NOM
Open in Telegram
201
Subscribers
No data24 hours
-17 days
-830 days
Posts Archive
201
Repost from News Of Myanmar
ဒေါ်နယ်ထရမ့်က သူ့ရဲ့ ထရု(ပ်) ဆိုရှယ်မီဒီယာမှာ ပုပ်ရဟန်းမင်းကြီးနဲ့ ပတ်သက်ပြီး အခုလို ပို့စ်ရေးတင်ခဲ့ပါတယ်။
"ပုပ်ရဟန်းမင်းကြီး လီယို (Pope Leo) ဟာ ရာဇဝတ်မှုနှိမ်နင်းရေးမှာ ပျော့ညံ့ပြီး နိုင်ငံခြားရေးမူဝါဒမှာလည်း အလွန်ညံ့ဖျင်းပါတယ်။
သူက ထရမ့်အစိုးရအပေါ် 'ကြောက်ရွံ့မှု' အကြောင်းတွေ ပြောနေပေမဲ့ ကိုဗစ်ကာလတုန်းက ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ အဖွဲ့အစည်းတွေ ကြုံခဲ့ရတဲ့ ကြောက်ရွံ့မှုတွေအကြောင်းတော့ သူ ထည့်မပြောပါဘူး။
အဲဒီတုန်းက အပြင်မှာ တစ်ဦးနဲ့တစ်ဦး ၁၀ ပေ၊ ပေ ၂၀ စီ ဝေးဝေးနေပြီး ဘုရားကျောင်းဝတ်ပြုပွဲ လုပ်တာကိုတောင် ဘုန်းတော်ကြီးတွေနဲ့ လူတိုင်းကို လိုက်ဖမ်းခဲ့ကြတာပါ။
ကျွန်တော်ကတော့ သူ့ညီ လူးဝစ် (Louis) ကို ပိုသဘောကျပါတယ်။ ဘာလို့လဲဆိုတော့ လူးဝစ်က MAGA (ထရမ့်၏ ဆောင်ပုဒ်) ကို အပြည့်အဝ ထောက်ခံသူ ဖြစ်လို့ပါ။ သူက အခြေအနေကို နားလည်တယ်၊ လီယိုကတော့ နားမလည်ဘူး။
အီရန်က နျူကလီးယားလက်နက် ပိုင်ဆိုင်တာကို လက်ခံပေးတဲ့ ပုပ်ရဟန်းမင်းကြီးမျိုးကို ကျွန်တော် အလိုမရှိပါဘူး။
အမေရိကန်ထဲကို မူးယစ်ဆေးဝါးတွေ အမြောက်အမြား ပို့နေတဲ့အပြင် သူတို့ထောင်ထဲက လူသတ်သမားတွေနဲ့ မူးယစ်ဆေးကုန်သည်တွေကို ကျွန်တော်တို့နိုင်ငံထဲ လွှတ်ပေးနေတဲ့ ဗင်နီဇွဲလားကို အမေရိကန်က တိုက်ခိုက်တာကို 'ဆိုးရွားတယ်' လို့ ထင်တဲ့ ပုပ်ရဟန်းမင်းကြီးမျိုးကိုလည်း ကျွန်တော် အလိုမရှိပါဘူး။
ပြီးတော့ အမေရိကန်သမ္မတကို ဝေဖန်တဲ့ ပုပ်ရဟန်းမင်းကြီးမျိုးကိုလည်း ကျွန်တော် အလိုမရှိဘူး။
ဘာလို့လဲဆိုတော့ ကျွန်တော်ဟာ မဲအပြတ်အသတ်နဲ့ ရွေးကောက်ခံရတဲ့အတိုင်း ရာဇဝတ်မှုနှုန်းကို အနိမ့်ဆုံးဖြစ်အောင် လျှော့ချနေပြီး သမိုင်းမှာ အကောင်းဆုံး စတော့ရှယ်ယာဈေးကွက်ကို ဖော်ဆောင်ပေးနေလို့ပါ။
တကယ်တော့ လီယိုဟာ ကျေးဇူးတင်သင့်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း သူ ပုပ်ရဟန်းမင်းကြီး ဖြစ်လာတာက အားလုံးကို အံ့အားသင့်စေခဲ့တာပါ။
သူဟာ ပုပ်ရဟန်းမင်းကြီးဖြစ်ဖို့ စာရင်းထဲမှာတောင် မပါခဲ့ပါဘူး။ သူက အမေရိကန်လူမျိုးဖြစ်နေလို့ ဒေါ်နယ်ထရမ့်နဲ့ ဆက်ဆံရေး အဆင်ပြေအောင် ဘုရားကျောင်းက သူ့ကို အဲဒီနေရာမှာ ထားခဲ့တာပါ။
ကျွန်တော်သာ အိမ်ဖြူတော်မှာ မရှိရင် လီယိုလည်း ဗာတီကန်မှာ ရှိနေမှာ မဟုတ်ပါဘူး။ ကံမကောင်းတာက လီယိုဟာ ရာဇဝတ်မှုနဲ့ နျူကလီးယားကိစ္စတွေမှာ ပျော့ညံ့လွန်းနေပြီး ဒေးဗစ် အက်ဆယ်ရော့ဒ် (David Axelrod) လိုမျိုး လက်ဝဲယိမ်း အိုဘားမား ထောက်ခံသူတွေနဲ့ တွေ့ဆုံနေတာကို ကျွန်တော် လက်မခံနိုင်ပါဘူး။
လီယိုအနေနဲ့ ပုပ်ရဟန်းမင်းကြီးတစ်ယောက်လို ပြုမူနေထိုင်သင့်ပြီး သာမန်အသိတရားကို သုံးကာ လက်ဝဲအစွန်းရောက်တွေရဲ့ အလိုကို လိုက်နေတာကို ရပ်တန့်သင့်ပါတယ်။
နိုင်ငံရေးသမား မလုပ်ဘဲ ပုပ်ရဟန်းမင်းကြီးကောင်းတစ်ယောက် ဖြစ်ဖို့သာ အာရုံစိုက်သင့်ပါတယ်။ အခုလို လုပ်ရပ်တွေက သူ့ကိုတင်မကဘဲ ကက်သလစ်ဘုရားကျောင်းတော်ကြီးကိုပါ အကြီးအကျယ် ထိခိုက်စေပါတယ်။"
NOM
201
Repost from News Of Myanmar
ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် အီရန်၏ တိုက်ခိုက်မှုကြောင့် ထိခိုက် ပျက်စီးသွားသော အမေရိကန် ဘိုအင်း KC-135R ဝေဟင်ဆီဖြည့်လေယာဉ်သည် ပြုပြင်ရန်အတွက် ယူကေသို့ ရောက်ရှိလာသည်။
လေယာဉ်၏ ကိုယ်ထည်အစိတ်အပိုင်း တော်တော်များများတွင် လက်နက်ပေါက်ကွဲစများ ထိမှန်ထားသည်များကို မြင်တွေ့ရသည်။
NOM
201
Repost from News Of Myanmar
အမေရိကန်ရဲ့ မူဝါဒချမှတ်ရေးအသိုင်းအဝိုင်းနဲ့ မီဒီယာတွေကတော့ အကယ်၍ အီရန်-အမေရိကန် ဆွေးနွေးပွဲတွေ ပျက်ပြားသွားခဲ့ရင် အီရန်ညှိနှိုင်းရေးမှူးတွေကို လုပ်ကြံသတ်ဖြတ်ဖို့ ပေါ်ပေါ်ထင်ထင် တိုက်တွန်း
ဝါရှင်တန်ပို့စ် (Washington Post) ရဲ့ သတင်းအပေါ် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေးလ် ဘာဂါယီ (Esmail Baghaei) ရဲ့ တုံ့ပြန်ပြောကြားချက်
"အမေရိကန်အရာရှိတွေက အီရန်ဟာ ရိုးသားမှုမရှိဘူး။ ခြိမ်းခြောက်ငွေညှစ်နေတယ်လို့ စွပ်စွဲနေကြတဲ့အချိန်မှာပဲ အမေရိကန်ရဲ့ မူဝါဒချမှတ်ရေးအသိုင်းအဝိုင်းနဲ့ မီဒီယာတွေကတော့ အကယ်၍ ဆွေးနွေးပွဲတွေ ပျက်ပြားသွားခဲ့ရင် အီရန်ညှိနှိုင်းရေးမှူးတွေကို လုပ်ကြံသတ်ဖြတ်ဖို့ ပေါ်ပေါ်ထင်ထင် တိုက်တွန်းနေကြပါတယ်။ 'နိုင်ငံတကာ အကြမ်းဖက်မှု' ကို အခုလို ဗြောင်ကျကျ လှုံ့ဆော်နေမှုတွေကို လူတိုင်းက ဝိုင်းဝန်းရှုတ်ချသင့်ပါတယ်။"
NOM
201
ပြင်သစ်နိုင်ငံအရှေ့ပိုင်းမှာ ၂၀၂၄ ကတည်းက ဖခင်က utility van ထဲမှာ ပိတ်ထားခဲ့တဲ့ အသက် ၉ နှစ်အရွယ် ယောကျ်ားလေးတဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ ဒေသခံရှေ့နေက ပြောဆိုခဲ့ပါတယ်။ ကလေးငယ်ကို ဆေးရုံတင်ထားပြီး ဖခင်ကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
ဆွစ်ဇာလန်နဲ့ ဂျာမနီ နယ်စပ်အနီးက Hagenback ရွာမှာ ဧပြီ ၆ ရက်နေ့က ဗင်ကားတစီးအတွင်းကနေ ကလေးတယောက်ရဲ့ အသံကို ကြားပြီးနောက် အိမ်နီးချင်းတဦးက ရဲကို အကြောင်းကြားခဲ့တာပါ။ ကားကို အတင်းဖွင့်ခဲ့ပြီးနောက် ကလေးငယ်ကို အဝတ်ဗလာနဲ့ တွေ့ရပြီး အာဟာရချို့တဲ့နေကာ ထိုင်နေရာကနေ လမ်းလျှောက်ဖို့ကို အတော်လေး အချိန်ယူခဲ့ရတယ်လို့လည်း ဆိုပါတယ်။
ကလေးကို စိတ်ရောဂါဆေးရုံဆီ ပို့ချင်တာကြောင့် ဖခင်က ကားထဲထည့်ခဲ့တာဖြစ်ပြီး အဓိကအကြောင်းရင်းကတော့ အိမ်ထောင်ဖက်နဲ့ ကလေးကြား အဆင်မပြေတာကြောင့် လုပ်ခဲ့တာလို့ ရှေ့နေက ပြောပါတယ်။ သူငယ်ချင်းနဲ့ ဆွေမျိုးတွေက ကလေးကို ဆေးရုံမှာ ရှိနေတယ်လို့သာ ထင်နေခဲ့ကြတယ်လို့ ဖွင့်ဟခဲ့ပါတယ်။
News Of Myanmar NOM
201
Repost from News Of Myanmar
🚨 အီရန်-အမေရိကန် ဆွေးနွေးပွဲ မအောင်မြင်
အီရန် တက်စ်နင်မ် သတင်းဌာန၏ အီရန်-အမေရိကန် ဆွေးနွေးပွဲနှင့် ပတ်သက်သည့် သတင်းဖော်ပြချက်
ဆွေးနွေးပွဲ အခြေအနေ
မိုဟာမက် ဘာကွာ ကာလီဘတ်ဖ် (Mohammad Baqer Qalibaf)၊ အက်ဘတ်စ် အရတ်ချီ (Abbas Araqchi) နှင့် အလီ ဘာဂီရီ (Ali Bagheri) တို့ ဦးဆောင်သည့် အီရန်ကိုယ်စားလှယ်အဖွဲ့သည် ကျွမ်းကျင်ပညာရှင်များနှင့်အတူ (၂၁) နာရီကြာ အမေရိကန်ကိုယ်စားလှယ်အဖွဲဲ့နှင့် ပြင်းထန်သော ဆွေးနွေးမှုများကို ပြုလုပ်ခဲ့သည်။
အီရန်၏ ရပ်တည်ချက်
နိုင်ငံရေး၊ စစ်ရေးနှင့် ငြိမ်းချမ်းစွာ အသုံးပြုမည့် နျူကလီးယား နယ်ပယ်များတွင် အီရန်နိုင်ငံ၏ အခြေခံရပိုင်ခွင့်များကို ခိုင်ခိုင်မာမာ ကာကွယ်ပြောဆိုခဲ့ကြသည်။
အမေရိကန်၏ အလွန်အကျွံ တောင်းဆိုမှုများကို ပယ်ချခြင်း
ဟော်မုဇ် ရေလက်ကြား အရေးနှင့် နျူကလီးယား ပစ္စည်းများကို ဖယ်ရှားပေးရန် စသည့် အမေရိကန်၏ အလွန်အကျွံ တောင်းဆိုမှုများကို အောင်မြင်စွာ တားဆီးနိုင်ခဲ့သည်။ ဤအချက်များသည် အမေရိကန်အနေဖြင့် စစ်မြေပြင်တွင်ပင် မအောင်မြင်နိုင်ခဲ့သည့် အချက်များ ဖြစ်သည်။
အီရန်ဘက်က ဘုံလုပ်ငန်းစဉ်တစ်ခုအတွက် အဆိုပြုချက်များ တင်ပြခဲ့သော်လည်း အမေရိကန်၏ "လောဘဇောတိုက်သည့် စိတ်နေစိတ်ထား" ကြောင့် ဆင်ခြင်တုံတရားနှင့် သဘောတူညီမှု ရရှိရေးကို အဟန့်အတား ဖြစ်စေခဲ့သည်။
NOM
201
Repost from News Of Myanmar
ဒီနေ့မှာပဲ အိုင်ယာလန်နိုင်ငံ ရှန်နွန် Shannon လေဆိပ်ရဲ့ လုံခြုံရေးစည်းကို ဆန္ဒပြသူတစ်ယောက်က ကျော်ဖြတ်ဝင်ရောက်ခဲ့ပြီး ရပ်နားထားတဲ့ အမေရိကန်လေတပ်ပိုင် C-130 Hercules ကုန်တင်လေယာဉ်ရဲ့ အတောင်ပံပေါ် တက်သွားခဲ့ပါတယ်။
အဲဒီနောက် လေယာဉ်ကိုယ်ထည်ကို ပုဆိန်လို့ယူဆရတဲ့ အရာတစ်ခုနဲ့ ထုရိုက်ဖျက်ဆီးခဲ့တာကြောင့် အဆိုပါလေယာဉ်ဟာ ဆက်လက်ပျံသန်းနိုင်ခြင်း မရှိတော့ဘဲ ရပ်နားလိုက်ရပါတယ်။
ဒီဖြစ်ရပ်ကြောင့် ရှန်နွန် လေဆိပ်ကို ခေတ္တပိတ်ထားခဲ့ရပြီး အဆိုပါအမျိုးသားကိုတော့ အိုင်ယာလန်ရဲတပ်ဖွဲ့နဲ့ လက်နက်ကိုင်အထူးတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပြီဖြစ်ပါတယ်။
အိုင်ယာလန်အစိုးရက ရှန်နွန် လေဆိပ်ကို စစ်ရေးလုပ်ငန်းတွေအတွက် အသုံးမပြုဘူးလို့ အခိုင်အမာ ပြောဆိုနေပေမဲ့ တကယ်တမ်းမှာတော့ အီရန်စစ်ပွဲတစ်လျှောက်လုံး ရှန်နွန် လေဆိပ်ဟာ အမေရိကန်စစ်တပ်ရဲ့ အဓိက လေကြောင်းဖြတ်သန်းရာဗဟိုချက်အဖြစ် အသုံးပြုခံနေရတာ ဖြစ်ပါတယ်။
NOM
201
Repost from News Of Myanmar
အိုင်ယာလန်နိုင်ငံသားတစ်ယောက်ဟာ ရှန်နွန် Shannon လေဆိပ်ထဲကို အတင်းဝင်ရောက်ပြီး အမေရိကန်လေတပ်ရဲ့ C-130 ကုန်တင်လေယာဉ်ပေါ် တက်ကာ လေယာဉ်ကို တူနဲ့ ထုရိုက်ဖျက်ဆီးခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။
NOM
201
Repost from News Of Myanmar
အီရန်၏ ပြင်းထန်သော သတိပေးချက်ကြောင့် အမေရိကန်ဖျက်သင်္ဘော ဟော်မုဇ်ရေလက်ကြားမှ ပြန်လှည့်သွား
အီရန်နိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်အရ သံတမန်နည်းလမ်းအရ ချက်ချင်းတုံ့ပြန်မှုနှင့် ပြင်းထန်သော စစ်ရေးသတိပေးချက်တို့ကြောင့် အပစ်အခတ်ရပ်စဲရေး ချိုးဖောက်နိုင်ခြေရှိသည့် အခြေအနေကို တားဆီးနိုင်ခဲ့ကြောင်း သိရသည်။
Fars သတင်းဌာန၏ အဆိုအရ အာရပ်စော်ဘွားများပြည်ထောင်စု ဖူဂျိုင်းရ်ဟာ (Fujairah) မှ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ဘက်သို့ ဦးတည်လာသော အမေရိကန်ဖျက်သင်္ဘောတစ်စင်းကို အီရန်လက်နက်ကိုင်တပ်ဖွဲ့များက အချိန်မီ ဟန့်တားနိုင်ခဲ့ခြင်းဖြစ်သည်။
အီရန်အစိုးရသည် အဆိုပါသင်္ဘောကို စောင့်ကြည့်ခဲ့ပြီး ပါကစ္စတန်ရှိ ၎င်းတို့၏ ကိုယ်စားလှယ်အဖွဲ့ထံ အခြေအနေများကို အကြောင်းကြားခဲ့သည်။ ထိုမှတစ်ဆင့် ပါကစ္စတန်ကြားဝင်စေ့စပ်သူကို အသုံးပြု၍ အမေရိကန်ထံ သတိပေးချက်ပေးပို့ခဲ့ရာ "ရေလက်ကြားသို့ ချဉ်းကပ်လာပါက ပစ်မှတ်ထားတိုက်ခိုက်ခံရမည်" ဟု ပါရှိသည်။
ထို့အပြင် အီရန်ဘက်က အဆိုပါသင်္ဘောသာ ဆက်လက်ခရီးနှင်လာပါက မိနစ် ၃၀ အတွင်း တိုက်ခိုက်ခံရမည်ဖြစ်ပြီး ဆွေးနွေးပွဲများကိုလည်း ထိခိုက်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
စစ်ရေးနှင့် သံတမန်ရေးအရ ပူးပေါင်းတုံ့ပြန်မှုကြောင့် အဆိုပါ အမေရိကန်သင်္ဘောကို ရပ်တန့်ရန် အမိန့်ပေးခဲ့ရကြောင်း သိရှိရသည်။
NOM
201
Repost from News Of Myanmar
အီရန်နိုင်ငံရဲ့ လက်ထဲကို အဆင့်မြင့် "LAIRCM "စနစ်တွေ ရောက်ရှိသွားပါတယ်။ ဒီစနစ်ဟာ အမေရိကန် C-130 လိုမျိုး လူစီးနဲ့ ကုန်တင်လေယာဉ်ကြီးတွေကို အပူရှိန်ရှာဖွေပြီး လိုက်လံပစ်ခတ်တဲ့ ဒုံးကျည် (Heat-seeking weapons) အန္တရာယ်ကနေ ကာကွယ်ပေးဖို့ ထုတ်လုပ် ထားတာ ဖြစ်ပါတယ်။
NOM
201
Repost from News Of Myanmar
Wall Street Journal သတင်းဌာန၏ ဖော်ပြချက်အရ
"အမေရိကန်နှင့် ရင်းနှီးသော မဟာမိတ်ဖြစ်သည့် အာရှအစိုးရတစ်ခုမှ အကြံပေးပုဂ္ဂိုလ်တစ်ဦး၏ အဆိုအရ ၎င်းတို့သည်
အီရန်သံအမတ်နှင့် ညှိနှိုင်းမှုများ ပြုလုပ်နေပြီး ၎င်းတို့၏ သင်္ဘောများ ဟော်မုဇ် ရေလက်ကြား မှ ဘေးကင်းလုံခြုံစွာ ဖြတ်သန်းခွင့်ရရှိရန်အတွက် အခကြေးငွေများကို ဒစ်ဂျစ်တယ် ငွေကြေး သို့မဟုတ် တရုတ်ယွမ်ငွေကို အသုံးပြု၍ တိတ်တဆိတ် ပေးချေနိုင်ရန် ဆွေးနွေးနေကြသည်ဟု ဆိုသည်။"
NOM
201
အသက် ၆၁ နှစ်အရွယ် ဆွီဒင်အမျိုးသားတဦးဟာ သူ့ရဲ့ ဇနီးကို အခြားသော အမျိုးသား ၁၂၀ ကျော်နဲ့ လိင်ပိုင်းဆိုင်ရာဝန်ဆောင်ပေးဖို့ အတင်းအကျပ်ခိုင်းစေမှုကြောင့် တရားစွဲဆိုခံလိုက်ရပါတယ်။
ဆွီဒင်မြောက်ပိုင်း Kramfors အနီးက သူတို့ရဲ့ခြံမှာ CCTV တွေ၊ မူးယစ်ဆေးဝါးတွေကို အသုံးပြုပြီး အွန်လိုင်းကတဆင့် အမျိုးသားတွေနဲ့ ချိတ်ဆက်ကာ လိင်ဆက်ဆံဖို့ အတင်းစေခိုင်းခဲ့တာလို့ ဆိုပါတယ်။
အဆိုပါအမျိုးသားကတော့ စွပ်စွဲချက်တွေကို ငြင်းဆန်ခဲ့ပြီး တွေ့ဆုံမှုတွေဟာ သဘောတူညီချက်နဲ့ လုပ်ခဲ့တာဖြစ်ပြီး သူက ကူညီပေးရုံသာဖြစ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။ ၂၀၂၂ ကစပြီး သူဟာ နိုင်ငံတဝှမ်းကနေ သူတို့အိမ်ဆီ ရောက်လာတဲ့ အမျိုးသားတွေဆီက အခကြေးငွေယူခဲ့ကာ ၂၀၂၅ မှာ ရဲတပ်ဖွဲ့ဆီ တိုင်ကြားချက်ရောက်မှ ရပ်တန့်ခဲ့တယ်လို့လည်း သိရပါတယ်။
ဇနီးသည်ကို မူးယစ်ဆေးဝါးတွေ သုံးစွဲစေခဲ့ပြီး ထိန်းချုပ်ခဲ့ကာ ရံဖန်ရံခါမှာ လိင်ဆက်ဆံမှုတွေကို CCTV ကနေ စောင့်ကြည့်ခဲ့သလို ဗီဒီယိုရိုက်ကူးတာတွေလည်း လုပ်ခဲ့ပြီး ဒါတွေကို သက်သေအဖြစ် တင်ပြသွားမယ်လို့လည်း သိရပါတယ်။
News Of Myanmar NOM
201
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ထရမ့်ကို အရေးနိမ့်ခဲ့တဲ့ ဒီမိုကရက်သမ္မတလောင်း Kamala Harris က ၂၀၂၈ သမ္မတရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ိဖု့ စဉ်းစားနေတယ်လို့ ပြောဆိုလိုက်ပါတယ်။
News Of Myanmar NOM
201
+1
အင်ဒိုနီးရှားက Gili Trawangan ကျွန်းမှာ ငါးဖမ်းသမားတဦးက ၁၂ ပေ ရှည်လျားတဲ့ တရုတ်ရေအောက်သူလျှိုဒရုန်းတစင်းကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ရေနဲ့အတူ မျောပါလာတဲ့ အဆိုပါဒရုန်းကြောင့် အာဏာပိုင်တွေဟာ ကျွန်းဆီ အပြေးအလွှား သွားရောက်ခဲ့ကြပြီး ရေဒီယိုသတ္တိကြွပစ္စည်း ဒါမှမဟုတ် ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ ပါဝင်လားဆိုတာကို စစ်ဆေးခဲ့ကြပါတယ်။
လက်ရှိမှာ အနီးနားက ရေတပ်စခန်းဆီ ပြောင်းရွှေ့လိုက်ပြီလို့လည်း ဆိုပါတယ်။ ဒရုန်းမှာ ရှိနေတဲ့ အချက်အလက်တွေကို ရယူသွားမှာလည်းဖြစ်ပြီး ဒရုန်းကိုယ်ထည်မှာတော့ တရုတ်သင်္ဘောတည်ဆောက်ရေး စက်မှုလုပ်ငန်းကော်ပိုရေးရှင်း (CSIC) ရဲ့ လိုဂိုနဲ့အတူ တရုတ်စာလုံးတွေ ရိုက်နှိပ်ထားတာကို မြင်တွေ့ရပါတယ်။
News Of Myanmar NOM
201
အပစ်အခတ်ရပ်စဲရေးကို လေးစားလိုက်နာဖို့ အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကို ကိုလံဘီယာသမ္မတက သတိပေးခဲ့ပြီး လိုက်နာဖို့ ပျက်ကွက်ခဲ့တဲ့ အစ္စရေးကို ကမ္ဘာလုံးဆိုင်ရာ ပိတ်ဆို့မှုတွေ လုပ်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
News Of Myanmar NOM
201
အစ္စရေးစစ်သားတွေ ပါလက်စတိုင်းကလေးငယ်တဦးကို အိမ်ခေါင်မိုးပေါ်ကနေ ပစ်ချခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ဗီဒီယိုတခုကို တောင်ကိုရီးယားသမ္မတ လီမြောင်ဂျေးက လူမှုကွန်ယက်ပေါ်မှာ ပြန်လည်မျှဝေခဲ့ပြီး ဗီဒီယိုကို အတည်ပြုပေးဖို့နဲ့ အတည်ပြုနိုင်ခဲ့ပါက တာဝန်ယူမှုရှိဖို့ တောင်းဆိုလိုက်ပါတယ်။
News Of Myanmar NOM
201
+2
တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂျွန်းမှာ တိရစ္ဆာန်ရုံတခုကနေ ဝံပုလွေတကောင် လွတ်မြောက်သွားလို့ မြို့အနှံ့မှာ လိုက်လံရှာဖွေမှုတွေ လုပ်ခဲ့ရပါတယ်။
အသက် ၂ နှစ်အရွယ် ဝံပုလွေအထီးတကောင်ဟာ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက O-World ကနေ လွတ်မြောက်ခဲ့တာပါ။ လွတ်မြောက်ပြီး နာရီအနည်းငယ်အကြာ သူ့ကို မူလတန်းကျောင်းတခုအနီးမှာ မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
အာဏာပိုင်တွေက ဝံပုလွေဟာ Great Escape ပုံစံ ထွက်ပြေးမှုလုပ်ခဲ့ပြီး ဥမင်လှိုဏ်ခေါင်းတူးဖော်ကာ ထွက်ပြေးခဲ့တာလို့ ဆိုပါတယ်။ သူ့ကို ပြန်လည်ဖမ်းဆီးဖို့ မီးသတ်သမား ၃၅ ဦး၊ ရဲ ၁၁၆ ဦးနဲ့ တိရစ္တာန်ရုံဝန်ထမ်း ၁၀၀ အထိကို စေလွှတ်ခဲ့ကာ ဒေသခံတွေကိုလည်း သတိပေးချက်ထုတ်ပြန်ခဲ့ရပါတယ်။
News Of Myanmar NOM
201
အသက် ၄၅ နှစ်အောက် အမျိုးသားတွေ (စစ်မှုထမ်းအရွယ်အမျိုးသားများ) ပြည်ပမှာ ကြာရှည်နေထိုင်ရင် အကြောင်းကြားမှု လုပ်ဆောင်ရမှာဖြစ်ပြီး ခွင့်ပြုချက်ရယူရမယ်ဆိုတဲ့ စည်းကမ်းချက်ကို လိုက်နာဖို့ မလိုအပ်တော့ဘူးလို့ ဂျာမနီက ပြောဆိုလိုက်ပါတယ်။
အဆိုပါစည်းကမ်းကို သတ်မှတ်ကြောင်း ထုတ်ပြန်ပြီးနောက် အငြင်းပွားမှုတွေ ဖြစ်ပေါ်လာကာ ရှုပ်ထွေးမှုတွေလည်း ရှိလာတဲ့နောက် အခုလိုမျိုး ပြန်လည်ပြောဆိုသွားခဲ့တာပါ။
လက်ရှိမှာ အသက် ၁၇ နှစ်ကနေ ၄၅ နှစ်အတွင်း အမျိုးသားတွေ ခရီးသွားလာခွင့်ရှိပြီး ခွင့်ပြုချက်ရဖို့ မလိုအပ်ဘူးလို့ ဆိုရှယ်ဒီမိုကရက်ပါတီက တာဝန်ရှိသူ Boris Pistorius က German Press Agency (DPA) ကို ပြောဆိုခဲ့ပါတယ်။
News Of Myanmar NOM
201
မက္ကဆီကိုက အမျိုးသားတဦးရဲ့ နာရေးပွဲမှာ အမျိုးသမီးနှစ်ဦးက သေဆုံးသူခေါင်းတလားရဲ့ ဟိုဘက်ဒီဘက်မှာ နေခဲ့ပြီး ရန်ဖြစ်နေခဲ့ကြတာပါ။ နှစ်ဦးစလုံးဟာ အဆိုပါအမျိုးသားရဲ့ ချစ်သူတွေဖြစ်တယ်ဆိုတာကို သိခဲ့ပြီးနောက် ရန်ပွဲက စတင်ခဲ့တာဖြစ်ပြီး ခေါင်းတလားအဖုံးပါ ပြုတ်ထွက်လုမတတ်ဖြစ်ခဲ့ကြပါတယ်။
သူတို့နှစ်ဦးဟာ အခေါင်းနီးမှာ ရှိနေခဲ့ပြီး သေဆုံးသူအမျိုးသားကို လွမ်းဆွတ်ကြောင်း ပြောရာကနေ နှစ်ယောက်စလုံးက ချစ်သူတွေ ဖြစ်နေတာကို သိသွားခဲ့ကြပြီး အခြေအနေက ဆိုးရွားသွားခဲ့တာပါ။
အင်စတာဂရမ်မှာ ဒီ clip က ပျံ့နှံ့ခဲ့ပြီး မှတ်ချက်ပြုသူတွေလည်း အများကြီးရှိခဲ့ပါတယ်။ တဦးက “သေသွားတဲ့ကောင်က ကောင်းကင်ဘုံမရောက်ဘူးဆိုတာ ရှင်းနေတာပဲ” လို့ ရေးသားထားပါတယ်။
News Of Myanmar NOM
201
TikTok ဟာ ဥရောပက အသုံးပြုသူတွေအတွက် အချက်အလက်သိုလှောင်မှုတွေကို ဥရောပတိုက်ဆီ ပြောင်းရွှေ့ပေးတော့မှာဖြစ်ပြီး တနှစ်အတွင်း ဖင်လန်မှာ ဒုတိယမြောက် Data Centre တခု တည်ဆောက်ဖို့ ယူရို ၁ဘီလျံ ရင်းနှီးမြုပ်နှံသွားမယ်လို့ မနေ့က ကုမ္ပဏီအရာရှိတွေက ပြောဆိုခဲ့ပါတယ်။
News Of Myanmar NOM
201
Repost from News Of Myanmar
🚨 အီရန်နိုင်ငံက ဟော်မုဇ်ရေလက်ကြားကို နောက်ထပ်အကြောင်းကြားစာ မထုတ်ပြန်မချင်း ပိတ်ဆို့လိုက်ကြောင်း ကြေညာ
ယနေ့နံနက်ပိုင်းက ၁၀ မိနစ်ခန့် ခေတ္တဖွင့်လှစ်ခဲ့သော်လည်း ယခုအခါ ပြန်လည်ပိတ်ဆို့လိုက်ပြီဖြစ်သည်။
အစ္စရေး၏ လက်ဘနွန်နိုင်ငံအပေါ် တိုက်ခိုက်မှုများကြောင့် ဖြစ်သည်ဟု Fars သတင်းဌာနက ဖော်ပြထားသည်။
NOM
Available now! Telegram Research 2025 — the year's key insights 
