en
Feedback
No More Dictatorship People Defence Force-NMD

No More Dictatorship People Defence Force-NMD

Open in Telegram

Show more
The country is not specifiedThe category is not specified
194
Subscribers
No data24 hours
No data7 days
-530 days
Posts Archive
Repost from MDY Revolution
✊ ရှေ့တန်းက အသံတွေကို နားထောင်ပြီး 8888 ကမ်ပိန်း မှာ ပါဝင်ကြမယ် 🇲🇲 အသက်ကိုပင် ပဓာနမထားဘဲ ရှေ့တန်းကနေ ကိုယ်ကျိုးစွန့်ပါဝင်ပေးဆပ်နေကြတဲ့ ပြည်သူ့ရဲဘော်တွေကတော့ 8888 Campaign ရဲ့ အရေးပါပုံလေးတွေကို ရှင်းပြရင်း..... 8888 ဟာ ကံစမ်းဖို့သက်သက် မဟုတ်ပါဘူး။ ပြည်သူများအနေနဲ့ နောက်တန်းကနေ ကိုယ်တတ်နိုင်တဲ့နည်းလမ်းနဲ့ ပါဝင်ပေးနိုင်တဲ့ အခွင့်အရေးတခုလည်း ဖြစ်ပါတယ်။ 🎟️ နွေဦးထီမှာ ပါဝင်ကံစမ်းရင်း ကိုယ်တိုင်လည်း အခွင့်အရေးရယူရင်း 😚 MDY Revolution မှတဆင့် မြေပြင်ကရဲ‌ဘော်တွေအတွက် ထောက်ပံ့ကူညီနိုင်ဖို့ 8888 Campaign မှာ ပါဝင်ပြီး ကံစမ်းလိုက်ပါ။ ✊ 🚩8888Campaign https://www.facebook.com/share/19YqoYrn76/ 😚 MDY Revolution မှာ နွေဦးထီ၊ Super 4 ကံစမ်းရင်း မြေပြင်တပ်ရင်းတပ်ဖွဲ့များကို ထောက်ပံ့လိုက်ပါ ..... ✊ #NwayOoHti #WeDreamBold #NOHGiftCard #8888campaign #MDYRevo

စကစ၏ ဝေဟင်အားထားရာ တစ်ခုဖြစ်သော ညောင်ဦးလေဆိပ်ကို ၁၀၇ မမ ရှော့တိုက်ဒုန်းများ ပစ်ခတ်တိုက်ခိုက်ခြင်း video မှတ်တမ်း #nomoredictatorshippeopledefenceforcenmd #၁၀၇မမ

“စကစ၏ ဝေဟင်အားထားရာ တစ်ခုဖြစ်သော ညောင်ဦးလေဆိပ်ကို ၁၀၇ မမ ရှော့တိုက်ဒုန်းများ ပစ်ခတ်တိုက်ခိုက်ခြင်း” ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၈
“စကစ၏ ဝေဟင်အားထားရာ တစ်ခုဖြစ်သော ညောင်ဦးလေဆိပ်ကို ၁၀၇ မမ ရှော့တိုက်ဒုန်းများ ပစ်ခတ်တိုက်ခိုက်ခြင်း” ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၈) ရက် ည (၁၀)နာရီ မိနစ် (၃၀) အချိန်တွင် Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် ကျွန်တော်တို့ No More Dictatorship People Defence Force - (NMD) အဖွဲ့၊ Infinity(အညာ) အဖွဲ့တို့သည် မဟာမိတ်များ ဖြစ်ကြသော Justice Brothers Force၊ ဆားတောင်မိုးကြိုးအဖွဲ့၊ တောင်သာ (ပလဖ)နှင့် ညောင်ဦးခရိုင် ရင်း(၅) အဖွဲ့တို့၏ အကူအညီဖြင့် ပူးပေါင်း၍ ညောင်ဦးလေဆိပ်ကို ၁၀၇မမ ရှေ့ာတိုက်ဒုန်းများ ပစ်ခတ် တိုက်ခိုက်ခဲ့သည်။ ထိုပစ်ခတ်တိုက်ခိုက်မှုတွင် ညောင်ဦးလေဆိပ်သို့ ၁၀၇မမရှော့တိုက်ဒုန်း(၈)လုံး ပစ်ခတ်ရာ (၅)လုံးကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့သည်။ ၎င်းညောင်ဦးလေဆိပ်သည် မကြာသေးမှီကမှ မကွေးလေတပ်ရှိ Mi35ရဟတ်ယာဥ် နှင့် Gyrocopter များ ရွှေ့ပြောင်းထားကြောင်း သတင်းရရှိ၍ ထိုလေဆိပ်မှ တစ်ဆင့် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများသို့ နေ့စဥ်ဗုံးကြဲ တိုက်ခိုက်လျက် ရှိသည်။ထိုအပြင် Y8နှင့်Y12လေယာဥ်များလည်း မကြာခဏ ညောင်ဦးလေဆိပ်သို့ ထားရှိကြောင်း သိရှိရသဖြင့် ပစ်ခတ်တိုက်ခိုက်ရခြင်း ဖြစ်ပါသည်။ အရေးတော်ပုံမုချအောင်ရမည်။

(၇၉ )ကြိမ်မြောက်အာဇာနည်နေ့ "ဗိုလ်ချုပ်ရုပ်ထုတွေ ဖျက်စီးခံရပေမယ့် ပြည်သူတွေရဲ့ရင်ထဲကဗိုလ်ချုပ်ကို ဘယ်သူမှဖျက်စီးပစ်လို့မရဘူး။"
(၇၉ )ကြိမ်မြောက်အာဇာနည်နေ့ "ဗိုလ်ချုပ်ရုပ်ထုတွေ ဖျက်စီးခံရပေမယ့် ပြည်သူတွေရဲ့ရင်ထဲကဗိုလ်ချုပ်ကို ဘယ်သူမှဖျက်စီးပစ်လို့မရဘူး။" "အာဇာနည်နေ့ တို့မမေ့ 𝟏𝟗 𝐉𝐮𝐥𝐲 မမေ့နိုင်" ယနေ့ကြရောက်သော 19 Julyနေ့တွင် နိုင်ငံ့လွတ်လပ်ရေးအတွက် ပေးဆပ်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်ခေါင်းဆောင်များအား ကျွန်တော်တို့ " No More Dictatorship People Defence Force -NMD "အဖွဲ့မှ လေးစားစွာ ဦးညွှတ် အလေးပြုအပ်ပါသည်။ ထို့အတူ စစ်အာဏာရှင်စနစ်ဆိုးအားတွန်းလှန်၍ စစ်မှန်သော ဒီမိုကရေစီ စစ်မှန်သော အမှန်တရား စစ်မှန်သော တရားမျှတမှု ရရှိရေးအတွက် နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့သော အာဇာနည်သူရဲကောင်းများအား လေးစားစွာ ဦးညွှတ် အ​လေးပြုအပ်ပါသည်။ #19July #အာဇာနည်နေ့ #nomoredictatorshippeopledefenceforcenmd

🌹🌹၈၁နှစ်မြောက် အမေစုမွေးနေ့ 🌹🌹 အမေစု ကိုယ်ကျန်းမာပါစေ၊ စိတ်ချမ်းသာပါစေ 🙏🙏🙏 မတရားအချုပ်အနှောင်မှ အမြန်ဆုံးလွတ်မြောက်ပါစေ🙏🙏🙏 #၈၁နှစ်မြောက်အမေစုမွေးနေ့ #nomoredictatorshippeopledefenceforcenmd

ကျွန်တော်တို့ NMD မှ ရဲဘော်၊ ရဲမေသစ်များ ခေါ်ယူနေပါသည်။ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ဖို့ ကျွန်တော်တို့နှင့်အတူ တော်လှန်လိုပါသလား
ကျွန်တော်တို့ NMD မှ ရဲဘော်၊ ရဲမေသစ်များ ခေါ်ယူနေပါသည်။ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ဖို့ ကျွန်တော်တို့နှင့်အတူ တော်လှန်လိုပါသလား? စကစ၏ ရက်(၁၀၀)စီမံချက် စတင်ပြီး နောက်ပိုင်း လူငယ်လူရွယ်များ အကြောင်းမဲ့ ပျောက်ဆုံးမှု ဖြစ်စဥ်များ တစ်ရက်ထက်တစ်ရက် ပိုမိုများပြားလာပါသည်။ အတင်းအဓမ္မ ခေါ်ဆောင်တဲ့ ပေါ်တာဆွဲမှုမှ သင် ရုန်းထွက်လိုပါသလား? ယနေ့အချိန်အထိ ပြည်သူတွေ ကြံ့ကြံ့ခံနေရတဲ့ ဖိနှိပ်မှုတွေ၊ မတရားမှုတွေ… ဒီအရာတွေကို သင်တစ်ယောက်ကပါ “ပြောင်းလဲချင်တယ်” လို့ ထင်နေပါသလား? ရွေးချယ်စရာ နှစ်ခုဘဲရှိတယ်— ပြည်သူလူထုအတွက် တိုက်ပွဲဝင်မလား? မတရားမှုကို ငုံ့ခံမလား? အာဏာရှင် တွန်းလှန်ဖို့ ဆုံးဖြတ်ချက် ချပြီးပြီဆိုရင်တော့ ကျွန်တော်တို့ NMD တပ်ဖွဲ့မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်။ ကျွန်တော်တို့ NMD Page Messenger, Telegram Account , Signal Account သို့ လာရောက်ဆက်သွယ်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။ *Facebook Page link https://www.facebook.com/share/1U4Rne7z7h/ *Telegram  acc @LongFenghuang @Nwayoozin56 #nomoredictatorshippeopledefenceforcenmd

ဒီနေ့ ရဲဘော်တွေအတွက် နေ့လယ်စာက ငါးပြာရည်နဲ့ အာလူးချက်၊ ညနေစာကတော့ တောဝက်သားနဲ့ ငါးပိရည်ပေါ့။ ဒီလို ကျပ်တည်းလွန်းတဲ့ ခေတ်ကာလမှ
+1
ဒီနေ့ ရဲဘော်တွေအတွက် နေ့လယ်စာက ငါးပြာရည်နဲ့ အာလူးချက်၊ ညနေစာကတော့ တောဝက်သားနဲ့ ငါးပိရည်ပေါ့။ ဒီလို ကျပ်တည်းလွန်းတဲ့ ခေတ်ကာလမှာ အသားဟင်းဆိုတာ ရဲဘော်တွေအတွက် အလှမ်းဝေးတဲ့ အိမ်မက်တစ်ခုလိုပါပဲ။ တစ်လကို ဆန် (၁၀) အိတ်နဲ့ ဆီ အချိန် ၂၀ ကုန်ပါတယ်။ မနည်းရုန်းကန်နေရတဲ့ အခြေအနေမှာ အသားဟင်း စားရဖို့ဆိုတာ ဝေလာဝေးပေါ့ဗျာ။ ရှိတာလေးနဲ့ ဖြစ်သလို စားသောက်ရင်း ပေးအပ်ထားတဲ့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နေကြပါတယ်။ကျပ်တည်းနေပေမဲ့ ရဲဘော်တွေရဲ့ စိတ်ဓာတ်ကတော့ ဘယ်တော့မှ မလျော့ပါဘူး။အရာအားလုံး ခက်ခဲပေမဲ့ ရဲဘော်တွေဟာ ခိုင်မာတဲ့ ယုံကြည်ချက်နဲ့ ရှေ့ဆက်နေကြဆဲပါဗျာ......✊️✊️✊️💪💪💪 *Telegram username @LongFenghuang @Nwayoozin56 #nomoredictatorshippeopledefenceforcenmd

​မြန်မာသက္ကရာဇ် ၁၃၈၈ခုနှစ် နှစ်သစ်ကူးအခါသမယတွင် ပြည်သူအပေါင်း စိတ်ကိုယ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်း
​မြန်မာသက္ကရာဇ် ၁၃၈၈ခုနှစ် နှစ်သစ်ကူးအခါသမယတွင် ပြည်သူအပေါင်း စိတ်ကိုယ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ​ပြည်သူတစ်ရပ်လုံး ဘေးဘယဝေးကွာ၍ ကိုယ်စိတ်နှစ်ဖြာ ဘေးကင်းလုံခြုံကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။ ​ပြည်သူတို့ မျှော်လင့်တောင့်တနေသော ငြိမ်းချမ်းသည့် ဖက်ဒရယ်ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ အမြန်ဆုံးရောက်ရှိနိုင်ပါစေ။ အာဏာရှင်စနစ် နိဂုံးချုပ်၍ ဒီမိုကရေစီအရွေ့ကို အမိအရ ဖမ်းဆုပ်နိုင်ပါစေ။ ​ဖက်ဒရယ်ပြည်ထောင်စုဆီသို့ အောင်မြင်စွာ ချီတက်နိုင်ပါစေ။ ပြည်သူ့အားဖြင့် အောင်ပွဲဆီသို့ လျှောက်လှမ်းနိုင်သော နှစ်သစ်ဖြစ်ပါစေကြောင်းကျွန်တော်တို့ No More Dictatorship People Defence Force တပ်ဖွဲ့မှ အထူးဆုမွန်ကောင်းတောင်းအပ်ပါသည်။ #nomoredictatorshippeopledefenceforcenmd

ရဲဘော်များအတွက် သင်္ကြန်မုန့်ဖိုးပေးပါသော Ma Aye Aye Aung အား ကျွန်တော်တို့ NMDမှ ရဲဘော်များမှ အထူးကျေးဇူးတင်ရှိပါသည်🙏🙏🙏 ဒ
+4
ရဲဘော်များအတွက် သင်္ကြန်မုန့်ဖိုးပေးပါသော Ma Aye Aye Aung အား ကျွန်တော်တို့ NMDမှ ရဲဘော်များမှ အထူးကျေးဇူးတင်ရှိပါသည်🙏🙏🙏 ဒီနေ့တော့ ရဲဘော်လေးတွေကို ကိုယ်တိုင်ချက်ပြုတ်လုပ်ကျွေးဖြစ်တာလေး... 🤍🤍🤍🤍🤍 ​မိသားစုနဲ့အဝေးမှာ တိုင်းပြည်အတွက် ပေးဆပ်နေကြတဲ့ တော်လှန်ရေးညီအစ်ကို မောင်နှမများအားလုံး နှစ်သစ်မှာ ဘေးအန္တရာယ်ကင်းဝေးကြပါစေ။ ကျန်းမာသန်စွမ်းတဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာတွေနဲ့အတူ လိုလားတောင့်တတဲ့ ပန်းတိုင်ကို အမြန်ဆုံး လှမ်းတက်နိုင်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။🙏🙏🙏 ​"တိုက်ပွဲတိုင်းမှာ အောင်လံလွှင့်ထူနိုင်ပြီး အိမ်ပြန်လမ်းတွေ အမြန်ဆုံးနီးပါစေတော့ ရဲဘော်တို့ရေ..." #nomoredictatorshippeopledefenceforcenmd

မိတ္ထီလာ(ရှမ်းတဲ)လေတပ် ၁၀၇မမ ရှော့တိုက်ဒုံး ပစ်ခတ်ခြင်း Videoမှတ်တမ်း #nomoredictatorshippeopledefenceforcenmd #nmdteam #၁၀၇မမ

“အထက်မြန်မာပြည်အနှံ ဗုံးကျဲတိုက်ခိုက်နေသော ရှမ်းတဲလေယာဥ်ကွင်းသို့ ၁၀၇မမ များကျရောက်ပေါက်ကွဲခြင်း” ကျွန်တော်တို့ NMD တပ်ဖွဲ့သည် အထက်မြန်မာပြည်အနှံ ဗုံးကျဲတိုက်ခိုက်နေသော မိတ္ထီလာ(ရှမ်းတဲ)လေတပ်စခန်း ဌာနချုပ်အတွင်းသို့ ၁၀၇မမ ရှေ့တိုက်ဒုံး (၁၀)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ (၇)လုံး ထိရောက် ပေါက်ကွဲခဲ့သည်။ ယင်းလေတပ်စခန်းသည် မြန်မာနိုင်ငံကို ဖျက်စီးနေသည့် လေသူရဲများကို မွေးဖွားပေးရာ၊ လေသူရဲချုပ်ကြီးတို့ ကွင်းခိုရာ နေရာလည်းဖြစ်သည်။ယင်းလေတပ်စခန်းကို မြေပြင်လုံခြုံရေး အထပ်ထပ် ချထားဆဲလည်းဖြစ်သည်။ကျွန်တော်တို့ ရွေးချယ်ထားသော ပစ်မှတ်နေရာသည် အသက်အန္တရာယ်နှင့် အလွန်နီးကပ်ပါသည်။ ထိုပစ်ခတ်တိုက်ခိုက်မှုကို အခက်ခဲပေါင်း များစွာကြားမှ ကျွန်တော်တို့ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပါသည်။ ထိုတိုက်ခိုက်မှုတွင် Brave Warriors for Myanmar (BWM) အဖွဲ့၏ဦးဆောင်မှုဖြင့် ကျွန်တော်တို့ No More Dictatorship People Defence Force – NMD နှင့်အတူ မဟာမိတ်အဖွဲ့များဖြစ်သော Shadow (Mandalay)၊ မိုးမခတပ်ဖွဲ့ (ညောင်ဦးခရိုင်ပကဖ) နှင့် Satan အဖွဲ့တို့ပူးပေါင်းပြီး ၂၀၂၆ခုနှစ် ၊ ဧပြီလ ၊ (၂)ရက်နေ့တွင် နံနက် (၄)နာရီ (၂၆)မိနစ် အချိန်တွင် စတင်တိုက်ခိုက်ခဲ့ကာ ရှမ်းတဲလေယာဥ်ကွင်းအတွင်းသို့ ကျရောက်ပေါက်ကွဲကြောင်း သိရှိရသည်။ ၎င်းမစ်ရှင်ကို ပါဝင်အားဖြည့်ကူညီပေးပါသော တောင်သာ (ပလဖ)အဖွဲ့နှင့် နယ်မြေခံအဖွဲ့ တိုကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။ထိုတိုက်ခိုက်မှုနှင့်အတူ တော်လှန်းရေ အရွေ့တစ်ခုဖြစ်အောင် ဆက်လက်၍ ကျွန်တော်တို့ ကြိုးစားသွားပါမည်။ #nomoredictatorshippeopledefenceforcenmd #nmdteam #၁၀၇မမ

“အထက်မြန်မာပြည်အနှံ ဗုံးကျဲတိုက်ခိုက်နေသော ရှမ်းတဲလေယာဥ်ကွင်းသို့ ၁၀၇မမ များကျရောက်ပေါက်ကွဲခြင်း” #nomoredictatorshippeoplede
+2
“အထက်မြန်မာပြည်အနှံ ဗုံးကျဲတိုက်ခိုက်နေသော ရှမ်းတဲလေယာဥ်ကွင်းသို့ ၁၀၇မမ များကျရောက်ပေါက်ကွဲခြင်း” #nomoredictatorshippeopledefenceforcenmd #nmdteam #၁၀၇မမ

လကုန်ပြီဆိုတာနဲ့ တစ်လစာ ဝင်ငွေထွက်ငွေ စာရင်းတွေ လုပ်ရပါတယ်။ အဖွဲ့ရဲ့ စားစရိတ်၊ အထွေထွေ အသုံးစရိတ်၊ စက်သုံးဆီ (ဓာတ်ဆီ/ဒီဇယ်)၊ ဆိုင်ကယ်နဲ့ ကားပြင်စရိတ်တွေအပြင် လက်နက်ခဲယမ်းအတွက်ပါ စုဆောင်းရပါတယ်။ တိုက်ပွဲတစ်ခါဖြစ်ရင် စုဆောင်းသမျှ အကုန်ကုန်တာမို့ မနည်းရုန်းကန်ပြီး ခြစ်ချုပ်ပြန်စုရပြန်ရော။ ​ဝင်ငွေထက် ထွက်ငွေက ပိုများနေတော့ လကုန်ရင် အကြွေးတွေဆပ်လိုက်နဲ့ တအားခက်ခဲတဲ့ အချိန်မျိုးဆို ကျွန်တော်တို့ တာဝန်ခံတွေ တော်တော် ခေါင်းခြောက်ရပါတယ်။ နောက်ပိုင်းမှာ ထောက်ပို့ကူညီတာတွေလည်း အရင်လို သိပ်မရှိတော့သလို ပိုပြီးတော့လည်း ခက်ခဲလာပါတယ်။ ​ကျွန်တော်တို့က နောက်တန်းက ရှာဖွေရပြီး ရဲဘော်တွေက ရှေ့တန်းမှာ တိုက်ပွဲဝင်ကြပါတယ်။ သူတို့လေးတွေက ရာထူးအာဏာထက် တိုက်ပွဲဝင်ရရင် ပြီးရောဆိုတဲ့၊ ပျော်ပျော်နေတတ်တဲ့ ကလေးတွေပါ။ သူတို့ရဲ့ လိုအပ်ချက်နဲ့ လက်နက်ခဲယမ်း လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့က ကျွန်တော်တို့ရဲ့ အဓိက တာဝန်ပါပဲ။ ကျွန်တော်တို့ အကြီးတွေ အများကြီး ကြိုးစားရဦးမယ်။ ကျွန်တော်တို့ကို အားကိုးနေတဲ့ ရဲဘော်တွေ၊ ညီအစ်ကို မောင်နှမတွေအတွက်ပါ။ ​ကျွန်တော်တို့ဟာ ဘာကောင်မှ မဟုတ်ပါဘူး။ ရာထူးဆိုတာထက် "ငါလုပ်ရမယ့် တာဝန်" လို့ပဲ အမြဲ ခံယူထားပါတယ်။ "တော်လှန်ရေးမှာ ရာထူးဆိုတာမရှိ၊ တာဝန်ဆိုတာပဲရှိတယ်" လို့ အမြဲမှတ်ယူပါတယ်။ ​အိမ်က ထွက်လာကတည်းက ကျွန်တော်တို့ တာဝန်ခံတွေနဲ့ ရဲဘော်တွေရှိတဲ့နေရာဟာ ကျွန်တော့်ရဲ့ ဒုတိယမိသားစုပါပဲ။ ရဲဘော်တွေကို "အောက်ခြေရဲဘော်" လို့ ခေါ်ဝေါ်သုံးနှုန်းတာကိုလည်း ကျွန်တော် မကြိုက်ပါဘူး။ အဖွဲ့တစ်ခုကို စည်းကမ်းရှိရှိ၊ စနစ်တကျ တည်ဆောက်ဖို့ ကျွန်တော်တို့နဲ့အတူ ရုန်းကန်နေတဲ့ ညီအစ်ကို မောင်နှမတွေလို့ပဲ သတ်မှတ်ပါတယ်။ သူတို့အားလုံးဟာ အိမ်တိုင်း၊ မိသားစုတိုင်းရဲ့ အဖိုးတန်သားသမီးတွေပါ။ နိုင်ငံအတွက်၊ ပြည်သူအတွက် အသက်ပေး တိုက်ပွဲဝင်နေတဲ့ ရဲဘော်တိုင်းကို လေးစား တန်ဖိုးထားပါတယယ်🤍🤍🤍🤍🤍 #nomoerdictatorshippeopleforcenmd #nmdteam

“စကမ ၏ မကွေးလေတပ်စခန်းအတွင်းသို့ ၁၀၇မမ ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ခြင်း” လေးစားအပ်ပါသော တော်လှန်ပြည်သူများခင်ဗျာ Brave
“စကမ ၏ မကွေးလေတပ်စခန်းအတွင်းသို့ ၁၀၇မမ ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ခြင်း” လေးစားအပ်ပါသော တော်လှန်ပြည်သူများခင်ဗျာ Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် ကျွန်တော်တို့ No More Dictatorship People Defence Force-NMD ၊ Infinity (အညာ)၊ Justice Brothers Force ၊‌ဒေါင်းစစ်အောင် အဖွဲ့ နှင့် မြိုင်ပကဖ အဖွဲ့တို့ ပူပေါင်းကာ ၂၀၂၆ခုနှစ် ၊ မတ်လ ၊ (၂၅) ရက် ၊ ည (၁၁) နာရီ(၂၀)မိနစ် အချိန်တွင် စကမ ၏ မကွေးလေတပ်စခန်းအတွင်းသို့ ပစ်ခတ်ရာ (၁၁)လုံးလုံးကို အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ပါသည် ။ မကွေးလေတပ်စခန်းသည် အညာဒေသရှိ တော်လှန်ရေးအင်အားစုများကို တိုက်ခိုက် ရာတွင် စကမ၏ အဓိကအားထားရာ လေတပ်စခန်း တစ်ခုလည်းဖြစ်ပါသည်။ ယခုမစ်ရှင်တွင် ၁၀၇ မမ (၁၁)လုံးပစ်ခတ်ပြီး မကြာမီအချိန်တွင် မကွေးလေတပ်စခန်းအတွင်း ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲကြောင်း ဒေသခံများမှ အတည်ပြုပြောကြားခဲ့ပါသည်။ထိုမစ်ရှင်တွင် ထိခိုက်မှူများကြားသိထား၍ နောက်ဆက်တွဲသတင်းကို ဆက်လက်ထုတ်ပြန်ပါမည်။ အရေးတော်ပုံမုချအောင်ရမည်။   #nomoredictatorshippeopledefenceforcenmd #nmdteam #၁၀၇မမ

“စစ်ရေးသတင်းထုတ်ပြန်ချက်” လေးစားအပ်ပါသော တော်လှန်ပြည်သူများခင်ဗျာ ကျွန်တော်တို့ “No More Dictatorship People Defence Force_NM
“စစ်ရေးသတင်းထုတ်ပြန်ချက်” လေးစားအပ်ပါသော တော်လှန်ပြည်သူများခင်ဗျာ ကျွန်တော်တို့ “No More Dictatorship People Defence Force_NMD” ၊ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့-UGF၊ People Servant Force၊ ချမ်းမြသာစည်မြို့နယ် ပ.က.ဖ နှင့် Mingun PDF မဟာမိတ်အဖွဲ့များ ပူပေါင်း၍ ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါလ (၂၈)ရက် နေ့တွင် မန္တလေးမြို့ မှ သံခွန်သင်္ဘော(၃)စီးဖြင့် မင်းကွန်းရဲစခန်းသို့ အင်အားဖြည့်ကာ စစ်ကြောင်း ထိုးလာသော အင်အား (၂၅၀)ဝန်းကျင်အား စစ်ကိုင်းမြို့နယ် မင်းကွန်းတိုက်နယ် တစ်နေရာမှ စောင့်ကြို တိုက်ခိုက်ခဲ့ပါသည်။ ထိုတိုက်ပွဲတွင် စစ်ကြောင်းမှူးအပါအဝင်(၈)ယောက် ထိခိုက်ဒဏ်ရာရပြီး (၄)ဦးထက် မနည်းသေဆုံးကြောင်း သတင်းရရှိပါသည်။ ထိုစစ်ကြောင်းသည် (၄.၃.၂၀၂၆)ရက်နေ့ ညနေ(၄)နာရီ ဝန်းကျင်တွင် သံခွန်ဖြင့် လပခသို့ ပြန်လည် ထွက်ခွာသွားပါသည်။ #nomoredictatorshippeopledefenceforcenmd #nmdteam

“အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)မှ သံခွန်သင်္ဘော(၃)စီးဖြင့် ထွက်လာသော စကမအား တိုက်ခိုက်ခြင်း” လေးစားအပ်ပါသော တော်လှန်ပြည်သူများခင်ဗျာ ကျွန်တော်တို့ “No More Dictatorship People Defence Force_NMD” ၊ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့-UGF၊ People Servant Force နှင့် Mingun PDF မဟာမိတ်အဖွဲ့များ ပူပေါင်း၍ ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါလ (၂၈)ရက် နေ့တွင် လပခ မှ ထွက်လာသော သံခွန်သင်္ဘော (၃)စီးကို စောင့်ကြိုတိုက်ခိုက်ခဲ့ပါသည်။ ထိုတိုက်ပွဲတွင် စစ်ကြောင်းမှူးအပါအဝင်(၈)ယောက် ထိခိုက်ဒဏ်ရာရပြီး (၄)ဦးထက် မနည်းသေဆုံးကြောင်း သတင်းရရှိပါသည်။ ထိုစစ်ကြောင်းသည် (၄.၃.၂၀၂၆)ရက်နေ့ ညနေ(၄)နာရီ ဝန်းကျင်တွင် သံခွန်ဖြင့် လပခသို့ ပြန်လည် ထွက်ခွာသွားပါသည်။ #nomoredictatorshippeopledefenceforcenmd #nmdteam

“အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)မှ သံခွန်သင်္ဘော(၃)စီးဖြင့် ထွက်လာသော စကမအား တိုက်ခိုက်ခြင်း” လေးစားအပ်ပါသော တော်လှန်ပြည်သူမ
“အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)မှ သံခွန်သင်္ဘော(၃)စီးဖြင့် ထွက်လာသော စကမအား တိုက်ခိုက်ခြင်း” လေးစားအပ်ပါသော တော်လှန်ပြည်သူများခင်ဗျာ ကျွန်တော်တို့ “No More Dictatorship People Defence Force_NMD” ၊ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့-UGF၊ People Servant Force နှင့် Mingun PDF မဟာမိတ်အဖွဲ့များ ပူပေါင်း၍ ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါလ (၂၈)ရက် နေ့တွင် လပခ မှ ထွက်လာသော သံခွန်သင်္ဘော (၃)စီးကို စောင့်ကြိုတိုက်ခိုက်ခဲ့ပါသည်။ ထိုတိုက်ပွဲတွင် စစ်ကြောင်းမှူးအပါအဝင်(၈)ယောက် ထိခိုက်ဒဏ်ရာရပြီး (၄)ဦးထက် မနည်းသေဆုံးကြောင်း သတင်းရရှိပါသည်။ ထိုစစ်ကြောင်းသည် (၄.၃.၂၀၂၆)ရက်နေ့ ညနေ(၄)နာရီ ဝန်းကျင်တွင် သံခွန်ဖြင့် လပခသို့ ပြန်လည် ထွက်ခွာသွားပါသည်။ #nomoredictatorshippeopledefenceforcenmd #nmdteam

ကျွန်တော်တို့ NMD မှ ရဲဘော်၊ ရဲမေသစ်များ ခေါ်ယူနေပါသည်။ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ဖို့ ကျွန်တော်တို့နှင့်အတူ တော်လှန်လိုပါသလား
+2
ကျွန်တော်တို့ NMD မှ ရဲဘော်၊ ရဲမေသစ်များ ခေါ်ယူနေပါသည်။ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ဖို့ ကျွန်တော်တို့နှင့်အတူ တော်လှန်လိုပါသလား? အတင်းအဓမ္မ ခေါ်ဆောင်တဲ့ စစ်မှုထမ်းခေါ်ဆောင်မှုမှ သင် ရုန်းထွက်လိုပါသလား? ယနေ့အချိန်အထိ ပြည်သူတွေ ကြံ့ကြံ့ခံနေရတဲ့ ဖိနှိပ်မှုတွေ၊ မတရားမှုတွေ… ဒီအရာတွေကို သင်တစ်ယောက်ကပါ “ပြောင်းလဲချင်တယ်” လို့ ထင်နေပါသလား? ရွေးချယ်စရာ နှစ်ခုဘဲရှိတယ်— ပြည်သူလူထုအတွက် တိုက်ပွဲဝင်မလား? မတရားမှုကို ငုံ့ခံမလား? အာဏာရှင် တွန်းလှန်ဖို့ ဆုံးဖြတ်ချက် ချပြီးပြီဆိုရင်တော့ ကျွန်တော်တို့ NMD တပ်ဖွဲ့မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်။ ကျွန်တော်တို့ NMD Page Messenger, Telegram Account , Signal Account သို့ လာရောက်ဆက်သွယ်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။ *Telegram Channel Link* https://t.me/nmdpdf *Telegram acc @LongFenghuang @Nwayoozin56 *Signal acc @Nwayoozin94 #nomoredictatorshippeopledefenceforcenmd

"ကျည်ကာတပ်ဆင် မန်းမြေ အောင်ပွဲဆင်" pring Crowdfund-နွေဦးလူထုရန်ပုံငွေ မှာ ကျွန်တော်တို့ ရဲဘော်တွေ အတွက်မရှိမဖြစ်လိုအပ်တဲ့ ကျည်ကာ ကမ်ပိန်းလေး  ပြုလုပ်ထားပါတယ်ဗျ။တော်လှန်ပြည်သူများအနေဖြင့် အောက်ပါ page linkများမှာလည်း သွားရောက်ကူညီ​ထောက်ပံ့ အားဖြည့်ပေးလို့ရပါတယ်ဗျ🙏🙏🙏 Shwe Jue https://www.facebook.com/share/1ARSgELnBZ/ Sprin Crowdfund https://www.facebook.com/share/1DfsDssavR Tulip Tulip https://www.facebook.com/share/1HiDsFxMQr/ Nway Oo Snow https://www.facebook.com/share/18U6vCwdEk/ Voice of Mandalay(Vomdy) https://www.facebook.com/share/p/1NktFxjuWD/ MDY  Revolution https://www.facebook.com/share/p/1bPSg1QjF5/ NMD https://www.facebook.com/share/1CTv18NenA/ *Page Messenger *Telegram username @Nwayoozin56 @LongFenghuang ကမ်ပိန်း Target -ကျပ်သိန်း ၂၀၀ ကမ်ပိန်း ကာလ-ဇန်နဝါရီလ ၂၇ရက် မှ ဖေဖော်ဝါရီလ ၂၈ရက် အထိ ရဲဘော်များ၏ အသက်လုံခြုံရေးကိုအလေးထားလျက် လိုအပ်သောကျည်ကာများရရှိစေရန်အတွက် တော်လှန်ပြည်သူလူထု တစ်ရပ်လုံးက စုပေါင်းကူညီပါဝင်ထောက်ပံ့စေလိုကြောင်း အသိပေးနှိုးဆော် တိုက်တွန်းရခြင်းဖြစ်ပါသည်။ #ကျည်ကာတပ်ဆင်မန်းမြေအောင်ပွဲဆင် #nomoredictatorshippeopledefenceforcenmd