en
Feedback
ဆရာကြီးဦးအောင်သင်း-စာပေ

ဆရာကြီးဦးအောင်သင်း-စာပေ

Open in Telegram

စာဖတ်ကြမယ် 📓

Show more
Myanmar10 599The category is not specified

📈 Analytical overview of Telegram channel ဆရာကြီးဦးအောင်သင်း-စာပေ

Channel ဆရာကြီးဦးအောင်သင်း-စာပေ (@sarpay210) in the Burmese language segment is an active participant. Currently, the community unites 11 360 subscribers, ranking in the Other category and 10 599 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 11 360 subscribers.

According to the latest data from 08 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -16 over the last 30 days and by -4 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 18.31%. Within the first 24 hours after publication, content typically collects 6.46% reactions from the total number of subscribers.
  • Post reach: On average, each post receives 0 views. Within the first day, a publication typically gains 735 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 0.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
စာဖတ်ကြမယ် 📓

Thanks to the high frequency of updates (latest data received on 09 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Other category.

11 360
Subscribers
-424 hours
+637 days
-1630 days
Posts Archive
မသိလို့မေးပါရစေနော် သူများအတင်း ပြောတဲ့လူတွေက သူတို့ပါးစပ်မှာ remote တပ်ထားတာလား သူတို့မကောင်းကြောင်းဆို ကျော်ဖြတ် ပြောဆိုတတ်
မသိလို့မေးပါရစေနော် သူများအတင်း ပြောတဲ့လူတွေက သူတို့ပါးစပ်မှာ remote တပ်ထားတာလား သူတို့မကောင်းကြောင်းဆို ကျော်ဖြတ် ပြောဆိုတတ်ပြီး သူများမကောင်းကြောင်းဆို အဖန်တစ်ရာမက ဖော်ပြပြောဆိုလေ့ရှိကြတယ်။ M T story

ကိုယ်ချင်းစာတရားဆိုတာ ထွေထွေထူးထူး မဟုတ်ပါဘူး ငါပြောသလို သူပြောလာရင် ခံနိုင်ပါ့မလား ငါပြုမူသလို သူပြုမူလာရင် လက်ခံနိုင်ပါ့မလာ
ကိုယ်ချင်းစာတရားဆိုတာ ထွေထွေထူးထူး မဟုတ်ပါဘူး ငါပြောသလို သူပြောလာရင် ခံနိုင်ပါ့မလား ငါပြုမူသလို သူပြုမူလာရင် လက်ခံနိုင်ပါ့မလား ဒီလောက်ပါပဲ။

ကိုယ့်ဘက်က အလိုက်သိထားပေးရင် တစ်ဖက်က အလိုက်သိလာတာမျိုး ကျွန်မ မျှော်လင့်မိပါတယ် ။ အဲဒီတော့ အယူချည်းပဲ သိတဲ့သူမျိုးဆို ကျွန်မက
ကိုယ့်ဘက်က အလိုက်သိထားပေးရင် တစ်ဖက်က အလိုက်သိလာတာမျိုး ကျွန်မ မျှော်လင့်မိပါတယ် ။ အဲဒီတော့ အယူချည်းပဲ သိတဲ့သူမျိုးဆို ကျွန်မက ရှောင်လိုက်ပါတယ် ။ အတ္တ မဟုတ်တဲ့ သိတတ်မှုမျိုးကိုတော့ ကျွန်မ လိုချင်ပါတယ်။ လိုအပ်ပါတယ် ။ သူ့ဘက်က နားလည်ပေးထားတာမို့ ကိုယ်ကလည်း ဆင်ခြင်လိုက်မယ်ဆိုတဲ့ အသိစိတ်မျိုး ကျွန်မ မျှော်လင့်တတ်တာမို့ အပြန်အလှန် မရှိတဲ့ ဆက်ဆံရေးဆို ဘယ်သူနဲ့မှ လက်မတွဲချင်ပါဘူး အဲဒီအတွက် တချို့လူတွေကို ဘဝတစ်ခုလုံးစာ Black list စာရင်း သွင်းထားခဲ့ပါတယ် ။ #သက်ထားခင်THK #ဘဝထဲကရှောင်ရမယ့်သူ

အားမငယ်လိုက်ပါနဲ့___ ရိုးသားမူရှိတဲ့သူက ပိုပြီးအတတ်နှင်းခံရတတ်တယ် နားလည်မူပေးတဲ့သူက ပိုပြီး လိမ်လှည့်ဖျားမူတွေခံရတတ်တယ် မိသား
အားမငယ်လိုက်ပါနဲ့___ ရိုးသားမူရှိတဲ့သူက ပိုပြီးအတတ်နှင်းခံရတတ်တယ် နားလည်မူပေးတဲ့သူက ပိုပြီး လိမ်လှည့်ဖျားမူတွေခံရတတ်တယ် မိသားစုမှာ သိတတ်တဲ့သူတွေက ပိုပြီးပင်ပန်းခံရတတ်တယ် သူငယ်ချင်းအပေါင်းအသင်းကြားမှာ အလိုက်သိတဲ့သူတွေက ပိုပြီး အနစ်နာခံရတတ်တယ် ဖြူဖြူစင်စင်နဲ့ ကြိုးစားတဲ့သူက ပိုပြီးခက်ခဲနေတတ်တယ် လက်တွေ့နစ်နာ ခံဖူးတဲ့သူတွေက ဒီခံစားချက်ကို ကောင်းကောင်းသိပေမယ့် သာမာန်လူတွေက နားမလည်နိုင်ကြဘူး ရှေ့ဆက်ပြီးတော့လည်း ရှိနေအုံးမှာဘဲ မရိုးသားတဲ့လူက မရိုးမသား လုပ်နေအုံးမှာပဲ ရိုးသားတဲ့သူက ဘယ်နေရာရောက်ရောက် ရိုးသားနေကြအုံးမှာပဲ ချစ်တတ်တဲ့သူက ချစ်နေအုံးမှာပဲ မုန်းတတ်တဲသူလည်း မုန်းနေအုံးမှာပဲ မကြိုးစားတတ်သူက အပြစ်တွေမြင်နေအုံးမှာပဲ ကြိုးစားတတ်တဲ့သူက နစ်နာပင်ပန်းပါစေ ကြိုးစားသွားအုံးမှာပဲ သူကဒီလို ငါကဒီလိုဆိုတာတွေကို အချိန်ကုန်ခံပြောနေစရာ မလိုပါဘူး။ သူလျှောက်တဲ့လမ်း သူရောက် ကိုယ်လျှောက်တဲ့လမ်း ကိုယ်ရောက်နေစမြဲ။ သူငယ်ချင်းရေ ဘဝမှာ ပိုနာကျင်ခံရတဲ့အခါ ပိုနစ်နာခံရတဲ့အခါ ပိုပင်ပန်းခံရတဲ့အခါမှာ အားမငယ်လိုက်ပါနဲ့ မင်းဟာ သူများထက် ပိုတော် ပိုအရည်အချင်းရှိနေလို့ပါပဲ။ #မေတ္တာများစွာဖြင့်

လူတယောက်ကို မမြင်ချင် Blockရတာ တအားလွယ်ပါတယ်..... ကိုယ့်ဘက်ကတစုံတယောက်ကို Blockလိုက်တဲ့အခါ blockဆိုတဲ့ စာလုံးလေးနှိပ်ရုံနဲ့ အ
လူတယောက်ကို မမြင်ချင် Blockရတာ တအားလွယ်ပါတယ်..... ကိုယ့်ဘက်ကတစုံတယောက်ကို Blockလိုက်တဲ့အခါ blockဆိုတဲ့ စာလုံးလေးနှိပ်ရုံနဲ့ အဲ့လူနဲ့ပတ်သက်ဖူးတဲ့ အတိတ်တွေ..... အတွေးတွေ အမှားအမှန်အားလုံးကတော့ လွယ်လွယ်နဲ့မပျောက်ကွယ်သွားနိုင်ဘူး...... လူတယောက်ကို blockတယ်ဆိုတာ..... ဘဝထဲကရော ရင်ထဲကရော.... စိတ်ကူးထဲကရော အတွေးထဲကရော ရှိရှိသမျှအရာတွေကနေ blockနိုင်မှ အဲ့လူက တကယ်ခင်ဗျားဘဝထဲ ပျောက်ကွယ်တာ... ကျွန်မက လူတယောက်ကို လွယ်လွယ်နဲ့လဲ မblockတတ်သလို ကျွန်မဘက်က blockပြီဆိုရင်လဲ အဲလူက ကျွန်မဘဝထဲ ဘယ်သောအခါမှ မရှင်သန်တော့ဘူး....... မှန်ကန်တဲ့သူဆိုတာ....ဘယ်အချိန်မဆို.... လိုင်းမှာဖြစ်စေ...အပြင်လကိတွေ့ဘဝထဲဖြစ်စေ အမှတ်တမဲ့ကြုံဆုံခဲ့ရင်တောင်..... ကျွန်မတို့တွေကဘယ်သောအခါမှ ခေါင်းငုံ့ပြီးမဝံမရဲဖြစ်နေစရာမလိုပါဘူး..... အမြဲမှန်သောစကားမှန်ကန်တဲ့ မေတ္တာတရားသာရှိခဲ့ပါစေ..... အချိန်တိုင်းကိုယ်လိပ်ပြာကိုယ်လုံခဲ့သည်သာမို့

အဲ့ဒီတော့ ကိုယ့်ကိုကိုယ်သာ အာရုံစိုက်ပါ အဲ့ဒါဆို အာရုံနောက်သက်သာသလို ကိုယ်လဲ ပိုတိုးတက်လာလိမ့်မယ် ပစ္စုပ္ပန်အတွက် နေရာတစ်ခုနဲ
အဲ့ဒီတော့ ကိုယ့်ကိုကိုယ်သာ အာရုံစိုက်ပါ အဲ့ဒါဆို အာရုံနောက်သက်သာသလို ကိုယ်လဲ ပိုတိုးတက်လာလိမ့်မယ် ပစ္စုပ္ပန်အတွက် နေရာတစ်ခုနဲ့ သံသရာအတွက် နေရာတစ်ခုရချင်တယ်ဆိုရင်တော့ ဘယ်သူ့အကြောင်းမှ မသိချင်နဲ့ ဘယ်သူ့ကိစ္စမှ ဝင်မစွက်နဲ့ ဆရာကြီးသွားမလုပ်နဲ့ ကိုယ့်အကြောင်း ကိုယ် သိအောင်လုပ် ကိုယ့်ကိုကိုယ် ကောင်းအောင်းနေ ကိုယ့်ဘဝကိုယ် တိုးတက်ကြောင်းရှာ ကိုယ့်စိတ်ကို မြင်အောင်ကြည့်ပြီး ကိုယ့်စိတ်ကို ပြင်တတ်ဖို့လိုပါတယ် ဘာပဲလုပ်လုပ် ဘယ်နေရာပဲရောက်ရောက် နေရာကောင်းလေးတစ်ခုရချင်တယ်ဆိုရင်တော့ စိတ်ထားကောင်းလေး လက်သပ်မွေးထားပါ။ သူများကြိုးစားတဲ့အချိန် ကိုယ်က အိပ်နေပြီး သူများအောင်မြင်သွားမှ ဘာညာ ထမလုပ်ပါနဲ့ ကြိုးစားမှုတိုင်းမှာ ရလာဒ်ဆိုတာရှိစမြဲပါ ပေးဆပ်မှုမပါဘဲနဲ့ ဘာတစ်ခုမှ ဖြစ်မလာဘူးဆိုတာတော့ သေချာပါတယ် လောကကြီးမှာ ပေါပေါပဲပဲ အလကားရတာဆိုလို့ အကုသိုလ် တစ်ခုပဲရှိပါတယ်လေ။ အဲ့တော့ ဆရာနိုင်းနိုင်း ပြောသလိုပါပဲ "တောင်ခါးပန်းမှာ လူတွေပြည့်နေတယ် တောင်ထိပ်ကို တက်ပါ အဲ့ဒီမှာ လူရှင်းတယ်တဲ့" နော်လို့ ♥️

ဘဝမှာ ဘယ်သူ့ကိုမှမမုန်းဘူး ဒါပေမယ့် ငါ့စိတ်ကို ပူလောင်စေတဲ့လူတွေကိုတော့ တတ်နိုင်သမျှ ရှောင်ပါတယ်။ ငါက ကမ္ဘာကြီးကို အကောင်းမြင
ဘဝမှာ ဘယ်သူ့ကိုမှမမုန်းဘူး ဒါပေမယ့် ငါ့စိတ်ကို ပူလောင်စေတဲ့လူတွေကိုတော့ တတ်နိုင်သမျှ ရှောင်ပါတယ်။ ငါက ကမ္ဘာကြီးကို အကောင်းမြင်စိတ်နဲ့ပဲ နေထိုင်တယ်။ ဘယ်သူမုန်းမုန်း ငါပြိုင်မမုန်းဘူး တိတ်ဆိတ်မှုကိုပဲ ငါရွေးချယ်လိုက်တယ်။ ကျရှုံးသည်ဖြစ်စေ ဝမ်းနည်းသည်ဖြစ်စေ အဆင်မပြေသည်ဖြစ်စေ ကံကြမ္မာကို ငါအပြစ်မတင်ဘူး ငါတစ်ယောက်တည်း ကံဆိုးတယ်ဆိုပြီး ငြီးတွားမနေတတ်ဘူး။ ငါ့လိုလူက အတိတ်ကိုလည်းပြန်လှည့်မကြည့်ဘူး အနာဂတ်ကိုလည်း ကြိုးတွေးပြီး ပူလောင်မနေဘူး လက်ရှိ ပစ္စုပ္ပန်မှာပဲ အကောင်းဆုံးနေထိုင်တယ်။ #ဖားစည်ရည်ကျော် ❤🌸

လူအတော်များများ တွေ့ဖူးတယ် တွေ့ကာစအချိန်နဲ့ ခင်မင်ရင်းနှီးပြီးနောက်ပိုင်း ပြောင်းလဲသွားတဲ့စိတ်ဓာတ်တွေက အရမ်းသိသာတယ် တစ်ချို့တ
လူအတော်များများ တွေ့ဖူးတယ် တွေ့ကာစအချိန်နဲ့ ခင်မင်ရင်းနှီးပြီးနောက်ပိုင်း ပြောင်းလဲသွားတဲ့စိတ်ဓာတ်တွေက အရမ်းသိသာတယ် တစ်ချို့တွေက အပြုံးတွေအောက်မှာ အမုန်းတွေကို ဖွက်ထားတတ်ကြပြီး သိပ်ဟန်ဆောင်ကောင်းကြတယ် တစ်ချို့တွေက မသိချင်သလိုနဲ့ ကိုယ့်အကြောင်းကို နားစွင့် နေကြတာမျိုး ကူညီသလိုနဲ့ ဒုက္ခတွေကိုပိုဝန်ပိစေခဲ့တာမျိုး စိတ်မကောင်းဟန်နဲ့ ကြိတ်ဝမ်းသာနေတတ်တာမျိုး တစ်ချို့တွေက ကော်ဖီနဲ့တူတယ် လိုတာထက်ပိုရောမိရင် ခါးလာပြီး လူကိုဒုက္ခရောက်စေတယ် တစ်ချို့တွေက ဆားနဲ့အလားသဏ္ဍာန်တူတယ် လိုတာထက်ပိုရောမိရင် ငန်ပြီး စားလို့မရတဲ့အဆုံး သွန်ပစ်လိုက်ရတာမျိုးပေါ့ ကိုယ်ကိုတိုင်လည်း အဲ့ဒီလိုလူတွေထဲ ကိုယ်မပါအောင် ဆင်ချင်လိုက်ရတဲ့ အခိုက်အတန့်တွေမှာ လူတွေကပေးတဲ့ သင်ခန်းစာတွေကြောင့် ပိုပြီးရင့်ကျက်လာခဲ့တယ်။ #မေဆု- ရာမညမြေ

#သင်ခန်းစာ ဒုက္ခပေးခဲ့တဲ့လူတွေကိုကျေးဇူးတင်ပါတယ် အချိန်တန် ကိုယ့်အနားရှိမယ့်သူကို ချပြပေးခဲ့လို့ပေါ့..... အခက်အခဲတွေဖြစ်အောင်
#သင်ခန်းစာ ဒုက္ခပေးခဲ့တဲ့လူတွေကိုကျေးဇူးတင်ပါတယ် အချိန်တန် ကိုယ့်အနားရှိမယ့်သူကို ချပြပေးခဲ့လို့ပေါ့..... အခက်အခဲတွေဖြစ်အောင် တွန်းပို့ခဲ့တဲ့လူတွေကို ကျေးဇူးတင်ပါတယ် အချိန်တန် ကိုယ့်ရဲ့စွမ်းရည်တိုးလာစေလို့ပေါ့...... ပြဿနာပေါင်းစုံရှာပေးခဲ့တဲ့လူတွေကိုလည်း ကျေးဇူးတင်ပါတယ် အချိန်တန် လူတွေရဲ့မျက်နှာဖုံးတွေကို သိသာစေခဲ့လို့ပေါ့...... မတူမတန်သလို ခွဲခြားဆက်ဆံခဲ့တဲ့ လူတွေကိုလည်း ကျေးဇူးတင်ပါတယ် သူတို့ဟာ အချိန်တန် ကိုယ့်အနားမရှိသင့်တဲ့လူတွေမှန်း သိစေခဲ့လို့ပေါ့... လိုတမျိုး မလိုတမျိုး ဆက်ဆံခဲ့တဲ့လူတွေကိုလည်း ကျေးဇူးတင်ပါတယ် အချိန်တန် ဘယ်သူတွေက ကိုယ့်ကိုအသုံးချမလဲဆိုတာ သိစေခဲ့လိုပေါ့......... လောကမှာ ကြုံရတဲ့လူတိုင်းဟာ ကျွန်မတို့ကို သင်ခန်းစာပေးရင်း အတုအစ စ်ခွဲ ခြား ပြသွားကြတာပါပဲ အစစ်အမှန်တွေကို လက်တွဲလို့ အတုအယောင်တွေကို စွန့်လွှတ်ကာ ဘဝကို အရှုံးမပေးတမ်း ဆက်လျှောက်ကြရမှာပါပဲ။ #ပန်းနုစံ(22.8.2020)

ရန်ဖြစ်ဖို့ မတန်တာတွေ..ရှ'င်းပြဖို့ မတန်တာတွေ… ပြုံးပြဖို့ မတန်တာတွေ.. ပေးဆ'ပ်ဖို့ မတန်တာတွေ… ခင်မင်ဖို့ မတန်တာတွေ.. ချစ်မြတ်နိုးဖို့ မတန်တာတွေ.မှာ.. သတိရဖို့ မတန်တာတွေပါ အများဆို အများကြီးရှိတယ်... တစ်ခါတစ်လေကျရင်တော့ ကိုယ့်အတွက်..တန် မတန် စဉ်းစားဖို့လိုပါတယ်.တဲ့ အခုနောက်ပိုင်း ကိုယ့်တွက်မတန်တဲ့အရာတွေအတွက် အဖက်လုပ်နေဖို့ရော.. အချိန်ပေးဖို့ နေရာပေးဖို့ ခံစားးနေဖို့ရော မတန်တာမို့ ကိုယ်ကတော့ မတန်တဲ့အရာတွေ တော်တော် များများကို ဥပေ'က္ခာပဲ ပြုထားလိုက်တော့တယ် ။ အဲ့ဒါကြောင့် တစ်ခါတစ်လေ ရ'န်လာလုပ်သူ တွေကို ဘဝမှာ.. ပြန်ရ'န်လုပ်ဖို့ မတန်တာမို့ ရှောင်ပ"စ်လိုက်တယ်။ ကိုယ့်အပေါ် မကောင်းတဲ့သူတွေအတွက် ခံစားးနေဖို့လည်း မတန်တာမို့ ဥပေ'က္ခာပြုတတ် လာတယ်။ မတန်ပါဘူး။တကယ်ကို မတန်တာပါ။ မတန်တာကိုမှ မာန်ကိုချ ဟန်ပြ ဆက်ဆံနေမည့်အစား နှလုံးသားမှာ အမု"န်းမပွားမှီ ဥပေ'က္ခာတရားဆီသို့ ဦးတည်ထားလိုက်ပါတော့တယ်..🤗🤍

" လောက " မှာ.. ကိုယ့်ကို စိတ်ညစ် အောင်လုပ်တာလည်း " ကိုယ်ပါပဲ " ကိုယ် ကို ပျော်ရွှင်အောင် လုပ်ပေး နိုင်တာလည်း " ကိုယ်ပါပဲ " ကိ
" လောက " မှာ.. ကိုယ့်ကို စိတ်ညစ် အောင်လုပ်တာလည်း " ကိုယ်ပါပဲ " ကိုယ် ကို ပျော်ရွှင်အောင် လုပ်ပေး နိုင်တာလည်း " ကိုယ်ပါပဲ " ကိုယ့် ကို အောင်မြင်အောင် လုပ်နေတာလည်း ကိုယ်ပါပဲ " ကိုယ့် ကို ကျရှုံးအောင် ပြန်လုပ်တာလည်း " ကိုယ်ပါပဲ " " အဓိက " က ကိုယ့်ရဲ့ " စိတ် " ပါပဲ စိတ် ဆိုတာ အရမ်းကြောက်ဖို့ကောင်းပါတယ်။ " စိတ် "ကောင်းထားတတ်ရင် တန်ဖိုးရှိတဲ့ " ဆေးတစ်ခွက် " ဖြစ်နိုင်ပြီး မကောင်းတဲ့ " စိတ် "တွေ ထားမယ်ဆိုရင်တော့ ကြောက်စရာကောင်းတဲ့ " ဘေး " အန္တရာယ် တစ်ခု ဖြစ်သွားနိုင်ပါတယ် ကဲ့ အဲတော့ အရေးအကြီး ဆုံးက မိမိကိုယ် မိမိ စိတ်ချမ်းသာအောင်ထားဖို့နဲ့ တန်ဖိုး ရှိအောင်နေထိုင်ဖို့ပဲ မဟုတ်လား ဥပမာ - ရေနွေးပူ တစ်ခွက်ကို သင် ကြာကြာ ကိုင်ထားကြည့်လိုက်ပါ သင်ကိုင်ထားသ၍ ကတော့ အဲ့ဒီ " အပူဒဏ် "ကို ကြိတ်မှိတ်ပြီး ခံစားနေရဦးမှာပဲ သင် လွှတ်ချ နိုင်လိုက်မှသာ သင်အပူဒဏ်နဲ့ ဝေးသွားပြီး အဆင်ပြေသွားမှာဖြစ်တယ် ဒီလိုပဲ သင့်မှာရှိတဲ့ စိတ်ညစ်စရာတွေကို သင်တွေး နေသ၍ စိတ်ညစ်စရာတွေဟာ ပိုကြီးထွားလာပြီး သင်ဆက်ပြီး စိတ်ဆင်းရဲနေရဦးမှာပါ ဒါတွေကို မတွေးတော့ပဲ ဖြေရှင်းဖို့နည်းလမ်းရှာမှ သာ အဆင်ပြေမှာပါ တစ်ချို့က အိမ်အတွက် စိတ်ညစ်ကြတယ် တစ်ချို့က ချစ်သူရည်းစားအတွက် / တစ်ချို့က အလုပ်အတွက် / ငွေကြေးပြသနာအတွက် အစရှိတယ် စိတ်ညစ်မှုမျိုးစုံပေါ့။ ဒါတွေကို ထိုင်ပြီးတော့ စိတ်ဆင်းရဲနေတာ ကိုယ့် ကို ကိုယ် " ပြစ်ဒ-ဏ် " ပေး အကျဉ်းချနေတာပါ " အဓိက " ဘာလုပ်ရမှာလည်း ဖြေရှင်းနိုင်မဲ့ နည်း လမ်းရှာဖို့ပါပဲ * အကျိုးရှိရင် အကြောင်းရှိသလို " အခက်အခဲ ရှိရင် ဖြေရှင်းလို့ရမဲ့ နည်းလမ်းဆိုတာ ရှိစမြဲပါ သင်တို့လွန်ခဲ့တဲ့ ၂/၃ နှစ်တုန်းကလည်း စိတ်ညစ် ဖူးမှာပါ ဒါတွေက ခုချိန်မှာ ရယ်စရာ တစ်ခုသာသာ ဖြစ် သွားတာပဲလေ အတွေ့အကြုံ နဲ့ သင်ခန်းစာ ဖြစ်သွားတာပဲလေ။ အပျော်တွေနဲ့ပဲ နေပါ / အပျော်တွေကို ဖန်တီးပါ / စိတ်ကို တတ်နိုင်သလောက် ပျော်အောင်ထားပါ။ " လောက " ကြီးက " စိန်ခေါ်မှု" တွေ အရမ်းများတယ် ဆုံးရှုံးမှုဒ-ဏ်တွေ / ဝမ်းနည်းကြေကွဲမှုဒဏ် တွေ ကို သင်မခံနိုင် ရင် " စိန်ခေါ်မှု့" တွေ များတဲ့ * လောက" ကြီးကို ဘယ်လို ဆက်ပြီး ရင်ဆိုင်မ လဲ ??? စဉ်းစားပါ " ကိုယ့် ကို ကိုယ် " T၊H၊A၊Yကြောင်းကြံတဲ့ နည်းနဲ့ ဖြေ ရှင်းမှာလား ?? ဒါဆို သင် " လုံလောက်တဲ့ " ရင့်ကျက်မှုမရှိသေး လို့ဆိုတာ မမေ့ပါနဲ့ " လုံလောက်တဲ့ " ရင့်ကျက်မှုရှိသူတိုင်းဟာ " ကိစ္စ တိုင်း ကို ထည့်တွက်မနေကြပါဘူး " ပူလောင်မှု" ကိုခံစားနေရတယ် ဆိုတာ "မေတ္တာ" စိတ်မရှိလို့ပါ ပြီးတော့ "အတ္တ" စိတ်ကြီးနေတာ မိမိ ကိုယ် မိမိ ချစ်တာ / မိမိ လောဘ ကို မိမိ မြှောက်ပေးနေတာ / မိမိ မာန ကို "ရှေ့တန်း တင်ပေးနေတာ ဒီတော့ ဒါတွေမဖြစ်အောင် / သင်စိတ်ညစ်စရာ တွေနဲ့ ဝေးသွားအောင် ဒီလိုစိတ်ထားကြည့်ပါ { ၁ )ခွင့်လွှတ်နားလည်ပေးကြည့်ပါ ( ၂ )ကိုယ်ချင်းစာစိတ်နဲ့ကြည့်ပါ (၃ )အကောင်းမြင်စိတ်လေးနဲ့ ကြည့်ပါ အရင်ဆုံး ငြိမ်းချမ်းသွားမှာက သင်ပါ လူတစ်ယောက်ရဲ့ " အမှား "ကို မေ့ပစ်ခြင်းဟာလည်း အကောင်းဆုံး "ဂလဲ့စား ချေခြင်းတစ်မျိုးပါပဲ " ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာ " တဲ့ မိုးလည်း ( ၁၂ ) ရာသီ လုံးလိုက်မရွာ နိုင်ပါဘူး ( သူလည်းအားချင်မှအားမှာလေ ) smile emoticon * မုန်တိုင်း " ပြီးရင်တော့ " လေပြေ " ရောက်လာစမြဲပါ * အကောင်းဆုံး "တွေ လာဖို့ အဆိုးတွေ အရင် လာလည်တာပါ " နေရိပ် " ကို လိုချင်လို့နေပူထဲ ရပ်စောင့်နေရပါ လားလို့အကောင်းမြင်စိတ်လေးနဲ့တွေးကြည့်ပါ ငါ " ပေ " ဖြစ်နေလို့ခံနေရတာ " တူ "ဖြစ်အောင် ကြိုးစားမယ် ဆိုတဲ့ စိတ်ဓါတ် မွေးကြည့်ပါ.. လူ့ဘဝ ဆိုတာ တစ်ကယ်တော့ " ခဏတာ " လေး ပါ အဲ့ထဲမှာ သင်က ထမင်းစားဖို့အသက်ရှင်နေတာလား ? အသက်ရှင်ဖို့ ထမင်းစားနေတာလား ? ဆိုတာ အရင်တွေးပါ. "ကာဗွန် " ခြင်း တူရင်တောင် မီးသွေး အဖြစ်မခံပါနဲ့ တန်ဖိုးရှိတဲ့ " စိန် " ပဲ ဖြစ်အောင်ပဲကြိုးစားပါ သင်အလုပ်တွေ လုပ်နေရင်းနဲ့ ပညာတွေဆက်ရှာ ပါ / အမြဲမပြတ် လေ့လာပါ / သင်ယူပါ / ပြီးတော့ လူသားတွေ ကို အကျိုးပြု နိုင်တဲ့ " ပရဟိတ " တွေများများလုပ်ပါ များများလှူပါ / ကူညီပါ / ဖေးမပါ / စိတ်ကောင်း ထားပါ / "ရိုးသားစွာ" ကြိုးစားပါ ကဲ့ ဒါဆို သင့် ဘဝတစ်ခုလုံးအတွက် "တန်ဖိုး" ရှိ စွာနေထိုင်နိုင်တဲ့ " လူ " တစ်ယောက်ဖြစ်သွားနိုင်ပါတယ်။ #crd_to_owner_with_respectcrd

ပြောင်းလဲသွားတယ်နော်တဲ့ ---------------------------------- မတည်မြဲတဲ့အကြောင်းကို တွေးရင်းနဲ့ တိမ်တွေကို ငေးကြည့်ဖြစ်တယ် ဖြစ်ပ
ပြောင်းလဲသွားတယ်နော်တဲ့ ---------------------------------- မတည်မြဲတဲ့အကြောင်းကို တွေးရင်းနဲ့ တိမ်တွေကို ငေးကြည့်ဖြစ်တယ် ဖြစ်ပြီးရင် ပျက်သွားတဲ့ အရာထဲ ဒဏ်ရာတွေ ဘာလို့ ပါမသွားတာလဲ ရင်နာစရာကောင်းပါတယ် တစ်ဖတ်သက်ချည်တဲ့ သံယောဇဉ်တွေထဲမှာ သေစေလောက်တဲ့ နာကျင်စရာတွေ ရှိမှန်း အစက ကြိုမသိခဲ့ဘူး တစ်ဖတ်လူ ဘယ်လို ထိခိုက်သွားမလဲလို့ ဖြည့်တွေးပေး မနေပဲနဲ့ ရက်စက်သွားတဲ့ ပြတ်သားမှုတွေကို အားကျမိတယ် သိလား ! စိတ်ကို စိတ်နဲ့ ပြန်ခေါ်တိုင်း အနာတရတွေပဲ ထွက်ကျလာတဲ့အနေအထားမှာ ကိုယ် သူတို့လို မပြတ်သားနိုင်ခဲ့ဘူး ပေါ့ပေါ့ပါးပါး ရှင်သန်ဖို့ နာကျင်စရာတွေ လွှတ်ချခဲ့ရမယ်ဆိုရင် မပျော်ရတဲ့ အပြုံးတွေက အစ မပိုင်ဆိုင်ရတဲ့ ချစ်ခြင်းမေတ္တ္တာတွေ အထိ ကိုယ် တစ်နေ့ လွှတ်ချထားခဲ့မှာပါ ဆုတောင်းတွေ မပြည့်ရင် နေပါစေ တစ်ပါးသူရဲ ဒုက္ခကိုတော့ အခွင့်အရေး မယူချင်းဘူးလေ ဒါကြောင့်ပဲ ထင်ပါရဲ့ ကျနော်ကမ္ဘာမှာ ကြွေတဲ့ ကြယ်တွေက သိပ် ကို လှ တာ မှတ်မိပါသေးတယ် လျှောက်တဲ့ လမ်းချင်းမတူတဲ့သူတွေက ဘဝအနေအထားချင ကွာတဲ့သူတွေက ကိုယ့်ဒုက္ခကို တကယ်မသိတဲ့သူတွေက ကိုယ်ခံစားဘူးသလို မခံစားဘူးတဲ့သူတွေက ကိုယ့်ဒဏ်ရာရဲ့အတိမ်အနက်ကို သေသေချာချာ မသိတဲ့ သူတွေက နင် ပြောင်းလဲသွားတယ်နော် တဲ့ နင် သိပ် တစ်ကိုယ်ကောင်းဆန်တာပဲ တဲ့ နင် အရမ်း အခြေကြီးနေတယ် တဲ့ " မြေကြီးပေါ်မှာ ရပ်နေတာချင်းတူပေမယ့် ကိုယ် ဘယ်လောက် နာကျင်နေရမှန်း ဘဝကို ထမ်းပိုးထားတာချင် တူပေမယ့် ကိုယ်ဘယ်လောက် ပင်ပန်းနေခဲ့မှန်း ပြိုလဲဖူးတာချင်း တူပေမယ့် ကိုယ် ဘယ်လောက် အထိအရှ များခဲ့မှန်း သူတို့ တကယ် မသိကြပါဘူး ဆေးမကျွေးရင် နေပါ အနာတွေတော့ ထပ် မပေးပါနဲ့တော့ ကိုယ့်ဖြစ်တည်မှုလေးနဲ့ကိုယ် အမြဲ တိတ်ဆိတ်နေတယ်ဆိုရင်တောင်မှ ရှင်သန်ဖို့တော့ လုံလောက်တယ် မဟုတ်လား " ပြောင်းလဲသွားတယ်နော် တဲ့ မဟုတ်ဘူး" အမှန်က ကိုယ့်အရှိတရားလေးနဲ့ ကိုယ်နေရမယ်ဆိုတာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ရမယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားရမယ်ဆိုတာ ကိုယ့်ဒဏ်ရာ ကိုယ်ပဲ ဆေးထည့်ရမယ်ဆိုတာ ကိုယ့်ဘဝရဲ့ အဆိုး အကောင်းတွေဟာ ကိုယ့်မှာပဲ တာဝန်ရှိတယ် ဆိုတာ သူများပေးတဲ့ ပျော်ရွှင်မှုက ရေရှည် မခံဘူးဆိုတာ သံယောဇဉ်တွေက ပူလောင်ရတယ်ဆိုတာ မျော်လင့်ချက်တွေများရင် နာကျင်ရတယ်ဆိုတာ အများကြီး ချစ်တက်တဲ့သူတွေကပဲ အများကြီး ဆုံးရှုံးရတတ်တယ်ဆိုတာ ငွေမရှိရင် ဆွေမျိုးတွေတောင် သူစိမ်းလို ဆက်ဆံကြတယ်ဆိုတာ စိတ်ကူးယဉ် သက်သက်တွေက လက်တွေ့မှာ မပျော်ရဘူး ဆိုတာတွေကို နားလည် သဘောပေါက်သွားတာပါ။ #အရှင်ဇဝနသူ့စိတ်ကြိုက်စာပေများ

မေတ္တာနဲ့နှလုံးသွင်းပါ🌸 ကိုယ်နေထိုင်တဲ့လောကကို သောကတွေနဲ့ သိုင်းခြုံထားရတာပင်ပန်းလွန်းပါတယ် ဆန်းဆန်းပြားပြားတွေ ခေတ်စားလာတဲ့
မေတ္တာနဲ့နှလုံးသွင်းပါ🌸 ကိုယ်နေထိုင်တဲ့လောကကို သောကတွေနဲ့ သိုင်းခြုံထားရတာပင်ပန်းလွန်းပါတယ် ဆန်းဆန်းပြားပြားတွေ ခေတ်စားလာတဲ့အညီ ခမ်းခမ်းနားနားတွေ မျက်စိကျလာတဲ့အညီ သောကတွေ ပိုရောက်ရတယ် ။ အလိုမပြည့်လို့ စိတ်ညစ်ရတာကတစ်မျိုး နောက်ကျောဓားနဲ့ထိုးလို့ နာကျင်ရတာကတစ်မျိုး စီးပွားရေးက တစ်မျိုး လူမှုရေးက တစ်မျိုး အချစ်ရေးက တစ်မျိုး နိုင်ငံရေးက တစ်မျိုးနဲ့ ဒဏ်ချက်တွေအောက်မှာ သောကတွေနဲ့စီးချင်းထိုးခဲ့ရတယ် သူနိုင် ကိုယ်နိုင် အပြိုင်ချပေမယ့် ပြိုင်ပွဲတိုင်း သောကကတော့ ဗိုလ်စွဲလေ့ရှိတယ် နိုင်တဲ့အလျောက်----- လူတွေဟာ မငိုချင်ပေမယ့်လည်း မျက်ရည်ချောင်းစီးခဲ့ရတယ် မပျော်ဘဲနဲ့လည်း အသက်ရှင်ခဲ့ရတယ် စိုးရိမ်မှုတွေကြောင့် ဒုက္ခရောက်ခဲ့ရတယ် ဝေဒနာတွေကြောင့် ပူဆွေးခဲ့ရတယ် ဒီသောကတွေသာမရှိရင် နှလုံးသားတွေအေးချမ်းမယ် ရင်ဘက်တွေလွတ်လပ်မယ် မေတ္တာတရားတွေ ကြီးထွားမယ် ကမ္ဘာကြီးလည်းငြိမ်းချမ်းမယ် သို့သော်လည်း လူရယ်လို့ ဖြစ်လာရင် အပူကင်းတဲ့သူတော့ မရှိပါဘူး လူတိုင်းမှာ ပရိဒေဝတွေပြည့်နှက်နေတယ် စိတ်ကို ငြိမ်းအေးအောင်နေသူနဲ့ မလွှတ်ဘဲ ဆုပ်ကိုင်ထားတဲ့သူ နှစ်မျိုးပဲရှိတယ် ဆင်းရဲအောင်နေသူနဲ့ ချမ်းသာအောင်နေတဲ့သူပါ ငြိမ်းအေးအောင် နေနိုင်သူက သက်သာမယ် ဆုပ်ကိုင်ထားတဲ့သူကတော့ပူမှန်းသိရက်နဲ့ မလွှတ်ချနိုင်တော့ ဒဏ်ရာတွေ အဆိပ်တက်မယ် နေဖို့က မသေချာပေမယ့် သေဖို့က သေချာတယ် နေမဝင်ခင်လေးမှာ အပူတွေဖြည်းဖြည်းချင်းလျှော့ချပြီး အသက်ဆက်လိုက်ပါ သောကကြောင့် ပြာမကျအောင် မေတ္တာနဲ့နှလုံးသွင်းပါ သည်းခံပါ ခြုံချင်းခြုံ မေတ္တာနဲ့လွှမ်းခြုံကြပါ သောကနဲ့ သိုင်းခြုံရတာ တကယ် ပင်ပန်းလွန်းပါတယ်။ ပန်းမြတ်ခြယ်(တမာတန်း)

ဘယ်ဘဝကပဲလာလာ လောကထဲဝင်လာရတဲ့အခါ အဖော်မပါဘူး ကိုယ်တစ်ယောက်တည်းပဲ ဘယ်သူတွေ ကိုယ်အနားမှာပဲရှိရှိ ဝေဒနာတွေခံစားရတဲ့အခါ ကိုယ့်အစား
ဘယ်ဘဝကပဲလာလာ လောကထဲဝင်လာရတဲ့အခါ အဖော်မပါဘူး ကိုယ်တစ်ယောက်တည်းပဲ ဘယ်သူတွေ ကိုယ်အနားမှာပဲရှိရှိ ဝေဒနာတွေခံစားရတဲ့အခါ ကိုယ့်အစားကူပြီးခံစားပေးလို့မရဘူး ကိုယ်တစ်ယောက်တည်းပဲခံစားရတယ် ဘယ်သူတွေ ကိုယ့်အပေါ်ဘယ်လောက်ပဲကောင်းကောင်း အဆင်မပြေဖြစ်လာတဲ့အခါ ဒုက္ခမှန်သမျှကျော်ဖြတ်ရတဲ့အခါ ကိုယ်တစ်ယောက်တည်းပဲ ဘယ်သူတွေ ဘယ်လောက်ပဲနားလည်ပေးပေး စိတ်ဆင်းရဲမှု့တစ်ခုကြုံတွေ့ရတဲ့အခါ ခံစားသမျှနာကျင်ရတာ ကိုယ်တစ်ယောက်တည်းပဲ ဘယ်သူတွေ ဘယ်လောက်ပဲချစ်ချစ် ရေစက်ပါလို့ဆုံကြတာပဲရှိမယ် အချိန်တန်လို့ခွဲခွါတဲ့အခါကျန်ခဲ့ရတာ ကိုယ်တစ်ယောက်တည်းပါပဲ ဘယ်သူတွေနဲ့ပဲလျှောက်ခဲ့၊လျှောက်ခဲ့ လမ်းကြုံလို့ခရီးဆုံခဲ့တာပဲရှိမယ် ခရီးဆုံးတဲ့အခါကိုယ်တစ်ယောက်တည်းပဲ ဒါကြောင့် တစ်ခြားသူတွေကို အရမ်းကြီးမှီခိုဖို့လည်းမကြိုးစားပါနဲ့ ကိုယ့်စိတ်နဲ့အတူတူပဲဆိုပြီး အရမ်းကြီးလည်းမယုံလိုက်နဲ့ တစ်ယောက်တည်းဆိုပြီး အားငယ်စိတ်လည်းမဝင်လိုက်နဲ့ ချန်ထားခံခဲ့ရလို့လည်း ဝမ်းနည်းမနေနဲ့ အချိန်တန်ရင် ကိုယ်တစ်ယောက်တည်းပါပဲဆိုတဲ့ အမှန်တရားကိုလက်ခံနိုင်ဖို့ကြိုးစားပါ

အိုဇာတာ ကောင်းချင်ရင် မအိုခင်ကာလတွေမှာ မေတ္တာစိတ်အပြည့်နဲ့ သူများအပေါ် ပေးဆပ်ဖူးထားပြီး အမှတ်တရကောင်းတွေပေးထားခဲ့ဖူးမှ တစ်ဘက်
အိုဇာတာ ကောင်းချင်ရင် မအိုခင်ကာလတွေမှာ မေတ္တာစိတ်အပြည့်နဲ့ သူများအပေါ် ပေးဆပ်ဖူးထားပြီး အမှတ်တရကောင်းတွေပေးထားခဲ့ဖူးမှ တစ်ဘက်သားကလည်း ကိုယ့်အပေါ် ကျေးဇူးပြန်လည်သိတတ်ကြမှာပေါ့ ။ ဘာမှမလုပ်ပေးခဲ့ ဘာတစ်ခုမှ မကြည့်ပေးခဲ့ ဘာမေတ္တာမှ ဘာစောင့်ရှောက်မှုမှ မပေးခဲ့ဖူးဆိုရင် အို၊ နာပြီး မကျန်းမာတော့မှ ငါ့သား ငါ့သမီး ငါ့မိတ်ဆွေ ငါ့အမျိုးဆိုတာတွေနဲ့ ကိုင်ပေါက်လည်း မေတ္တာစိတ်နဲ့ ကိုယ့်ပေါ် ပြန်ကြည့်ဖို့က မဖြစ်နိုင်တော့ဘူးလေ။ မေတ္တာတွေ ဂရုစိုက်မှုတွေနဲ့ အပေးလေးတွေရှိခဲ့ဖူး လက်ကမ်းခဲ့ဖူးမှ တချိန်ကျရင် အလိုလျောက်စနစ်နဲ့ ကိုယ့်ရစရာရှိတာတွေ ပြန်ရကြတယ် ။

တိတ်တိတ်လေးကြည့်နေရမယ့် ကိစ္စတွေ အများကြီးပဲလေ ဆုတောင်းရန်မလို တုံ့ပြန်ရန်မလို သတိရစရာမလို အမှတ်ထားစရာမလိုဘဲကို ဖြစ်ချိန်တန်ရ
တိတ်တိတ်လေးကြည့်နေရမယ့် ကိစ္စတွေ အများကြီးပဲလေ ဆုတောင်းရန်မလို တုံ့ပြန်ရန်မလို သတိရစရာမလို အမှတ်ထားစရာမလိုဘဲကို ဖြစ်ချိန်တန်ရင် သူ့အကြောင်းတရားနဲ့သူ ပြန်ခံစားရစမြဲ ကံကြမ္မာဆရာကြီးတွေ သင်ခန်းစာပေးရင် မှတ်စရာတွေ ဆင်ခြင်စရာတွေချည်းပဲ စိတ်မထိန်းနိုင်ချိန်မှာသာ ငါ့ကိုထိရင် ပြန်နာစေချင်မိတာ စိတ်ထိမ်းနိုင်ချိန်မှာတော့ ကိုယ့်အလုပ်ကို ပြန်ဆက်လုပ်ရင်း ကိုယ့်ရှေ့ ပြန်လဲကျချိန်ကို ရောက်လာတာပေါ့ ပြန်ဆွဲထူဖို့ လက်လည်းကမ်းရင်းလေ....... မာရင်ရင်.....

လူတစ်ယောက် ပြောင်းလဲသွားရင်လေ အံ့လည်း မအံံ့သြပါနဲ့! ဝမ်းလည်း မနည်းပါနဲ့ ! စိတ်လည်းမနာပါနဲ့ ! အပြစ်လည်းမတင်ပါနဲ့ ! အရာရာဟာ စက္
လူတစ်ယောက် ပြောင်းလဲသွားရင်လေ အံ့လည်း မအံံ့သြပါနဲ့! ဝမ်းလည်း မနည်းပါနဲ့ ! စိတ်လည်းမနာပါနဲ့ ! အပြစ်လည်းမတင်ပါနဲ့ ! အရာရာဟာ စက္ကန့်နဲ့အမျှပြောင်းလဲနေတယ် ပြောင်းလဲနေတဲ့ သဘောကို သိလည်း သိတယ် နားလည်း နားလည်တယ်။ ပြောင်းလဲသွားတဲ့သူရဲ့ အပြစ်မဟုတ်ဘဲ ပြောင်းလဲခြင်းသဘောကို သိပြီး မပြောင်းလဲတတ်တဲ့ သင်ကသာ အပြစ်ရှိတာပါ။ ဘဝမှာ တန်ဖိုးထားရမဲ့သူ တချို့ရှိတယ် မေ့ပစ်ရမဲ့သူ တချို့ရှိတယ်။ တန်ဖိုးထားရမဲ့သူကို မေ့နေပြီး မေ့ပစ်ရမဲ့သူအတွက် တန်ဖိုးရှိတဲ့ ကိုယ်ရဲ့ အချိန်တွေ အကုန်မခံပါနဲ့။ တစ်သက်လုံး အထီးကျန်ခြင်းက သင့်ကိုဒဏ်ခတ်သွားလိမ့်မယ်။ တစ်ချို့လူတွေက သင်ချစ်တာကိုခံချင်ကြတယ် သူတို့ကိုယ်တိုင်က တစ်ခြားတစ်ယောက်ကို ချစ်နေကြတယ်။ တစ်ချို့လူတွေက သင့်ဆီက ဂရုစိုက်မှု့တွေလိုချင်ကြတယ် သူတို့ကိုယ်တိုင်က သင့်ကိုဂရုမစိုက်ချင်ကြဘူး။ တစ်ချို့လူတွေက သင့်ဆီက ယုယမှု့တွေတောင့်တကြတယ် သူတို့ကိုယ်တိုင်က ယုယတတ်ဖို့ စိတ်မပါဘူး။ တစ်ချို့လူတွေက သင့်ဆီကအပြုံးကိုလိုချင်ကြတယ် သူတို့ကတော့ ပြုံးပြဖို့ ဝန်လေးတတ်ကြသူတွေ။ တစ်ချို့လူတွေက သူတို့ပြောတာကိုပဲနားထောင်စေချင်တယ် သင်ပြောတာကိုတော့.... အကုန်ပယ်ချတယ်။ တစ်ချို့လူတွေက သင့်ဆီက အလိုက်သိမှုတွေကို လိုချင်ကြတယ် သူတို့ကိုယ်တိုင်ကတော့ မသိသလိုနေတတ်တယ်။ စိတ်ချမ်းသာချင်တယ် ဆိုရင်တော့ ဆုံးဖြတ်ချက်တွေ ပြတ်သားရပါလိမ့်မယ်။ ခွင့်လွှတ်ခြင်းနဲ့ စွန့်လွှတ်ခြင်း ဆိုတာက လူတိုင်း မဖြစ်မနေ ကြုံတွေ့ရမယ့်အရာပါ လူတိုင်းမှာ ချို့ယွင်းချက်ဆိုတာ ရှိပြီသားမို့ ခွင့်လွှတ်နားလည်ပေးနိုင်ပါစေ။ အဆုံးရှုံးမခံနိုင်ရင် ခွင့်လွှတ်နားလည်ပေးနိုင်အောင် ကြိုးစားပါ သံသယတွေနဲ့တော့မဆက်ပါနဲ့ ပိုပြီး နာကျင်ရလိမ့်မယ်။ ခွင့်လွှတ်နားလည်ပေးနိုင်စွမ်း မရှိတော့ဘူးဆိုရင်တော့ စွန့်လွှတ် နိုင်အောင် ကြိုးစားပါ ဆုပ်ကိုင်ထားနေသမျှ ခံစားရလိမ့်မယ်။ ကိုယ့်ဆီမှာ မနေချင်တော့တဲ့သူတစ်ယောက်ကို ဘယ်တော့မှ တားဆီး ချုပ်ကိုင်လို့မရနိုင်သလို ကိုယ့်စေတနာကို နားမလည်တဲ့သူဟာလည်း ဘယ်တော့မှ နားလည်လာမှာ မဟုတ်ပါဘူး။ ပေါင်းသင်းဆက်ဆံရေးဆိုတာ ခွင့်လွှတ်နားလည်ပေးနိုင်စွမ်းရှိမှ ခိုင်မြဲနိုင်တာပါ။

၀မ်းမြောက်တတ်တဲ့အကျင့်ကို အမြဲလေးကျင့်ပေးထားပါ ဒုက္ခရောက်နေတဲ့သူကို သနားစိတ်ဖြစ်တာလွယ်သလောက် အောင်မြင်ကြီးပွားတဲ့သူရဲ့အပေါ်ကိ
၀မ်းမြောက်တတ်တဲ့အကျင့်ကို အမြဲလေးကျင့်ပေးထားပါ ဒုက္ခရောက်နေတဲ့သူကို သနားစိတ်ဖြစ်တာလွယ်သလောက် အောင်မြင်ကြီးပွားတဲ့သူရဲ့အပေါ်ကို မုဒိတာပွားဖို့ ခက်ပါတယ် ကံမတူလို့ ဘ၀မတူတာဟာ ဘာမှ ပြိုင်မနာလိုစရာမရှိပါဘူး သူရလို့ ကိုယ်မပျော်တဲ့စိတ်ဟာ အင်မတန် အောက်တန်းကျပါတယ် သူများကို မတရားကြံစည်မှုဟာ ကိုယ့်ဘ၀ကို ပြန်လောင်တတ်ပါတယ် ကိုယ်မရလိုက်လို့ ကိုယ့်မှာမရှိလို့ ဘာမှ ဖြစ်မသွားနိုင်ပါဘူး မနေတတ်မထိုင်တတ်ဖြစ်နေတာက ကိုယ့်စိတ်ဟာ တရားမဲ့နေခြင်းပါပဲ ကိုယ့်စိတ်ကပဲ ကိုယ့်ဘ၀ကို ကယ်တင် မြင့်တင်ပေးနိုင်သလို ကိုယ့်စိတ်ကပဲ ကိုယ့်ဘ၀ကို တန်ဖိုးတွေနိမ့်ကျသွားစေနိုင်ပါတယ် ဒါကြောင့် ကြွားခံရလို့ပဲဖြစ်‌စေ သူ့အရည်ချင်းကြောင့်‌ အောင်မြင်တိုးတက်တာပဲဖြစ်ပါစေ ကိုယ်ကမုဒိတာတံဆိပ်ခပ်နိုင်အောင် ကြိုးစားပြီး‌ နေထိုင်မယ်ဆိုရင် ကိုယ့်ဘ၀လည်းတူသောအကျိုးကို မကြာခင်မှာ ရလာနိုင်ပါတယ် ။ 🙏 သာရ ဂ ဝေ သီ 🙏 🙏🙏🙏🙏🙏🙏🙏🙏🙏 #

#အမုန်းဖြင့်ဓာတ်မြေဩဇာပြုပါ ဘ၀မှာ ကိုယ့်ကိုမုန်းသူ တစ်ယောက်မှမရှိအောင် ဘယ်လိုမှနေထိုင်လို့ မရပါဘူး။ ဘာလို့ဆိုတော့ ကိုယ့်ဘာသာ
#အမုန်းဖြင့်ဓာတ်မြေဩဇာပြုပါ ဘ၀မှာ ကိုယ့်ကိုမုန်းသူ တစ်ယောက်မှမရှိအောင် ဘယ်လိုမှနေထိုင်လို့ မရပါဘူး။ ဘာလို့ဆိုတော့ ကိုယ့်ဘာသာ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး အောင်မြင်နေတာဟာလည်း မရှုစိမ့်သူတွေအတွက်တော့ မုန်းစရာ ! ကိုယ့်ဘာသာ ပျော်ရွှင်နေတာဟာလည်း မရှုစိမ့်သူတွေအတွက်တော့ မုန်းစရာ ! ကိုယ့်ကို ချစ်တဲ့သူတွေ များနေရင်လည်း မရှုစိမ့်နိုင်သူအတွက်တော့ မုန်းစရာ ! ကိုယ်က မှန်ကန်နေလည်း မှားနေသူအတွက်တော့ မုန်းစရာ ! အယူအဆ မတူမျှခဲ့ရင်လည်း ဆန့်ကျင်ဘက်လူအတွက်တော့ မုန်းစရာ ! မြတ်စွာဘုရားတောင်မှ ဒေဝဒတ်အတွက်တော့ မုန်းစရာဖြစ်ရတာပဲ မဟုတ်လား။ သူတစ်ပါးအမုန်းကြောင့် ကိုယ်သေဆုံးမသွားဖို့သာ လိုပါတယ်။ သူတစ်ပါးအမုန်းဟာ ကိုယ့်အတွက် အညစ်အကြေးတစ်ခု ဖြစ်ခဲ့ရင်တောင်မှ အဲဒီအညစ်အကြေးကို ဓာတ်မြေသြဇာ လုပ်ပြီး ကိုယ့်အပင်ပိုရှင်သန်ဖို့ အကျိုးရှိအောင် အသုံးချတတ်ရမှာပေါ့။

၀မ်းမြောက်တတ်တဲ့အကျင့်ကို အမြဲလေးကျင့်ပေးထားပါ ဒုက္ခရောက်နေတဲ့သူကို သနားစိတ်ဖြစ်တာလွယ်သလောက် အောင်မြင်ကြီးပွားတဲ့သူရဲ့အပေါ်ကိ
၀မ်းမြောက်တတ်တဲ့အကျင့်ကို အမြဲလေးကျင့်ပေးထားပါ ဒုက္ခရောက်နေတဲ့သူကို သနားစိတ်ဖြစ်တာလွယ်သလောက် အောင်မြင်ကြီးပွားတဲ့သူရဲ့အပေါ်ကို မုဒိတာပွားဖို့ ခက်ပါတယ် ကံမတူလို့ ဘ၀မတူတာဟာ ဘာမှ ပြိုင်မနာလိုစရာမရှိပါဘူး သူရလို့ ကိုယ်မပျော်တဲ့စိတ်ဟာ အင်မတန် အောက်တန်းကျပါတယ် သူများကို မတရားကြံစည်မှုဟာ ကိုယ့်ဘ၀ကို ပြန်လောင်တတ်ပါတယ် ကိုယ်မရလိုက်လို့ ကိုယ့်မှာမရှိလို့ ဘာမှ ဖြစ်မသွားနိုင်ပါဘူး မနေတတ်မထိုင်တတ်ဖြစ်နေတာက ကိုယ့်စိတ်ဟာ တရားမဲ့နေခြင်းပါပဲ ကိုယ့်စိတ်ကပဲ ကိုယ့်ဘ၀ကို ကယ်တင် မြင့်တင်ပေးနိုင်သလို ကိုယ့်စိတ်ကပဲ ကိုယ့်ဘ၀ကို တန်ဖိုးတွေနိမ့်ကျသွားစေနိုင်ပါတယ် ဒါကြောင့် ကြွားခံရလို့ပဲဖြစ်‌စေ သူ့အရည်ချင်းကြောင့်‌ အောင်မြင်တိုးတက်တာပဲဖြစ်ပါစေ ကိုယ်ကမုဒိတာတံဆိပ်ခပ်နိုင်အောင် ကြိုးစားပြီး‌ နေထိုင်မယ်ဆိုရင် ကိုယ့်ဘ၀လည်းတူသောအကျိုးကို မကြာခင်မှာ ရလာနိုင်ပါတယ် ။ 🙏 သာရ ဂ ဝေ သီ 🙏 🙏🙏🙏🙏🙏🙏🙏🙏🙏