en
Feedback
Naung Taw Lay

Naung Taw Lay

Open in Telegram
1 701
Subscribers
+224 hours
No data7 days
-130 days

Data loading in progress...

Similar Channels
No data
Any problems? Please refresh the page or contact our support manager.
Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
September '26
September '26
+9
in 5 channels
August '26
+34
in 27 channels
Get PRO
July '26
+35
in 24 channels
Get PRO
June '26
+35
in 15 channels
Get PRO
May '26
+37
in 14 channels
Get PRO
April '26
+11
in 7 channels
Get PRO
March '26
+51
in 21 channels
Get PRO
February '26
+25
in 7 channels
Get PRO
January '26
+92
in 34 channels
Get PRO
December '25
+61
in 15 channels
Get PRO
November '25
+118
in 16 channels
Get PRO
October '25
+75
in 26 channels
Get PRO
September '25
+57
in 23 channels
Get PRO
August '25
+748
in 32 channels
Get PRO
July '25
+63
in 21 channels
Get PRO
June '25
+52
in 16 channels
Get PRO
May '25
+82
in 25 channels
Get PRO
April '25
+68
in 23 channels
Get PRO
March '25
+126
in 42 channels
Get PRO
February '25
+703
in 32 channels
Get PRO
January '250
in 18 channels
Get PRO
December '240
in 11 channels
Get PRO
November '24
+1
in 3 channels
Date
Subscriber Growth
Mentions
Channels
10 September0
09 September+3
08 September+1
07 September+2
06 September+1
05 September+1
04 September0
03 September+1
02 September0
01 September0
Channel Posts
ဟောင်စည်နဲ့ အလိုက်ဖက်ဆုံး သီချင်းတစ်ပုဒ်ကို ရှာတွေ့သွားကြသူများ

2
အာဆီယံ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးသို့ မြန်မာသံအမတ်ကြီးဒေါ်အိအိတင် တက်ရောက် မနီလာမြို့၊ စက်တင်ဘာ ၁၀ မနီလာမြို့၊ မြန်မာသ+2
အာဆီယံ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးသို့ မြန်မာသံအမတ်ကြီးဒေါ်အိအိတင် တက်ရောက် မနီလာမြို့၊ စက်တင်ဘာ ၁၀ မနီလာမြို့၊ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဒေါ်အိအိတင်သည် ဖိလစ်ပိုင် နိုင်ငံ၊ မနီလာမြို့ရှိ Philippine International Convention Center (PICC) ၌ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် အာဆီယံ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (ASEAN Senior Officials’ Meeting – ASEAN SOM)နှင့် အာဆီယံအပေါင်း ၃ အာဆီယံ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (ASEAN Plus Three Senior Officials’ Meeting )များသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးကို ၂၀၂၆ ခုနှစ် အာဆီယံဥက္ကဋ္ဌအဖြစ် ထမ်းဆောင်လျက်ရှိသည့် ဖိလစ်ပိုင်နိုင်ငံ၏ အဆင့်မြင့်အရာရှိကြီးဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး H.E. LEO M. HERRERA-LIM က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စား လှယ်များ တက်ရောက်ခဲ့ကြသည်။ အဆိုပါ အစည်းအဝေးတွင် အာဆီယံအသိုက်အဝန်း တည်ဆောက်ရေးဆိုင်ရာ ကြိုးပမ်း ဆောင်ရွက်မှုများ၊ အာဆီယံ၏ ပြင်ပဆက်ဆံရေးများ၊ အရှေ့တောင်အာရှတွင် ချစ်ကြည်ရင်း နှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုစာချုပ် (Treaty of Amity and Cooperation in Southeast Asia – TAC) ဆိုင်ရာ ကိစ္စရပ်များအပါအဝင် အာဆီယံနှင့် သက်ဆိုင်သည့် အရေးကြီး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပပြုလုပ်မည့် (၄၉) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများအတွက် ကြိုတင်ပြင်ဆင်မှုများနှင့် စပ်လျဉ်း၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ မွန်းလွဲပိုင်းတွင် အာဆီယံအပေါင်း ၃ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ရာ အာဆီယံအပေါင်း ၃ နိုင်ငံများဖြစ်ကြသည့် တရုတ်၊ ဂျပန်နှင့် ကိုရီးယား နိုင်ငံတို့ ပါဝင်တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် ၂၉ ကြိမ်မြောက် အာဆီယံအပေါင်း၃ ထိပ်သီးအစည်းအဝေး ကြိုတင်ပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ၂၃ ကြိမ်မြောက် အရှေ့ တောင်အာရှဖိုရမ်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ #Myanmar #News
1
3
10-9-2026 တပ်မတော်၏ အကြမ်းဖက်နှိမ်နင်းရေး အောင်မြင်မှုများကို ပြည်သူများ ဝမ်းမြောက်ဂုဏ်ယူ၊ တံတားဦး လေယာဉ်ကွင်းကို လာရောက်ပစ်ခ
10-9-2026 တပ်မတော်၏ အကြမ်းဖက်နှိမ်နင်းရေး အောင်မြင်မှုများကို ပြည်သူများ ဝမ်းမြောက်ဂုဏ်ယူ၊ တံတားဦး လေယာဉ်ကွင်းကို လာရောက်ပစ်ခတ်ရန် ကြံစည်တဲ့ ပဒက်များ၊ KNDF, PDF, PNLO, DPLA အကြမ်းဖက်အဖွဲ့ဝင် ၆၀ ဥပဒေဘောင်အတွင်း ဝင်ရောက်၊ KNU, KNLA က တော်လှန်ရေးလုပ်နေတာလား၊ ကျားဖြန့်လုံခြုံရေးလုပ်နေတာလား၊ #News #Myanmar
7
4
ရန်ကုန်တိုင်းဒေသကြီး (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗိုလ်တထောင်၊ သန်လျင်၊ ကျောက်တံတား+7
ရန်ကုန်တိုင်းဒေသကြီး (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗိုလ်တထောင်၊ သန်လျင်၊ ကျောက်တံတား)ခရိုင်အဆင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ တာမွေ၊ စက်တင်ဘာ ၁၀ ရန်ကုန်တိုင်းဒေသကြီး (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗိုလ်တထောင်၊ သန်လျင်၊ ကျောက်တံတား)ခရိုင်အဆင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းအချိန်က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် ဗိုလ်တထောင်ခရိုင်၊ သန်လျင်ခရိုင်၊ ကျောက်တံတားခရိုင်တို့မှ လွှတ်တော်ကိုယ်စား လှယ်များ၊ ခရိုင်အဆင့်/ မြို့နယ်အဆင့် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီများမှ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက (ဗိုလ်တထောင်၊ သန်လျင်၊ ကျောက်တံတား)ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဝါသနာရှင် (ပထမတန်း၊ ဒုတိယတန်း) အလိုက် ထူချွန်ဆုရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်‌ခဲ့ပြီး ထူးချွန်ဆုရရှိသူ များက တက်ရောက်လာကြသူများအား အဆို၊ အကတို့ဖြင့်လည်းကောင်း၊ အိုးစည်အဖွဲ့လိုက် တီးခတ်၍လည်းကောင်း အသီးသီး ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ထို့နောက် (ဗိုလ်တထောင်၊ သန်လျင်၊ ကျောက်တံတား)ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် မြို့နယ်များအနက် ဆုတံဆိပ်အများဆုံးရရှိသည့် ဗိုလ်တ ထောင်မြို့နယ်အား တံခွန်စိုက်ဆု ပေးအပ်ချီးမြှင့်ခဲ့ပြီး ခရိုင်အဆင့်ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီပေးခဲ့ကြ သူများအား သက်ဆိုင်ရာတာဝန်ရှိသူက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ အခမ်းအနားသို့ ဗိုလ်တထောင်ခရိုင်၊ သန်လျင်ခရိုင်၊ ကျောက်တံတားခရိုင်တို့မှ လွှတ်တော်ကိုယ်စားလှယ် များ၊ ခရိုင်အဆင့် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီများမှ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် စီမံခန့်ခွဲ ရေးနှင့် အုပ်ချုပ်ရေးကော်မတီများမှ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။ နိုင်လင်းအောင် #Myanmar #News
16
5
ဗီယင်နာမြို့တွင် ကျင်းပသည့် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၏ ရိုးရာအစားအသောက်နှင့် ယဉ်ကျေးမှုဧည့်ခံဖျော်ဖြေပွဲအား မြန်မာသံရုံး+3
ဗီယင်နာမြို့တွင် ကျင်းပသည့် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၏ ရိုးရာအစားအသောက်နှင့် ယဉ်ကျေးမှုဧည့်ခံဖျော်ဖြေပွဲအား မြန်မာသံရုံး ပူးတွဲကျင်းပ ဗီယင်နာ၊ စက်တင်ဘာ ၁၀ ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့အခြေစိုက် ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများ၏ ရိုးရာအစားအသောက်နှင့် ယဉ်ကျေးမှုဧည့်ခံဖျော်ဖြေပွဲကို "Tasting the Bay: Heritage & Harmony in Every Bite" ခေါင်းစဉ်ဖြင့် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံ သံရုံး/အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးများနှင့် Diplomatic Society Magazine တို့ ပူးပေါင်းလျက် ၉-၉-၂၀၂၆ ရက်တွင် ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့ရှိ Grand Hotel ၌ ကျင်းပခဲ့ရာ မြန်မာသံရုံး/အဖွဲ့ရုံးက ပါဝင်ဆင်နွှဲခဲ့သည်။ ရှေးဦးစွာ နီပေါနိုင်ငံ၌ ‌ရေကြီးရေလျှံမှုနှင့် မြေပြိုခဲ့ခြင်းကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများအတွက် စာနာဝမ်းနည်းကြောင်း ပြသသည့်အနေဖြင့် တစ်မိနစ်ခန့် ငြိမ်သက်ခြင်း၊ မြန်မာသံရုံး/အဖွဲ့ရုံးယာယီတာဝန်ခံ ဦးအောင်ကိုမင်းက အခြားဘင်းမ်စတက် သံရုံး/အဖွဲ့ရုံးများမှ သံရုံးအကြီးအကဲများနှင့်အတူ ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခြင်း၊ ဩစတြီးယားနိုင်ငံ ဥရောပနှင့် နိုင်ငံတကာရေးရာဝန်ကြီးဌာန သံတမန်ရေးရာဒုတိယအကြီးအကဲ Mr. Christoph Meyenburg နှင့် Society Magazine ထုတ်ဝေသူ Prof. Mag Gertrud Tauchhammer တို့က အမှာစကားပြောကြားခြင်းတို့ဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံ သံရုံး/အဖွဲ့ရုံးများ မှ ဝန်ထမ်းများနှင့် မိသားစုများက ရိုးရာအက၊ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ရိုးရာအစားအသောက်များဖြင့် တည်ခင်းဧည့်ခံခဲ့ကြသည်။ #Myanmar #News
26
6
PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များက တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ FPV suicide drone များဖြင့် တိုက်ခိုက်မှုအား လုံခြုံရေးတပ်ဖွဲ့များက ဟန့်တားနိုင်ခဲ့ နေပြည်တော်၊ စက်တင်ဘာ ၁၀ PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များအနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက် မှုကို ပျက်စီးစေရန်၊ အစိုးရ၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်၊ ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်ရည်ရွယ်၍ ဆင်ခြင်တုံတရားကင်းမဲ့စွာဖြင့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများ၊ စာသင်ကျောင်းများ၊ ဆေးရုံများအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်း၊ ရှော့တိုက်ဒုံး များဖြင့် အဝေးမှပစ်ခတ်ခြင်း၊ Drone များ အသုံးပြု၍ Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများကို ယုတ်မာရိုင်းစိုင်းစွာ ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များက ယနေ့ မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်ရှိ အများပြည်သူ အသုံးပြုလျက်ရှိသည့် တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် အနီးဝန်ကျင်နေရာများသို့ FPV Suicide Drone (၆)စင်းဖြင့် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ရာ လေကြောင်းလုံခြုံရေးတာဝန်များ ထမ်းဆောင်လျက် ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းရန်ကာကွယ်ရေးစနစ်များဖြင့် ထောက်လှမ်းသိရှိခဲ့ပြီး အဆိုပါ Drone ယာဉ်များအား Drone ရန်ကာကွယ်ရေးအစီအမံများဖြင့် ဟန့်တားနိုင်ခဲ့သည်။ ဖတ်ရှုရန် >>> https://www.mmnationalpost.com/2026/09/pdf-fpv-suicide-drone.html
163
7
အီရန်ကိုအနိုင်ရဖို့ နီးစပ်နေပြီလို့ အစ္စရေးဝန်ကြီးချုပ်ပြော စက်တင်ဘာ - ၁၀ ( ကြာသပတေးနေ့ ) အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတာယာ
အီရန်ကိုအနိုင်ရဖို့ နီးစပ်နေပြီလို့ အစ္စရေးဝန်ကြီးချုပ်ပြော စက်တင်ဘာ - ၁၀ ( ကြာသပတေးနေ့ ) အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတာယာဟု က ဆီးရီးယားက ဘာရှာ အာဆဒ် အစိုးရ ပြိုလဲပြီးနောက်ပိုင်း အစ္စရေးစစ်တပ် (IDF) သိမ်းပိုက်ထားတဲ့ ဆီးရီးယား ပိုင်နက်အတွင်းက ဟာမွန်တောင်ပေါ်မှာ တပ်စွဲထားတဲ့ အစ္စရေးစစ်သည်တွေဆီ သွားရောက်ကြည့်ရှုစဉ်အတွင်း အစ္စရေးဟာ အီရန်ကို အနိုင်ယူဖို့ "အလွန်နီးစပ်နေပြီ" လို့ ပြောဆိုလိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ကာကွယ်ရေးဝန်ကြီး အစ္စရေး ကာဇ်၊ ဒုတိယ စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး တာမီးယာဒိုင်း တို့နဲ့အတူ အဆိုပါ မဟာဗျူဟာမြောက် တောင်ထိပ်ဆီ သွားရောက်ခဲ့တာဖြစ်ပါတယ်။ "ဒမက်စကတ်က ဒီမှာတင်ရှိတယ်၊ လစ်ဘနွန်ကလည်း ဟိုဘက်မှာတင်ရှိတယ်၊ ဆီးရီးယား ဂိုလန်ကုန်းမြင့် ကလည်း ဟောဟိုမှာတင်ရှိတယ်" လို့ နေတန်ယာဟု က သူ့ရုံးမှ ထုတ်ပြန်သည့် ဗီဒီယိုထဲတွင် ပြောကြားခဲ့ပြီး အစ္စရေးအနေဖြင့် အနီးပတ်ဝန်းကျင်ဒေသတစ်ခုလုံးအပေါ် " စည်းစနစ်တကျ အပြည့်အဝ ထိန်းချုပ်နိုင်ပြီ" လို့ ပြောဆိုခဲ့ပါတယ်။ ဖတ်ရှုရန် >>> https://www.mmnationalpost.com/2026/09/blog-post_407.html
166
8
အိန္ဒိယက ဒေါ်လာ သန်း ၇၀၀၀ ကျော်တန် ဒေတာစင်တာကြီး တစ်ခုကို တည်ဆောက်တော့မယ် စက်တင်ဘာ - ၁၀ ( ကြာသပတေးနေ့ ) အိန္ဒိယ နည်းပညာဝန်ဆောင်မှု ကုမ္ပဏီ တာတာ အကြံပေးဝန်ဆောင်မှု (TCS) ဟာ ရိုးရာ နည်းပညာဝန်ဆောင်မှု မော်ဒယ်ကနေ ခွဲထွက်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ တစ်ကမ္ဘာလုံးမှာ အရှိန်အဟုန်ပြင်းနေတဲ့ အေအိုင် ဝယ်လိုအား အခွင့်အလမ်းတွေကို အသုံးချပြီး ဒေါ်လာ ၇.၄ ဘီလီယံတန် ဒေတာစင်တာ စက်ရုံကြီးတစ်ခု တည်ဆောက်ဖို့ စီစဉ်နေပါတယ်။ ၁ ဂစ်ဂါဝပ် (1-GW) ပမာဏရှိမယ့် ဒီဒေတာစင်တာကြီးဟာ အေအိုင် ကုမ္ပဏီတွေနဲ့ ကလောက်ဒ် ဝန်ဆောင်မှု ပေးသူတွေအတွက် အေအိုင် လေ့ကျင့်ပေးခြင်း၊ အတွေးအခေါ်ပုံဖော်ခြင်းနဲ့ အခြား အဆင့်မြင့် လုပ်ငန်းစဉ်တွေ လုပ်ဆောင်နိုင်ဖို့ ထောက်ပံ့ပေးသွားမယ်လို့ TCS က စနေနေ့မှာ ပြောကြားခဲ့ပါတယ်။ အိန္ဒိယမှာ အကြီးမားဆုံးထဲက တစ်ခု ဖြစ်လာမယ့် ဒီဒေတာစင်တာ စက်ရုံကြီးကို TCS ရဲ့ လက်အောက်ခံ ကုမ္ပဏီတစ်ခုဖြစ်တဲ့ ဟိုက်ပါဗို့ က တောင်ပိုင်းမြို့တော် ဟိုက်ဒရာဘတ် မှာ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ တည်ဆောက်ရေးလုပ်ငန်းတွေကို ဝယ်ယူသူတွေရဲ့ ဝယ်လိုအားနဲ့ နည်းပညာ လိုအပ်ချက်တွေအပေါ် မူတည်ပြီး အဆင့်လိုက် လုပ်ဆောင်သွားမယ်လို့ မွန်ဘိုင်းအခြေစိုက် ဒီကုမ္ပဏီက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ TCS ရဲ့ CEO ဖြစ်သူ ကရီသီဗာဆန် ကတော့ ဒီစီမံကိန်းဟာ ကုမ္ပဏီရဲ့ "အခြေခံအဆောက်အအုံမှသည် ဉာဏ်ရည်တုဆီသို့" ဆိုတဲ့ မဟာဗျူဟာရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဖတ်ရှုရန် >>> https://www.mmnationalpost.com/2026/09/blog-post_984.html
199
9
ရွာပြောင်းရွှေ့လို့ နိုင်ငံတော်က ချထားပေးတဲ့ စိုက်ပျိုးမြေ၊ ခြံကွက်များ အခြားသူက (ပုံစံ-၇) ထုတ်ယူသွားသော ဖြစ်စဉ် ချောင်းမငယ်ရ
ရွာပြောင်းရွှေ့လို့ နိုင်ငံတော်က ချထားပေးတဲ့ စိုက်ပျိုးမြေ၊ ခြံကွက်များ အခြားသူက (ပုံစံ-၇) ထုတ်ယူသွားသော ဖြစ်စဉ် ချောင်းမငယ်ရေလှောင်တမံတည်ဆောက်စဉ် ဆည်အတွင်း ကျရောက်နေလို့ ပြောင်းရွှေ့ပေးခဲ့ရတဲ့ ကျောက်တစ်လုံးကျောင်းစုရွာ၊ မြေလွတ်မြေလပ်ပေါ်တွင် မြေကွက်များချားပေးခဲ့ရာ ၂၀၀၆ခုနှစ်တွင် (၅၃၃)ကွက်၊ ၂၀၀၈ခုနှစ်တွင် မရရှိသေးသူများအတွက် (၄၅) ကွက် ထပ်မံချထားပေးခဲ့ပြီး စိုက်ပျိုးမြေအနည်းငယ် ချထားပေးခဲ့သည်ကိုလည်း ရပ်ရွာဦးဆောင်သူများက မဲနှိုက်၍ မျှဝေပေးခဲ့ကြသည်။ ယခုအခါ စိုက်ပျိုးမြေများကိုလည်း အခြားသူများက (ပုံစံ-၇)ထုတ်ယူ၍ တချို့ ရောင်းစားလိုက်ကြပြီ။ ထပ်မံ၍ ခြံကွက်ရိုက်ပေးထားသည့် (၄၅) ကွက် ကိုလည်း ပုဂ္ဂိုလ်တစ်ဦး က (ပုံစံ-၇) ထုတ်ယူထားပြီး ခြံကွက်ရထားသူများကို တရားစွဲဆိုခြင်းကြောင့် ရင်ဆိုင်ခဲ့ရသည်။ နေပြည်တော်၊ လယ်ဝေးမြို့နယ်အတွင်း ဖြစ်ပေါ်လျှက်ရှိသည့် အခြေအနေ ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီ တာဝန်ရှိသူများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တာဝန်ရှိသူများ သိရှိဖြေရှင်းဆောင်ရွက်ပေးနိုင်ပါရန် တွေ့ဆုံးမေးမြန်း၍ တင်ပြလိုက်ရပါသည်။ #News #Myanmar
172
10
တောင်အာဖရိက လောင်စာဆီဈေးကတော့ စံချိန်တင်မြှင့်တက်သွားပြီ စက်တင်ဘာ - ၁၀ ( ကြာသပတေးနေ့) အရှေ့အလယ်ပိုင်းမှာ ဆက်လက်ဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် ကမ္ဘာ့ရေနံစိမ်းဈေးဟာ ဇူလိုင်လနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်စည်ကို ဒေါ်လာ ၁၀၀ နီးပါးအထိ မြင့်တက်သွားခဲ့တာကြောင့် အာဖရိကတောင်ပိုင်း (တောင်အာဖရိက) က ယာဉ်မောင်းတွေဟာ အောက်တိုဘာလကစပြီး စံချိန်တင် ဓာတ်ဆီဈေးနှုန်းတွေကို ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။ ဗဟိုစွမ်းအင်ရံပုံငွေအဖွဲ့ ရဲ့ နောက်ဆုံးထွက် အချက်အလက်တွေအရ ဓာတ်ဆီတစ်လီတာကို ၂ ရန်း (မြန်မာငွေ ၄၆၀ ကျပ် ) နီးပါး အထိ ဈေးထပ်တက်လာနိုင်တယ်လို့ ညွှန်ပြနေပါတယ်။ ဒါဆိုရင် 95 ဓာတ်ဆီဈေးဟာ ကမ်းရိုးတန်းဒေသ တွေမှာ တစ်လီတာကို ၂၈.၀၅ ရန်း ( ၆၄၅၀ကျပ်) နဲ့ ကုန်းတွင်းပိုင် ဒေသမှာ ၂၈.၉၂ ရန်း ( ၆၆၅၀ ကျပ်) အထိ မြင့်တက်သွားမှာဖြစ်ပြီး၊ ဒါဟာ ပြီးခဲ့တဲ့ ဇွန်လတုန်းက စံချိန်တင်မြင့်တက်ခဲ့တဲ့ ၂၇.၁၉ ရန်းနဲ့ ၂၈.၀၅ ရန်းတို့ကို အသီးသီး ကျော်လွန်သွားမှာ ဖြစ်ပါတယ်။ ဖတ်ရှုရန် >>> https://www.mmnationalpost.com/2026/09/blog-post_683.html
214
11
10-9-2026 အာရက္ခအိမ်မက် (သို့မဟုတ်) မူးယစ်ဆေးဝါးဗဟိုဌာန Drone Record Review #Myanmar #News
10-9-2026 အာရက္ခအိမ်မက် (သို့မဟုတ်) မူးယစ်ဆေးဝါးဗဟိုဌာန Drone Record Review #Myanmar #News
260
12
လေးမျက်နှာမြို့ တာမိုင် ၂၅/၃ ရေကာတာ ပိတ်ဆို့ထားသော စတီးသံကာများပွင့်ထွက်၊ ပြန်လည်ပိတ်ဆို့နိုင်ရေး ဆောင်ရွက်နေ ၁၀-၉-၂၀၂၆ ‌လေးမ
လေးမျက်နှာမြို့ တာမိုင် ၂၅/၃ ရေကာတာ ပိတ်ဆို့ထားသော စတီးသံကာများပွင့်ထွက်၊ ပြန်လည်ပိတ်ဆို့နိုင်ရေး ဆောင်ရွက်နေ ၁၀-၉-၂၀၂၆ ‌လေးမျက်နှာမြို့ တာမိုင် ၂၅/၃ ရေကာတာ ပိတ်ဆို့ထားသော စတီးသံကာများ ပေ(၂၀)ခန့် ပွင့်ခဲ့ပါတယ်။ တာဝန်ရှိ လူကြီးမင်းများ နေ့မနား ညမနား ကြိုးစားလုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ ရေကာတာပေါက်အား ပြန်လည်ပိတ်ဆို့နိုင်ရေး လုပ်ဆောင်နေကြပါတယ်။ #News #Myanmar
206
13
သက်ငယ်မုဒိမ်းသမားတွေကို ပန်းသေဆေးထိုးဖို့ စင်ကာပူလွှတ်တော်မှာ ဆွေးနွေး စက်တင်ဘာ - ၁၀ ( ကြာသပတေးနေ့ ) စင်ကာပူနိုင်ငံမှာ ကလေးသူငယ်တွေအပေါ် ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာ ပြစ်မှုတွေ အပါအဝင် လိင်ပိုင်းဆိုင်ရာ ပြစ်မှုတိုင်ကြားချက်တွေ မြင့်တက်လာတာကြောင့် လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူတွေကို ဆေးဝါးသုံးပြီး လိင်စိတ်ဓာတ်ကျစေတဲ့ နည်းလမ်း အသုံးပြုဖို့ စစဉ်းစားနေပါတယ်။ ရဲတပ်ဖွဲ့ရဲ့ စာရင်းတွေအရ ၂၀၂၅ ခုနှစ်မှာ မတော်မတရားပြုကျင့်မှု ပေါင်း ၁,၅၃၁ မှုရှိခဲ့ပြီး ဒါဟာ ပြီးခဲ့တဲ့နှစ်က ၁,၄၂၇ မှုနဲ့ ယှဉ်ရင် ၇.၃ ရာခိုင်နှုန်း မြင့်တက်လာတာဖြစ်ပါတယ်။ ဒီကိစ္စကို ဒီအပတ် ပါလီမန်မှာ မေးခွန်းထုတ်ခဲ့ကြပြီး လွှတ်တော်အမတ်တွေက အသက်မပြည့်သေးသူတွေအတွက် အကာအကွယ်တွေနဲ့ ပြစ်ဒဏ်တွေကို ပိုမိုတင်းကြပ်သင့်သလားဆိုတာ မေးခွန်းထုတ်ခဲ့ကြပါတယ်။ ဖတ်ရှုရန် >>> https://www.mmnationalpost.com/2026/09/blog-post_181.html
203
14
အမေရိကန်က အီရန်ရေနံတင်သင်္ဘောတွေကို တစ်စီးပြီး တစ်စီး ဖျက်ဆီးပစ်နေ စက်တင်ဘာ - ၁၀ ( ကြာသပတေးနေ့ ) ဝါရှင်တန်နဲ့ တီဟီရန်တို့က ဟော်မုဇ် ရေလက်ကြား တဝိုက်မှာ ကုန်တင်သင်္ဘောတွေနဲ့ စစ်သင်္ဘောတွေကို အပြန်အလှန် တိုက်ခိုက်နေကြစဉ်အတွင်း အမေရိကန်အနေနဲ့ အီရန် ရေနံတင်သင်္ဘော "၉ စီးနီးပါး" ကို ဖျက်ဆီးခဲ့ပြီးပြီဖြစ်သလို "နောက်ထပ် အများကြီး" ကိုလည်း ဆက်လက်တိုက်ခိုက်သွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။ အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) ဘက်က အမေရိကန် စစ်သင်္ဘောတွေကို ဘာလစ်စတစ် ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ စွပ်စွဲပြီးတဲ့နောက်၊ အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) ကလည်း မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးနှစ်ခုမှာ အီရန်ရဲ့ ရေနံစိမ်းတင် သင်္ဘော ၈ စီး (စက်တင်ဘာ ၅ ရက်နေ့မှာ ၃ စီးနဲ့ အင်္ဂါနေ့မှာ ၅ စီး) ကို ဖျက်ဆီးခဲ့တယ်လို့ လူသိရှင်ကြား အတည်ပြုခဲ့ပါတယ်။ ဖတ်ရှုရန် >>> https://www.mmnationalpost.com/2026/09/blog-post_785.html
221
15
သူပြောတာ ပြည့်စုံပါတယ် ရခိုင်ပြည် ငြိမ်းချမ်းရေး AA အကြမ်းဖက် နှိမ်နင်းပေး #News #Myanmar
သူပြောတာ ပြည့်စုံပါတယ် ရခိုင်ပြည် ငြိမ်းချမ်းရေး AA အကြမ်းဖက် နှိမ်နင်းပေး #News #Myanmar
351
16
မိုးကောင်းမြို့နှင့် ဟိုပင်မြို့ရှိ ဒေသခံပြည်သူများအား ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအား လျှပ်စစ်စီမံကိန်းဆိုင်ရာများနှင့်ပတ+2
မိုးကောင်းမြို့နှင့် ဟိုပင်မြို့ရှိ ဒေသခံပြည်သူများအား ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအား လျှပ်စစ်စီမံကိန်းဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး မိုးညှင်း၊ စက်တင်ဘာ ၁၀ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအား လျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ ဒေသတွင်းရှိပြည်သူများ နည်ပညာဆိုင်ရာသိသင့်သိထိုက်သည်များနှင့် အသိပညာဗဟုသုတပိုမိုသိရှိနားလည်စေရေး ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကချင်ပြည်နယ်ဒေသခံကော်မတီတို့က ရပ်ကွက်/ကျေးရွာအဆင့်အထိ ပြည်သူလူထုနှင့်တွေ့ဆုံဆွေးနွေးပွဲများကို အဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ (၇)ရက်က မိုးညှင်းခရိုင် မိုးကောင်းမြို့နှင့် ဟိုပင်မြို့တို့တွင် ဆောင်ရွက်သည်။ မွန်းလွဲ(၁)နာရီတွင် ဟိုပင်မြို့ မြို့တော်ခန်းမ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာအောင်ဝင်း၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်အောင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံကော်မတီအဖွဲ့ဝင် ပညာရှင်များက ဒေသခံပြည်သူများ၏ မေးမြန်းဆွေးနွေးတင်ပြမှုများအပေါ် သိသင့်သိထိုက်သည့်နည်းပညာဆိုင်ရာအချက်အလက်များ၊ ဘူမိဗေဒဆိုင်ရာပညာရှင် တွေ့ရှိချက်များ၊ လျှပ်စစ်စွမ်းအင်ရရှိမှုပေါ်မူတည်၍ နိုင်ငံတစ်ခုနှင့်တစ်ခု ဖွံ့ဖြိုးတိုးတက်မှုကွာခြားသည့် နှိုင်းယှဉ်ဖော်ပြချက်များ၊ မြစ်ဆုံနေရာကို ရွေးချယ်ရခြင်း၏ အင်ဂျင်နီယာဆိုင်ရာ အားသာချက်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးသည်။ နံနက်ပိုင်းကလည်း မိုးကောင်းမြို့ သာသနာ့ဗိမာန်တော်ကြီး၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး မြစ်ဆုံစီမံကိန်းအပေါ် သဘာဝဘေးအန္တရာယ်ကျရောက်ပါက မည်သို့စီမံထားသည်နှင့် ကြိုတင်စီမံဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဧရာဝတီမြစ်တစ်လျှောက် နေထိုင်သူများအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ စီမံကိန်းတည်ဆောက်စဉ်ကာလအတွင်း မည်ကဲ့သို့ ကြီးကြပ်ဆောင်ရွက်သွားမည့်အခြေအနေနှင့် ဒေသခံများ၏အလုပ်အကိုင်အခွင့်အလမ်း၊ ခံစားခွင့်၊ အကျိုးအမြတ်၊ စိုးရိမ်ပူပန်မှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။ #News #Myanmar
234
17
မြန်မာ-ထိုင်းညီအစ်မမြို့တော် မြိတ်ခရိုင်နှင့် ပရာကျွပ်ခီရီခန်ခရိုင် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ချစ်ကြည်မှုတိုးတက်+8
မြန်မာ-ထိုင်းညီအစ်မမြို့တော် မြိတ်ခရိုင်နှင့် ပရာကျွပ်ခီရီခန်ခရိုင် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ချစ်ကြည်မှုတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးညှိနှိုင်းဆွေးနွေး မြိတ်၊ စက်တင်ဘာ ၁၀ မြန်မာ-ထိုင်းညီအစ်မမြို့တော် မြိတ်ခရိုင်နှင့်ပရာကျွပ်ခီရီခန်ခရိုင် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ချစ်ကြည်မှုတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ(၉)ရက် နံနက်ပိုင်းက မြိတ်မြို့ Grand Jade Hotel ခန်းမတွင် ကျင်းပရာ မြိတ်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့နှင့် ပရာကျွပ်ခီရီခန်ခရိုင် ခရိုင်ဝန် ဦးဆောင်သောအဖွဲ့တို့ တွေ့ဆုံဆွေးနွေးသည်။ တွေ့ဆုံဆွေးနွေးရာတွင် မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးဦးက နှုတ်ခွန်းဆက်အမှာစကား ပြောကြားပြီး ပရကျွပ်ခီရီခန်ခရိုင် ခရိုင်ဝန် Mr.Sitthichai Swadsaen က နှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။ ထို့နောက်တက်ရောက်လာကြသည့် မြိတ်ခရိုင်နှင့် ပရာကျွပ်ခီရီခန်ခရိုင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များမှ တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပြီး ညီအစ်မမြို့တော် မြိတ်ခရိုင်နှင့် ပရာကျွပ်ခီရီခန်ခရိုင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာများကို ချစ်ကြည်ရင်းနှီးစွာဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးရာတွင် မြိတ်ခရိုင်နှင့် ပရာကျွပ်ခီရီခန်ခရိုင် ကုန်သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ၊ ရေလုပ်ငန်းကဏ္ဍ တန်ဖိုးမြှင့်ထုတ်ကုန်များ ကုန်စည်ကူးသန်းရောင်းဝယ်ရေးကိစ္စရပ်များ၊ ထိုင်း-မြန်မာနယ်စပ် ပရာကျွပ်ခီရီခန်မြို့ရှိ စင်ခွန်းနယ်စပ်ဂိတ်အား အမြဲတမ်းဂိတ်အဖြစ်ဖွင့်လှစ်ရေး၊ အခြေခံအဆောက်အဦနှင့် ပို့ဆောင်ဆက်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ၊ ဆိပ်ကမ်းနှင့် ကုန်သွယ်ရေးလုပ်ငန်းများနှင့် ရင်းနှီးမြှပ်နှံမှုမြှင့်တင်ရေးကိစ္စရပ်များ၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးနှင့် ယဉ်ကျေးမှုမြှင့်တင်ရေးကိစ္စရပ်များ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ ထို့နောက် မြိတ်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ပရာကျွပ်ခီရီခန်ခရိုင် ခရိုင်ဝန်တို့က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်သည်။ မြိတ်ခရိုင်သည် ထိုင်းနိုင်ငံနှင့် ပထဝီအနေအထားအရနီးကပ်ရုံသာမက ကုန်သွယ်ရေး၊ ရေထွက်ကုန်လုပ်ငန်း၊ ငါးလုပ်ငန်းနှင့် လူမှုစီးပွားရေးကဏ္ဍများတွင်လည်း အပြန်အလှန်ဆက်စပ်မှုများစွာရှိပြီး ညီအစ်မမြို့တော်များချစ်ကြည်ရင်းနှီးမှုဖြင့် အထူးသဖြင့် ရေထွက်ကုန်နှင့် ငါးလုပ်ငန်းကဏ္ဍတွင် မြန်မာ-ထိုင်း ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။ ခိုင်ထူး #News #Myanmar
226
18
ILO ၏ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင်(CoI) တိုက်တွန်းချက်များအပေါ် အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီအစည်းအဝေး က
ILO ၏ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင်(CoI) တိုက်တွန်းချက်များအပေါ် အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီအစည်းအဝေး ကျင်းပ နေပြည်တော်၊ စက်တင်ဘာ ၁၀ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ၏ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင် (Commission of Inquiry- CoI) တိုက်တွန်းချက်များအပေါ် အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီ အစည်းအဝေးကို ယမန်နေ့က အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ CoI ကော်မရှင်၏ တိုက်တွန်းချက်များအပေါ် အလုပ်သမားရေးရာ ဥပဒေများပါရပိုင်ခွင့်နှင့် အကျိုးခံစား ခွင့်များရရှိစေရေး ဆောင်ရွက်ပေးနေမှုများ၊ အလုပ်သမားအဖွဲ့အစည်းများ၏ လွတ်လပ်စွာဖွဲ့စည်းဆောင် ရွက်ခွင့်ပြုမှုများ၊ အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှုယန္တရား(National Complaint Mechanism-NCM)ဖြင့် ဖြေရှင်းဆောင်ရွက်ပေးနေမှုများနှင့် အဖွဲ့ဝင်နိုင်ငံအနေဖြင့် ILO နှင့် အုပ်ချုပ်မှု ဆိုင်ရာကိစ္စရပ်များ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ပေးမှုများကို ၂၀၂၆ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့် ILO ၏ (၃၅၈)ကြိမ်မြောက် အုပ်ချုပ်မှုအဖွဲ့(Governing Body) အစည်းအဝေးသို့ တင်သွင်းမည့် မြန်မာနိုင်ငံဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု အစီရင်ခံစာတွင် ထည့်သွင်းပြုစုနိုင်ရေး ဦးဆောင်ကော်မတီ အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးခဲ့ကြောင်း သိရသည်။ အစည်းအဝေးတွင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ILO ၏ စုံစမ်း စစ်ဆေးရေးကော်မရှင် (CoI) အစီရင်ခံစာပါ အကြံပြုတိုက်တွန်းချက်များကို စဉ်ဆက်မပြတ် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ILO အဖွဲ့ဝင်နိုင်ငံအနေဖြင့် အပြုသဘော ဆောင်သည့် ပူးပေါင်းဆောင်ရွက်နေမှုများအပေါ် လျစ်လျူရှု၍ မမှန်သတင်းများဖြင့် တစ်ဖက်သတ်စွပ်စွဲကာ မြန်မာနိုင်ငံအပေါ် လျှို့ဝှက်စောင့်ကြည့်ရေး ယန္တရားတည်ထောင်ခြင်း၊ မြန်မာနိုင်ငံဆိုင်ရာ အထူး အစည်းအဝေးများကျင်းပကာ ဖိအားပေးသည့်ဆုံးဖြတ်ချက်များ ချမှတ်ခြင်းတို့ကို ဆောင်ရွက်နေကြောင်း။ ၂၀၂၆ ခုနှစ် ဩဂုတ် ၂၆ ရက်တွင် ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် (၂၉)ကြိမ်မြောက် အာဆီယံအလုပ် သမားဝန်ကြီးများအစည်းအဝေးတွင် ILO ညွှန်ကြားရေးမှူးချုပ်နှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံအပေါ် အာတီကယ် (33) အရဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းနှင့်ပတ်သက်ပြီး ILO နှင့် အာဆီယံပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မြန်မာ နိုင်ငံအတွက် အပြုသဘောဆောင် ဖြစ်ပေါ်လာမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် ILO အဖွဲ့ဝင်နိုင်ငံအဖြစ် အစည်းအဝေးများ ပြန်လည်တက်ရောက်ခွင့်ရရှိစေရေးအတွက် အာဆီယံနိုင်ငံများမှ အပြည့်အဝပံ့ပိုးပေးရန် ဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ဦးဆောင်ကော်မတီအဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကားပြောကြားသည်။ အစည်းအဝေးသို့ ဦးဆောင်ကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ ဂျီနီဗာမြို့မှ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံး အမြဲတမ်းကိုယ်စားလှယ်၊ ဘရပ်ဆဲလ်မြို့မှ မြန်မာသံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။ #Myanmar #News
195
19
(၂၃)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး (23rd AACC) အား Video Teleconference (VTC) ဖြင့်ကျင်းပ နေပြည်တော်၊ စက်တင်ဘ
(၂၃)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး (23rd AACC) အား Video Teleconference (VTC) ဖြင့်ကျင်းပ နေပြည်တော်၊ စက်တင်ဘာ ၁၀ ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၂၃)ကြိမ်မြောက်အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေး(23rd AACC)ကို Video Telecon-ference (VTC) ဖြင့် ယမန်နေ့က ကျင်းပ ပြုလုပ်သည်။ အဆိုပါအစည်းအဝေးတွင် ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီးထွန်းဝင်း၊ ဘရူနိုင်းနိုင်ငံလေတပ် ဦးစီးချုပ် Brigadier General Haji Haszahaidi Bin Haji Ahmad Daud ၊ ကမ္ဘောဒီးယားနိုင်ငံလေတပ် စစ်ဦးစီးအရာရှိချုပ် Lieutenant General Kong Mony ၊ အင်ဒိုနီးရှားနိုင်ငံလေတပ်ဦးစီးချုပ် Air Chief Marshal Mohamad Tonny Harjono ၊ လာအိုနိုင်ငံလေတပ်ဦးစီးချုပ် Brigadier General Khamleu-angthep ၊ မလေးရှားနိုင်ငံလေတပ်ဦးစီးချုပ် General Dato Sri Haji Muhamad Norazlan Bin Aris ၊ ဖိလစ်ပိုင်နိုင်ငံ လေတပ်ဦးစီးချုပ် Lieutenant General Arthur M Cordura ၊ စင်ကာပူနိုင်ငံလေတပ်ဦးစီးချုပ် Major General Kelvin Fan Sui Siong ၊ ထိုင်းနိုင်ငံလေတပ်ဦးစီးချုပ် Air Chief Marshal Sakesan Kantha ၊ တီမောလက်စ်တေနိုင်ငံ လေတပ်ဦးစီးချုပ် Colonel Helder Da Costa ၊ ဗီယက်နမ်နိုင်ငံလေတပ်ဦးစီးချုပ် Lieutenant General Vu Hong Son နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။ ဦးစွာ ဖိလစ်ပိုင်နိုင်ငံလေတပ်မှ Vice Commander ဖြစ်သူ Major General PABLO RUSTRIA JR က (၂၃) ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေးအဖွင့်နှုတ်ခွန်းဆက်စကားပြောကြား၍ အစည်းအဝေးကိုဖွင့်လှစ်ပေးခဲ့ပြီး အာဆီယံလေတပ်များ၏ ပူးပေါင်းဆောင်ရွက်မှုများနှင့် အာဆီယံနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုအထိမ်းအမှတ်ဆိုင်ရာ video clip ကို ပြသသည်။ ထို့နောက် ဖိလစ်ပိုင်နိုင်ငံလေတပ်မှ Chief of Staff ဖြစ်သူ Major General Alvin M Hate က (၁၃) ကြိမ်မြောက် အာဆီယံလေတပ်များ၏ ပညာရေးနှင့်လေ့ကျင့်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့အစည်း အဝေးရလဒ်များကို အစီရင်ခံတင်ပြသည်။ ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာကြသော အာဆီယံလေတပ်ဦးစီးချုပ်များက (၂၃)ကြိမ်မြောက် AACC ၏ ဦးတည်ချက်ဖြစ်သော “ဘက်ပေါင်းစုံ အပြန်အလှန်ပူးပေါင်းချိတ်ဆက်မှုရှိသော အာဆီယံလေတပ်များဖြစ်ပေါ်လာစေရေး ဒေသတွင်းတည်ငြိမ်ရေးအတွက် တစ်စုတစ်စည်းတည်းဆောင်ရွက်စို့” ခေါင်းစဉ်အပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ သဘာပတိက (၂၃)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး၏ အစည်းအဝေးဆုံးဖြတ်ချက်များကို ဖတ်ကြားရှင်းလင်း ပြီး AACC အစည်းအဝေးဆုံးဖြတ်ချက်များနှင့် AACC Joint Statement အား အာဆီယံလေတပ်ဦးစီးချုပ်များက အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြသည်။ ထို့နောက် သဘာပတိကနိဂုံးချုပ်အမှာစကားပြောကြားပြီး (၂၄)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေးကို သဘာပတိအဖြစ် တာဝန်ထမ်းဆောင်မည့် မလေးရှားနိုင်ငံ လေတပ်ဦးစီးချုပ် General Dato Sri Haji Muhamad Norazlan Bin Aris ကိုယ်စား ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မလေးရှားစစ်သံမှူးထံသို့ AACC အထိမ်းအမှတ်ပစ္စည်းအား လွှဲပြောင်းပေးအပ်ခဲ့သည်။ ယင်းနောက် မလေးရှား နိုင်ငံလေတပ်ဦးစီးချုပ်က ကျေးဇူးတင်စကားပြောကြားခဲ့ကာ အာဆီယံလေတပ်ဦးစီးချုပ်များ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြပြီးအစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။ #Myanmar #News
199
20
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့ မြို့မအခြေခံပညာအထက်တန်း ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအာ+7
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့ မြို့မအခြေခံပညာအထက်တန်း ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ဆောင်ရွက်ထုတ်ပေးမှု သွားရောက်ကြည့်ရှုအားပေး နေပြည်တော်၊ စက်တင်ဘာ ၁၀ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ပြည်သူများ၏လူမှုဘဝ ဆောင်ရွက်မှုတိုင်း၌ မရှိမဖြစ်လိုအပ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် e-ID စနစ်အတွက် UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကို အသက် (၁၈) နှစ်ပြည့်ပြီး နိုင်ငံသားကတ်ပြား မရရှိသေးသူများအတွက် သက်ဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးများ၌ လည်းကောင်း၊ အသက်(၁၀)နှစ်ပြည့်ပြီး နိုင်ငံသားကတ်ပြားမရရှိသေးသည့် ကျောင်းသား၊ ကျောင်းသူများကို သက်ဆိုင်ရာ အခြေခံပညာကျောင်းများသို့ ကွင်းဆင်း၍လည်းကောင်း လမင်းစီမံချက်ဖြင့် စိစစ်ဆောင်ရွက် ထုတ်ပေးလျက်ရှိသည်။ ယင်းသို့ ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ ၉ ရက်၊ နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် တာဝန်ရှိသူများနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မြို့နယ်၊ ကျုံမငေးမြို့၊ မြို့မအခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ မိဘဆရာ အသင်းဝင်များနှင့်အတူ အဆိုပါ ကျောင်းခန်းမအတွင်း၌ အသက်(၁၀)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရရှိသေးသည့် ကျောင်းသား/ ကျောင်းသူများအား လမင်းစီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်ပေးနေသည့် မြို့နယ်ကျန်းမာရေး ဝန်ထမ်းများ၏ သွေးအမျိုးအစား စစ်ဆေးဆောင်ရွက်နေမှုနှင့် မြို့နယ်အဆင့်(၅)ဦး ကော်မတီ အဖွဲ့ဝင်များ၏ လုပ်ငန်းဆိုင်ရာ စိစစ်ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ ဝါးခယ်မ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ကျောင်းသား/ ကျောင်းသူများအား လုပ်ထုံး လုပ် နည်းနှင့်အညီ စိစစ်၍ နိုင်ငံသားကတ်ပြား ထုတ်ပေးရေး လုပ်ငန်းစဉ် အဆင့်ဆင့်နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ UID နံပါတ် ဆောင်ရွက်ပေးနေမှု အခြေအနေများကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးကာ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် လမင်းစီမံချက်ဖြင့်နေ့ချင်းပြီး ဆောင်ရွက်ပြီး ဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID တို့ကို ကာယကံရှင် ကျောင်းသား/ ကျောင်းသူတစ်ဦးချင်းထံ အသီးသီးပေးအပ်ကြပြီးနောက် ကျောင်းသား/ ကျောင်းသူ ကလေးငယ်များအား အာဟာရမုန့်များ ဝေငှပေး၍ ဆရာ/ ဆရာမများအား ရင်းရင်း နှီးနှီးနှုတ်ဆက်ခဲ့သည်။ #Myanmar #News
218