en
Feedback
Aki Anime MM Sub

Aki Anime MM Sub

Open in Telegram

Anime ဇာတ်ကားတိုင်းကို Quality ကောင်းကောင်းနဲ့နေ့တိုင်းတင်ပေးနေပါ

Show more
530
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
✅မန္တလေးမြို၌ ငလျင်ဘေးဒုက္ခသည်များ အခမဲ့သုံးဆောင်နိုင်သော စားသောက်ဆိုင်များ 1. ရွှေကွတ်ခိုင် ☎️ 09-953832339 | 09-43016082 📍
✅မန္တလေးမြို၌ ငလျင်ဘေးဒုက္ခသည်များ အခမဲ့သုံးဆောင်နိုင်သော စားသောက်ဆိုင်များ
1. ရွှေကွတ်ခိုင်    ☎️ 09-953832339 | 09-43016082    📍 58/36D|  ရှမ်းခေါက်ဆွဲ ပြင်ဆင်ထားပါသည်။ အကူအညီလိုအပ်သူများ စိတ်ချလက်ချ အခမဲ့ သုံးဆောင်နိုင်ပါသည်။  2. Beer Prince    📍 65/108 | ထမင်းကြော်၊ ခေါက်ဆွဲကြော်နှင့် ရေသန့်များ ရရှိနိုင်ပါသည်။  3. xiaolajiao အကင်ဆိုင်    📍 63/39*40| အခမဲ့ ထမင်းဖြူ ရယူနိုင်ပါသည်။  4. chilichacha    📍 လိပ်စာဖော်ပြမထား။  5. 39° bar    📍 54/30 | အခမဲ့ ထမင်းဖြူ နှင့် ရေသန့်ရရှိပါသည်။  6. 📍007 beach bar    ကွင်းပြင်လွတ်၌ ခိုလှုနိုင်ပြီး အခမဲ့ ထမင်းကြော်သုံးဆောင်နိုင်ပါသည်။  7. WeiDongNan အရှေ့တောင်အရသာစားသောက်ဆိုင်    📍 60/35*35A 8. IN.718 bar    ☎️ 09-888599899 | 09-665713227    📍 55*56/39D| အခမဲ့ ထမင်းကြော်နှင့် ထမင်းဖြူ ရယူနိုင်ပါသည်။
✅အရေးပေါ်အခြေအနေများတွေခေါ်ဆိုရန်ဖုန်းနာပါတ်များ
🚨မန္တလေး 09402600033 ( မဟာ - လူမှုကယ်ဆယ်ရေး မန္တလေး ) အမရပူရမြိုနယ် ☎️02-4070713,02-4070996 ပြည်ကြီးတံခွန်မြိုနယ် ☎️02-5154974 ပုသိမ်ကြီးမြိုနယ် ☎️02-4058056 ချမ်းမြသာစည်မြိုနယ် ☎️02-4021087,02-4062718 မဟာအောင်မြေမြိုနယ် ☎️02-4076362 အောင်မြေသာစံမြိုနယ်☎️02-4060200 ချမ်းအေးသာစံမြိုနယ်☎️02-4060738 🚨အမရပူရမြိုနယ် ဦးထွန်းနေနွယ်(ဒု ဦးစီး)☎️09404080191 အမရပူရမြိုနယ် မီးသတ်စခန်း ဦးကျော်နိုင်ဝင်း(စခန်းမှုး) ☎️0429551689 မြစ်ငယ်နယ်မြေခံမီးသတ်စခန်း ဦးဇော်မင်းဦး (တပ်ကြပ်ကြီး)☎️09444032583 အမရပူရမြိုနယ် မီးသတ်စခန်း ဦးအောင်မျိုးကျော် (တပ်ကြပ်ကြီး)☎️09449637974 အမရပူရမြိုနယ် မီးသတ်စခန်း ဦးဖြိုးဇင်(တပ်ကြပ်ကြီး)☎️09783299191 မြစ်ငယ်မီးသတ်စခန်း ဦးစည်သူဇော် ☎️09-959984191 အမရပူရ အရှေ့ခြမ်း စွယ်တော် ဦးသဲဦး ☎️09-402574094 အမရပူရ အရှေ့ခြမ်း ဖျောက်ဆိပ်ကုန်း ဦးစံသိန်း ☎️09448197750 အမရပူရ အရှေ့ခြမ်း နတ်ရေကန်အရန်မီးသတ်စခန်း တာဝန်ခံ ဦးစည်သူအောင် ☎️09445765287 အမရပူရ အရှေ့ခြမ်း နတ်ရေကန်အရန်မီးသတ်စခန်း ဦးဇင်ကို ☎️09451801862 အမရပူရ အနောက်ခြမ်း ရှမ်းကလေးကျွန်း 09-767119119 (အမပူရမြိုနယ် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ) 09-787119119 (အမပူရမြိုနယ် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ) 09-440119119 (အမပူရမြိုနယ် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ) 09988144119(Myanmar Rescue Amarapura ကိုဥက္ကာကျော် )
✅မန္တလေးမြိုတွင်းအစားစာ ၊ ဆေးဝါး ၊ သုံးရေ ၊ gas ၊ ဖုန်းအားသွင်းရန် အတွက် အခမဲ့နေရာများ
အခမဲ့သုံးဆောင်နိုင်သောစားသောက်ဆိုင်များ https://www.facebook.com/share/1EggaxEGFU/?mibextid=wwXIfr Online အခမဲ့ ပြည်သူ့ဆေးခန်း https://www.facebook.com/share/15JR1BkkuV/?mibextid=wwXIfr ဖုန်းအားသွင်း ၊ သုံးရေ နှင့် ကားအရေးပေါ်ပြင်ဆင်ရန် https://www.facebook.com/share/1FSEExrC4z/?mibextid=wwXIfr ဆေးဝါးများအခမဲ့ထုတ်ယူရန်နေရာ https://www.facebook.com/share/16KnV8CwmF/?mibextid=wwXIfr ယာယီဟင်းချက်နိုင်ရန် Gas အခမဲ့လဲလှယ်ရန်နေရာ https://www.facebook.com/share/p/1ViMWJri3J/?mibextid=wwXIfr အရေးပေါ်ကူညီကယ်ဆယ်ရေးနံပတ်များ https://m.facebook.com/story.php?story_fbid=1245710327562486&id=100063705921689
တစ်ခုခုဆိုရင်ကိုယ့်ကိုကိုယ်ဂရုစိုက်ကြပါ ပြိုနေတဲ့အဆောက်အဉီးတွေနဲ့ယိမ်းနေတဲ့အဆောက်အဉီးတွေနားကိုမသွားကြပါနဲ့ အချင်းချင်းကူညီပေးကြပါ ✅ဆောင်ရန်ရှောင်ရန်များ
နောက်ဆက်တွဲအနေဖြင့် အင်အား ၆.၄ ရှိတဲ့ ပြင်းအားက မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်(တံတားဦး)အနီး ကို ဗဟိုပြုနေကြောင်း တွေ့ရပါတယ်လို အခုလိုပဲ အသိပေးလာခဲ့တာပဲ ဖြစ်ပါတယ်။ ဆိုတော့ အရေးကြီးစာရွက်စာတမ်းတွေကို လုံလုံခြုံခြုံနဲ့ယူရလွယ်အောင်ထုတ်ပိုးပြင်ဆင်ထားတာ မိသားစုတွေ လူစုကွဲသွားရင်၊ အဆက်အသွယ်ပြတ်သွားရင် ပြန်ဆုံနိုင်မယ့် "ဆုံရပ်" ၂ နေရာ ၃ နေရာလောက် သတ်မှတ်အသိပေးထားတာ ညအချိန်မတော် သဘာဝဘေးအန္တရာယ် တစ်ခုခုနဲ့ ကြုံလာရင် မြင်ရအောင် ဓာတ်မီး၊ ဘက်ထရီမီးချောင်းစသည်ဖြင့် အားသွင်းပြင်ဆင်ထားတာ အပေါ်က ပြုတ်ကျလာနိုင်တဲ့ပစ္စည်းတွေကြောင့် အန္တရာယ်မဖြစ်အောင် နေရာရွှေ့ထားတာ အဆောက်အဦနံရံတွေနဲ့ အုတ်စည်းရိုးတွေ ခိုင်ခန့်မှု ရှိ/မရှိ စစ်ဆေးတာ အရေးပေါ်ဝင်ပုန်းလိုရမယ့် ခိုင်ခန့်တဲ့ ခုံ/ခုတင်တိုလိုပစ္စည်းမျိုးတွေအောက်ကို လွယ်လွယ်ဝင်လို ရအောင်ရှင်းလင်းထားတာစသည်ဖြင့် ကိုယ့်စိတ်ထဲမှာ ဖြစ်လာတဲ့အတိုင်း လိုအပ်မယ်ထင်တာကိုပြင်ဆင်ထားတာတော့ မမှားပါဘူး။ စိုးရိမ်စိတ်/ကြောက်စိတ်လွန်ကဲလိုလည်း မရပါ။ ကြောက်စရာမလိုဘူးဆိုပြီး အတင့်ရဲလိုလည်း မရပါ။ သဘာဝဘေးအန္တရာယ်တစ်ခုနဲ့ ကြုံရင် သတိလွတ်မသွားအောင် ထိန်းသိမ်းရင်း တစ်ခုတော့မှတ်ထား​ပါ။ "အသက်ကို ဉာဏ်စောင့်ပါတယ်" Crd# ဆရာဦးဝင်းနိုင်
Credit ✅ အခက်ခဲတွေနဲ့ ညီကိုတွေ အကုန်ဂရုစိုက်ပါ‌ဗျ 💕

A Silent Voice MM Sub 😐

Shouya Ishida ကအမြဲတမ်းကျောင်းမှာ သူငယ်ချင်းတွေကို အနိုင်ကျင့်တတ်တဲ့ကျောင်းသားတစ်ယောက်ပေါ့။တစ်ရက် Shouya ရဲ့ကျောင်းကို နားမကြ
Shouya Ishida ကအမြဲတမ်းကျောင်းမှာ သူငယ်ချင်းတွေကို အနိုင်ကျင့်တတ်တဲ့ကျောင်းသားတစ်ယောက်ပေါ့။တစ်ရက် Shouya ရဲ့ကျောင်းကို နားမကြားတဲ့ ကျောင်းသူသစ်Shouko Nishimiya ရောက်လာတဲ့အချိန်မှာတော့သူမက သူ့အတွက် အနိုင်ကျင့်ချင်စရာ ပစ်မှတ်တစ်ခုဖြစ်လာတယ်။ဒီလိုနဲ့ Shouya နဲ့ သူ့သူငယ်ချင်းတွေက သူမကို တစ်ရက်တစ်ရက် နည်းလမ်းပေါင်းမျိုးစုံနဲ့အနိုင်ကျင့်ကြတာပေါ့။ဒါပေမဲ့ Shoukoက ကျောင်းကထွက်သွားပြီးနောက်တော့ အားလုံးက သူ့ကိုဝိုင်းအပြစ်တင်ကြရော။သူ့သူငယ်ချင်းတွေဆိုတဲ့လူတွေဘယ်သူမှ သူ့ဖက်မှ မရှိခဲ့ဘူးလေ။ ဒီလိုနဲ့ သူ့အပြစ်တွေနောင်တရပြီးတော့ လက်ဟန်သင်္ကေတဘာသာစကားကို သူသင်ခဲ့တယ်။နောက် ၆ နှစ်ကြာပြီးတဲ့အချိန်မှာတော့ သူတိုနှစ်ယောက် ပြန်ဆုံကြတယ်။ ပြန်ဆုံပြီးနောက်ပိုင်းသူ့အတိတ်က အမှားတွေကို သူပြန်ပြင်နိုင်မလား ဒါမှမဟုတ် သူ့အတွက် နောက်ကျသွားပြီလား ဆိုတာကြည့်ရူရမှာပါ🤩🤩 #crd