en
Feedback
𝐍𝐚𝐭𝐮𝐫𝐞 𝐇𝐚𝐯𝐞𝐧

𝐍𝐚𝐭𝐮𝐫𝐞 𝐇𝐚𝐯𝐞𝐧

Open in Telegram

𝗞𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲 နဲ့ ဘဝစာပေလေးတွေကို တင်ဆက်ပေးနေတဲ့ ချန်နယ်လေးမို့ 𝗝𝗼𝗶𝗻 ပေးခဲ့ကြပါအုန်းဗျာ 𝗦𝘁𝗮𝗿𝘁 𝗖𝗵𝗮𝗻𝗻𝗲𝗹 - 4.11.2024

Show more
465
Subscribers
No data24 hours
No data7 days
-730 days

Data loading in progress...

Similar Channels
No data
Any problems? Please refresh the page or contact our support manager.
Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
September '26
September '26
+2
in 0 channels
August '26
+1
in 0 channels
Get PRO
July '26
+3
in 0 channels
Get PRO
June '26
+6
in 0 channels
Get PRO
May '26
+1
in 0 channels
Get PRO
April '260
in 0 channels
Get PRO
March '26
+4
in 0 channels
Get PRO
February '26
+3
in 0 channels
Get PRO
January '26
+5
in 0 channels
Get PRO
December '25
+3
in 0 channels
Get PRO
November '25
+6
in 0 channels
Get PRO
October '25
+5
in 0 channels
Get PRO
September '25
+2
in 0 channels
Get PRO
August '25
+11
in 0 channels
Get PRO
July '25
+9
in 0 channels
Get PRO
June '25
+20
in 0 channels
Get PRO
May '25
+61
in 0 channels
Get PRO
April '25
+57
in 0 channels
Get PRO
March '25
+152
in 0 channels
Get PRO
February '25
+269
in 11 channels
Get PRO
January '25
+548
in 0 channels
Date
Subscriber Growth
Mentions
Channels
07 September0
06 September0
05 September+2
04 September0
03 September0
02 September0
01 September0
Channel Posts
LEADERSHIP ဆိုသည်မှာ     L Loyalty - သစ္စာရှိခြင်း E Enthusiasm - စိတ်အားထက်သန်မှုရှိခြင်း A Attitude - စိတ်နေသဘောထားကောင်းခြင်း D Discipline - စည်းကမ်းကောင်းခြင်း E Example - စံပြ/နမူနာကောင်းဖြစ်ခြင်း R Respect - လေးစားရို​သေမှုရှိခြင်း S Scholarliness - ပညာဉာဏ်ရည်ပြည့်ဝခြင်း H Honesty - ရိုးသားခြင်း I Integrity - စာရိတ္တကောင်းမွန်ခြင်း P Pride - ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားဂုဏ်ယူခြင်း › › › ·‌ @Nyo_paradise295 ŕ´Ž ˕ ŕ´Ž #Carnelian ŕ´Ž ˕ ŕ´Ž #PhooThitsarNyo ŕ´Ž ˕ ŕ´Ž #Knowledge ŕ´Ž ˕ ŕ´Ž #Crd_to_original_writer

2
"Brainrot" "Brainrot ဆိုတာဘာလဲ" အရည်အသွေးညံ့ဖျင်းတဲ့ အကြောင်းအရာတွေ၊ အဓိပ္ပါယ်မဲ့တဲ့ အချက်အလက်တွေကို စုပြုံထည့်ခြင်းကြောင့် ဦးနှောက်အလုပ်လုပ်မှု နှေးကွေးလာခြင်းဖြစ်ပါတယ်။ "Brainrot ကို ဘယ်လိုပြောင်းလဲလို့ရမလဲ" ၁။ပြဿနာကို ဝန်ခံခြင်း ၂။အာရုံစူးစိုက်မှုကို ဝန်ပိုခိုင်းစေခြင်း Timer သတ်မှတ်ပြီး အလုပ်လုပ်ပါ။   ၃။ ပတ်ဝန်းကျင်ကို ပြင်ဆင်ခြင်း ကိုယ့်ရဲ့အာရုံစူးစိုက်မှုကို ထိခိုက်စေတဲ့အရာတွေကို အဝေးမှာ ထားပါ။ ၄။ မနက်ခင်းကို မှန်ကန်စွာဖြတ်သန်းပါ။ Dopamine ထွက်တာ များတဲ့အရာတွေကို လျှော့ပါ။ ၅။ Dopamine ပြန်လည်လျှော့ချခြင်း တစ်နေ့ကို တစ်နာရီလောက် Dopamine ထွက်တဲ့ အရာတွေ ဘာမှမလုပ်ဘဲ နေကြည့်ပါ။ ၆။မလိုလားအပ်တဲ့ တွန်းအားတွေကို ဖယ်ရှားခြင်း ၇။ လက်ရှိမှာပဲ ရှိနေ​စေတဲ့ကိစ္စတွေကို ပိုပြီးလုပ်ဆောင်ပါ။ ၈။ သတိရှိရှိ စုပ်ယူခြင်း Social media ကို အသုံးပြုတဲ့အခါ ဘာကြောင့်ဆိုတဲ့ ရည်ရွယ်ချက်ရှိပါစေ။ › › › ·‌ @Nyo_paradise295 മ ˕ മ #Carnelian മ ˕ മ #PhooThitsarNyo മ ˕ മ #personal_growth മ ˕ മ #Knowledge മ ˕ മ #Crd_to_original_writer
75
3
"ချစ်ခြင်းနဲ့ အပြုအမူမှာ ဘယ်သူက ပိုပြီး အရင်အရေးပါ အရာရောက်တယ်ဆိုတဲ့ မေးခွန်း" စာရေးသူ - နေမီကျော် စာဖတ်သူ - ဖူးသစ္စာညို 🕯 @Carnelian_Nyo 💌 အတတ်နိုင်ဆုံး ကြိုးစားပြီး ဖတ်ပြထားပါတယ်ရှင့် လိုအပ်ချက်လေးတွေရှိရင် ထောက်ပြပေးဖို့လည်း တောင်းဆိုပါရစေ..... နားဆင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ညို့ရဲ့ အသံနဲ့အတူ စိတ်ရဲ့အပန်းပြေမှုလေးကို ခံစားနိုင်ကြပါစေ။ ⋆ᶿ‌᷇ @NyoYuuchiwhisper ᶿ‌᷆⋆  ♪。♫ #Carnelian ♪。♫ #PhooThitsarNyo ♪。♫ #Relationship_advice ♪。♫ #My_feeling_own_words
67
4
နောင်တအရဆုံးအရာပေါ့ စေတနာကနေ ဝတ္တရား မဖြစ်စေနဲ့ သူတို့ဖြစ်ချင်တာတွေ မင်းလုပ်ပေးဖို့ ပျက်ကွက်တဲ့အခါ မင်းက လုံးဝအမှိုက်ပဲ သူတို့အတွက် ဘယ်လောက်လုပ်ပေးလုပ်ပေး မင်း ဘယ်လောက်ပဲ ကောင်းခဲ့ ကောင်းခဲ့ ဒါတွေ သူတို့ ထည့်တွေးပေးမှာမဟုတ်ဘူး။ ဘယ်တော့မှ သိတတ်လာမှာမဟုတ်ဘူး။ ငါပြောတာကို ယုံလိုက် မေတ္တာနဲ့ မတန်တဲ့လူတွေအပေါ် စေတနာထားခဲ့ရတာလောက် ဘဝမှာ နောင်တရတာမရှိဘူး။ › › › ·‌ @Nyo_paradise295 മ ˕ മ #Carnelian മ ˕ മ #PhooThitsarNyo മ ˕ മ #Sarto മ ˕ മ #Crd_to_original_writer
58
5
မနာလိုတတ်တဲ့ စိတ်ကို ရှောင်ကြည့်ပါ။ "Learn to clap on others victory. Your time will come." ကိုယ့်ဖြစ်တည်မှုကို လက်ခံပါ၊ တန်ဖိုးထားပါ၊ လေးစားပါ။ ကိုယ်လျှောက်နေတဲ့လမ်းကိုပဲ အာရုံစိုက်ပါ။ မိမိရဲ့ Energy တွေကို သူတို့ကြောင့်နဲ့ negative vibe မဖြစ်ပါစေနဲ့။ - စိတ်ခံစားမှုများကို ကုစားခြင်း › › › ·‌ @Nyo_paradise295 മ ˕ മ #Carnelian മ ˕ മ #PhooThitsarNyo മ ˕ മ #Book_Summary മ ˕ മ #Crd_to_original_writer
65
6
"ပျောက်သောသူ ရှာရင်တွေ့ သေသောသူ ကြာရင်မေ့" တဲ့ မင်းကို မေ့ချင်လို့ သေပေးပါ့လားဟင် › › › ·‌ @Nyo_paradise295 മ ˕ മ #Carnelian മ ˕ മ #PhooThitsarNyo മ ˕ മ #Just_for_fun മ ˕ മ #Crd_to_original_writer
60
7
"The secret of change is to focus all of your energy, not on fighting the old, but on building the new." -Socrates "ပြောင်းလဲခြင်းရဲ့ လျှို့ဝှက်ချက်ဆိုတာ အဟောင်းတွေကို တိုက်ထုတ်ဖို့ သင့်ရဲ့အင်အားတွေကို သုံးခြင်းမဟုတ်ပါ။ အသစ်အသစ်တွေကို တည်ဆောက်တဲ့နေရာမှာ သင့်ရဲ့အင်အားတွေကို အသုံးချခြင်းပဲ ဖြစ်ပါတယ်။" - ဆိုကရေးတီး › › › ·‌ @Nyo_paradise295 മ ˕ മ #Carnelian മ ˕ മ #PhooThitsarNyo മ ˕ മ #personal_growth മ ˕ മ #Crd_to_original_writer
60
8
Love Language ဒီစကားလုံးကို မြင်ရင် ​ပြေးမြင်မိတာက 'ဘယ်ကပဲ ပြန်လာပါစေ ချစ်လွန်းအတွက် အမြဲတမ်း ပန်းလေးတစ်ပွင့် ယူလာပေးတဲ့ ဉာဏထင်'ကိုပဲ။ လမ်းဘေးမှာ ပေါက်နေတဲ့ ပန်းလေးတစ်ပွင့်ဆိုရင်တောင် ချစ်ရသူက ပေးတဲ့အခါ တန်ဖိုးထားမြတ်နိုးရတာပါပဲ။ "ပန်းပေးတာက အရှုံးပေးတာပဲတဲ့။ အရှုံးပေးတယ်ဆိုမှတော့ ခင်ဗျားကို ချစ်လို့ပေါ့..... မဟုတ်ဘူး မချစ်ခင်ကတည်းက အရှုံးပေးချင်နေတဲ့ကောင်ပါ။" ဉာဏထင် တစိမ့်စိမ့် ကြည့်တာမျိုးကိုလည်း သဘောကျတယ်။ ကိုယ်က စကားပြောရတာ သဘောကျတဲ့သူဆိုတော့ ကိုယ်ပြောတဲ့စကားတွေကို တစိမ့်စိမ့်ကြည့်ရင်းနဲ့ နားထောင်ပေးတာမျိုးကို တကယ်သဘောကျတာ။ သူ့ကို တစိမ့်စိမ့် ကြည့်ရတာလည်း သဘောကျတယ်။ ဟဲ" စိတ်ကူးယဥ်တာမျိုးပေါ့ကွာ၊ တစ်နေ့တော့ ကိုယ့်ချစ်ရသူလေးကို ပြုံးပြီး တစိမ့်စိမ့်ထိုင်ကြည့်ချင်တာမျိုးလေ။ နောက်တစ်ခုက လက်ကိုင်ရတာပဲ။ တစ်ခါမှတော့ လက်မကိုင်ဖူးပေမဲ့ပေါ့လေ ဟား"။ ကိုယ့်ရှေ့ လက်ကိုင်ထားတဲ့အတွဲလေးတွေ ဖြတ်သွားရင် အများကြီးသဘောကျရတယ်။ "မင်းအနားမှာ ကိုယ်ရှိနေတယ်" ဆိုတဲ့ ခံစားချက်မျိုးရတယ်ကွာ သိလား။ ကိုယ့်အတွက် ချစ်ခြင်းမေတ္တာဟာ ပျော်ရွှင်ခြင်းပဲ။ ကိုယ့်ကြောင့် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ပျော်ရွှင်စေချင်တယ်။ ကိုယ်လည်းပဲ သူနဲ့အတူရှိနေရတာကို ပျော်ချင်တယ်။ ကိုယ့်အတွက် အရေးကြီးဆုံးက ပျော်ရွှင်ခြင်းပဲမို့ ကိုယ့်ကိုမပျော်ရွှင်စေဘူးဆိုရင် အဲ့ရပ်ဝန်းကနေ ထွက်ပြေးချင်စိတ်တွေပေါက်လာတတ်တယ်။ အဲ့တာကြောင့် အတူတူရှိနေဖို့ဆို သူရော၊ကိုယ်ရောက ပျော်ရွှင်နေဖို့လိုအပ်တယ်။ ပစ္စုပ္ပန်တိုင်းမှာ အတူရှိချင်တယ်၊ အတူကြိုးစားချင်တယ်၊ အတူတိုးတက်ချင်တယ်၊ အတူတူပျော်ချင်တယ်။ အတိတ်မှာ ဘယ်သူနဲ့ အတူရှိနေခဲ့တာ၊ အနာဂတ်မှာ ဘယ်သူနဲ့အတူရှိသွားမှာလဲဆိုတဲ့ အတွေးတွေထက် အခုလက်ရှိမှာ အတူရှိနေရပြီး ပျော်ရွှင်ချင်တယ်။ ဒီလောက်ပါပဲ။ ဒါကတော့ ၁၇ နှစ်အရွယ် မိန်းကလေးတစ်ယောက်ရဲ့ အချစ်အပေါ် အတွေးအမြင်ပဲဆိုပါတော့။ အသက်တွေကြီးလာတဲ့အခါ ပြောင်းလဲသွားနိုင်တာမလို့ အခုလက်ရှိအတွေးလေးကို ချရေးပြီးသိမ်းထားချင်ပါတယ်။ နောက်ကြီးလာရင် ပြန်ဖတ်မယ်ဆိုတဲ့ စိတ်ကူးလေးနဲ့ပေါ့လေ။ -ဖူးသစ္စာညို 🕯️ @Carnelian_Nyo 💌 › › › ·‌ @Nyo_paradise295 മ ˕ മ #Carnelian മ ˕ മ #PhooThitsarNyo മ ˕ മ #Love_Language മ ˕ മ #My_feeling_own_words
57
9
No text...
43
10
ညိုတို့ဘက်မှာ မီးက ရက်ရှည်ပျက်သွားပါတယ်။ အဲ့တာကြောင့် ခွင့်လေးယူချင်ပါတယ်ရှင့်။ မီးပြန်လာရင် ပြန် run ပေးပါ့မယ်နော်။ ꠶❥ #Carnelian ꠶❥ #PhooThitsarNyo ꠶❥ #Nyo
63
11
Zodiac Signs ဘာလုပ်လုပ် Zodiac signs ကို လွှဲချတတ်တဲ့အဖွဲ့နဲ့ Zodiac signs ဆို လုံးဝအယုံအကြည်မရှိဘူးဆိုတဲ့အဖွဲ့ နှစ်ဖွဲ့ကွဲနေတယ် သင်ကရော ဘယ်အဖွဲ့ကလဲ...? ကျွန်မကတော့ အလယ်အလတ်ပါပဲ အစွန်းရောက်လွန်းတဲ့ ဘယ်အဖွဲ့ကိုမှ အားမပေးပါဘူး။ ဘာကြောင့်လဲဆိုရင်..... Sun sign တစ်ခုတည်းနဲ့ ဒီလူတစ်ယောက်ရဲ့အကြောင်းကို သိနိုင်တာမျိုး မဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ Birth chart မှာ ဂြိုဟ်အသီးသီး၊ House 12 ခုနဲ့ Zodiac signs 12 ခု ဆိုတာ ရှိပါတယ်။ ကိုယ် ချစ်တဲ့ Sign ရော၊ မုန်းတဲ့ sign ရောက ကိုယ့်ရဲ့ Birth chart မှာ ပါဝင်နေပါတယ်။ Sun sign တစ်ခုတည်းသိပြီး ငါက ဘာ sign မလို့ ဒီလိုဖြစ်နေတာဆိုပြီး မပြောပါနဲ့။ သင်က Zodiac sing တွေရဲ့ လွှမ်းမိုးမှုကိုတောင် မထိန်းချုပ်နိုင်တဲ့လူတစ်ယောက်ဆိုတာ ဂုဏ်ယူစရာဖြစ်မနေပါဘူး။ Sign တစ်ခုစီတိုင်းမှာ သူ့ရဲ့ positive & negative energy ဆိုတာ အမြဲရှိပါတယ်။ လောကကြီးဟာ အမြဲတမ်း balance ညီမျှနေပါတယ်။ သင့်ဘာသာ အဲ့ဒီ sign ရဲ့ positive energy ကို အသုံးမချနိုင်တာနဲ့ပဲ အဲ့ဒီ sign ကိုအပြစ်တင်မနေပါနဲ့။ ပြီးတော့ ဝါးလုံးရှည်နဲ့ ပတ်မရမ်းပါနဲ့။ လူတိုင်းက တူညီမနေပါဘူး။ ဒီလူကို တွေ့ဖူးတာနဲ့ပဲ အဲ့ဒီလူနဲ့ sign တူတဲ့လူမှန်သမျှကို လိုက်မုန်းမနေပါနဲ့၊ သင် မတွေးခေါ်တတ်တာ လူသိလိမ့်မယ်။ အကယ်၍ စိတ်ဝင်စားတယ်ဆိုရင် ညို့ဆီကို လာခဲ့လို့ရပါ။ ညိုကိုယ်တိုင်လည်း လေ့လာနေတဲ့သူမလို့ လမ်းညွှန်ပေးနိုင်ပါတယ်။ - ဖူးသစ္စာညို 🕯️ @Carnelian_Nyo 💌 › › › ·‌ @Nyo_paradise295 മ ˕ മ #Carnelian മ ˕ മ #PhooThitsarNyo മ ˕ മ #Zodiac_Signs മ ˕ മ #My_feeling_own_words
76
12
သင့်ရဲ့အတိတ်က အရေးကြီးပါတယ်။ ဒါပေမဲ့ အနာဂတ်ကို မျှော်ကြည့်တာလောက် အရေးမကြီးပါဘူး - John C.Maxwell › › › ·‌ @Nyo_paradise295 മ ˕ മ #Carnelian മ ˕ മ #PhooThitsarNyo മ ˕ മ #Quote മ ˕ മ #Crd_to_original_writer
68
13
ကိုယ့်ကိုယ်ကိုယ် ချစ်တာကလေ ကိုယ့်ကို ရင်ခုန်စိတ်လှုပ်ရှားမှုတွေ မပေးနိုင်ပေမဲ့ အမြင့်ကို ပျံသန်းဖို့ အတောင်ပံတွေတော့ ပေးနိုင်တယ်တဲ့။ "Self-love won't give you butterflies, but it will give you wings." › › › ·‌ @Nyo_paradise295 മ ˕ മ #Carnelian മ ˕ മ #PhooThitsarNyo മ ˕ മ #Quote മ ˕ മ #Crd_to_original_writer
97
14
"သက်မဲ့ကိုတောင် စိတ်ကောက်တတ်တဲ့ တနင်္ဂနွေသမီးလေးအကြောင်း" စာရေးသူ - Unknown စာဖတ်သူ - ဖူးသစ္စာညို 🕯 @Carnelian_Nyo 💌 နောက်က အဘွားတွေ စကားပြောနေတာမလို့ ဆူသွားတဲ့အတွက် တောင်းပန်ပါတယ်ရှင့်။ အတတ်နိုင်ဆုံး ကြိုးစားပြီး ဖတ်ပြထားပါတယ်ရှင့် လိုအပ်ချက်လေးတွေရှိရင် ထောက်ပြပေးဖို့လည်း တောင်းဆိုပါရစေ..... မူရင်းစာရေးသူအား လေးစားလျက်..... နားဆင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် နောက်ထပ် နေ့နံလေးတွေကိုလည်း Tue, Thurs, Fri ဒီသုံးရက်မှာ တင်ပေးသွားမှာပါနော်။ ညို့ရဲ့ အသံနဲ့အတူ စိတ်ရဲ့အပန်းပြေမှုလေးကို ခံစားနိုင်ကြပါစေ။ ⋆ᶿ‌᷇ @NyoYuuchiwhisper ᶿ‌᷆⋆  ♪。♫ #Carnelian ♪。♫ #PhooThitsarNyo ♪。♫ #Sunday ♪。♫ #Crd_to_original_writer
84
15
"တစ်ခါတလေ စိတ်မပါဘဲလုပ်ရတဲ့ အလုပ်တွေက နောက်ဆုံးမှာ ကိုယ့်အတွက် သိပ်ကို အရေးကြီးတဲ့အရာလဲ ဖြစ်သွားနိုင်တယ်လေ အစပြုဖို့ဆိုရင် သိချင်စိတ်လေး နည်းနည်းပဲ လိုမယ်" › › › ·‌ @Nyo_paradise295 മ ˕ മ #Carnelian മ ˕ മ #PhooThitsarNyo മ ˕ മ #personal_growth മ ˕ മ #Crd_to_original_writer
70
16
Main Character လောကမှာ ဘယ်သူကတော့ အဓိကဇာတ်ကောင်ပါ၊ ဘယ်သူက အရံပါဆိုပြီး ပုံသေသတ်မှတ်ထားတာမျိုးမရှိဘူး။ မင်းရဲ့ နေထိုင်ပြုမူပုံပေါ် မူတည်ပြီး ဆုံးဖြတ်ပေးသွားလိမ့်မယ်။ ဒါကြောင့် ကိုယ့်ရဲ့ဘဝမှာ ကိုယ်က Main character လို နေထိုင်ပါ။ ကိုယ့်ရဲ့ဘဝက ကိုယ့်အပေါ်မှာမူတည်ပြီး လည်ပတ်နေတာပါ။ ဒါပေမဲ့ မင်းက တခြားတစ်ယောက်ဆီက အာရုံစိုက်မှုခံရဖို့၊ အချစ်ခံရဖို့၊ ဂရုစိုက်ခံရဖို့ တကူးတကလုပ်ယူနေမယ်ဆိုရင်တော့ ဒါက မင်းကိုယ်မင်းအရံနေရာပို့လိုက်တာပဲ။ ကိုယ့်ကိုယ်ကိုယ် ချစ်ပေးပြီး ဂရုစိုက်ပြီး၊ ကိုယ့်ဟာကိုယ် လှအောင်နေ၊ ကိုယ့်ဘဝကိုပဲ အာရုံစိုက်။ ကိုယ့်ကိုယ်ကိုယ် ချစ်ပေးဆိုတာ ကိုယ့်ဘဝအတွက် ​ကောင်းတဲ့အရာတွေကိုပဲ ရွေးချယ်ဖို့​ ပြောတာနော်။ မကောင်းတာတွေ လုပ်ခိုင်းတာမဟုတ်ဘူး၊ တစ်ကိုယ်ကောင်းဆန်ခိုင်းတာ မဟုတ်ဘူး။ ကိုယ့်ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ကို ကျန်းမာပျော်ရွှင်အောင်ထား၊ အပူတွေ ပေးတဲ့သူတွေကို ဝေးဝေးကရှောင်။ ကိုယ့်ကို အလေးမထားတဲ့သူတွေ၊ မကောင်းတဲ့သူတွေတွေ့ရင်လည်း ရှောင်။ အဲ့လိုလူတွေကြောင့် မခံစားရစေနဲ့။ ကိုယ့်ဘဝကို တိုးတက်အောင် ကြိုးစား၊ တစ်ယောက်တည်းလည်း ပျော်အောင်နေ၊ အထီးကျန်လို့ဆိုပြီး တွေ့ရာလူကို မချစ်လိုက်နဲ့၊ မတွဲလိုက်နဲ့နော်။ နေ့ရက်တိုင်းမှာ ပျော်ရွှင်အောင်နေ၊ ကိုယ့်အကြောင်းကိုပဲ တွေး၊ မနေ့ကထက် ဒီနေ့ ပိုတိုးတက်လာအောင် ကြိုးစား၊ ကိုယ်လိုချင်တာတွေ ကိုယ်တိုင်ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးစား ဒီလောက်ပါပဲ။ “Ladies and gentlemen, you deserve to be valued. Don’t forget to love yourself. You are the main character of your own life.” - ဖူးသစ္စာညို 🕯️ @Carnelian_Nyo 💌 › › › ·‌ @Nyo_paradise295 മ ˕ മ #Carnelian മ ˕ മ #PhooThitsarNyo മ ˕ മ #For_Life മ ˕ മ #My_feeling_own_words മ ˕ മ #No_Copy
80
17
တချို့လူတွေက သင်ဘယ်လောက်ပဲ ကောင်းအောင်နေနေ သင်လုပ်သမျှကို အဆိုးပဲ မြင်နေတတ်တယ်။ အဲ့လိုလူမျိုးတွေကို ရှင်းပြနေရင် သင် ရှေ့ရောက်မှာ မဟုတ်ပါဘူး ရှင်းပြဖို့ တကယ်လိုအပ်တဲ့အခါ ရှင်းပြပြီး မလိုအပ်တဲ့အခါမှာတော့ ကိုယ့်လမ်းကိုယ် ဆက်လျှောက်ပါ။ › › › ·‌ @Nyo_paradise295 മ ˕ മ #Carnelian മ ˕ മ #PhooThitsarNyo മ ˕ മ #Sarto മ ˕ മ #Crd_to_original_writer
70
18
ကောင်းကင်မှာ ပျံသန်းနေတဲ့ ငှက်အချို့ကို ကြည့်ပြီး အားကျနေတယ် ငါ ဘာလို့များ သူတို့လို မပျံသန်းနိုင်ရတာလဲ ငါက ညံ့လိုက်တာလို့ တွေးနေတဲ့သူတွေရှိလား တစ်ခါလောက်ဖြစ်ဖြစ် ရေထဲ ဆင်းကြည့်လိုက်ပါ မင်းဟာ သိပ်ကို ရေကူးကျွမ်းကျင်တဲ့ ငါးတစ်ကောင်လည်း ဖြစ်နေနိုင်တာပဲလေ - မဖတ်ရ မြဲတတ်သည် › › › ·‌ @Nyo_paradise295 മ ˕ മ #Carnelian മ ˕ മ #PhooThitsarNyo മ ˕ മ #Life_Knowledge മ ˕ മ #Crd_to_original_writer
80
19
ကျွန်မက အလတ်ပါ မနေ့ညက Tt မှာ video လေးတစ်ခု တွေ့ခဲ့ပါတယ်။ "အလတ်တွေပဲ သိတဲ့ခံစားချက်" အလတ်တွေက အပယ်ခံလိုဖြစ်နေတဲ့ video ပေါ့။ ကျွန်မမှာ မိဘနှစ်ပါးနဲ့ အကိုတစ်ယောက်၊ မောင်လေးတစ်ယောက်ရှိပါတယ်။ ကျွန်မလည်း သိတတ်စအရွယ်မှာတော့ အခြားသူတွေကြောင့် သိမ်ငယ်ခဲ့ဖူးတယ်၊ ဝမ်းနည်းခဲ့ဖူးပါတယ်။ ကျွန်မရင်ထဲ အမြစ်တွယ်နေတဲ့ဖြစ်ရပ်တစ်ခုက မုန့်ဖိုးပေးတာပါ။ အကြီးဆုံးမလို့ ပိုပေးတာ၊ အငယ်ဆုံးမလို့ ပိုပေးတာဆိုတာမျိုးပေါ့။ ဒါပေမဲ့ ကျွန်မ ကြီးလာတဲ့အခါ အဲ့ဒီသိမ်ငယ်မှုတွေ ပျောက်ခဲ့ရပါတယ်။ ကျွန်မရဲ့ မိဘတွေဟာ တန်းတူဆက်ဆံပါတယ်။ အကြီးဆိုတဲ့ ခေါင်းစဥ်အောက်မှာ ကိုကိုနဲ့ကျွန်မ၊ အငယ်ဆိုတဲ့ ခေါင်းစဥ်အောက်မှာတော့ ကျွန်မနဲ့ မောင်လေးပေါ့။ မိဘတွေဟာ သူတို့နည်းနဲ့သူတို့ ချစ်ပေးနေပါတယ်။ ကျွန်မက အလတ်ပါ။ အစ်ကိုကြီး၊ အဖရာဆိုတဲ့အတိုင်း တာဝန်ကျေတဲ့ အကိုတစ်ယောက်ရှိပါတယ်။ ကျွန်မနဲ့အတူ ဆိုးတူကောင်းဖက်ရှိနေပေးတဲ့ မောင်လေးလည်းရှိပါတယ်။ ကျွန်မက ကျန်းမာရေးရော၊ မိန်းကလေးဖြစ်တာရောကြောင့် ချူချာပါတယ်။ ပင်ပန်းရတဲ့အလုပ်တွေဆို ကိုကိုနဲ့ မောင်လေးက ရှေ့ဆုံးက လုပ်ရပါတယ်။ အဲ့ဒီလိုအချိန်တွေဆို "ငါ သက်သာတာပေါ့" ဆိုတဲ့ ကလေးဆန်ဆန်အတွေးတွေနဲ့ ပျော်မိသလို၊ "သူတို့က ပိုပင်ပန်းရတယ်" ဆိုတဲ့ အတွေးနဲ့ အားနာရပါတယ်။ သူတို့စိတ်ထဲမှာ "သူက သာတယ်၊ ငါက နာတယ်"ဆိုတဲ့ Victim mindset ရှိသွားမှာကို ကျွန်မ စိုးရိမ်မိပါတယ်။ ကျွန်မကိုယ်တိုင်လည်း အဲ့လိိုစိတ်မျိုး မဝင်မိအောင် ကြိုးစားပါတယ်။ ဒီကနေ ထူးဆန်းတဲ့ အကျင့်တစ်ခု ကျွန်မမှာ ရှိလာပါတယ်။ "ညီတူညီမျှ" ဖြစ်မှရမယ်ဆိုတဲ့ စိတ်ပါ။ မုန့်စားရင်တောင် ဘယ်တစ်လှည့်၊ ညာတစ်လှည့် ညီတူညီမျှ ဝါးပါတယ်။ 'မ' ဂဏန်းရှိတဲ့ မုန့်တွေဆို အလယ်ကတစ်ဝက်ခြမ်းပြီး နှစ်ဖက်လုံးနဲ့ ဝါးပါတယ်။ တစ်ခုက ပိုပြီး တစ်ခုက လိုနေတဲ့အခါ ကျွန်မစိတ်ထဲမှာ သက်တောင့်သက်သာမဖြစ်မှုကို ခံစားရပါတယ်။ ဒီစာလေးကို ရေးရတဲ့အကြောင်းရင်းကတော့ ကျွန်မခံစားချက်တွေကို နောင်တစ်ချိန်မှာ ဖတ်နိုင်ဖို့အတွက်နဲ့ စာဖတ်သူလေးကို ပြောစရာလေးရှိလို့ပဲ ဖြစ်ပါတယ်။ ​မိဘတွေရဲ့ ချစ်ခြင်းမေတ္တာဟာ ပုံသေနည်း မရှိပါဘူး။ ပမာဏ မတူသယောင် ထင်ရပေမဲ့ တန်ဖိုးကတော့ အတူတူပါပဲ။ ဒါကြောင့် ကျွန်မတို့ အလတ်တွေလည်း အပယ်ခံ မဟုတ်ပါဘူး။ မိဘဆိုတာ သားသမီးတိုင်းကို တန်းတူညီမျှ ချစ်မြတ်နိုးပါတယ်။ အကြီးဆုံးမလို့၊ အငယ်ဆုံးမလို့၊ အလတ်မလို့ဆိုတဲ့ ပိုတယ်၊ လိုတယ်ဆိုတာမျိုး မရှိပါဘူး။ သူတို့နည်း သူတို့ဟန်နဲ့တော့ ချစ်ပေးနေပါတယ်။ ဒါကြောင့် အခြားသူတွေရဲ့ ပြောဆို၊ပြုမူပုံတွေကြောင့် သိမ်ငယ်စိတ်မဝင်ပါနဲ့၊ မိဘတွေရဲ့ ချစ်ပုံချစ်နည်းကို မြင်အောင်ကြည့်ပါ။ မောင်နှမချင်း စိတ်ဝမ်းမကွဲပါနဲ့။ ပြီးတော့ အရေးကြီးဆုံးက "သူက သာတယ်၊ ငါက နာတယ်" ဆိုတဲ့ Victim role ကို ရောက်မသွားပါစေနဲ့။ စိတ်ဒဏ်ရာအချို့ဟာ မိသားစု၊ ငယ်ဘဝကနေ လာတတ်တာမလို့ အတွေးမမှားပါစေနဲ့။ စိတ်ဒဏ်ရာ သေးသေးလေးဆိုရင်တောင် တစ်ဘဝလုံးကို ထိခတ်နိုင်တာမလို့ သေချာလေးဂရုစိုက်ပေးပါ။ ​- ဖူးသစ္စာညို 🕯️ @Carnelian_Nyo 💌 › › › ·‌ @Nyo_paradise295 മ ˕ മ #Carnelian മ ˕ മ #PhooThitsarNyo മ ˕ മ #Family മ ˕ മ #My_feeling_own_words മ ˕ മ #No_Copy
82
20
မိန်းကလေးအများစုဟာ Animation character တွေကို ရုပ်ရည်ချောမောခြင်း၊ လူကြိုက်များခြင်းတို့ကြောင့် ချစ်မိကြတာ မဟုတ်ပါဘူး...။ Ani
မိန်းကလေးအများစုဟာ Animation character တွေကို ရုပ်ရည်ချောမောခြင်း၊ လူကြိုက်များခြင်းတို့ကြောင့် ချစ်မိကြတာ မဟုတ်ပါဘူး...။ Animation character တွေရဲ့ စိတ်နေသဘောထား၊ အမျိုးသမီးတွေကို လေးစားစွာ ဆက်ဆံပုံ၊ သစ္စာရှိမှု၊ ရိုးသားမှုနဲ့ အပြင်လောကက ယောကျ်ားအများစုမှာ မရှိတဲ့ စိတ်သဘောထားတွေကြောင့် စွဲလမ်းကြတာပါ...။ ထို Animation character တွေက ကိုယ့်အနားမှာ မရှိနိုင်တာတောင် ကိုယ့်ကို စိတ်ပျော်ရွှင်စေနိုင်ကြခြင်း ကြောင့် ဖြစ်ပါတယ်....။ "သဘောကျနှစ်သက်မိသောကြောင့် ပြန်ယူ၍တင်ခြင်းဖြစ်ပါတယ် မူရင်းရေးသားသူအား Crd အပြည့်အဝပေးပါတယ်" › › › ·‌ @Nyo_paradise295 മ ˕ മ #Carnelian മ ˕ മ #PhooThitsarNyo മ ˕ മ #Fictional മ ˕ മ #Crd_to_original_writer
90