en
Feedback
Letter 4 u

Letter 4 u

Open in Telegram
1 566
Subscribers
-224 hours
-87 days
-3630 days
Posts Archive
ကိုယ့်ကြောင့် ဘယ်သူ့ကိုမှ စိတ်ညစ်စရာတွေ ကူးစက် မသွားစေချင်ဘူး ဒါကြောင့် တချို့ အဆင်မပြေခြင်းတွေက ခံစားရတာ ကျဉ်းပေမဲ့ ဖွင့်ပြောပြဖို့လည်း ခက်တယ်..

ပိုင်ဆိုင်ခဲ့ကြောင်း သက်သေမရှိတော့ ဆုံးရှုံးလိုက်ရတယ်လို့လည်း ပြောဖို့ခက်တယ်….။ #crd

တစ်ခါတစ်လေ တိုက်ဆိုင်လို့ သတိရမိတဲ့အခါ မင်းမသိအောင် မင်းအကောင့်လေးထဲဝင်ကြည့်မယ် မင်းပျော်နေတာမြင်ရရင် ငါလဲပျော်မယ် မင်းဝမ်းနည်းနေတာမြင်မိရင်ငါလဲ တိတ်တဆိတ်ငိုကြွေးမယ် အရာရာက ငါပြုပြင်လို့မရတဲ့ကံကြမ္မာပေါ်မူတည်တယ်။ _ချယ်🌸

ချစ်ခြင်းမေတ္တာမှာ မမ မရှိရင် သေတော့မဲ့ အထာတွေနဲ့ ။ မမ က ဘာလဲ ငါတို့ကတော့ မမ ပါပဲ ။ -ဗာဂို
ချစ်ခြင်းမေတ္တာမှာ မမ မရှိရင် သေတော့မဲ့ အထာတွေနဲ့ ။ မမ က ဘာလဲ ငါတို့ကတော့ မမ ပါပဲ ။ -ဗာဂို

" သို့...ချစ်သော အမိမြန်မာနိုင်ငံ" - အချစ် နဲ့ စစ်ဟာ ခန့်မှန်းလို့ မရအောင် အချိန်မရွေး ဖြစ်လာနိုင်တယ် ။ စစ်ဖြစ်ရင် ဝမ်းနည်းမျ
" သို့...ချစ်သော အမိမြန်မာနိုင်ငံ" - အချစ် နဲ့ စစ်ဟာ ခန့်မှန်းလို့ မရအောင် အချိန်မရွေး ဖြစ်လာနိုင်တယ် ။ စစ်ဖြစ်ရင် ဝမ်းနည်းမျက်ရည် ကျရပြီး အချစ်ဖြစ်ရင် ပျော်ရွှင်ကြည်နူးရမယ် ။ စစ်...တွေ ဝေးလို့... အချစ်တွေ ဖြစ်ကြပါစေ...။ - လောင်ချိတ်

ဖြစ်ချင်တိုင်း မဖြစ်တဲ့ဘဝမှာ မဖြစ်ဖြစ်တဲ့နည်းနဲ့ ကြိုးစားနေပါတယ် ပိုက်ဆံတွေအများကြီးရှာနိုင်တဲ့နေ့မှ အဖေလိုချင်တာ ဝယ် အမေလိုချင်တာ ဝယ်ဆိုပြီး Super market အကြီးကြီးထဲ လိုက်ပို့ပါ့အုံးမယ် အခုတော့ အဖေနဲ့အမေ စိတ်မပူအောင် နေရုံပဲ သားတတ်နိုင်သေးတယ်။ _ငြိမ်းဇော်

အချစ်ရေ… မင်းကိုသာ ပြန်ရမယ်ဆို တစ်ဘဝလုံးရှာရလည်း ဖြစ်ပါတယ် ။ ▪️ခန့်သွယ် ဂန္တဝင်အိပ်မက် မှ

အရှေ့ကိုသွားပေမယ့် အနောက်မှာ ကျန်ခဲ့တဲ့အတိတ်ကလည်း ပြန်ငေးတိုင်း လှနေဆဲ အမှတ်တရထဲ မင်းပါလို့ ထင်ပါရဲ့။ ။ ဆန်းကျော်စွာဝင်း

ငါတို့ဟာ ကွဲကြေနေတဲ့ မှန်သားတွေ  ဖြစ်ခဲ့ရင်တောင် ငါတို့ရဲ့ အစအနတွေ ဘယ်အရာပေါ်မှ မဖိတ်စင်အောင် နေတတ်ရမယ်။ ▪️အောင်ခိုင်မြတ်

မရှိဘူး ဘာမှမရှိဘူး ကျုပ်တစ်ယောက်တည်း ဒါပေမဲ့ ဒါကိုလည်း ဝမ်းမနည်းတော့ပါဘူး။ -တက္ကသိုလ်ဘုန်းနိုင်

တစ်ယောက်ယောက်ကို မှီချလိုက်ချင်ပေမယ့် သူလည်း ဝန်ပိမယ် ကိုယ်လည်း ပြန်ထနိုင်မယ် မထင်ဘူး။ အဲဒီအသိနဲ့ပဲ တစ်ယောက်တည်းတွေ​ဝေ ခပ်ပေပေ မာကျောခဲ့ပါတယ်။ ဒဏ်ရာရနေတယ် ဆိုတာမျိုးက ကြုံဖူးသူချင်းမှ နားထောင်လို့ဖြစ်တာ.. "လဲကျရင်ပြန်ထ"လောက်ကတော့ လူတိုင်းပြောတတ်ပါတယ်....။ စိတ်ထဲကပါတဲ့ကမ္ဘာတွေ မရှိတာ ကြာပြီပဲ။ -ခွန်းညိုသွေး

မင်း မရှိတော့ ငါဟာ လူမိုက် မင်း ရှိတော့ ငါဟာ လူညံ့။ -ဝင်းမြင့်
မင်း မရှိတော့ ငါဟာ လူမိုက် မင်း ရှိတော့ ငါဟာ လူညံ့။ -ဝင်းမြင့်

ချန်ခဲ့တဲ့သူက ချန်ထားခဲ့တာပဲ ကျန်ခဲ့တဲ့ လူတွေက ကိုယ့်ဘဝနဲ့ကိုယ်ပေါ့ မျှော်လင့်ခြင်းတွေထဲ တစ်ဘဝစာ ပိတ်မိခဲ့တယ် ရက်စွဲတွေ ပြန်မကြည့်ဖြစ်တော့ ပြန်လာမဲ့နေ့မှာ ပန်းတွေပွင့်ပါစေကွယ်။ ▪️ ဂန္ဓမာ

ဘာမှမလုပ်ပါနဲ့ ။ ဘာမှမတွေးပါနဲ့ ။ တောပန်းတွေကို ချစ်မြဲအတိုင်းချစ်နေပါ ။ မနက်ခင်းတိုင်း ကော်ဖီတစ်ခွက်သောက်ပါ ။ အသက်ရှင်ပါ ။ မ
ဘာမှမလုပ်ပါနဲ့ ။ ဘာမှမတွေးပါနဲ့ ။ တောပန်းတွေကို ချစ်မြဲအတိုင်းချစ်နေပါ ။ မနက်ခင်းတိုင်း ကော်ဖီတစ်ခွက်သောက်ပါ ။ အသက်ရှင်ပါ ။ မိုးရေထဲ ရဲရဲတင်းတင်းလမ်းလျှောက်ပါ ။ -မြကျေး

"မချစ်ဘူးတဲ့'' မေမေရယ် ဝမ်းသာရပါတယ် ဘာမှ မရတာထက် စာရင် မချစ်ဘူးဆိုတဲ့ တုံ့ပြန်မှုလေးတစ်ခု ရခဲ့ပါတယ် ဝမ်းသာရပါတယ် မေမေရယ် ။ - မြကျေး

"Even before the answer was given, I had already found it." ▪️Gandamar အဖြေမရခင်ကတည်းက အဖြေရခဲ့ပြီးပါပြီ ။ ▪️ဂန္ဓမာ
"Even before the answer was given, I had already found it." ▪️Gandamar အဖြေမရခင်ကတည်းက အဖြေရခဲ့ပြီးပါပြီ ။ ▪️ဂန္ဓမာ

ကိုယ့်ကို မချစ်တဲ့သူကို ဘယ်လောက်ထိချစ်ကြောင်းတွေ ပြောရတာ နည်းနည်းတော့ ရှက်စရာကောင်းတယ် #crd
ကိုယ့်ကို မချစ်တဲ့သူကို ဘယ်လောက်ထိချစ်ကြောင်းတွေ ပြောရတာ နည်းနည်းတော့ ရှက်စရာကောင်းတယ် #crd

မင်းကိုဆုံးရှုံးရခြင်းဟာလည်း ငါ့ဘဝရဲ့ ပိုင်ဆိုင်မှုတစ်ခုပါပဲ ။ ဂန္ဓမာ မအောင်မြင်ခဲ့သောစစ်ပွဲများ_၁
မင်းကိုဆုံးရှုံးရခြင်းဟာလည်း ငါ့ဘဝရဲ့ ပိုင်ဆိုင်မှုတစ်ခုပါပဲ ။ ဂန္ဓမာ မအောင်မြင်ခဲ့သောစစ်ပွဲများ_၁

နှလုံးသားက လက်ခံရင် မပိုင်ဆိုင်ရလည်း ချစ်တာပါပဲ။ အချစ်ဆိုတာ အနားမှာရှိနေပေးမှ မဟုတ်ဘူး ကိုမြတ်နိုးနေသ၍ ချစ်လို့ရတယ်။ -ဂျူး
နှလုံးသားက လက်ခံရင် မပိုင်ဆိုင်ရလည်း ချစ်တာပါပဲ။ အချစ်ဆိုတာ အနားမှာရှိနေပေးမှ မဟုတ်ဘူး ကိုမြတ်နိုးနေသ၍ ချစ်လို့ရတယ်။ -ဂျူး

မင်းဆီက စိုးထိတ်မှု တစ်ခုခုမြင်ရင်တောင် ငါ့ကိုလား သူ့ကိုလား တွေးနေရတဲ့ စိတ်ဝေဒနာကို ငါရခဲ့ပါတယ် ။ -ခန့်သွယ် တွေးမိရေးရာကဗျာများ မှ