en
Feedback
𝔸𝕣𝕥𝕚𝕤𝕥𝕚𝕔 𝔸𝕟𝕥𝕙𝕠𝕝𝕠𝕘𝕪

𝔸𝕣𝕥𝕚𝕤𝕥𝕚𝕔 𝔸𝕟𝕥𝕙𝕠𝕝𝕠𝕘𝕪

Open in Telegram

အပိ မယံ န သံသေဝာမ၊ ပိယာမိ ဝ တံ (မပေါင်းဖက်ရလည်း၊ ငါသည် သူကို ချစ်ပါ၏)❤

Show more
431
Subscribers
No data24 hours
-77 days
-1830 days

Data loading in progress...

Similar Channels
No data
Any problems? Please refresh the page or contact our support manager.
Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
September '26
September '26
+1
in 0 channels
August '26
+40
in 15 channels
Get PRO
July '26
+72
in 17 channels
Get PRO
June '26
+22
in 2 channels
Get PRO
May '26
+61
in 12 channels
Get PRO
April '26
+68
in 5 channels
Get PRO
March '26
+353
in 7 channels
Get PRO
February '260
in 3 channels
Get PRO
January '26
+22
in 2 channels
Get PRO
December '250
in 0 channels
Get PRO
November '25
+15
in 1 channels
Get PRO
October '25
+10
in 0 channels
Get PRO
September '250
in 0 channels
Get PRO
August '25
+1
in 0 channels
Get PRO
July '250
in 0 channels
Get PRO
June '25
+4
in 0 channels
Get PRO
May '250
in 0 channels
Get PRO
April '250
in 0 channels
Get PRO
March '250
in 0 channels
Get PRO
February '25
+5
in 0 channels
Get PRO
January '250
in 0 channels
Get PRO
December '240
in 0 channels
Get PRO
November '24
+6
in 0 channels
Date
Subscriber Growth
Mentions
Channels
09 September0
08 September0
07 September0
06 September0
05 September+1
04 September0
03 September0
02 September0
01 September0
Channel Posts
မေ့မရသော ရက်စွဲ ဒီနေ့ဟာ မေ့မရသော ရက်စွဲတစ်ခု ချစ်သောသူနဲ့ ဝေးခဲ့ရသော ရက်စွဲတစ်ခု ငိုကြွေးခဲ့ရသော ရက်စွဲတစ်ခု နားထဲ သီချင်းတွေ
မေ့မရသော ရက်စွဲ ဒီနေ့ဟာ မေ့မရသော ရက်စွဲတစ်ခု ချစ်သောသူနဲ့ ဝေးခဲ့ရသော ရက်စွဲတစ်ခု ငိုကြွေးခဲ့ရသော ရက်စွဲတစ်ခု နားထဲ သီချင်းတွေ မတိုးတော့သော ရက်စွဲတစ်ခု ကမ္ဘာကြီးနဲ့ တခဏ အဆက်သွယ်ပြတ်သွားသော ရက်စွဲတစ်ခု။ - လိပ်ပြာ

2
ငယ်ရွယ်မှုက ဘာနဲ့မှတုလို့ မရပါဘူး ဒါကြောင့် သူတို့ သူတို့ အရူးအမူး ချစ်ကြပါစေ။                                        -အောင်ချိမ့်
15
3
မင်းဘဝမှာ အားကိုးစရာဟာ ငါလို့ပြောခဲ့ပေမယ့် တကယ်အားကိုးခဲ့တာက ထိုသူဖြစ်နေခဲ့တယ်။ -ဆန်စေ့လုံး
မင်းဘဝမှာ အားကိုးစရာဟာ ငါလို့ပြောခဲ့ပေမယ့် တကယ်အားကိုးခဲ့တာက ထိုသူဖြစ်နေခဲ့တယ်။ -ဆန်စေ့လုံး
20
4
စိတ်ညစ်တယ်ဆိုရင်လည်း ပို့စ်တင်ရင် စာသားနဲ့ပဲတင်ပါ နင်တို့ပုံကြီးတွေနဲ့ တွဲတင်ရင် ငါတို့ပါစိတ်ညစ်ရတယ်🥴 ▪️ကော်ဖီ☕️ #crd
25
5
ထားခဲ့ချင်တဲ့ လူကတော့ အကြောင်းပြချက်မရှိ ထားခဲ့မှာပဲ။ ကျန်နေခဲ့တဲ့ လူကသာ နေတတ်ခဲ့ဖို့ လိုတာပါ။ - လိပ်ပြာ
27
6
ငါဖြတ်သန်းခဲ့တဲ့ ရက် လ နစ် တွေကုန်းဆုံးခဲ့သော် ဆန္ဒ နဲ့ ဘဝ ပြောင်းပြန် အချိုးကျသွားတဲ့ အခြေအနေမှာ ပစ္စုပ္ပန် ရက်တွေက ကမောက်ကမ နိုင်လွန်းခဲ့တယ်လေ အချစ်ဆိုတဲ့အရာတောင် ကံကောင်းစွာတွေ့ရှိခဲ့ပေမဲ့ မျှော်လင့်ငုတ်တုပ်စောင့်ရင်း တစ်ဖတ်သတ်အချစ်တွေနဲ့.... ဆက်ချစ်ရင်း........ #ခန့်ထည်
27
7
"မင်းမပါလို့ မဖြစ်" မြစ်တလျှောက် လမ်းလျှောက်တာပဲဖြစ်ဖြစ် မြေးမြစ် နှစ်ယောက်မြှောက် ရတာပဲ ဖြစ်ဖြစ် - အိုနီ
"မင်းမပါလို့ မဖြစ်" မြစ်တလျှောက် လမ်းလျှောက်တာပဲဖြစ်ဖြစ် မြေးမြစ် နှစ်ယောက်မြှောက် ရတာပဲ ဖြစ်ဖြစ် - အိုနီ
30
8
အနှစ်နှစ် အလလ စိတ်ကူးယဉ်ခဲ့တာကိုမှ လက်လွှတ်ရတဲ့အခါ ကျွန်တော် အိပ်မက်တွေကို မုန်းခဲ့တယ်...။ -အံ့လွန်းပျို
32
9
❝ ဂလိုဘယ်တောသား ❞ ဇူကာဘတ်က ပြုံးခိုင်းတော့ ရှိသမျှအပြုံးတွေ ပရိုဖိုင်ပုံထဲ ထည့်ထားရပြီ။ အယ်လ်ဖာဘက်က သိတယ်ဆိုတော့ ကိုယ်မသိတဲ့အကြောင်းတွေတောင် ကိုယ့်ထက်သူက ပိုသိနေပြီ။ ဒစ်စနီက အနုပညာဆွဲပေးတော့ ပန်းချီဆရာက လက်တွေကို ခဏချထားရတယ်။ ဂလိုဘယ်လိုက်​ဇေးရှင်းဆိုမှတော့ ကမ္ဘာကြီးက လက်တစ်ကမ်း ဒါပေမယ့် ဘေးကလူတစ်ယောက်နဲ့တော့ စကားပြောဖို့ အချိန်မရှိချေဘူး။ ငြိမ်းချမ်းရေးဆိုတဲ့ ဆိုင်းဘုတ်ကြီးအောက်မှာ စစ်ပွဲတွေက ဝိုင်ဖိုင်လိုင်းကောင်းကောင်းနဲ့ တိုက်ရိုက်ထုတ်လွှင့်နေတာပေါ့ ။ မိစ္ဆာနဲ့ လမ်းလျှောက်ရင်း အနုပညာကို တွေ့တယ်၊ အနုပညာကလည်း အမှားတွေနဲ့ လှနေတယ်ရောဟေ့ ။ ကမ္ဘာကြီးက မပြောင်းလဲသေးဘူးမလား ကျွန်တော်တို့ကပဲ အမှန်ကို ပြောင်းပြန်ကြည့်တတ်လာတာပါ ။ ဆာဂေးနဲ့လယ်ရီက Google ဖွင့်ပေးထားတော့ မသိတာမှန်သမျှ ရှာလို့ရပြီပေါ့။ ဆမ်အယ်လ်မန်းက ချက်ဂျီပီတီ ဖန်တီးပေးထားတော့ မရေးတတ်တဲ့ကဗျာတောင် ရေးလို့ရပြီပေါ့။ အီလွန်က အာကာသသွားတော့ ကမ္ဘာမြေပေါ်ကလူတွေက လမ်းပျောက်နေပေါ့ ။ ဇူကာဘတ်က လူတွေချိတ်ပေးတော့ တစ်ကမ္ဘာလုံးနီးလာပေမဲ့ အိမ်နီးချင်းကိုတော့ မသိတော့ဘူးလေ ။ အင်တာနက်ကြီးက ကမ္ဘာကို လက်တစ်ကမ်းထဲထည့်ပေးတော့ လူတွေကတော့ တစ်ယောက်နဲ့တစ်ယောက် ပိုဝေးလာကြတာပေါ့ ။ နည်းပညာက တိုးတက်လာတာပေါ့ လူသားတွေကတော့ ကိုယ့်အရိပ်ကိုတောင် စက်နဲ့မေးနေရပြီလေယောက်ဖ ။ ကမ္ဘာကြီးကရှေ့ကိုပြေးနေတာလား၊ ကျွန်တော်တို့ကပဲ နောက်ပြန်လျှောက်နေတာလား ။ ▪️ စိုင်းနေခ
35
10
တွဲဖူးတဲ့လက်ကလေးဟာလဲ တစ်ခြားသောလက်ဗွေယာနဲ့ ထပ်တူကျခဲ့ပြီပဲ မြဲပါစေလို့ ဆုပဲတောင်းပေးနိုင်တော့တယ် #ခန့်ထည်
27
11
မှောင်ရိပ်ခို ဆေးလိပ်တွေ မညှိဖို့ ကဗျာတွေ မညည်းဖို့ သန်းခေါင်ယံထိ ချောင်းမြောင်းခဲ့ရသူက (ကိုယ်) မသက်ဆိုင်ခြင်း ရပ်ဝန်းငယ်က ဆု
မှောင်ရိပ်ခို ဆေးလိပ်တွေ မညှိဖို့ ကဗျာတွေ မညည်းဖို့ သန်းခေါင်ယံထိ ချောင်းမြောင်းခဲ့ရသူက (ကိုယ်) မသက်ဆိုင်ခြင်း ရပ်ဝန်းငယ်က ဆုပ်ခွာခဲ့ရတဲ့ လူတစ်ယောက်ပါကွယ်။ စိတ်ပူခြင်း အကိုင်းအဖျားမှာ ရပ်နေရသူ တစ်ယောက်ထက်မပိုခဲ့ပါဘူး။ ပြုတ်ကျခဲ့တာပဲ ဖြစ်ဖြစ်၊ ဖြုတ်ကျခဲ့တာပဲ ဖြစ်ဖြစ်၊ မင်းဆန္ဒမပါတဲ့ ဘယ်ဖြစ်တည်မှုမျိုးကိုမှ ရွက်လွှင့်မှာ မဟုတ်ပါဘူးကွယ်။ နောက်ဆံတင်းခြင်းကင်းဖို့ စူးနင့်သီးခြင်း မှတ်တိုင်ထူ၊ တမ်းတမြစ် သောင်ပြင်မှာ မေးတင်လျက်ပါပဲ။ အသံလေးနဲ့ ရိုက်ခတ်လိုက်၊ အမူအရာလေးနဲ့ ရိုက်သတ်လိုက်၊ မင်းရဲ့ ဒဿနတွေကြား ကိုယ့်ဟာ မြုပ်ချီ၊ ပေါ်ချီ။ တော်ပါပြီကွယ်။ ကိုယ့်ဒဏ်ရာကိုလည်း မဖတ်ရှုချင်တော့သလို၊ မင်းအကြောင်းတွေကိုလည်း မစပ်စုချင်တော့ဘူး။ သိပ်သည်းလွန်းတဲ့ မင်းမြို့ထဲ အဖြူရောင်တိမ်ရဲတိုက်ကြီး ဖြစ်ဖို့ ဒီဘက်​​မြို့ငယ်လေးကနေ  ပူပြင်းပေးနေပါတယ်။ ကိုယ်ပါဝင်ခွင့် မရခဲ့တဲ့ မင်းအနာဂတ်လေး လှပါစေကွယ်။ - အိုနီ
30
12
" ကိုယ့်မရှိတော့မှပဲ ဝေးကြတာပေါ့ အချစ်ရယ် " " ကိုယ့်က မဝေးချင်တဲ့ သူ ဆိုတော့လည်း... ဘဝတစ်ခုလုံးနဲ့ ရင်းပြီး အချစ်ရဲ့လက်ကို ဆွဲမယ့်သူပါ... ဒါကြောင့် ဝေးဖို့ဆိုရင်တော့ ကိုယ့်မရှိတော့မှပဲ ဖြစ်မယ်ကွယ်..." - လောင်ချိတ်
30
13
ဝေးရမယ်ဆိုတာ သိတယ်မဟုတ်လား မျှော်လင့်ချက်မပါတဲ့ အိမ်ပြန်လမ်းတွေ ဝေဝါးလာတဲ့အခါ ငါဟာ ငါ့ကိုယ်ငါ မေ့ပြစ်ပြီး မင်းကို သတိရမိလာတယ်။ ။ - နောင်သိုးဆောင်း
30
14
ဆရာသန်းတင့်ရဲ့ ခင်ဖုန်းသက်ဝေ ကဗျာတွေကြိုက်တဲ့ ကောင်မလေးရေ အဲ့ဒီရာသီရောက်လို့ အဲ့ဒီပန်းတွေပြန်ပွင့်မယ်ဆိုရင်တောင် မင်းကိုခူးပြီးပန်ပေးခွင့် ကိုယ့်မှာမရှိတော့ပါဘူးကွယ်...။ ▪️စာတိုငဖြူ စက်တင်ဘာလ၊၅ရက်၊၂၀၂၆
33
15
မျှော်လင့်ချက်တွေဟာ လုပ်ကြံခံလိုက်ရတယ် အနာဂတ်ကတော့ အသက်ငင်နေဆဲ ။ -လှသန်း
34
16
ဘယ်တော့မှ မပျောက်နိုင်တော့မဲ့ ရောဂါ "ချိုသယောင်''နဲ့ ငါသောက်မိခဲ့တဲ့ အဆိပ်ဟာ မင်းပဲ ''နွေးကမ္ဘာ''။ - အိုနီ
ဘယ်တော့မှ မပျောက်နိုင်တော့မဲ့ ရောဂါ "ချိုသယောင်''နဲ့ ငါသောက်မိခဲ့တဲ့ အဆိပ်ဟာ မင်းပဲ ''နွေးကမ္ဘာ''။ - အိုနီ
34
17
ပူလောင်နေတဲ့မျက်ဝန်းကြားမှာ အေးချမ်းခြင်းကိုရှာတွေ့တယ်... သေချာတယ် ဒါ...မမ။ -ဆန်စေ့လုံး
ပူလောင်နေတဲ့မျက်ဝန်းကြားမှာ အေးချမ်းခြင်းကိုရှာတွေ့တယ်... သေချာတယ် ဒါ...မမ။ -ဆန်စေ့လုံး
35
18
ကျန်ခဲ့တဲ့ မှတ်တိုင်တစ်ရိပ်ရိပ်တွေမှာ ဆင်းနေရစ်ခဲ့တဲ့ သက်မဲ့များအနှောင်အဖွဲ့ကြိုးများနဲ့ ဝေး၍ဝေးသထက် ဝေးပြီး မှုန်ပြပြ နိုင်ငံတော်လို အသိုက်ပျက် စာသူငယ်‌တွေ ဦးတည်ရာမဲ့လျက်ပေါ့လေ...။ -စောနွယ်
35
19
"ကိုယ့်ရဲ့ လိပ်ပြာလေးရေ" တစ်ခါမျှ မြင်ဖူးရုံလေးနဲ့ တစ်သက်လုံး အနားမှာဝဲနေစေ့ချင်... -စာတိုငဖြူ ဖေဖော်ဝါရီ၊၂၄၊၂၀၂၆
"ကိုယ့်ရဲ့ လိပ်ပြာလေးရေ" တစ်ခါမျှ မြင်ဖူးရုံလေးနဲ့ တစ်သက်လုံး အနားမှာဝဲနေစေ့ချင်... -စာတိုငဖြူ ဖေဖော်ဝါရီ၊၂၄၊၂၀၂၆
36
20
မင်းတစ်ယောက် သာဓု ခေါ်ပါလေ ဘဝက ရူးသွပ်ခြင်းမုန်တိုင်းတွေ ခပ်ရိုင်းရိုင်းတိုက်ခတ်နေမှာတော့ ဒီဘဝက ဘယ်နေပျော်ပါတော့မလည်းကွယ် မင်းကမုန်းတယ်လို့ မပြောပေမဲ့ မုန်းလိုက်ပါမေ့လိုက်ပါတော့လိုပြောတော့ ငါကလည်း တစ်ဖက်လက်နဲ့ ကိုယ့်ကိုယ်ကိုယ် နားလည်မှုလွဲလိုက်တယ် ကိုယ့်ကိုမချစ်တဲ့သူကိုမှ ချစ်မိနေတဲ့ ကိုယ့်ကိုယ်ကိုယ် မုန်းလာတယ် ပျော်စရာတွေ ရှားပါးနေသူမို့ မင်းအပြုံးကို ငေးရင်း ပီတိနဲ့ပြုံးနေရတယ် မင်း ဘယ်အရပ်ဒေသမှာ နေသာသာ မင်း ဘယ်အရပ်ဒေသမှာ မိုးရွာရွာ ငါက မင်းကောင်းကင်နဲ့လူလုပ်နေတဲ့အကောင်မို့ မင်းစိတ်ညစ်တဲ့ နေ့ရက်တွေဆို ငါက ကမ္ဘာပျက်မတက်ပါပဲကွယ်... ကိုယ့်ကိုယ်ကိုယ်တော့ မင်းကို ချစ်မိနေတဲ့ စိတ်ဆိုတာနဲ့ ဖြေသိမ့်နေမိတော့တယ်... ပြီးတော့ မင်းအပြုံးတွေနဲ့ဖြေတယ် မင်းအပြုံးကိုတော့ ကြွေတယ် မင်းမျက်ဝန်းမှာတော့ ပုန်းလို့မလွတ်တဲ့ စွဲလန်းမှုကြီးပေါ့ကွယ် ဘယ်အရပ်ကိုရောက်ရောက် စွဲလန်းတဲ့စိတ်ကြောင့် ပုန်းလို့မလွတ်တဲ့ မင်းမျက်ဝန်းတွေ မြင်နေရတယ် ဒါကြောက်မို့လည်း အသောက်အစား မလုပ်မိအောင်နေတယ် ငါ့ရဲ့စွဲလန်းတဲ့စိတ်နဲ့ မလွယ်မှန်းသိလို့ပါပဲ အချစ်ရယ် အခုပဲကြည့် မင်းကိုချစ်မိတဲ့ စွဲလန်းမှုနဲ့ ရူးနေရတဲ့ သူကြီးရေ မင်းနဲ့ဝေးတဲ့နေ့ရက်တွေဆို အဆင်မပြေမှုတွေက မြှားချက်တွေလို ပြစ်ခွင်းဝင်ရောက်နေရပါတယ်ကွယ် မင်း ရယ်သံတွေနဲ့ မင်း သက်ပြင်းသေးသေးလေးနဲ့ မင်းရဲ့ မဆိုးပဲရဲတဲ့နူတ်ခမ်းလေးကိုပဲ စိတ်နဲ့မှန်းလို့ ဆုတောင်းရင်း မင်းနေ့နံနဲ့ ပန်းရေချမ်းကပ်လို့ ပြုသမျှကောင်းမှု အဆုဆုနဲ့ မင်းအတွက်အမျှဝေလိုက်တယ် ငါမဟုတ်တဲ့ တစ်ခြားရင်ခွင်မှာ ပြုံးတော်မူပြီး ရွှင်ပြုံးပျော်မြူးစွာနဲ့ မင်းတစ်ယောက် သာဓု ခေါ်ပါလေ... ♡ ခန့်ထည် ♡ #မင်းတစ်ယောက်သာဓုခေါ်ပါလေ အဆင်မပြေခြင်းအနုပညာ
41