en
Feedback
ဝမ်းတွင်းကဝေမောင်မိုးဆွေ

ဝမ်းတွင်းကဝေမောင်မိုးဆွေ

Closed channel
2 600
Subscribers
No data24 hours
-147 days
-10030 days
Posts Archive
ကျုပ်အသက်ရှင်နေသ၍ဂိုဏ်းတော်ရဲ့ဓားကိုမပိုင်စေရဘူး သရုပ်ဆောင် ဟင်နရီစံရဲ့ မိမိုက်တဲ့အက်ရှင်အလန်းစားတွေကိုပါ ကြည့်ရှုနိုင်မယ့် "ဝမ်းတွင်းကဝေမောင်မိုးဆွေ" ဇာတ်လမ်းတွဲ

"ဝမ်းတွင်းကဝေမောင်မိုးဆွေ"Officeial Trailer မိုးဆွေဆိုတဲ့အမည်နဲ့ လူတစ်ယောက်လောကကြီးကိုရောက်ရှိလာခဲ့ပြီး သူဟာဝမ်းတွင်းကဝေဖြစ်တာကြောင့်မွေးရာပါအစွမ်းတွေပါလာခဲ့တယ်။ နိမိတ်ဆိုးနဲ့မွေးဖွားလာတဲ့ မိုးဆွေကို လူတွေကရွံရှာမုန်းတီးကြတယ်၊ အောက်လမ်းကဝေတစ်ယောက်ဖြစ်ပေမယ့် အပြစ်မဲ့သူတွေကိုတော့ ကူညီကယ်တင်ပေးတတ်တဲ့သူတစ်ယောက်ဖြစ်တယ်။ မိုးဆွေ ရဲ့ အတိတ်ဘဝက "ဝေဠု" ဆိုတဲ့နာမည်နဲ့ အောက်ဝိစ္ဆာစေဂိုဏ်းရဲ့ ဂိုဏ်းခေါင်ဆောင်ဖြစ်နေခဲ့တယ်။ ထိုဂိုဏ်းရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ သိုက်စိုး ကြောင့်ဝေဠုသေဆုံးသွားခဲ့တယ်။ "သိုက်စိုး"ဆီမှာ ဂိုဏ်းတော်ရဲ့ အမွှေအနှစ်ဖြစ်တဲ့"စေပိုင်ဓား"ကျန်နေခဲ့တယ်။ ဒီဓားကိုဖွင့်နိုင်တဲ့သူဟာ ဂိုဏ်းရဲ့အာဏာစက်ကိုရရှိထားတဲ့"ဝေဠု"တစ်ယောက်တည်းရှိတာကြောင့် "‌ဝေဠု"ဝင်စားတဲ့ "မိုးဆွေ"ကို ရေဆုံးမြေဆုံးလိုက်လံရှာဖွေနေခဲ့တယ် လောကကြီးတစ်ခုလုံးကိုစိုးမိုးနိုင်တဲ့ “စေပိုင်ဓါး”ကို မိုးဆွေတစ်ယောက် ပြန်လည်ရယူပြီးလူသားတွေကိုဘယ်လိုမျိုးကယ်တင်ပေးမလည်းဆိုတာ... ရင်သပ်ရှမောဖွယ်ကြည့်ရှုရမယ့်"ဝမ်းတွင်းကဝေမောင်မိုးဆွေ" ဇာတ်လမ်းတွဲ

မောင်မိုးဆွေ အဖြစ် ဟင်နရီစံ လူ့လောကကိုရောက်ရှိလာကတည်းက နိမိတ်ဆိုးနဲ့မွေးဖွားလာတဲ့သူဟုသတ်မှတ်ခံရကာ လူတွေရဲ့မုန်းတီးခြင်းကိုခံနေရတဲ့လူတစ်ယောက်၊ သူဟာဝမ်းတွင်းကဝေတစ်ယောက်ဖြစ်ပေမယ့် အပြစ်မဲ့သူတွေကို ကယ်တင်စောင့်ရှောက်ပေးမယ့်ပညာသည်တစ်ယောက်အဖြစ်မြင်တွေ့ရမှာဖြစ်ပါတယ်။ "ဝမ်းတွင်းကဝေမောင်မိုးဆွေ"ဇာတ်လမ်းတွဲ

ကလျာ အဖြစ် မြယာ အမေဖြစ်သူဟာအောက်လမ်းဆရာတစ်ဦးကြောင့်သေဆုံးခဲ့ရတာမို့အောက်လမ်းပညာသည်တွေဆိုမုန်းတီးနေခဲ့တယ် ကဝေပညာသည်တစ်ယောက်ဖြစ်တဲ့ မိုးဆွေ နဲ့ ကလျာတို့ နှစ်ဦးကံကြမ္မာကြောင့်ဆုံဆည်းခဲ့ချိန်မှာတော့ "ဝမ်းတွင်းကဝေမောင်မိုးဆွေ"ဇာတ်လမ်းတွဲ

ပုဏ္ဏက အဖြစ် ဇာတိ ပုဏ္ဏက ဟာ မိုးဆွေ ရဲ့အကူအညီနဲ့ အချုပ်အနှောင်မှလွတ်မြောက်ခဲ့ပြီးနောက် သူတို့နှစ်ဦးပညာချင်းပြိုင်ရာမှာ ပုဏ္ဏကဘီလူး ဟာအရှုံးကြီးရှုံးခဲ့ပြီး မိုးဆွေကို ဆရာအဖြစ်တင်မြောက်ကာ မိုးဆွေ ရဲ့ နောက်လိုက်အဖြစ်လိုက်ပါစောင့်ရှောက်ပေးနေတဲ့ ဘီလူးတစ်ကောင်အဖြစ်တည်ရှိနေခဲ့တယ် "ဝမ်းတွင်းကဝေမောင်မိုးဆွေ"ဇာတ်လမ်းတွဲ

မူယာ အဖြစ် အေးသန္တာဗို မူယာဆိုသူမှာ တခြားသူမဟုတ် မိုးဆွေ၏ ရန်ဖက်တစ်ဦးဖြစ်တဲ့ကိုးသင်္ချိုင်းဓားပိုင်ရှင်သိုက်စိုး၏သမီးတစ်ယောက်ဖြစ်တဲ့အပြင်၊ မိုးဆွေကို တစ်ဖတ်သတ်ချစ်နေတဲ့သူတစ်ယောက်ပေါ့။ အဖေဖြစ်သူ သိုက်စိုး ရဲ့ မကောင်းတဲ့လုပ်ရပ်တွေကိုမူယာသိရှိသွားတဲ့အချိန်မှာတော့ "ဝမ်းတွင်းကဝေမောင်မိုးဆွေ"ဇာတ်လမ်းတွဲ

နန်းကလျာ အဖြစ် သံစဉ်ဖြိုးပိုင် နန်းကလျာ ဟာ မိုးဆွေရဲ့မွေးချင်းညီမလေးတစ်ယောက်ဖြစ်တယ်။သူဟာရုပ်ကလေးလှသလောက်စိတ်ထားလေးကအလွန်ဖြူစင်တဲ့သူတစ်ယောက်ဖြစ်တယ်။အကိုဖြစ်သူကိုလည်းအလွန်သံယောဇဉ်ကြီးတဲ့သူတစ်ယောက်ဖြစ်တယ်။ "ဝမ်းတွင်းကဝေမောင်မိုးဆွေ"ဇာတ်လမ်းတွဲ

ဦးအိုက်မောင်း အဖြစ် ဇော်ဝင်းနိုင်(မန်း) ဦးအိုက်မောင်းဟာ မိုးဆွေ ရဲ့ ဆရာတစ်ဆူဖြစ်ပြီးအတိတ်ဘဝမှာတော့သူ့ရဲ့မိတ်ဆွေကောင်းတစ်ယောက်ဖြစ်ခဲ့တယ်။မိုးဆွေကိုသားအရင်းတမျှချစ်ခင်ကာမိုးဆွေကိုအမြဲတမ်းကူညီစောင့်ရှောက်ပေးတဲ့သူတစ်ယောက်လည်းဖြစ်တယ်။ "ဝမ်းတွင်းကဝေမောင်မိုးဆွေ"ဇာတ်လမ်းတွဲ

ပျောက်ဆုံးနေသောအမှန်တရား အပိုင်း၁၆

ပျောက်ဆုံးနေသောအမှန်တရား အပိုင်း၁၅

ပျောက်ဆုံးနေသောအမှန်တရား အပိုင်း၁၄