posts Archive
၁။ အလုပ် ၁၀၀ လုံးကို အရေးကြီးတယ်လို့ ထင်နေခြင်း။ ၂။ အလုပ်များနေတာကို အလုပ်ဖြစ်နေတယ်လို့ ထင်ခြင်း။ ၃။ ဘယ်အလုပ်က အရေးကြီးဆုံးလဲ
၁။ အလုပ် ၁၀၀ လုံးကို အရေးကြီးတယ်လို့ ထင်နေခြင်း။ ၂။ အလုပ်များနေတာကို အလုပ်ဖြစ်နေတယ်လို့ ထင်ခြင်း။ ၃။ ဘယ်အလုပ်က အရေးကြီးဆုံးလဲဆိုတာ Analysis မလုပ်ခြင်း။ ၄။ အနားယူတာကို အပြစ်ရှိသလို ခံစားရခြင်း (80/20 အရ အနားယူခြင်းက စွမ်းဆောင်ရည် တက်စေပါတယ်)။ ၅။ အားနည်းချက်ကို ပြင်ဖို့ပဲ အချိန်ကုန်နေပြီး အားသာချက် (High Impact ၂၀%) ကို အသုံးမချခြင်း။

သူများအောင်မြင်ရင် မနာလိုဖြစ်မယ့်အစား "မုဒိတာ" ထားကြည့် 🤍 ​တစ်ခါတလေ Social Media ပွတ်ရင်း သူများတွေ အောင်မြင်နေတာ၊ အဆင်ပြေနေတာ မြင်ရင် ကိုယ့်ကိုယ်ကိုယ် အလိုလို "သိမ်ငယ်" သလိုလို၊ "မနာလို" သလိုလို ခံစားဖူးကြတယ်မလား? ​နာမည်ကျော် Speaker Jay Shetty ကတော့ အဲဒီ အဆိပ်အတောက် (Toxic) ဖြစ်တဲ့ စိတ်ဒဏ်ရာကို ကုသဖို့ မုဒိတာ ဆိုတဲ့ Mindset လေးကို ညွှန်းထားပါတယ်။ "သူများအောင်မြင်မှုကို ကိုယ်ကပါ လှိုက်လှိုက်လှဲလှဲ ဝမ်းမြောက်ပေးတာ" ပါပဲ။ ​ ​မနာလိုစိတ် (Envy) ဆိုတာ ကိုယ့်မှာရှိတဲ့ ကောင်းကွက်တွေကို ကွယ်ပျောက်စေတဲ့ အဆိပ်တစ်ခုပဲ။ မုဒိတာ ထားပေးလိုက်တဲ့အခါ အဲဒီအဆိပ်တွေ ပြယ်ပြီး စိတ်က ချက်ချင်း ကြည်လင်ဝင်းပသွားလိမ့်မယ်။ ​ ​သူတစ်ပါးနဲ့ လိုက်နှိုင်းယှဉ်နေသရွေ့ ဘယ်တော့မှ "Never Enough" (မလုံလောက်ဘူး) ဆိုတဲ့ ခံစားချက်ကြီးနဲ့ ပူလောင်နေရမှာပဲ။ မုဒိတာက အဒီအဆိပ်အတောက် နှိုင်းယှဉ်မှုတွေကို Stop စေပြီး ကိုယ့်လမ်းကိုယ် လျှောက်နိုင်အောင် အားပေးတယ်။ ​ ​Jay Shetty ပြောတာ အမှန်ပဲ။ ဘဝမှာ ရာထူးတွေ၊ လစာတွေ ထပ်ရတာက "Success" လို့ ခေါ်နိုင်ပေမယ့်... မနာလိုစိတ်နဲ့ နှိုင်းယှဉ်စိတ်တွေကို စွန့်လွှတ်နိုင်တာ ကမှ စစ်မှန်တဲ့ "Fulfillment" (စိတ်ချမ်းသာမှု) ကို ပေးနိုင်တာပါ။ ​မနာလိုတတ်တဲ့သူက အပေါင်းအသင်းကောင်းတွေ ဆုံးရှုံးပြီး အဆိပ်အတောက် ဖြစ်စေမယ့်သူတွေကိုပဲ ဆွဲဆောင်မိတတ်တယ်။ သူတစ်ပါး အဆင်ပြေတာကို ရိုးရိုးသားသား လက်ခုပ်တီး ဂုဏ်ပြုပေးနိုင်တဲ့အခါ ကိုယ့်ဘေးနားမှာ စစ်မှန်တဲ့ Environment နဲ့ Connection တွေပဲ ကျန်ခဲ့လိမ့်မယ်။ ​ ​စေတနာထားတာ၊ သူတစ်ပါးအတွက် ဝမ်းသာပေးတာတွေက ကိုယ့်ရဲ့ စိတ်ကျန်းမာရေး (Mental Health) ကို တိုးတက်စေပြီး သက်တမ်းကိုပါ ရှည်စေတယ်လို့ Research တွေက ဆိုထားပါတယ်။ (စိတ်ပူပန်မှုတွေ အလိုလို လျော့ကျသွားတာမျိုးပေါ့!) အဒီတော့ ​သူများနဲ့ လိုက်နှိုင်းယှဉ်ပြီး စိတ်ဆင်းရဲနေရတဲ့ သံသရာထဲက ရုန်းထွက်ချင်ရင်... "မုဒိတာ" ကိုသာ နေ့စဉ် Practice လုပ်ကြည့်ပါ။ သူတစ်ပါးရဲ့ အောင်မြင်မှုကို ဝမ်းမြောက်ပေးနိုင်တဲ့နေ့က စပြီး ကိုယ့်ဘဝလည်း ပိုငြိမ်းချမ်း၊ ပိုပြီး အထာကျလာပါလိမ့်မယ်။ 🤍 ​#JayShetty #Muda #Mindset #MentalHealth #Inspiration #SelfGrowth

ကမ္ဘာ့အတော်ဆုံး ရင်းနှီးမြှုပ်နှံသူတွေဆီက သင်ယူရမယ့် သင်ခန်းစာ ၃ ခု ၁။ စတော့လောကမှာ Idea တွေက တန်ဖိုးမရှိပါဘူး။ အဲဒီ Idea ကို
ကမ္ဘာ့အတော်ဆုံး ရင်းနှီးမြှုပ်နှံသူတွေဆီက သင်ယူရမယ့် သင်ခန်းစာ ၃ ခု ၁။ စတော့လောကမှာ Idea တွေက တန်ဖိုးမရှိပါဘူး။ အဲဒီ Idea ကို ဘယ်လို ကိုင်တွယ်သလဲ (Execution) ကသာ အရေးကြီးဆုံးပါ။ ထိပ်တန်းရင်းနှီးမြှုပ်နှံသူတွေဟာ မှားတာထက် မှန်တာက ပိုနည်းတတ်ပေမဲ့ သူတို့ရဲ့ စည်းကမ်းကြောင့် ငွေရှာနိုင်ကြတာပါ ။ ၂။ ရှယ်ယာတန်ဖိုး ကျဆင်းလာတဲ့အခါ ဘာမှမလုပ်ဘဲ ငိုင်နေတဲ့ "Rabbit" (ယုန်) မျိုး မဖြစ်ပါစေနဲ့။ အရှုံးကို ချက်ချင်းဖြတ်တဲ့ "Assassin" (လူသတ်သမား) သို့မဟုတ် ဗျူဟာမြောက် ထပ်ဝယ်တဲ့ "Hunter" (မုဆိုး) မျိုးသာ ဖြစ်ပါစေ ။ ၃။ ရှယ်ယာတွေ ဈေးတက်လာရင် နည်းနည်းမြတ်တာနဲ့ ရောင်းမထွက်လိုက်ပါနဲ့။ တကယ့် "Maestro" တွေဟာ အမြတ်ကို အဆုံးထိ စီးနင်းပြီး "Win Big" ဖြစ်အောင် လုပ်တတ်ကြပါတယ် ။ 📚 စာအုပ်များဖတ်ရန် နှိပ်ပါ

​မိမိကျွမ်းကျင်တဲ့ ဝါသနာကို ဝင်ငွေရတဲ့ ဝန်ဆောင်မှုတစ်ခုအဖြစ် ပြောင်းလဲဖို့ဆိုရင် ကြီးကြီးကျယ်ကျယ်တွေကနေ စဖို့ မလိုပါဘူး။ ​တကယ်တော့ ဒါဟာ ကိုယ့်ဆီမှာရှိတဲ့ စွမ်းအင်နဲ့ ကျွမ်းကျင်မှုကို အခြားသူတွေရဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ (သို့) အကျိုးစီးပွားအတွက် အသုံးချလိုက်ခြင်းသာ ဖြစ်ပါတယ်။ ​ဒီနေရာမှာ စဉ်းစားရမယ့် "အထာကျကျ စည်းမျဉ်း (၃) ခု" ရှိပါတယ်။ ​၁။ Purpose (ရည်မှန်းချက်) နဲ့ အလုပ်ကို ခွဲမြင်ပါ ​ကိုယ့်ရဲ့ Purpose က အမြဲတမ်း ကိုယ့်ရဲ့ နေ့စဉ်လုပ်နေတဲ့ အလုပ် (Job) ဖြစ်နေဖို့ မလိုသလို၊ စလုပ်ချင်းမှာ ငွေရဖို့၊ နာမည်ကြီးဖို့လည်း မလိုအပ်ပါဘူး။ ဒါကို အားလပ်ရက်တွေ ဒါမှမဟုတ် ညနေခင်း အချိန်တွေမှာလည်း စတင်ပျိုးထောင်လို့ ရပါတယ်။ ​၂။ ကိုယ့် နှလုံးသားမှာ နေရာယူနိုင်တဲ့အရာကို ရှာပါ (Find what breaks your heart) ​ကိုယ့်ကို တကယ်စိတ်ဝင်စားစေတဲ့အရာ၊ ဒါမှမဟုတ် မြင်ရင် မနေနိုင်အောင် ကိုယ့်စိတ်ကို လှုပ်ခတ်စေတဲ့ အရာတစ်ခုခုကို ရှာပြီး ပါဝင်ကူညီပါ။ ငွေကြေးအမြောက်အမြား မလိုပါဘူး။ ကိုယ့်ရဲ့ အချိန်နဲ့ စွမ်းအင်ကို ပေးလှူခြင်းကနေ စတင်နိုင်ပါတယ်။ ​၃။ လက်ရှိအလုပ်ထဲမှာ ဝါသနာကို ပေါင်းစပ်မျှဝေပါ ​လက်ရှိလုပ်နေတဲ့ အလုပ်ကို မချစ်မြတ်နိုးရင်တောင် အဲဒီအလုပ်ထဲကို ကိုယ့်ဝါသနာကို ယူဆောင်လာလို့ ရပါတယ်။ ​ ဥပမာ - Jay Shetty ဆိုရင် Accenture မှာ အတိုင်ပင်ခံ လုပ်တုန်းက သူဝါသနာပါတဲ့ တရားမှတ်ခြင်း (Meditation) ကို နေ့လယ်စာစားချိန်နဲ့ အလုပ်ဆင်းချိန်တွေမှာ လုပ်ဖော်ကိုင်ဖက်တွေကို ပြန်မျှဝေပေးရင်းနဲ့ပဲ အပြောင်းအလဲကို စခဲ့တာပါ။ ​"ဝါသနာကို ကိုယ့်တစ်ယောက်တည်းအတွက်ပဲ သုံးရင် ဝါသနာပဲဖြစ်နေမှာပါ။ အခြားသူတွေရဲ့ အကျိုးအတွက် အသုံးချလိုက်တဲ့အခါမှသာ အဲဒါဟာ စစ်မှန်တဲ့ Purpose (ရည်မှန်းချက်) ဖြစ်လာပြီး ဝင်ငွေအဖြစ်ပါ လမ်းစပွင့်လာမှာ ဖြစ်ပါတယ်။" ​တစ်ပတ်ကို ၂ နာရီလောက်ပဲဖြစ်ဖြစ် ကိုယ့်ကျွမ်းကျင်မှုနဲ့ သူတပါးကို ကူညီပေးခြင်းက စိတ်ကျန်းမာရေးကို ကောင်းမွန်စေရုံတင်မကဘဲ ကိုယ့်ရဲ့ တန်ဖိုး (Value) ကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ ​ ​📚B & W Reading Club ထဲမှာ စာအုပ်အားလုံးကို ဖတ်လို့ရနေပါပြီ

"I am not what I think I am, and I am not what you think I am. I am what I think you think I am." - Charles Horton Cooley ကျွ
"I am not what I think I am, and I am not what you think I am. I am what I think you think I am." - Charles Horton Cooley ကျွန်တော်ဆိုတာ ကျွန်တော်ထင်နေတဲ့သူလည်း မဟုတ်သလို၊ ခင်ဗျားထင်နေတဲ့သူလည်း မဟုတ်ပါဘူး။ ကျွန်တော်ဆိုတာ 'ကျွန်တော့်ကို ခင်ဗျား ဘယ်လိုမြင်မလဲလို့ ကျွန်တော်ထင်နေတဲ့' သူတစ်ယောက်သာ ဖြစ်ပါတယ်။ လူအများစုက ကိုယ်တကယ်ဖြစ်ချင်တဲ့ ပုံစံအတိုင်း မနေထိုင်ဘဲ တခြားသူတွေ ကိုယ့်ကို ဘယ်လိုမြင်မလဲ၊ ဘယ်လိုလက်ခံမလဲ ဆိုတဲ့ အပေါ်မူတည်ပြီး ဇာတ်ရုပ်အမျိုးမျိုးနဲ့ ဟန်ဆောင် (Method Acting) နေထိုင်တတ်ကြပါတယ်။ အဲဒီလို လူမှုအသိုင်းအဝိုင်းက သတ်မှတ်ထားတဲ့ ဖိအားတွေ (ဥပမာ - ဆရာဝန်၊ အင်ဂျင်နီယာမှ အောင်မြင်တာ၊ ပိုက်ဆံရှိမှ အထင်ကြီးခံရတာ) ဆိုတဲ့ အရာတွေကို မျက်ကွယ်ပြုပြီး ကိုယ့်ရဲ့ စစ်မှန်တဲ့ တန်ဖိုး (Values) ကို ရှာဖွေနိုင်မှသာ တကယ့် ပျော်ရွှင်မှုကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ 📚B & W Reading Club ထဲမှာ စာအုပ်အားလုံးကို ဖတ်လို့ရနေပါပြီ

နေ့စဉ်ဘဝမှာ သင့်ရဲ့ စွမ်းအင်တွေကို စုပ်ယူနေတဲ့ 'အဆိပ်အတောက်' ဖြစ်စေတဲ့ လူစားမျိုးတွေထဲက ဘယ်သူတွေနဲ့ အများဆုံး ကြုံတွေ့နေရလဲ?
Anonymous voting

နိုင်ငံခြားတက္ကသိုလ်ကြီးတွေမှာ သင်ရိုးအဖြစ် ပြုစုထားတဲ့ စာတမ်းတွေထဲက လောလောဆယ် ဘယ်အပိုင်းကို အရင် ဖတ်ချင်လဲ?
Anonymous voting

🌻 ဖတ်ရန်နှိပ်ပါ.. ဒီစာအုပ်မှာ သုံးထားတဲ့ "Bitch" ဆိုတာက ကြမ်းတမ်းရိုင်းစိုင်းတဲ့ မိန်းမကို ပြောတာမဟုတ်ပါဘူး။ ကြင်နာတတ်တယ်၊ ဒ
🌻 ဖတ်ရန်နှိပ်ပါ.. ဒီစာအုပ်မှာ သုံးထားတဲ့ "Bitch" ဆိုတာက ကြမ်းတမ်းရိုင်းစိုင်းတဲ့ မိန်းမကို ပြောတာမဟုတ်ပါဘူး။  ကြင်နာတတ်တယ်၊ ဒါပေမဲ့ စိတ်ဓာတ်ခိုင်မာတယ်။  ကိုယ့်ဘဝကို ဘယ်ယောက်ျားတစ်ယောက်နောက်ကိုမှ တကောက်ကောက်လိုက်ပြီး အဆုံးရှုံးမခံသလို။ သူတစ်ပါးက စည်းကျော်လာရင်လည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရပ်တည်ရဲတဲ့ မိန်းမမျိုးကို ဆိုလိုတာပါ။    

The number one thing women look for in a man is simply this: trustworthiness. - John Gottman, PhD အမျိုးသမီးတစ်ဦးက အမျိုးသားတ
The number one thing women look for in a man is simply this: trustworthiness. - John Gottman, PhD အမျိုးသမီးတစ်ဦးက အမျိုးသားတစ်ယောက်ဆီကနေ အလိုချင်ဆုံး အရာကတော့ ရိုးရှင်းပါတယ်။ အဲဒါက 'ယုံကြည်ကိုးစားထိုက်မှု' ပဲ ဖြစ်ပါတယ်။ အမျိုးသမီးတွေဟာ ယောက်ျားတစ်ယောက်ရဲ့ စီးပွားဥစ္စာ ဒါမှမဟုတ် Six-pack တွေထက် "သူဟာ ပြောတဲ့အတိုင်း လုပ်မယ့်သူလား၊ ဘေးကင်းလုံခြုံမှု ပေးနိုင်မယ့်သူလား" ဆိုတဲ့ ယုံကြည်စိတ်ချရမှုကို အဓိကထား ရှာဖွေတတ်ကြပါတယ်။ ဒီယုံကြည်မှုကို တည်ဆောက်ဖို့ဆိုရင် သူမရဲ့ စိတ်ခံစားချက်တွေကို အလေးထား နားထောင်ပေးတဲ့ စိတ်ချင်းချိတ်ဆက်မှု (Attunement) စွမ်းရည်ကို အမျိုးသားတွေ မဖြစ်မနေ လေ့ကျင့်ဖို့ လိုအပ်ပါတယ်။ 📚B & W Reading Club ထဲမှာ စာအုပ်အားလုံးကို ဖတ်လို့ရနေပါပြီ

အမျိုးသမီးတွေ စိတ်ဆိုးနေချိန်မှာ Logic နဲ့ သွားမရှင်းပြပါနဲ့ ယောကျာ်းလေးအများစုက သူတို့ချစ်ရတဲ့ မိန်းကလေး စိတ်ဆိုးနေချိန်မှာ မသိဘဲ ကျူးလွန်မိတတ်တဲ့ အကြီးမားဆုံး အမှားတစ်ခုရှိပါတယ်။ အဲဒါကတော့ ပြဿနာကို "အကျိုးအကြောင်း (Logic) နဲ့ ရှင်းပြဖို့ ကြိုးစားခြင်း" ပါပဲ။ သဘာဝတရားအရ ယောကျာ်းလေးတွေရဲ့ ဦးနှောက်က Logic နဲ့ ဦးတည်ချက် (Direction) ကို အခြေခံပေမဲ့၊ မိန်းကလေးတွေရဲ့ သဘာဝကတော့ စိတ်ခံစားမှု (Emotion) နဲ့ စွမ်းအင် (Energy) အပေါ်မှာ အခြေခံပါတယ်။ ဒါကြောင့် သူမ ဒေါသထွက်နေချိန်၊ ဝမ်းနည်းနေချိန်မှာ  မိတ်ဆွေ ပေးမယ့် "အကြောင်းပြချက်" တွေကို သူမ လိုချင်တာမဟုတ်ပါဘူး။ သူမကို ဆင်ခြင်တုံတရားတွေနဲ့ နိုင်အောင်ငြင်းဖို့ ကြိုးစားတာဟာ သူမရဲ့ သဘာဝကို ဆန့်ကျင်နေသလို ဖြစ်နေတတ်ပါတယ်။ ဘရားသားတို့က "ကိုယ့်ဘက်က ဘာမှားသွားလို့လဲ၊ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ" ဆိုပြီး ဆရာဝန်တစ်ယောက်လို ရောဂါရှာဖွေဖို့ (Analyze လုပ်ဖို့) ကြိုးစားလေ၊ သူမက ပိုပြီး ဒေါသထွက်လေပါပဲ။ တကယ်တော့ မိန်းကလေးတစ်ယောက်ရဲ့ စိတ်ခံစားချက်ဆိုတာ ရာသီဥတုနဲ့ တူပါတယ်။ မုန်တိုင်းတစ်ခု ဝင်လာတဲ့အခါ "ဒီမုန်တိုင်း ဘာလို့တိုက်တာလဲ" ဆိုပြီး အကျိုးအကြောင်းသွားရှာနေလို့ မရပါဘူး။ အမျိုးသမီးတွေရဲ့ စိတ်ခံစားမှု ပြဿနာအများစုဟာ ပြဿနာကြောင့် မဟုတ်ဘဲ "သူမကို ချစ်မြတ်နိုးမှု မရှိတော့ဘူး၊ ဂရုမစိုက်တော့ဘူး" လို့ ခံစားရခြင်းကနေ မြစ်ဖျားခံပါတယ်။ ပြန်တွေးကြည့်ပေါ့ အကျိုးအကြောင်းတွေ ရှင်းပြလေ၊ သူမ ပိုငိုလေ၊ ပိုပေါက်ကွဲလေ ဖြစ်ဖူးတယ်မလား။ ဘာလို့လဲဆိုတော့ သူမက ဘရားသားတို့ကို ရှေ့နေတစ်ယောက်လို မှား/မှန် လာငြင်းပေးဖို့ လိုအပ်နေတာ မဟုတ်လို့ပါပဲ။ သူမ လိုအပ်နေတာက မုန်တိုင်းတိုက်နေချိန်မှာတောင် မယိမ်းမယိုင်ဘဲ ရပ်တည်ပေးနိုင်တဲ့ တည်ငြိမ်မှု၊ ခိုင်မာမှုနဲ့ နားလည်ပေးနိုင်စွမ်း (Unshakeable Presence) ပါ။ ခြောက်ကပ်ကပ် လော့ဂျစ်တွေက သူမကို ပိုပြီး အထီးကျန်ဆန်စေပါတယ်။ "မင်းဒီလိုဖြစ်နေတာ အဓိပ္ပာယ်မရှိဘူး" လို့ ပြောမယ့်အစား၊ သူမရဲ့ ပေါက်ကွဲမှုတွေ၊ အပြောင်းအလဲမြန်တဲ့ စိတ်အခြေအနေတွေကို နက်နက်ရှိုင်းရှိုင်း လက်ခံပေးလိုက်ပါ။ ဒါကြောင့် နောက်တစ်ခါ ချစ်သူကောင်မလေးတွေ ပြီး​တော့ အမျိုးသမီးကြီးတွေ စိတ်ဆိုး၊ စိတ်ကောက်တဲ့အခါ... စကားနိုင်လုဖို့ မကြိုးစားပါနဲ့။ မှားတယ်၊ မှန်တယ် ဆိုတာတွေကို ဘေးဖယ်ထားလိုက်ပါ။ အဖြေရှာဖို့ မကြိုးစားပါနဲ့။ သူမရဲ့ မျက်လုံးထဲကို တည်တည်ငြိမ်ငြိမ်ကြည့်လိုက်ပါ၊ တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်ပါ။ သူမ ဒေါသထွက်နေတဲ့ အချိန်မှာတောင် သူမကို ဘယ်လောက်ချစ်ကြောင်း ပြသလိုက်ပါ။ အကျိုးအကြောင်းတွေနဲ့ မဟုတ်ဘဲ၊ အချစ်နဲ့သာ ချဉ်းကပ်လိုက်ပါ။ သူမ လိုချင်တာက ပြီးပြည့်စုံတဲ့ "ရှင်းလင်းချက်" မဟုတ်ပါဘူး၊ မုန်တိုင်းထဲမှာတောင် သူမကို လုံခြုံမှုပေးနိုင်တဲ့ ဘရားသားတို့ရဲ့ "ရင်ခွင်" သက်သက်ပါ။ တကယ်ပြောတာ ။ 📚B & W Reading Club ထဲမှာ စာအုပ်အားလုံးကို ဖတ်လို့ရနေပါပြီ

ခေါင်းဆောင်တစ်ယောက်အနေနဲ့ အဖွဲ့ကို ဦးဆောင်ရတာဟာကျောက်တုံးကြီး တစ်တုံးကို တောင်ကုန်းပေါ် မနိုင်မနင်း တွန်းတင်နေရသလိုမျိုးပါပဲ.
ခေါင်းဆောင်တစ်ယောက်အနေနဲ့ အဖွဲ့ကို ဦးဆောင်ရတာဟာကျောက်တုံးကြီး တစ်တုံးကို တောင်ကုန်းပေါ် မနိုင်မနင်း တွန်းတင်နေရသလိုမျိုးပါပဲ...။ မိတ်ဆွေက ဘယ်လောက်ပဲ ထက်မြက်တဲ့၊ အရည်အချင်းရှိတဲ့၊ စွမ်းဆောင်ရည်မြင့်မားတဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်နေပါစေ... ကိုယ့်ရဲ့ အဖွဲ့အစည်းကြီး တစ်ခုလုံးဟာ အတွင်းပိုင်းမှာ ဟန်ချက်ညီညီ ချိတ်ဆက်ထားခြင်း မရှိဘူးဆိုရင် မိတ်ဆွေ တွန်းတင်နေတဲ့ ကျောက်တုံးကြီးဟာ အချိန်မရွေး ကိုယ့်အပေါ် ပြန်ပြုတ်ကျလာနိုင်ပါတယ်။ " မနက်ခင်းတိုင်းမှာ အေးချမ်းတဲ့နေရာတခုကိုရှာ ၊ အသက်ကို ပုံမှန်ရှူ ၊ စိတ်က ပေါ့ပေါ့ပါးပါး ဖြစ်ပြီ စိတ်နဲ့လူနဲ့ကပ်ပြီဆိုရင် ဒီစာအုပ်ထဲက စာတိုတွေကို တက်နိုင်သလောက် ဖတ်ပြီး စိတ်ကို ပြန်စုစည်းပါ၊ လမ်းမပျောက်ပါစေနဲ့ ၊ အာရုံစိုက်စရာတွေ ဆွဲဆောင်ခံနေရတာတွေများတော့ တခါတလေ လမ်းလွဲသွားတာမျိူး ၊ ဘယ်ကို သွားနေမှန်း မသိတော့တာမျိူး ဖြစ်တတ်တယ် "

Bitch ဆိုတာ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်တာ၊ လူအတော်များများက ဒီစာအုပ်ခေါင်းစဉ်ကို ကြည့်ပြီး အထင်မှားကြတယ်။ ကျနော့်အမြင်မှာတော့ ဒီ
Bitch ဆိုတာ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်တာ၊ လူအတော်များများက ဒီစာအုပ်ခေါင်းစဉ်ကို ကြည့်ပြီး အထင်မှားကြတယ်။ ကျနော့်အမြင်မှာတော့ ဒီစာအုပ်ဟာ အမျိုးသမီးတွေကို "မာနကြီးခိုင်းတာ" မဟုတ်ပါဘူး။ "ကိုယ့်တန်ဖိုးကို ကိုယ်သိခိုင်းတာ" ပါ။ ယောက်ျားတစ်ယောက်ရဲ့ စိတ်ကျေနပ်မှုနောက်ကိုပဲ တကောက်ကောက်လိုက်နေတဲ့ မိန်းကလေးဟာ နောက်ဆုံးမှာ ကိုယ့်ရဲ့ ပျော်ရွှင်မှုကိုရော၊ သူ့ရဲ့ လေးစားမှုကိုရော ဆုံးရှုံးရတတ်ပါတယ်။ တကယ်တော့ ဆွဲဆောင်မှုအရှိဆုံး အမျိုးသမီးဆိုတာ သူများရဲ့ ခွင့်ပြုချက် (Validation) ကို မတောင်းဘဲ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် ရပ်တည်တဲ့သူပဲ ဖြစ်ပါတယ်။ 📚B & W Reading Club ထဲမှာ စာအုပ်အားလုံးကို ဖတ်လို့ရနေပါပြီ

Bitch ဆိုတာ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်တာ၊ လူအတော်များများက ဒီစာအုပ်ခေါင်းစဉ်ကို ကြည့်ပြီး အထင်မှားကြတယ်။ ကျနော့်အမြင်မှာတော့ ဒီ
Bitch ဆိုတာ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်တာ၊ လူအတော်များများက ဒီစာအုပ်ခေါင်းစဉ်ကို ကြည့်ပြီး အထင်မှားကြတယ်။ ကျနော့်အမြင်မှာတော့ ဒီစာအုပ်ဟာ အမျိုးသမီးတွေကို "မာနကြီးခိုင်းတာ" မဟုတ်ပါဘူး။ "ကိုယ့်တန်ဖိုးကို ကိုယ်သိခိုင်းတာ" ပါ။ ယောက်ျားတစ်ယောက်ရဲ့ စိတ်ကျေနပ်မှုနောက်ကိုပဲ တကောက်ကောက်လိုက်နေတဲ့ မိန်းကလေးဟာ နောက်ဆုံးမှာ ကိုယ့်ရဲ့ ပျော်ရွှင်မှုကိုရော၊ သူ့ရဲ့ လေးစားမှုကိုရော ဆုံးရှုံးရတတ်ပါတယ်။ တကယ်တော့ ဆွဲဆောင်မှုအရှိဆုံး အမျိုးသမီးဆိုတာ သူများရဲ့ ခွင့်ပြုချက် - Validation ကို မတောင်းဘဲ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် ရပ်တည်တဲ့သူပဲ ဖြစ်ပါတယ်။

သင်ဟာ တစ်ကိုယ်ကောင်းဆန်လာတာ မဟုတ်ပါဘူး၊ သင့်ကို လှည့်စားခြယ်လှယ်ဖို့ ပိုခက်လာတာပါ။ အဲဒီနှစ်ခုကို ရောမချလိုက်ပါနဲ့။ တစ်ခါတရံမှ
သင်ဟာ တစ်ကိုယ်ကောင်းဆန်လာတာ မဟုတ်ပါဘူး၊ သင့်ကို လှည့်စားခြယ်လှယ်ဖို့ ပိုခက်လာတာပါ။ အဲဒီနှစ်ခုကို ရောမချလိုက်ပါနဲ့။
တစ်ခါတရံမှာ၊ သင့်ကို ဗိုလ်ကျစိုးမိုးဖို့ ကြိုးစားနေတဲ့ သူတွေကို သင် 'NO' လို့ စတင်ငြင်းဆန်တဲ့အခါ၊ သူတို့က သင့်ကို တစ်ကိုယ်ကောင်းဆန်တယ်လို့ ခေါ်ကောင်းခေါ်ပါလိမ့်မယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ တခြားသူတွေက သင့်အပေါ် အခွင့်ကောင်းမယူနိုင်အောင် သင် ပိုပြီး တတ်ကျွမ်းလာတာပါ။ ဒါဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရပ်တည်တတ်အောင် သင်ယူခြင်းနဲ့ သင့်ရဲ့ ရွေးချယ်မှုတွေကို တခြားတစ်ယောက်ယောက်က ထိန်းချုပ်ခွင့် မပေးခြင်းမျိုးပါပဲ ။ တစ်ချိန်လုံး တခြားသူတွေ လိုချင်တာကိုပဲ လုပ်မနေဘဲ သင့်အတွက် ဘာက အကောင်းဆုံးဖြစ်မလဲဆိုတာကို တွေးတောတာဟာ အဆင်ပြေပါတယ်။ အဲဒါဟာ တစ်ကိုယ်ကောင်းဆန်တာ မဟုတ်ပါဘူး၊ ဉာဏ်ကောင်းပြီး ခွန်အားကြီးတာပါ! 📚B & W Reading Club ထဲမှာ စာအုပ်အားလုံးကို ဖတ်လို့ရနေပါပြီ

စီးပွားရေးလုပ်သူတွေနဲ့ စီမံကိန်းရေးဆွဲသူတွေ မှားလေ့ရှိတဲ့အရာတွေကတော့- ၁။ ပြသနာတစ်ခုတည်းကိုပဲ အားကိုးလွန်းခြင်း အစ္စရေးနိုင်ငံ
စီးပွားရေးလုပ်သူတွေနဲ့ စီမံကိန်းရေးဆွဲသူတွေ မှားလေ့ရှိတဲ့အရာတွေကတော့- ၁။ ပြသနာတစ်ခုတည်းကိုပဲ အားကိုးလွန်းခြင်း အစ္စရေးနိုင်ငံဟာ ပင်လယ်ရေငန်ထုတ်တဲ့ နည်းလမ်းတစ်ခုတည်းကို မသုံးဘဲ ရေဆိုးပြန်လည်သန့်စင်ခြင်း၊ စိုက်ပျိုးရေးချွေတာခြင်း စတဲ့ နည်းလမ်းစုံကို ပေါင်းစပ်ခဲ့ပါတယ်။ စီးပွားရေးသမားတွေအနေနဲ့လည်း ဝင်ငွေလမ်းကြောင်းတစ်ခုတည်းအပေါ် ရာနှုန်းပြည့် အားမကိုးသင့်ပါဘူး။ ၂။ စီမံကိန်းများကို ရေတိုသာ စဉ်းစားခြင်း ရေတွင်းတွေ၊ မြေအောက်ရေတွေကို အဆက်မပြတ် စုပ်ယူသုံးစွဲပြီး အနာဂတ်အတွက် ကြိုတင်မပြင်ဆင်တာဟာ လုပ်ငန်းတစ်ခုကို မီးပုံထဲတွန်းပို့နေတာနဲ့ တူပါတယ်။ ၃။ အခွင့်အရေး သို့မဟုတ် အရင်းအမြစ်များကို အလကား ပေးခြင်း စီးပွားရေးမှာ ဖြစ်စေ၊ အဖွဲ့အစည်းမှာဖြစ်စေ ဝန်ဆောင်မှု သို့မဟုတ် ကုန်ပစ္စည်းတစ်ခုကို အလကား သို့မဟုတ် တန်ဖိုးအလွန်လျှော့ပေးထားရင် လူတွေက တန်ဖိုးမထားဘဲ ဖြုန်းတီးတတ်ကြပါတယ်။

- သူ့ကြောင့် သင် မနက်တိုင်း နိုးထလာတယ်ဆိုရင် - သင် အနိမ့်ဆုံး ရောက်နေချိန်မှာ သူက သင့်ကို ဆွဲတင်ပေးခဲ့တယ်ဆိုရင် - သင် ဖြစ်နို
- သူ့ကြောင့် သင် မနက်တိုင်း နိုးထလာတယ်ဆိုရင် - သင် အနိမ့်ဆုံး ရောက်နေချိန်မှာ သူက သင့်ကို ဆွဲတင်ပေးခဲ့တယ်ဆိုရင် - သင် ဖြစ်နိုင်မယ်လို့ ဘယ်တုန်းကမှ မယုံကြည်ခဲ့ဖူးတဲ့ ပမာဏထက်ပိုပြီး သင့်ကို ပြုံးနိုင်အောင် လုပ်ပေးတယ်ဆိုရင် - သင့်ကို ထပ်ပြီး ရှင်သန်ချင်လာအောင် အကြောင်းပြချက်တစ်ခု ပေးခဲ့တယ်ဆိုရင် - သင့်ရဲ့ ထာဝရလက်တွဲဖော်ကို  ရှာတွေ့သွားပြီဆိုတာ သိထားလိုက်ပါ၊ ဒါကြောင့် သူ့ကို ဘယ်တော့မှ လက်မလွှတ်လိုက်ပါနဲ့ ...။ Don’t ever give up on them 📚B & W Reading Club ထဲမှာ စာအုပ်အားလုံးကို ဖတ်လို့ရနေပါပြီ

ဘဝမှာ လူငယ်တွေနဲ့ စတင်ကြိုးစားသူတွေ အများဆုံးမှားတတ်တဲ့ အမှားတွေကတော့- ငွေနောက်ကိုပဲ လိုက်တာ ယုံကြည်ချက်၊ ရည်မှန်းချက်မရှိဘဲ
ဘဝမှာ လူငယ်တွေနဲ့ စတင်ကြိုးစားသူတွေ အများဆုံးမှားတတ်တဲ့ အမှားတွေကတော့- ငွေနောက်ကိုပဲ လိုက်တာ ယုံကြည်ချက်၊ ရည်မှန်းချက်မရှိဘဲ "ချမ်းသာချင်တယ်" ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ လုပ်နေရင် ဘယ်တော့မှ မချမ်းသာနိုင်ပါဘူး လို့ John D. Rockefeller က ဆိုထားပါတယ်။ အရာအားလုံး ပြီးပြည့်စုံမှ စချင်တာ အကောင်းဆုံး Plan ကို စောင့်နေမယ့်အစား အခုလက်ရှိ Plan ကို အကောင်းဆုံးဖြစ်အောင် လက်တွေ့ချ ပြုလုပ်တာက ပိုအရေးကြီးပါတယ်။ A good plan violently executed now is better... အခြားသူတွေရဲ့ စကားကို နားထောင်လွန်းတာ ကိုယ်သွားချင်တဲ့ ပန်းတိုင်ကို မရောက်ဖူးတဲ့သူတွေရဲ့ ဝေဖန်မှုတွေကို နားယောင်ပြီး ကိုယ့်အိပ်မက်တွေကို စွန့်လွှတ်လိုက်တာဟာ အကြီးမားဆုံး အမှားပါပဲ။ 📚B & W Reading Club ထဲမှာ စာအုပ်အားလုံးကို ဖတ်လို့ရနေပါပြီ