NOM
Open in Telegram
201
Subscribers
No data24 hours
-17 days
-830 days
Posts Archive
201
Repost from News Of Myanmar
🇺🇸 လိင်ရာဇဝတ်ကောင် အက်ပ်စတိန်း ဖိုင်တွဲများ (Epstein Files) ထဲမှာ ပါဝင်ပြီး အမည်ဖုံးကွယ် (Redacted) ထားခြင်းခံရသူတွေရဲ့ အမည်စာရင်းကို တရားရေးဝန်ကြီးဌာန (Department of Justice) က ထုတ်ပြန်ခြင်းမရှိဘူးဆိုရင် အဲဒီအမည်တွေကို လူသိရှင်ကြား စတင်ဖတ်ကြားသွားမယ်လို့ ကွန်ဂရက်လွှတ်တော်အမတ် သောမတ်စ် မက်ဆီ က ခြိမ်းခြောက်ပြောကြားလိုက်ပါ
တယ်။
News Of Myanmar NOM
201
Repost from News Of Myanmar
🇺🇸🇹🇲 အမေရိကန်လေတပ်၏ C-17A Globemaster III နှင့် MC-130 Super Hercules အကြီးစား သယ်ယူပို့ဆောင်ရေး လေယာဉ်များ တာ့ခ်မင်နစ္စတန်နိုင်ငံရှိ လျှို့ဝှက်နေရာတစ်ခုသို့ ဆင်းသက်ခဲ့
အဆိုပါ လေယာဉ်များကို လေကြောင်းစစ်ဆင်ရေးများ၊ လေထီးတပ်သားများ စေလွှတ်ခြင်း နှင့် ရဟတ်ယာဉ်သုံး ပစ္စည်းကိရိယာများ လွှဲပြောင်းသယ်ယူခြင်း တို့တွင် အသုံးပြုသည်။
တာ့ခ်မင်နစ္စတန်မှ အီရန်နိုင်ငံ၊ တီဟီရန်မြို့သို့ အကွာအဝေးမှာ ကီလိုမီတာ ၃၀၀ (၁၈၆.၄၁၁ မိုင်) သာရှိသည်။
News Of Myanmar NOM
201
Repost from News Of Myanmar
"စူပါဘိုးလ် (Super Bowl) ပွဲလယ်ဖျော်ဖြေမှုအပေါ် သမ္မတဒေါ်နယ် ဂျေထရမ့်၏ ဝေဖန်ချက်"
"စူပါဘိုးလ်ရဲ့ ပွဲလယ်ဖျော်ဖြေမှုဟာ တကယ်ကို ဆိုးရွားလွန်းလှပါတယ်။ သမိုင်းတစ်လျှောက်မှာ အညံ့ဖျင်းဆုံးတွေထဲက တစ်ခုပါပဲ။ ဒါဟာ ဘာအဓိပ္ပာယ်မှလည်း မရှိသလို အမေရိကရဲ့ ကြီးကျယ်ခမ်းနားမှုကို စော်ကားရာလည်း ရောက်ပါတယ်။ ကျွန်ုပ်တို့ရဲ့ အောင်မြင်မှု၊ ဖန်တီးနိုင်စွမ်းနဲ့ ထူးချွန်ပြောင်မြောက်မှုစံနှုန်းတွေကိုလည်း ကိုယ်စားမပြုပါဘူး။
ဒီလူ (ပေါ်တိုရီကိုနိုင်ငံသား လက်တင်အဆိုတော် ဘတ်ဒ် ဘန်နီ [Bad Bunny] ကိုရည်ညွှန်းခြင်းဖြစ်၊ ဘတ်ဒ် ဘန်နီသည် ဖျော်ဖြေမှုကို လက်တင်ဘာသာစကားဖြင့်သာပြုလုပ်သွား) ပြောနေတာတွေကို ဘယ်သူမှ နားမလည်ကြသလို ကပြပုံတွေကလည်း စက်ဆုပ်ရွံရှာစရာ ကောင်းလှပါတယ်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုနဲ့ တစ်ကမ္ဘာလုံးက ကြည့်ရှုနေကြတဲ့ ကလေးသူငယ်တွေအတွက် ပိုဆိုးပါတယ်။
ဒီ 'ဖျော်ဖြေပွဲ' ဆိုတာဟာ ကျွန်ုပ်တို့နိုင်ငံကို 'ပါးရိုက်လိုက်တာ' နဲ့ အတူတူပါပဲ။ ကျွန်ုပ်တို့နိုင်ငံဟာ သမိုင်းတစ်လျှောက် အကောင်းဆုံး စတော့ဈေးကွက်နဲ့ 401(k) ပင်စင်စုဆောင်းငွေ အပါအဝင် နေ့စဉ်နေ့တိုင်း စံချိန်သစ်တွေနဲ့ စံနှုန်းသစ်တွေကို တင်ရှိနေတာပါ။
ဒီလို ရှုပ်ပွနေတဲ့ ပွဲလယ်ဖျော်ဖြေမှုမှာ စိတ်ဓာတ်တက်ကြွစရာ ဘာတစ်ခုမှ မရှိပါဘူး။ ကြည့်နေလိုက်ပါ၊ 'သတင်းတု မီဒီယာ (Fake News Media)' တွေကတော့ ဒါကို ကောင်းပါတယ်ဆိုပြီး ဝေဖန်ရေး ရေးကြပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ 'လက်တွေ့ကမ္ဘာ' မှာ ဘာတွေဖြစ်နေလဲဆိုတာကို နည်းနည်းလေးမှ မသိကြလို့ပါ။
ဒါနဲ့ စကားမစပ်၊ NFL အနေနဲ့ သူတို့ရဲ့ ရယ်စရာကောင်းတဲ့ 'ပြိုင်ပွဲစတင်ခြင်းစည်းမျဉ်းသစ်' ကိုလည်း ချက်ချင်း ပြောင်းလဲပစ်သင့်ပါတယ်။
အမေရိကကို ပြန်လည်ကြီးကျယ် အောင် လုပ်ဆောင်ကြစို့"
News Of Myanmar NOM
201
“ကျနော်တို့ ဥရောပကို တိုက်ခိုက်မှာမဟုတ်ပါဘူး၊ ဒါပေမယ့် ဥရောပက ခြိမ်းခြောက်မှုတွေကို အကောင်အထည်ဖော်ပြီး ရုရှားကို တိုက်ခိုက်လာမယ်ဆိုရင်တော့ ဖြစ်နိုင်သမျှ နည်းလမ်းအကုန်လုံးကို အသုံးပြုပြီး စစ်ရေးတုံ့ပြန်မှုကို အပြည့်အ၀ပြုလုပ်သွားမယ်ဆိုတာကိုတော့ သတိပေးချင်ပါတယ်”
- ရုရှားနိုင်ငံခြားရေးဝန်ကြီး Lavrov ရဲ့ NTV ကို ပြောဆိုခဲ့မှုဖြစ်ပါတယ်။
News Of Myanmar NOM
201
Repost from News Of Myanmar
🇮🇷🏴☠️ အီရန်တွင် အစွန်းရောက်ပြုပြင်ပြောင်းလဲရေးဝါဒီအုပ်စု၏ ခေါင်းဆောင်အပါအဝင် အစွန်းရောက်ပြုပြင်ပြောင်းလဲရေးသမားအချို့ကို ဖမ်းဆီး
အီရန်နိုင်ငံရှိ အစွန်းရောက်ပြုပြင်ပြောင်းလဲရေးဝါဒီအုပ်စု၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ အာဇာ မန်ဆူရီ ကို အခြားသော အစွန်းရောက် ပြုပြင်ပြောင်းလဲရေးသမားများဖြစ်သည့် မိုဆန် အာမင်ဇာဒေး (ခါတာမီအစိုးရလက်ထက် ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်း) နှင့် အီဘရာဟင် အာဂါဇာဒေး (လွှတ်တော်အမတ်ဟောင်း) တို့နှင့်အတူ ယနေ့တွင် ဖမ်းဆီးလိုက်ပြီဖြစ်သည်။
၎င်းတို့သည် အီရန်တော်လှန်ရေးအစောပိုင်းကာလများတွင် ပါဝင်ကူညီခဲ့ကြသူများဖြစ်သောကြောင့် အစ္စလာမ်မစ်သမ္မတနိုင်ငံအပေါ် ဝေဖန်မှုများကို အစိုးရတာဝန်ရှိသူများအနေဖြင့် နှစ်ပေါင်းများစွာ သည်းခံခွင့်လွှတ်ပေးခဲ့သည်။
သို့သော်လည်း မကြာသေးမီနှစ်များအတွင်း ၎င်းတို့၏ ပြောဆိုဝေဖန်မှုများမှာ ပိုမိုပြင်းထန်လာခဲ့ပြီး ၎င်းတို့၏ သစ္စာဖောက်ဖျက်သော အသုံးအနှုန်းများမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်လာခဲ့သောကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
News Of Myanmar NOM
201
Repost from News Of Myanmar
🇮🇷🚀အီရန်နိုင်ငံသည် တစ်လလျှင် ပဲ့ထိန်းဒုံးကျည်အစင်းရေ ၃၀၀ ထုတ်လုပ်နေကြောင်း ယေဒီယုတ် အာရိုနုတ်က ဖော်ပြသည်။
News Of Myanmar NOM
201
ရုရှားဗိုလ်ချုပ်ကြီး Alexeyev ဟာ အနည်းဆုံး ၃ ကြိမ်အထိ ပစ်ခတ်ခံခဲ့ရပြီး ပစ်ခတ်သူဟာ Makarov ပစ္စတိုကို အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ ယူကရိန်းနိုင်ငံ၊ Ternopol ဒေသကဖြစ်ပေမယ့် ရုရှားနိုင်ငံသားခံယူထားသူဖြစ်တယ်လို့လည်း စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ ရုရှားမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
News Of Myanmar NOM
201
ရုရှားဗိုလ်ချုပ်ကြီး Alexeyev ကို လုပ်ကြံသတ်ဖြတ်ခဲ့သူကို ရုရှားဆီ လွှဲပြောင်းပေးအပ်ခဲ့တဲ့ ဗီဒီယိုဖြစ်ပါတယ်။ UAE ရဲ့ အကူအညီနဲ့ ဒူဘိုင်းမှာ ဖမ်းမိခဲ့တာဖြစ်ပြီး ပူးပေါင်းကြံစည်သူတွေထဲမှာ အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးလည်း ပါဝင်တယ်လို့ သိရပြီး အဆိုပါနှစ်ဦးကတော့ ယူကရိန်းကို ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ သိရပါတယ်။
News Of Myanmar NOM
201
ဆလိုဗက်ကီးယားလေပိုင်နက်ကို ကာကွယ်ဖို့ အစားထိုးရမယ့် လေယာဉ်တွေမရှိဘဲ ယူကရိန်းအတွက် MiG-29 တိုက်လေယာဉ်တွေကို ပေးပို့ခဲ့တာဟာ မှားယွင်းမှုတခုဖြစ်တယ်လို့ ဆလိုဗက်ကီးယားဝန်ကြီးချုပ် Peter Pellegrini က ဝန်ခံလိုက်ပါတယ်။ လက်ရှိမှာ ဆလိုဗက်ကီးယားအနေနဲ့ အိမ်နီးချင်းတွေကို မှီခိုနေရပြီး MiG တိုက်လေယာဉ်တွေက အမှိုက်ပုံထဲ စွန့်ပစ်ရတော့မှာဆိုတဲ့ စွပ်စွဲချက်တွေကလည်း မဟုတ်မှန်ဘူးလို့ သူက ငြင်းဆန်ခဲ့ပြီး စွမ်းဆောင်ရည်အပြည့်အ၀ရှိတယ်လို့ ကာကွယ်ပြောဆိုခဲ့ပါတယ်။
News Of Myanmar NOM
201
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ လာမယ့် ဇန်နဝါရီ ၂၀ ရက်နေ့မှာ ထရမ့် သမ္မတတာဝန်မယူခင် X မှာ တင်ခဲ့တဲ့ ပို့စ်အားလုံးကို ဖျက်ပစ်မယ်လို့ သိရပါတယ်။
News Of Myanmar NOM
201
ကာတာနိုင်ငံ၊ အယ်လ်ယူဒိုက်လေတပ်စခန်းဆီကို ရောက်ရှိလာတဲ့ B-52 ဗုံးကြဲလေယာဉ်တွေရဲ့ ပုံတွေကို အာရေဗျဘာသာစကားနဲ့ ဖော်ပြနေတဲ့ အိမ်ဖြူတော်ရဲ့ တရားဝင်အကောင့်ကနေ တင်ခဲ့ပါတယ်။
News Of Myanmar NOM
201
အမေရိကန်ဟာ အစ္စရေးပိုင် Tomer ကုမ္ပဏီကနေ ဆင့်ကဲပေါက်ကွဲစေတတ်တဲ့ cluster ဗုံးတွေအပါဝင် စစ်လက်နက်ပစ္စည်းအများအပြား ဝယ်ယူဖို့အတွက် ဒေါ်လာ သန်း ၂၁၀ တန် သဘောတူညီချက်ကို တိတ်တဆိတ်လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ ၁၈ နှစ်အတွင်း အစ္စရေးကုမ္ပဏီတခုနဲ့ အမေရိကန်ကြား အကြီးဆုံးလက်နက်စာချုပ်လည်း ဖြစ်လာခဲ့ပါတယ်။
ဒီလက်နက်တွေရဲ့ ကြောက်မက်ဖွယ်ကောင်းမှုကြောင့် အသုံးမပြုဖို့အတွက် တောင်းဆိုမှုတွေလည်း ရှိနေတာာပါ။ ပိတ်ပင်နိုင်ဖို့ လှုပ်ရှားနေတဲ့ Humanityu & Inclusion အကူအညီပေးရေးအဖွဲ့ရဲ့ ရှေ့နေ မန်နေဂျာ Alma Taslidzan ကလည်း ဒီလက်နက်တွေက အရမ်းကြောက်စရာကောင်းတယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။
News Of Myanmar NOM
201
အိုဘားမားတို့ ဇနီးမောင်နှံကို မျောက်တွေအဖြစ် သရုပ်ဖော်ထားတဲ့ ဗီဒီယိုဖိုင်ကို တင်ပြီးမှ ပြန်ဖျက်ခဲ့တဲ့ လုပ်ရပ်အတွက် ထရမ့်ဟာ ပြန်လည်တောင်းပန်ဖို့ ငြင်းဆိုလိုက်ပါတယ်။
“သူ ဘာအမှားမှ မလုပ်ခဲ့ဘူး” လို့လည်း ထရမ့်က ပြောဆိုခဲ့ပြီး ဗီဒီယိုကို အစအဆုံး သူကြည့်ပြီးဖြစ်ကာ အဆင်ပြေတယ်လို့လည်း Air Force One ပေါ် မတက်ခင် သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။
News Of Myanmar NOM
201
+1
ထရမ့်ရဲ့ ဂရင်းလန်းအပေါ် ခြိမ်းခြောက်မှုတွေ ရှိခဲ့ပြီးနောက် ပြင်သစ်နဲ့ ကနေဒါတို့ဟာ ဂရင်းလန်းမြို့တော် Nuuk မှာ ကောင်စစ်ဝန်ရုံးတွေ ဖွင့်လှစ်ပြီး နေတိုးမဟာမိတ် ဒိန်းမတ်ကို ထောက်ခံမှုပြသလိုက်ပါတယ်။ ပြင်သစ်ကောင်စစ်ဝန်ရုံးဖွင့်ပွဲကို ဒိန်းမတ်ဆိုင်ရာ ပြင်သစ်သံအမတ်နဲ့ ကောင်စစ်ဝန်သစ်ဖြစ်သူတို့ တက်ရောက်ခဲ့ပြီး ဂရင်းလန်းနဲ့အတူ ရှိနေတယ်ဆိုတာကို ပြသတာဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။
News Of Myanmar NOM
201
ကာဇက်စတန်မှာ GAY ဆိုတဲ့ အက္ခရာတွေနဲ့ ပေါင်းစပ်ထားတဲ့ လိုင်စင်နံပါတ်ပြားတွေကို ပိတ်ပင်လိုက်ပါတယ်။
ယာဉ်မောင်းတွေဟာ စိတ်ကြိုက်နံပါတ်ပြားတွေကို မှာယူနိုင်ပေမယ့် USA, GAY, GEI, GEY တို့လို ကုဒ်တွေအပြင် EBI,XUY,XER တို့လိုမျိုး ရုရှားစကားလုံးတွေကိုလည်း တားမြစ်ထားပါတယ်။
ဒါကို ချိုးဖောက်ခဲ့မယ်ဆိုရင်တော့ ဒဏ်ငွေနဲ့ ထောင်ဒဏ် ၁၀ ရက်အထိ ချမှတ်ခံရမယ်လို့လည်း သိရပါတယ်။
News Of Myanmar NOM
201
Repost from News Of Myanmar
🇷🇺🏴☠️"ရုရှားထောက်လှမ်းရေး ဒုတိယအကြီးအကဲကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သူကို ဖမ်းဆီးရမိ၊ ဗိုလ်ချုပ် အလက်ဆီယက်ဗ် (Alekseyev) သတိပြန်လည်ရရှိ"
ရုရှားထောက်လှမ်းရေး ဒုတိယအကြီးအကဲကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သူကို ဖမ်းဆီးရမိပြီဖြစ်သည်။ ခွဲစိတ်မှုအောင်ပြီးနောက် ဗိုလ်ချုပ် အလက်ဆီယက်ဗ် (Alekseyev) သည် သတိပြန်လည်ရရှိလာပြီဖြစ်ပြီး အသက်အန္တရာယ်လည်းစိုးရိမ်ရသည့် အခြေအနေမှ ကျော်လွန် သွားပြီဖြစ်သည်။
လူသတ်သမား၏ အပေါင်းအပါကိုလည်း ဖမ်းဆီးရမိထားသည်။ ဗိုလ်ချုပ်နှင့် ၎င်း၏မိသားစုနှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်အရ အဆိုပါဖမ်းဆီးမှုတွင် နိုင်ငံအချို့မှ ထောက်လှမ်းရေးအဖွဲ့များက ကူညီဆောင်ရွက်ပေးခဲ့ကြသည်ဟု သိရသည်။
🏴☠️"သတင်းကောင်းပဲ၊ ဗလာဒီမာ အလက်ဆီယက်ဗ် သတိပြန်ရလာပြီ။ သူ စကားပြောနိုင်ပြီ။ အန္တရာယ် ကနေ ကျော်လွန်သွားပါပြီ။ ကမ္ဘာ့ထောက်လှမ်းရေးအဖွဲ့အားလုံးက ဒီဖမ်းဆီးမှုမှာ ပူးပေါင်းပါဝင်ခဲ့ကြတယ်။ လက်ရှိ ဒူဘိုင်းကနေ လွှဲပြောင်းခေါ်ဆောင်လာတဲ့ လူသတ် သမားရော၊ သူ့ရဲ့ အပေါင်းအပါကိုပါ ဖမ်းဆီးရမိထားပါပြီ။"
News Of Myanmar NOM
201
Repost from News Of Myanmar
+1
"ခေတ်တစ်ခေတ်ရဲ့ ဈာပန၊ လစ်ဗျားသမိုင်းမှာ အကြီးကျယ်ဆုံးပဲ!"
ဆာဒီ ကဒါဖီက ဘာနီဝါလစ်ဒ်မြို့မှာ ကျင်းပတဲ့ သူ့ရဲ့အစ်ကိုဖြစ်သူ ဆေ့ဖ် အယ်လ်-အစ္စလမ် ကဒါဖီ ရဲ့ ဈာပနနဲ့ ပတ်သက်ပြီး အခုလို ပြောကြားခဲ့ပါတယ်။
"မင်းဟာ သေဆုံးခြင်းနဲ့အတူ လစ်ဗျားရွေးကောက်ပွဲမှာ အနိုင်ရသွားခဲ့ပြီ။ ဒီဈာပနဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူထုဆန္ဒခံယူပွဲပဲ!"
နေတိုး (NATO) ကျောထောက်နောက်ခံပြု ပုန်ကန်မှုများအပြီး လစ်ဗျားနိုင်ငံကို ပြန်လည်စုစည်းပေးနိုင်မည့်သူဟု ရှုမြင်ခြင်းခံရသည့် လစ်ဗျားခေါင်းဆောင်းဟောင်း မူအမ်မာ ကဒါဖီ၏ ထင်ရှားသောသားဖြစ်သူ ဆေ့ဖ် အယ်လ်-အစ္စလမ် ကဒါဖီ ကို မျက်နှာဖုံးများဝတ်ဆင်ထားသည့် လက်နက်ကိုင် အကြမ်းဖက်သမားလေးဦးက ၎င်း ၏နေအိမ်အား ဝင်ရောက်စီးနင်းပြီး သေနတ်ဖြင့် ၁၈ ချက်ပစ်သတ်ကာ လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
ဆေ့ဖ် အယ်လ်-အစ္စလမ် ကဒါဖီ ကို လုပ်ကြံသတ်ဖြတ်မှုတွင် ပြင်သစ်နှင့် ဗြိတိန်နိုင်ငံတို့ ပါဝင်ပတ်သက်နေကြောင်း သတင်းများက ဖော်ပြနေကြသည်။
News Of Myanmar NOM
201
Repost from News Of Myanmar
🇮🇷🇴🇲🇺🇸"အီရန်နိုင်ငံခြားရေးဝန် ကြီးက အမေရိကန်အလယ်ပိုင်းစစ် ဌာနချုပ်ရဲ့တပ်မှူးကို ဆွေးနွေးပွဲခန်းမထဲကို မိနစ် ၂၀ ကျော်ကြာတဲ့အထိ ပေးမဝင်ဘဲထား"
အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရတ်ချီ (Abbas Araqchi) ဟာ အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM) ရဲ့ တပ်မှူးကို ဆွေးနွေးပွဲခန်းမထဲကို မိနစ် ၂၀ ကျော်ကြာတဲ့အထိ ပေးမဝင်ဘဲ ထားခဲ့ပါတယ်။
အိုမန်နိုင်ငံခြားရေးဝန်ကြီး အယ်လ်-ဘူဆာအီဒီ (Al-Busaidi) က ခေါ်ဆောင်လာလို့ အခန်းထဲရောက် လာတဲ့အခါမှာလည်း အာရတ်ချီက အမေရိကန်တပ်မှူးကို လက်ဆွဲနှုတ် ဆက်ဖို့ ငြင်းဆန်ခဲ့တယ်လို့ အိုမန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။"
News Of Myanmar NOM
201
Repost from News Of Myanmar
"မိမိကိုယ်ကိုမိမိသတ်သေခဲ့သောလိင်ရာဇဝတ်ကောင် ဂျက်ဖရီ အက်ပ်စတိန်း၏ အီးမေးလ်မှတ်တမ်းများအရ ၎င်းကို "ဂျူးခွေး" ဟု သတိထားရန် တရုတ်သံတမန်များ အချင်းချင်း သတိပေးခဲ့ကြောင်း ဖော်ပြ"
မကြာသေးမီက ထွက်ပေါ်လာသည့် ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein) ၏ အီးမေးလ်ဖိုင်များထဲမှ တစ်ခုတွင် အက်ပ်စတိန်းက သူနှင့်အတူရှိနေသော တရုတ်သံတမန်များအကြောင်းကို ပြန်လည်ပြောပြထားသည်။
ထိုသံတမန်များက ၎င်း (အက်ပ်စတိန်း) ကို ရည်ညွှန်းပြီး "ဒီဂျူးခွေးကို သတိထားကြ" ဟု အချင်းချင်း သတိပေးပြောဆိုခဲ့ကြကြောင်း ဖော်ပြပါရှိသည်။
News Of Myanmar NOM
201
Repost from News Of Myanmar
🇱🇾 🇬🇧 🇫🇷"လစ်ဗျားခေါင်းဆောင်ဟောင်း မူအမ်မာ ကဒါဖီ၏သားဖြစ်သူ လုပ်ကြံခံရမှုတွင် ပြင်သစ်နှင့် ဗြိတိန်တို့ ပါဝင်ပတ်သက်နေကြောင်း သတင်းများထွက်ပေါ်"
နေတိုး (NATO) ကျောထောက်နောက်ခံပြု ပုန်ကန်မှုများအပြီး လစ်ဗျားနိုင်ငံကို ပြန်လည်စုစည်းပေးနိုင်မည့်သူဟု ရှုမြင်ခြင်းခံရသည့် လစ်ဗျားသမ္မတဟောင်း မူအမ်မာ ကဒါဖီ၏ ထင်ရှားသောသားဖြစ်သူ ဆေ့ဖ် အယ်လ်-အစ္စလမ် ကဒါဖီ (Saif al-Islam Gaddafi) ကို လုပ်ကြံသတ်ဖြတ်မှုတွင် ပြင်သစ်နှင့် ဗြိတိန်နိုင်ငံတို့ ပါဝင်ပတ်သက်နေကြောင်း သတင်းများက ဖော်ပြနေကြသည်။
News Of Myanmar NOM
Available now! Telegram Research 2025 — the year's key insights 
